← Chapters

အဆင့် ၁

Vol. 58 Ch. 792

အဆင့် ၁

Vol. 58 Ch. 792

ဝုန်း..........

နှစ်ယောက်ကြားတိုက်ပွဲက ဟင်းလင်းပြင်ဇုန်ကို ကြေမွကွဲထွက်သွားစေပြီး အနက်ရောင်အက်ကြောင်းများက နေရာတိုင်းမှာ ထွက်ပေါ်လာတယ်။

ဓားသမားအစည်းအရုံးဌာနချုပ်ကို အဆင့်၉အစီအရင်တစ်ခုနဲ့ ကာကွယ်ထားတာ ကံကောင်းသွားတယ်၊ မဟုတ်ရင် ဥယျာဉ်တစ်ခုလုံးက ပျက်စီးသွားရနိုင်တယ်။

"ဓားဧကရာဇ်က တကယ်ကို ပြောင်မြောက်တယ်"

ဓားနှလုံးသားရှိခြင်းနဲ့ဓားနှလုံးသားမရှိခြင်းတို့ကြား ခြားနားချက်က တကယ်ကို သိသာလွန်းပါတယ်။

ဓားဧကရာဇ်က လီကျန့်ရှင်းနဲ့ဓားအာဏာရှင်တို့ပေါင်းစပ်ထားတာနဲ့ တူတယ်။ မဟုတ်ဘူး၊ ဓားဧကရာဇ်က သူတို့နှစ်ယောက်ပေါင်းစပ်ထားတာထက်တောင် ပိုသန်မာတယ်။ ပြီးတော့ ဓားနှလုံးသားဖြစ်စေ၊ဓားတာအိုအဆင့်ဖြစ်စေ ဓားဧကရာဇ်က လီကျန့်ရှင်းနဲ့ဓားအာဏာရှင်တို့နှစ်ယောက်ထက် ပိုမြင့်တယ်။

လီဖူချန်းသာ မရှိရင် ဓားဧကရာဇ်ကို ခြိမ်းခြောက်နိုင်တဲ့ ဥပဒေသပြောင်းလဲခြင်းနယ်ပယ်ဓားသမားတစ်ယောက်မှ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ ရှိလိမ့်မှာ မဟုတ်ပါဘူး။

"ဟင်းလင်းပြင်ကောင်းကင်ဓားကမ္ဘာ"

"အုပ်ချုပ်သူတစ်ယောက်တည်း"

ဟင်းလင်းပြင်က ပုံဆောင်ခဲကြီးတစ်ခုအလား ခံစားရပြီး အက်ကွဲကြောင်းတစ်ခုက အလယ်မှ ထွက်လာနေတယ်။ အက်ကြောင်းဟင်းလင်းပြင်ကို ဆုပ်ကိုင်ထားရင်း လီဖူချန်းနဲ့ဓားဧကရာဇ်တို့က တိုက်ခိုက်နေကြတယ်။ သူတော်စင်အောက်တစ်ယောက်ကမှ တိုက်ပွဲကို ကြားဝင်စွက်ဖက်နိုင်မှာ မဟုတ်ပါဘူး။ သူ ဝင်ရောက်ချင်းချင်း ဓားအာဏာရှင်တောင် ပြင်းထန်စွာ ဒဏ်ရာရပေလိမ့်မယ်။

ကြည့်ရှုသူတွေကတော့ အံ့အားသင့်နေကြတယ်။ ဓားဧကရာဇ် ဒါမှမဟုတ် လီဖူချန်းပဲဖြစ်ဖြစ်၊ သူတို့ရဲ့ခွန်အားက သူတို့စိတ်ကူးယဉ်ထားတာထက် ကျော်လွန်‌နေ‌တယ်။ ဥပဒေသပြောင်းလဲခြင်းနယ်ပယ်မှာ ရှိနေတာတောင် သူတို့နှစ်ယောက်က ဘာလို့ဒီလောက်တောင်သန်မာသလဲကို သူတို့က နားမလည်နိုင်ပါဘူး။

"တစ်တောင်ထက် တစ်တောင်ပိုမြင့်တယ်ဆိုတာ အမှန်ပဲ။ ငါက သူတို့နဲ့ မနှိုင်းယှဉ်နိုင်ဘူး" စုန်ရှန်ဟဲက ညည်းညူလိုက်တယ်။

