← Chapters

တစ်ရာဘီလီယံ

Vol. 59 Ch. 800

တစ်ရာဘီလီယံ

Vol. 59 Ch. 800

ပင်မအကြီးအကဲတစ်ယောက်ဖြစ်လာပြီးနောက် လီဖူချန်းက အကြီးအကဲတုံကင်တစ်ခုကို ရရှိခဲ့တယ်။

ဒီတုံကင်က ကောင်းကင်အဆင့်မြင့်အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တယ်။ ပိုင်ဆိုင်ဖို့အတွက် သွေးတစ်စက်ကို ချပြီးနောက် ကိုယ်တိုင်ကလွဲပြီး အခြားတစ်‌ယောက်က အသုံးပြုလို့မရနိုင်ပါဘူး။

ဒါ့ပြင် အကြီးအကဲတုံကင်မှာ ခုခံခြင်း၊ ချိတ်ဆက်ခြင်း၊ သတိပေးခြင်း၊ သတင်းအချက်အလက်သိုလှောင်ခြင်း၊ စိတ်တည်ငြိမ်စေခြင်းတို့နဲ့ အခြားလုပ်ဆောင်မှုမျိုးစုံ ရှိပါတယ်။ အကြီးအကဲတုံကင်တစ်ခုရဲ့ပိုင်ရှင်က သေဆုံးသွားတာနဲ့ အခြားပိုင်ရှင်တွေက ချက်ချင်း သတိပြုမိသွားမှာပါ။ အဲဒါက အခြားပင်မအကြီးအကဲတွေကို ကြိုတင်ပြင်ဆင်ဖို့၊ အမှောင်ထဲမှာ ရှိမနေဖို့နဲ့ ရန်သူက အခွင့်ကောင်းမယူနိုင်ဖို့ သတိပေးပါတယ်။

"လီဖူချန်း၊ အခု မင်းက ဓားသမားအစည်းအရုံးရဲ့ပင်မခေါင်းဆောင်တစ်ယောက်ဆိုတော့ အစည်းအရုံးကို ကာကွယ်ဖို့အတွက် တာဝန်ကို ယူဖို့ လိုအပ်တယ်။ မင်း နားလည်တယ်မလား" သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကို ပြန်လာပြီးနောက် ဆန်းကြယ်နက်နဲဓားသူတော်စင်က သတိပေးလိုက်တယ်။

လီဖူချန်းက‌ ခေါင်းညိတ်လိုက်တယ်"နားလည်ပါတယ်"

ပင်မအကြီးအကဲတစ်ယောက်အနေနဲ့ ကန့်သတ်ချက်အချို့ ရှိတယ်။ ဥပမာအနေနဲ့ အစည်းအရုံးက အခက်အခဲဒုက္ခဖြစ်နေတဲ့အခါ သူက ကူညီပေးဖို့ လိုအပ်တယ်။ အတိုချုပ်အားဖြင့် သူ့ကို လှုပ်ရှားဖို့ လိုအပ်ရင် သူက ငြင်းပယ်လို့မရပါဘူး။

ဒါပေမယ့် ဓားသမားအစည်းအရုံးက ဒုက္ခဖြစ်တာ ရှားပါတယ်၊ တစ်ယောက်ကမှ ဓားသမားအစည်းအရုံးကို ရန်စရလောက်‌အောင် မရူးဘူးလေ။

