← Chapters

မွေးရာပါဓားနှလုံးသားလား။

Vol. 58 Ch. 797

မွေးရာပါဓားနှလုံးသားလား။

Vol. 58 Ch. 797

"မင်းက မြင့်မြတ်ဓားမော့ဂိုဏ်းရဲ့တပည့်တစ်ယောက်လို့ မင်း ပြောခဲ့တာလား"

နီရင့်ရောင်မေပယ်သစ်ရွက်တောအုပ်တစ်ခုထဲမှာ လီဖူချန်းနေထိုင်ရာအိမ်ယာတစ်ခု ရှိတယ်။ ယခု မေပယ်သစ်ရွက်တောအုပ်ရဲ့အလယ်ရှိ အ‌ဆောက်အအုံတစ်ခုထဲမှာ လီဖူချန်းနဲ့ရန်ချင်းဟူတို့က လက်ဖက်ရည်သောက်ရင်း သဘာဝရှုခင်းကို ခံစားနေကြတယ်။

ရန်ချင်းဟူက မြင့်မြတ်ဓားမော့ဂိုဏ်းရဲ့တပည့်တစ်ယောက်ဆိုတာကို သိပြီးနောက် လီဖူချန်းက ပြုံးမိသွားတယ်။

ဓားမော့ဧကရာဇ်ချူခွမ်းနဲ့ ကောင်းကင်အဆွေးဓားမော့သူတော်စင်တို့ကလည်း မြင့်မြတ်ဓားမော့ဂိုဏ်းကပဲလေ။

မြင့်မြတ်ဓားမော့ဂိုဏ်းက နက်ပြာပလိန်းရှိ ထိပ်ဆုံးဂိုဏ်းဆယ်ဂိုဏ်းထဲက တစ်ခုဖြစ်ပြီး အားကောင်းတဲ့လွှမ်းမိုးမှုနဲ့အတူ သမိုင်းကြောင်းရှည်ကြီးတစ်ခု ရှိပါတယ်။

ရန်ချင်းဟူက ခေါင်းညိတ်လိုက်တယ်"ဟုတ်တယ်။ ငါက မြင့်မြတ်ဓားမော့ဂိုဏ်းရဲ့တပည့်တစ်ယောက်ဖြစ်ရုံတင်မကဘူး၊ ငါ့ရဲ့ရန်ကလန်ကလည်း မြင့်မြတ်ဓားမော့ဂိုဏ်းရဲ့ပင်မကလန်ခုနှစ်ခုထဲက တစ်ခုဖြစ်တယ်။ ကံမကောင်းတာက ငါက အခုထိ မြင့်မြတ်ဓားမော့ဂိုဏ်းနဲ့ရန်ကလန်ကို မပြန်နိုင်သေးတာပဲ"

လက်ရှိမှာ သူမက နှစ်ဘဝမှတ်ဉာဏ်ကို ပိုင်ဆိုင်ထားပေမယ့် အခြားသူတွေကို ဒီလိုအရာမျိုးတွေ ပြောလို့ အသုံးမဝင်ပါဘူး၊ သူတို့လည်း သူမကို အပြည့်အဝယုံကြည်မှာ မဟုတ်ဘူးလေ။

လီဖူချန်းက ပြောလိုက်တယ်"မင်းအနေနဲ့ သူတော်စင်ဖြစ်ပြီးမှ မြင့်မြတ်ဓားမော့ဂိုဏ်းကို ပြန်တာက နောက်မကျသေးဘူးလို့ ငါ ထင်တယ်"

ကြီးကျယ်တဲ့ခွန်အားကို ပိုင်ဆိုင်မှသာ အခြားသူတွေကို လက်ခံယုံကြည်စေနိုင်ပေမယ်။ ခွန်အားက အားနည်းရင် အခြားသူတွေ လက်ခံယုံကြည်ဖို့က ခက်ခဲပါတယ်။

"နင်ပြောတာ မှန်တယ်"

သူတော်စင်ဖြစ်အောင် ကျင့်ကြံပြီးမှ မြင့်မြတ်ဓားမော့ဂိုဏ်းကို ပြန်ဖို့ ရန်ချင်းဟူလည်း အစီအစဉ်ချထားတယ်။

…

လျှပ်တစ်ပြက်အတွင်း နှစ်ဝက်က ကုန်ဆုံးသွားပြီး ဓားသမားအစည်းအရုံးရဲ့အကြီးအကဲရွေးချယ်ပွဲက ကျရောက်လာပါပြီ။