လူတွေကြားမှာ ခြားနားချက်တစ်ခု ရှိတယ်။ အချိန်နဲ့ကြိုးစားအားထုတ်မှုတွေကတောင် ခြားနားချက်ကို အစားမထိုးနိုင်တဲ့အချိန်တွေ ရှိတယ်။

လီကျန့်ရှင်းက သူ့လက်သီးကို တင်းကြပ်စွာ ဆုပ်ထားတယ်။ သူက ကောင်းကင်မျဉ်းဓားပညာရဲ့စတုတ္ထကွက်ကို လေ့ကျင့်ပြီးနောက် လီဖူချန်းကို ယှဉ်နိုင်လောက်မယ်လို့ တွေးထားတာ။ အခုကြည့်ရသလောက် ခြားနားချက်က မကျဥ်းမြောင်းလာဘဲ တိုးတောင်တိုးလာ‌နေတယ်။

"ကြယ်ပျံကြွေဓားကွက်"

ဓားဧကရာဇ်က လီဖူချန်းမျှော်မှန်းထားတာထက် ပိုသန်မာတယ်။ လီဖူချန်းရဲ့ဟင်းလင်းပြင်ကောင်းကင်ဓားကမ္ဘာက ခံစားချက်မဲ့ဓားဧကရာဇ်ရဲ့ဓားကွက်ပြောင်းလဲခြင်းမရှိထက်တောင် သာလွန်ပါတယ်။ ဒါပေမယ့် အဲဒါက ဓားဧကရာဇ်ကို မရင်ဆိုင်သေးပါဘူး။ ရွေးချယ်စရာမရှိဘဲ လီဖူချန်းက ကြယ်ပျံကြွေဓားကွက်ကို ထုတ်လိုက်ရတယ်။

ကြယ်ပျံကြွေဓားကွက်လဲ တူတူပါပဲ၊ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ အဲဒါက ကြယ်ပျံတစ်ခုပမာ ပြိုးပြိုးပြက်ပြက်လင်းလက်သွားတယ်။ လူတိုင်း သတိပြုမိတဲ့အချိန်မှာတော့ အဲဒါက ပြီးဆုံးသွားပြီဖြစ်တယ်။

ဓားဧကရာဇ်ကို ဒီနာမည်ပေးထားတာ အကြောင်းပြချက်တစ်ခုရှိတာ အမှန်ပဲလေ။ အရေးကြီးတဲ့အခြေအနေမှာ သူက ကြယ်ပျံဓားကွက်ကို တားဆီးနိုင်ခဲ့ပါသေးတယ်။

ဒီလောက်မြန်တဲ့ဓားကွက်ကို ဓားဧကရာဇ်ရဲ့ငါသာရှိဓားတာအိုကသာ တားဆီးနိုင်ပါတယ်။ လူနဲ့ဓားပေါင်းစပ်ခြင်းက ဟန်ပြသက်သက်မဟုတ်ပါဘူး။

"ဖိနှိပ်ကြီးစိုးသူတစ်ယောက်တည်း"

လီဖူချန်းရဲ့ကြယ်ပျံကြွေဓားကွက်ကို တားဆီးပြီးနောက် ဓားဧကရာဇ်က ပျောက်ကွယ်သွားပြီး ဓားချီပေါင်းစုံက ဖိနှိပ်ကြီးစိုးမှုနဲ့အတူ စီးဆင်းလာတယ်။

ဂျိုင်း.......ဂျိုင်း.........ဂျိုင်း........

လီဖူချန်းရဲ့ခန္ဓာကိုယ်မှ အလင်းတောက်ပသွားတယ်။ သူ့ရဲ့ဓားက ကြယ်ပျံတစ်ခုပမာ ဓားချီအားလုံးကို တားဆီးလိုက်တယ်။

နီးကပ်စွာ ကြည့်လိုက်တဲ့အခါ ဒီဓားချီတွေက အတွင်းရှိဓားဧကရာဇ်ရဲ့အရိပ်အယောင်တွေ ရှိနေပါတယ်။

"အမ်။ ဘယ်သူက လီဖူချန်းလဲ။ သူ့ရဲ့အဆင့်က ဒီလောက်တောင် လျင်မြန်စွာ တိုးလာနေတယ်"

"သူ တက်လာနေတာ တော်တော်မြန်တယ်။ သူက ထိပ်ဆုံးဆယ်ယောက်ထဲကို ရောက်သွားပြီး"

