ပင်မအကြီးအကဲနေရာ
Vol. 58 Ch. 793
ကြယ်ပျံမှာ ထွန်းတောက်ခြင်းက တစ်ခဏသာ ရှိပါတယ်။ နေရဲ့ထွန်းတောက်ခြင်းက ကြာရှည်တယ်၊ ဒါပေမယ့် အဲဒါပျောက်ကွယ်သွားမယ့် အခိုက်အတန့်တစ်ခုတော့ ရှိပါတယ်။ ထွန်းတောက်ခြင်းကိုယ်တိုင်ကတော့ အကန့်အသတ်နဲ့အဆုံးသတ်တွေ မရှိပါဘူး။
သူ့မျက်လုံးကို ဖွင့်ပြီးနောက် လီဖူချန်းရဲ့ခန္ဓာကိုယ်က ထွန်းတောက်ဓားဆန္ဒတွေနဲ့ ဖုံးလွှမ်းထားတယ်။ ထိုအခိုက်မှာ ထုထည်ကြီးမားတဲ့ချီတည်ရှိမှုကို ထုတ်လွှတ်နေတဲ့ နေတစ်ခုပမာ လီဖူချန်းက ခံစားနေရပြီး တစ်ယောက်ကမှ သူ့ကို တိုက်ရိုက်မကြည့်နိုင်ပါဘူး။
"ဒါက ထွန်းတောက်ဓားတာအိုပဲ"
ခံစားချက်မဲ့ဓားဧကရာဇ်ရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားတယ်။ သူက ဓားကမ္ဘာထဲမှာ ထွန်းတောက်ဓားတာအိုကို တစ်ကြိမ် မြင်ဖူးပါတယ်။
ထိပ်တန်းဓားတာအိုတစ်ခုကို ဖန်တီးဖို့ဆိုရင် စိတ်ဆန္ဒက လုံလုံလောက်လောက် နက်ရှိင်းရပါမယ်။ ထွန်းတောက်ဓားတာအိုရဲ့စိတ်ဆန္ဒက နက်ရှိုင်းလွန်းပြီး ကြီးကျယ်ခမ်းနားတဲ့အလင်းတောက်ပမှုကို အကိုးအကား ယူထားပါတယ်။
ဒါပေမယ့် ခံစားချက်မဲ့ဓားဧကရာဇ်က ထူးဆန်းသလို ခံစားရတယ်။ လီဖူချန်းရဲ့ဓားပင်လယ်စက်ဝိုင်းက ပိုအားကောင်းတဲ့ဓားတာအိုတစ်ခုဆိုတာ သိသာပါတယ်၊ ဒါပေမယ့် လီဖူချန်းက ဘာလို့ အဲဒါကို အသုံးမပြုခဲ့တာလဲ။
"ဓားဧကရာဇ်သတ်မှတ်ချက်နဲ့မဟာဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၁။ သူတော်စင်အောက်တစ်ယောက်ကမှ သူ့အတွက် ပြိုင်ဘက် မဟုတ်တော့ဘူး" ကြက်သွေးရောင်မီးဓားဧကရာဇ်က လက်ခံလိုက်တယ်။
ဓားပြိုင်ပွဲရဲ့အဆင့်၁၊ ဓားအာဏာရှင်ကို အနိုင်ယူခြင်း၊ ဓားဧကရာဇ်ကို အနိုင်ယူခြင်း၊ မဟာဧကရာဇ်သတ်မှတ်ချက်မှာ အဆင့်၁ကို မြင့်တက်လာခြင်း...........လူတိုင်းမျက်လုံးထဲမှာ လီဖူချန်းက ဒဏ္ဍာရီတစ်ခုကို တစ်ဆင့်ပြီးတစ်ဆင့် ဖန်တီးနေတယ်။ သူ ဘာမှ မလုပ်ရင်တော့ အဆင်ပြေပါတယ်၊ ဒါပေမယ့် သူ တစ်ခုခု လုပ်တဲ့အချိန်တိုင်း ကမ္ဘာကို ထိတ်လန့်တုန်လှုပ်သွားစေစမြဲပါပဲ။
