← Chapters

ဓားအာဏာရှင်ကို အနိုင်ယူခြင်း

Vol. 58 Ch. 790

ဓားအာဏာရှင်ကို အနိုင်ယူခြင်း

Vol. 58 Ch. 790

ဓားသမားအစည်းအရုံးဌာနချုပ်ရဲ့ဥယျာဉ်ထဲမှာ လူတိုင်းက ‌ဓားပုံသဏ္ဍာန်အလင်းတံခါးမှ ပေါ်ထွက်လာတယ်။

ကျားစွယ်ဓားသူတော်စင်က ထိုနေရာမှာ စောင့်နေပြီး ဖြစ်တယ်။

"ဘယ်လိုလဲ။ လူတိုင်း အကျိုးရှိခဲ့ရဲ့လား။ ဓားကမ္ဘာက နှစ်နှစ်ဆယ်မှ တစ်ကြိမ် ဝင်လို့ရတာ။ မင်းက စိတ်ဝိညာဉ်ပေါင်းစည်းခြင်းနယ်ပယ်ကို ရောက်သွားတာနဲ့ နှစ်တစ်ရာပြည့်မှ တစ်ကြိမ်ပဲ ဝင်လို့ရတော့မှာ၊ ဒါ့ပြင် အချိန်က ခုနှစ်ရက်ပဲ ရတယ်"

ဓားကမ္ဘာက ဓားတာအိုသူတော်စင်တွေအတွက်တောင် အကြီးအကျယ် အကျိုးရှိတယ်၊ ပြီးတော့ အဲဒါကို အချုပ်အချယ်မဲ့အကြီးအကဲက ဖန်တီးခဲ့တာလေ။

"ကောင်းပါတယ်၊ ဒါပေမယ့် အချိန်က နည်းလွန်းတယ်" ယုဝမ်ဟောင်ကျဲက ပြောလိုက်တယ်။

ဓားကမ္ဘာထဲမှာ အချိန်တစ်ဝက်က ဓားတာအိုဥပဒေသကို နားလည်ဖို့ အသုံးပြုပြီး အခြားတစ်ဝက်က ဓားတာအိုအလင်းတွေကို ရှာဖွေဖို့ အသုံးပြုတယ်။ သူက ပထမတန်းစားဓားတာအိုအလင်းတစ်ခုကို ဖမ်းဆုတ်နိုင်ခါနီးမှာပဲ အချိန်ကပြည့်သွားပြီး ထွက်ခွာဖို့ ဖိအားပေးခံလိုက်ရတယ်။

ကျားစွယ်ဓားသူတော်စင်က ရယ်လိုက်တယ်၊ ဒါပေမယ့် သူက ယုဝမ်ဟောင်ကျဲကို ဘာမှ ပြန်မပြောပါဘူး။ သူက လူတိုင်းကို ပြောလိုက်တယ်"မင်းတို့တွေက ငါတို့ဓားသမားအစည်းအရုံးရဲ့အသန်မာဆုံးဓားဧကရာဇ်တွေပဲ။ နှစ်ဝက်လောက်ကျရင် သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်ကို ပြန်စတင်လိမ့်မယ်။ ဒါကြောင့် ကြိုတင်ပြင်ဆင်ထားကြပါ၊ ပြီးတော့ မင်းတို့ရဲ့ချီတည်ရှိမှုကို ထုတ်လွှတ်ပြီး ထိပ်ဆုံးအဆင့်ကို ဝင်ရောက်နိုင်ဖို့ အကောင်းဆုံးအားထုတ်ကြပါ။ နာမည်မရှိတာက ကောင်းတယ်လို့ မထင်ပါနဲ့။ မဟာဧကရာဇ်သတ်မှတ်ချက်ကို ဝင်ရောက်နိုင်ခြင်းက မင်းတို့ကို သူတော်စင်စိတ်ဝိညာဉ်ချီကံကြမ္မာကို ပေးလိမ့်မယ်။ ကံကြမ္မာချီက မင်းတို့ရဲ့အနာဂတ်အတွက် အရေးပါလာလိမ့်မယ်"

သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်က အလွန်ဆန်းကြယ်တဲ့ရတနာတစ်ခု ဖြစ်တယ်။ ဓားဧကရာဇ်သတ်မှတ်ချက်လိုမျိုးပဲ နှစ်နှစ်ဆယ်ပြည့်မှ တစ်ခါ ဖွင့်လှစ်တယ်၊ ဒါပေမယ့် ချီတည်ရှိမှုကို ဖော်ထုတ်ဖို့ မင်းက လက်ဦးမှုမရယူရင် မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်က မင်းရဲ့တည်ရှိမှုကို လစ်လျှူရှုပြီး အဆင့်သတ်မှတ်ချက်မှာ မင်းကို စာရင်းထည့်မှာ မဟုတ်ဘူး။ အဲဒါက မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်ကလူတွေထက် ပိုသန်မာတဲ့သူတွေ ရှိနေရတဲ့အကြောင်းရင်း ဖြစ်တယ်။ ဒါပေမယ့် ကျားစွယ်ဓားသူတော်စင်ရဲ့အမြင်အရ တိကျတဲ့အကြောင်းရင်းတွေရှိတဲ့သူတွေကလွဲပြီး မဟာဧကရာဇ်သတ်မှတ်ချက်မှာစာရင်းမဝင်ချင်တဲ့သူတွေက အရူးတွေဖြစ်တယ်။ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးက အဆင့်မြင့်တိုက်ကြီးတစ်ခုဖြစ်ပြီး သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့ကံကြမ္မာချီနဲ့ဆိုရင် လူတိုင်းရဲ့အနာဂတ်က ပိုချောမွေ့လာပါလိမ့်မယ်။

"နားလည်ပါတယ်" လူတိုင်းက ခေါင်းညိတ်လိုက်တယ်။

လူတိုင်းက မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်မှာ ရှိခြင်းရဲ့ အကျိုးကျေးဇူးတွေကို သိတယ်၊ မဟာဧကရာဇ်သတ်မှတ်ချက်ကို အသစ်ပြန်စတဲ့အခါ သူတို့ရဲ့အဆင့်က ဘာလဲကို သူတို့က သိချင်ကြတယ်။

မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်ကို သူတော်စင်စိတ်ဝိညာဉ်မဟာဧကရာဇ်သတ်မှတ်ချက်လို့လည်း ခေါ်တယ်။ အဲဒါက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့ကံကြမ္မာချီကို စုဆောင်းထားတဲ့ ရတနာတစ်ခုဖြစ်တယ်။ မဟာဧကရာဇ်သတ်မှတ်ချက်မှာ အဆင့်မြင့်မားလေလေ၊ ကံကြမ္မာချီက ပိုသန်မာလေလေဖြစ်တယ်။ နံပါတ်တစ်နေရာကို နှစ်ပေါင်းတစ်ရာအထိ ဆက်တိုင်း ထိန်းသိမ်းနိုင်တဲ့ဘယ်သူမဆို သူတော်စင်တစ်ယောက်ချက်ချင်း ဖြစ်သွားလိမ့်မည်ဖြစ်ပြီး ဖုံးကွယ်ထားတဲ့ပြဿနာတစ်ခုမှ ရှိလိမ့်မှာမဟုတ်ပါဘူး။

အခုဆိုရင် မဟာဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၁ဖြစ်တဲ့ကောင်းကင်ဧကရာဇ်က နံပါတ်၁နေရာမှာ ရှိနေတာ နှစ်ရှစ်ဆယ်ရှိပါပြီး။ နှစ်တစ်ရာလိုအပ်ချက်ကို ပြည့်ဖို့ နောက်ထပ်နှစ်နှစ်ဆယ်သာ လိုတော့တယ်။