"အခု မင်းမှာ တာဝန်တွေရှိသလို အထူးအခွင့်အရေးအချို့လည်း ရှိတယ်" ဆန်းကြယ်နက်နဲဓားသူတော်စင်က ပြုံးကာ ပြောလိုက်တယ်"ပင်မအကြီးအကဲတစ်ယောက်အနေနဲ့ မင်းမှာ အစည်းအရုံးအမှတ်လုံလုံလောက်ရှိနေသရွေ့ မင်းက ဓားအစည်းအရုံးမှာရှိတဲ့ ဘယ်စာအုပ်ကိုမဆို ဖတ်နိုင်တယ်။ အဲဒါမှာ ငါတို့ဓားအစည်းအရုံးရဲ့ပထမဦးဆုံးခေါင်းဆောင်အချုပ်အချယ်မဲ့အကြီးအကဲရဲ့အချုပ်အချယ်မဲ့ဓားပညာလည်း ပါဝင်တယ်။ ဒါ့အပြင် မင်းက အဆုံးစွန်းတာအိုအသုံးဆောင်ပစ္စည်းတွေနဲ့အဆုံးစွန်းလက်နက်တွေကို ရွေးချယ်နိုင်တယ်။ အတိုချုပ်ပြောရရင် အစည်းအရုံးအမှတ်လုံလောက်စွာ ရှိနေသရွေ့ ဓားသမားအစည်းအရုံးက မင်းအတွက် အပြည့်အဝလမ်းဖွင့်ပေးထားတယ်"

"အချုပ်အချယ်မဲ့ဓားပညာလား"

လီဖူချန်းက အတော်လေး သိချင်စိတ်ပြင်းပြနေတယ်။ အချုပ်အချယ်မဲ့အကြီးအကဲရဲ့အချုပ်အချယ်မဲ့ဓားပညာကလည်း အဆုံးစွန်းဓားပညာတစ်ခု ဖြစ်တယ်၊ ဒါပေမယ့် အဲဒါက သူ့ခေတ်အခါရဲ့အသန်မာဆုံးဓားပညာတစ်ခု ဖြစ်တယ်။ သူ့ထက်မြင့်မားတဲ့ဓားပညာအနည်းငယ်သာ ရှိခဲ့တယ်။

ဒါပေမယ့် အချုပ်အချယ်မဲ့ဓားပညာကို ဖတ်ရှုဖို့ လိုအပ်တဲ့အစည်းအရုံးမှတ်ပမာဏကို လီဖူချန်းက စိတ်ကူးယဉ်ကြည့်နိုင်ပါတယ်။ သူ့ရဲ့ဆယ်မီလီယံအစည်းအရုံးမှတ်တွေက ပင်လယ်ထဲရှိရေတစ်စက်သာသာပါပဲ။ ဖော်ပြဖို့ မထိုက်တန်လှပါဘူး။

ဆန်းကြယ်နက်နဲဓားသူတော်စင်ထံမှ ကြားသိပြီးနောက် ပင်မအကြီးအကဲတွေမှာ အစည်းအရုံးအမှတ်ကိုရရှိဖို့ နည်းလမ်းတွေနဲ့ အထူးအခွင့်အရေးမျိုးစုံ ရှိတာကို လီဖူချန်းက သိခဲ့တယ်။

အစည်းအရုံးမှတ်ကို ရရှိဖို့ဆိုရင် မစ်ရှင်တွေကို လုပ်ခြင်းအပြင် အစည်းအရုံးနဲ့လည်း အရောင်းအဝယ်ပြုလုပ်နိုင်တယ်။

ကောင်းကင်အဆင့်မြင့်လက်နက်တစ်ခုကို ရောင်းချခြင်းက အစည်းအရုံးမှတ်တစ်မီလီယံကို ရပါလိမ့်မယ်။ ကောင်းကင်အဆင့်မြင့်ချပ်ဝတ်က အစည်းအရုံးမှတ်နှစ်မီလီယံ ရှိပါတယ်။ ကောင်းကင်အဆင့်မြင့်အသုံးအဆောင်ပစ္စည်းတစ်ခုက အစည်းအရုံးမှတ်သုံးမီလီယံကို ပေးပါလိမ့်မယ်။