"မင်း နိုင်တယ်။ အခုကစပြီး မင်းက ဓားဧကရာဇ်ဘွဲ့ကို ရလိမ့်မယ်" ဓားဧကရာဇ်မိုဟန်က အလွန်ဖြောင့်မတ်ပါတယ်။
လီဖူချန်းက ခေါင်းခါလိုက်တယ်"ငါ အဲဒါကို မလိုအပ်ဘူး"
သူက ဘွဲတွေ၊နာမည်တွေနဲ့ ပတ်သက်ပြီး ဂရုမစိုက်ပါဘူး။ နာမည်ဂုဏ်ထူးရှိမရှိ ခွန်အားက တူတူပါပဲလေ။
ဧကရာဇ်ကောင်းကင်းတိုက်ကြီးမှာ ဓားဧကရာဇ်ဆိုတဲ့ဘွဲ့ကို အခြားသူတွေက ပေးထားတာဖြစ်တယ်။ အခြားသူတွေက အဲဒါကို အသိမှတ်ပြုချင်ပြုလိမ့်မယ်၊ သူကတော့ စိတ်မဝင်စားပါဘူး။ ဒါပေမယ့် အခြားသူတွေက သူ့ကို ထိုနာမည်တပ်ပြီး ခေါ်ရင်လည်း သူ့အတွက် ကိစ္စမရှိပါဘူးလေ။
ဆန်းကြယ်နက်နဲဓားသူတော်စင်နဲ့အခြားဓားသူတော်စင်နှစ်ယောက်က လျှို့ဝှက်စွာ ဆွေးနွေးနေကြတယ်။ ပန်းတစ်ရာဓားသူတော်စင်က ပြောလိုက်တယ်"ငါတို့က မှားယွင်းတဲ့ဆုံးဖြတ်မှုကို ပြုလုပ်လုနီးပါးဖြစ်ခဲ့မယ်လို့ ငါ မထင်ထားဘူး။ ဒီကလေးရဲ့ဓားတာအိုပါရမီက ငါ အရင်က တစ်ခုမှ မမြင်ဖူးခဲ့တဲ့အရာမျိုးဖြစ်တယ်။ သူက အစည်းအရုံးခေါင်းဆောင်အောက် လုံးဝမနိမ့်ကျဘူး"
ဓားသမားအစည်းအရုံးခေါင်းဆောင်က နက်ပြာပလိန်းမှာ ရှားပါးတဲ့ပါရမီရှင်တစ်ယောက် ဖြစ်တယ်။ လီဖူချန်းက အစည်းအရုံးခေါင်းဆောင်အောက် မနိမ့်ကျဘူးဆိုရင် သူက အစည်းအရုံးခေါင်းဆောင်ထက် ပိုသာလွန်တယ်လို့ ဆိုလိုပါတယ်။ ပန်းတစ်ရာဓားသူတော်စင်က ကြီးကျယ်ခမ်းနားတဲ့တွက်ချက်မှုကို ပြုလုပ်လိုက်ပေတယ်။
ဒါပေမယ့် ဓားတာအိုပါရမီက ဓားတာအိုပါရမီပါပဲ၊ အဲဒါက သူ့ရဲ့အနာဂတ်အောင်မြင်မှုကို မသတ်မှတ်နိုင်ပါဘူး။
သူတော်စင်တစ်ယောက်ဖြစ်လာပြီးနောက် အရေးကြီးဆုံးအချက်က ပါရမီမဟုတ်ပါဘူး ဒါပေမယ့် ကံကြမ္မာအခွင့်အလမ်းတွေသာ ဖြစ်တယ်။
ကောင်းကင်ဆန့်ကျင်ကံကြမ္မာနဲ့ဆိုရင် စကြာဝဠာမှာ အုပ်စိုးသူတစ်ယောက်မဖြစ်လာဖို့က ခက်ခဲလွန်းပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ကံကြမ္မာမရှိရင်တော့ မင်းမှာ ထူးကဲတဲ့ပါရမီရှိရင်တောင် စကြာဝဠာရဲ့အုပ်စိုးသူတစ်ယောက်ဖြစ်ဖို့က မဖြစ်နိုင်ပါဘူး။