ဓားသမားအစည်းအရုံးဌာနချုပ်ရဲ့ဥယျာဉ်ထဲမှာ ဆန်းကြယ်နက်နဲဓားသူတော်စင်က ပြုံးကာ လီဖူချန်းကို ပြောလိုက်တယ်"နက်ပြာပလိန်းမှာ အဆင့်မြင့်တိုက်ကြီးကိုးခု ရှိတယ်။ ငါတို့ဓားသမားအစည်းအရုံးကသာ အခြားအဆင့်မြင့်တိုက်ကြီးတွေကို တည်နေရာရွှေ့ပြောင်းရေးအစီအရင်မရှိဘဲ ခရီးသွားနိုင်တယ်"

"ဓားကမ္ဘာကြောင့်လား" လီဖူချန်းက မေးလိုက်တယ်။

"မင်းတော်တယ်" ဆန်းကြယ်နက်နဲဓားသူတော်စင်က ခေါင်းညိတ်လိုက်တယ်"ဓားကမ္ဘာမှာ ဝင်ပေါက်ကိုးပေါက်နဲ့ ထွက်ပေါက်ကိုးပေါက် ရှိတယ်။ဒါပေမ့် အခြားအဆင့်မြင့်တိုက်ကြီးတစ်ခုသို့သွားရာ ထွက်ပေါက်ကို ရှာဖို့က မလွယ်ပါဘူး။ သွားကြစို့"

ဆန်းကြယ်နက်နဲဓားသူတော်စင်က ဓားကမ္ဘာဝင်ပေါက်ကို ဖွင့်ပြီး လီဖူချန်းနဲ့အတူ ဝင်သွားတယ်။

အခြားတိုက်ကြီးတွေဆီ ထွက်ပေါက်ကို ရှာဖို့က မခက်ခဲ့ဘူးဆိုတာထက် အခြေခံအားဖြင့် မဖြစ်နိုင်ဘူးလို့ ဆိုရမှာပါ။

ဓားကမ္ဘာက ထုထည်ကြီးမားပြီး အဆုံးမရှိ ဖြစ်တယ်၊ အရေးကြီးဆုံးက ဓားကမ္ဘာမှာ ဦးတည်ဘက်ကို သတ်မှတ်ဖို့က ခက်ခဲတယ်။ ဒီနေရာမှာ လီဖူချန်းတောင် မျက်မမြင်လူသားတစ်ယောက်ပမာ ဖြစ်နေရလိမ့်မယ်၊ သူက သူ့ရဲ့ဗီဇအသိစိတ်ကိုသာ အားကိုးနိုင်တယ်။

ကံကောင်းတာက ဆန်းကြယ်နက်နဲဓားသူတော်စင်က အခြားအဆင့်မြင့်တိုက်ကြီးတွေဆီ ထွက်ပေါက်ကို ခံစားနိုင်ပြီး မှန်ကန်တဲ့ဦးတည်ဘက်အတိုင်း ရွေ့လျားသွားနေတယ်။

တစ်လတိတိကြာပြီးနောက် ဆန်းကြယ်ဓားသူတော်စင်က  နောက်ဆုံးမှာ ရပ်လိုက်တယ်။ သူ့ရဲ့အသားအရေက ဖြူဖတ်ဖြူရော်ဖြစ်နေတယ်။

ဓားကမ္ဘာမှာ ခရီးသွားရတာက လွယ်ကူတဲ့အလုပ်တစ်ခု မဟုတ်ပါဘူး။ သူ့ရဲ့ပုံမှန်ဖွင့်ချိန်မတိုင်းခင် ဓားကမ္ဘာကို အတင်းအကြပ်ဝင်ရောက်ခြင်းက စိတ်စွမ်းအားများစွာကို ကုန်ဆုံးစေတယ်။ ဆန်းကြယ်နက်နဲဓားသူတာ်စင်က အဆင့်နိမ့်သူတော်စင်တစ်ယောက်သာ ဆိုရင် ပန်းတိုင်ကို ရောက်ရှိဖို့က မဖြစ်နိုင်ပါဘူး။

"ငါတို့ ရောက်ပြီး" ဆန်းကြယ်နက်နဲဓားသူတော်စင်က သူ့ရဲ့လက်ကို ဝှေ့ယမ်းပြီး တုံကင်တစ်ခုက ထွက်လာချေတယ်။

