← Chapters

ငါတို့ အရမ်း တစ်ကိုယ်ကောင်းဆန်လို့ မဖြစ်ဘူးလေ

Vol. 36 Ch. 530

ငါတို့ အရမ်း တစ်ကိုယ်ကောင်းဆန်လို့ မဖြစ်ဘူးလေ

Vol. 36 Ch. 530

လျန်ရူရွှယ် ဆေးပညာ အကြောင်း ဂဃနဏ မသိသော်လည်း နာမည်ကြားရုံမျှနှင့် ရှားပါးရောဂါတစ်ခုဆိုတာတော့ သိသာလေသည်။

"အဲ့တာ ရှားပါးတဲ့ ရောဂါမလား.. လက်ရှိ ဟွာရှရဲ့ ဆေးပညာ တိုးတက်မှုတွေနဲ့ဆို ကုသဖို့ ဖြစ်နိုင်လောက်လား..."

"ရှားပါးရောဂါပါပဲ.. ဒါပေမယ့် ကုသလို့ရတယ်..."

"ကောင်းတာပေါ့..."လျန်ရူရွှယ် စိတ်သက်သာရာ ရသွားခဲ့ပြီး "ကလေးက နည်းနည်း ငယ်သေးပေမယ့် ကုလို့ရနေသရွေ့တော့ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး..."

"နည်းပညာ အရတော့ ကုသလို့ ရတယ်.. ဒါပေမယ့် ခုတော့ မဖြစ်နိုင်သေးဘူး..."

"ဟင်... နင့်စကားက ဘယ်လိုကြီးလဲ..."

"SMA ကုသဖို့အတွက် ကုန်ကျတဲ့ ဆေးတန်ဖိုးက တစ်လုံးကို ယွမ် ခုနစ်သိန်းလောက်ရှိတယ်... တကယ်လို့ ခုမှ စဖြစ်တယ်ဆိုရင်တောင် ပြန်သက်သာဖို့ အနည်းဆုံး လေးလုံးလောက်တော့လိုမှာပဲ.. "လင်းရီ ပြောပြီးနောက် လျန်ရူရွှယ်ကို ကြည့်ကာ "မင်းက သူတို့ကို ဘယ်လို ကုသစေချင်နေတာ..."

လျန်ရူရွှယ် ကြက်သေသေသွားခဲ့၏။ ထို့နောက် သူမ၏ အမူအရာမှာ ငြိမ်သက်သွားခဲ့တော့သည်။

သူမတို့ ဆုံတွေ့စဉ်အခါမှ ထိုစုံတွဲမှာ တစ်ခြားဒေသမှ ကျိုးဟိုင်တွင် အလုပ်လာလုပ်ကြသူများဖြစ်ကြောင်း ပြောပြထားပြီး ဖြစ်သည်။

သူတို့၏ လက်ရှိ ၀င်ငွေဖြင့် ဆိုလျှင် မစားရက် မသောက်ရက် စုလျှင်တောင် အများဆုံး တစ်နှစ် ကို ယွမ်နှစ်သိန်းမျှသာ စုဆောင်းနိုင်ပေမည်။

အကယ်၍ သူမတို့ သုံးနှစ်ကျော်မျှ မစားရက် မသောက်ရက် ခြစ်ကုပ်စုဆောင်းမှသာလျှင် ဆေးတစ်လုံး ဝယ်ဖို့ရာ လုံလောက်ပေလိမ့်မည်။

မိဘဖြစ်သူမှ ထိုမျှ အချိန်အကြာကြီး ပေးဆပ်၍ ရှာဖွေနိုင်လျှင်တောင် ကလေးဖြစ်သူက တောင့်ခံထားနိုင်လိမ့်မည် မဟုတ်ချေ။

လင်းရီ ပြောသည့် အတိုင်း နည်းပညာ အရတော့ ရောဂါမှာ ကုသ၍ ရသည်။ သို့သော်လည်း အ‌ခြေအနေမှာ ကုသနိုင်ဖို့ရာ လမ်းမမြင်ချေ။

"တကယ်လို့ ရောဂါသာ အတည်ပြုပြီးသွားပြီဆိုရင် နင်သူတို့ကို ကူညီပေးမှာလား..."လျန်ရူရွှယ် မေးမြန်းလိုက်၏။

"မကူညီပေးဘူး..."