ဆန်းကြယ်နက်နဲဓားသူတော်စင်က ပြောလိုက်တယ်" ဒီကလေးရဲ့အနာဂတ်ကံကြမ္မာက ဘာလဲဆိုတာ ကိစ္စ မရှိဘူး၊ အဆင့်မြင့်သူတော်စင်တစ်ယောက်ဖြစ်လာဖို့က သူ့အတွက် ပြဿနာတစ်ခုမှ ရှိလိမ့်မှာ မဟုတ်ဘူး။ အခုက သူ့ကို ချည်နှောင်ထားဖို့ အချိန်လို့ ငါ ထင်တယ်"
ကျားစွယ်ဓားသူတော်စင်က မေးလိုက်တယ်"ငါတို့ သူ့ကို ဘယ်လို ချည်နှောင်ရမှာလဲ"
"သူ့ကို ဓားသမားအစည်းအရုံးရဲ့အကြီးအကဲတစ်ယောက် ဖြစ်စေလိုက်ပါ"
"ငါတို့စကားတွေနဲ့ ထည့်သွင်းလို့ မရဘူး"ကျားစွယ်ဓားသူတော်စင်က အနည်းငယ် တုံ့ဆိုင်းသွားချေတယ်"ဓားသမားအစည်းအရုံးရဲ့အကြီးအကဲတွေကို ဓားတာအိုသူတော်စင်တွေထဲကပဲ အမြဲတမ်း ဆုပ်ကိုင်ထားတာ"
ဖော်ပြခဲ့တဲ့အကြီးအကဲနေရာက အစည်းအရုံးဂိုဏ်းခွဲရဲ့အကြီးအကဲအတွက် မဟုတ်ပါဘူး၊ ပင်မအစည်းအရုံးရှိ အကြီးအကဲနေရာအတွက် ဖြစ်ပါတယ်။ ပင်မအစည်းအရုံးဆိုတာက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့ဓားသမားအစည်းအရုံးဌာနချုပ်ကို ဆိုလိုတာ မဟုတ်ပါဘူး၊ နက်ပြာပလိန်းတစ်ခုလုံးရဲ့ပင်မအစည်းအရုံးသာ ဖြစ်တယ်။ အခုလက်ရှိ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ ပင်မအကြီးအကဲလေးယောက်သာ ရှိတယ်။ သူတို့သုံးယောက်အပြင် သီးခြားနေတတ်တဲ့အခြားအကြီးအကဲတစ်ယောက် ရှိတယ်။
ဆန်းကြယ်နက်နဲဓားသူတော်စင်က ပြောလိုက်တယ်"သူ့ခွန်အားက အဆင့်နိမ့်ဓားသူတော်စင်တစ်ယောက်ထက် ပိုအားမနည်းပါဘူး။ သူက သူတော်စင်တစ်ယောက်ဖြစ်လာတာနဲ့ အဆင့်နိမ့်သူတော်စင်အများစုထက်တောင် သာလွန်သွားလိမ့်မယ်"
ပန်းတစ်ရာဓားသူတော်စင်က ပြောလိုက်တယ်" ငါတို့ အရင်ဆုံး အဆိုပြုသွင်းရလိမ့်မယ်"
ပင်မအကြီးအကဲက ဓားသူတော်စင်တွေကသာ ရရှိနိုင်တဲ့နေရာတစ်ခု မဟုတ်ပါဘူး။ မှင်တက်စရာပါရမီတွေနဲ့ အခြားဓားတာအိုမဟာဧကရာဇ်တွေလည်း ထိုနေရာကို ဆုပ်ကိုင်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ကို အရင်ဆုံး အဆိုတင်သွင်းရပါမယ်၊ ပြီးမှသာ ရွေးချယ်ခြင်းကို ပြုလုပ်ရပါလိ့မ်မယ်။
