← Chapters

ဈေးကြီးတဲ့ ညစာစားပွဲနှင့် ညီအစ်ကိုသံယောဇဉ်

Vol. 36 Ch. 531

ဈေးကြီးတဲ့ ညစာစားပွဲနှင့် ညီအစ်ကိုသံယောဇဉ်

Vol. 36 Ch. 531

"ကြည့်စမ်း.. ဘာတွေပြောနေတာ.. ငါမင်းရဲ့ ရေကူး၀တ်စုံကို တကယ်ကြီး စိတ်မ၀င်စားရပါဘူးကွာ.. အတွင်းခံ ဆိုရင်တောင်မှပေါ့..."

"လူလိမ်... လူညာ.. လူညစ်..."

လျန်ရူရွှယ် ရေရွတ်ပြီးနောက် ကားထဲသို့ ၀င်လိုက်သည်။

"နေဦး..." လင်းရီ လှမ်းအော်လိုက်၏။

"ဘာလဲ... "

"ရေနွေးက တကယ်ပဲ ထိရောက်တယ်...."

"ကောင်းပြီလေ..."လျန်ရူရွှယ် သာမန်ကာလျှံကာ ပြန်ပြောလိုက်ပြီး နေကာမျက်မှန်ကိုတပ်၍ မောင်းထွက်သွားတော့၏။

လင်းရီလည်း ကြာကြာမနေပေ။ ကားထဲသို့ ၀င်ရောက်ပြီးနောက် ချင်းဟန်ထံ ဖုန်းခေါ်လိုက်သည်။

"လျန်ကြီးနဲ့ ကောင်းကြီးကို ခေါ်လိုက်.. ငါမင်းတို့ကို ညစာကျွေးမယ်.. ပြီးတော့ တိုင်ပင်စရာလည်း ရှိတယ်..."

"မိုက်တာပေါ့.. ငါ့ရဲ့ ဘာဘီကျူဆိုင်မှာ ဆုံကြမယ်လေ... မင်းဘယ်အချိန်လာမှာ..."

"ခုချက်ချင်း လာနေပြီ..."

"ကောင်းပြီလေ.. ငါ ကောင်းကြီးနဲ့ လျန်ကြီးကို ခေါ်ထားလိုက်မယ်... ရောက်ရင် အခန်း ၃၀၈ မှာ လာရှာလှည့်...."

"အိုကေ...."

နှစ်ယောက်သား တခဏခန့် ဆက်စကားပြောပြီးနောက် လင်းရီ ဖုန်းချကာ ချင်းဟန်၏ ဘာဘီကျူးဆိုင်သို့ ဦးတည်လိုက်သည်။

လမ်းတွင် လင်းရီ သူ့လက်ထဲရှိ လက်ကျန်ငွေများကို တစ်ချက် တွက်ချက်ကြည့်လိုက်သည်။ သူ၏ အခြားသော စီးပွားရေးကုမ္ပဏီများကို စုစည်းထားသောကြောင့် ယွမ် ၂၀ ဘီလီယမ်လောက်အထိတော့ ငွေပေါ်လွယ်နိုင်လေသည်။

သို့သော်လည်း ကျောက်မိုမှာ အစောကတည်းက ပြင်ဆင်ထားပြီး Muddy waters ကိုပင် ဆက်သွယ်ထားသေး၏။ ထို့ကြောင့် ယွမ် ၂၀ ဘီလီယမ်မှာ သေချာပေါက် လုံလောက်တော့မည် မဟုတ်ချေ။

ထပ်ပေါင်းအနေဖြင့် သူ့တွင် စနစ်မှ ချီးမြင့်ထားသည့် ရှယ်ယာ ၂၀ ရာခိုင်နှုန်းလည်း ကျန်နေသေး၏။ သို့သော်လည်း ဈေးကွက်တန်ဖိုး ၂၀၀ ဘီလီယမ်အောက် ကုမ္ပဏီများတွင်သာ လဲလှယ်နိုင်သောကြောင့် ထိုအစုရှယ်ယာ၏ ၂၀ ရာခိုင်နှုန်းမှာ ယွမ် ၄၀ ဘီလီယမ်လောက်သာ ရရှိနိုင်သည်။

အကယ်၍ ထို ယွမ် ၄၀ ဘီလီယမ်ကို ‌ထည့်တွက်မည်ဆိုပါက သူ့အသုံးပြုနိုင်သည့် ငွေပမာဏမှာ ယွမ် ၆၀ ဘီလီယမ်ပင်။