ဒါပေမယ့် မဟာဧကရာဇ်သတ်မှတ်ချက်ရဲ့နံပါတ်၁ကို နှစ်တစ်ရာဆက်တိုက် ထိန်းသိမ်းနိုင်ဖို့က ခက်ခဲလွန်းတယ်။ လက်တွေ့မှာ ထိပ်ဆုံးပုဂ္ဂိုလ်တွေကြား ခြားနားချက်က သိပ်မကြီးမားပါဘူး။ သူတို့က လုံလုံလောက်လောက် မတိုးတက်ခဲ့ရင် သူတို့က ဖြတ်ကျော်သွားပါလိမ့်မယ်။

မဟာဧကရာဇ်သတ်မှတ်ချက်အဆင့်၁ကို နှစ်ပေါင်းရှစ်ဆယ်ကြာ ထိန်းထားနိုင်ဖို့ ကောင်းကင်ဧကရာဇ်မှာ တကယ်ကို ကြောက်စရာကောင်းတဲ့ခွန်အား ရှိပါတယ်။ ကောင်းကင်ဧကရာဇ်နဲ့ တိုက်ခိုက်ပြီးနောက် ဓားဧကရာဇ်ကတောင် ဒဏ်ရာအနာတရမရှိဘဲ ပြန်ဆုတ်နိုင်ရုံမျှသာပါပဲ။ အခြေခံအားဖြင့် ဓားဧကရာဇ်က ကောင်းကင်ဧကရာဇ်အတွက် ခြိမ်းခြောက်မှုတစ်ခု မဖြစ်နိုင်ပါဘူး။  ကောင်းကင်ဧကရာဇ်က မဟာဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၁ကို နှစ်ပေါင်းတစ်ရာတိုင်တိုင် ထိန်းသိမ်းထားနိုင်မယ်လို့ သေချာပေါက် သတ်မှတ်ထားကြတယ်။

"နှစ်ဝက်လား။ ဒါက လုံလောက်ပါတယ်"

ဓားကမ္ဘာမှာ သူက အကြီးအကျယ်တိုးတက်ခဲ့တယ်လို့ လီကျန့်ရှင်းက ယုံကြည်တယ်။ ထိပ်တန်းအဆင့်ဓားတာအိုအလင်းတစ်ခုကို စုပ်ယူပြီးနောက် သူက ကောင်းကင်မျဉ်းဓားပညာရဲ့စတုတ္ထကွက်ကို နားလည်သွားပြီဖြစ်တယ်။ နောက်နှစ်ဝက်အတွက် သူလုပ်ရမှာက သူ့ကိုယ်သူ နောက်ထပ်တိုးတက်စေဖို့သာ ဖြစ်တယ်။

ကျားစွယ်ဓားသူတာ်စင်က စောစော‌စီးစီး ထွက်ခွာသွားတယ်၊ ဓားသူတော်စင်တစ်ယောက်အနေနဲ့ သူက လီဖူချန်းတို့နဲ့စကားပြောဖို့ နေနေမှာ  မဟုတ်ပါဘူး။ လီဖူချန်းနဲ့အခြားသူ‌တွေက မွေးရာပါအလားအလာစွမ်းရည် ပိုကောင်းနေရင်တောင်မှ သူတို့က သူတော်စင်မဖြစ်သရွေ့ သူတို့က သူတော်စင်တွေနဲ့ ညီတူညီမျှ စကားမပြောနိုင်ပါဘူး။

ကျားစွယ်ဓားသူတော်စင်ထွက်ခွာသွားတာနဲ့ ဓားအာဏာရှင်ရှန့်ကွမ်ကျိုးလီက လီဖူချန်းကို ပြောလိုက်တယ်"တိုက်ကြစို့"

ဓားကမ္ဘာမှာ ရှုံးနိမ့်မှုတစ်ခုကို ခံစားရပြီးနောက် ရှန့်ကွမ်ကျိုးလီက ဒီအတိုင်းချန်ထားမှာ မဟုတ်ပါဘူး။ သူ့ရဲ့အာဏာရှင်ဓားတာအိုက တုံဆိုင်းမှုတစ်ခုမှ သူ့ကို ခွင့်မပြုဘူး။

