← Chapters

ထွက်သွားစမ်း

Vol. 58 Ch. 796

ထွက်သွားစမ်း

Vol. 58 Ch. 796

ဧရာမဝံပုလွေမှာ ထိတ်လန့်တုန်လှုပ်စရာတိုက်ခိုက်မှုတွေ ရှိတယ်။ သူ့ရဲ့ပါးစပ်ကို ဖွင့်တဲ့အချိန်တိုင်း ဧရာမဝံပုလွေရဲ့ပုံရိပ်က လီဖူချန်းကို ကိုက်ဖြတ်နိုင်တယ်။

ဖြောက်..............

ကိုက်ဖြတ်မှုကြောင့် ဟင်းလင်းပြင်တောင် အစအနဖြစ်သွားရတယ်။

ကိုက်ဖြတ်မှုကြောင့် အဆင့်နိမ့်သူတော်စင်တစ်ယောက်တောင် ပြင်းထန်စွာ ဒဏ်ရာရနိုင်တာကို စိတ်ကူးယဉ်ဖို့ မခက်ခဲပါဘူး။

လီဖူချန်းက ဟင်းလင်းပြင်တာအိုနှလုံးသားကို ပိုင်ဆိုင်တာ ကံကောင်းသွားတယ်၊ ဧရာမဝံပုလွေရဲ့အဆက်မပြတ်တိုက်ခိုက်မှုတွေကို ရှောင်တိမ်းဖို့က သူ့အတွက် မခက်ခဲပါဘူး။

လီဖူချန်းက ညပြာမြို့နဲ့ ပိုပိုနီးကပ်လာနေတယ်၊ သူက လွတ်မြောက်ချင်းချင်း လေတိမ်မြို့ကို ဦးတည်ဖို့ သယ်ယူပို့ဆောင်ရေးအစီအရင်ကို အသုံးပြုနိုင်တယ်။

ဒဏ်ရာပြင်းထန်စွာ ရရှိမှုကြောင့် ကြက်သွေးရောင်စပါးအုံးသူတော်စင်ရဲ့အရှိန်က အကြီးအကျယ် နှေးကွေးလာတယ်။ အကွာအဝေးက တဖြည်းဖြည်း ပိုဝေးကွာလာပြီး ‌ဧရာမဝံပုလွေကတောင် သူ့အနောက်ကို မီလာနေပြီးဖြစ်တယ်။

"ပျက်စီးခြင်းသွေးအက်ကွဲဝိညာဉ်လက်သည်းကုတ်ချက်"

ဧရာမဝံပုလွေက ‌အရှေ့ကို ကုတ်လိုက်တယ်၊ သွေးအရိပ်အယောင်တွေရှိတဲ့ လက်သည်းကုတ်ချက်တစ်ခု ရှိလာတယ်။ အဲဒါက လီဖူချန်းကို လွှမ်းမိုးသွားတယ်။

လီဖူချန်းရဲ့အရေပြားက ထုံကျင်သွားရတယ်။ လက်သည်းကုတ်ချက်က အလွန်ထူးခြားပြီး လီဖူချန်းရဲ့သွေးမျိုးဆက်အရှိန်အဝါကို ပိတ်လှောင်ထားပုံရတယ်။ လီဖူချန်းက ဘယ်လိုပဲ ရှောင်ရှောင် ကိစ္စမရှိပါဘူး၊ လက်သည်းကုတ်ချက်က သူ့ကို ခြေရာခံလိုက်နေလျက်ပါပဲ။

ဧရာမဝံပုလွေက ရက်စက်စွာ ပြုံးလိုက်တယ်။ ပျက်စီးခြင်းသွေးအက်ကွဲဝိညာဉ်လက်သည်းကုတ်ချက်က သူ့ရဲ့မွေးရာပါစွမ်းအားဖြစ်ပြီး သူ့ရဲ့သွေးမျိုးဆက်စွမ်းအားနဲ့ ရောနှောနေတယ်။ တစ်ကြိမ် အသက်သွင်းပြီးတာနဲ့ ပစ်မှတ်ကို မထိမချင်း အဲဒါက ရပ်တန့်မှာ မဟုတ်ပါဘူး။

"မူလဘူတဓား"

လီဖူချန်းက ဓားတစ်သောင်းကို ဓားတစ်လက်အဖြစ် ပြောင်းလဲပြီး လက်သည်းကုတ်ချက်ကို ရင်ဆိုင်လိုက်တယ်။

ဘမ်း..........

