တိုက်ခိုက်ခြင်း(၁)
Vol. 58 Ch. 798
လားတစ်ကောင်ဖြစ်စေ ဒါမှမဟုတ် မြင်းတစ်ကောင်ဖြစ်စေ၊ စီးပြီးမှသာ ရလာဒ်ကို သိလာမှာပါ။
မိတ်ဆက်ပြီးနောက် ရွေးချယ်ပွဲက စတင်ပါတော့တယ်။
ကျင်းပရာနေရာကတော့ မက်မွန်းတောအုပ်ထဲရှိ ရင်ပြင်မှာပဲ ဖြစ်ပါတယ်။
ငါးယောက်က အလှည့်ကျစီတိုက်ခိုက်ရမှာပါ၊ တိုက်ပွဲအားလုံးကို နိုင်တဲ့သူက ပဏာမအကြီးအကဲတစ်ယောက်အဖြစ် ခန့်အပ်ခြင်း ခံရပါလိမ့်မယ်။
ပဏာမအကြီးအကဲရွေးချယ်ပွဲပြီးနောက် နောက်ထပ်ရွေးချယ်ပွဲ ရှိပါတယ်။ အဲဒါက အလွန်ရိုးရှင်းပါတယ်၊ ဓားသူတော်စင်ရုပ်သေးနဲ့ ဆယ်မိနစ်ကြာ တိုက်ခိုက်ဖို့ပဲ ဖြစ်ပါတယ်။ မကျဆုံးတဲ့သူတွေကသာ ပင်မသူတော်စင်ဖြစ်ဖို့ အရည်အချင်း ပြည့်မှီပါလိမ့်မယ်။
"ငါ အရင်ဆုံး သွားမယ်၊ ဘယ်သူက ငါနဲ့ တိုက်ခိုက်ချင်လဲ" မီးခိုးရောင်ဆံပင်နဲ့လူဘေးနားရှိ လူငယ်ဝေ့ရီကျန့်က ကျယ်လောင်စွာ ပြောလိုက်တယ်။
"နင့်ရဲ့အရည်အချင်းကို စမ်းသပ်ကြည့်တာပေါ့" အနီရောင်ဝတ်စုံနဲ့မိန်းမရွယ်လေးကျူးကဲယီဟွာရဲ့ပုံရိပ်က လျှပ်တစ်ပြက်လက်သွားပြီး ဝေ့ရီကျန့်ရဲ့ရှေ့မှာ ထွက်ပေါ်လာတယ်။
"ဂရုစိုက်ပါ" ဝေ့ရီကျန့်က အမည်းရောင်မီးခိုးတစ်ခုအဖြစ် ပြောင်းသွားပြီး ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်။
ကလင်း...........
ကျူးကဲယီဟွာရဲ့အာရုံက အလွန်စူးရှပြီး ဘယ်နေရာမှာမှမထွက်ပေါ်လာဟန်ရှိတဲ့ခုတ်ချက်ကို တားဆီးလိုက်တယ်။
"ဒါက တစ္ဆေဓားတာအိုလား" ထိတ်လန့်တုန်လှုပ်စရာပါရမီကို မြင်ပြီးနောက် ဆန်းကြယ်နက်နဲဓားသူတော်စင်က နှုတ်ခမ်းသပ်လိုက်မိတယ်။
တစ္ဆေဓားတာအိုက လုပ်ကြံသတ်ဖြတ်ဖို့အတွက် သုံးတဲ့ မယုံနိုင်စရာကောင်းတဲ့ဓားတာအိုတစ်ခု ဖြစ်ပြီး ခြေရာခံလို့မရနိုင်ပါဘူး။
