← Chapters

နင် ငါ့ရဲ့ ပေါင်‌သားလေးတွေကိုတောင် မြင်ရဖို့ စိတ်မကူးနဲ့

Vol. 36 Ch. 526

နင် ငါ့ရဲ့ ပေါင်‌သားလေးတွေကိုတောင် မြင်ရဖို့ စိတ်မကူးနဲ့

Vol. 36 Ch. 526

“ မီလိ နင်တို့နှစ်ယောက်က….”

ဖုန်းထဲတွင် ရှန်းရှူးရီ၏ အမူအရာမှာ အကြီးအကျယ် ရှော့်ခ်ရနေပြီး ကြက်သေသေနေလေသည်။

လျန်ရူရွှယ်လည်း အထိတ်ထိတ်အလန့်လန့် ဖြစ်သွားကာ ဗွီဒီယိုကောကို ချလိုက်၏။

“ အကောင်စုတ် နင် ခြေသံလေး ဘာလေး မပေးတတ်ဘူးလား…”

“ ဟမ်… ငါက အသံမြည်အောင် လမ်းလျှောက်ရမှာလားဟ…. ဘာလို့ အဲ့လို လုပ်ရမှာ…”

“ ရေခဲသေတ္တာထဲမှာ ရေဘူး‌တွေရှိတယ် မဟုတ်ဘူးလား… နင်က အဲ့တာကို ဘာလိုက်ရှာနေတာ…” လျန်ရူရွှယ်စောဒက တက်လိုက်ပြီး “ဘာလဲ… နင်က ရေအေးမသောက်နိုင်လို့လား…”

“ အင်း…. ငါက အဘိုးကြီးဖြစ်နေပြီလေ…. ”

“ အတည်ကြီးလား…” လျန်ရူရွှယ် မျက်လုံးလှန်လိုက်၏။

“ ရေခဲသေတ္တာထဲမှာက မင်းရဲ့ စတော်ကင်တွေချည်းပဲလေ …. ငါ အဲ့ထဲက ရေတွေ မသောက်ချင်ဘူး…”

“ စတော်ကင်က ဘာဖြစ်နေလို့ နင်က မသောက်ချင်နေရတာ… အကုန်လုံးက အသစ်တွေချည်းပဲလေ…. နင်က ဘာတွေဇီဇာကြောင်နေတာ….”

“ မသောက်ချင်လို့ကို မသောက်တာကွာ…”

“ ဟင်း....နင့်ခေါင်းထဲမှာ ဘယ်လိုအတွေးတွေနဲ့ ပြည့်နှက်နေမှန်းကို မသိတော့ဘူး… ငါ စတော်ကင် ၀တ်ထားတာကိုကျတော့ သူများတွေထက်ကို ငမ်းငမ်းတက် ကြည့်နေပြီးတော့မှ ရေခဲသေတ္တာထဲမှာ ထည့်ထားတာကျတော့ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့....ဟိုလို ညစ်ပတ်နေတာလဲ မဟုတ်ပဲနဲ့ကို…”

လျန်ရူရွှယ် မကျေမနပ် ပြောဆိုပြီးနောက် “ စောင့်နေ… ငါ နင့်ကို ရေနွေး သွားယူလာခဲ့ပေးမယ်…”

“ ရေနွေးကြီးလား…. ငါက ဘယ်လိုသောက်ရမှာ….”

“ရေခဲသေတ္တာထဲ ခဏ အအေးခံပြီးသောက်လေ….”

“ ဒါပေမယ့် မင်းရဲ့ စတော်ကင်တွေက ရေခဲသေတ္တာထဲမှာလေ….”

“ နင်…..”

“ ငါတကယ်ကြီး အဲ့တာတွေကို ရေခဲသေတ္တာထဲကနေ ထုတ်ပေးရမှာလား…” လျန်ရူရွှယ် အရမ်း စိတ်တိုနေပြီး “ အဲ့လိုဆိုရင်တော့ ငါ စတော်ကင်ဝတ်တာကို နင် ထပ်မြင်ရဖို့ စိတ်တောင်မကူးနဲ့နော်…”

“ ရတယ်လေ… မ၀တ်ချင် မ၀တ်နဲ့ပေါ့...”

