← Chapters

လောဘသားရဲအစည်းအရုံး

Vol. 58 Ch. 794

လောဘသားရဲအစည်းအရုံး

Vol. 58 Ch. 794

"မင်း လီဖူချန်းကို သိလား"

လေတိမ်မြို့ကို ရောက်လာပြီးနောက် အဆွေးဧကရာဇ်က လီဖူချန်းနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေကို စတင်ရှာဖွေလိုက်တယ်။

ဓားပြိုင်ပွဲကို နှစ်နှစ်ဆယ်ပြည့်တိုင်း တစ်ကြိမ် ကျင်းပတယ်။ လီဖူချန်းက မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်ရဲ့နံပါတ်၁ဆိုတာကို လူတိုင်းက သိပါတယ်၊ ဒါကြောင့် လီဖူချန်းက ဓားပြိုင်ပွဲမှာ ပါဝင်လောက်မယ်လို့ အဆွေးဧကရာဇ်က ခန့်မှန်းထားခဲ့ပါတယ်။ ဓားပြိုင်ပွဲကို လေတိမ်မြို့မှာ အမြဲတမ်းကျင်းပလေ့ရှိတယ်လေ။

"မင်းက မဟာဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၁လီဖူချန်းကို ပြောတာလား။ သူကို ဓားသမားအစည်းအရုံးဌာနချုပ်မှာ အမြဲလိုလို မြင်ရတယ်" တစ်စုံတစ်ယောက်က ဓားသမားအစည်းအရုံးဌာနချုပ်ရှိရာကို ညွှန်ပြလိုက်တယ်။

"ကျေးဇူးအများကြီးတင်ပါတယ်"

အဆွေးဧကရာဇ်က ဦးညွတ်ကာ အရိုအသေပြုပြီးနောက် ဓားသမားအစည်းအရုံးဌာနချုပ်ရှိရာသို့ တစ်ဟုန်ထိုး ပြေးသွားလိုက်ချေတယ်။

"ငါ နောက်ဆုံးတော့ မစ်ရှင်လုပ်တာကို ရပ်တန့်နိုင်ပြီး"

နောက်ဆုံးမစ်ရှင်ကို ပြီးမြောက်ပြီးနောက် လီဖူချန်းရဲ့အစည်းရုံးမှတ်က အခုဆိုရင် ဆယ်မီလီယံထက် ပိုနေပါတယ်။

သူ့အနေနဲ့ အဆင့်၈ဓားသမားစမ်းသပ်ချက်ကို ဖြတ်ကျော်စရာမလိုပါဘူး၊ လီဖူချန်းက အဆင့်၈ဓားသမားတစ်ယောက်အဖြစ် တိုက်ရိုက်တိုးမြင့်သွားတယ်။

"ဟာသလား........မဟာဧကရာဇ်သတ်မှတ်ချက်နဲ့ဓားဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၁က စမ်းသပ်ချက်ကို ဖြတ်ကျော်နေရမှာလား"

"လီဖူချန်း၊ တစ်ယောက်ယောက်က မင်းကို ရှာနေတယ်" အဆင့်ခြောက်ဓားသမားတစ်ယောက်က လီဖူချန်းကို အကြောင်းကြားလာတယ်။

"ငါ့ကို ရှာနေတာလား"

လီဖူချန်းက လမ်းလျှောက်ထွက်လာတယ်။

"အကြီးအကဲလီ" လီဖူချန်းကို မြင်ပြီး အဆွေးဧကရာဇ်က ပျော်ရွှင်သွားလေတယ်။

"အဆွေးဧကရာဇ်၊ မင်း ဘာလို့ ဒီနေရာကို‌ ရောက်နေရတာလဲ။ ရန်ချင်းဟူရော ဘယ်မှာလဲ" လီဖူချန်းက လျင်မြန်စွာ မေးလိုက်တယ်။

အဆွေးဧကရာဇ်ရဲ့လေသံက အမျက်ခြောင်းခြောင်းထွက်နေတယ်၊ သူက ပြောလိုက်တယ်"အကြီးအကဲလီ၊ ရန်ချင်းဟူနဲ့မိုးကြိုးသားရဲတို့ ဒုက္ခရောက်နေတယ်။ အဲဒါကြောင့် အဝေးကြီးကနေ ငါ မင်းကို လာရှာတာ"

