← Chapters

ငါက ကျောက်မိုနဲ့ စီးချင်းထိုးချင်တာ...

Vol. 36 Ch. 528

ငါက ကျောက်မိုနဲ့ စီးချင်းထိုးချင်တာ...

Vol. 36 Ch. 528

"အင်း...မင်း လာတဲ့အချိန်ကျရင် လက်ဗလာနဲ့ မလာခဲ့နဲ့....ငါ ခုထိ နေ့လည်စာ မစားရသေးဘူး..."

"အိုကေ...."

တစ်နာရီကြာပြီးနောက် လျန်ရူရွှယ် လက်ထဲတွင် အိတ်အကြီးစားကြီးတစ်ခုနှင့်အတူ တံခါးလာခေါက်လေသည်။ ကြည့်ရသလောက်တော့ ထိုအထဲတွင် ပစ္စည်းတော်တော်များများ ရှိနေမည့်ပုံပင်။

လျန်ရူရွှယ်မှာ သနပ်ခါးရောင် ရှော့ပင်ဘောင်းဘီတို ဆိုဒ်အကြီးကို ၀တ်ဆင်ထားပြီး ဖိနှောင့်မပါသည့် ညှပ်ဖိနပ်(heelless sandals) ကို စီးနင်းထား၏။ ၎င်းဖိနပ်အပေါ်တွင် တလက်လက်ဖြစ်နေသည့် ပုံဆောင်ခဲများလည်း စီခြယ်ထားသေးသည်။ ယင်းက မျက်စိဖမ်းစားနိုင်လွန်းလှ၏။

သူ လျန်ရူရွှယ်ကို တစ်ချက်ကြည့်လိုက်သည်။

ဒီအမျိုးသမီးက ဒီနေ့ ဘာစိတ်ကူးပေါ်လို့ ရောက်လာတာပါလိမ့်...

ပြီးတော့ ဒီလိုတွေတောင် ၀တ်စားထားသေးတယ်... သူများတွေ အရက်သောက်ဖို့ ဖိတ်ခေါ်လာမှာ မကြောက်ဖူးလား မသိဘူး...

လျန်ရူရွှယ် ရောက်လာသည်ကို မြင်တော့ ဌာနရုံးခန်းထဲရှိ လူတိုင်း အလိုက်တသိဖြင့် ထွက်ခွာသွားကြပြီး နှစ်ယောက်ကို သီးသန့်တွေ့ဆုံခွင့် ပေးလိုက်လေသည်။

"ဘာ မရသာ ရှိတာတွေ ၀ယ်လာခဲ့တာ... ထုတ်လေ.. မြည်းကြည့်ကြည့်ရအောင်..."

"ငါတို့ရဲ့ ကန်သင်းက နေ့လည်စာဘူး ၀ယ်လာခဲ့ပေးတယ်...."

"မဖြစ်နိုင်တာ..... နည်းနည်းလေး သိပ်မကောင်းသလိုပဲနော...."

"အပိုတွေ မပြောနဲ့ ... အဲ့ဒီက ပါ၀င်ပစ္စည်းတွေက အပြင်ဘက်ကထက် ပိုပြီး လတ်ဆတ်တယ်... မှာစားတာထက်တော့ သာပါသေးတယ်ဟယ်... "လျန်ရူရွှယ် သူမဆံပင်ကို အနောက်သို့ သပ်လိုက်ပြီး "ပြီးတော့ ငါပို့တဲ့ နေ့လည်စာက သာမန်လူတွေ မြည်းစမ်းနိုင်တာမျိုးမဟုတ်ဘူးနော်... နင် ဂျေးသိပ်မများနဲ့...."

" အေးပါ အေးပါ.. ဒီလိုဆိုတော့လည်း ငါက ဂုဏ်ယူပြီး စားပေးရမှာပေါ့..."လင်းရီ နေ့လည်စာ ထမင်းဘူးကို ဖွင့်လိုက်ပြီး စတင်စားသောက်တော့၏။

"ပြောလေ.. ဘာလို့ ငါ့ဆီ ရောက်လာတာ... ယောက္ခထီးကြောင့်လား... ဒါမှမဟုတ် ရွှေယောက္ခမကြီးကြောင့်လား...."

