တိုက်ခိုက်ခြင်း (၂)
Vol. 59 Ch. 799
"သူတို့က အဆုံးစွန်းဓားပညာတစ်ခုကို မနားလည်ထားဘူးဆိုရင်ပေါ့လေ"
လီဖူချန်းက သူ့ရဲ့အဆုံးစွန်းဓားပညာနားလည်မှုကို မဖုံးကွယ်ထားပါဘူး။ ရွေးချယ်ပွဲပြီးနောက် သူက ပင်မအကြီးအကဲတစ်ယောက်ဖြစ်လာမှာဆိုတော့ မကြာခင်ပဲဖြစ်ဖြစ်၊ နောက်ကျရင်ပဲဖြစ်ဖြစ် အဲဒါကို ထုတ်ပြရမှာပဲလေ။
"မင်း တကယ် အဆုံးစွန်းဓားပညာကို နားလည်ခဲ့တာလား" ဆန်းကြယ်နက်နဲဓားသူတော်စင်က လီဖူချန်းကို ထိတ်လန့်စွာ ကြည့်လိုက်မိတယ်။
ကျားစွယ်ဓားသူတော်စင်နဲ့ပန်းတစ်ရာဓားသူတော်စင်တို့ကတောင် အဆုံးစွန်းဓားပညာတစ်ခုကို နားမလည်သေးပါဘူး။ သူ့ရဲ့ဆန်းကြယ်နက်နဲဓားပညာကသာ အဆုံးစွန်းဓားပညာအဆင့်ကို ရောက်ရှိနေတာပါ။
"ဓားကမ္ဘာကို ဝင်ပြီးနောက် ငါ့ရဲ့ဓားပညာက အဆုံးစွန်းကို ရောက်ခဲ့တယ်" လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။
အဖြေကို ကြားပြီး ဆန်းကြယ်နက်နဲဓားသူတော်စင်က ပိုတော့တောင်ထိတ်လန့်သွားတယ်။ ဓားကမ္ဘာကို တစ်ကြိမ်ဝင်ရုံနဲ့ လီဖူချန်းရဲ့ဓားပညာက အဆုံးစွန်းကို ရောက်ဖို့ လုံလောက်တယ်ပေါ့လေ။ ဒီလိုဓားတာအိုထိုးထွင်းသိမြင်မှုက တကယ်ကို မကြုံစဖူးပါပဲ။
အသက်ကို ခပ်ပြင်းပြင်း ရှုသွင်းရင်း လီဖူချန်းရဲ့စကြာဝဠာကို လွှမ်းမိုးအုပ်စိုးမယ့်မြင်ကွင်းကို မြင်ရသလို ဆန်းကြယ်နက်နဲဓားသူတော်စင်က ခံစားရတယ်။
"ဖြစ်နိုင်လောက်မလား၊ သူက ငါတို့ဓားသမားအစည်းအရုံးကို နက်ပြာပလိန်းမှာ နောက်ထပ်ဂုဏ်သတင်းထင်ပေါ်ကျော်စောစေနိုင်မလားဆိုတာပေါ့" ဆန်းကြယ်နက်နဲဓားသူတော်စင်က သူ့ကိုယ်သူ ပြောလိုက်တယ်။
လီဖူချန်းက အဆုံးစွန်းဓားပညာတစ်ခုကို နားလည်ထားတာကို သိပြီးနောက် ဆန်းကြယ်နက်နဲဓားသူတော်စင်ကို တိုက်ပွဲက ပိုတောင်ဆွဲဆောင်သွားချေတယ်။ တစ်ချိန်တည်းမှာပဲ သူက လွယ်လွန်းသလို ခံစားမိနေတယ်။
"ထိုက်ချိ-မူလပြန်လာခြင်း"
ဖေးရှင်းဝမ်က သူမရဲ့သတ်ဖြတ်ကွက်ကို သုံးလိုက်တယ်၊ အဲဒါက အဆုံးစွန်းနဲ့ အကန့်အသတ်မရှိ နီးကပ်ရုံတင်မကပါဘူး။ အဲဒါမှာ အဆုံးစွန်းအခြေအနေရဲ့ပွင့်သစ်ကာစပုံစံ ရှိနေပြိီးဖြစ်တယ်။ အဲဒါကို အကြိုအဆုံးစွန်းဓားကွက်လို့ ခေါ်တာက ပုံကြီးချဲ့နေတာမဟုတ်ဘူး။