လွန်ခဲ့တဲ့တစ်နှစ်ခန့်က လီဖူချန်းက လေတိမ်မြို့မှာ ရှိလောက်မယ်လို့ အဆွေးဧကရာဇ်တို့က ခန့်မှန်းခဲ့တယ်၊ ဒါကြောင့် သူတို့က လေတိမ်မြို့ဆီ တစ်ဟုန်ထိုးလာခဲ့တယ်။ လမ်းမှာ မိုးကြိုးသားရဲရဲ့ချီတည်ရှိမှုက မတော်တဆ ပေါ်ထွက်သွားပြီး လောဘသားရဲအစည်းအရုံးရဲ့ကျွမ်းကျင်သူတွေကို ဆွဲဆောင်မိသွားတယ်။ ကံကောင်းတာက ရန်ချင်းဟူက မဟာဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၃၀ဖြစ်ပြီး ထိုကျွမ်းကျင်သူတွေကို ခုခံနိုင်ခဲ့တယ်။ ဒါပေမယ့် မကြာမီမှာပဲ လောဘသားရဲအစည်းအရုံးက အဆင့်နိမ့်သူတော်စင်တစ်ယောက်ကို စေလွှတ်ခဲ့တယ်။ သူက မိုးကြိုးသားရဲကိုသာမက ရန်ချင်းဟူကိုပါ ဖမ်းခေါ်သွားခဲ့တယ်။ အဆွေးဧကရာဇ်မှာ ဟင်းလင်းပြင်အသုံးအဆောင်ပစ္စည်းတစ်ခုရှိနေတာကြောင့် ကံကောင်းသွားခဲ့ရတယ်၊ အဲဒါကို အသုံးပြုပြီး သူက အောင်မြင်စွာ ထွက်ပြေးနိုင်ခဲ့တယ်။

"လောဘသားရဲအစည်းအရုံးလား"လီဖူချန်းရဲ့အမူအရာက လေးနက်သွားတယ်။

လောဘသားရဲအစည်းအရုံးက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရှိ ထိပ်ဆုံးသူတော်စင်ဂိုဏ်းငါးဂိုဏ်းထဲမှ တစ်ခုဖြစ်တယ်။ သူတို့အစည်းအရုံးက သားရဲထိန်းကျောင်းခြင်းကို အထူးပြုတယ်။ မိုးကြိုးသားရဲက တိုင်ယန်သားရဲတစ်ကောင်ဖြစ်ပြီး သူက ဖော်ထုတ်ခံရတာနဲ့ လောဘသားရဲအစည်းအရုံးရဲ့အာရုံကို သဘာဝအတိုင်း ဆွဲဆောင်နိုင်မှာ အမှန်ပါပဲ။

ကံကောင်းတာက လောဘသားရဲအစည်းအရုံးမှာ သူတော်စင်သုံးယောက်သာ ရှိတယ်၊ အလယ်ဆင့်သူတော်စင်တစ်ယောက်နဲ့ အဆင့်နိမ့်သူတော်စင်နှစ်ယောက်။

အလယ်ဆင့်သူတော်စင်က လောဘသားရဲအစည်းအရုံးမှာ ပုံမှန်မရှိဘူးလို့ ကောလဟာလတွေက ပြောကြတယ်။ အစည်းအရုံးကိုစောင့်ရှောက်နေတဲ့သူတွေက အဆင့်နိမ့်သူတော်စင်နှစ်ယောက်သာ ဖြစ်တယ်၊မဟုတ်ရင် လီဖူချန်းဆယ်‌ယောက်ကတောင် ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။

"လောဘသားရဲအစည်းအရုံးကို သွားကြစို့"

အကြီးအကဲရွေးချယ်ခြင်းမတိုင်ခင် လဝက်ခန့်ကျန်ပါသေးတယ်၊ ရန်ချင်ဟူကို ကယ်ဖို့ လီဖူချန်းအတွက် လုံလောက်ပါတယ်လေ။

