← Chapters

အဆင့်သတ်မှတ်ချက်ကို ဝင်ရောက်ခြင်း

Vol. 58 Ch. 791

အဆင့်သတ်မှတ်ချက်ကို ဝင်ရောက်ခြင်း

Vol. 58 Ch. 791

"ကောင်းပြီ" ဓားဧကရာဇ်မိုဟန်က ခေါင်းညိတ်လိုက်တယ်။

အစကတော့ သူက လီဖူချန်းနဲ့ တိုက်ခိုက်ဖို့ အစီအစဉ် မရှိပါဘူး၊ ဒါပေမယ့် လီဖူချန်းက သူ့ကို စိန်ခေါ်မှတော့ သူက ငြင်းပယ်စရာ‌အကြောင်းမရှိဘူးလေ။

ဓားဧကရာဇ်တစ်ယောက်အနေနဲ့ သူက တိုက်ပွဲကို ရှောင်ရမှာလား။

ဒီကောင်စုတ်" ဓားအာဏာရှင်က လီဖူချန်းကို တစ်ချက် ကြည့်လိုက်တယ်။

ဓားဧကရာဇ်ကို အနိုင်ယူချင်လို့ လီဖူချန်းက စိန်ခေါ်တာ မဟုတ်ဘူးဆိုတာကို သူက ဘယ်လိုလုပ်ပြီး မမြင်နိုင်ရမှာလဲ။ လီဖူချန်းက ဓားဧကရာဇ်ရဲ့ငါသာရှိဓားတာအိုကို မြင်ချင်ရုံသက်သက်ပါပဲ။

အဲဒါက ဓားအာဏာရှင်နဲ့ဓားဧကရာဇ်တို့ကို လီဖူချန်းက ပြိုင်ဘက်အဖြစ်တောင် မသတ်မှတ်ထားဘူးလို့ ဆိုလိုပါတယ်။

ဒါက ဓားဧကရာဇ်ကို ထိတ်လန့်စေရတဲ့ အကြောင်းပြချက်ပါပဲ။

"ဒါပေမယ့်၊ ငါက ဓားဧကရာဇ်မဟုတ်ဘူး။ ဓားဧကရာဇ်ရဲ့ခွန်အားအစစ်အမှန်ကို ငါ‌‌တောင်ဘယ်တော့မှ မမြင်ခဲ့ရဘူး" ဓားအာဏာရှင်က သူ့ရာသူ ပြောလိုက်တယ်။

သူ့ရဲ့အာဏာရှင်ဓားတာအိုက ဓားဧကရာဇ်ကြောင့်ပဲ အောင်မြင်ပြီး ဓားဧကရာဇ်ကြောင့်ပဲ ကျဆုံးရတယ်။

အောင်မြင်ရတဲ့အကြောင်းရင်းက ဓားဧကရာဇ်က သူ့ရှေ့မှာ ရှိနေတာကြောင့် သူ့ရဲ့တိုက်ခိုက်ရေးစိတ်ဝိညာဉ်အဆင့်ကို မြင့်မားစွာ ထိန်းသိမ်းထားနိုင်တာကြောင့် ဖြစ်တယ်။ အတားအဆီးတွေကို ကျော်လွှားပြီး လျင်မြန်စွာ တိုးတက်လာစေတယ်။ ဓားဧကရာဇ်မရှိဘူးဆိုရင် ဓားအာဏာရှင်က ဒီလောက်လျင်မြန်စွာ တိုးတက်လာမှာ မဟုတ်ပါဘူး။

ကျဆုံးတယ်လို့ပြောရခြင်းက အာဏာရှင်ဓားတာအိုရဲ့အထူးလက္ခဏာ‌ကြောင့် ဖြစ်တယ်။ အထွတ်အထိပ်ကို ရောက်ရှိပြီးမှသာ အာဏာရှင်ဓားတာအိုက သူ့ရဲ့စစ်မှန်တဲ့ခွန်အားကို ထုတ်ဖော်ပြသနိုင်ပါလိမ့်မယ်။