မီးခိုးရောင်ဆံပင်နဲ့လူက ရယ်ကာ ပြောလိုက်တယ်"ဝေ့ရီကျန့်ရဲ့တစ္ဆေဓားတာအိုက ဓားရွှေ့ပြောင်းမှုနဲ့ဓားပညာတို့ရဲ့ပေါင်းစပ်မှုတစ်ခု ဖြစ်တယ်။ ရန်သူက ပိုအားကောင်းရင်တောင် တစ္ဆေဓားတာအိုကို မဖြေရှင်းနိုင်ဘူးဆိုရင် သူတို့က ရှုံးနိမ့်သွားရလိမ့်မယ်"
မင်းက မင်းရဲ့ရန်သူကို မရိုက်နိုင်ဘူး၊ ဒါပေမယ့် မင်းရဲ့ရန်သူက မင်းကို အလွယ်တကူ ရိုက်နိုင်တယ်ဆိုရင် တိုက်ပွဲကြာရှည်လာတာနဲ့အမျှ မင်းက ရှုံးနိမ့်သွားရလိမ့်မယ်။
"အဲလိုမဖြစ်နိုင်ဘူး" လှပတဲ့အမျိုးသမီးက ကျူးကဲယီဟွာအပေါ် ယုံကြည်ချက်ရှိပုံပေါ်တယ်။
"ဆူးပန်းသေခြင်းနဲ့ရှင်ခြင်း"
တိုက်ကွက်အနည်းငယ်ဖလှယ်ပြီးနောက် တဖြည်းဖြည်းနိမ့်ကျလာနေတဲ့ကျူးကဲယီဟွာရဲ့ဓားအရှိန်အဝါမှာ ရုတ်တရက် ပြောင်းလဲမှုတစ်ခု ရှိလာတယ်။ ဟင်းလင်းပြင်မှာ ဆူးပန်းတစ်ပွင့် ဖူးပွင့်သွားပြီး ဓားအရိပ်တစ်ခုက ဟင်းလင်းပြင်ဇုန်အမျိုးမျိုးကြားမှာ လွန်းပြန်သွားလာနေတယ်။
"ဆူးပန်းဓားတာအိုလား"
ကျူးကဲယီဟွာရဲ့ဆူးပန်းဓားတာအိုက ဆူးပန်းဧကရီရဲ့ဆူးပန်းဓားတာအိုနဲ့ တူညီတာကို လီဖူချန်းက မြင်ရတယ်။ ဒါပေမယ့် ကျူးကဲယီဟွာရဲ့ဆူးပန်းဓားတာအိုက ပိုပြီး လေးနက်တယ်။
ဆူးပန်းဓားတာအိုမှာ ပန်းတွေဖူးပွင့်တယ်၊ ခြောက်သွေ့ညှိုးနွမ်းသလိုမျိုး သေခြင်းနဲ့ရှင်ခြင်းရဲ့စစ်မှန်တဲ့အနှစ်သာရ ပါဝင်တယ်။ အဲဒါမှာ ကံကြမ္မာစက်ဝိုင်းလည်း ပါဝင်ချေတယ်။
ဝေ့ရီကျန့်ရဲ့ဓားတာအိုအဆင့်က ပိုအားနည်းတာ သိသာပါတယ်။ သူ့ရဲ့ရွေ့လျားမှုနဲ့ဓားပညာက တစ္ဆေပမာဖြစ်နိုင်တယ်၊ ဒါပေမယ့် သူက ဆူးပန်းရဲ့ကန့်သတ်မှုမှ လွတ်မြောက်နိုင်ခြင်း မရှိပါဘူး။
အစ်........