အဆုံးစွန်းတာအိုလက်နက်တစ်ခုဆိုရင်တော့ အလွန်တန်ဖိုးကြီးပြီး အစည်းအရုံးမှတ်ငါးရာမီလီယံကို ရရှိနိုင်ပါတယ်။ အဆုံးစွန်းတာအိုချပ်ဝတ်တစ်ခုက အစည်းရုံးမှတ်တစ်ဘီလီယံကို ပေးပါလိမ့်မယ်။ အဆုံးစွန်းတာအိုအသုံးအဆောင်ပစ္စည်းတစ်ခုက အစည်းအရုံးမှတ်နှစ်ဆယ်ဘီလီယံ ထိုက်တန်တယ်။

သိုင်းပညာတွေကိုလည်း အစည်းရုံးမှတ်အတွက် ရောင်းဝယ်နိုင်တယ်။

ကောင်းကင်အဆင့်မြင့်သိုင်းပညာအတွက် တန်ဖိုးက အစည်းအရုံးအမှတ်တစ်သိန်းမှတစ်မီလီယံကြား ရှိတယ်။

ကောင်းကင်အဆင့်မြင့်ကျင့်ကြံခြင်းနည်းလမ်းအတွက် တန်ဖိုးက အစည်းရုံးမှတ်တစ်မီလီယံမှ အစည်းရုံးမှတ်တစ်ဆယ်မီလီယံအထိ ရှိတယ်။

အဆုံးစွန်းသိုင်းပညာတွေအတွက်တော့ အနည်းဆုံးအစည်းရုံးမှတ်တစ်ရာမီလီယံနဲ့ အထက် ရောင်းဝယ်နိုင်တယ်။

အဆုံးစွန်းကျင့်ကြံခြင်းနည်းလမ်းတစ်ခုက အနည်းဆုံးအစည်းရုံးမှတ်တစ်ဘီလီယံနဲ့အထက် ထိုက်တန်ပါတယ်။

"ဆိုလိုတာက ငါ ဆန္ဒရှိရင် ဘယ်အချိန်မဆို အစည်းအရုံးအမှတ်တွေကို ရယူနိုင်တာပေါ့"

ထွန်းတောက်ဓားပညာနဲ့မူလအဆုံးစွန်းဓားပညာတို့က မပြီးပြည့်စုံတဲ့အဆုံးစွန်းဓားပညာတွေဆိုပေမယ့် သူတို့မှာ ဓားတာအိုရဲ့ကြီးမားတဲ့ပမာဏတွေ ပါဝင်ပါတယ်။ ထွန်းတောက်ဓားတာအိုနဲ့မူလအဆုံးစွန်းဓားတာအိုတို့က တန်ဖိုးမနိမ့်လောက်ဘူးလို့ လီဖူချန်းက ယူဆထားပါတယ်။

လီဖူချန်းက ရောက်ရှိပြီးနောက် ဓားသမားအစည်းအရုံးဌာနချုပ်ရဲ့စာကြည့်တိုက်အ‌ဆောက်အဦးဆီ ဝင်သွားခဲ့တယ်။

"အံ့ဖွယ်သက်တန့်ဓားပညာ၊ တစ်ခါဖတ်ဖို့အတွက် အစည်းအရုံးမှတ်နှစ်သိန်းကို လိုအပ်တယ်။ ငှားဖို့အတွက်ဆိုရင် တစ်နှစ်အတွက် အစည်းရုံးမှတ်တစ်ရာမီလီယံ ပေးချေရပါမယ်"

"နဂါးပျံဓားပညာ၊ တစ်ခါဖတ်ဖို့အတွက် အစည်းအရုံးမှတ်သုံးသိန်း။ ငှားမယ်ဆိုရင်တော့ တစ်နှစ်အတွက် အစည်းအရုံးမှတ်မီလီယံတစ်ရာ့ငါးဆယ်"

"ယင်ယန်လေပြေဓားပညာ၊ တစ်ခါဖတ်ဖို့အတွက် အစည်းအရုံးမှတ်ငါးသိန်း။ ငှားဖို့ တစ်နှစ်အတွက် အစည်းအရုံးမှတ်နှစ်ရာ့ငါးဆယ်မီလီယံ"