သူ့ရဲ့ချီသွေးတွေ ထကြွလာသလို လီဖူချန်းက ခံစားမိသွားတယ်၊ သူက လွင့်ထွက်သွားရတယ်၊ အဲဒါကပဲ သူ့ရဲ့အရှိန်ကို နှစ်ဆပိုတိုးလာစေတယ်။

"ဉာဏ်များတဲ့လူသား"

ဧရာမဝံပုလေးရဲ့အမူအရာက မည်းမှောင်ပြီး ထိတ်လန့်တုန်လှုပ်သွားခဲ့ရတယ်။ လီဖူချန်းက သူ့ရဲ့လက်သည်းကုတ်ချက်ကို အပြည့်အဝခုခံနိုင်သွားတယ်။ ဒီလိုခွန်အားမျိုးက တကယ်ကို မယုံနိုင်စရာပဲ။

မသိလိုက်မသိဘာသာနဲ့ ညပြာမြို့က လူသားနှစ်ယောက်နဲ့သားရဲတစ်ကောင်ရဲ့မြင်ကွင်းမှာ ထွက်ပေါ်လာတယ်။

ဧရာမဝံပုလွေက အူလိုက်တယ်၊ သူ့ခန္ဓာကိုယ်က အဆများစွာ ချဲ့ထွင်သွားတယ်။ သူက နောက်ထပ်ကုတ်ချက်တစ်ခုကို လီဖူချန်းထံ အသုံးပြုလိုက်တယ်။

လီဖူချန်းက ဒီကုတ်ချက်ကို တားဆီးနိုင်မယ်လို့ သူ မယုံပါဘူး။

တကယ်လည်း လီဖူချန်းက မတားဆီးနိုင်ခဲ့ပါဘူး၊ ဒါပေမယ့် ကုတ်ချက်တစ်ခုလောက်နဲ့ သူ့ရဲ့တိုက်ပွဲဝင်ခွန်အားကို ဆုံးရှုံးဖို့က မဖြစ်နိုင်ဘူးလေ။ သွေးတစ်ပွက်အန်ပြီးနောက် လီဖူချန်းက ညပြာမြို့မှ မိုင်အနည်းငယ်ကို ရောက်ရှိသွားလေတယ်။

"ညပြာမြို့အရှင်၊ ငါ့ကို မျက်နှာသာပေးပြီး အစီအရင်ကို ချိတ်ပိတ်ထားပေးပါ၊ တစ်ယောက်ကိုမှ ဝင်ခွင့်မပေးပါနဲ့"

ဧရာမဝံပုလွေရဲ့အသံက ညပြာမြို့ရဲ့မြို့အရှင်‌အိမ်တော်ကို ကူးပြောင်းသွားတယ်။

ညပြာမြို့အရှင်လည်း သူတော်စင်တစ်ယောက်ပါပဲ။ သူက သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံကို ထုတ်ဖော်ပြီး မြို့အပြင်ဘက်ရှိမြင်ကွင်းကို ကြည့်ရှုလိုက်ချေတယ်။

လောဘသားရဲအစည်းအရုံးကို အပြစ်ပြုလို့ မသင့်တော်သလို ညပြာမြို့အရှင်ကလည်း သူတို့ကို အပြစ်မပြုချင်ပါဘူး။ ပြီးတော့ လောဘသားရဲအစည်းအရုံးခေါင်းဆောင်ဖြစ်တဲ့လောဘဝံပုလွေသူတော်စင်က အလွန်ရက်စက်ကြမ်းကြုတ်ပြီး အဆင့်မြင့်သူတော်စင်တွေအောက် ထိပ်တန်းအဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်တယ်။

မျက်စိတစ်မှိတ်အတွင်း မိုင်အနည်းငယ်ကို ဖုံးအုပ်သွားပါတယ်။ လီဖူချန်းက မြို့ထဲကို ပြေးဝင်လာချေတယ်။