“ နင် တကယ်ကြီး နေနိုင်တယ်လား…”

“ မနေနိုင်လဲ သူများခြေထောက်တွေ ကြည့်လို့ရတယ်လေ ....တစ်လောကလုံးမှာ မိန်းကလေးက မင်းတစ်ယောက်တည်း ရှိနေတာမှ မဟုတ်တာ…”

“ နင်…. “

လျန်ရူရွှယ် ဒေါသထွက်လွန်း၍ သေသွားနိုင်သည်ဟု ခံစားနေရ၏။

ဒီကောင်စုတ်က ဘယ်လိုလူစားမျိုးလဲ… မိန်းမလှလေးရှေ့မှာ အဲ့လိုစကားတွေ ပြောဝံ့နေတယ်ပေါ့လေ…..ဒီကောင် လုံးဝကို လူကြီးလူကောင်းမဆန်တာပဲ….

ရေနွေးတစ်ခွက် ယူလာပြီးနောက် လျန်ရူရွှယ် ရေခဲသေတ္တာထဲ ထည့်ထားလိုက်၏။ ထို့နောက် လင်းရီကို မကျေမချမ်းကြည့်ပြီး သူမ၏ စတော်ကင်များနှင့်အတူ အခန်းထဲသို့ ပြန်သွားလေသည်။

“ ဟွန့်…. နောင်ကျရင် ငါ စတော်ကင်ဝတ်တာကို မြင်ရဖို့ မပြောနဲ့…. ပေါင်သားလေးတွေတောင်မှ မမြင်စေရဘူး…."

လျန်ရူရွှယ် အခန်းထဲသို့ ပြန်ရောက်လာပြီးနောက် သူမဖုန်းကို ကောက်ကိုင်လိုက်သောအခါ သူမအမေမှ မက်ဆေ့ချ်ပို့ထားကြောင်း မြင်တွေ့လိုက်ရ၏။

“ သမီး …. အဖော်ဆောင်ဖို့ မမေ့နဲ့နော်….”

လျန်ရူရွှယ် : “.....”

…………………..

ရန်ကျင်း ၊ ယွဲ့ကျင်း အိမ်ရာ ။

ရေချိုးပြီးနောက် လျန်ချွင်းရှောင် သူ၏ ဆံပင်ကို အခြောက်ခံကာ အိပ်ခန်းထဲသို့ ရောက်လာခဲ့လေသည်။

“ မင်း ခုလေးတင် မီလိလေးနဲ့ စကားပြောနေတာ မဟုတ်ဘူးလား….. ဘာလို့ အဲ့လောက် မြန်မြန်ကြီး ဖုန်းချပစ်လိုက်တာ…. သမီးကကော ဘာပြောချင်လို့ ဖုန်းဆက်လိုက်တာလဲတဲ့…”

“ ကျွန်မလည်း မချချင်ပါဘူး… ဒါပေမယ့် တစ်ဖက်လူရဲ့ ကိစ္စကို ကြန့်ကြာခိုင်းလို့ မကောင်းဘူးလေ….” ရှန်းရှူးရီ သက်ပြင်းချလျက် ပြောလိုက်သည်။

“ အာ… ဘာလို့တုန်းကွ...ခုက ဘယ်အချိန်ရှိနေပြီတုန်း… ငါ့ သမီးက ဘာလုပ်နေလို့ သူ့ကို ကြန့်ကြာစေမှာ… “ လျန်ချွင်းရှောင် ပြောလိုက်ပြီး “ အလုပ်ကိစ္စလား…. မင်းသူ့ကို နည်းနည်းပါးပါး ပြောထားစမ်းပါကွာ.. အလုပ်က အလုပ်ပဲလို့… ဒီလောက်နောက်ကျအောင်တော့ မနေသင့်ဘူး….”