"ကောင်းကင်မဲ့ကျားဓားပညာ၊ တစ်ခါဖတ်ဖို့ အစည်းအရုံးမှတ်တစ်မီလီယံ။ တစ်နှစ်ကြာ ငှားဖို့အတွက် အစည်းရုံးမှတ်ငါးရာမီလီယံ"

"ကြယ်ပတ်လမ်းဓားပညာ၊ တစ်ခါဖတ်ဖို့ အစည်းရုံးမှတ်၁.၅မီလီယံ။ တစ်နှစ်ငှားဖို့အတွက် အစည်းရုံးမှတ်ခြောက်ရာမီလီယံ"

"ဆန်းကြယ်နက်နဲဓားပညာ၊ တစ်ခါဖတ်ဖို့ အစည်းရုံးမှတ်သုံးမီလိီယံ။ တစ်နှစ်ငှားဖို့အတွက် အစည်းရုံးမှတ်၁.၅ဘီလီယံ"

စာကြည့်တိုက်ထဲမှာ စာအုပ်တွေက ပျံ့နှံ့စွာ တည်ရှိနေတယ်။ လီဖူချန်းက ကောင်းကင်အဆင့်မြင့်စာအုပ်တွေကို လစ်လျူရှူပြီး အဆုံးစွန်းစာအုပ်တွေဆီ ဦးတည်လိုက်တယ်။

"ဆန်းကြယ်နက်နဲဓားသူတော်စင်ရဲ့ဓားပညာလည်း ဒီနေရာမှာ ရှိနေတာပဲ"

"ဒါပေမယ့် တစ်ခါဖတ်ဖို့အတွက် အစည်းအရုံးမှတ်သုံးမီလီယံကြီးများတောင်၊ ဒါက ဈေးကြီးလွန်းတယ်။ နတ်သက်တံဓားပညာကို အရင်ဆုံးဖတ်တာ ပိုကောင်းတယ်"

လီဖူချန်းမှာ အစည်းရုံးမှတ်ဆယ်မီလီယံသာ ရှိပြီး သူ့အနေနဲ့ ဆန်းကြယ်နက်နဲဓားပညာကို သုံးကြိမ်ဖတ်ဖို့အတွက်သာ လုံလောက်တယ်။ အန္တိမဓားပညာဖြစ်တဲ့အချုပ်အချယ်မဲ့ဓားပညာအတွက်ကတော့ လီဖူချန်းက တစ်ကြိမ်ဖတ်ဖို့တောင် မတတ်နိုင်ပါဘူး။

အံ့ဖွယ်သက်တံဓားပညာစာအုပ်ရှေ့ကို ရောက်ပြီးနောက် လီဖူချန်းက သူ့ရဲ့အကြီးအကဲတုံကင်ကို ထားလိုက်တယ်။

ပြီးနောက် ချက်ချင်းပဲ အကြီးအကဲတုံကင်က အစည်းရုံးမှတ်တစ်ဆယ်မီလီယံမှ အစည်းရုံးမှတ်နှစ်သိန်းကို နှုတ်ယူလိုက်တယ်။

လီဖူချန်းက အံ့ဖွယ်သက်တံဓားပညာစာအုပ်ရဲ့ပထမစာမျက်နှာကို လှန်လိုက်တဲ့အခိုက် ကောင်းကင်က ပြောင်းသွားသလို သူက ခံစားရတယ်။ အံ့ဖွယ်သက်တံတစ်ခုက စကြာဝဠာရဲ့အနက်ပိုင်းမှ ပျံသန်းလာတယ်။ စွမ်းပကားနဲ့အရှိန်က တကယ်ကို မဖော်ပြနိုင်အောင်ပဲ။