ဒီမတိုင်ခင်က သူတို့သုံးယောက်က ဓားဧကရာဇ်မိုဟန်ကို ပင်မာအကြီးအကဲအဖြစ် အဆိုတင်သွင်းဖို့ ဆွေးနွေးခဲ့ဖူးတယ်။ ဒါပေမယ့် အခု လီဖူချန်းက ရှိနေတာဆိုတော့ မိုဟန်က နောက်ဆုတ်ခံလိုက်ရပြီးပေါ့။ ပြီးတော့ အချိန်တိုင်းမှာ တစ်ယောက်ကသာ ပင်အကြီးအကဲဖြစ်လာနိုင်တယ်။ နှစ်ယောက်လုံး ရှိနေဖို့က မဖြစ်နိုင်ပါဘူး၊ ဒါကြောင့် ဓားဧရာဇ်မိုဟန်ကို လက်ရှိအချိန်မှာ အဆိုပြုဖို့က အဓိပ္ပါယ်မရှိပါဘူး။
ဆန်းကြယ်နက်နဲဓားသူတော်စင်က ပြောလိုက်တယ်"လီဖူချန်းရဲ့ခွန်အားအရ သူတော်စင်အောက်မှာ သူ့ကို ယှဉ်နိုင်မယ့်သူ ရှိလိမ့်မယ်လို့ မင်း ထင်နေတာလား"
နက်ပြာပလိန်းမှာ အဆင့်မြင့်တိုက်ကြီးစုစုပေါင်းလေးခုရှိတယ်။ အဆင့်မြင့်တိုက်ကြီးအသီးသီးမှာ ဓားသမားအစည်းအရုံးတစ်ခုရှိပြီး တိုက်ကြီးတစ်ခုစီက တစ်ယောက်တည်းကိုသာ ပုံမှန်အားဖြင့် အဆိုပြုလေ့ရှိတယ်။ ဆိုလိုတာက လီဖူချန်းက ပင်မအကြီးအကဲတစ်ယောက်ဖြစ်လာချင်ရင် သူက အခြားအဆိုပြုထားသူသုံးယောက်ကို အနိုင်ယူဖို့ လိုပါတယ်။
"ဟုတ်တာပဲလေ" ကျားစွယ်ဓားသူတော်စင်နဲ့ပန်းတစ်ရာဓားသူတော်စင်တို့က ရယ်လိုက်လေတယ်။
လီဖူချန်းရဲ့ခွန်အားအရဆိုရင်တော့ သူက ပင်မအကြီးအကဲဖြစ်လာဖို့ဆိုတာက အသေအချာပဲလေ။
အခြားအဆင့်မြင့်တိုက်ကြီးတွေမှာ လီဖူချန်းထက် ပိုအားကောင်းတဲ့ဓားတာအိုမဟာဧကရာဇ်တွေ ရှိလိမ့်မယ်လို့ သူတို့က မထင်ထားပါဘူး။
နေ့ဝက်ခန့်ကြာပြီးနောက် မဟာဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်တွေက သတ်မှတ်ပြီးသွားပါပြီ။ အဆင့်၁လီဖူချန်း၊ အဆင့်၂ကောင်းကင်ဧကရာဇ်၊ အဆင့်၃ဓားဧကရာဇ်၊ အဆင့်၄ကပ်ကမ္ဘာဓားအာဏာရှင်၊ အဆင့်၅ဓားမော့ဧကရာဇ်၊ အဆင့်၇ဓားအာဏာရှင်၊ အဆင့်၈လီကျန့်ရှင်း၊ အဆင့်၁၀ခံစားချက်မဲ့ဓားဧကရာဇ်၊ အဆင့်၁၈နှလုံးသားဓားအာဏာရှင်တို့ ဖြစ်တယ်။
လီကျန့်ရှင်းက ခံစားချက်မဲ့ဓားဧကရာဇ်ထက် နိမ့်ကျခဲ့တယ်၊ ဒါပေမယ့် ဓားကမ္ဘာမှာ သူက ကောင်းကင်မျဉ်းဓားပညာရဲ့စတုတ္ထကွက်ကို ကျင့်ကြံနိုင်ခဲ့တယ်လေ။ ဓားနှလုံးသားနဲ့ဆိုရင် သူက ခံစားချက်မဲ့ဓားဧကရာဇ်ကို ဖြတ်ကျော်နိုင်ခဲ့တာ အံ့အားသင့်စရာမဟုတ်ပါဘူးလေ။