"ပေါက်တတ်ကရတွေ လျှောက်ပြောမနေနဲ့..."လျန်ရူရွှယ် မျက်စောင်းထိုးလိုက်ပြီး "ကျောက်မို ပြန်ရောက်နေပြီ..."

"ကျောက်မို... အဲ့ကောင်က ဘယ်သူလဲ...."

လျန်ရူရွှယ် :"......"

"Cisco ကို အကြီးစား ရင်းနှီးမြုပ်နှံထားတဲ့သူလေ... ဘာလို့ အဲ့လောက် မြန်မြန် မေ့သွားရတာလဲ..."

"အိုး... အဲ့ကောင် အသက်ရှင်နေသေးတာလား..."လင်းရီ အံ့အားသင့်နေဟန်ဖြင့် လေသံတစ်ချက်ပြုလိုက်ပြီး "သတင်းမကြား ဘာမကြားဆိုတော့ ငါက လျှောသွားပြီ မှတ်နေတာ... "

"သူက အကြောင်းမဲ့ ငြိမ်နေသာ မဟုတ်ဘူး... သူ အမေရိကားကို ရောက်နေခဲ့တာ..."လျန်ရူရွှယ် ပြောလိုက်ပြီး "သူ အဲ့ဒီကို ဘာသွားလုပ်လဲဆိုတာ နင်သိလား...."

"ဘာလဲ ... အမေရိကားမှာ တကူးတက အခေါင်းသွားမှာနေတာလား...."

"နင် နည်းနည်းလေး အလေးအနက် ထားလို့မရဘူးလား.. ဒီက အတည်ပြောနေတာနော်..."လျန်ရူရွှယ် မကျေမနပ်ဖြစ်ကာ နှုတ်ခမ်းဆူသွားခဲပြီး "ငါ ခုလေးတင် ကြားလိုက်ရတာ သူ အမေရိကားကို သွားပြီးတော့ ဟွမ်းရွှေ ကုမ္ပဏီ( Muddy waters Research )က တာ၀န်ရှိသူတွေနဲ့ သွားတွေ့တာပဲ.. သူတို့ ဘာအကြောင်းပြောလဲဆိုတာ မသိပေမယ့် သူတို့ရဲ့ အဓိက ပစ်မှတ်က နင်ဆိုတာတော့ သေချာတယ်... "

"Muddy waters Research ..."လင်းရီ တီးတိုးရေရွတ်လိုက်ပြီး "Luckin ကော်ဖီရဲ့ ငွေကြေးလိမ်လည်မှုတွေကို ဖော်ထုတ်ခဲ့တဲ့ ကုမ္ပဏီလား..."

"အွန်း.. သူတို့ပဲ.. အဲ့ဒီတုန်းက Muddy waters ကုမ္ပဏီက Luckin ကုမ္ပဏီရဲ့ ငွေကြေးလိမ်လည်မှုတွေကို ဖော်ထုတ်ပြီးတော့ သူတို့ရဲ့ ရှယ်ယာတန်ဖိုးတွေကို ၈၀% လောက်အထိ ထိုးကျသွားစေခဲ့တယ်လေ... Luckin ရဲ့ စီးပွားရေး ဆုံရှုံးမှုတန်ဖိုးက အမေရိကန်ဒေါ်လာ ၆.၅ ဘီလီယမ်လောက်ရှိတယ်... သူတို့ရဲ့ အခြေအနေက Cisco ထက်တောင် ဆိုးရွားသွားခဲ့သေးတယ်...."