"ငါတို့နှစ်ယောက်တည်းနဲ့လား" အဆွေးဧကရာဇ်က တုံ့ဆိုင်းသွားတယ်။

သူ့ရဲ့အထင်အရ လီဖူချန်းက ဓားသမားအစည်းအရုံးမှာ အဆင့်အတန်းတစ်ခု ရှိလောက်မှာပါ၊ ဓားတာအိုသူတော်စင်တစ်ယောက်ကို အကူအညီတောင်းဖို့က သူ့အတွက် ပြဿနာမဟုတ်နိုင်ပါဘူး။

လီဖူချန်းက ခေါင်းညိတ်လိုက်တယ်"ဒီကိစ္စအတွက် အရင်ဆုံး အကူအညီမတောင်းသေးဘူး"

လောဘသားရဲအစည်းအရုံးက ဓားသမားအစည်းအရုံးကို မျက်နှာသာပေးမလားကို လီဖူချန်းက မသိပါဘူး။ သူတို့က မပေးရင် အဲဒါက သူတို့ကို သတိပေးသလို ဖြစ်သွားပါလိမ့်မယ်။

လောဘသားရဲအစည်းအရုံးက အဆင့်မြင့်မြို့တစ်မြို့ဖြစ်တဲ့ညပြာမြို့မှာ တည်ရှိပါတယ်။ အဆင့်မြင့်မြို့တစ်မြို့အနေနဲ့ အဓိကမြို့ကိုးမြို့နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ တည်နေရာရွှေ့ပြောင်းရေးအစီအရင်တစ်ခု ရှိပြီး အဲဒါက နှစ်လမ်းသွားအစီအရင်တစ်ခုပဲ ဖြစ်ပါတယ်။

လေတိမ်မြို့ရဲ့တည်နေရာရွှေ့ပြောင်းရေးကွက်လပ်ကို ရောက်ရှိပြီးနောက် သူတို့နှစ်ယောက်က အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးအချို့ကို ပေးချေပြီး ညပြာမြို့ကို ‌တိုကိရိုက်ရောက်ရှိသွားလေတယ်။

"အဆွေးဧကရာဇ်၊ ညပြာမြို့မှာ ငါ့ကို စောင့်နေပါ"

အဆွေးဧကရာဇ်က အားနည်းလွန်းပြီး လီဖူချန်းအတွက် အနှောင့်အယှက်သာ ဖြစ်စေလိမ့်မယ်။

"ကောင်းပြီ။ အကြီးအကဲလီ၊ ဂရုစိုက်ပါ" အဆွေးဧကရာဇ်က သူ့ရဲ့စွမ်းရည်ကို သိတယ်၊ သူက သဘောတူလိုက်တယ်။

ညပြာမြို့မှ ထွက်လာပြီးနောက် လီဖူချန်းက လောဘသားရဲအစည်းအရုံးကို တိုက်ရိုက်ဦးတည်လိုက်တယ်။

လောဘသားရဲအစည်းအရုံးက သူတော်စင်အဆင့်ဂိုဏ်းတစ်ခုဖြစ်ပြီး အဆင့်၉အလယ်အဆင့်အစီအရင်တစ်ခုက ကာကွယ်ထားတယ်။ ပုံမှန်အနေအထားမှာ အလယ်ဆင့်သူတော်စင်တစ်ယောက်‌ကတောင် လောဘသားရဲအစည်းအရုံးထဲကို မဝင်ရောက်နိုင်ပါဘူး။ ပိုအားနည်းတဲ့သူတွေက ပိတ်မိနေသွားမှာပါ။

လောဘသားရဲအစည်းအရုံးထဲကို သူက ခိုးဝင်နိုင်မလားကို သူက မသေချာပါဘူး၊ ဒါပေမယ့် သူက အကောင်းဆုံးကြိုးစားရမှာပေါ့။

လောဘသားရဲအစည်းအရုံးက လောဘသားရဲတောင်တန်းရဲ့အလယ်မှာ တည်ရှိတယ်။ လီဖူချန်းက တောင်တန်းအပြင်ဘက်မှာ ရပ်နေတယ်။ ခေါင်းပေါ်မှာ မမြင်နိုင်တဲ့အကာအကွယ်အလွှာတစ်ခု ရှိနေပြီး သေချာပေါက် အစည်းအရုံးရဲ့အစီအရင်ပဲ ဖြစ်ရမယ်။