“ အလုပ်ကိစ္စ မဟုတ်ပါဘူး…” ရှန်းရှူးရီ ပြောလိုက်ပြီး “ လင်းရီက မီလိလေးရဲ့ အိမ်ရောက်နေတာ…”

“ ဘာကွ…. သူတို့က အတူတောင် နေကြပြီလား….” လျန်ချွင်းရှောင် ဆက်လက်တည်ငြိမ်မနေနိုင်တော့ပေ။

“ အွန်း...အတူနေနေကြပြီ..” ရှန်းရှူးရီ ပြောလိုက်ပြီး “ ကျွန်မရဲ့ သတိပေးချက်က အသုံးမဝင်ဘူးထင်ပါရဲ့… လင်းရီက ကျွန်မတို့ရဲ့ သားမက်ဖြစ်ဖို့ သေချာသွားပြီ… ရွေးချယ်စရာမရှိလည်း လက်ခံရတော့မှာပဲ….”

“ ဒါက ဘာသဘောတုန်းကွ…” လျန်ချွင်းရှောင် မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်ပြီး “ သူတို့နှစ်ယောက်က မင်္ဂလာတောင် မဆောင်ရသေးဘူးလေ… ဘာလို့ အတူတူ နေနေကြတာ… ဒီလောက် ပညာတွေ တတ်ထားပြီးတော့မှ ဒီသဘောတရားလေးတောင် နားမလည်နိုင်ဘူးတဲ့လား…. တကယ့်ကို မအေတူသမီးပဲ…”

ရှန်းရှူးရီ လျန်ချွင်းရှောင်ကို ထူးဆန်းစွာကြည့်လိုက်ပြီး “ ရှင်ဘာပြောလိုက်တယ်…”

“ ဘာလဲ… ငါပြောတာ မှားလို့လား….”

“ ဒါဆို ဘယ်သူက ကျွန်မကို ရိုးရာပြဇာတ်ကြည့်ဖို့ ပြောပြီးတော့ ည ဆယ့်တစ်နာရီလောက်လည်းရောက်ရော အတင်းကို ဟိုတယ် ဆွဲခေါ်သွားတာ ဘယ်သူကြီးလဲ….”

“ အဟွတ် အဟွတ် …” လျန်ချွင်းရှောင် ကိုးရို့ကားယားဖြစ်စွာ ချောင်းဆိုးလိုက်ပြီး “ ငါတို့က ငါတို့လေ… သူတို့က သူတို့…. မတူဘူး….”

“ ဘာကွာလို့… ဒီဘက်ခေတ် လူငယ်တွေက ပိုပြီးတောင် ပွင့်လင်းနေပြီ…” ရှန်းရှူးရီ အလွန်အမင်း တည်ငြိမ်နေပြီး “ အရွယ်ရောက်ပြီးသား အမျိုးသမီးတစ်ယောက်က ဖြူစင်နေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး.. ရှင်သူ့ကို စိတ်ပူနေလည်း အလကားပဲ… အဲ့လောက်လေးမှ နားမလည်ရင် မယ်သီလသာ ဝတ်ပေးလိုက်တော့…”

သူ့ဘက်မှလည်း အပြစ်မကင်းသောကြောင့် လျန်ချွင်းရှောင် ဘာမျှဆက်မပြောတော့ချေ။ သူလည်း အတိတ်တုန်းက လူမဆန်သည့်အရာများကို လူငယ်ပီပီ စမ်းသပ်ခဲ့ဖူးလေသည်။

“ သူတို့နှစ်ယောက်က အတူရှိနေတယ်ဆိုရင်လည်း ဘာလို့ မင်းဆီ ဗွီဒီယိုကော ခေါ်လာတာ….”

“ ကျိုးဟိုင်မှာ တစ်ခုခု ကြီးကြီးမားမားဖြစ်ပျက်သွားတယ်… လင်းရီက ကျောက်မိုရင်းနှီးမြုပ်နှံထားတဲ့ ကုမ္ပဏီကို ဖျက်ဆီးလုနီးပါးလုပ်လိုက်ပြီးတော့ ယွမ်သုံးဘီလီယမ်တန်ကြေးရှိတဲ့ ကုန်ပစ္စည်းတွေကိုတောင်မှ မီးရှို့လိုက်သေးတယ်…ဒီကိစ္စကိုကိုင်တွယ်ဖို့ ကျောက်မိုက ကျိုးဟိုင်တောင် ရောက်နှင့်နေပြီ…”