လျန်ရူရွှယ် ပြောလိုက်ပြီး "ဒါတောင် သူတို့က ငွေကြေးလိမ်လည်နေတယ်လို့ပဲ ပြောရသေးတာနော်... Luckin ကို လုံး၀ အဆုံးသတ်စေလု နီးပါးပဲ.... သူတို့က နင့်ထက်တောင် ပိုပြီး တိကျပြတ်သားသေးတယ်... ဒါကြောင့်မို့ သူတို့နဲ့ ရင်ဆိုင်ဖို့ဆိုတာ လွယ်ကူမှာတော့ မဟုတ်ဘူး..."

"Luckin လောက်ကတော့ ထည့်ပြောနေစရာ မလိုပါဘူး.. သူတို့က တကယ်ကြီး စီးပွားရေးလုပ်ချင်နေတာမှ မဟုတ်တာ... ဝေါစထရိကို ငွေညစ်ဖို့လောက် သိတဲ့ကောင်တွေ... "

လင်းရီ ပြောလိုက်ပြီး "ပြီးတော့ Muddy waters က ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှတ်တမ်းမှတ်ရာတွေမှ မတွေ့ခဲ့ဘူး.. Luckin ရဲ့ အထက်ကြီးပိုင်းတွေကပဲ အရင်ဆုံး ထုတ်ဖော်လာခဲ့တာ.. သူတို့ရဲ့ စွမ်းရည်နဲ့ ဘာမှ မဆိုင်ဘူး..."

"ဒါပေမယ့် သူတို့က ဟွာရှမှာ ကုမ္ပဏီ ဆယ့်လေးခုကို ငွေကြေးလိမ်လည်တယ်လို့ စွပ်စွဲထားသေးတာနော်... အဲ့ဒီထဲက ကုမ္ပဏီနှစ်ခုပဲ အကျိုးသင့်အကြောင်းသင့် ပြန်ဖြေရှင်းနိုင်တာ... ကျန်တဲ့ ဆယ့်နှစ်ခုက လုပ်ငန်း ပိတ်သိမ်းရင် ပိတ်သိမ်း ....မပိတ်သိမ်းရင် ရပ်စဲလိုက်ရတာချည်းပဲ... "လျန်ရူရွှယ် လင်းရီကို စူးစိုက်ကြည့်လျက် ပြောလိုက်ပြီး "ဒါကြောင့်မို့ သူတို့ကုမ္ပဏီရဲ့ စွမ်းပကားကို သံသယရှိနေစရာ မလိုဘူး..."

လင်းရီ Muddy waters ကုမ္ပဏီအကြောင်း အများအပြား သိထားလေသည်။ ထိုကုမ္ပဏီ၏ ပစ်မှတ်ထားခြင်းကို ခံရသည့် ကုမ္ပဏီတိုင်း တစ်နည်းမဟုတ် တစ်နည်းဖြင့် အဆုံးသတ်သွားခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် စီးပွားရေးလောကတွင် မည်သည့်လက်တစ်စုံကမျှ သန့်ရှင်းနေခြင်း မရှိသောကြောင့်ပင်။

"အတိတ်နှစ်တွေမှာ Soros' Quantum fund နဲ့ Muddy Water က အရင်းနှီးဆုံး ပါတနာတွေပဲ... နင်လည်း Quantum Fundက ဘာလဲဆိုတာ တယ်မလား...."

"အင်း... အဘိုးကြီး Sorosကတော့ အထင်ကြီးလောက်စရာပါပဲ... အင်္ဂလန်ဘဏ်ကိုတောင် ငွေပြတ်လပ်သွားအောင် လုပ်ပြီးတော့မှ အရှေ့တောင်အာရှကို ငွေကြေးကပ်ဆိုက်သွားစေခဲ့တဲ့သူလေ.. သူ့ရဲ့ စွမ်းရည်တွေက တော်တော်လေး အထင်ကြီးဖို့ကောင်းတယ်... "လင်းရီ ပြောလိုက်ပြီး "မင်းဆိုလိုချင်တာက ကျောက်မိုက ငါ့ကို ပျက်ကိန်းရောက်အောင် ပို့ချင်နေတယ်ဆိုတဲ့ သဘောလား..."