"ငါ အောင်မြင်စွာ ဝင်နိုင်မလားကို ငါ သိချင်တယ်"

လီဖူချန်းက သူ့ရဲ့စိတ်ဝိညာဉ်ပါရမီကို သုံးပြီး ချီတည်ရှိမှုကို ဖုံးကွယ်ထားတယ်။ သူက သူ့ရဲ့ပုံရိပ်ကို ဖုံးကွယ်ဖို့ ကိုယ်ပျောက်မန္တန်ကို ဖော်ထုတ်လိုက်တယ်။

အခုဆိုရင် သူ့ရဲ့မန္တန်တာအိုက မန္တန်သိုင်းဧကရာဇ်ထက် ပိုမြင့်တယ်၊ ဒါပေမယ့် သူ့မှာ အသုံးပြုဖို့ အခွင့်အရေးမရှိခဲ့ပါဘူး။

ဒါပေမယ့် ကိုယ်ပျောက်မန္တန်ကို အသုံးပြုရုံနဲ့ အဆင့်၉အလယ်ဆင့်အစီအရင်တစ်ခုကို ခိုးဝင်ဖို့က လီဖူချန်းအတွက် မဖြစ်နိုင်ပါဘူး။

ကံကောင်းသွားတာက လီဖူချန်းမှာ ခရမ်းရောင်စိတ်ဝိညာဉ်နဲ့ ဟင်းလင်းပြင်တာအိုနှလုံးသား ရှိသေးတယ်လေ။

ခရမ်းရောင်စိတ်ဝိညာဉ်က အဆင့်၉အလယ်ဆင့်အစီအရင်ထဲရှိ ချို့ယွင်းချက်ကို မြင်စေဖို့ လီဖူချန်းကို ခွင့်ပြုပေးတယ်။ ဟင်းလင်းပြင်တာအိုနှလုံးသားက ဒီဟင်းလင်းပြင်ဇုန်ထဲရှိ ချို့ယွင်းချက်ကို ခံစားရစေဖို့ ခွင့်ပြုပေးတယ်။

သူက အစီအရင်မှ ခြေတစ်လှမ်းသာ ကွာဝေးတဲ့ချိန်မှာ လီဖူချန်းက သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားကို ဖော်ထုတ်လိုက်တယ်။ နဂိုကမမြင်နိုင်တဲ့အစီအရင်က အရောင်မျိုးစုံကို လီဖူချန်းဆီ ပြသလာတယ်။

"အဆင့်၉အလယ်ဆင့်အစီအရင်။ အစီအရင်စွမ်းအားက ဟင်းလင်းပြင်ဇုန်အနက်ထဲကို ထိုးဖောက်သွားတယ်၊ ဒါကြောင့် ချို့ယွင်းချက်ကို တွေ့ဖို့က မလုံလောက်ဘူး။ ရှာတွေ့ဖို့ အခွင့်အရေးတစ်ခုတော့ ရှိပေမယ့် အစီအရင်နဲ့ဟင်းလင်းပြင်ဇုန်တို့ရဲ့ချို့ယွင်းချက်နှစ်ခုစလုံးစုစုံတဲ့နေရာကို ရှာဖို့ လိုအပ်တယ်"

လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။  အစီအရင်ရဲ့ချို့ယွင်းချက်ဖြစ်စေဒါမှမဟုတ်ဟင်းလင်းပြင်ရဲ့ချို့ယွင်းချက်ဖြစ်စေ၊ သူတို့အားလုံးက လီဖူချန်းရဲ့မျက်လုံးထဲမှာ ရှင်းလင်းလာတယ်။ ဒါပေမယ့် ချို့ယွင်းချက်နှစ်ခုလုံးစုစုံတဲ့နေရာက အခြေခံအားဖြင့် မရှိပါဘူး။ ချို့ယွင်းချက်နှစ်ခုလုံးက တည်နေရာတွေ အဆက်မပြတ် ပြောင်းလဲနေတယ်၊ သူတို့က စုစုံရင်တောင် တစ်ခဏသာ ဖြစ်တယ်။ လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ဖို့က မဖြစ်နိုင်ပါဘူး။