လင်းရီ သူ့ခေါင်းကို ခါရမ်းလိုက်ပြီး "ငါက လူသားလေ.. နတ်ဘုရားမှ မဟုတ်တာ... ဟွာရှမှာ SMA ထက် ရှားပါးတဲ့ ရောဂါတွေမှ တစ်ပုံကြီး.. ငါက လာသမျှ လူတိုင်းကို ကူညီပေးနေရမှာလား... ငါ့မှာ အဲ့လိုအတွေးမျိုး ရှိနေတယ်ဆိုရင်တောင် ငါတကယ် မကူညီပေးနိုင်ဘူး..."

"နင်ပြောတာကို နားလည်ပါတယ်... "လျန်ရူရွှယ် ညင်သာစွာ စကားဆိုလိုက်ပြီး "သူတို့ကို ကူညီပြီး ရန်ပုံငွေ ရှာပေးဖို့ကော..."

"အဲ့လိုလည်း မလုပ်ဘူး..."

လင်းရီ လျန်ရူရွှယ်ကို တစ်ချက်ကြည့်လိုက်ပြီး "မင်းက ရာထူးကြီးကြီး ယူထားတဲ့သူပါ.. မလုပ်ချင်ပေမယ့်လည်း တစ်ခါတစ်လေ သွေးအေးမှ ဖြစ်မယ်ဆိုတာ ငါ့ထက် ပိုသိပါတယ်... မဟုတ်ရင် လောကကြီးက ဗြောင်းဆန်သွားလိမ့်မယ်... "

လျန်ရူရွှယ် ခေါင်းတွင်တွင် ငြိမ့်လိုက်သည်။

နာရီ၀က်ကြာပြီးနောက် ဝေတချန် ရောက်ရှိလာလေသည်။

"အခြေအနေ ဘယ်လိုရှိလဲ..."လင်းရီ မေးမြန်းလိုက်၏။

"ငါ အစမ်း စစ်ဆေးမှုရလဒ်ကို ယူပြီး ကျန်တဲ့ ဒါရိုက်တာတွေနဲ့ ဆွေးနွေးကြည့်တော့ ကျောရိုးကြွက်သား အားနည်းတဲ့ ရောဂါ SMA ဆိုပြီး လောလောဆယ် အတည်ပြုထားတယ် ... "စွန်းတဝေ ပြောလိုက်ပြီး "မနက်ဖြန် တခြား ဌာနက ဒါရိုက်တာတွေ ရောက်လာတော့မှ သေချာပြန်စစ်ဆေးပြီး ရောဂါကို အတည်ပြုရမှာပဲ... "

"ဒီတော့ အစ်ကို၀မ် ဘယ်လိုလုပ်ပေးဖို့ စီစဉ်ထားလဲ...."

စွန်းတဝေ ပခုံးတွန့်လိုက်ပြီး "ငါကူညီချင်ရင်တောင် ကူညီပေးလို့မရဘူး... ရောဂါ အတည်ပြုပြီးတာနဲ့ ငါသူတို့ကို ပြန်ခိုင်းလိုက်တော့မယ်... SMA ကို ကုသဖို့က တစ်ခေါက်ကို ယွမ် ခုနစ်သိန်းလောက် သွားကျမှာ.. ဒါတောင် ဆေးအာမခံစရိတ် မပါသေးဘူး.. သူတို့ရဲ့ အခြေအနေနဲ့ဆိုရင် သေချာပေါက် တတ်နိုင်မှာ လည်းမဟုတ်ဘူး... အဲ့လိုဆိုရင်တောင် ငါတို့လည်း ဘာမှ မတတ်နိုင်ဘူး... "

"ဟင်း... ဘယ်လောက်တောင် သနားစရာကောင်းလိုက်တဲ့ ကလေးလေးလဲ..."

"ကောင်းပြီလေ.."လင်းရီ ပြောလိုက်ပြီး "ကျွန်တော်တို့ တတ်နိုင်တာကိုပဲ အကောင်းဆုံးကြိုးစားကြတာပေါ့... လောကကြီးမှာ ကျွန်တော်တို့ မတတ်နိုင်တဲ့ အရာတွေက အများကြီးပဲလေ..."