"ကောင်းပြီ" လီဖူချန်းကလည်း ဓားအာဏာရှင်ရဲ့အာဏာရှင်ဓားတာအိုကို တွေ့ကြုံခံစားချင်နေတယ်။

ပြီးတော့ အာဏာရှင်ဓားတာအိုက ထိပ်တန်းအဆင့်ဓားတာအိုတစ်ခု ဖြစ်ပြီး အန္တိမဓားတာအိုတစ်ခုဖြစ်ဖို့ အလားအလာ ရှိပါတယ်။

"သူတို့က တိုက်ခိုက်ကြတော့မှာလား"

နှလုံးသားဓားအာရှင်က အံ့အားသင့်သွားတယ်၊ ဒါပေမယ့် ထိုနှစ်ယောက်က ဓားကမ္ဘာထဲမှာ ပြဿနာဖြစ်ခဲ့တာကို  သူက အလိုအလျောက် သိလိုက်ပါတယ်။

အစည်းအရုံးရဲ့ဥယျာဉ်က အလွန်ကြီးပြီး အဆင့်၉အစီအရင်တစ်ခုနဲ့ ကာကွယ်ထားတယ်။ သူတို့က ကျယ်ပြန့်တဲ့မြေနေရာတစ်ခုကို ရွေးချယ်ပြီး တိုက်ခိုက်ဖို့အတွက် ပြင်ဆင်လိုက်ကြတယ်။

ဓားဧကရာဇ်မိုဟန်အပါအဝင် ကျန်သူတွေက ဘေးကနေ စောင့်ကြည့်နေကြတယ်။

"အာဏာရှင်ကို ဖူးမျှော်ခြင်း" ဓားအာဏာရှင်က သူ့ရဲ့ကိုယ်ပိုင်သင်္ကေတဓားကွက်ကို ချက်ချင်း သုံးလိုက်တယ်။

သာမန်ဓားကွက်တွေက လီဖူချန်းကို မခြိမ်းခြောက်နိုင်ဘူးကို သူက ရှင်းလင်းစွာ သိတယ်။ ကိုယ်ပိုင်သင်္ကေတနဲ့သတ်ဖြတ်ဓားကွက်တွေကသာ အခွင့်အလမ်း ရှိပါလိမ့်မယ်။

လေထဲမှာ ထောင်ပေါင်းများစွာသောဓားအလင်းတွေက ပေါက်ထွက်လာနေပြီး သူတို့တွေက ပူဇော်ဖူးမျှော်နေသလို ခံစားရတယ်။

အာဏာရှင်ဖူးမျှော်ခြင်းဓားကွက်က လီဖူချန်းရဲ့မူလဘူတဓားနဲ့ ဆင်တူပေမယ့် သူတို့က ပင်ကိုအားဖြင့် ခြားနားကြပါတယ်။

ဝီ ဝီ ဝီ ဝီ............

ဒီဓားကွက်ကို ဖော်ထုတ်လိုက်တဲ့အခါ ဓားဧကရာဇ်နဲ့အနည်းငယ်က လွဲပြီး အခြားဓားသမားတွေရဲ့ဓားတွေက ဓားအိမ်မှ ထွက်လာ‌တော့မလို တဝီဝီမြည်နေလေတယ်။

"ဒီလိုကြောက်စရာကောင်းတဲ့ဓားပညာ" မူရုံယိုယွီက ဓားရိုးကို ဖိနှိပ်ထားလိုက်တယ်၊ သူမက ထိတ်လန့်တုန်လှုပ်သွားရတယ်။

"ချိုးဖျက်စမ်း"