မဟာဧကရာဇ်သတ်မှတ်ချက်ပေါ်မှာ ရွှေရောင်အလင်းတစ်ခုက လျင်မြန်စွာ မြင့်တက်လာနေတယ်။

ရွှေရောင်အလင်းက 'လီဖူချန်း'ဆိုတဲ့စာလုံးသုံးလုံးကို လွှမ်းခြုံထားတာကို မည်သူမဆို မြင်နိုင်ပါတယ်။

လီဖူချန်းနဲ့ဓားဧကရာဇ်တို့က ဓားဧကရာဇ်သတ်မှတ်ချက်ကို နိုးထလာစေတယ်ဆိုပေမယ့် သူတို့ရဲ့ချီတည်ရှိမှုတွေက အတူတကွ ရောယှက်နေတာကြောင့် မဟာဧကရာဇ်သတ်မှတ်ချက်က ချက်ချင်း မတုံ့ပြန်နိုင်ပါဘူး။ ဒါကြောင့် လီကျန့်ရှင်းက အရင်ဦးဆုံး အဆင့်သတ်မှတ်ချက်မှာ လျင်မြန်စွာ ထိုးတက်လာရခြင်း ဖြစ်တယ်။

အချိန်တွေဖြတ်ကျော်လာတာနဲ့အမျှ နောက်ဆုံးမှာတော့ မဟာဧကရာဇ်သတ်မှတ်ချက်က လီဖူချန်းရဲ့ချီတည်ရှိမှုကို ဖမ်းမိပြီး စုပ်ယူခဲ့တယ်။

အဆင့် ၁၀၊ အဆင့်၉၊ အဆင့်၈.......

ထိပ်ဆုံးဆယ်ယောက်ထဲကို ဝင်ပြီးတာတောင် လီဖူချန်းရဲ့အဆင့်က တိုးလာနေတုန်းပါပဲ။

ဓားဧကရာဇ်ရဲ့အဆင့်သတ်မှတ်ချက်က အဆင့်၂မှ အဆင့်၃အထိ တိုးလာတယ်။ သူက အရင်အဆင့်၂ဖြစ်တဲ့ကပ်ကမ္ဘာအာဏာရှင်ကို တွန်းချနိုင်ခဲ့တယ်။

အဆင့်၅၊ အဆင့်၄.........

နောက်ဆုံးမှာတော့ လီဖူချန်းက အဆင့်၄ကို ရောက်လာပြီး ကပ်ကမ္ဘာအာဏာရှင်အောက်မှာ ရှိနေတယ်။ အခုဆိုရင် သူက ဓားမော့ဧကရာဇ်ချူခွမ်းရဲ့အထက်ကို ရောက်နေပါပြီး။

လေတိမ်မြို့ရှိ စားသောက်ဆိုင်တစ်ခုထဲမှာတော့ ဓားမော့ဧကရာဇ်ချူခွမ်းက နှာ‌ခေါင်းရှုံ့ပြီး သူ့ရဲ့ချီတည်ရှိမှုကို အပြည့်အဝ ဖော်ထုတ်လိုက်တယ်။

ချက်ချင်းမှာပဲ ချူခွမ်းရဲ့နာမည်က လီဖူချန်းရဲ့နာမည်ကို ဆွဲချသွားလေတယ်။

ချူခွမ်းက မပျော်နိုင်ခင်မှာ လီဖူချန်းရဲ့နာမည်က သူ့ထက် ပိုမြင့်သွားပြန်တယ်။ ဒီတစ်ကြိမ်မှာတော့ လီဖူချန်းက ချူခွမ်းကိုသာမက ကပ်ကမ္ဘာအာဏာရှင်ကိုတောင် ဖြတ်ကျော်သွားပြီး အခုဆိုရင် အဆင့်၃ကို ရောက်ရှိနေတယ်။ လီဖူချန်းက ဓားဧကရာဇ်နဲ့ကောင်းကင်ဧကရာဇ်တို့ရဲ့အောက်မှာသာ ရှိတော့တယ်။

‌ဒုန်း.........