"အံ့ဖွယ်သက်တံဓားပညာပထမကွက်၊ ကောင်းကင်အလွန်အံ့ဖွယ်သက်တံ"

ဒုတိယစာမျက်နှာကို လှန်ပြီးနောက် ပိုမိုတောက်ပတဲ့အံ့ဖွယ်သက်တံတစ်ခုက ကြယ်တွေကို ထိုးဖောက်သွားခဲ့တယ်။

"အံ့ဖွယ်သက်တံဓားပညာဒုတိယကွက်၊ နေထိုးဖောက်အံ့ဖွယ်သက်တံ"

တတိယစာမျက်နှာကို လှန်တဲ့အခါ အံ့ဖွယ်သတ်တံက ပေါက်ကွဲထွက်သွားပြီး အဆုံးမဲ့အလင်းစက်တွေက ကြယ်ကောင်းကင်ကို ဖုံးလွှမ်းသွားခဲ့တယ်။

"အံ့ဖွယ်သက်တံဓားပညာတတိယကွက်၊ အံ့ဖွယ်သက်တံအလင်းမိုး"

…

"အံ့ဖွယ်သက်တံဓားပညာက အံ့အားသင့်စရာပဲ"

ထိပ်တန်းအဆင့်ဓားတာအိုဖြစ်တဲ့ထွန်းတောက်ဓားတာအိုပါဝင်တာကြောင့် သူ့ရဲ့ထွန်းတောက်ပညာက အတော်လေးထိုက်တန်တယ်လို့ လီဖူချန်းက ထင်ထားခဲ့တာ။ ဒါပေမယ့် အခုတော့ သူမှားနေတာကို လီဖူချန်းက သိပါပြီ။

အံ့ဖွယ်သက်တံဓားပညာက ထိပ်တန်းအဆင့်အဆုံးစွန်းဓားပညာတစ်ခု မဟုတ်ပါဘူး။ ၎င်းကို ပထမအဆင့်အဆုံးစွန်းဓားပညာလို့တောင် စဉ်းစားလို့မရပါဘူး၊ ဒါပေမယ့် ဓားဆန္ဒက အလွန်ပြီးပြည့်စုံပြီး စကြာဝဠာရဲ့စစ်မှန်တဲ့အနှစ်သာရအရိပ်အယောင်တစ်ခု ပါဝင်တယ်။

သူ့ရဲ့ကိုယ်ပိုင်ထွန်းတောက်ဓားပညာကို ကြည့်လိုက်တော့ ဓားကွက်တစ်ကွက်သာ ရှိတယ်။ အဲဒါမှာ ပြီးပြည့်စုံတဲ့ဓားဆန္ဒတစ်ခု မရှိဘူး၊ စကြာဝဠာရဲ့စစ်မှန်တဲ့အနှစ်သာရလည်း မပါဝင်ပါဘူး။

အဲဒါကို အစည်းအရုံးအမှတ်အဖြစ် ရောင်းဝယ်ရင်တော့ သူက အစည်းရုံးမှတ်တစ်ဆယ်ဒါမှမဟုတ်နှစ်ဆယ်မီလီယံကိုသာ ရရှိနိုင်ပါလိမ့်မယ်၊ အဲထက်တော့ မပိုနိုင်ပါဘူး။

"ပထမဆုံးအကြိမ်ဖတ်ရတာ အနည်းငယ်ရှုပ်ထွေးသလို ဖြစ်နေတယ်။ ငါ နောက်ထပ် အကြိမ်အနည်းငယ် ပိုဖတ်ရမယ်"

လီဖူချန်းက အံ့ဖွယ်သက်တံဓားပညာစာအုပ်ကို နောက်တစ်ကြိမ်ထပ်ဖတ်တယ်၊ သူ့ရဲ့အကြီးအကဲတုံကင်က နောက်ထပ်အစည်းရုံးမှတ်နှစ်သိန်း နုတ်ယူသွားပြန်တယ်။

နှစ်ကြိမ်၊ သုံးကြိမ်၊ ဆယ်ကြိမ်.........