ဒီဓားကွက်ကို ဖော်ထုတ်လိုက်တဲ့အခါ ဖေးရှင်းဝမ်ရဲ့ဓားပညာက ပို၍သန့်စင်လာနေတာကို ချင်လောက ချက်ချင်း ခံစားရတယ်။ အခုဆိုရင် သူ့ရဲ့မွေးရာပါဓားခန္ဓာကိုယ်ကတောင် စပ်ဖျဉ်းဖျဉ်းနာကျင်မှုကို ခံစားနေရတယ်။ သူ့ကို ဒီဓားကွက်က ထိမှန်သွားရင် သူ့ရဲ့မွေးရာပါဓားခန္ဓာကိုယ်က ထိုးဖောက်ခံလိုက်ရမှာကို သူက ရှင်းလင်းစွာ သိတယ်။
အဲဒါက ထိုက်ချိဓားတာအိုနဲ့ တူတူပါပဲ၊ ဒါပေမယ့် ဖေးရှင်းဝမ်ရဲ့ထိုက်ချိဓားတာအိုက တိုက်စစ်ကို အလေးထားတယ်။ ဖေးရှင်းဝမ်ရဲ့ထိုက်ချိဓားတာအိုက အခုထိတော့ ကျွမ်းကျင်မှု လုံလုံလောက်လောက် မရှိသေးပါဘူး။ ထိုက်ချိဓားတာအိုက အဆုံးစွန်းမှာ ရှိရင် တစ်ဖက်ဖက်ကို အလေးပေးခြင်းမရှိတော့ဘဲ တိုက်စစ်နဲ့ခံစစ်မှာ ဟန်ချက်ညီမျှမှုတစ်ခု ရှိပေလိမ့်မယ်။
"အဆုံးစွန်းခန္ဓာကိုယ်ချိုးဖျက်ဓားချီ"
ဖေးရှင်းဝမ်က သူမရဲ့သတ်ဖြတ်ကွက်ကို သုံးလိုက်တာကြောင့် ချင်လောလည်း သူ့ရဲ့သတ်ဖြတ်ကွက်ကို ထုတ်သုံးလိုက်ချေတော့တယ်။
အဆုံးမဲ့မြူတွေက သူ့ရဲ့ခန္ဓာကိုယ်မှ ထွက်လာပြီး ကြောက်စရာကောင်းတဲ့ဓားချီတစ်ခု ဖြစ်တာလာကာ ဖေးရှင်းဝမ်ကို တိုက်ခိုက်လိုက်တယ်။
အေ့............
သွေးအန်ထွက်သွားတယ်၊ ဖေးရှင်းဝမ်က နောက်ဆုံးတော့ ရှုံးသွားပြီးပေါ့။
သတ်ဖြတ်ကွက်နှစ်ခုလုံးက ညီမျှလုနီးပါးပါပဲ၊ ဒါပေမယ့် ဖေးရှင်းဝမ်ရဲ့ရုပ်ပိုင်းဆိုင်ရာခံစစ်က ချင်လောထက် နိမ့်ကျတယ်၊ ဒါကြောင့် သူက ချင်လောလောက် ခံနိုင်ရည်မရှိဘူးလေ။
"မွေးရာပါဓားခန္ဓာကိုယ်က တကယ်ကို လွှမ်းမိုးနိုင်တယ်" မီးခိုးရောင်ဆံပင်နဲ့လူက ချီးမွမ်းလိုက်တယ်။
လှပတဲ့အမျိုးသမီးက ခေါင်းညိတ်ကာ ပြောလိုက်တယ်"မွေးရာပါဓားခန္ဓာကိုယ်က မွေးရာပါသွေးမျိုးဆက်တစ်ခုပဲ။ သာမန်သွေးမျိုးဆက်တည်ဆောက်ပုံက မယှဉ်နိုင်ပါဘူး"
ဓားတာအိုသူတော်စင်တစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ဓားခန္ဓာကိုယ်တစ်ခုလို့ စဉ်းစားလို့ရတယ်၊ ဒါပေမယ့် မွေးရာပါဓားခန္ဓာကိုယ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ သေချာပေါက် အဆင့်များစွာ ပိုနိမ့်ကျတယ်။