"ညပြာမြို့အရှင်၊ မင်း" ညပြာမြို့အရှင်က သူ့ကို မျက်နှာသာမပေးတာကြောင့် ဧရာမဝံပုလွေက ဒေါသထွက်သွားတယ်။

ညပြာမြို့အရှင်က ပုံမှန်အတိုင်း ပြောလိုက်တယ်"ငါက ညပြာမြို့အတွက် တာဝန်ရှိတဲ့ တစ်ဦးတည်းသောပုဂ္ဂိုလ် မဟုတ်ဘူး။ မင်းတို့ကိစ္စ မင်းတို့ဘာသာ ဖြေရှင်းကြပါ။ မင်းက ညပြာမြို့ရဲ့စည်းမျဉ်းကို မချိုးဖောက်သ‌ရွေ့ မင်းကြိုက်သလိုလုပ်နိုင်တယ်"

ညပြာမြို့အရှင်က လီဖူချန်းရဲ့ရင်ဘက်ပေါ်ရှိ အဆင့်၈ဓားသမားသင်္ကတကို ချက်ချင်း မြင်လိုက်ရတယ်။ လောဘသားရဲအစည်းအရုံးကို မျက်နှာသာပေးဖို့အတွက် ဓားသမားအစည်းအရုံးကို ရန်စတာကလည်း မထိုက်တန်ပါဘူး။ ပြီးတော့ သူလည်း ဘာအကျိုးကျေးဇူးမှ မရနိုင်ဘူးလေ။

ဧရာမဝံပုလွေက ညပြာမြို့အရှင်ရဲ့လုပ်ရပ်အတွက် တေးမှတ်ထားလိုက်တယ်။ ဒါပေမယ့် အခု အရေးကြီးဆုံးကိစ္စက လီဖူချန်းကို ဖမ်းမိဖို့ပါပဲ။ သူ့ရဲ့ခန္ဓာကိုယ်က တုန်ခါသွားပြီး ရက်စက်တဲ့မျက်လုံးတွေနဲ့သက်လတ်ပိုင်းအရွယ်လူတစ်ယောက်အဖြစ် ပြောင်းသွားတယ်။ သူက ချက်ချင်းပဲ မြို့ထဲကို ပြေးဝင်သွားလေတယ်။

တည်နေရာရွှေ့ပြောင်းရေးကွက်လပ်မှာ ရန်ချင်းဟူ၊ အဆွေးဧကရာဇ်နဲ့ မိုးကြိုးသားရဲတို့က စောင့်နေတယ်။

သူတို့က လီဖူချန်းကို ဆယ့်ငါးမိနစ်စောင့်ဖို့ စီစဉ်ထားတယ်။ အဲအချိန်အတွင်း လီဖူချန်းသာ မရောက်လာရင် သူတို့က လေတိမ်မြို့ကို တည်နေရာရွှေ့ပြောင်းသွားတော့မယ်‌ပေါ့။

ကံကောင်းတာက လီဖူချန်းက အချိန်မီရောက်လာနိုင်ခဲ့တာပဲ။

"သွားစို့"

လီဖူချန်းက လက်ကို ဝှေ့ယမ်းပြီး သူတို့အားလုံးကို တည်နေရာရွှေ့ပြောင်းရေးအစီအရင်တစ်ခုထဲကို ခေါ်ဆောင်သွားတယ်။

ဝီ.........

တည်နေရာရွှေ့ပြောင်းရေးအစီအရင်က အလင်းတောက်ပသွားပြီး လူသားသုံးယောက်နဲ့သားရဲတစ်ကောင်က ပျောက်ကွယ်သွားတော့တယ်။

"ဒါက လေတိမ်မြို့နဲ့ ချိတ်ဆက်ထားတဲ့ တည်နေရာရွှေ့ပြောင်းရေးအစီအရင်ပဲ"

ဧရာမဝံပုလွေမှ‌ပြောင်းလဲထားတဲ့ရက်စက်တဲ့လူက တုံ့ဆိုင်းမနေပါဘူး၊ သူလည်းပဲ တည်နေရာရွှေ့ပြောင်းရေးအစီအရင်ကို သုံးလိုက်တယ်။