“ မဖြစ်နိုင်တာ… ပြဿနာက အဲ့လောက်တောင် ကြီးမားနေတာလားဟ….” လျန်ချွင်းရှောင် ပြောလိုက်ပြီး “ ဟွာယင်းအုပ်စုရဲ့ စွမ်းအားနဲ့ဆိုရင် လင်းရီက သူတို့ရဲ့ ပြိုင်ဘက်ဖြစ်မှာ မဟုတ်ဘူး…”

လျန်ချွင်းရှောင် ထိုသို့ ပြောရခြင်းကလည်း နှစ်ဖက်၏ ခွန်အားမှာ အဆမတန် ကွာခြားနေခြင်းကြောင့်ပင်။

ထိုကွာခြားချက်က လှည့်ကွက်များ အသုံးပြုရုံမျှဖြင့် ထိန်းညှိနိုင်လိမ့်မည် မဟုတ်ချေ။ ၎င်းကိုလည်း သူ အခိုင်အမာ ယုံကြည်လေသည်။

“ ရှင်လည်း အဲ့လိုထင်တာပဲလား…” ရှန်းရှူးရီ အပြုံးလေးဖြင့် ပြောလိုက်၏။

လျန်ချွင်းရှောင် ခေါင်းညိမ့်လိုက်သည်။ “ ဒါပေမယ့် ဒီကိစ္စက အလွန်အကျူး မဖြစ်ခင် သူ့အလိုလို ရပ်တန့်သွားလိမ့်မယ်လို့ ထင်တာပဲ…. သူသေကိုယ်ကြေ တိုက်ခိုက်ရလောက်တဲ့အထိတော့ ဖြစ်မှာ မဟုတ်လောက်ဘူး…လင်းရီသာ နည်းနည်းလေး တောင့်ခံထားနိုင်မယ်ဆိုရင် အဆင်ပြေတယ်…”

“ အမှန်ပဲ… ဒါပေမယ့် အဲ့ကောင်လေး ကျောက်မိုက လင်းရီရဲ့ ပြိုင်ဘက်တော့ မဟုတ်ဘူး…. သူက DiDi ကို လူမသိသူမသိ ဝယ်ယူပြီးတော့မှ Cisco ကို အဆုံးသတ်နိုင်လိုက်တယ်ဆိုတော့ ကျောက်မိုကို ကိုင်တွယ်မယ်ဆိုရင် ဒီထက်ပိုပြီး ကြမ်းတမ်းလောက်တယ်…”

“ ဆိုတော့ … ရှင်မ သဘောက…”

“ ရှင် ဝမ်တုန်ချင်းအကြောင်း နားမလည်ဘူးလား… သူ့ရဲ့ ကလေးတွေနဲ့ ပတ်သက်လာရင် အရမ်း ကဲကဲလှုပ်တာလေ… တကယ်လို့ ကျောက်မိုသာ လင်းရီရဲ့ မတရား အနိုင်ကျင့်တာကို ခံနေရတယ်ဆိုတာ သိလို့ကတော့ သေချာပေါက် အေးဆေး ထိုင်ကြည့်နေမှာ မဟုတ်ဘူး…”

“ အဲ့တာဆို ငါတို့ ဘယ်လိုလုပ်ကြမှာ… ဝမ်တုန်ချင်းက ဟွားယင်အုပ်စုရဲ့ တာဝန်ရှိသူလေ… သူမသာ လှုပ်ရှားလာခဲ့ရင် လင်းရီ အခွင့်အရေး ရှိမှာတောင် မဟုတ်ဘူး…”

“ ဒီကိစ္စက လူငယ်မျိုးဆက် နှစ်ယောက်ကြားက ကိစ္စ…. လူကြီးတွေက ဘေးကနေ အေးဆေးကြည့်နေသင့်တယ်… တကယ်လို့ သူမ ဝင်ရှုပ်ရဲလို့ကတော့ အနာဂတ်ယောက္ခမလောင်းအနေနဲ့ သေချာလေး စကားပြောပေးရမှာပေါ့…” ရှန်းရှူးရီ ခေါင်းမော့ရင်ကော့၍ ပြောလိုက်ပြီး “ ဟွာယင်းအုပ်စုလေးပဲမလား….”