ချင်လောက ဖေးရှင်းဝမ်ကို နိုင်သွားတာကြောင့် လူတိုင်းက လီဖူချန်းကို ကြည့်လိုက်တယ်။
ယခုဆိုရင် လီဖူချန်းကသာ အခုထိမတိုက်ရသေးတဲ့တစ်ဦးတည်းသောပုဂ္ဂိုလ်ပါ။ ချင်လောက လီဖူချန်းကို အနိုင်ယူခဲ့ရင် သူက အောင်နိုင်သူဖြစ်ပေလိမ့်မယ်။ လီဖူချန်းက ချင်လောကို အနိုင်ရခဲ့ရင် သူက အခြားသူတွေနဲ့ တိုက်ခိုက်စရာမလိုဘဲ အောင်နိုင်သူ ဖြစ်လာပါလိမ့်မယ်။
"ကျေးဇူးပြပြီး ငါ့ကို သင်ကြားပေးပါအုံး"
လီဖူချန်းက စင်ပေါ်ကို တက်သွားတယ်။
"မင်းက အဆင့်နိမ့်သူတော်စင်တစ်ယောက်ကို အနိုင်ယူနိုင်ရင် မင်းက ငါ့ရဲ့စွမ်းအားအပြည့်တိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မယ်။ ငါ့ရဲ့မွေးရာပါခန္ဓာကိုယ်ချိုးဖျက်ဓားချီကို လက်ခံပေတော့"
အဲဒါက တူညီတဲ့မွေးရာပါခန္ဓာကိုယ်ချိုးဖျက်ဓားချီပါပဲ၊ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ချင်လောရဲ့ခန္ဓာကိုယ်ပေါ်က ဓားအင်းကွက်တွေက လည်ပတ်နေတယ်။ အဆုံးမဲ့မီးခိုးဓားချီတွေက ပြည့်လျှံပြီးထိတ်လန့်စရာဓားချီတစ်ခုအဖြစ် စုစည်းသွားတယ်။ ပြီးနောက် အဲဒါက လီဖူချန်းဆီ တိုးဝင်လာတယ်။
မွေးရာပါခန္ဓာကိုယ်ချိုးဖျက်ဓားချီမှာ ချင်လောရဲ့ဓားတာအိုနားလည်မှုတွေ ပါဝင်ရုံသာမက မွေးရာပါဓားခန္ဓာကိုယ်ရဲ့အနှစ်သာရလည်း ပါဝင်တယ်။ နှစ်ခုပေါင်းစပ်လိုက်တော့ တကယ်ကို မရပ်တန့်နိုင်၊ ဘယ်တော့မှ မကျဆုံးနိုင် ဖြစ်လေတယ်။
ဒါပေမယ့် သူက လီဖူချန်းနဲ့ တွေ့ဆုံသွားမိတာပဲ။
ထွန်းတောက်ဓားအလင်းက တောက်ပသွားပြီး လီဖူချန်းက သူ့ရဲ့ဓားနဲ့ ခုတ်ပိုင်းလိုက်တယ်။ မျက်စိကန်းမတတ်အလင်းတိုင်တစ်ခုက ချင်လောရဲ့မွေးရာပါခန္ဓာကိုယ်ချိုးဖျက်ဓားချီကို ချက်ချင်း ထိုးဖောက်သွားတယ်။ ဓားတာအိုရဲ့အဆုံးစွန်းအရှိန်အဝါက ဆန်းကြယ်နက်နဲဓားသူတော်စင်ကလွဲပြီး လူတိုင်းကို အံ့ဩတုန်လှုပ်သွားစေတယ်။
"အဆုံးစွန်းပဲ" ကောင်းကင်ဒီပါဓားသူတော်စင်က လွှတ်ခနဲပြောမိသွားပြီး သူ့မျက်လုံးတွေက ပြူးကျယ်သွားခဲ့ရတယ်။