မကြာခင်မှာပဲ ဓားကမ္ဘာတစ်ခုက ဓားပုံသဏ္ဍာန်တံခါးအလင်းတစ်ခုနဲ့အတူ ပေါ်ထွက်လာတယ်။

တံခါးရဲ့အခြားတစ်ဘက်မှာ ကြီးမားတဲ့မက်မွန်တောအုပ်တစ်ခု ရှိတယ်။ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးလို ပြီးပြည့်စုံတဲ့ ဥပဒေသအရှိန်အဝါတစ်ခု ရှိပြီး ခြားနားချက်အရိပ်အယောင်တစ်ခုလည်း ရှိတယ်။

သူတိူ့နှစ်ယောက်က ဓားကမ္ဘာမှ ထွက်သွားခဲ့တယ်။

မက်မွန်းတောအုပ်က အလွန်ကြီးပြီး စတုရန်းမီတာတစ်သောင်း ရှိတယ်၊ ဒါ့ပြင် အဲဒါက တန်ဖိုးကြိီးမြေယာကို ပိုင်ဆိုင်တဲ့ စည်ပင်ဖြစ်ထွန်းတဲ့အဓိကမြို့အတွင်းမှာ တည်ရှိတယ်။

ဓားသမားအစည်းအရုံးကသာ ဒီလောက်ထိ တန်ဖိုးကြီးနိုင်ပါတယ်။

မက်မွန်းတောအုပ်ရဲ့အလယ်မှာ သေးငယ်တဲ့ရင်ပြင်တစ်ခု ရှိတယ်။ ရင်ပြင်ရှေ့မှာ ရှေး‌ကျတဲ့အလှအပတွေနဲ့ နန်းတော်တစ်ခုရှိတယ်။

(အရင်အပိုင်းတွေမှာ ကွက်လပ်လို့ ရေးခဲ့ပါတယ်၊ အခုကစပြီး ရင်ပြင်လို့ ပြောင်းသုံးလိုက်ပါမယ်)

"ဒါက သူတော်စင်ဝိညာဉ်တိုက်ကြီးရဲ့ကောင်းကင်မြစ်မြို့မှာ ရှိတဲ့ ဓားသမားအစည်းအရုံးဌာနချုပ်ပဲ" ဆန်းကြယ်နက်နဲဓားသူတော်စင်က လီဖူချန်းကို မိတ်ဆက်ပေးလိုက်တယ်။

(မှတ်စု- လီဖူချန်းလာခဲ့တဲ့တိုက်နာမည်က သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးပါ၊ အခုရောက်နေတဲ့တိုက်က သူတော်စင်ဝိညာဉ်တိုက်ကြီးပါ၊ မတူပါဘူး‌)

"သူတာ်စင်ဝိညာဉ်တိုက်ကြီးလား"

လီဖူချန်းက အဆင့်မြင့်တိုက်ကြီးကိုးခုရဲ့နာမည်တွေကို ကြားခဲ့ဖူးပါတယ်၊ ဒါပေမယ့် ဒါက သူတော်စင်ဝိညာဉ်တိုက်ကြီးကို သူ ပထမဆုံး ရောက်ဖူးတဲ့ ပထမဆုံးအကြိမ် ဖြစ်တယ်"

ရင်ပြင်မှာ လူများစွာ စောင့်ဆိုင်းနေတယ်။ လီဖူချန်းက တစ်ချက်ကြည့်လိုက်ရာ လူတစ်ဝက်က သူတော်စင်တွေ ဖြစ်ကြပြီး ကျန်တစ်ဝက်က သူ့လို လူငယ်မျိုးဆက်သစ်တွေ ဖြစ်ကြတယ်။

"ဆန်းကြယ်နက်နဲဓားသူတော်စင်၊ မင်းလည်း ရှိနေတာပဲ" မီးခိုးရောင်ဆံပင်နဲ့သက်လတ်ပိုင်းရွယ်လူတစ်ယောက်က အော်ပြောလိုက်တယ်။

ဆန်းကြယ်နက်နဲဓားသူတော်စင်က ရယ်ကာ ပြောလိုက်တယ်"ငါ မရောက်တော့တာ နှစ်ပေါင်း၁၅၀ ကြာပြီး။ အခုတော့ အခါအခွင့်ကြုံလို့ ရောက်လာရပြီးပေါ့"