"အဲ့လိုမျိုး ဖြစ်ဖို့များတယ်..."လျန်ရူရွှယ် ပြောလိုက်ပြီး "ငါ့အထင်တော့ လွန်ခဲ့တဲ့ ရက်နှစ်ဆယ်လုံးလုံး ကျောက်မို ဘာမှမလုပ်ပဲ နေမယ်လို့တော့ ငါမထင်ဘူး.. သူတစ်ခုခုတော့ လုပ်ပြီးလောက်ပြီ.. ငါတို့ သတိမထားမိတာပဲ ဖြစ်မယ်... Muddy waters ပါလာပြီဆိုတော့ ဒီတိုက်ပွဲက အရမ်းကို ခက်ခဲတော့မှာ... "

လင်းရီ မေးစေ့ပွတ်လိုက်ပြီး "မင်းပြောပုံ အရဆိုရင် ဒီကိစ္စက ပိုပိုပြီး စိတ်၀င်စားဖို့ ကောင်းလာပြီ... ကျောက်မိုက တကယ်ပဲ ငါ့ကို စိတ်မပျက်စေခဲ့ဘူးပဲ... နောက်ဆုံးတော့ လက်ရည်တူ ယှဉ်ပြိုင်လို့ရတော့မယ့် တစ်စုံတစ်ယောက်နဲ့ တွေ့ပြီ...."

"နင် စိတ်မလှုပ်ရှားဘူးလား...."

"မင်းကော ဒါက စိတ်၀င်စားဖို့ ကောင်းတယ်လို့ မထင်ဘူးလား.."လင်းရီ လျန်ရူရွှယ်ကို တောက်လောင်နေသည့် မျက်၀န်းတို့ဖြဂ့် ကြည့်လိုက်ပြီး "ငါ့ရဲ့ လောင်ချာနဲ့ ခြင်တွေ ယင်တွေချည်း ပစ်ချနေရတာ အတော်လေး ပျင်းဖို့ကောင်းနေပြီ... ဘက်ညီ ပစ်ခတ်နိုင်တဲ့သူ ပေါ်လာတော့ ပိုပြီး စိတ်၀င်စားဖို့ ကောင်းသွားပြီလေ..."

"ဒီတော့ နင် ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ..."

"ခုတော့ မပြောသေးဘူး.. ကြိုပြောလိုက်ရင် အဓိပ္ပာယ်မရှိ ဖြစ်သွားမှာပေါ့... မဟုတ်ဘူးလား...... "

"ဘာလို့ အဲ့လိုမျိုး လုပ်နေတာ... ငါ့ကိုပြောပြ... ကောင်းမကောင်း အကြံဉာဏ်ပေးမယ်... "

"မလိုဘူး... ငါ သူနဲ့ စီးချင်းထိုးမှာ... တကယ်လို့ မင်းကို အကူအနေနဲ့ ခေါ်လိုက်ရင် အနိုင်ကျင့်နေသလို ဖြစ်သွားမှာပေါ့..."

"ဒါပေမယ့် ကျောက်မိုရဲ့ နောက်မှာက ဟွာယင်းအုပ်စု ရှိသေးတယ်ဆိုတာ နင်မမေ့နဲ့ဦးနော်... အဲ့တာက ဧရာမ ကော်ပိုရေးရှင်းကြီး.. သူတို့ရဲ့ ခွန်အားကို ထုတ်ဖော်မပြထားဘူးဆိုပေမယ့် သာမန်လူတစ်ယောက် လှုပ်ခါနိုင်တဲ့ အရာမျိုး မဟုတ်ဘူး...."

"ငါ ခုနလေးတင် မပြောထားဘူးလား... ဒီလိုမျိုး ကစားရတာ ပိုပြီး စိတ်၀င်စားဖို့ ကောင်းပါတယ်လို့..."