မသိလိုက်မသိဘာသာနဲ့ လီဖူချန်းက အံ့ဖွယ်သက်တံဓားပညာကို ဖတ်နေတာ အကြိမ်နှစ်ဆယ် ရှိပါပြီ။ သူက အစည်းရုံးအမှတ်၂.၄မီလီယံအထိ အသုံးပြုခဲ့တယ်။

သူက အံ့ဖွယ်သက်တံဓားပညာကို မသင်ယူနိုင်ခဲ့ပါဘူး၊ ဒါပေမယ့် အဲဒါက ထွန်းတောက်ဓားပညာနဲ့ အလွန်တူပါတယ်။ အဲဒါကို အကိုးအကားတစ်ခုအနေနဲ့အတူ လီဖူချန်းရဲ့စိတ်က ထွန်းတောက်ဓားပညာရဲ့ဒုတိယအကွက်အတွက်  ဈာန်ဝင်စားမှုအချို့ ရှိလာတယ်။ ဒုတိယဓားကွက်က အခုဆိုရင် ပေါ်ကာစပြုနေပြီး ဖြည်းဖြည်းချင်း ထွက်ပေါ်လာနေတယ်။

"ဟင့်"

အသက်ကို ခပ်ပြင်းပြင်း ရှုထုတ်ပြီးနောက် လီဖူချန်းက သူ့ကိုယ်သူ ပြောလိုက်တယ်"ငါက အံ့ဖွယ်သက်တံဓားပညာကို သင်ယူချင်ရင် ငါက အကြိမ်တစ်ရာကျော်အောင် ဖတ်ဖို့ လိုအပ်တယ်။ ဒါက အနည်းဆုံးအစည်းရုံးမှတ်နှစ်ဆယ်မီလီယံကုန်လိမ့်မယ်၊ ဒါပေမယ့် ငါ့မှာ မလုံလောက်ဘူး"

လီဖူချန်းရဲ့ထိုးထွင်းသိမြင်မှုက လုံးဝကို မှင်တက်စရာပဲ။ အခြားသူတွေက အံ့ဖွယ်သက်တံဓားပညာကို တစ်နှစ်ငှားသွားရင်တောင် သူတို့က မသင်ယူနိုင်ပါဘူး။ သူက အဲလောက်ထိ အချိန်အများကြီးမလိုအပ်ဘူးလို့ လီဖူချန်းက ယုံကြည်ချက် ရှိတယ်။ ဆိုလိုတာက သူက တစ်နှစ်အထိ ငှားဖို့ မလိုဘဲ အဲဒါကို သင်ယူနိုင်တယ်။ အဲဒါက အစည်းအရုံးမှတ်များစွာကို သက်သာစေလိမ့်မယ်"

ဒါပေမယ့် လီဖူချန်းက အံ့ဖွယ်သက်တံဓားပညာကို သင်ယူဖို့ မစဉ်းစားပါဘူး။ သူ့ရဲ့ရည်ရွယ်ချက်က အဲဒါကို အကိုးအကားအနေဖြင့် အသုံးပြုဖို့အတွက်ပါပဲ။

ဈာန်ဝင်စားမှုကို ချိတ်ပိတ်ပြီး‌နောက် လီဖူချန်းက စာကြည့်တိုက်ရဲ့အနက်ပိုင်းကို ဦးတည်လိုက်တယ်။ သူက ဒဏ္ဍာရီလာအချုပ်အချယ်မဲ့ဓားပညာကို မြင်ချင်တယ်၊ အဲဒါကို တစ်ကြိမ်ဖတ်ဖို့ ဘယ်လောက်တောင် ကုန်ကျမလဲကို သူ သိချင်တယ်။