အကြီးအကဲရွေးချယ်ပွဲတိုင်းမှာ ပါဝင်သူက ကိုးယောက် ရှိလိမ့်မှာမဟုတ်ပါဘူး။ ပုံမှန်အားဖြင့် အံ့ဩတုန်လှုပ်စရာပါရမီမရှိဘဲနဲ့ အဆိုပြုချက်ကို ကျော်ဖြတ်နိုင်မှာ မဟုတ်ပါဘူး။ သူတို့က ဓားဧကရာဇ်ကို အဆိုပြုရမယ်ဆိုတာနဲ့ ပတ်သက်ပြီး ဆန်းကြယ်နက်နဲဓားသူတော်စင်နဲ့အခြားသူတော်စင်နှစ်ယောက်က တုံ့ဆိုင်းမှုအချို့ ရှိခဲ့တယ်။ ဒါပေမယ့် လီဖူချန်း ထွက်ပေါ်မလာရင်တောင် သူတို့က ဓားဧကရာဇ်ကိုပဲ ရွေးချယ်ရမှာပဲလေ။

လီဖူချန်းထွက်ပေါ်လာမှုက သူတို့ရဲ့တုံ့ဆိုင်းမှုကို ပျောက်ကွယ်သွားစေခဲ့တယ်။

"ကဲကဲ၊ ရောက်တုန်းရောက်ခိုက် လက်ရည်တစ်ချက်စမ်းကြည့်ရအောင်လေ။ မင်းက ဒီနေရာကို ဟန်ပြဖို့အတွက်သာ လာသလားကို ကြည့်ရတာပေါ့" ရုပ်ရည်ချောမောတဲ့လူရွယ်တစ်ယောက်က ပြုံးကာ ပြောလိုက်တယ်။

မီးခိုးရောင်ဆံပင်နဲ့လူရဲ့ဘယ်ဘက် ဆယ်မီတာအကျော်မှာ ရုပ်ရည်ချောမောတဲ့လူရွယ်တစ်ယောက်နဲ့ ကြင်နာသနားတတ်တဲ့လူငယ်တစ်ယောက် ရှိတယ်။

"တိုင်ယန်အဆုံးစွန်းဓားသူတော်စင်၊ သိပ်ပြော‌မနေနဲ့ မဟုတ်ရင် အဆုံးမှာ မင်းကသာ အရှက်ရစရာ ဖြစ်သွားရလိမ့်မယ်" ဆန်းကြယ်နက်နဲဓားသူတော်စင်က ရုပ်ရည်ချောမောတဲ့လူရွယ်ကို ကြည့်ကာ ပြောလိုက်တယ်။

ရုပ်ရည်ချောမော‌တဲ့လူရွယ်က ကြီးကျယ်ခမ်းနားတဲ့ရုပ်ရည်နဲ့မြင့်မားတဲ့ပုံရိပ်ရှိတယ်၊ ဒါပေမယ့် သူ့ရဲ့အမည်က အလွန်လွှမ်းမိုးနိုင်ပြီး တိုင်ယန်အဆုံးစွန်းဓားသူတော်စင်လို့ ခေါ်တယ်။ သူက အလွန်အမင်း အားကောင်းပြီး အလယ်ဆင့်သူတော်စင်တွေကြားမှာ လက်ရွေးစင်တွေထဲက တစ်ယောက်ဖြစ်တယ်။

"ကောင်းပြီး၊ ကောင်းပြီး၊ ငါတို့က တစ်ယောက်‌နဲ့တစ်ယောက်မတွေ့တာ နှစ်ပေါင်းများစွာ ကြာပြီ။ ဘာလို့ ငါတို့တွေအချင်းချင်း ငြင်းခုံနေကြရမှာလဲ"  ပြောတဲ့တစ်ယောက်က လှပတဲ့သက်လတ်ပိုင်းအရွယ်မိန်းမတစ်ယောက်ဖြစ်တယ်။ သူမရဲ့ဆံပင်မှာ ဓားပုံသဏ္ဍာန်ဆံထိုးတစ်ခုရှိတယ်။

"ဟားဟား၊ ငါ ကောင်းကင်ဒီပါဓားသူတော်စင် ရောက်လာပြီ" မက်မွန်သစ်တောကို ဖြတ်ကာ အသံတစ်ခုက ပဲ့တင်ထပ်သွားတယ်။

လူတိုင်းက အသံအရင်းမြစ်ရှိရာကို ကြည့်လိုက်တယ်။ ဓားပုံသဏ္ဍာန်တံခါးအလင်းတစ်ခု ပေါ်သွားပြီး အဖြူရောင်မျက်နှာနဲ့လူတစ်ယောက်က ကလေးမလေးတစ်ယောက်နဲ့အတူ ထွက်လာနေတယ်။