သူ ပြောင်မြောက်တဲ့အဆင့်မြင့်သူတော်စင်တွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့အကြောင်းရင်းက သူ့ရဲ့အဆုံးစွန်းဓားပညာက သာမန်အဆုံးစွန်းဓားပညာတွေထက် ပိုအားကောင်းလို့ပါပဲ။
အစကတော့ လီဖူချန်းက အဆင့်နိမ့်သူတော်စင်တစ်ယောက်ကို အနိုင်ယူနိုင်တာကို သူ မယုံခဲ့ဘူး၊ ဒါပေမယ့် အခုတော့ သူက လက်ခံလိုက်ရပါပြီ။
"ဥပဒေသပြောင်းလဲခြင်းနယ်ပယ်မှာ အဆုံးစွန်းဓားပညာကို နားလည်ခြင်း၊ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" တိုင်ယန်အဆုံးစွန်းဓားသူတော်စင်က သူ့မျက်လုံးကို သူ မယုံနိုင်ဘူးဖြစ်နေတယ်။
အဆုံးစွန်းဓားပညာတစ်ခုကို နားလည်ဖို့ဆိုရင် အခြေအနေနှစ်ခုကို ပြီးပြည့်စုံရမယ်။ ပထမကတော့ အစ်အမှန်စိတ်ဝိညာဉ်က သူတော်စင်စိတ်ဝိညာဉ်အဖြစ် ပြောင်းလဲရမယ်။ ဒုတိယကတော့ ဓားတာအိုထိုးထွင်းသိမြင်မှုက အလွန့်အလွန်အကြွင်းမဲ့ထူးကဲရမယ်။
အခြအနေနှစ်ခုလုံးက ကောင်းကင်ဘုံကို တက်ကသလိုမျိုး ခက်ခဲတယ်။
ဥပဒေသပြောင်းလဲခြင်းနယ်ပယ်မှာ သူတော်စင်စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ခြင်းက များစွာသောအကြိုသူတော်စင်တွေကတောင် မအောင်မြင်နိုင်တဲ့အရာပါပဲ။ အကြိုသူတော်စင်တစ်ယောက်မှာ သူတော်စင်စိတ်ဝိညာဉ် ရှိရင် သူတို့က သူတော်စင်တစ်ယောက် ဖြစ်လာပြီး အကြိုသူတော်စင်အဆင့်မှာ ပိတ်မိနေမှာ မဟုတ်ပါဘူး။
ဒုတိယအခြေအနေက ပထမအခြေအနေထက်တောင် ပိုခက်ခဲတယ်။ ဥပဒေသပြောင်းလဲခြင်းနယ်ပယ်မှာ အဆုံးစွန်းဓားပညာတစ်ခုကို နားလည်နိုင်တဲ့တစ်စုံတစ်ယောက်ကိုမှ တိုင်ယန်အဆုံးစွန်းဓားသူတော်စင်က မသိပါဘူး၊ ဓားသမားအစည်းအရုံးခေါင်းဆောင်ကတောင် မလုပ်နိုင်ပါဘူး။
အဆုံးစွန်းဓားတာအိုအရှိန်အဝါက ပျံ့နှံ့သွားတယ်။
မွေးရာပါဓားခန္ဓာကိုယ်နဲ့တောင်မှ ချင်လောက လီဖူချန်းရဲ့အဆုံးစွန်းဓားပညာကို မခုခံနိုင်ပါဘူး။ သူက လွင့်ထွက်သွားပြီး သွေးတွေက သူ့ရဲ့ပါးစပ်မှ စီးကျလာနေတယ်။
လီဖူချန်းက သက်ညှာခဲ့တာပါ၊ မဟုတ်ရင် သူ့ရဲ့ဓားချီက ချင်လောရဲ့မွေးရာပါဓားခန္ဓာကိုယ်ထဲကို ထိုးဖောက်သွားပြီးပါပြီ။