"အမှန်ပဲ..."၀မ်တဝေ ပြောလိုက်ပြီး "လွန်ခဲ့တဲ့ နှစ်၀င်လောက်တုန်းက ဒီလိုမျိုး လူနာကို ငါ အိမ်ပြန်လွှတ်ပေးလိုက်တာ.. ခု နောက်တစ်ယောက် ပေါ်လာပြန်ပြီ... ငါ တကယ်ပဲ မတတ်နိုင်ဘူးကွာ...."

လင်းရီ ခေါင်းညိမ့်လိုက်ပြီး "အဲ့တာဆိုလည်း သာမန်နည်းလမ်းအတိုင်းပဲ သွားကြတာပေါ့.. ကောင်းပြီ ကျွန်တော်အရင်ပြန်နှင့်တော့မယ် အစ်ကို၀မ်..."

"အင်း... မင်းလည်း အားရင် ငါ့ဆီ တစ်ခွက်တစ်ဖလားလောက် လာသောက်လှည့်ဦး..."

"ကောင်းပါပြီ..."

ရုံးခန်းထဲမှ ထွက်လာခဲ့ပြီးနောက် နှစ်ယောက်သား ကားပါကင်ထိုးသည့် နေရာသို့ ဦးတည်လိုက်ကြသည်။

"ဘာလို့ အဲ့ဆေးက အရမ်း ဈေးကြီးနေရတာလဲတဲ့....."လျန်ရူရွှယ် မအောင့်အီးနိုင်တော့ပဲ မေးမြန်းလိုက်ပြီး "သူတို့က Pfizerလိုပဲ ဈေးကွက်ကို လက်ဝါးကြီး အုပ်ထားလို့လား..."

"သူတို့က တစ်မျိုးတည်းရှိတာ.. ဒါပေမယ့် Pfizerနဲ့တော့ မတူဘူး... လုံး၀ကို ခြားနားတယ်..."လင်းရီ ပြောလိုက်ပြီး "Pfizerရဲ့ ibuprofenနဲ့ တူတဲ့ ဆေးတွေက ဈေးကွက်ထဲမှာ မှို‌လိုပေါတယ်... ဒါပေမယ့် အကျိုးသက်ရောက်မှုက သူတို့လောက်တော့ မကောင်းဘူးပေါ့... အဲ့တာထက်ကို ဆေးက နှလုံးသွေးကြောနဲ့ဆိုင်တဲ့ သာမန်ဆေးဝါးလေးပဲ.. နေ့တိုင်း သောက်နေရတဲ့ ဆေးပေါ့... ဒါကြောင့်မို့ ထုတ်လုပ်ခနဲ့ သုတေသနကုန်ကျ စရိတ်တွေက လူနာတွေ အများကြီးနဲ့ယှဉ်ရင် ပြန်ကာမိသွားပြီ.. ဘယ်လောက်မှ ကျတာမဟုတ်ဘူး.. အဲ့တာကြောင့်လည်း ငါ အဲ့လောက် အများကြီး ဈေး စစ်ရဲတာပေါ့... "

"ဒါပေမယ့် SMA ကို ကုသပေးတဲ့ ဆေးကကျတော့ မတူဘူး.. ငါသိသလောက်တော့ အဲ့ဒီဆေးကို ထုတ်လုပ်နိုင်ဖို့ ဆယ့်သုံးနှစ်လောက် သုတေသန ပြုထားရတယ်.. ပြီးတော့ အဲ့ဒီ သုတေသန စရိတ်အတွက် ကုန်ကျငွေ ဒေါ်လာ ၁.၈ ဘီလီယမ်ကိုလည်း ထည့်တွက်ရဦးမယ်လေ.. အရေးကြီးဆုံးက အချိန်နဲ့ ပိုက်ဆံတွေ ရင်းနှီးမြုပ်နှံထားရင်တောင် အောင်မြင်မယ်လို့ အာမ မခံနိုင်ဘူး.... "

"နောက်ပြီး ဓာတ်ခွဲခန်းအတည်ပြုတာတွေ ၊ လက်တွေ့ စမ်းသပ်ကုသကြည့်တာတွေ အဆင့်ဆင့် ပြုလုပ်ပြီးတော့မှ ဈေးကွက်ထဲရောက်လာခဲ့တာ... ဆယ်နှစ်ကျော် သုတေသန ပြုထားတာတောင် အောင်မြင်နိုင်ချေက လေးရာခိုင်နှုန်းအောက်မှာပဲရှိတယ်... မတော်လို့ တစ်ခုခုများ မှားသွားပြီဆိုရင် အားလုံး အလဟဿ ဖြစ်သွားမှာ..."