သို့နှင့် လင်းရီ မတ်တပ်ရပ်လိုက်ပြီး ဗီယိုထဲမှ အင်္ကျီထုတ်လိုက်ကာ လျန်ရူရွှယ် အနားတွင် ရှိနေသည်ကို ဂရုမစိုက်ပဲ အ၀တ်စား လဲလိုက်၏။

"ဟဲ့...နင် နည်းနည်းလေး အသိတရား ကပ်ပေးလို့မရဘူးလား... မိန်းမလှလေး တစ်ယောက်လုံး နင့်ဘေးမှာ ရှိနေတာနော်..."

"အဆင်ပြေပါတယ်... မင်း နောက်ခါ အ၀တ်စား လဲတဲ့အချိန်ကျ ငါကြည့်မယ်လေ.. အဲ့တာဆို ကျေပြီ... "

"နင်က နှာဘူးပဲ... နှာဘူးထဖို့လောက် သိတဲ့ကောင်...."

"အဲ့တာလည်း မင်းကြောင့်ပဲလေ.. တကယ်လို့ ငါသာ ဗိုက်ပြည့်မနေဘူးဆိုရင် နှာထဖို့ ခွန်အားရှိမှာ မဟုတ်ဘူး .."

လျန်ရူရွှယ် :"....."

'ငါက ဘယ်လိုလုပ်ပြီး အပြစ်ရှိသွားတာ...'

"နင် ဘယ်လည်း သွားမလို့... ဒီည ဂျူတီရှိတယ် မဟုတ်ဘူးလား..."

"မဆင်းလည်း ရတယ်..."လင်းရီ ပြောလိုက်ပြီး "ကျောက်မိုကတောင် ခြေလှမ်းတွေ စလှမ်းနေပြီဆိုတော့ ငါလည်း ထိုင်နေလို့ မဖြစ်ဘူးလေ... ဘာပဲဆိုဆို ထိုက်သင့်သလောက် လေးစားမှုလေးတော့ ပေးသင့်တယ်မလား...."

"ဒါပေမယ့် ငါကျ ဘာမှ မစားရသေးဘူးလေ..."

"ဟမ်... မင်း မစားရသေးဘူးလား...."

"မစားရသေးလို့ နှစ်ဘူး ၀ယ်လာခဲ့တာ‌ပေါ့ အကောင်စုတ်ရဲ့.. ငါက နင်တစ်ဘူးစားပြီး ငါတစ်ဘူးစားမယ်လို့ စိတ်ကူးထားတာ... ဒါပေမယ့် နင်က ငါ့ဝေစုတွေပါ စားသွားတာကိုး..."လျန်ရူရွှယ် ခါးသီးစွာဖြင့် ပြောလိုက်သည်။

"အာ....လက်စသတ်တော့ ဒါကြောင့်ကိုး... ငါလည်း ဘာလို့ နှစ်ဘူး ဝယ်ခဲ့ပါလိမ့်ဆိုပြီး ထူးဆန်းနေတာ..... ငါ့အထင် တစ်ဘူးတည်း မ၀မှာဆိုးလို့ နှစ်ဘူး ၀ယ်လာခဲ့ပေးတာများလားပေါ့...."

"နင် အဲ့လောက် စားနိုင်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ.... နင်က တကယ့် ၀က်ကြီး..."

"ကောင်းပြီလေ.. တစ်နပ်လောက် မစားလိုက်ရလို့လည်း ဘာမှ ဖြစ်မသွားဘူး... ကိုယ့်ပေါင်ကိုယ် ပြန်ကြည့်လိုက်ဦး... အဆီတွေချည်းပဲ... မင်းလည်း ဝိတ်လျော့သင့်နေပြီ..."

"ငါက ၀တယ်... နင် ငါ့ဝေစုကို စားပစ်လိုက်တာကို ၀န်မခံချင်လို့ ဒီလိုတွေ လျှောက်ပြောနေတာမလား...."