ချူခွမ်းရဲ့မျက်နှာက ဖြူဖတ်ဖြူရော်သွားပြီး သူက သူ့လက်ထဲရှိ ဝိုင်ခွက်ကို ခြေမွလိုက်တယ်။

မဟာဧကရာဇ်သတ်မှတ်ချက်က တိုက်ပွဲဝင်ခွန်အားကို တိတိကျကျမတိုင်းတာနိုင်ပါဘူး၊ တိုက်ပွဲဝင်ခွန်အားကို သက်ရောက်နိုင်တဲ့အခြားအချက်တွေ ရှိပါတယ်။ ဒါပေမယ့် လီဖူချန်းက သု့အပေါ်မှာ ရှိနေတဲ့အတွက် ချူခွမ်းက မပျော်မရွှင်ဖြစ်တုန်းပါပဲ။ ဓားပြိုင်ပွဲမှာ ချူခွမ်းက လီဖူချန်းကို ဖယ်ရှားဖို့ မြောင်ချန်ရှင်းကို ကတိ‌ပေးခဲ့တယ်လေ။

"စိတ်ဝင်စားစရာပဲ"

လေတိမ်မြို့မှ အလွန်ဝေးကွာတဲ့မြို့တစ်မြို့မှာ ကပ်ကမ္ဘာအာဏာရှင်က ခေါင်းမော့ကာ မဟာဧကရာဇ်သတ်မှတ်ချက်ကို ကြည့်လိုက်တယ်။

သူက အဆင့်၂မှာ ရှိနေတာ နှစ်ပေါင်းနှစ်ဆယ်ရှိပါပြီး။ ကောင်းကင်ဧကရာဇ်က အဆင့်၁ကို အချိန်အကြာဆုံး ထိန်းသိမ်းထားနိုင်တဲ့သူဆိုရင် ကပ်ကမ္ဘာအာဏာရှင်က အဆင့်၂ကို အချိန်အကြာဆုံး ထိန်းသိမ်ထားနိုင်သူပါပဲ။

ဒါက ဒုတိယနေရာမှ ကျဆင်းခဲ့ရတဲ့ သူ့ရဲ့ပထမဆုံးအကြိမ် ဖြစ်တယ်။

ဒါကတော အဆင်ပြေပါတယ်၊ ဒါပေမယ့် အခုဆိုရင် သူက အဆင့်၃ကတောင် ဆင်းပေးလိုက်ရပြန်တယ်။

သူ့ရဲ့အပြုံးကို ရုပ်သိမ်းပြီး ကပ်ကမ္ဘာအာဏာရှင်ရဲ့မူလချီတည်ရှိမှုက ကောင်းကင်ကို ထိုးတက်သွားလေတယ်။

"အမ်"

သူ့ရဲ့ချီတည်ရှိမှုကို အပြည့်အဝ ထုတ်လွှတ်ပြီးနောက် သူက အဆင့်၂နေရာကို ပြန်ရလိမ့်မယ်လို့ ကပ်ကမ္ဘာအာဏာရှင်က အစက ထင်ထားခဲ့တယ်။ ဒါပေမယ့် နောက်မြင်ကွင်းက သူ့ကို ဆွံ့အသွားစေတယ်။

အဆင့်၂ကို အသာထား၊သူက အဆင့်၃ကိုတောင် မကျော်တက်နိုင်ပါဘူး။

လီဖူချန်းရဲ့နာမည်က ကြီးမားတဲ့အတားအဆီးတစ်ခုပမာ သူ့ရဲ့တက်ရောက်မှုကို ချိတ်ပိတ်ထားလေတယ်။

"ထားလိုက်တော့၊ ဘာပဲပြောပြော အဆင့်၂နဲ့အဆင့်၄ကြား ခြားနားချက်က သိပ်မကြီးပါဘူးလေ" ကပ်ကမ္ဘာအာဏာရှင်က ရယ်ပြီး အများကြီး မစဥ်းစားတော့ပါဘူး။

အဆင့်၂နဲ့အဆင့်၄ကြား ချီကံကြမ္မာမှာ ခြားနားချက်တစ်ခုရှိတယ်ဆိုပေမယ့် မသိသာပါဘူးလေ။

ဒါ့ပြင် အဆင့်၂မှာရှိနေတာက အဆင့်၂က အဆင့်၄ထက် ပိုသန်မာတယ်လို့ မဆိုလိုပါဘူး။

"ဒါက များလွန်းတာပဲ။ လီဖူချန်းက အဆင့်၃ကို တကယ် ရသွားတာပဲ"