လေတိမ်မြို့ရဲ့တည်နေရာရွှေ့ပြောင်းရေးကွက်လပ်က မြို့အပြင်မှာ တည်ရှိတယ်။ ထိုနေရာမှာ တည်နေရာရွှေ့ပြောင်းရေးအလင်းတောက်ပမှုတွေကို မိနစ်တိုင်းမှာ မြင်နိုင်ပါတယ်။

တည်နေရာရွှေ့ပြောင်းရေးတောက်ပအလင်းတစ်ခုက ဆင်းသက်သွားပြီး လီဖူချန်းတို့အုပ်စုက ထွက်ပေါ်လာတယ်။

လူနှစ်ယောက်နဲ့သားရဲတစ်ကောင်ကို သယ်လျက် လီဖူချန်းက လေတိမ်မြို့ဆီ ပျံသန်းသွားလေတယ်။

"ကောင်စုတ်လေး၊ မင်း မပြေးနဲ့"

ရက်စက်လူသားက နောက်မှ ကပ်လိုက်လာပြီး ကုတ်ဆွဲလိုက်ချေတယ်။

အလယ်ဆင့်နတ်ဆိုးသားရဲအရှင်သခင်တစ်ကောင်အနေနဲ့ ရက်စက်လူသားရဲ့ကုတ်ချက်က တကယ်ကို ကြောက်စရာကောင်းလှတယ်။ တိုက်ခိုက်မှုအတွင်း ကံမကောင်းတဲ့သူတွေက သွေးမြူအဖြစ် ချက်ချင်း ပေါက်ကွဲထွက်သွားရတယ်။

"အဲဒါ လီဖူချန်းမလား။ သူ့ကို ဘယ်သူ လိုက်ဖမ်းနေတာလဲ"

"ငါ မှတ်မိသလောက် အဲဒါက နတ်ဆိုးသားရဲအရှင်သခင်တစ်ကောင်ပဲ။ အဲဒါက လောဘသားရဲအစည်းအရုံးရဲ့မီးခိုးရောင်ဝံပုလွေအရှင်သခင်ပဲ ဖြစ်တယ်"

လူတိုင်းက ထိတ်လန့်သွားကြပြီး လျင်မြန်စွာ နောက်ဆုတ်လိုက်ကြတယ်။

"ကောင်စုတ်လေး၊ သေစမ်း"

မီးခိုးရောင်ဝံပုလွေအရှင်သခင်က သူ့ရဲ့သွေးမျိုးဆက်စွမ်းအားကို လောင်ကျွမ်းစေပြီး အရင်ဖြစ်‌ပေါ်လာတုန်းကထက် ဆယ်ဆပိုကြီးတဲ့ ဝံပုလွေဦးခေါင်းကို ထုတ်လုပ်လိုက်တယ်။ ဝံပုလွေဦးခေါင်းက လီဖူချန်းကို  ကိုက်လိုက်ချေတယ်။

"မကောင်းတော့ဘူး"

တစ်ယောက်တည်းဆိုရင် သူက ရှောင်တိမ်းနိုင်ဖို့ လီဖူချန်းက ယုံကြည်ချက်၃၀ရာခိုင်နှုန်း ရှိတယ်။ ဒါပေမယ့် အခု သူက လူသားနှစ်ယောက်နဲ့သားရဲတစ်ကောင်ကို သယ်ဆောင်ထားရတဲ့အတွက် ယုံကြည်ချက် လုံးဝရှိမနေတော့ပါဘူး။

လီဖူချန်းက ပြန်လှည့်ပြီး ဒီကိုက်ချက်ကို ခုခံဖို့ ပြဆင်လိုက်တယ်။

"မီးခိုးရောင်ဝံပုလွေအရှင်သခင်၊ ငါတို့ဓားသမားအစည်းအရုံးရဲ့ဓားသမားကို လိုက်လံသတ်ဖြတ်ဖို့ ဘယ်သူက မင်းကို သတ္တိတွေ ပေးထားတာလဲ"

အလွန်အမင်းအေးစက်တဲ့အသံက ရုတ်တရက် ပဲ့တင်ထပ်သွားတယ်။ ပြီးနောက် ချက်ချင်းပဲ ဟင်းလင်းပြင်က အေးခဲသွားပြီး လူတိုင်းက ပယင်းထဲရှိ အင်းဆက်အဖြစ် ပြောင်းလဲသွားခဲ့တယ်။ မီးခိုးရောင်ဝံပုလွေအရှင်သခင်အပါအဝင် သူတို့အားလုံးက မလှုပ်ရှားနိုင်ဖြစ်နေတယ်။