သွေးတွေ အန်ထွက်သွားပြီး ဝေ့ရီကျန့်က ဟင်းလင်းပြင်မှ နှင်ထုတ်ခံလိုက်ရတယ်။
"ငါ့ကို အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ကျူးကဲယီဟွာက ပြောလိုက်တယ်။
"ဟမ့်"
ဝေ့ရီကျန့်ရဲ့အမူအရာက မကောင်းပါဘူး။ သူတော်စင်လတိုက်ကြီးမှာ သူက ဓားဧကရာဇ်သတ်မှတ်ချက်ရဲ့နံပါတ်တစ်ဖြစ်ပေမယ့် အမျိုးသမီးတစ်ယောက်ကို ရှုံးနိမ့်ရလိမ့်မယ်လို့ သူ မထင်ခဲ့ပါဘူး။
ဝေ့ရီကျန့်ရှုံးတာနဲ့ပတ်သက်ပြီး မီးခိုးရောင်ဆံပင်နဲ့လူက စိတ်မပျက်ပါဘူး။ ဝေ့ရီကျန့်က ပင်မအကြီးအကဲတစ်ယောက်အဖြစ် အဆိုပြုနိုင်ရုံမျှသာ ဖြစ်တယ်၊ ဒါကြောင့် သူ့အနေနဲ့ ရှုံးတာက ပုံမှန်ပါပဲ။
"ချင်လော၊ ငါ့ကို လမ်းညွှန်မှုအချို့ ပေးပါအုံး" ဝေ့ရီကျန့်ကို အနိုင်ယူပြီးနောက် ကျူးကဲယီဟွာက ချင်လောကို ကြည့်လိုက်တယ်။
ချင်လောမှာ ဒဏ္ဍာရီလာမွေးရာပါဓားခန္ဓာကိုယ်ရှိပေမယ့် အဲဒါက အမှန်ဟုတ်မဟုတ်ကို မသိနိုင်ဘူးလေ။
"ကောင်းပြီ"
ချင်လောက ထွက်လာတယ်၊ ကျူးကဲယီဟွာကို ကြည်လင်တဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။
"ဆူးပန်းသေခြင်းနဲ့ရှင်ခြင်း"
ကျူးကဲယီဟွာက သူမရဲ့သင်္ကေတဓားကွက်ကို ချက်ချင်း သုံးလိုက်တယ်။ သူမက ဓားနဲ့ ခုတ်ပိုင်းလိုက်တဲ့အခါ ဆူးပန်းတွေက ဟင်းလင်းပြင်မှာ ပြန့်ကျဲသွားပြီး ဓားအရိပ်က ထွက်ပေါ်လာတယ်။
"ချိုးဖျက်စမ်း"
ချင်လောက သူ့ရဲ့လက်ခလယ်နဲ့လက်ညှိုးကို မြောက်ကာ ထိုးလိုက်တယ်။ ဓားချီတစ်ခုက စကြာဝဠာကို ထိုးဖောက်သွားတဲ့မိုးကြိုးတစ်ခုပမာ ဆူးပန်းသေခြင်းနဲ့ရှင်ခြင်းကို ထိုးဖောက်သွားတယ်။ ကျူးကဲယီဟွာလည်း လွင့်ထွက်သွားခဲ့ရတယ်။
"ဒီလိုအားကောင်းတဲ့မွေးရာပါဓားခန္ဓာကိုယ်" ဆန်းကြယ်နက်နဲဓားသူတော်စင်ရဲ့မျက်လုံးတို့က လင်းလက်သွားချေတယ်။
ချင်လောရဲ့ခွန်အားက ဓားဧကရာဇ်ထက် ပိုမြင့်တာ သိသာပါတယ်၊ မဟုတ်ဘူး၊ ဓားဧကရာဇ်ရဲ့ဟိုးအထက်မှာ ရှိနေတာပါ။
ချင်လောရဲ့ခန္ဓာကိုယ်က အကြွင်းမဲ့နတ်ဓားတစ်လက်နဲ့ တူပြီး သူ့ခွန်အားကို စိတ်ကူးမယဉ်နိုင်လောက်တဲ့အဆင့်အထိ တိုးမြှင့်နိုင်ပါတယ်။
"ဒီလိုခွန်အား........" မူလက မပျော်ရွှင်တဲ့ဝေ့ရီကျန့်က ခံစားရသက်သွားပုံရတယ်။
သူက ကျူးကဲယီဟွာကို နိုင်ရင်တောင် ကိစ္စမရှိပါဘူး၊ သူ့မှာ ချင်လောရဲ့တိုက်ခိုက်မှုကို ခုခံဖို့ စွမ်းအားမရှိဘူးလေ။
"ငါ၊ ဖေးရှင်းဝမ်၊ နင့်ရဲ့အရည်အချင်းကို စမ်းသပ်ကြည့်ရတာပေါ့လေ" မိန်းမငယ်လေးဖေးရှင်းဝမ်က ထလာတယ်။
"ကျေးဇူးပြု၍" ချင်လောရဲ့မျက်နှာမှာ လေးနက်မှုအရိပ်အယောင်တစ်ခု ဖြစ်တည်သွားတယ်။
သူ့ရဲ့မွေးရာပါဓားခန္ဓာကိုယ်က သူ့ပြိုင်ဘက်ရဲ့ဓားတာအိုခွန်အားကို ရှင်းလင်းစွာ ခံစားဖို့ ခွင့်ပြုပေးတယ်။ ဖေးရှင်းဝမ်က ဓားတာအိုဥပဒေသနဲ့ ပေါင်းစပ်ထားပြီး ဓားရဲ့မဟာတာအိုနဲ့ အပြည့်အဝသဟဇာတဖြစ်သလို ခံစားရတယ်။
"မိုးကြိုးပစ်ခြင်း"
ချင်လောက ကျူးကဲယီဟွာကိုအနိုင်ယူခဲ့တဲ့ဓားကွက်ကို သုံးလိုက်တယ်။ မိုးကြိုးနဲ့တူတဲ့ဓားချီက ဟင်းလင်းပြင်ကို ဆုတ်ဖြဲပြီး ဖေးရှင်းဝမ်ဆီ တည့်မတ်စွာ တိုးဝင်လာတယ်။
"မိုးပြာရောင်နဂါးပေါ်ထွက်ခြင်း"
ဖေးရှင်းဝမ်က မရှောင်ဘူး၊ နောက်မဆုတ်ဘူး၊ သူမက သူမရဲ့ကိုယ်ပိုင်ဓားကွက်နဲ့ တန်ပြန်တိုက်ခိုက်လိုက်တယ်။
ဝုန်း........ဝုန်း.........ဝုန်း..........