"ပြီးတော့ ဆယ့်သုံးနှစ်မြောက်မှာတင်ပဲ ကုန်ကျစရိတ်က ဒေါ်လာ ၁.၈ ဘီလီယမ်နော်.. အဲ့ဒီနောက်က မရေမတွက်နိုင်တဲ့ ကျရှုံးမှုတွေကို ထည့်မတွက်ရသေစဘူး.. အဲ့ဒီ ကျရှုံးတယ်ဆိုတာကလည်း ပိုက်ဆံပေးရတာပဲလေ.. ဒါကြောင့်မို့ ဈေးကြီးနေတာ.. နောက်ပြီး ရှားပါးရောဂါ ကုသတဲ့ဆေးဆိုတော့ ‌ဈေးကြီးတာ သာမန်ပါပဲ...."

လျန်ရူရွှယ်မှာ ဆေးပညာနယ်ပယ်အကြောင်း နကန်းတစ်လုံးမျှ မသိသော်လည်း လင်းရီ ရှင်းပြတာကို နားထောင်ပြီးနောက် ဈေးကြီးရခြင်း၏ အကြောင်းပြချက်ကို နားလည်သွားခဲ့သည်။

ဆေးဝါးထုတ်လုပ်သည့် ကုမ္ပဏီများမှာ မမှားယွင်းချေ။ အသက်တစ်ချောင်းနှင့် ယှဉ်ပါက ယွမ် ခုနစ်သိန်းမှာ ဈေးမများချေ။ သို့သော်လည်း ယင်းက လူတိုင်း တတ်စွမ်းနိုင်သည့် ပမာဏတော့ မဟုတ်ခဲ့ပေ။

"လောကကြီးမှာ ဒီထက်ရှားပါးတဲ့ ရောဂါတွေတောင် ရှိသေးတယ်.. အဲ့ဒီ ဆေးတွေကို ကုသတဲ့ဆေးဝါးတွေဆို ဒီထက်တောင် ပိုဈေးကြီးသေးတယ်... "

"အမှန်ပဲ.. SMA ကို ကုသနိုင်တဲ့ တခြားဆေးဝါးတွေဆို ပိုတောင် ဈေးကြီးသေးတယ်.. တစ်ပုလင်းကို ၁၅ မီလီယမ်လောက် ပေးရတယ် Nosinogen sodiumရဲ့ မူလဈေးနှုန်းက ၈၇၀,၀၀၀ ... ဒါပေမယ့် ခု ၇၀၀,၀၀၀နဲ့ရောင်းနေတာဆိုတော့ ဒစ်စကောင့် အကြီးစားပေးထားတာလို့ ပြောလို့ရတယ်... "လင်းရီ ပြောလိုက်ပြီး "အဲ့ဒီအထက်မှာက LPLD ကို ကုသတဲ့ဆေးက ၁.၂၁ မီလီယမ်... UCD ကို ကုသတဲ့ ဆေးက ၇၉၀,၀၀၀ ၊ PD အတွက်က ၆၂၀,၀၀၀ ၊ နမိုးနီးယား အတွက်က ၅၈၀,၀၀၀.....ဆေးတစ်လုံး တန်ဖိုးတည်းနော်... "

"ရှားပါးရောဂါတွေ တန်းစီရွတ်ပြသွားရင် ကုန်နိုင်မှာတောင် မဟုတ်ဘူး.. အဲ့တာတွေကို ကုသဖို့ဆေးဈေးနှုန်းကလည်း ကြောက်ခမန်းလိလိကို များပြားလွန်းတယ်.. သာမန်လူတွေ မတတ်နိုင်တဲ့အတွက် ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီတွေကို အပြစ်သွားတင်လို့တော့ မရဘူး.. မဟုတ်ရင် အရမ်း တစ်ကိုယ်ကောင်းဆန်နေသလို ဖြစ်သွားမှာ...."