အဲဒါက အာဏာရှင်တစ်ယောက်ရဲ့စိတ်အခြေအနေကို သာမန်လူတွေ ဘယ်တော့မှ နားလည်လိမ့်မှာ မဟုတ်တဲ့ အကြောင်းပြချက်လည်း ဖြစ်တယ်။

အခြားသူတွေက အံ့အားသင့်နေတယ်။ လီဖူချန်းက ဓားအာဏာရှင်ကို အနိုင်ယူခဲ့တာကတင် မူမမှန်တော့ပါဘူး။ ခံစားချက်မဲ့ဓားဧကရာဇ်ကို အနိုင်ယူတာက ဓားအာဏာရှင်ကို အနိုင်ယူတာနဲ့ လုံးဝခြားနားတဲ့အဓိပ္ပါယ် ရှိပါတယ်။ ခံစားချက်မဲ့ဓားဧကရာဇ်ကို အနိုင်နိုင်ယူခြင်းက လီဖူချန်းမှာ အကြွင်းမဲ့ဓားဧကရာဇ်တစ်ယောက်ရဲ့ခွန်အားမျိုး ရှိတယ်လို့ ဆိုလိုတယ်။ ဒါပေမယ့် ဓားအာဏာရှင်ကို အနိုင်ယူနိုင်ခြင်းက လီဖူချန်းက ဓားအာဏာရှင်ကို အစားထိုးပြီး ဓားတာအိုအသိုင်းအဝိုင်းရဲ့သင်္ကေတ ဖြစ်လာတယ်။ အခု လီဖူချန်းက ဓားဧကရာဇ်ကို ဆက်လက်စိန်ခေါ်နေတယ်၊ လူတိုင်းက တစ်ခဏတာ မှင်တက်သွားရတယ်။

ဒါပေမယ့် စုန်ရှန်ဟဲ၊လျိုဟော်နဲ့အခြားသူတွေက ဓားဧကရာဇ်ကို လီဖူချန်းက အနိုင်ယူနိုင်လိမ့်မယ်လို့ မထင်ထားပါဘူး။

ဓားဧကရာဇ်က မဟာဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၃ဖြစ်တယ်။  ကောင်းကင်ဧကရာဇ်နဲ့ တိုက်ခိုက်ပြီးနောက် ဒဏ်ရာမရဘဲ ပြန်ဆုတ်နိုင်ခဲ့တဲ့ တစ်ဦးတည်းသောပုဂ္ဂိုလ် ဖြစ်တယ်။ လီဖူချန်းဘယ်လောက်ပဲသန်မာနေပါစေ၊ ဓားဧကရာဇ်ကို အနိုင်ယူနိုင်ဖို့က ခက်ခဲပါတယ်။ ညီမျှတဲ့ယှဉ်ပြိုင်မှုဖြစ်နိုင်တဲ့အခွင့်အလမ်းကတောင် အလွန်သေးငယ်ပါတယ်။

ကြီးမားကျယ်ပြန့်တဲ့မြေပြင်ပေါ်မှာ ဓားဧကရာဇ်က လက်နောက်ပစ်ကာ ရပ်နေတယ်။

ဆန့်ကျင့်ဘက်မှာတော့ လီဖူချန်းပေါ့။

သူတို့နှစ်ယောက်ကြားမှာ တင်းမာတဲ့ခံစားချက်တွေ တစ်ခုမှ မရှိပါဘူး။ ဒါပေမယ့် ကြည့်ရှုသူတွေရဲ့မျက်လုံးထဲမှာ လေထုကို ပျံ့နှံ့နေတဲ့မွန်းကျပ်စရာအရှိန်အဝါတစ်ခု ရှိနေတယ်။

"သူတို့က တူညီတယ်" နှလုံးသားဓားအာဏာရှင်က နားလည်သွားတယ်။

သူတို့နှစ်ယောက်ရဲ့အရှိန်အဝါထဲမှာ ဆင်တူမှုတွေ များစွာ ရှိတယ်။ သူတို့နှစ်ယောက်လုံးက မတွေးတတ်လောက်အောင် ခက်ခဲနက်နဲတယ်၊ ဘာကိုမှ စိတ်မဝင်စားပါဘူး။ ကမ္ဘာကြီးထဲရှိဘာကမှ သူတို့ကို မထိတ်လန့်စေနိုင်ပါဘူး။

ကလင်း ကလင်း..........