ဓားကမ္ဘာကို မဝင်ခင် အာဏာရှင်ဖူးမျှော်ခြင်းကို ပယ်ပျက်စေဖို့ လီဖူချန်းက မူလဘူတဓားကို အသုံးပြုရနိုင်တယ်။ ဓားကမ္ဘာကို ဝင်ပြီးနောက် လီဖူချန်းရဲ့ဓားတာအိုခွန်အားက ဆယ်ဆကျော် ပိုသန်မာလာတယ်။ ပြန်လည်မွေးဖွားလာတယ်လို့တောင် ပြောလို့ရတယ်။

ဂရုဏာကင်းမဲ့ဓားသွားနဲ့အတူ နေရာတစ်ခုလုံးက ဓားချည်မျှင်တွေနဲ့ ပြည့်နှက်သွားလေတယ်။

ဝုန်း......ဒိုင်း........ဝုန်း......ဒိုင်း......

ဓားအာဏာရှင်ရဲ့အာဏာရှင်ဖူးမျှော်ခြင်းက သုတ်သင်ရှင်းလင်းခံလိုက်ရတယ်။

"သူ့ခွန်အားက အဆများစွာ တိုးတက်သွားပြီးပဲ"

ဒီဓားကွက်ကို မြင်ပြီး နှလုံးသားအာဏာရှင်က သက်ပြင်းချမိသွား‌လေတယ်။

ဂရုဏာမဲ့ဓားသွားက လီဖူချန်းရဲ့သာမန်ဓားကွက်တစ်ခုဆိုတာကို နှလုံးသားဓားအာဏာရှင်က ဘာလို့မမြင်နိုင်မှာလဲ။ အဲဒါကို လီဖူချန်းရဲ့အမှတ်အသားဓားကွက်လို့တောင် ယူဆလို့မရပါဘူး၊ ဒါပေမယ့် အဲဒါက နှလုံးသားဓားအာဏာရှင်ရဲ့အာဏာရှင်ဖူးမျှော်ခြင်းကို အလွယ်တကူ ချေဖျက်ခဲ့တယ်။ လီဖူချန်းရဲ့ဒီခွန်အားအဆင့်က ဓားပြိုင်ပွဲတုန်းကထက် သိသိသာသာ ပိုသန်မာလာပါတယ်။

နှလုံးသားဓားအာဏာရှင်ရဲ့ဓားတာအိုတိုးတက်မှုက နှေးကွေးတဲ့လျှောက်လှမ်းမှုဆိုရင် လီဖူချန်းရဲ့ဓားတာအိုတိုးတက်မှုက တစ်ဟုန်ထိုးပြေးခြင်းဖြစ်တယ်။ မီဖို့ အသာထား၊ မြင်ခွင့်ရဖို့တောင် မထိုက်တန်ပါဘူး။

"အာဏာရှင်ဓားဆင်းသက်ခြင်း"

အမှတ်သင်္ကေတဓားကွက်ပြီးနောက် သတ်ဖြတ်ကွက်ဖြစ်တယ်။ ဓားအာဏာရှင်က သူ့ဓားကို ဝှေ့ယမ်းလိုက်တယ်၊ ဓားအရိပ်တစ်ခုက ဟင်းလင်းပြင်မှ ဆင်းသက်လာတယ်။ ကြောက်စရာကောင်းတဲ့ဓားတာအိုဥပဒေသတစ်ခုကို ကိုင်ဆောင်ထားတဲ့ ကမ္ဘာရဲ့အာဏာရှင်အလား ခံစားရတယ်။ အဲဒါက လီဖူချန်းကို ခုတ်ပိုင်းလိုက်ချေတယ်။

သူတို့က ဒီဓားကို မျက်နှာချင်းမဆိုင်နိုင်ပါဘူး၊ ထန်ရှင်း၊ မူရုံယိုယွီနဲ့ အခြားသူတွေအားလုံးက နောက်ဆုတ်လိုက်ရတယ်။ သူတို့က ဓားစွမ်းပကားရဲ့ဖိအားကို မတောင့်ခံနိုင်ပုံပဲ၊ အထူးသဖြင့် လေဖမ်းဓားဧကရာဇ်ကျူးလန်ရဲ့ခြေထောက်တွေက ပျော့ပြောင်းသွားပြီး မြေပြင်ပေါ်ကို ဒူးထောက်ချလုနီးပါးဖြစ်သွားတယ်။ အဲဒါက သူ့ကို တုန်လှုပ်ခြောက်ချားသွားစေတယ်၊ သူ့မျက်နှာကို ရှက်ရွံ့မှုတွေနဲ့ နီရဲသွားစေတယ်။