အနိုင်ရသူကို ဆုံးဖြတ်ပြီးသွားပြီလေ၊ မီးခိုးရောင်ဆံပင်နဲ့လူက မချိတင်ကဲပြုံးကာ ဆန်းကြယ်နက်နဲဓားသူတော်စင်ကို ပြောလိုက်တယ်"ဆန်းကြယ်နက်နဲဓားသူတော်စင်၊ မင်းက မရိုးသားဘူး။ သူ့မှာ အဆုံးစွန်းဓားပညာတစ်ခု ရှိနေမှတေ့ ဘာလို့ ယှဉ်ပြိုင်နေရအုံးမှာလဲ"
"ဒီတစ်ကြိမ်မှာတော့ နင့်ရဲ့သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးက ကောင်းကင်ဆန့်ကျင်ဓားတာအိုပါရမီရှင်တစ်ယောက်ကို ဖွေးထုတ်နိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး" လှပတဲ့အမျိုးသမီးက မှတ်ချက်ပေးလိုက်တယ်။
အလယ်ဆင့်သူတော်စင်တစ်ယောက်က လီဖူချန်းက ကောင်းကင်ဆန့်ကျင်ဓားတာအိုပါရမီရှင်တစ်ယောက်လို့ပြောရင် သူက တိုက်ကြီးအဆင့်ပါရမီရှင်တစ်ယောက် မဟုတ်ပါဘူး၊ ပလိန်းအဆင့်ပါရမီရှင်တစ်ယောက်လို့ ဆိုလိုပါတယ်၊ သူက စကြာဝဠာအဆင့်ပါရမီရှင်တစ်ယောက်တောင် ဖြစ်နိုင်ပါတယ်။
ဆန်းကြယ်နက်နဲဓားသူတော်စင်က ပြောလိုက်တယ်"တကယ်တော့ ငါလည်း စောစောကမှ သိခဲ့ရတာ"
ဟုတ်တယ်၊ သူလည်း ခဏကမှ သိရတာလေ။
"အဆုံးစွန်းဓားပညာ" ချင်လောက ယိမ်းထိုးလဲကျသွားခဲ့ရတယ်၊ သူက ပြောစရာစကား ဖြစ်နေရှာတယ်။
မွေးရာပါဓားခန္ဓာကိုယ်နဲ့ သူ့ကိုယ်ပိုင်မျိုးဆက်ရဲ့ပုဂ္ဂိုလ်တစ်ယောက်အဖြစ် သူက ဘယ်တော့မှ မရှုံးခဲ့ဘူး။ သူက ခြိမ်းခြောက်မှုတစ်ခုကို ဘယ်တော့မှ မတွေ့ကြုံခဲ့ဘူး။ ဒါက သူ့ဘဝရဲ့ပထမဆုံးအကြိမ်ရှုံးခြင်းပဲ ဖြစ်တယ်။ သူက ဓားတစ်ကွက်ကိုတောင် မခုခံနိုင်ခဲ့ပါဘူး။
တစ်နေရာရာမှ တေးသွားတစ်ပုဒ်က သူ့ရဲ့စိတ်ထဲမှာ ထင်ဟပ်လာတယ်"တစ်ထောင်ထက်တစ်တောင်က ပိုမြင့်နေမှာ အမြဲပါပဲ"
အတိတ်မှာတုန်းက သူက ပိုမြင့်တဲ့တောင် ဖြစ်ခဲ့တယ်။ ဒီတစ်ခါမှာတော့ သူက ကျဆုံးသူတစ်ယောက် ဖြစ်လာတယ်။
"လီဖူချန်း၊ နောက်တစ်ကြိမ်ကျရင် ငါက မင်းကို အနိုင်ယူလိမ့်မယ်" ချင်လောက တိုက်ပွဲဆန္ဒတွေ ပြည့်လျှံလာနေတယ်။
မွေးရာပါဓားခန္ဓာကိုယ်နဲ့ဆိုရင် သူက လီဖူချန်းကို မဖြတ်ကျော်နိုင်ဘူးဆိုတာကို သူ မယုံကြည်ပါဘူး၊ အဲဒါက အချိန်တစ်ခုသာ ကြာပါလိမ့်မယ်။
ဒီတစ်ကြိမ်ရှုံးနိမ့်မှုက သူ့အတွက် ကြီးမားတဲ့ထိုးနှက်မှုတစ်ခု ဖြစ်တယ်၊ ဒါပေမယ့် အဲဒါက သူ့ကိုယ်သူလည်း တိုးတက်စေတယ်။