သတိပေးခြင်းမရှိဘဲ သူတို့နှစ်ယောက်က စတင်တိုက်ခိုက်လိုက်ကြတယ်။

ဓားဧကရာဇ်က သူ့ရဲ့ဓားကို မထုတ်ထားပါဘူး။ သူက သူ့ရဲ့လက်ခလယ်နဲ့လက်ညှိုးကို မြှောက်ပြီး ဓားအလင်းတောက်ပမှုတစ်ခုကို ထုတ်ဖော်လိုက်တယ်။ အဲဒါက ပုံစံမဲ့ဓားတစ်လက်ပမာ လီဖူချန်းကို တိုက်ခိုက်လိုက်ပါတယ်။

"ဒါက ငါသာရှိဓားတာအိုလား"

သူက ဓားဧကရာဇ်ရဲ့ဓားချီကို မမြင်နိုင်တာကြောင့် လီဖူချန်းက အတော်လေး အံ့အားသင့်သွားရတယ်။

ဓားဧကရာဇ်ရဲ့ဓားချီက လီဖူချန်းမျှော်မှန်းထားတာတက် ပိုကြမ်းတမ်းခိုင်ခံတယ်။ အဲဒါက ကောင်းကင်အလယ်ဆင့်ဓားတစ်လက်ထက်တောင် ဆယ်ဆပိုကြမ်းတမ်းခိုင်ခံတယ်။

ဂျိုင်း.......ဂျိုင်း.........ဒေါင်......ဒေါင်.........

မီးပွားတွေ ထွက်လာတယ်။ နှစ်ယောက်ကြားတိုက်ခိုက်မှုက ရိုးရှင်းတယ်၊ ဒါပေမယ့် ဓားကွက်အသီးသီးမှာ အံ့အားသင့်စရာစွမ်းအား ရှိတယ်။ ခွန်အားစုစည်းမှုက အဆုံးစွန်းကို ရောက်ရှိနေပြီးဖြစ်တယ်။

ငါသာရှိဓားတာအိုက ဓားနဲ့လူပေါင်းစပ်ခြင်း ဖြစ်တယ်။ လူက ဓားဖြစ်ပြီး ဓားက လူဖြစ်တယ်။ ဓားဧကရာဇ်က ငါသာရှိဓားတာအိုကို အဆုံးစွန်းထိ အသုံးချခဲ့တယ်။အဲဒါက ဓားချီတစ်ခုသာ ဖြစ်တယ်၊ ဒါပေမယ့် ဓားဧကရာဇ်လက်ထဲမှာတော့ ဒီဓားချီက မဖျက်ဆီးနိုင်ဖြစ်နေတယ်။

"ချိုးဖျက်စမ်း"

ဓားကို ချည်မျှင်အဖြစ် ပြောင်းလဲပြီးနောက် လီဖူချန်းက ဓားဧကရာဇ်ရဲ့ဓားချီကို ပြင်းထန်စွာ တိုက်ခိုက်လိုက်တယ်။

ဓားချည်မျှင်က ဓားတာအိုတိုက်ခိုက်မှုတစ်ခု ဖြစ်ပြီး အလွန်အားကောင်းတဲ့ထိုးဖောက်နိုင်စွမ်းရှိတယ်။ အဲဒါက ခန္ဓာကိုယ်အပြင်အားကျင့်ကြံသူတွေကိုတောင် အနိုင်ယူနိုင်တယ်။ ဓားဧကရာဇ်ရဲ့ဓားချီက လီဖူချန်းရဲ့သာမန်ဓားကွက်ကိုသာ ခုခံနိုင်တယ်။ ဂရုဏာမဲ့ဓားသွားကို အနိုင်ယူဖို့က မဖြစ်နိုင်ပါဘူး။

ဂျိုင်း........