မိုးပြာရောင်နဂါးဓားချီက ချင်လောတွေးထင်ထားးတာထက် ခိုင်မာတယ်။ မိုးကြိုးပစ်ဓားချီက ဝါဂွမ်းထဲကို ရောက်ရှိသွားသလို၊ ကျောက်တုံးထဲမှာ နစ်မြုပ်သွားသလို ခံစားရတယ်။
"ထိုက်ချိဓားတာအို"
ဖေးရှင်းဝမ်ရဲ့ဓားတာအိုမှာ ထိုက်ချိဓားတာအိုပါဝင်နေတာကို လီဖူချန်းက ချက်ချင်း သတိပြုမိသွားတယ်။
ထိုက်ချိဓားတာအိုက မာကျောမှုနဲ့နူးညံမှုတို့ရဲ့ ဟန်ချက်ညီမှုတစ်ခု ရှိတယ်၊ အဲဒါက ၎င်းကို ရင်ဆိုင်ရအခက်ခဲဆုံးဓားတာအိုတစ်ခု ဖြစ်စေခဲ့တယ်။
ချင်လောက ဖေးရှင်းဝမ်ထက် သိသိသာသာ ပိုမသန်မာခဲ့ရင် သူမရဲ့ဓားကွက်ကို ဖယ်ရှားဖို့က မဖြစ်နိုင်ပါဘူး။
"ဒီရေ"
ပထမဓားကွက်က မလုံလောက်တာကြောင့် ချင်လောက သူ့ရဲ့ဓားလက်ချောင်းနဲ့အတူ နောက်ထပ်တိုက်ကွက်တစ်ခုကို ဖော်ထုတ်လိုက်တယ်။
ဝုန်း.........