လီဖူချန်းက သေချာပေါက်အောင်မြင်မယ့်နေရာကို စောင့်နေတယ်။

ဆယ့်ငါးမိနှစ်ခန့်ကြာပြီးနောက် ကြီးမားတဲ့အစီအရင်ချို့ယွင်းချက်တစ်ခုက ဟင်းလင်းပြင်ဇုန်ချို့ယွင်းချက်တစ်ခုနဲ့ အတူတကွ စုစုံသွားတယ်။

"အချိန်ကျပြီး"

လီဖူချန်းက အသက်ရှုသံကို ထိန်းချုပ်ပြီး အစီအရင်ကို ဖြတ်ကျော်သွားတယ်။

အသံတစ်စက်၊ ချီတည်ရှိမှုတစ်ခုမှ မထွက်ပေါ်စေဘဲ လီဖူချန်းက လောဘသားရဲတောင်တန်းကို ဝင်ရောက်ခဲ့တယ်။

"အောင်မြင်ပြီး" လီဖူချန်းက ‌ကျေနပ်သွားတယ်။

အဆင့်၉အလယ်ဆင့်အစီအရင်က အလယ်ဆင့်သူတော်စင်တစ်ယောက်ကို ပိတ်မိစေနိုင်တယ်၊ အဆင့်မြင့်သူတော်စင်တစ်ယောက်ကတောင် တိတ်တဆိတ် မဝင်နိုင်ပါဘူး။

အထဲရောက်တော့ လီဖူချန်းက ရန်ချင်းဟူနဲ့မိုးကြိုးသားရဲတို့ရဲ့ချီတည်ရှိမှုကို ခံစားမိတယ်။

သူက ချီတည်ရှိမှုနောက်ကို လိုက်သွားပြီး ရန်ချင်းဟူကို ဖမ်းဆီးထားတဲ့နေရာကို ရောက်သွားတယ်။

လှပတဲ့‌နန်းတော်အစုအဝေးတစ်ခုဖြစ်ပြီး တန်ဖိုးကြီးနန်းတော်‌တွေထဲက တစ်ခုမှာ ရန်ချင်းဟူကို ထားထားပါတယ်။

နန်းတော်ထဲမှာ ရန်ချင်းဟူက သက်ပြင်းချနေတယ်။ သူမကို ဖမ်းထားတာ တစ်နှစ်လောက် ရှိပြီး အခုလောက်ဆိုရင် အဆွေးဧကရာဇ်က လီဖူချန်းကို ရှာတွေ့ပြီးပါပြီ။ ဒါပေမယ့် လီဖူချန်းကို ရှာတွေ့ရင်တောင် သူတို့က ဘာမှ မတတ်နိုင်ပါဘူး။ လောဘသားရဲအစည်းအရုံးက အလွန်အားကောင်းတာကို သူမက နားလည်ထားတယ်။ အဲဒါက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့ထိပ်ဆုံးသူတော်စင်ငါးဂိုဏ်းထဲကတစ်ဂိုဏ်း ဖြစ်တယ်၊ ဒါကြောင့် သူမ လွတ်မြောက်ဖို့က မဖြစ်နိုင်ပါဘူး။

ဒါ့ပြင် လောဘသားရဲအစည်းအရုံးခေါင်းဆောင်ဖြစ်တဲ့လောဘဝံပုလွေသူတော်စင်က ဓားသမားအစည်းအရုံးရဲ့ဆန်းကြယ်နက်နဲဓားသူတော်စင်နဲ့တောင် နှိုင်းယှဉ်နိုင်တာလေ။

ကံကောင်းသွားတာက သူမကို ဖမ်းဆီးပြီးနောက် ကြက်သွေးရောင်စပါးအုံးသူတော်စင်က သီးခြားတစ်နေရာကို ချက်ချင်းထွက်သွားခဲ့တယ်၊ မဟုတ်ရင် ဘယ်လိုအခြေအနေမျိုးထိ ဖိအားပေးခံရမလဲကို သူမ မသိနိုင်ပါဘူး။