အတိတ်တုန်းက အရာအားလုံးက သူ့အတွက် နူးညံ့ပျော့ပျောင်းလွန်းပြီး သူ့ရဲ့မွေးရာပါဓားခန္ဓာကိုယ်ရဲ့အကြီးကျယ်ဆုံးအလားအလာစွမ်းရည်ကို မထုတ်ဖော်နိုင်ခဲ့ပါဘူး။
"ကောင်းပြီ၊ ငါ မင်းကို စောင့်နေမယ်" လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။
ချင်လောကို အနိုင်ယူပြီးနောက် လီဖူချန်းက ရွေးချယ်ပွဲရဲ့ပထမအပိုင်းကို ကျော်ဖြတ်နိုင်ပြီဖြစ်တယ်၊ အခုက ဒုတိယပိုင်းအတွက်ပေါ့။
ရွေးချယ်ပွဲရဲ့ဒုတိယပိုင်းက အဆင့်နိမ့်ဓားသူတော်စင်ရုပ်သေးနဲ့ ဆယ်မိနစ်ကြာ တိုက်ခိုက်ဖို့ပဲ ဖြစ်တယ်။
ဓားသမားအစည်းအရုံးဌာနချုပ်ရဲ့စမ်းသပ်ခန်းမထဲမှာ သူတို့တွေက ဝင်ရောက်လာခဲ့တယ်။
စမ်းသပ်ခန်းမထဲမှာ အဆင့်ကိုးအစီအရင်တစ်ခု ရှိပြီး ဓားသူတော်စင်ရုပ်သေးတစ်ရုပ်က ထိုနေရာမှာ တိတ်ဆိတ်စွာ ရပ်နေတယ်။
ဓားသူတော်စင်ရုပ်သေးက လူနဲ့တူပုံပေါ်တယ်၊ ဒါပေမယ့် အရေပြားက အေးစက်နေတယ်၊ အပူရဲ့အငွေ့အသက် တစ်ခုမှ မရှိပါဘူး။ အခု ဓားသူတော်စင်ရုပ်သေးက မျက်လုံးမှိတ်ထားပြီး ချီတည်ရှိမှုတစ်ခုမှ မရှိပါဘူး။
လှပတဲ့အမျိုးသမီးက အစီအရင်ကို အသက်သွင်းပြီးနောက် ဓားသူတော်စင်ရုပ်သေးက ငွေရောင်အလင်းရောင်ခြည်နှစ်ခုကို ထုတ်လွှတ်နေတဲ့ သူ့ရဲ့မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်တယ်။
ဓားသူတော်စင်ရုပ်သေးရဲ့မျက်လုံးတွေက ကောင်းကင်အဆင့်ကျောက်ရိုင်းတုံးတစ်စုံ ဖြစ်ပြီး သူတို့မှာ အားကောင်းတဲ့စွမ်းအင် ပါရှိတယ်။
လှပတဲ့အမျိုးသမီးက လီဖူချန်းကို ကြည့်ကာ ပြောလိုက်တယ်"မင်းက ခုခံနိုင်ပြီး ဆယ်မိနစ်အတွင်း မရှုံးနိမ့်ရင် မင်းက ပင်မအကြီးအကဲတစ်ယောက် ဖြစ်လာလိမ့်မယ်"
ပြောနေရင်း လှပတဲ့အမျိုးသမီးက ဓားသူတော်စင်ရုပ်သေးပေါ်ရှိအကန့်အသတ်ကို တံဆိပ်ဖြုတ်လိုက်ချေတယ်။
ဝုန်း........
ကြောက်စရာကောင်းတဲ့ချီစွမ်းပကားက ကောင်းကင်ကို ပေါက်ကွဲထွက်သွားပြီး ဓားသူတော်စင်ရုပ်သေးက အသက်ရှိသလို ခံစားရတယ်။
အသံတစ်စက်မှ မထွက်ဘဲ ဓားသူတော်စင်ရုပ်သေးက ပျောက်ကွယ်သွားပြီး လခြမ်းဓားအလင်းတစ်ခုက လီဖူချန်းကို ဝန်းရံသွားတယ်။
ဂျိုင်း........