"အချိန်ကျပြီး"

လီဖူချန်းက သူ့ဓားကို လှည့်ပတ်လိုက်တယ်၊ ဟင်းလင်းပြင်ကို ထိုးဖောက်သွားသလို ခံစားရတယ်။

ဒေါင်........ဒေါင်.........ဒေါင်.........

နောက်အခိုက်အတန်မှာတော့ ဓားကွက်နှစ်ခုက ထိပ်တိုက်ရင်ဆိုင်ကြလေတယ်။

မီးပွားတွေ ပန်းထွက်လာတယ်၊ ဓားအာဏာရှင်ရဲ့ဓားအရိပ်က အစိတ်စိတ်အမွှာမွှာဖြစ်သွားတယ်။ လီဖူချန်းရဲ့ဓားက ဓားအာဏာရှင်ရဲ့မျက်နှာဆီ ဖြောင့်တန်းစွာ ဆက်သွားနေတယ်။

"ကမ္ဘာဦးညွှတ်ခြင်း" ဓားအာဏာရှင်က အော်လိုက်တယ်၊ ကမ္ဘာကိုဖိအားပေးတဲ့ဓားဆန္ဒက ပေါက်ကွဲထွက်လာတယ်။

ဓားဆန္ဒက စိတ်ကူးမယဉ်နိုင်လောက်အောင် ဖိနှိပ်လွှမ်းမိုးနိုင်ပြီး ကောင်းကင်တာအို‌ကတောင် ဒီဓားကို အညံ့ခံသလို ခံစားရတယ်။

"သူက ဒီအဆင့်ကို ရောက်သွားပြီးလား" ခံစားချက်မဲ့ဓားဧကရာဇ်ရဲ့မျက်လုံးတွေက မဲ့စောင်းသွားလေတယ်။

ဓားအာဏာရှင်ရှန့်ကွမ်ကျိုးလီက သူ့ထက် သေချာပေါက် သာလွန်ပါတယ်။ ကမ္ဘာဦးညွှတ်ခြင်းကို အသာထား၊ ခံစားချက်မဲ့ဓားဧကရာဇ်က အာဏာရှင်ဓားဆင်းသက်ခြင်းကိုတောင် မခုခံနိုင်ပါဘူး။

"ကမ္ဘာဦးညွှတ်ခြင်းက မယုံနိုင်စရာပဲ၊ ဒါပေမယ့် ကံမကောင်းတာက ငါ့ကို ရင်ဆိုင်ရာမှာ အဲဒါက အသုံးမဝင်တာပဲ"

ကြယ်ပျံဓားကွက်ကို ထုတ်ဖော်ပြီးနောက် လီဖူချန်းက ဓားဧကရာဇ်ရဲ့ဓားစွမ်းပကားနဲ့သူ့ရဲ့ပခုံးကို ချက်ချင်း ထိုးဖောက်လိုက်တယ်။

ဓားအရှိန်က မြန်လွန်းတာကြောင့် အနည်းငယ်ကသာ ရှင်းလင်းစွာ မြင်နိုင်တယ်။ ခံစားချက်မဲ့ဓားဧကရာဇ်ကတောင် ရိပ်ခနဲသာ မြင်နိုင်တယ်။ ဒါ့ပြင် ဒါက သူက ဘေးကနေ စောင့်ကြည့်သူဖြစ်လို့ပါပဲ။ သူကသာ လီဖူချန်းနဲ့ ရင်ဆိုင်ရရင် သူက ဒီဓားကွက်ရဲ့အရိပ်အယောင်ကို ဘယ်တော့မှ ဖမ်းနိုင်မှာမဟုတ်ပါဘူး"