"ချင်းဟူ" အသံတစ်ခုက ရန်ချင်းဟူရဲ့နားထဲကို ရုတ်တရက် ဝင်ရောက်လာတယ်။

"လီဖူချန်းလား" ရန်ချင်းဟူက စိတ်ရှုပ်ထွေးသွားတယ်။

မနီးမဝေးမှ ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်း ပေါ်ထွက်လာနေတယ်။

"ချင်းဟူ၊ မင်း အဆင်ပြေရဲ့လား" လီဖူချန်းက ပြုံးလိုက်တယ်။

"ဘယ်လိုဝင်လာတာလဲ" ရန်ချင်းဟူက ‌မျက်မှောင်ကြုတ်မိသွားတယ်၊သူမရဲ့မျက်လုံးတွေထဲမှာ စိုးရိမ်မှုအရိပ်အယောင်တွေ လင်းလက်နေတယ်။

ဒါက လောဘသားရဲအစည်းအရုံးဖြစ်ပြီး ရုတ်ရုတ်သဲသဲတစ်ခုဖြစ်တာနဲ့ ကြက်သွေးရောင်မြွေသူတော်စင်ကို သတိပေးလိုက်မိမှာပါ။

"ဒီလိုလေ........." လီဖူချန်းက ရန်ချင်းဟူရဲ့လက်ကို ဆုပ်ကိုင်လိုက်တယ်၊ ပြီးနောက် ချက်ချင်းပဲ သူမရဲ့ချီတည်ရှိမှုနဲ့ပုံရိပ်က ပျောက်ကွယ်သွားတာကို ရန်ချင်းဟူက ခံစားရတယ်။

"လာ၊ မိုးကြိုးသားရဲကို သွားကယ်ကြစို့" လီဖူချန်းက ရန်ချင်းဟူကို မိုးကြိုးသားရဲရှိရာကို ဦးဆောင်သွားတယ်။

ခဏကြာပြီးနောက် ကျွန်အမျိုးသမီးတစ်ယောက်က နန်းတော်ကို ဝင်လာပြီး ရန်ချင်းဟူကို ရှာမတွေ့တော့ပါဘူး။ ထူးဆန်းတယ်လို့ သူမက ခံစားရပေမယ့် သူမက ချက်ချင်း အကြောင်းမကြားလိုက်ပါဘူး၊ ရန်ချင်းဟူက ဒီနေရာကနေ တိတ်တဆိတ် လွတ်မြောက်နိုင်မယ်လို့ သူမက မထင်ထားဘူးလေ။

မကြာခင်မှာပဲ သူတို့နှစ်ယောက်က တောင်ကြားကြီးတစ်ခုကို ရောက်သွားတယ်။

ဒီတောင်ကြားကို သားရဲတစ်ရာတောင်ကြားလို့ ခေါ်ပြီး လောဘသားရဲအစည်းအရုံးက သူတို့ရဲ့နတ်ဆိုးသားရဲတွေကို ထိန်းသိမ်းထားတဲ့နေရာ ဖြစ်တယ်။

သားရဲတစ်ရာတောင်ကြားရှိ တောင်ကြားလေးတစ်ခုထဲမှာ မိုးကြိုးသားရဲကို ထိန်းသိမ်းထားတယ်။ သူ့ကို အစာကောင်းတွေ နေ့တိုင်း ပေးနေပေမယ့် သူက အမြဲသုန်မှုန်နေလျက်ပါပဲ။

သူက တိုင်ယန်သားရဲတစ်ကောင်ဖြစ်ပြီး အမြဲတမ်း လွတ်လွတ်လပ်လပ်နေခဲ့တာပါ။ ဘယ်အချိန်ထိ သူ ပိတ်လှောင်ခံထားရမှာလဲ။

"တိုင်ယန်သားရဲအရှင်သခင်၊ သင့်အတွက် အစားအစာ တွေ ရောက်ရှိလာပါပြီး"

လောဘသားရဲအစည်းအရုံးအဖွဲ့ဝင်နှစ်ယောက်က အစားအစာတွေကို ယူဆောင်လာတယ်၊ သူတို့က သူ့ကို ရိုသေလေးစားစွာ ဆက်ဆံနေလေတယ်။