မီးပွားတွေ ထွက်လာပြီး လီဖူချန်းက လခြမ်းဓားအလင်းကို ခုတ်ချက်တစ်ချက်နဲ့ ကြေမွစေလိုက်တယ်။ သူက ဓားသူတော်စင်ရုပ်သေးရှိရာဟင်းလင်းပြင်ဇုန်ကို ပြန်တိုက်ခိုက်လိုက်တယ်။
"သူက ဓားသူတော်စင်ရုပ်သေးကို တကယ် ဖိနှိပ်နိုင်တာပဲ" လှပတဲ့အမျိုးသမီးက ထိတ်လန့်သွားရတယ်။
ဓားသမားအစည်းအရုံးမှာ အဆင့်နိမ့်ဓားသူတော်စင်ရုပ်သေးစုစုပေါင်းကိုးရုပ် ရှိတယ်။ သူတို့က ရုပ်သေးဆိုပေမယ့် သူတို့ရဲ့ခွန်အားက အဆင့်နိမ့်ဓားသူတော်စင်အများစုထက် ပိုသန်မာတယ်။ ဒါ့ပြင် သူတိူ့ရဲ့ခွန်အားက မဖျက်ဆီးနိုင်ပြီး အလွန်ခံနိုင်ရည် ရှိတယ်။
ဂျိုင်း ဂျိုင်း ဂျိုင်း.........
ဓားသူတော်စင်ရုပ်သေးမှာ စိတ်ခံစားချက် မရှိပါဘူး၊ သူ့ရဲ့ခန္ဓာကိုယ်က အလေးချိန်မရှိသလို ခံစားရတယ်။ လေထဲမှာ ရှိနေချိန်မှာ သူက လီဖူချန်းကို ထောင့်မျိုးစုံမှ တိုက်ခိုက်ခဲ့တယ်။ ဓားတိုက်ခိုက်မှုအသီးသီးမှာ စွမ်းအားတွေ စုစည်းနေတယ်၊ ဒါပေမယ့် လီဖူချန်းရဲ့ထွန်းတောက်ဓားပညာက ဓားသူတော်စင်ရုပ်သေးရဲ့ဓားအရှိန်ထက် ပိုမြန်တယ်၊ သူက လီဖူချန်းအနား ကပ်ဖို့တောင် ခက်ခဲနေတယ်။
ခဏကြာပြီးနောက် ဓားသူတော်စင်ရုပ်သေးရဲ့ဓားစွမ်းပကားက ရုတ်တရက် ပြောင်းသွားတယ်။ တောက်ပဓားအလင်းက အဆုံးမဲ့ရောင်ခြည်စက်ဝန်းအဖြစ် ပြောင်းလဲသွားပြီး လီဖူချန်းကို ထပ်ခါတလဲလဲ ခုတ်ပိုင်းလိုက်တယ်။
ဓားသူတော်စင်ရုပ်သေးက သူ့ရဲ့သတ်ဖြတ်ကွက်ကို အသုံးပြုနေတာ သိသာပါတယ်။
"ဓားပင်လယ်စက်ဝိုင်း"
ဓားသူတော်စင်ရုပ်သေးက ကြက်သွေးရောင်စပါးအုံးသူတော်စင်ထက် ပိုသန်မာတာ သိသာပါတယ်။ ထွန်းတောက်ဓားပညာမှာ ဓားတစ်ကွက်သာ ရှိတာကြောင့် ဓားသူတော်စင်ရုပ်သေးရဲ့သတ်ဖြတ်ကွက်ကို တားဆီးဖို့ မလုံလောက်ပါဘူး။
ဓားပင်လယ်စက်ဝိုင်းကို ဖော်ထုတ်ခဲ့တဲ့အခါ လီဖူချန်းရဲ့ဓားစွမ်းပကားက မကြုံစဖူးအားကောင်းနေပြီး လူတိုင်းက အသက်ရှုမရဲဖြစ်နေရတယ်။
လီဖူချန်းရဲ့ထွန်းတောက်ဓားပညာက လုံလုံလောက်လောက်အားကောင်းတယ်၊ ဒါပေမယ့် မူလအဆုံးစွန်းဓားပညာနဲ့ နှိုင်းယှဉ်ရင် အဲဒါက တစ်ဆင့်ပိုနိမ့်တယ်။
ဒီလူမှာ ဝှက်ဖဲတွေ ဘယ်လောက်တောင် ရှိနေတာလဲ။