"ဖူး...."လျန်ရူရွှယ် အသက်ပြင်းပြင်း မှုတ်ထုတ်လိုက်ပြီး "ငါတို့နှစ်ယောက်လုံးအတွက်တော့ ဒါက အမြဲတမ်း ပြဿနာ ဖြစ်နေလိမ့်မယ်နဲ့တူတယ်..."

"အမှန်ပဲ.. "လင်းရီ သူကြုံနေကြအရာတစ်ခုကို ရင်ဆိုင်နေရသကဲ့သို့ တည်ငြိမ်သည့် အမူအရာဖြင့် ပခုံးတွန့်လိုက်ပြီး "ငါ့ရဲ့ လက်ရှိ ငွေကြေးအင်အားနဲ့ဆိုရင် လူတစ်ယောက်ကို ကူညီပေးဖို့က ပြဿနာ မရှိဘူး.. ဒါမှမဟုတ် တစ်ရာဆိုရင်တောင်မှပေါ့... ဒါပေမယ့် ရှားပါးရောဂါဝေဒနာကို ခံစားနေရတဲ့ ဧရာမ လူဦးရေကို တစ်ချက်တွေးကြည့်လိုက်မယ်ဆိုရင် ငါ့လို ဘာမဟုတ်တဲ့ ပုံရိပ်လေးက တကယ်ပဲ ဘာမှ မတတ်နိုင်ဘူး..."

"အင်း... အမြဲတမ်း ဒီလိုပဲ ဖြစ်နေတော့မှာလားဟင်... "

အမှန်တော့ လင်းရီနှင့် လျန်ရူရွှယ်တို့က တူညီသည့် အခက်အခဲကို ရင်ဆိုင်နေရခြင်းပင်။ သူတို့နှစ်ယောက်လုံးတွင် အထင်ကြီးဖွယ်ကောင်းလှသည့် ကိုယ်ပိုင်စွမ်းရည်များကို ပိုင်ဆိုင်ထားသောကြောင့် လူတစ်ဦး သို့မဟုတ် ဆယ်ဦးခန့်ကို ကူညီပေးရန် ပြဿနာ မရှိသော်လည်း လူတိုင်းကိုတော့ မတတ်နိုင်ပေ။

လင်းရီ ပြောသည့်အတိုင်း သူမတို့က လူသားများသာဖြစ်ပြီး နတ်ဘုရားများ မဟုတ်ကြပေ။

"ခု လောလောဆယ်တော့ ဒီကိစ္စ ဘေးချိတ်ထားလိုက်ပါဦး... များများစားစား တွေးမနေနဲ့..."လင်းရီ ကားတံခါးကို ဖွင့်လိုက်ပြီး "ငါ့မှာ တခြား လုပ်စရာလေးတွေ ရှိလို့ အဖော်မလုပ်ပေးတော့ဘူး.. ကိုယ့်ဘာကိုယ် ပြန်လိုက်တော့..."

"ငါ က ဒီနေ့ နင့်ကို အရေးပါတဲ့ သတင်းယူလာခဲ့ပေးတာကို နင်က ဒီလိုပုံစံနဲ့ ကျေးဇူးပြန်ဆပ်တယ်ပေါ့လေ.... "လျန်ရူရွှယ် လင်းရီကို လက်ပိုက်၍ ကြည့်လိုက်သည်။

"ငါ့အိမ်ကိုလာခဲ့... တစ်ခုခု ချက်ကျွေးမယ်.. ရေကန်ဘေးမှာ ဖယောင်းတိုင်လေးထွန်းပြီး ရိုမန်တစ်ဆန်ဆန် ညစာစားရင်းပေါ့... ဘယ်လိုထင်လဲ...."

"မကောင်းဘူးလို့တော့ ထင်တာပဲ..."

"ကျွတ်...ငါ ပြောပြမယ်.. သာမန်လူတွေဆို ငါ့ရဲ့ ဟင်းချက်လက်ရာကို မြည်းစမ်းကြည့်ဖို့ အခွင့်အရေးရှိတာ မဟုတ်ဘူးနော်... အခွင့်အရေးပေးတုန်း တန်ဖိုးထားတာကောင်းမယ်..."

"ဟွန့်.. ယုံလိုက်မယ်.. ငါ ရေကူး၀တ်စုံ၀တ်တာကို မြင်ချင်လို့ နင် ဒီလိုတွေ ပြောနေတာမလား....”

All Chapters