“ ဟားဟား …. ငါ့မိန်းမက အရမ်းကြီးစိုးနိုင်တာပဲကွာ…. တစ်ချက်ကြည့်လိုက်တာနဲ့ လျန်မိသားစုရဲ့ ချွေးမဆိုတာ တန်းပြောလို့ရတယ်…”

“ ကျွတ်… ရှင်သာ ကျွန်မကို လှည့်စားပြီး ပြဇာတ်ကြည့်ဖို့ မခေါ်ခဲ့ဘူးဆိုရင် ဘယ်သူ့ချွေးမ ဖြစ်နေမလဲတောင် သိမှာ မဟုတ်ဘူး…” ရှန်းရှူးရီ ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။

“ မင်း ကြည့်စမ်း…. ကလေးတောင် ဘယ်အရွယ်ရောက်နေပြီလဲ… ဘာလို့ ဒီကိစ္စပဲ ပြန်ပြန်ပြီး အစဖော်နေတာ….” လျန်ချွင်းရှောင် ရယ်မောလိုက်ပြီး “ ဒါဆို ကျောက်မို ဒီကိစ္စကို ဘယ်လိုကိုင်တွယ်မယ်လို့ ထင်လဲ….”

"ပြောမရဘူး.. သူက Soros လိုမျိုး နည်းလမ်းနဲ့ ချဉ်းကပ်လာမယ်လို့ ထင်တာပဲ.. ဒါပေမယ့် သူ ဘယ်လောက်ဝေးဝေး သွားနိုင်မလဲ ဆိုတာကတော့ သူ့ရဲ့ အရည်အချင်းပေါ်မှာ မူတည်တယ်... ကြည့်ရသလောက်တော့ နောက် နှစ်လ သုံးလလောက်နေရင် ဟွာရှရဲ့ ငွေကြေးဈေးကွက် နယ်ပယ်မှာ ပြပွဲကောင်းတွေ ကြည့်ရတော့မယ်နဲ့ တူတယ်..."

"Soros .." လျန်ချွင်းရှောင် ရေရွတ်လိုက်ပြီး "အင်္ဂလန်ဘဏ်ကို အကုန်ပြောင်စင်အောင် လုပ်ပြီးတော့မှ အရှေ့တောင် အာရှကို ငွေကြေးကပ်ဆိုက်စေခဲ့တဲ့ တစ်ယောက်လား.."

"သူပဲ...."ရှန်းရှူးရီ ပြောလိုက်ပြီး "ဒီရဲ့ နိုင်ငံခြားသားက အဲ့လိုမျိုး ဈေးကွက်ကစားတဲ့ နေရာမှာ အရမ်းတော်တယ်... ကျောက်မို ဘွဲ့ရပြီးတော့ Soros Quantum fund မှာ အလုပ်လုပ်ပြီး သူ့ရဲ့ နည်းလမ်း အနှစ်သာရတွေကို ကောင်းကောင်းကြီး သင်ယူပြီး လောက်ပြီ... ငွေကြေးနယ်ပယ်မှာ ဈေးကွက်ကစားပြီး လူကို သေတဲ့အထိ ဆော့ကစားတာက အကောင်းဆုံးနည်းလမ်းပဲ..."

"အင်း... အဲ့ကောင်က တော်တော်လေးတော့ ကြောက်စရာကောင်းတယ်...."

"ကြောက်စရာကောင်းတယ်... ဘယ်လောက်တောင် နှမြောစရာဖို့ ကောင်းလိုက်လဲ....."ရှန်းရှူးရီ ပြောလိုက်ပြီး "ဟောင်ကောင် ဘဏ္ဍာရေး ခုခံကာကွယ်ရေး တိုက်ပွဲတုန်းက ကျွန်မ အသက် ငယ်သေးတုန်းမို့နော... မဟုတ်ရင် Soros နဲ့ တစ်ယောက်ချင်း ယှဉ်ပြိုင်လိုက်ချင်သေးတယ်.... "

.....