"ရှုံးသွားတာလား"

သူက ဒီလိုရိုးရှင်းစွာ ရှုံးသွားရမယ်လို့ ဓားအာဏာရှင်က မယုံကြည်နိုင်ဖြစ်နေတယ်၊ ပြန်တိုက်ဖို့ အခွင့်အရေးတစ်ခုတောင် မရှိတော့ပါလား။

သူ့ခေါင်းကို မော့ပြီး ဓားအာဏာရှင်က လီဖူချန်းကို ကြည့်လိုက်တယ်။

လီဖူချန်းက တည်ငြိမ်စွာနဲ့ ဓားကို ဓားအိမ်ထဲ ထည့်နေတယ်၊ ချီတည်ရှိမှုလှိုင်းတစ်ခုမှ မရှိပါဘူး။

"ငါ၊ ဓားအာဏာရှင်ကို အမည်မရှိလူတစ်ယောက်က အနိုင်ယူလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဒါပေမယ့် ငါ့ရဲ့ရှုံးနိမ့်မှုကို ငါ လက်ခံပါတယ်။ မင်း နိုင်တယ်"

ဓားအာဏာရှင်က နှလုံးသားမှာ ခါးသီးသလို ခံစားရ‌တယ်၊ ဒါပေမယ့် သူက သူ့ရဲ့တိုက်ခိုက်ရေးစိတ်ဝိညာဥ်ကို မဆုံးရှုံးခဲ့ပါဘူး။ အာဏာရှင်ဓားတာအိုက အနိုင်မခံအရှုံးမပေးတတ်ပါဘူး၊ ပြိုင်ဘက်က ပိုသန်မာလေလေ၊ သူ့ရဲ့တိုက်ခိုက်ရေးစိတ်ဝိညာဥ်က ပိုပြင်းထန်လာလေလေပါပဲ။  သူ့ရဲ့အာဏာရှင်ဓားတာအိုက စကြာဝဠာကို အုပ်ချုပ်ပြီး ကမ္ဘာအားလုံးကို ကြောက်ရွံ့မှုကြောင့် တုန်လှုပ်သွားစေမယ့်တစ်နေ့တော့ ရှိလာမှာပါ။

"ကျေးဇူးတင်ပါတယ်"

ပြီးနောက် လီဖူချန်းရဲ့မျက်လုံးတွေက ဓားဧကရာဇ်မိုဟန်ဆီ ရောက်သွားတယ်"မင်း‌‌ရော တိုက်ခိုက်မလား"

လီဖူချန်းက ဓားအာဏာရှင်ရဲ့အာဏာရှင်ဓားတာအိုကို မြင်တွေ့ခဲ့ပြီးဖြစ်တာကြောင့်  သူက ဓားဧကရာဇ်ရဲ့ငါတာရှိဓားတာအိုကို မမြင်တွေ့ရရင် ဖြုန်းတီးမှုတစ်ခု ဖြစ်ပါလိမ့်မယ်။

"ဘာ........။ သူက ဓားဧကရာဇ်နဲ့ပါ ယှဉ်ပြိုင်ချင်သေးတာလား" မူရုံယိုယွီက ထိတ်လန့်သွားလေတယ်။

မသိလိုက်မသိဘာသာနဲ့ လီဖူချန်းက သူမအပေါ် တစ်မူထူးတဲ့ခံစားချက်တစ်ခုကို ပေးစွမ်းလိုက်တယ်။ သူ့ရဲ့အရိပ်တွေက ကမ္ဘာတစ်ခုလုံးကို ပိတ်ဖုံးထားပြီး အလွန့်အလွန်ကြီးမားလွန်းတဲ့ဖိအားတစ်ခုကို ပေးစွမ်းနေသလို ခံစားရတယ်။

***

All Chapters