စီးကြောင်းတစ်ခု ထွက်လာတယ်။ ဓားဧကရာဇ်က သူ့ရဲ့ဓားကို ထုတ်လိုက်တယ်၊ ငွေ‌နက်ရောင်ဓားတစ်လက် ဖြစ်တယ်။ ဓားကို ဓားအိမ်မှ ချွတ်လိုက်တာနဲ့ ဓားအလင်းတောက်ပမှုတစ်ခုက ပေါ်ထွက်လာပြီး ဓားချည်မျှင်ကို ချက်ချင်း ချိုးဖျက်လိုက်တယ်။

ဓားကွက်အနည်းငယ် ဖလှယ်ပြီးနောက် လီဖူချန်းက ငါသာရှိဓားတာအိုရဲ့စစ်မှန်တဲ့အဓိပ္ပါယ်ကို တွေ့ကြုံခံစားရသွားပြီးဖြစ်တယ်။

ငါတာရှိဓားတာအိုမှာ သိီးသန့်ကန့်သတ်ထားတဲ့ ဓားဆန္ဒတစ်ခု ရှိတယ်။သီးသန့်ကန့်သတ်ထားတာကြောင့် ဓားကွက်တွေကို ဖော်ထုတ်တဲ့အခါ ကြီးမားတဲ့စွမ်းအားကို ပေးစွမ်း‌လေတယ်။ လီဖူချန်းရဲ့အမြင်အရ ဓားဧကရာဇ်ရဲ့ငါသာရှိဓားအိုမှာ ဓားချည်မျှင်အခြေအနေပါဝင်တယ်၊ ဒါပေမယ့် ဓားချည်မျှင်အခြေအနေထိသာ ကန့်သတ်ထားတာ မဟုတ်ပါဘူး။

ဓားဧကရာဇ်ရဲ့ပြိုင်ဘက်က လီဖူချန်းဖြစ်တယ်။ အခြားတစ်ယောက်သာဖြစ်ရင် ဓားအာဏာရှင်ဆိုရင်တောင်မှ သူတို့က ဓားဧကရာဇ်ရဲ့ဓားကို မတားဆီးနိုင်ပါဘူး။

စိတ်မကောင်းစရာတစ်ခုက လီဖူချန်းရဲ့ဓားတာအိုအဆင့်က အရင်ကနဲ့ မတူတော့ပါဘူး။ ဓားပြိုင်ပွဲတုန်းကဆိုရင် သူက ဓားဧကရာဇ်ကို မယှဉ်နိုင်လောက်ပေမယ့် ဓားကမ္ဘာမှထွက်လာပြီးနောက် လီဖူချန်းရဲ့ဓားတာအိုအဆင့်က ကြောက်မက်ဖွယ်အဆင့်တစ်ခုမှာ တည်ရှိနေပါတယ်။ မူလအဆုံးစွန်းဓားပညာက အဆုံးစွန်းကို ရောက်ရှိသွားပြီဖြစ်ပြီး အဲဒါက သူတော်‌စင်များစွာက မအောင်မြင်နိုင်တဲ့ အရာလည်း ဖြစ်တယ်။

"ဓားဧကရာဇ်၊ ငါ့ရဲ့ဓားတစ်ကွက်ကို လက်ခံပါ"

လီဖူချန်းက ဟင်းလင်းပြင်ဓားသွားကို ဓားဧကရာဇ်ထံ ဖော်ထုတ်လိုက်တယ်။

"အထွတ်အထိပ်တစ်ယောက်တည်း"

လီဖူချန်းရဲ့ဟင်းလင်းပြင်ဓားပညာကို ရင်ဆိုင်ရတဲ့အခါ ဓားဧကရာဇ်က သူ့ရဲ့သတ်ဖြတ်ကွက်ကို သုံးလိုက်တယ်။

ဝုန်း.........