ထိုပမာဏက ကျောက်မိုနှင့် ဆော့ကစားဖို့ရာ ကောင်းကောင်းကြီး လုံလောက်၏။ တစ်ခု နှမြောဖို့ကောင်းသည်က Cisco ၏ လျော်ကြေး ယွမ် ၃၀ ဘီလီယမ်မှာ ယခုထက်ထိ မရောက်လာသေးသောကြောင့်ပင်။

သို့သော်လည်း ယင်းက လင်းရီ မျှော်မှန်းထားသည့် အတိုင်းအတာအတွင်း၌သာ တည်ရှိသည်။ Cisco မှာ ဒေဝါလီခံတော့မည်ဟု မကြေညာသေးလေရာ ထိုမျှ များပြားသည့် ပမာဏကို မည်သို့မျှ ထုတ်နိုင်လိမ့်မည် မဟုတ်ချေ။

အကယ်၍ သူတို့ ထုတ်နိုင်လျှင်တောင် ကျောက်မိုမှ သဘောတူလိမ့်မည်မဟုတ်ချေ။အဘယ်ကြောင့်ဆိုသော် ယင်းက သူ လင်းရီနှင့် စာရင်းရှင်းရာတွင် အားသာချက်အဖြစ် အသုံးပြုမည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေသောကြောင့်ပင်။

ထို့ကြောင့် လင်းရီ Cisco ၏ ပိုက်ဆံကို အချိန် အားကိုးနေ၍ မဖြစ်ချေ။

ရှိထားသည့် ရှယ်ယာ ၂၀ ရာခိုင်နှုန်းမှာလည်း ငွေပေါ် မလွယ်ရသေးချေ။ ငွေသားအဖြစ်ပြောင်းလဲချင်လျှင်တောင် အချိန်တိုအတွင်း ရောင်းထွက်နိုင်လိမ့်မည် မဟုတ်ပဲ ယခုမှ ထုတ်ရောင်းလျှင်တောင် နောက်ကျနေပြီးဖြစ်၏။

တစ်နည်းအားဖြင့် သူ ချက်ချင်း အသုံးပြုနိုင်သည့် ရန်ပုံငွေပမာဏမှာ ယွမ် ၂၀ ဘီလီယမ်မျှသာ ရှိလေသည်။

ထို့ကြောင့် သူရှေ့ဆက် လုပ်နိုင်သည်ကတော့ သူ၏ ပိုင်ဆိုင်မှု တစ်စိတ်တစ်ပိုင်းကို ပေါင်နှံထားပြီး ကျောက်မိုနှင့် စီးချင်းထိုးရုံပင်။ ပြီးနောက် သူ အဆိုပါ ပိုက်ဆံများကို ပြန်ဆပ်လိုက်မည်။ ယင်းက ပြီးပြည့်စုံသည့် အစီအစဉ်တစ်ခုပင်။

အမှန်တော့ လင်းရီတွင် နောက်ထပ် ရွေးချယ်စရာ တစ်ခု ရှိနေသေး၏။ ရှန်းရှူးရီ၏ CITIC အုပ်စုအောက်တွင် CITIC ဘဏ်ရှိပြီး လျန်ရူရွှယ်ကိုသာ သူ အကူအညီတောင်းလိုက်မည်ဆိုပါက ယခု ပြဿနာမှာ အသာအယာ ဖြေရှင်းပြီးသား ဖြစ်သွားပေမည်။ သို့သော်လည်း လင်းရီ လျန်မိသားစုကို ယခုကိစ္စထဲ ၀င်မပါစေလိုပဲ သူ၏ ကိုယ်ပိုင်ခွန်အားနှင့် ကျောက်မိုကို ရိုက်ချရသည်က ပို၍ စိတ်၀င်စားဖို့ကောင်း၏။

မကြာမီ လင်းရီ ချင်းဟန်၏ ဘာဘီကျူးဆိုင်သို့ရောက်လာခဲ့သည်။ ဆိုင်ဖွင့်စဉ်အခါက လင်းရီ တစ်ခေါက်လာစားဖူးသော်လည်း ထိုနောက်ပိုင်းတော့ လင်းရီလည်း လာမစားဖြစ်ချေ။

ချင်းဟန်၏ ဆိုင်ကတော့ ထုံးစံအတိုင်း ဧည့်သည်များ ၀င်လာမစဲ တသဲသဲဖြစ်နေလေသည်။ ပါကင်ထိုးသည့် နေရာ၌ ကတ်စတန်မာများအတွက် နေရာပင် အလုံအလောက် မရှိတော့သည် အထိ များပြားလှ၏။