ဓားအလင်းတောက်ပမှုက ဒီရေတစ်ခုအလား လှိုင်းထနေလေတယ်။ ကြယ်တွေပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာတဲ့စွမ်းအင်လှိုင်းတစ်ခုပမာ ခံစားရတယ်။ တုန်လှုပ်စရာလှိုင်းတွေက ပြိုင်ပွဲကျင်းပရာနေရာတစ်ခုလုံးကို ပျံ့နှံ့သွားတယ်။
"ဓားပြောင်းလဲခြင်းယင်နဲ့ယန်"
ဖေးရှင်းဝမ်က အလျင်စလိုမဖြစ်ပါဘူး၊ အလင်းနဲ့အမှောင်ဓားအရိပ်နှစ်ခုက သူမရဲ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာတယ်။ သူတို့က သူမရဲ့ခန္ဓာကိုယ်ပတ်ပတ်လည်မှာ လှည့်ပတ်ခဲ့တယ်၊ နောက်အခိုက်မှာတော့ ဓားအလင်းတွေက သူမရဲ့ခန္ဓာကိုယ်ကို အဆက်မပြတ် ဝန်းရံနေလေတယ်။ ဓားကွက်မှာပါရှိတဲ့ဓားဆန္ဒမှာ ယင်နဲ့ယန်ရဲ့ချို့ယွင်းချက်မဲ့ဟန်ချက်ညီခြင်းတစ်ခု ပါရှိတယ်။
ဒီရေဓားအလင်းတောက်ပမှုက ဓားအလင်းအတားအဆီးကို တိုက်ခိုက်လိုက်ပြီး ကျယ်လောင်တဲ့လှိုင်းသံတွေ ထွက်ပေါ်လာရတယ်။
ဒါပေမယ့် ဓားအလင်းတောက်ပမှုက ဘယ်လောက်ပဲ အားကောင်းကောင်း ကိစ္စမရှိပါဘူး၊ ဓားအလင်းအတားအဆီးကို ထိခိုက်မှုတစ်ခုမှ မဖြစ်စေနိုင်ဘူးလေ။ အများဆုံး နည်းနည်းလေးတော့ ပုံပျက်စေရုံပေါ့။
လှပတဲ့အမျိုးသမီးက ပြောလိုက်တယ်"ထိုက်ချိဓားတာအိုက ဒုက္ခအပေးဆုံးဓားတာအိုလို့ လူသိများတယ်။ အဲဒါက သူမရဲ့ရန်သူတွေအတွက် တကယ်ကို ခေါင်းကိုက်စရာပါပဲ"
လှပတဲ့အမျိုးသမားသာဆိုရင် သူမတို့သာ တူညီတဲ့ကျင့်ကြံခြင်းအဆင့်ရှိနေပါက သူမက ဖေးရှင်းဝမ်ကို ကိုင်တွယ်နိုင်လိမ့်မှာ မဟုတ်ပါဘူး။ အဆုံးမှာ သူမရှုံးဖို့က ပိုဖြစ်နိုင်ပါတယ်။
"ငါ ချိုးဖျက်နိုင်လိမ့်မယ်"
ပြဿနာကို သဘောပေါက်သွားပုံရတယ်၊ ချင်လောရဲ့ပုံရိပ်က လင်းလက်သွားပြီး သူက ဖေးရှင်းဝမ်ရဲ့ရှေ့မှာ ထွက်ပေါ်လာတယ်။ သူက သူ့ရဲ့ဓားလက်ချောင်းကို ဓားအလင်းအတားအဆီးအပေါ် ထိုးဖောက်လိုက်တယ်။
ဓားအလင်းအတားအဆီးက ပြိုကွဲသွားလေတယ်။
သူ့ရဲ့မွေးရာပါဓားခန္ဓာကိုယ်က အနီးကပ်တိုက်ပွဲမှာ အသန်မာဆုံးဖြစ်တယ်။ နတ်ဓားတစ်လက်က ပြိုင်ဘက်ရဲ့ခန္ဓာကိုယ်ကို တိုက်ရိုက် ခုတ်ပိုင်းတာနဲ့ တူညီပြီး အကြီးကျယ်ဆုံးအဖျက်အဆီးအားကို ထုတ်ဖော်ပေးပါတယ်။
"ဓားပြောင်းလဲခြင်းနယ်လေးခု"
ဖေးရှင်းဝမ်က လျင်မြန်စွာ ဆုတ်သွားတယ်၊ ပြန်ဆုတ်နေရင်း ဓားအရိပ်လေးခုက ထွက်ပေါ်လာပြီး ပိုမိုခိုင်ခံတဲ့ဓားအလင်းအတားအဆီးတစ်ခုက ဖြစ်တည်လာတယ်။