သူတို့က အဆင့်နိမ့်တိုင်ယန်သားရဲတစ်ကောင်ဖြစ်တဲ့မိုးကြိုးသားရဲကို အပြစ်မလုပ်ရဲပါဘူး။ မိုးကြိုးသားရဲက လောဘသားရဲအစည်းအရုံးအတွက် အလွန်အသုံးဝင်တယ်။ ‌လုံလောက်တဲ့အရင်းမြစ်နဲ့ဆိုရင် မိုးကြိုးသားရဲက အဆင့်နိမ့်နတ်ဆိုးသားရဲအရှင်သခင် သေချာပေါက် ဖြစ်လာလိမ့်မယ်။ အလယ်ဆင့်နတ်ဆိုးသားရဲအရှင်သခင်အဖြစ်သို့ ဆင့်ကဲပြောင်းလဲနိုင်တဲ့အထိ အခွင့်အရေးတစ်ခု တောင် ရှိနိုင်ပါတယ်။

မိုးကြိုးသားရဲက နှာခေါင်းရှုံ့လိုက်တယ်၊ အစည်းအရုံးအဖွဲ့အဝင်နှစ်ယောက်ကို သူက စိတ်မဝင်စားပါဘူး။

အစည်းအရုံးအဖွဲ့ဝင်နှစ်ယောက် ထွက်သွားတာနဲ့ မိုးကြိုးသားရဲက စတင်စားသောက်လိုက်ချေတယ်။ သူက သူ့ကိုယ်သူကိုတော့ မထိခိုက်စေနိုင်ပါဘူးလေ။

"ကြည့်ရတာ မင်းက အဆင်ပြေနေပုံရတယ်" အသံတစ်ခုက မိုးကြိုးသားရဲရဲ့နားတွေထဲမှာ ပဲ့တင်ထပ်သွားတယ်။

မိုးကြိုးသားရဲက ပျော်ရွှင်မှု၊ အံ့အားသင့်မှုအပြည့်နဲ့ ခေါင်းမော့လိုက်ချေတယ်။

လီဖူချန်းနဲ့ရန်ချင်းဟူတို့ရဲ့ပုံရိပ်တို့က သူ့ရှေ့မှာ ထွက်ပေါ်လာတယ်။

"မင်းက ငါတို့နဲ့ လိုက်သွားချင်လား" ရီဖူချန်းက ရယ်ကာ ပြောလိုက်တယ်။

"သေချာတာပေါ့" မိုးကြိုးသားရဲက တုံ့ဆိုင်းမနေပါဘူး။

"ဒါဆိုရင် သွားကြစို့" လီဖူချန်းက မိုးကြိုးသားရဲကို ဆုပ်ကိုင်လိုက်တယ်။

သားရဲတစ်ရာတောင်ကြားအနက်ပိုင်းထဲမှာ ကြီးမားတဲ့ချီတည်ရှိမှုနဲ့အတူ ဧရာမဝံပုလွေတစ်ကောင်က ရုတ်တရက် ခေါင်းမော့လိုက်တယ်။

လောဘသားရဲအစည်းအရုံးထဲမှာ လူသားသူတော်စင်သုံးယောက်အပြင် အလယ်ဆင့်နတ်ဆိုးသားရဲအရှင်သခင်တစ်ကောင်လည်း ရှိတယ်။ သူ့ကို လွန်ခဲ့တဲ့ရာစုနှစ်ကတည်းက လောဘဝံပုလွေသူတော်စင်က ယဉ်ပါးထိန်းချုပ်ထားခဲ့တာဖြစ်ပြီး သူက လောဘသားရဲအစည်းအရုံးကို ကြီးကြပ်အုပ်ချုပ်နေခဲ့တယ်။ သူက ကြက်သွေးရောင်စပါးအုံးသူတော်စင်ထက်တောင် ပိုသန်မာတယ်။

အလယ်ဆင့်နတ်ဆိုးသားရဲအရှင်သခင်အနေနဲ့ ဧရာမဝံပုလွေက ထူးဆန်းတဲ့တည်ရှိမှုတစ်ခုကို ခံစားမိသွားတယ်။

ဝူး..........