"သူက ဘယ်သူလဲဟ"

ဓားဧကရာဇ်က အဆင့်၃ဖြစ်လို့ တစ်ယောက်မှ မအံ့ဩပါဘူး၊ ပြီးတော့ သူက အရင်က အဆင့်၃လေ။ သူ့ရဲ့ဂုဏ်သတင်းက ကပ်ကမ္ဘာဓားအာဏာရှင်အောက် မနိမ့်ကျဘဲ ပိုတောင် မြင့်မားသေးပါတယ်။ ဒါ့ပြင် သူက ကောင်းကင်ဧကရာဇ်နဲ့ ရင်ဆိုင်ခဲ့ပြီး ဒဏ်ရာမရဘဲ ပြန်ဆုတ်နိုင်ခဲ့တယ်လေ။ လူတိုင်းသိထားတာအရ ကပ်ကမ္ဘာဓားအာဏာရှင်က ကောင်းကင်ဧကရာဇ်နဲ့ မတိုက်ခိုက်ရသေးပါဘူး။

ဒါပေမယ့် လီဖူချန်းက ဘယ်သူလဲ။ သူက ပုလား၊ မြင့်လား၊ ဝလား၊ ပိန်လားကို တစ်ယောက်မှ မသိပါဘူး။

"အဲဒါ အကြီးအကဲလီပဲ"

သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့တစ်နေရာမှာ ရန်ချင်းဟူနဲ့အဆွေးဧကရာဇ်တို့က အံ့အားသင့်နေလျက် ရှိတယ်။

လီဖူချန်းက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာလည်း တောက်ပနေအုံးမှာကို သူ သိပါတယ်၊ ဒါပေမယ့် လီဖူချန်းက အချိန်တိုအတွင်း ဒီလောက်ထိ မြင့်တက်နေမယ်လို့ သူ မထင်ထားပါဘူး။ အဆွေးဧကရာဇ်က သူ့ရဲ့ချီတည်ရှိမှုကို အစောက ထုတ်လွှတ်ခဲ့တယ်၊ ဒါပေမယ့် အဆင့်သတ်မှတ်ချက်ထဲကိုတောင် မဝင်နိုင်ပါဘူး။ ဒါကြောင့် အဆင့်သတ်မှတ်ချက်ထဲကို ဝင်ဖို့က ဘယ်လောက်တောင်ခက်ခဲသလဲကို သူ သိပါတယ်။

"ငါ ထင်တာ မမှားရင် သူက မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်ကို နိုးထစေခဲ့တဲ့တစ်ယောက်ပဲ"

ရန်ချင်းဟူရဲ့ပင်ကိုအသိစိတ်က အမြဲတမ်း သန်မာနေလျက်ပါပဲ။

ဘေးကနေ မိုးကြိုးသားရဲက ခေါင်းညိတ်လိုက်တယ်။

လီဖူချန်းရဲ့ခွန်အားက လူတိုင်းရဲ့နှလုံးသားထဲမှာ နက်ရှိုင်းစွာ နစ်မြုပ်နေတယ်။

ရန်ချင်းဟူကလည်း သူမရဲ့ချီတည်ရှိမှုကို ထုတ်လွှတ်ပြီး မဟာဧကရာဇ်သတ်မှတ်ချက်ထဲကို ပေါင်းထည့်လိုက်ပါတယ်။

သူမရဲ့အဆင့်က အတော်လေး မြင့်မားပြီး လက်ရှိမှာဆိုရင် အဆင့်၃၀မှာ ရှိနေတယ်။ လွန်ခဲ့တဲ့နှစ်များစွာကတည်းက သူမက အဆင့်သတ်မှတ်ချက်မှာ ရှိနေပြီး သူမရဲ့အဆင့်ကလည်း မနိမ့်ကျပါဘူး။ နှစ်များစွာကြာပြီးနောက် သူမက အချိန်ဖြုန်းသလို ထင်ရပေမယ့် သူမက သူတော်စင်စိတ်ဝိညာဉ်ကို သိပ်သည်းနိုင်ခဲ့တယ်။ ဒါကြောင့် သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကို ရောက်ပြီးနောက် သူမရဲ့ခွန်အားက နေ့တိုင်းမှာ လျင်မြန်စွာ တိုးလာနေတယ်။