ဒါပေမယ့် လက်ရှိသတ်မှတ်ချက်တွေက နောက်ဆုံးမဟုတ်သေးပါဘူး။ မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်က နောက်ခုနှစ်ရက်ကြာ ရှိနေအုံးမှာပါ။ ခုနှစ်ရက်ကြာပြီးနောက် အဆင့်သတ်မှတ်ချက်တွေကို အပြီးသတ်ပါလိမ့်မယ်။
အဆင့်သတ်မှတ်ချက်ကို အပြီးမသတ်ရသေးပေမယ့် လီဖူချန်းရဲ့နာမည်က ဒဏ္ဍာရီတစ်ခု ဖြစ်လာပါပြီ။ လီဖူချန်းက ကောင်းကင်အာဏာရှင်ကို ပထမဆုံးဆွဲချနိုင်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ ဒါက မေ့ဖျောက်လို့မရတဲ့ အရာတစ်ခု ဖြစ်တယ်။
အခုဆိုရင် လီဖူချန်းက အတိအကျ ဘယ်သူလဲကို လူတိုင်းက သိချင်နေတယ်။
ဓားပြိုင်ပွဲမှာ အဆင့်၁ကို ရပြီးနောက် လီဖူချန်းက အစည်းရုံးမှတ်ငါးမီလီယံကို ရထားပါတယ်။ အခုဆိုရင် သူက အဆင့်၇ဓားသမားတစ်ယောက် ဖြစ်သွားပါပြီ။ သူ့ရဲ့လက်ရှိအစည်းအရုံးမှတ်တွေနဲ့ဆိုရင် သူက အဆင့်၈ဓားသမားတစ်ယောက်ဖြစ်ဖို့ လေးမီလီယံသာ လိုပါတော့တယ်။
***
"လီဖူချန်း၊ ငါတို့က မင်းကို ပင်မအကြီးအကဲတစ်ယောက်အဖြစ် အဆိုပြုဖို့ စီစဉ်နေတယ်။ အဲ့မတိုင်ခင် မင်းက အရင်ဆုံး အဆင့်၈ဓားသမားတစ်ယောက် ဖြစ်ဖို့ လိုတယ်၊ သို့မဟုတ်ရင် မင်းက စံသတ်မှတ်ချက်နဲ့ ညီမှာ မဟုတ်ဘူး"
နောက်တစ်နေ့မှာ ကျားစွယ်ဓားသူတော်စင်က လီဖူချန်းကို အကြောင်းကြားလိုက်တယ်။
"ပင်မအကြီးအကဲလား" လီဖူချန်းက အတော်လေး အံ့အားသင့်သွားတယ်။
ကျားစွယ်ဓားသူတော်စင်က ရှင်းပြလိုက်တယ်"ပင်မအကြီးအကဲတစ်ယောက်ဖြစ်ပြီးရင် မင်းက ငါတို့အဖွဲ့ဝင်တစ်ယောက် ဖြစ်လာပြိီး တူညီတဲ့ဆက်ဆံမှုကို ရရှိပါလိမ့်မယ်။ ဒါ့အပြင် နက်ပြာပလိန်းက ထွက်ခွာဖို့ အခွင့်အရေးတစ်ခုကို ရရှိနိုင်ပြီး မင်းရဲ့ကိုယ်ပိုင်ကံကြမ္မာအခွင့်အလမ်းကို ဆုတ်ကိုင်ဖို့ စကြာဝဠာကို ဦးတည်နိုင်လိမ့်မယ်"
"ပင်မအကြီးအကဲရွေးချယ်ဖို့က ဘယ်အချိန်လဲ"
သူကိုယ်တိုင်အတွက် မဟုတ်ရင်တောင် သူ့ရဲ့မိသားစုနဲ့သူငယ်ချင်းတွေအတွက် သူက ဓားသမားအစည်းရုံးရဲ့ပင်မအကြီးအကဲဖြစ်ဖို့ လိုပါတယ်။
"နောက်ထပ်နှစ်နှစ်ကျန်သေးတယ်"
ပင်မအကြီးအကဲကို နှစ်ငါးဆယ်ပြည့်တိုင်း တစ်ကြိမ်ရွေးချယ်ပြီး အခုဆိုရင် နှစ်လေးဆယ် ရှိနေပါပြီ။