ချင်းဟန် ပြောထားသည့် အတိုင်း လင်းရီ အခန်း ၃၀၈ သို့ ဦးတည်လိုက်ပြီး သူ အခန်းတံခါးကို ဖွင့်လျှင်ဖွင့်ချင်း ကလူကျီစယ်နေသည့် အသံများနှင့် မိန်းမငယ်လေးများ၏ မြူးတူးပျော်ရွှင်နေသည့် အသံသာများကို ကြားလိုက်ရလေသည်။

ချင်းဟန် ၊ လျန်ကျင်းမင်နှင့် ကောင်းကျုံးယွမ်တို့အပြင် အခန်းထဲ၌ ဆက်ဆီဆန်ဆန် ၀တ်စားထားသည့် မိန်းမလှလေး ဆယ်ဦလည်း ရှိနေကြ၏။ အကုန်လုံးမှာ သူမတို့၏ ပစ္စည်းများကို ဝေဝေဆာဆာ ဖော်ပြထားပြီး သကောင့်သား သုံးယောက်ကတော့ အလယ်တွင် ထိုင်လျက် စရင်း နောက်ရင်းဖြင့် စည်းစိမ်ခံနေကြ၏။

"လင်းကြီး.. အမြန်လာဟ.. မင်းကို စောင့်နေကြတာ..."

လင်းရီ ၀င်လာသည်က်ုမြင်တော့ ချင်းဟန် အော်ခေါ်လိုက်၏။

တစ်ချိန်တည်းတွင် လျန်ကျင်းမင်မှ မတ်တပ်ရပ်လိုက်ပြီး "ကဲ ကဲ အားလုံးပဲ.. မိတ်ဆက်ပေးမယ်.. ခု မင်းတို့ရှေ့ ရောက်နေတဲ့ ပုဂ္ဂိုလ်က အစ်ကိုကြီး လင်းရီပဲ... ကျိုးဟိုင် သခင်လေး လေးဖော်ရဲ့ ခေါင်းဆောင်ဆိုလည်း မမှားဘူး..."

လင်းရီကို မြင်တော့ အခန်းထဲရှိ အမျိုးသမီးများအားလုံး၏ မျက်လုံးအစုံမှာ တလက်လက် တောက်ပသွားကြသည်။ အနှီ ဥစ္စာ‌ပေါ ရုပ်ချော သခင်လေးမှာ သူမတို့ စိတ်ကူးယဉ်ထားသည်ထက်ကို ချောမောနေပြီး ကျိုးဟိုင် သခင်လေး လေးယောက်၏ ခေါင်းဆောင်လည်း ဖြစ်နေသေး၏။ ထို့ကြောင့် အားလုံးထဲတွင် အကြွယ်၀ဆုံး ဖြစ်မည်မှာ ကျိန်းသေသည်။ သူမတို့အားလုံး လင်းရီနှင့် ကုတင်ပေါ်ရှိ မြင်ကွင်းကို တစ်ညီတစ်ညွှတ်တည်း မြင်ယောင်လိုက်ကြ၏။ ယခုလို တိုင်ကွန်းကြီးကို အပြီချုပ်လိုက်နိုင်ပါက သူမတို့ဘ၀မှာ ရွှေပေါ်မြတင်သကဲ့သို့ တင့်တယ်သွားမည် မဟုတ်ပါလား။

"အစ်ကိုကြီးလင်း.. ထိုင်လေ.. ကျုပ်တို့ ဒီညတော့ အမူးသောက်ကြမယ်..."

ကောင်းကျုံးယွမ် ဝိုင်ခွက်ကို ကိုင်ပြီးနောက် ဝှေ့ယမ်းကာ မိန်းမငယ်လေးများကို ကြည့်၍ "ငါ သတင်းကောင်းတစ်ခု ပြောပြလိုက်မယ်.. အစ်ကိုကြီးလင်းက ပိုက်ဆံမရှားဘူး.. တအားလည်း ရက်ရောတာ.. မင်းတို့ သာ အစ်ကိုကြီးလင်းနဲ့ သောက်နိုင်လို့ကတော့ တစ်ယောက်ကို ယွမ်တစ်သောင်း ချီးမြင့်လိမ့်မယ်... တစ်ပုလင်းလုံး ကုန်အောင် သောက်နိုင်တဲ့ ဘယ်သူမဆို ယွမ်တစ်သိန်း ‌ဆုချခံရမယ်ကွာ...."

"ငိုးပဲ .... ငါက ခုမှ ရောက်တာကို ရောင်းထုတ်ခံနေရပြီပေါ့..."လင်းရီ ပြုံးလိုက်၏။

"မင်းက ကျိုးဟိုင် သခင်လေး လေးဖော်ရဲ့ ခေါင်းဆောင်လေ.... မင်းရဲ့ အရှိန်အဝါကို ပြရမှာပေါ့... ပြီးတော့ ဒီနေ့ ငါခေါ်ထားတဲ့ ကောင်မလေးတွေ အားလုံးက ထိပ်တန်းတွေကြီးပဲ.. မင်းလိုချင်သလောက် ခေါ်သွားလိုက်....ပြဿနာ မရှိစေရဘူးလို့ ရဲရဲကြီး အာမခံတယ်..."