အဖြူရောင်မျက်နှာနဲ့လူကို မြင်တဲ့အခါ တိုင်ယန်အဆုံးစွန်းဓားသူတော်စင်ရဲ့မျက်နှာက တိုက်ခိုက်ရေးဆန္ဒတစ်ခုနဲ့အတူ လင်းလက်သွားချေတယ်။

ကောင်းကင်ဒီပါဓားသူတော်စင်ကို နက်ပြာပလိန်းရဲ့နံပါတ်တစ်အလယ်ဆင့်သူတော်စင်လို့ အသိအမှတ်ပြုထားကြတယ်။ သူ့ရဲ့ခွန်အားက သူ့အဆင့်အထက်က သူတွေနဲ့ တိုက်ခိုက်နိုင်‌စေပြီး ထိပ်တန်းအဆင့်မြင့်သူတော်စင်တွေနဲ့ ရင်ဆိုင်နိုင်ပါတယ်။

အခြားသူတွေအတွက်ကတော့ သူတို့က သာမန်အဆင့်မြင့်သူတော်စင်တွေကိုသာ ယှဉ်ပြိုင်နိုင်တာပါ။

"ကောင်းကင်ဒီပါဓားသူတော်စင်၊ ဘာလို့ မင်းက ကလေးမလေးတစ်ယောက်ကို ခေါ်လာတာလဲ" မီးခိုးရောင်ဆံပင်နဲ့လူက သရော်လိုက်တယ်။

ကောင်းကင်ဒီပါဓားသူတော်စင်က မေးငေါ့လိုက်တယ်"သူမက ဒီကျင့်ကြံခြင်းအဆင့်ကို အနည်းငယ်စောစွာ ချိုးဖျက်နိုင်ခဲ့တာကြောင့်  ငယ်ရွယ်သလို ဖြစ်နေတာ။ ဒါပေမယ့် ဒီနေရာက အခြားသူတွေနဲ့နှိုင်းယှဉ်ရင် တကယ်ပဲ ငယ်တာပဲလေ။ ဒါပေမယ့် သူမက ပင်မအကြီးအကဲနေရာကို ရရှိဖို့ သေချာလိမ့်မယ်လို့  ငါ သေချာတယ်"

"လေကြီးနေတာပဲ၊ ဘာလို့ မင်းက သေချာနေရတာလဲ" တိုင်ယန်အဆုံးစွန်းဓားသူတော်စင်က နှာခေါင်းရှုံ့လိုက်တယ်။

ကောင်းကင်ဒီပါဓားသူတော်စင်က ရယ်လိုက်တယ်"ဘာလို့ဆို သူမမှာ မွေးရာပါဓားနှလုံးသား ရှိလို့ပဲ"

"မွေးရာပါဓားနှလုံးသား........ဘာ။ မွေးရာပါဓားနှလုံးသားလား"

လူတိုင်းက အံ့ဩတုန်လှုပ်သွားကြတယ်၊ လီဖူချန်းလည်း အပါအဝင်ပေါ့။

မွေးရာပါဓားနှလုံးသားက သူမကို ဓားနှလုံးသားနဲ့အတူ မွေးဖွားလာတယ်လို့ ဆိုလိုတယ်။ ဒါက ဘယ်လိုဓားတာအိုပါရမီအမျိုးအစားပါလဲ။

ရှေးခေတ်တုန်းကဆိုရင် မွေးရာပါဓားနှလုံးသားနဲ့သူတွေက နတ်ဘုရားဖြစ်ဖို့အခွင့်အလမ်းတစ်ခု ရှိတယ်လို့ ဒဏ္ဍာရီတွေက ပြောခဲ့ကြတယ်။

"တစ်ခုခုတော့ မှားနေပြီ။ ရှေးခေတ်မှတ်တမ်းတွေမှာ ပြောခဲ့တာကတော့ မွေးရာပါဓားနှလုံးသားနဲ့သူတွေကို မွေးရာပါဓားချီတွေက ဝန်းရံထားတယ်။ သာမန်လူတွေက မွေးရာပါဓားချီကို မခံစားနိုင်ပေမယ့် ငါတို့တွေ မခံစားမိဖို့က မဖြစ်နိုင်ဘူး" လှပတဲ့အမျိုးသမီးက သံသယရှိတဲ့လေသံနဲ့ ပြောလိုက်တယ်။