"ကောင်းပြီ၊ နှစ်နှစ်အတွင်း ငါ ပင်မကြီးအကဲတစ်ယောက် ဖြစ်လာလိမ့်မယ်"
လီဖူချန်းရဲ့လေသံက ဘာခံစားချက်တစ်ခုမှ မရှိပါဘူး။
"မင်းက တကယ်ကို ရဲရင့်တယ်၊ ဒါပေမယ့် ငါတို့က မင်းကို ကြီးကြီးမားမား မျှော်လင့်ထားပါတယ်" ကျားစွယ်ဓားသူတော်စင်က ပြုံးကာ ထွက်ခွာသွားတယ်။
နောက်ထပ်ခုနှစ်ရက်ကြာပြီးနောက် မဟာဧကရာဇ်သတ်မှတ်ချက်က အပြီးသတ်သွားပြီးဖြစ်တယ်။ နံပါတ်၁က လီဖူချန်း၊ အဆင့်၂ကောင်းကင်ဧကရာဇ်၊ အဆင့်၃ဓားဧကရာဇ်၊ အဆင့်၄ကပ်ကမ္ဘာဓားအာဏာရှင်၊ အဆင့်၅ဓားမော့ဧကရာဇ်၊ အဆင့်၇ဓားအာဏာရှင်၊ အဆင့်၈လီကျန့်ရှင်း၊ အဆင့်၁၀ခံစားချက်မဲ့ဓားဧကရာဇ်တို့ ဖြစ်နေတုန်းပါပဲ။
နောက်ထပ်ပြောစရာတစ်ခု ရှိပါတယ်။ ဒီနှစ်ရဲ့မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်ကို ဓားသမားတွေ အများဆုံး သိမ်းပိုက်ထားတယ်။ ထိပ်ဆုံးဆယ်ယောက်ကြားမှာ ငါးယောက်က ဓားသမားတွေ ဖြစ်ပါတယ်။
ဒီမြင်ကွင်းကို မြင်ပြီး လူတိုင်းက ဓားသမားတွေရဲ့ခွန်အားကြောင့် အံ့အားသင့်သွားကြတယ်။ ရှေးခေတ်ကတည်းက ဓားသမားတွေက အမြဲရေပန်းစားနေလျက်ပါပဲ။ သိုင်းပညာရှင်တစ်ရာဆိုရင် သုံးဆယ်လောက်က ဓားကျင့်ကြံသူတွေ ဖြစ်တယ်။ ဒါပေမယ့် ဓားသမားတွေကြားမှာ ကျွမ်းကျင်သူတွေ ပေါ်ထွက်ဖို့က အခက်ဆုံးဖြစ်တယ်။ ဒီနှစ်က သေချာပေါက် ပုံမှန်မဟုတ်ဘူးပဲ။
အံ့အားသင့်စရာမရှိဘဲ အနာဂတ်မှာ ဒီဓားသမားငါးယောက်က ဓားတာအိုအသိုင်းအဝိုင်းရဲ့ကျောရိုးတွေ ဖြစ်လာပါလိမ့်မယ်၊ ပြီးတော့ ဓားတာအိုအသိုင်းအဝိုင်းက ပိုခမ်းနားကြီးကျယ်လာပါလိမ့်မယ်။
…
အစည်းအရုံးမှတ်လေးမီလီယံကို ရဖို့က မလွယ်ပါဘူး။ လီဖူချန်းက အဆင့်၈ဓားသမားတစ်ယောက်လျင်မြန်စွာ ဖြစ်လာဖို့အတွက် ဓားတာအိုသူတော်စင်တွေက မစ်ရှင်တွေကို ဆုလာဒ်မြင့်မားစွာနဲ့ ရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်ပေးလိုက်ပါတယ်။