ဥယျာဉ်အထက်မှာ ဟင်းလင်းပြင်ရဲ့အနက်ထဲကို ပျံ့နှံ့သွားတဲ့ လှိုင်းဂယက်တစ်ခု ရှိလာတယ်။

ဓားဧကရာဇ်က ဓားအာဏာရှင်ထက် ပိုသန်မာတယ်။ သူ့ရဲ့ဓားတာအိုအဆင့်က ပိုမြင့်မားပြီး ဓားနှလုံးသားကိုတောင် သိပ်သည်းနိုင်ခဲ့တယ်။

ဓားဧကရာဇ်က ဓားနှလုံးသားကို မသိပ်သည်းထားဘူးဆိုရင် လီဖူချန်းရဲ့သာမန်ကာလျှံကာဓားကွက်တစ်ခုကတောင် ဓားဧကရာဇ်ကို အနိုင်ယူနိုင်ပါတယ်။

သူတို့နှစ်ယောက်ကြားတိုက်ပွဲက ဟင်းလင်းပြင်ရဲ့အနက်ပိုင်းမှပစ္စည်းတစ်ခုကို နှိုးထစေလိုက်တာကို သူတို့နှစ်ယောက်က မသိပါဘူး။

ထိုပစ္စည်းက ကောင်းကင်စာအုပ်ဖြစ်ပြီး စာလုံးတွေနဲ့ နက်ရှိုင်းစွာ ထုတ်ပိုးထားတယ်။ ထိပ်မှာ "မဟာဧကရာဇ်သတ်မှတ်ချက်"ဆိုတဲ့ ရွှေရောင်စာလုံးသုံးလုံး ရှိတယ်။ ကောင်းကင်ဓားဧကရာဇ်၊ ဓားဧကရာဇ်နဲ့ အခြားသူတွေရဲ့နာမည်စာရင်းတစ်ခု ရှိတယ်။ တစ်ယောက်က နီးကပ်စွာ ကြည့်ရင် အမည်တစ်သောင်းကို တွေ့ရလိမ့်မယ်။ အဆင့်သတ်မှတ်ချက်နိမ့်လေလေ၊ နာမည်က ပိုသေးလေ ဖြစ်တယ်။ နီးကပ်စွာ မကြည့်ဘဲနဲ့ ဖတ်နိုင်ဖို့က အခြေခံအားဖြင့် မဖြစ်နိုင်ပါဘူး။

တိုက်ပွဲက ဖြစ်စေတဲ့ ချီတည်ရှိမှုက အကန့်အသတ်ကို ကျော်လွန်သွားပြီး မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်ကို နှစ်ဝက်မတိုင်ခင် နိုးထသွားစေတယ်။

မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်က ရွှေရောင်အလင်းတစ်ခုကို ထုတ်လွှတ်နေပြီး အဆင့်သတ်မှတ်ချက်က စတင်ပြောင်းလဲလာတယ်။

"လူတိုင်း ကြည့်ကြစမ်း။ မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်က နိုးထလာတယ်"

"မဟုတ်လောက်ဘူးနဲ့တူတယ်။ အချိန်အရဆိုရင် အဲဒါ နိုးထဖို့က နှစ်ဝက်ခန့် ကျန်သေးတယ်"

"ကြိုတင်မခန့်မှန်းထားတဲ့အဖြစ်အပျက်တစ်ခု ဖြစ်သွားတာများလား"

မဟာဧကရာဇ်သတ်မှတ်ချက်က ဟင်းလင်းပြင်မှ ပေါ်ထွက်လာနေတယ်။ ဥပဒေသပြောင်းလဲခြင်းနယ်ပယ်ကို ရောက်ရှိနေတဲ့သူတိုင်းက ခေါင်းမော့ကာ ကြည့်လိုက်ကြတယ်။ သူတို့က ဘယ်လောက်ဝေးဝေး ကိစ္စမရှိပါဘူး၊ မဟာဧကရာဇ်သတ်မှတ်ချက်က သူတို့ရဲ့ဦးခေါင်းအထက်မှာ ရောက်နေသလို ခံစားရတယ်။