ထိုဖော်ပြချက်ကို ကြားပြီးနောက် လူတိုင်းက သတိပြန်ဝင်လာတယ်။

ဒီကလေးမလေးမှာ မွေးရာပါဓားနှစ်လုံးသားမရှိဘူးဆိုတာ သူတို့က သေချာတယ်။ အလယ်ဆင့်သူတော်စင်တွေအနေနဲ့ သူတို့က မွေးရာပါဓားချီကို မခံစားမိဖို့က သူတို့အတွက် မဖြစ်နိုင်ပါဘူး။ သူတို့က မခံစားနိုင်တာကြောင့် သူမမှာ မွေးရာပါဓားနှလုံးသားမရှိဘူးလို့ ဆိုလိုတယ်။

"ဟားဟား" ကောင်းကင်ဒီပါဓားသူတော်စင်က ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းကုတ်ကာ ပြောလိုက်ချေတယ်"ငါ ပြောတဲ့ မွေးရာပါဓားနှလုံးသားက မင်းတို့လူတွေ နားလည်ထားတဲ့ မွေးရာပါဓားနှလုံးသားနဲ့ မတူဘူး။ သူမက အသက်ရှစ်နှစ်အရွယ်မှာ ဓားနှလုံးသားကို အလိုအလျောက် သိပ်သည်းနိုင်ခဲ့တယ်။ ဒါကိုလည်း မွေးရာပါဓားနှလုံးသားလို့ ယူဆတာ မှန်တယ်မလား"

"အဓိပ္ပါယ်မရှိတာတွေ" မီးခိုးရောင်ဆံပင်နဲ့လူက ပြောစရာစကားမရှိ ဖြစ်သွားတယ်။

မွေးရာပါဓားနှလုံးသားက ဓားနှလုံးသားကို မွေးကတည်းက ပိုင်ဆိုင်တာကို ဆိုလိုတယ်။ ကလေးမလေးက ဓားနှလုံးသားကို အလိုအလျောက် သိပ်သည်းနိုင်တယ်ဆိုပေမယ့် အဲဒါက ‌ကျောပိုင်းသာ ဖြစ်ပြီး သူတို့မှာ လုံးဝကို မတူညီတဲ့အဓိပ္ပါယ်တွေ ရှိပါတယ်။

"အရေးမပါတာတွေနဲ့ အချိန်မဖြုန်းစမ်းပါနဲ့။ အသက်ရှစ်နှစ်မှာ ဓားနှလုံးသားကို သိပ်သည်းနိုင်တာက ရှင်းဝမ်အတွက် အံ့မခန်းတစ်ခုပဲလေ။ ငါ‌ မေးပါရစေအုံး၊ စကြာဝဠာရှိဘယ်သူကများ အဲဒီလိုပြုလုပ်နိုင်လို့လဲ" ကောင်းကင်ဒီပါဓားသူတော်စင်က အလွန်မာနကြီးစွာ ပြောလိုက်တယ်။

"ဒါ‌တော့မှန်ပါတယ်" မီးခိုးရောင်ဆံပင်နဲ့လူက ခေါင်းညိတ်လိုက်တယ်။

အသက်ရှစ်နှစ်အရွယ်မှာ ဓားနှလုံးသားကို သိပ်သည်းခြင်းက သူ စိတ်ကူးမယဉ်ရဲတဲ့အရာ ဖြစ်တယ်။ ဒီလိုလူတစ်ယောက်က နတ်ဘုရားတစ်ယောက်ဖြစ်ဖို့ အခွင့်အရေးမရှိရင်တောင် အကြိုနတ်ဘုရားတစ်ယောက်ဖြစ်ဖို့ အခွင့်အရေးတစ်ခု ရှိပါတယ်။

လူတိုင်းက အမူအရာ ပြောင်းလဲသွားပြီး သူတို့က ကလေးမလေးကို ကြည့်လိုက်တယ်။

"အသက်ရှစ်နှစ်မှာ ဓားနှလုံးသားကို သိပ်သည်းခြင်းက မယုံနိုင်စရာကောင်း‌တယ်၊ ဒါပေမယ့် ငါ့တပည့်မှာက မွေးရာပါဓားခန္ဓာကိုယ်ရှိတယ်" တိုင်ယန်အဆုံးစွန်းဓားသူတော်စင်က ထိတ်လန့်စရာတစ်ခုကို ပြောလိုက်တယ်။

"မွေးရာပါဓားခန္ဓာကိုယ်' ဆန်းကြယ်နက်နဲဓားသူတော်စင်ရဲ့မျက်လုံးတွေက ကျုံ့သွားတယ်။

"မွေးရာပါဓားခန္ဓာကိုယ်က ဘာလဲ" လီဖူချန်းက ဆန်းကြယ်နက်နဲဓားသူတော်စင်ကို မေးလိုက်တယ်။