"ဆန်းကြယ်နက်နဲသူတော်စင်၊ ဒီကောင်လေးက ငါတို့လောဘသားရဲအစည်းအရုံးထဲကို တိုးဝင်လာပြီး ငါတို့ရဲ့အရေးကြီးပုဂ္ဂိုလ်နဲ့နတ်ဆိုးသားရဲကို ခေါ်ဆောင်သွားတယ်။ မင်းက ငါတို့ရဲ့လောဘသားရဲအစည်းအရုံးကို မျက်နှာသာပေးချင်ရင် ငါ့ကို မတားပါနဲ့။ မဟုတ်ရင်၊ လောဘဝံပုလွေသူတော်စင်ပြန်ရောက်လာတဲ့အခါ သူက ဒီကိစ္စကို ဒီအတိုင်းထားမှာ မဟုတ်ဘူး"

သူ့ရဲ့ခန္ဓာကိုယ်က အေးခဲနေပေမယ့် မီးခိုးရောင်ဝံပုလွေသူတော်စင်က စကားပြောနိုင်ပါသေးတယ်။

"ဟမ့်........ငါ လောဘဝံပုလွေသူတော်စင်ကို ကြောက်လိမ့်မယ်လို့ မင်း ထင်နေတာလား"

ဆန်းကြယ်နက်နဲဓားသူတော်စင်က မြို့တံတိုင်းပေါ်မှာ ထွက်ပေါ်လာပြီး အပေါ်စီးကနေ ကြည့်လိုက်တယ်။

မီးခိုးရောင်ဝံပုလွေသူတော်စင်က ပြောလိုက်တယ်"မင်းက လောဘဝံပုလွေသူတော်စင်နဲ့ ညီတူညီမျှ ကျော်ကြားပြီး မင်းက သူ့ကို မကြောက်ဘူးပေါ့။ ဒါပေမယ့် ဂျူနီယာတစ်ယောက်အတွက်နဲ့ မင်းက ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ ပြဿနာဖြစ်စေချင်တာလား"

ဓားသမားအစည်းအရုံးနဲ့ နှိုင်းယှဉ်ရင် လောဘသားရဲအစည်းအရုံးက နိမ့်ကျပါတယ်။ ဒါပေမယ့် ဓားသမားအစည်းအရုံးက ကြီးမားလွန်းတယ်၊ အဆင့်မြင့်တိုက်ကြီးကိုးခုမှာ ဓားသမားအစည်းအရုံးဌာနချုပ်ကိုးခု ရှိတယ်။ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့ဓားသမားအစည်းအရုံးက လောဘသားရဲအစည်းအရုံးထက် အနည်းငယ်သာ ပိုသန်မာတယ်။

"မင်းတို့လောဘသားရဲအစည်းအရုံးက ငါတို့ဓားသမားအစည်းအရုံးနဲ့ တိုက်ခိုက်ရဲမယ်လို့ ငါ မယုံဘူး။ ထွက်သွားစမ်း၊ မဟုတ်ရင် မင်းက ဒီနေရာမှာ အမြဲတမ်း နေနေရလိမ့်မယ်"

ဆန်းကြယ်နက်နဲဓားသူတော်စင်ရဲ့အမူအရာက ထူးမခြားနားပါပဲ၊ သူက ဆန်းကြယ်နက်နဲဓားစက်ကွင်းကို ချက်ချင်း ထုတ်လိုက်တယ်။

"မင်း" မီးခိုးရောင်ဝံပုလွေအရှင်သခင်က တော်တော်လေး ဒေါသထွက်သွားတယ်။

ဂျူနီယာတစ်ယောက်အတွက်နဲ့ ဆန်းကြယ်နက်နဲဓားသူတော်စင်က လောဘဝံပုလွေသူတော်စင်ကို တကယ်ကို မျက်နှာမပေးတာပဲ။

"သွားကြစို့"