မကြာခင်မှာပဲ လီဖူချန်းက စာကြည့်တိုက်ရဲ့အနက်ဆုံးအပိုင်းကို ရောက်ရှိသွားတယ်။ ဒီနေရာမှာ အစီအရင်အလွှာတွေနဲ့ မရေမတွက်နိုင်တဲ့အကန့်အသတ်တွေ ရှိတယ်။ အကြီးအကဲတုံကင်မရှိရင် အစီအရင်စွမ်းအားနဲ့အကန့်အသတ်စွမ်းအားတွေကြောင့် သူက ဖုန်မှုန့်ဘဝပြောင်းသွားလိမ့်မယ်လို့ လီဖူချန်းက ယုံကြည်တယ်။

အနက်ဆုံးအပိုင်းထဲမှာ စင်အနည်းငယ်သာ ရှိတယ်။ စင်တစ်ခုစီမှာ စာအုပ်တစ်အုပ်စီ ရှိတယ်။

စင်တွေထဲက တစ်ခုရှေ့မှာ ရပ်နေလျက် လီဖူချန်းက ကြည့်လိုက်တယ်။

ထိုနေရာမှာ စာအုပ်တစ်အုပ်ရှိပြီး 'အချုပ်အချယ်မဲ့ဓားပညာ'ဆိုတဲ့ကြီးမားတဲ့မီးခိုးရောင်စာလုံးတွေက လီဖူချန်းရဲ့မျက်လုံးတွေထဲမှာ အလွန်ရှင်းလင်းနေတယ်။

"အချုပ်အချယ်မဲ့ဓားပညာ၊ တစ်ခါဖတ်ဖို့ အစည်းအရုံးအမှတ်နှစ်ရာမီလီယံလိုတယ်။ တစ်နှစ်ကြာ‌ ငှားရမ်းဖို့အတွက် အစည်းရုံးမှတ်တစ်ရာဘီလီယံကို လိုအပ်တယ်"

"အမ်"

အချုပ်အချယ်မဲ့ဓားပညာရဲ့မိတ်ဆက်ကို ဖတ်ပြီးနောက် လီဖူချန်းက အတွေးနက်သွားရတယ်။ တစ်ခါဖတ်ဖို့ အစည်းအရုံးမှတ်နှစ်ရာမီလီယံ ကျသင့်ပြီး တစ်နှစ်ငှားရမ်းဖို့အတွက် အည်းအရုံးအမှတ်တစ်ရာဘီလီယံ ကျသင့်တယ်။ အဲဒါကတကယ်ကို များပြားလွန်းပါတယ်၊ လီဖူချန်းမှာ လက်ရှိအစည်းအရုံးအမှတ်တွေရဲ့ဆယ်ဆရှိရင်တောင် သူက စာအုပ်ကို တစ်ကြိမ်‌ဖတ်ဖို့ မလုံလောက်ပါဘူး။

"ဒါပေမယ့် အန္တိမအဆင့်ဓားပညာတစ်ခုအနေနဲ့ အချုပ်အချယ်မဲ့ဓားပညာက ဈေးနှုန်းနဲ့ တကယ်ကို ထိုက်တန်ပါတယ်"

လီဖူချန်းက ဝမ်းနည်းကြေကွဲသွားရတယ်။  နက်ပြာပလိန်းတစ်ခုလုံးမှာ အန္တိမအဆင့်ဓားပညာတစ်ခုသာ ရှိတယ်လို့ ပြောကြတယ်။ လီဖူချန်းရဲ့မူလအဆုံးစွန်းဓားပညာမှာ အန္တိမအဆင့်ဓားပညာရဲ့အရိပ်အငွေ့တစ်ခု ပါဝင်တယ် ဆိုပေမယ့် စစ်မှန်တဲ့အန္တိမအဆင့်ဓားပညာတစ်ခု ဖြစ်ဖို့ဆိုရင်တော့ အလွန်ဝေးကွာနေတုန်းပါပဲ။

***

All Chapters