"ကြည့်စမ်း၊ သူက အခု အဆင့်၂ရှိပြီး" မိုးကြိုးသားရဲက သူ့ရဲ့လက်သည်းကို ဆန့်ထုတ်ကာ ဦးညွှတ်လိုက်လေတယ်။

ရန်ချင်းဟူနဲ့အဆွေးဧကရာဇ်တို့က တုံ့ပြန်တဲ့အနေနဲ့ ကြည့်လိုက်ကြတယ်၊ လီဖူချန်းရဲ့နာမည်က အဆင့်၂မှာရှိနေတာကို သတိပြုမိသွားတယ်။

ဓားသမားအစည်းအရုံးရဲ့ဌာနချုပ်ထဲမှာ မူလအဆုံးစွန်းဓားပညာနဲ့ခန္ဓာကိုယ်အပြင်အားခွန်အားကို ချန်လှပ်ထားတာကလွဲပြီး လီဖူချန်းက အားလုံးကို အသုံးပြုခဲ့ပြီး နောက်ဆုံးမှာတော့ အနည်းငယ်အသာအစီးရခဲ့ပါတယ်။

ဒါက သူ့ရဲ့တိုက်ခိုက်ရေးစိတ်ဝိညာဉ်ကို ပြင်းထန်သွားစေတယ်။ သူတို့နှစ်ယောက်လုံးက တူညီတဲ့ကျင့်ကြံခြင်းနယ်ပယ်မှာ ရှိရင် သူက ဓားဧကရာဇ်ကို အနိုင်ယူနိုင်မလားကို လီဖူချန်းက သိချင်ခဲ့တယ်။

ကြယ်ပျံနဲ့တူတဲ့ဓားနဲ့အတူ လီဖူချန်းရဲ့ဓားက ပိုမြန်လာတယ်။ မြန်လွန်းတာကြောင့် ဓားဧကရာဇ်ကတောင် လွှမ်းမိုးခံနေရတယ်။

ငါသာရှိဓားတာအိုမှာ ဓားနဲ့လူပေါင်းစပ်ခြင်း ပါဝင်သလို လီဖူချန်းရဲ့ကြယ်ပျံဓားကွက်မှာလည်း ဓားနဲ့လူပေါင်းစပ်ခြင်း ပါဝင်ပါတယ်။ အကျိုးသင့်အကြောင်းသင့်ပြောရရင် ငါသာရှိဓားတာအိုက ကြယ်ပျံဓားပညာထက် ပိုမြင့်ပါတယ်၊ ဒါပေမယ့် အဲဒါက ဘယ်သူက ကြယ်ပျံဓားပညာကို ‌ထုတ်ဖော်နေသလဲအပေါ်မှာ မူတည်ပါတယ်။

လီဖူချန်းရဲ့ဓားက ပိုမြန်လာနေပြီး ခမ်းနားကြီးကျယ်မှုက တိုးလာနေတယ်။ လီဖူချန်းရဲ့ကြယ်ပျံဓားပညာက ပြောင်းလဲနေတာကို ဓားအာဏာရှင်နဲ့အခြားသူတွေက မြင်နိုင်ပါတယ်။ ဒီလိုပြောင်းလဲခြင်းက တကယ်ကို ကြောက်စရာကောင်းပါတယ်။

လီဖူချန်းနဲ့တိုက်ခိုက်နေစဉ် ဓားဧကရာဇ်က လီဖူချန်းရဲ့ဓားပညာရဲ့ပြောင်းလဲမှုကို ခံစားနေရတယ်။

လီဖူချန်းရဲ့ဓားပညာက အခု ပိုးအိမ်ဖြစ်‌ပြီး အခုဆိုရင် ပိုးအိမ်ကိုတောင် ချိုးဖျက်သွားလေတယ်။

"အဆုံးစွန်းကို ရောက်ရှိနေတာလား" လီဖူချန်းရဲ့မျက်လုံးတွေက အလွန်တောက်ပသွားတယ်။

လီဖူချန်းရဲ့ကြယ်ပျံဓားပညာက ဓားဧကရာဇ်ရဲ့ငါသာရှိဓားတာအိုနဲ့ တူညီမှုအချို့ ရှိပါတယ်။ အပြန်အလှန်အခိုင်အမာချိတ်ဆက်ပြီးနောက် ကြယ်ပျံဓားပညာက ပြောင်းလဲလာနေတယ်။

ကြယ်ပျံပြီးနောက် ဘာလဲ။

ချက်ချင်းပဲ အဲဒါက ထွန်းတောက်ခြင်းဖြစ်ပြီး ကြီးကျယ်ခံ့ညားတဲ့ထွန်း‌တောက်မှုဆိုတာကို လီဖူချန်းက သိလိုက်တယ်။

ကြီးကျယ်ခမ်းနားထွန်း‌တောက်မှုအခိုက်အတန့်ကို ဘာတစ်ခုမှ မရပ်တန့်စေနိုင်ပါဘူး။

ဝုန်း..........