"ကိုယ့်ခြေထောက်ကိုယ် ပြန်ညစ်ကြည့်လိုက်လေ.. အသားဘယ်လောက်ရှိလဲလို့... ပြီးရင် ငါ့ခြေထောက်နဲ့ ယှဉ်ကြည့်လိုက်... "

လျန်ရူရွှယ် မျက်လုံးလှိမ့်လိုက်ပြီး "မ၀ပါဘူး..နင့်ထက်တောင် သေးပြီး သွယ်နေသေးတယ်....."

"အပိုတွေ လာမပြောနဲ့ .. ငါ၀တယ်ဆို ၀တယ် လုပ်လိုက်... ငါ ခုသွားတော့မယ်... "

"နင်က သွားတော့မယ်ဆိုတော့ ငါက ဒီမှာ ဘာလုပ်ရမှာ..."

"မင်း ဆရာ၀န်ပြဖို့ ဒီလာခဲ့တာမလား...ဒီမှာပဲ ဆေးစစ်လိုက်လေ...နှလုံးဌာနက ဒေါက်တာတွေ အကုန်လုံးက ကျွမ်းကျင်သူတွေချည်းပဲ.. ပြဿနာရှိမှာကို စိတ်ပူစရာ မလိုဘူး..."

"ငါ ဘာပြမလဲဆိုတာ မသိဘဲနဲ့ ဘာလို့ ရမ်းသန်းပြီး ပြောနေရတာ... "

"ဒါဆို ခြောက်ထပ်မြောက်မှာ မီးယပ်ဌာနရှိတယ်... ဒါရိုက်တာချန်းရဲ့ နည်းစနစ်တွေက အတော်လေးမဆိုးဘူး... သူမက နာမည်ကြီးပဲ..."

"ငါ့ကို လာဂျင်းထည့်မနေနဲ့.. သွားမယ်...."

လျန်ရူရွှယ် လင်းရီကို တွန်းထုတ်ရင်း ဌာနထဲမှ ထွက်လာခဲ့၏။

အနှီ လျှာရိုးမရှိသည့် လင်းရီနှင့် ဆက်လက်ငြင်းခုန်နေပါက သူမသာ ရှုံးနိမ့်သွားပေမည်။ နှစ်ယောက်သား ကားပါကင်ကို ရောက်တော့ လင်းရီ လျန်ရူရွှယ်ကို လျစ်လျူရှုလိုက်ပြီး အရေးတကြီး ကားပေါ်သို့ တက်ရန် ဟန်ပြင်လိုက်၏။

"လင်းရီ... ခဏစောင့်ဦး..."

"ဟမျ... ဘာကိစ်စလဲ...."

လျန်ရူရွှယ် သူမလက်ကို အုပ်လိုက်ပြီး ခိုးကြောင်ခိုးဝှက်လေသံဖြင့် "ဒီခဏလာဦး.. ငါနင့်ကို ပြောစရာ ရှိလို့..."

"ပြောစရာရှိရင် ဒီတိုင်းပြောလိုက်လေ.. ဒီနားမှာ ဘယ်သူရှိတာမှတ်လို့..."

လျန်ရူရွှယ် ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်ပြီး ရှက်ရွံ့ဒေါသထွက်နေဟန်ဖြင့် "မြန်မြန်လာပါဆိုနေ...."

"ဘာလို့ အဲ့လောက် အလုပ်ရှုပ်နေတာ..."လင်းရီ ဆွံ့အစွာဖြင့် ရောက်လာခဲ့ပြီး "ကဲ ဘာပြောမှာ....ပြောစရာရှိတာ ပြောတော့..."

လျန်ရူရွှယ် ပတ်၀န်းကျင်ကို တစ်ချက် စစ်ဆေးလိုက်ပြီး တိုးညှင်းသည့် အသံဖြင့် "ငါ အန်တီလာရင် အစာအိမ် အရမ်းအောင့်လို့...အဲ့ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ နင်သိလား....”

All Chapters