နောက်တစ်နေ့ နံနက်တွင်တော့ လျန်ရူရွှယ် တစ်ကိုယ်လုံး လုံလုံခြုံခြုံ ၀တ်ဆင်ထား၏။ သူမခေါင်းမှ လွဲ၍ မည်သည့် အစိတ်အပိုင်းကို မျှ ဖော်ပြထားခြင်း မရှိချေ။

"ဘယ်လို ၀တ်စုံကြီးတုန်းဟ... မင်း တစ်ခုခု ကို ဖုံးကွယ်ထားတာလား.... "

"ဘာဖြစ်လဲ.. ငါကြိုက်လို့ ငါ၀တ်တယ်လေ.. "လျန်ရူရွှယ် ပြောလိုက်ပြီး "နင် နောက်ကျရင် ငါ စတော်ကင်၀တ်တာ မပြောနဲ့.. ငါ့ရဲ့ ပေါင်သားတွေကိုတောင် နင် မမြင်စေရဘူး..."

"တကယ်ကြီးလား..."လင်းရီ ပြောလိုက်ပြီး "ချင်းရန်ရဲ့ ရေခဲသေတ္တာထဲကလည်း ငါ ဘာတစ်ခုမှ မစားပါဘူးဟ..."

"တကယ်..."ထိုစကားကြားတော့ လျန်ရူရွှယ်၏ အမူအရာမှာ အနည်းငယ် ကောင်းမွန်သွားခဲ့သည်။

"ငါက ဘာလို့ လိမ်ရမှာ... "လင်းရီ ပြောလိုက်ပြီး "မြန်မြန် ... ဂါ၀တ်လေး ဖြစ်ဖြစ် လဲလိုက်... ဒီ၀တ်စုံကြီးက ဘာကြီးမှန်းလဲ မသိဘူး.. ကြည့်ရ အရမ်း ရုပ်ဆိုးတယ်..."

"အွန်း.. ခဏစောင့်..."

ထို့နောက် လျန်ရူရွှယ် ဒူးအထိ ဖုံးလွှမ်းထားသော ပန်းပုံလေးများနှင့် စကတ်ကို လဲလှယ်လိုက်၏။ လင်းရီလည်း ကျေနပ်စွာ ခေါင်းညိမ့်ပြီးနောက် အလုပ်သို့ ဦးတည်လိုက်လေသည်။

သူ ဆေးရုံသို့ မရောက်မီ ချောင်ရှင်းထံမှ ဖုန်းခေါ်ဆိုလာခဲ့၏။

"အစ်ကိုရီ.. ခဏနေကျရင် နှလုံးထဲ ပြွန်ထဲမယ့် ခွဲစိတ်မှုတစ်ခု ရှိတယ်နော်...အစ်ကိုရီ ယူမလား.... "

"နှလုံး အဆို့ရှင်ခွဲစိတ်မှာ မဟုတ်ဘူးလား.. ဘယ်လိုလုပ် ပြွန်ထည့်မယ့် ခွဲစိတ်မှု ဖြစ်သွားတာ...."

"အဲ့တာက နေ့လည်ကျမှ... ခုက မနေ့ညနေတုန်းကမှ ရောက်လာတဲ့ အရေးပေါ် လူနာ..... သူ့ရဲ့ အခြေအနေကလည်း အရမ်းဆိုးတယ်... ဒါကြောင့်မို့ ဒါရိုက်တာလီက ဒီနေ့ပဲ ခွဲစိတ်မှု လုပ်ဖို့ ဆုံးဖြတ်လိုက်တာ...."

"ကောင်းပြီလေ.. ငါအခု လာနေပြီ...."

နှလုံးထဲပြွန်ထည့်မည့် ခွဲစိတ်မှုမှာ အသေးစားခွဲစိတ်မှု ဖြစ်သော်လည်း ပိုးတံခွန် တစ်ခုလောက် ရလိုရငြား မျှော်လင့်ချက်လေးဖြင့် လင်းရီ ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။

ဌာနသို့ ရောက်သောအခါ ချောင်ရှင်း လင်းရီကို လာကြိုပြီး ဆေးမှတ်တမ်းများကို ကမ်းပေးလေသည်။

"အစ်ကိုရီ .. ဒါတွေက လူနာရဲ့ အချက်အလက်တွေပဲ... တစ်ချက်ကြည့်လိုက်ပါဦး..."

လင်းရီ လူနာ၏ ကိုယ်ရေးအကျဉ်းကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်း ကြောင်အသွားတော့၏။

"ခွဲစိတ်မှု လုပ်မယ့် လူနာက ချောင်ကျားတုံးလား.....”

All Chapters