ဒါပေမယ့် မစ်ရှင်တွေက အလွန်ခက်ခဲပါတယ်။ မစ်ရှင်အချို့က အဆင့်နိမ့်နတ်ဆိုးသားရဲအရှင်သခင်တွေနဲ့ တိုက်ခိုက်ဖို့ လိုအပ်တယ်။ လီဖူချန်းနဲ့အနည်းငယ်က လွဲပြီး တစ်ယောက်ကမှ ဒီလိုမစ်ရှင်တွေကို မပြီးမြောက်နိုင်ပါဘူး။
သဲကန္တာရထဲမှာ လီဖူချန်းက မစ်ရှင်တည်နေရာတစ်ခုကို ဦးတည်နေတယ်။
"ကောင်းကင်လိပ်ခုံးတိုင်ယန်ဓားမော့"
အနက်ရောင်မိုးကြိုးနက်နဲ့တူတဲ့ ဓားမော့အလင်းတစ်ခုက ဆင်းသက်လာပြီး လီဖူချန်းကို ခုတ်ပိုင်းလိုက်ပါတယ်။
လီဖူချန်းက ခေါင်းမော့လိုက်တယ်၊ အထင်အမြင်သေးတဲ့မျက်လုံးတွေနဲ့ လူရွယ်တစ်ယောက်ကို မြင်လိုက်တယ်။
ဓားမော့ဧကရာဇ်ချူခွမ်း၊ မဟာဧကရာဇ်သတ်မှတ်ချက်အဆင့်၅။
လီဖူချန်းက မဟာဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၁ဖြစ်ပေမယ့် ချူခွမ်းက လက်မခံနိုင်ပါဘူး။ နှစ်နှစ်ဆယ်ကြာပြီးနောက် သူက ကောင်းကင်ဧကရာဇ်ထက် အားနည်းတယ်လို့ ချူခွမ်းက မတွေးထားပါဘူး၊ လီဖူချန်းအတွက်လည်း တူတူပါပဲ။
"ဓားမော့ဧကရာဇ်၊ သေဖို့သာ ပြင်ထား"
လီဖူချန်းက ဓားမော့ဧကရာဇ်ရဲ့ကောင်းကင်လိပ်ခုံးဓားမော့တာအိုကို စိတ်မဝင်စားပါဘူး။ ဓားမော့ဧကရာဇ်က သူ့ကို အကြောင်းပြချက်မရှိ တိုက်ခိုက်တာကို မြင်ပြီး လီဖူချန်းရဲ့ခန္ဓာကိုယ်မှာ သတ်ဖြတ်ခြင်းဆန္ဒတွေ တေက်ပလာတယ်၊ သူက ချူခွမ်းထံ ကြယ်ပျံဓားကွက်ကို ဖော်ထုတ်လိုက်တယ်။
အတိတ်မှာတုန်းက ကြယ်ပျံဓားပညာမှာ ကြယ်ပျံဓားတစ်ကွက်သာ ရှိတယ်။ အခုဆိုရင် ကြယ်ပျံဓားပညာက ထွန်းတောက်ဓားပညာဖြစ်လာပြီး ကြယ်ပျံဓားကွက်က ထွန်းတောက်ဓားပညာရဲ့ပထမဆုံးဓားကွက် ဖြစ်လာပါတယ်။
ထွန်းတောက်ဓားတစ်လက်က ကောင်းကင်မှာ ပေါ်ထွက်လာပြီး ကြယ်ပျံတစ်ခုက ဓားမော့ဧကရာဇ်ချူခွမ်းကို တိုက်ခိုက်လိုက်တယ်။
"ဘာလဲဟ" ချူခွမ်းက အထိတ်တလန့်ဖြစ်သွားတယ်။
ဓားပြိုင်ပွဲမှာတုန်းက လီဖူချန်းက ကြယ်ပျံကြွေဓားကွက်ကို အသုံးပြုတာကို သူ မြင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိကြယ်ပျံကြွေဓားကွက်က လုံးဝကို ကွဲပြားခြားနားနေပါတယ်။
အရင်ကြယ်ပျံကြွေဓားကွက်က ညကောင်းကင်ရှိကြယ်ပျံတစ်ခုပမာ ဖြစ်တယ်။ အဲဒါက စူးရှတောက်ပပေမယ့် အလွန်ဝေးကွာနေသလို ဖြစ်တယ်။