ဓားသမားအစည်းအရုံးဌာနချုပ်ရဲ့ဥယျာဉ်ထဲရှိ လူတိုင်းကလည်း မဟာဧကရာဇ်သတ်မှတ်ချက်ကို မြင်လိုက်ရတယ်။

နှလုံးသားဓားအာဏာရှင်က မျက်မှောင်ကြုတ်မိသွားတယ်။ မဟာဧကရာဇ်သတ်မှတ်ချက်ကို မကြည့်ခင် သူက တိုက်ခိုက်နေတဲ့လီဖူချန်းနဲ့ဓားဧကရာဇ်တို့ကို ကြည့်လိုက်တယ်။ သူက စဉ်းစားနေစဉ်မှာပဲ သူက တုတ်လှုပ်သွားရတယ်။

မဟာဧကရာဇ်သတ်မှတ်ချက်က လီဖူချန်းနဲ့ဓားဧကရာဇ်တို့ကြောင့် နိုးထသွားတာကို သူ သိလိုက်ရတယ်။

မဟာဧကရာဇ်သတ်မှတ်ချက်က နိုးထလာတယ်ဆိုရင် တိုက်ပွဲက ဥပဒေသပြောင်းလဲခြင်းနယ်ပယ်တွေကြား ကြောက်စရာကောင်းတဲ့အဆင့်တစ်ခုကို ရောက်ရှိနေတယ်လို့ ဆိုလိုပါတယ်။

သတိပေးဖို့ မလိုပါဘူး။ ဥပဒေသပြောင်းလဲခြင်းနယ်ပယ်ဧကရာဇ်တွေက မဟာဧကရာဇ်သတ်မှတ်ချက်ကို မြင်တာနဲ့ အဆင့်သတ်မှတ်ချက်ကို ဝင်ရောက်နိုင်ဖို့ မျှော်မှန်းလျက် သူတို့က သူတို့ရဲ့ချီတည်ရှိမှုကို ဖော်ထုတ်နေကြတယ်။ အဆင့်သတ်မှတ်ချက်ကို ဝင်ပြီးသားသူတွေကတော့ သူတို့ရဲ့အဆင့်သတ်မှတ်ချက်တိုးလာစေဖို့ မျှော်လင့်ထားကြတယ်။

အသက်တစ်ချက်ရှုတိုင်း အဆင့်သတ်မှတ်ချက်က ပြောင်းလဲနေတယ်။

စာရင်းထဲမှာ လီကျန့်ရှင်း၊ ထန်ရှင်း၊ မူရုံယိုယွီ၊ ယုဝမ်ဟောင်ကျဲနဲ့ အခြားသူတွေက လျင်မြန်စွာ အဆင့်တိုးလာနေတယ်။

အထူးသဖြင့် လီကျန့်ရှင်းက အဆင့်၁၀၀၀၀မှာ ရှိနေရာမှ အဆင့်၁၀ထိ တက်သွားတယ်။ ကြည့်နေရင်း သူက ဆက်တက်နေလျက်ပါပဲ။

ခံစားချက်မဲ့ဓားဧကရာဇ်လည်း ထိပ်ဆုံးဆယ်ယောက်ထဲကို ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့တယ်။ နှလုံးသားဓားအာဏာရှင်က အဆင့်၁၃ ဖြစ်တယ်။ ဓားအာဏာရှင်က တစ်ဆင့်တက်သွားပြီး ယခု အဆင့်၆ဖြစ်တယ်။

ဒါပေမယ့် လက်ရှိသတ်မှတ်ချက်တွေက မခိုင်မြဲသေးပါဘူး။ မဟာဧကရာဇ်သတ်မှတ်ချက်က ချီစုပ်ယူမှုကို ရပ်တန့်ပြီးမှသာ အဲဒါကို ခိုင်မာ‌စေလိမ့်မယ်။

***

All Chapters