ချင်လောက လက်သီးကျစ်ကျစ်ဆုပ်လိုက်တယ်။ ဒါက အတိတ်မှာတုန်းက သူ ကောင်းကောင်းမကြိုးစားခဲ့ဘူးလို့ ထင်မိတဲ့ ပထမဆုံးအကြိမ် ဖြစ်တယ်။ သူ ကြိုးစားအားထုတ်ခဲ့ရင် ဘာလို့ သူက အဆုံးစွန်းဓားပညာတစ်ခုကို မဖန်တီးနိုင်ရမှာလဲ။ လီဖူချန်းမှာ အဆုံးစွန်းဓားပညာတစ်ခု ရှိရုံတင် မဟုတ်ပါဘူး၊ သူ့မှာ ပိုအားကောင်းတဲ့အဆုံးစွန်းဓားပညာတစ်ခုတောင် ရှိနေပါတယ်။
"အခုက စပြီး ငါ့နှလုံးသားထဲမှာ ဓားတာအိုသာ ရှိနေစေရမယ်" ချင်လောက အဓိဌာန်ပြုလိုက်တယ်။
"သူ ဘယ်လိုတောင် ကျင့်ကြံခဲ့တာလဲ" မိန်းမပျိုလေးဖေးရှင်းဝမ်က အလွန်အံ့ဩထိတ်လန့်နေလေတယ်။
သူမက ပါရမီရှင်တစ်ယောက်လို့ လူတိုင်းက ပြောကြတယ်၊ ဒါပေမယ့် လီဖူချန်းနဲ့ နှိုင်းယှဉ်ရင် သူမက ဘာမှ မဟုတ်ဘူးပဲ။
ဓားပင်လယ်စက်ဝိုင်းကို ဖော်ထုတ်ပြီးနောက် လီဖူချန်းက ဓားသူတော်စင်ရုပ်သေးရဲ့ဓားစွမ်းပကားကို ချိုးဖျက်ပြီး လွင့်ထွက်သွားစေလိုက်တယ်။
မကြာမီမှာပဲ ဆယ်မိနစ်က ပြည့်သွားချေတယ်။ လှပတဲ့အမျိုးသမီးက ဓားသူတော်စင်ရုပ်သေးကို ထိန်းချုပ်ကန့်သတ်ပြီး ဆန်းကြယ်နက်နဲဓားသူတော်စင်ကို ကြည့်လိုက်တယ်"ဆန်းကြယ်နက်နဲဓားသူတော်စင်၊ ဂုဏ်ယူပါတယ်။ အခုဆိုရင် မင်းတို့သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ နောက်ထပ်ပင်မအကြီးအကဲတစ်ယောက် ရှိလာပြီးပေါ့"
"ဂုဏ်ယူပါတယ်"
"မင်း ငါတို့ကို ပြုစုရမယ်"
လူတိုင်းက ဆက်ဆံရေးကောင်းရှိပါတယ်၊ သူတို့က ငြီးငွေ့သလို ခံစားရတာကြောင့်သာ စကားများရန်ဖြစ်နေကြတာပါ။
ဆန်းကြယ်နက်နဲဓားသူတော်စင်က ရယ်ကာ ပြောလိုက်တယ်"အေးပါ၊ အေးပါ"
သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ နောက်ထပ်ပင်မအကြီးအကဲတစ်ယောက် ရှိလာတဲ့အတွက် သူက အလွန်ပျော်တယ်။ ဓားသမားအစည်းအရုံးရဲ့ပင်မအကြီးအကဲတစ်ယောက်က တာဝန်တွေ အများကြီး ယူရတယ်။ အခု လီဖူချန်းက ရှိလာကြောင့် သူ့ရဲ့တာဝန်က သေချာပေါက် ပေါ့ပါးလာလိမ့်မယ်။ အနာဂတ်မှာ သူက လီဖူချန်းကို အလုပ်ကိစ္စတွေကို တာဝန်ယူခိုင်းပြီး သူက ကျင့်ကြံဖို့အတွက် အာရုံစိုက်နိုင်လာပေမယ်။
***