ဖေးရှင်းဝမ်က အကွာအဝေးကို ချဲ့ထွင်ဖို့ ချင်လောက ခွင့်မပြုပါဘူး၊ သူက နီးကပ်စွာ လိုက်သွားပြီး ဓားအလင်းအတားအဆီးကို နောက်တစ်ကြိမ် ချိုးဖျက်လိုက်ချေတယ်။
"ဓားပြောင်းလဲခြင်းထရီဂရမ်ရှစ်ခု"
ဓားအရိပ်ရှစ်ခုက ဖေးရှင်းဝမ်ရဲ့ခြေထောက်အောက်မှာ ထွက်ပေါ်လာပြီး ရှစ်ထရီဂရမ်အင်းကွကွက်ကို ထုတ်ဖော်လိုက်တယ်။
ဒီတစ်ကြိမ်မှာတော့ ချင်လောက ဓားအလင်းအတားအဆီးကို မထိုးဖောက်နိုင်ပါဘူး၊ ဒါပေမယ့် သူက ဖေးရှင်းဝမ်ကို လွင့်ထွက်သွားစေပါတယ်။
မြေပြင်ပေါ်ကို ညင်သာစွာ ဆင်းသက်ပြီးနောက် ဖေးရှင်းဝမ်က နှာခေါင်းရှုံ့ကာ ပြောလိုက်တယ်"မဆိုးပါဘူး၊ ဒါပေမယ့် ငါ့ကို အနိုင်ယူဖို့ဆိုရင် ဒီလောက်နဲ့ မလုံလောက်ဘူး"
"ဒါဆိုရင်ရော"
လက်ဝါးဝှေ့ယမ်းမှုနဲ့အတူ ဓားတစ်လက်က ချင်လောရဲ့လက်ထဲမှာ ထွက်ပေါ်လာတယ်။
သူက မွေးရာပါဓားခန္ဓာကိုယ်ရှိပေမယ့် သူက ဓားတစ်လက်ကို မလိုဘူးလို့ မဆိုလိုပါဘူး။
သူ့လက်ထဲရှိဓားနဲ့ဆိုရင် အခု သူက ဓားချီကို အကန့်အသတ်မရှိလောင်းချနိုင်ပါပြီ။
ပြီးတော့ သူ့ရဲ့ခန္ဓာကိုယ်က မာကျောပေမယ့် ကောင်းကင်အဆင့်မြင့်လက်နက်တစ်ခုထက်တော့ နိမ့်ကျနေပါသေးတယ်။
"ဒီတစ်ခါတော့ ငါ့အလှည့်ပဲ၊ ထိုက်ချိ- အသင်္ချေသရုပ်ပြခြင်း"
သူမက ချင်လောရဲ့ဓားကို မမြင်သကဲ့သို့ ဖေးရှင်းဝမ်က ပြုမူလိုက်ချေတယ်၊ သူမရဲ့ခန္ဓာကိုယ်မှာ အလေးချိန်လုံးဝမရှိသလို ခံစားရတယ်။ ချက်ချင်းပဲ သူမရဲ့ဓားပညာက တစ်ခဏအတွင်း လှုပ်ရှားသွားတယ်။
ဒီဓားကွက်ရဲ့ကြောက်မက်ဖွယ်ရာကို ဖော်ပြဖို့က မဖြစ်နိုင်ပါဘူး။
ဓားကွက်ကို ဖော်ထုတ်လိုက်တာနဲ့ ဓားချီက ဖဖြစ်ရပ်မျိုးစုံအဖြစ်သို့ ပြောင်းလဲသွားပြီး အရာအားလုံးကို လွှမ်းမိုးသွားလေတယ်။
"ဒါဆို လာစမ်း" ချင်လောက သူ့ရဲ့ဓားရှည်ကို ကိုင်ဆွဲကာ ခုတ်ပိုင်းလိုက်တယ်။
"လီဖူချန်း၊ မင်း သူတို့ကို အနိုင်ယူဖို့ ဘယ်လောက် ယုံကြည်ချက်ရှိလဲ"
လီဖူချန်းက ချင်လောနဲ့ဖေးရှင်းဝမ်တို့ကြား တိုက်ပွဲကို ကြည့်ရင်း ဖြည်းညင်းစွာ ပြောလိုက်တယ်"တစ်ရာရာခိုင်နှုန်း"
"အိုး။ ဒါပေမယ့် သူတို့က အခုထိ ခွန်အားအပြည့်မတိုက်ခိုက်ရသေးဘူးလေ" ဆန်းကြယ်နက်နဲဓားသူတော်စင်က အံ့အားသင့်သွားတယ်။
လီဖူချန်းက ကြက်သွေးရောင်စပါးအုံးသူတော်စင်ကို အနိုင်ယူနိုင်ခဲ့တယ်ဆိုပေမယ့် အတိအကျဘာဖြစ်ပျက်ခဲ့သလဲကို ဆန်းကြယ်နက်နဲဓားသူတော်စင်က မသိပါဘူး။
***