လက်ရှိကြယ်ပျံကြွေက အလွန်တောက်ပနေပြီး တိုက်ရိုက်ကြည့်ဖို့က မဖြစ်နိုင်ပါဘူး။
သွေးတွေက ပန်းထွက်လာပြီး ဓားအလင်းက ချူခွမ်းရဲ့ခန္ဓာကိုယ်ထဲကို ထိုးဖောက်သွားတယ်။
ထိုအချိန်မှာ ချူခွမ်းရဲ့ခါးရှိ တုံကင်တစ်ခုက အလင်းတောက်ပမှုတစ်ခု ဖြစ်သွားလေတယ်။ ခန့်ညားတဲ့ပုံရိပ်တစ်ခုက ထွက်ပေါ်လာပြီး ဓားအလင်းကို ဖယ်ရှားလိုက်ပါတယ်။
"မိတ်ဆွေလေး၊ ငါ့ကို မျက်နှာသာပေးပါ" ခန့်ညားတဲ့ပုံရိပ်က လက်နောက်ပစ်ကာ ရပ်နေတယ်၊ သူ့ရဲ့မျက်လုံးတွေက ဓားမော့အလင်းတွေ တဖျပ်ဖျပ်လက်နေတယ်။
"ကောင်းကင်အဆွေးဓားမော့သူတ်ေစင်ကို နှုတ်ဆက်ပါတယ်" လီဖူချန်းက သူ့ရဲ့သတ်ဖြတ်ခြင်းဆန္ဒကို ပြန်ရုတ်သိမ်းလိုက်တယ်။
ကောင်းကင်အဆွေးဓားမော့သူတော်စင်က နက်ပြာပလိန်းရှိဓားမော့တာအိုသူတော်စင်တွေက တစ်ယောက်ဖြစ်ပြီး သူက ဆန်းကျယ်နက်နဲဓားသူတော်စင်နဲ့တောင် ယှဉ်နိုင်ပါတယ်။
သူထွက်လာပြီးဆိုမှတော့ လီဖူချန်းက မျက်နှာသာ ပေးရမှာပေါ့။ ပြီးတော့ သူက ကောင်းကင်အဆွေးဓားမော့သူတော်စင်ကို ရန်စဖို့ မတတ်နိုင်ဘူးလေ။
လီဖူချန်းကို စိန်းစိန်းဝါးဝါး ကြည့်ပြီးနောက် ချူခွမ်းက ထွက်ခွာသွားတယ်။
ဓားမော့ဧကရာဇ်ချုခွမ်းနဲ့တိုက်ခိုက်မှုက ခဏတာအခိုက်အတန့်တစ်ခုသာ ဖြစ်တယ်။ ဒီအချိန်ကာလအတွင်း လီဖူချန်းက မစ်ရှင်ပြုလုပ်ရင် ပြုလုပ် မဟုတ်ရင် လုံ့လဝီရိယရှိစွာနဲ့ ကျင့်ကြံအားထုတ်နေတယ်။ ကြားထဲမှာတော့ သူက ဝူကျောနဲ့ဝူရှီတို့ကို လေတိမ်မြို့ကို ခေါ်ဆောင်လာခဲ့တယ်။
၇မီလီယံ.......၈မီလီယံ..........၉မီလီယံ.......
၉.၈မီလီယံ........
ပင်မအကြီးအကဲရွေးချယ်ခြင်းမတိုင်ခင် နှစ်ဝက်ခန့် ကျန်သေးတယ်။ လီဖူချန်းက အစည်းအရုံးမှတ်၉.၈မီလီယံကို စုဆောင်းထားမိပြီး အဆင့်၈ဓားသမားတစ်ယောက်ဖြစ်ဖို့ အစည်းရုံးမှတ်နှစ်သိန်းကိုသာ လိုတော့တယ်။
…
ဒီနေ့မှာတော့ အဆွေးဧကရာဇ်ရဲ့ပုံရိပ်ကို လေတိမ်မြို့ရဲ့မိုင်မီလီယံအကွာရှိ သဲကန္တာရတစ်ခုမှာ ရေးတေးတေး မြင်နိုင်ပါတယ်။ သူက လေတိမ်မြို့ဆီ လျင်မြန်တဲ့အဟုန်နဲ့ တစ်ဟုန်ထိုး ပြေးလာနေတယ်။
***