ဧရာမဝံပုလွေက အူပြီး ရုတ်တရက် ထရပ်လိုက်တယ်။ သူက သားရဲတစ်ရာတောင်ကြားထက်တောင် ပိုမြင့်တယ်။

"ငါတို့ကို ရှာတွေ့သွားပြီး" လီဖူချန်းက အံ့အားသင့်သွားတယ်၊ သူက ရန်ချင်းဟူနဲ့မိုးကြိုးသားရဲတို့နဲ့အတူ လောဘသားရဲတောင်တန်းရဲ့အပြင်နယ်နိမိတ်ကို လျင်မြန်စွာ ပျံသန်းသွား‌လိုက်တယ်။

လောဘဲသားရဲတောင်ကြားရဲ့အနက်ပိုင်းထဲမှာ ‌ကြက်သွေးရောင်စပါးအုံးသူတော်စင်ကို ဧရာမဝံပုလွေရဲ့အူသံက သတိပေးလိုက်တယ်။

သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံရဲ့ရှာဖွေမှုနဲ့အတူ ကြက်သွေးရောင်စပါးအုံးသူတော်စင်ရဲ့အမူအရာက နက်မှောင်သွားချေတယ်။

သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံအတွင်းမှာ ရန်ချင်းဟူက ပျောက်ကွယ်သွားပါပြီ။

အစီအရင်ကို ထိန်းချုပ်လျက် နောက်ဆုံးမှာတော့ ကြက်သွေးရောင်စပါးအုံးသူတော်စင်က လီဖူချန်းနဲ့အခြားသူတွေရဲ့ချီတည်ရှိမှုကို ရှာတွေ့သွားတယ်။

"ထွက်ပြေးချင်တာပေါ့"

လီဖူချန်းတို့အုပ်စုက လောဘသားရဲတောင်ကြားရဲ့အပြင်နယ်နိမိတ်ကို ရောက်ရှိခါနီးမှာ အားကောင်းတဲ့အစီအရင်စွမ်းအားတစ်ခုက သူတို့ဆီ စုရုံးလာတယ်။

"ချိုးဖျက်စမ်း"

လီဖူချန်းက ကောင်းကင်ဆက်ဓားကို ထုတ်ပြီး ခုတ်ပိုင်းလိုက်တယ်။

ဝုန်း.........

အစီအရင်စွမ်းအားကို ထိုး‌ဖောက်ပြီး သူတို့အုပ်စုက အစီအရင်အပြင်ဘက်ကို ရောက်ရှိသွားတယ်။

"အမ်"

လီဖူချန်းက အစီအရင်ကို ချိုးဖောက်နိုင်မယ်လို့ ကြက်သွေးရောင်စပါးအုံးသူတော်စင်က မထင်ထားပါဘူး။ သူ့ရဲ့ပုံရိပ်က လျှပ်ပြက်လက်သွားပြီး သူက လိုက်‌လံသွားချေတယ်။

လီဖူချန်းရဲ့အရှိန်က အလွန်အမင်း မြန်ပါတယ်။ သူက လူတစ်ယောက်နဲ့သားရဲတစ်ကောင်ကို ဆွဲခေါ်သွားရရင်တောင် သူ့ရဲ့အရှိန်က ဥပဒေသပြောင်းလဲခြင်းနယ်ပယ်ဘယ်ဧကရာဇ်ထက်မဆို ပိုမြန်ပါသေးတယ်။

စိတ်မကောင်းစရာတစ်ခုက ကြက်သွေးရောင်စပါးအုံးသူတော်စင်ကလည်း မနှေးကွေးပါဘူး၊ သူက လျင်မြန်စွာ လိုက်ဖမ်းနေလေတယ်။

ဧရာမဝံပုလွေက မလိုက်သွားတာ ကံကောင်းသွားတယ်၊ ကြက်သွေးရောင်စပါးအုံးသူတော်စင်ကိုယ်တိုင်လှုပ်ရှားမှတော့ သူလိုက်သွားဖို့ မလိုဘူးလို့ ထင်မိပုံပဲ။

***

All Chapters