ထွန်းတောက်တဲ့ဓားအလင်းက နေရာတစ်ခုလုံးကို ထွန်းလင်းသွားစေတယ်။ ဓားဧကရာဇ်က လွင့်ထွက်ပြီး သွေးအန်ထွက်သွားလေတယ်။

ထိုအခိုက်အတန့်မှာပဲ လီဖူချန်းရဲ့အဆင့်က ကောင်းကင်ဧကရာဇ်ကို ကျော်တက်ပြီး အခုဆိုရသ် အဆင့်၁ဖြစ်သွားပါပြီ။

မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်ရဲ့ပြောင်းလဲမှုက လူတိုင်းကို အံ့ဩမှင်တက်သွားစေတယ်။

ကောင်းကင်ဧကရာဇ်က ဆွဲချခံလိုက်ရတာလား။

တစ်ယောက်မှ သူတို့ရဲ့မျက်လုံးကို မယုံကြည်နိုင်ဖြစ်နေတယ်။

နှစ်၈၀ကြားအဆင့်၁ဖြစ်လာတဲ့ကောင်းကင်ဧကရာဇ်က လူတိုင်းရဲ့နှလုံးသားထဲမှာ ပြိုင်ဘက်ကင်းတည်ရှိမှုတစ်ခု ဖြစ်တယ်။ ဒါပေမယ့် ဒီနေ့မှာတော့ ဒဏ္ဍာရီက ဖျက်ဆီးခံလိုက်ရတယ်။

"ဓားဧကရာဇ်တောင် ရှုံးသွားတယ်" ဓားအာဏာရှင်က လီဖူချန်းကို နက်ရှိုင်းစွာ တစ်ချက်ကြည့်လိုက်တယ်၊ သူ့ရဲ့နှလုံးသားထဲမှာ တုန်လှုပ်မှုကို ခံစားနေရတယ်။

ဓားဧကရာဇ်ကို အနိုင်ယူပြီးနောက် လီဖူချန်းကတော့ သူ့မျက်လုံးကို မှိတ်ပြီး တစ်ခုခုကို နားလည်သဘောပေါက်နေပုံရတယ်။

"ကြယ်ပျံဓားတာအိုက ဒုတိယတန်းစားဓားတာအို ဖြစ်တယ်။ ဒါပေမယ့် ပြန်မွေးဖွားလာတဲ့ထွန်းတောက်ဓားတာအိုက ထိပ်တန်းဓားတာအိုတစ်ခုလို့ စဉ်းစားလို့ရတယ်"

ကြယ်ပျံထဲမှာ ထွန်းတောက်ခြင်းဆန္ဒ ရှိတယ်။ ထွန်းတောက်ခြင်းဆန္ဒက နေလောက် မဝင့်ဝါဘူး၊ မီးလျှံလောက်လည်း မတောက်ပြောင်ပါဘူး။ ဒါပေမယ့် ထွက်ပေါ်လာတဲ့ထွန်းတောက်ဆန္ဒက နေနဲ့မီးလျှံထက် ပိုသန့်စင်ပါတယ်။ ဒါက လီဖူချန်းက ကြယ်ပျံဓားပညာကို အဆုံးစွန်းထိ တွန်းပို့နိုင်ရတဲ့ အကြောင်းပြချက်ဖြစ်ပါတယ်။

ဒါပေမယ့် အခုဆိုရင် ကြယ်ပျံဓားပညာက အဆုံးစွန်းမှာ ရှိနေပြီးဖြစ်တာကြောင့် အဲဒါကို ကြယ်ပျံဓားပညာလို့ မခေါ်တွင်တော့ပါဘူး၊ အဲဒါက အခုဆိုရင် ထွန်းတောက်ဓားပညာ ဖြစ်သွားပါပြီ။

***

All Chapters