ဆန်းကြယ်နက်နဲဓားသူတော်စင်က ရှင်းပြလိုက်တယ်"မွေးရာပါဓားခန္ဓာကိုယ်က ခန္ဓာကိုယ်မှာ မွေးကတည်းက ဓားအင်းကွက်တွေ ပါလာတယ်လို့ ဆိုလိုတယ်။ ဒါ့ပြင် အဲဒါက ပုံမှန်ဓားအင်းကွက်တွေမဟုတ်ဘူး၊ ဒါပေမယ့် မွေးရာပါဓားအင်းကွက်တွေ ဖြစ်တယ်။ အဲဒါက ဓားတာအိုကို အလွယ်တကူ ကျင့်ကြံနိုင်စေပြီး တိုးတက်မှုကို လျင်မြန်စေတယ်။ ဒါ့ပြင် ခန္ဓာကိုယ်ကလည်း လက်နက်တစ်ခုပမာ အလွန်ကြမ်းတမ်းတယ်။ မွေးရာပါဓားနှလုံးသားက နတ်ဘုရားဖြစ်ဖို့ အခွင့်အရေး ရှိတယ်ဆိုရင် မွေးရာပါဓားခန္ဓာကိုယ်က စကြာဝဠာမှာ အုပ်စိုးသူတစ်ယောက်ဖြစ်လာဖို့ ကံကြမ္မာသတ်မှတ်ထားတယ်။ အဲဒါက မွေးရာပါဓားနှလုံးသားထက် နိမ့်ကျရုံမျှသာပဲ"

လီဖူချန်းက ရှင်းပြချက်ကို နားလည်တယ်။ မွေးရာပါဓားခန္ဓာကိုယ်က ဓားအဆီအနှစ်နဲ့ တူတယ်၊ ဒါပေမယ့် များစွာပိုမြင့်မားတယ်။

ဓားအဆီအနှစ်မှာရှိတဲ့ဓားအင်းကွက်တွေက ဓားအင်းကွင်းကျောပိုင်းတွေသာ ဖြစ်တယ်၊ဒါ့ပြင် အဲဒါက ရိုးတွင်းခြင်ဆီမှာ ဓားအင်းကွက်တွေ ပါဝင်ရုံမျှသာပဲ။ အဲဒါက ဓားအင်းကွက်တွေ ပါဝင်တဲ့ ခန္ဓာကိုယ်တစ်ခုလုံးနဲ့ မနှိုင်းယှဉ်နိုင်ပါဘူး။

တူညီတဲ့ကျင့်ကြံခြင်းအဆင့်နဲ့ဓားတာအိုအဆင့်မှာ ရှိနေရင်တောင် မွေးရာပါဓားခန္ဓာကိုယ်နဲ့လူက ပိုကြီးကျယ်တဲ့ စွမ်းအားရှိမှာကို စဉ်းစားဖို့ မခက်ခဲပါဘူး။ ပြီးတော့ ဓားအင်းကွက်တွေက ဓားပညာတွေကို တိုက်ရိုက်မြင့်တင်ပေးနိုင်တယ်လေ။

"ကြည့်ရတာ ငါ လူတိုင်းကို လျော့တွက်လို့ မရဘူးပဲ"

သူက ကမ္ဘာကြီးရဲ့ကျယ်ပြောမှုကို လျော့တွက်ခဲ့တယ်လို့ လီဖူချန်းက ဝန်ခံတယ်။ သူ့မှာ ကောင်းကင်ဆန့်ကျင်ကံကြမ္မာရှိတယ်၊ ဒါပေမယ့် အခြားသူတွေမှာ ကောင်းကင်ဆန့်ကျင့်ပါရမီ ဒါမှမဟုတ် ကံကြမ္မာမရှိဘူးလို့ မဆိုလိုပါဘူး။

အချိန်တိုအတွင်းမှာ သူက ကောင်းကင်ဆန့်ကျင့်ဓားတာအိုပါရမီရှင်နှစ်ယောက်ကို ကြားခဲ့ရတယ်၊ အခြားသူတွေ ထပ်ရှိမလားကို ဘယ်သူ သိနိုင်မှာလဲ။

ယခု ကောင်းကင်ဒီပါဓားသူတော်စင်က ရောက်လာပြီးဖြစ်တာကြောင့် လူတိုင်းက ရောက်ရှိလာပြီးပေါ့။