မီးခိုးရောင်ဝံပုလွေအရှင်သခင်က ပြန်လှည့်ပြီး ကြက်သွေးရောင်စပါးအုံးသူတော်စင်ကို  နက်နဲတဲ့လေသံနဲ့ ပြောလိုက်ချေတယ်။

သူ့မှာ သတ္တိအဆတစ်ရာရှိရင်တောင် သူက ဆန်းကြယ်နက်နဲဓားသူတော်စင်နဲ့ မတိုက်ခိုက်ရဲပါဘူး။ ဒါပေမယ့် ဒီကိစ္စကို ဒီလိုနဲ့ ပြီးဆုံးစေလို့မရဘူး။ ဓားသမားအစည်းအရုံးက လီဖူချန်းကို အခုတော့ ကာကွယ်နိုင်ပေမယ့် တစ်သက်လုံးတော့ မဟုတ်ပါဘူး။

မီးခိုးရောင်ဝံပုလွေအရှင်သခင် ထွက်သွားတာနဲ့ ဆန်းကြယ်နက်နဲဓားသူတော်စင်က သဘောကျတဲ့အမူအရာနဲ့ လီဖူချန်းကို ပြောလိုက်တယ်"ဘယ်လိုလုပ်ပြီး မင်းက လောဘဿားရဲအစည်းအရုံးကို ရန်စခဲ့တာလဲ။ ဒါပေမယ့် ကိစ္စမရှိပါဘူး၊ မင်းက ငါတို့ဓားသမားအစည်းအရုံးရဲ့ပင်မအကြီးအကဲဖြစ်သွားတာနဲ့ လောဘသားရဲအစည်းအရုံးက မင်းကို ဘာတစ်ခုမှ လုပ်ရဲတော့မှာ မဟုတ်ဘူး"

ပင်မအကြီးအကဲက ဓားသမားအစည်းအရုံးရဲ့အဖွဲ့ဝင်အစစ်အမှန်ဖြစ်တယ်။ ဓားသမားအစည်းအရုံးရဲ့ပင်မအကြီးအကဲကို သတ်ရဲတဲ့သူတွေက ဓားသမားအစည်းအရုံးနဲ့ စစ်ဖြစ်ဖို့ တောင်းဆိုနေတာပဲ။ လောဘသားရဲအစည်းအရုံးတစ်ခုကို အသာထား၊ အဲလိုအစည်းအရုံးဆယ်ခုကတောင် ဖုန်မှုန့်ဖြစ်သွားရပေလိမ့်မယ်။

"ကယ်တင်ပေးမှုအတွက် ဓားသူတော်စင်ကို အများကြီး ကျေးဇူးတင်ပါတယ်"

လီဖူချန်းက ဆန်းကြယ်နက်နဲဓားသူတော်စင်ကို လူကိုယ်တိုင်မမြင်ရပေမယ့် ပုံတူကိုတော့ မြင်ခဲ့ဖူးပါတယ်။ ကျားစွယ်ဓားသူတော်စင်နဲ့နှိုင်းယှဉ်ရင် ဆန်းကြယ်နက်နဲဓားသူ‌တော်စင်ရဲ့အဆင့်အတန်းက ပိုမြင့်မားပါတယ်။ သူက ဓားသမားအစည်းအရုံးရဲ့အဆင့်မြင့်အကြီးအကဲတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အဆင့်အတန်းက အစည်းအရုံးခေါင်းဆောင်၊ ဒုတိယအစည်းအရုံးခေါင်းဆောင်နဲ့ အခြားအဓိကအဖွင့်ဝင်တွေထက်သာ နိမ့်ကျပါတယ်။

သူ့လက်ကို ခါပြီးနောက် ဆန်းကြယ်နက်နဲဓားသူတော်စင်က ပြောလိုက်တယ်"နောက်ထပ်ပြဿနာတွေကို ရှောင်ရှားဖို့ ဒီအတောအတွင်း မင်းက လေတိမ်မြို့ထဲမှာပဲ ကောင်းကောင်းမွန်မွန် နေပါ"

ပြောပြီးနောက် ဆန်းကြယ်နက်နဲဓားသူတော်စင်က မြို့တံတိုင်းပေါ်မှ ပျောက်ကွယ်သွားတော့တယ်။

***

All Chapters