ဒီတစ်ကြိမ်မှာ‌တော့ အကြီးအကဲရွေးချယ်ပွဲမှာ ပါဝင်သူငါးယောက် ရှိတယ်။

လီဖူချန်းအပြင် အခြားလေးယောက်ကတော့ ကောင်းကင်ဒီပါဓားသူတော်စင်နဲ့အတူပါလာတဲ့ ကလေးမလေး ဖေးရှင်းဝမ်၊ တိုင်ယန်အဆုံးစွန်းဓားသူတော်စင်နဲ့အတူပါလာတဲ့ ကြင်နာသနားတတ်တဲ့လူငယ်လေး ချင်လော၊ လှပတဲ့အမျိုးသမီးနဲ့အတူပါလာတဲ့ အနီရောင်ဝတ်မိန်းမရွယ်လေး ကျူးကဲယီဟွာနဲ့ မီးခိုးရောင်ဆံပင်နဲ့လူကြီးနဲ့အတူပါလာတဲ့ လူငယ် ဝေ့ရီကျန့်တို့ပါပဲ။

ဖေးရှင်းဝမ်က ဓားနှလုံးသားကို အသက်ရှစ်နှစ်မှာ သိပ်သည်းခဲ့တယ်၊ ချင်လောက မွေးရာပါဓားခန္ဓာကိုယ်ကို ပိုင်ဆိုင်တယ်၊ ကျူးကဲယီဟွာနဲ့ဝေ့ရီကျန့်တို့ကလည်း မနိမ့်ကျပါဘူး။ သူတို့နှစ်‌ယောက်လုံးက ဓားနှလုံးသားကို သိပ်သည်းထားပြီး မြင့်မားတဲ့ဓားတာအိုအဆင့်တွေ ရှိပါတယ်။

"ဟုတ်တယ်၊ ဆန်းကြယ်နက်နဲဓားသူတော်စင်၊ မင်းဘေးနားက ဒီလူငယ်လေးကိုရော မင်း မမိတ်ဆက်ရသေးဘူးမလား" မီးခိုရောင်ဆံပင်နဲ့လူက ရုတ်တရက် မေးလိုက်တယ်။

"သူ့မှာ ဘာမှ ဖော်ပြစရာမရှိလို့များလား" ကောင်းကင်ဒီပါဓားသူတော်စင်က ကျီစယ်ရင်း သူက လီဖူချန်းကို အကဲဖြတ်လိုက်တယ်။

"အမ်" သူက တစ်ချက်ကြည့်ပြီးချင်းချင်း သူစောစောကပြောခဲ့တဲ့အကြောင်းအရာကို ပြန်ပယ်ဖျက်ချင်စိတ်တောင် ပေါက်ခဲ့ရတယ်။

ဆန်းကြယ်နက်နဲဓားသူတော်စင်က ပြုံးလိုက်တယ်"မိတ်ဆက်စရာ အများကြီးတော့ မရှိပါဘူး၊ သူက အဆင့်နိမ့်သူတော်စင်တစ်ယောက်ကို အနိုင်ယူခဲ့ယုံမျှသာပဲ။ ဒီလောက်လေးပါပဲလေ"

လီဖူချန်းက ကြက်သွေးရောင်စပါးအုံးသူတော်စင်ကို အနိုင်ယူခဲ့တာကို ဆန်းကြယ်နက်နဲဓားသူတော်စင်က သိခဲ့တယ်၊ ဒါ့ပြင် မီးခိုးရောင်ဝံပုလွေအရှင်သခင်က  လိုက်ဖမ်းနေစဉ်တောင် လီဖူချန်းက လေတိမ်မြို့အထိ ထွက်ပြေးလာနိုင်ခဲ့တယ်။ အဲဒါက အရာများစွာကို သက်သေပြဖို့ လုံလောက်ပါတယ်။

"ဘာ"

လူတိုင်းက လီဖူချန်းကို ကြည့်လိုက်ကြတော့တယ်။

ဥပဒေသပြောင်းလဲခြင်းနယ်ပယ်မှာ အဆင့်နိမ့်သူတော်စင်တစ်ယောက်ကို အနိုင်ယူခြင်းက သာမန်ကိစ္စတစ်ခု မဟုတ်ပါဘူး။ နှစ်ထောင်ပေါင်းများစွာအတွင်း ဥပဒေသပြောင်းလဲခြင်းနယ်ပယ်ဧကရာဇ်တစ်ယောက်က အဆင့်နိမ့်သူတော်စင်တစ်ယောက်ကို အနိုင်ယူခဲ့တာကို တစ်ယောက်ကမှ မမြင်ခဲ့ရသေးပါဘူး။

***

All Chapters