"ဒီအကြောင်း နောက်မှ ပြောပြမယ်.. ငါဒီနေ့ မင်းတို့ကို ခေါ်လိုက်တာက ဆွေးနွေးစရာရှိလို့..."

"ဘာလဲဖြစ်လို့ လင်းကြီး.. ပြောစရာရှိတာ ပြောလိုက်.. ဘာမှ အားနာမနေနဲ့.. အားလုံးက တစ်လှေတည်းစီးနေကြတဲ့ကောင်တွေချည်းပဲ...."

"မင်းတို့ကောင်တွေထဲက ဘယ်သူ ဘဏ်နဲ့ အဆက်အသွယ်ရှိလဲ... "

"ဘဏ်လား..."လျန်ကျင်းမင် စီးကရက်ကို လက်ကြားညှပ်ထားရင်း. "ကျွန်တော့်အဖေကတော့ ကျန်းရှင်းဘဏ် ဥက္ကဌနဲ့ သိတယ်... သူ့သားနဲ့ ကျွန်တော်ကလည်း အတန်းဖော်တွေဆိုတော့ သောက်ရမ်း ရင်းနှီးတယ်.... "

"ကောင်းတယ်... ငါ ဘဏ်မှာ အပေါင်ထားပြီး ပိုက်ဆံ ချေးမလို့... "

"ငါ -ိုး.... မဖြစ်နိုင်တာ...."သုံးယောက်လုံး ရှော့ခ်ရသွားခဲ့ကြ၏။ ချင်းဟန် လင်းရီကို ကြည့်လိုက်ပြီး "လင်းကြီး .. မင်းက ဒေါ်လာ သုံးဆယ်ဘီလီယမ်လောက်တန်တဲ့ Didi ကိုတောင် တစ်ဦးတည်း ၀ယ်ခဲ့တဲ့ ကောင်နော်... ဒါတောင် ပိုက်ဆံ ချေးချင်သေးတာလားဟ... မင်း ပရောဂျက် လုပ်ချင်တယ်ဆိုလည်း ပြောကွာ...ငါတို့ သုံးယောက်လုံး အိမ်နဲ့ တိုင်ပင်လိုက်ရင် ဒေါ်လာ ၁၈ ဘီလီယမ်လောက်အထိတော့ ရင်းနှီးပေးနိုင်တယ်...."

သောက်ရင်း စားသောက်နေကြသည့် မိန်းမငယ်လေးများအားလုံး ကြက်‌သေသေသွားကြ၏။

ဒါက လူချမ်းသာတွေရဲ့ ဘ၀လား...

ပရောဂျက်တစ်ခု လုပ်တာတောင် ယွမ်ဆယ်ဘီလီယမ်ကျော်တယ်...

"ပရောဂျက်မဟုတ်ဘူး.. တခြားကိစ္စ... ငါ့လက်ထဲမှာက ပိုက်ဆံ သိပ်မရှိလို့.. ၂၀ ဘီလီယမ်လောက်ပဲ ရှိတာ... အဲ့ဒီပမာဏက မလုံလောက်မှာ ဆိုးလို့....."

'အမယ်လေး.. ယွမ် ၂၀ ဘီလီယမ်က မလုံလောက်သေးဘူးတဲ့လား အမေရေ...'

စားပွဲရှိ အမျိုးသမီးများအားလုံး ကြောက်ရွံ့တုန်လှုပ်သွားခဲ့ကြသည်။

'သူ အဲ့လိုပြောလိုက်တုန်းက ဆင်းရဲသားတွေရဲ့ ခံစားချက်ကို ထည့်မတွက်တော့ဘူးလား....'

ချက်ချင်းဆိုသလို သီးသန့်ခန်းထဲရှိ အမျိုးသမီးတိုင်း သူမတို့၏ ကော်လံများကို အကောင်းဆုံးဟထားလိုက်ကြ၏။ တစ်ချို့ဆိုလျှင် သူမတို့၏ ပခုံးသားလေးများကို လျှာဖြင့် လျှက်ရင်း မြှူဆွယ်သည့် အကြည့်တို့ဖြင့် ကြည့်နေကြလေသည်။ အခန်းထဲရှိ လေထုမှာ အနည်းငယ် အိုက်စက်စက် ဖြစ်လာပြီး သူမတို့၏ အပေါ်ထပ်များကို ချွတ်ပစ်ချင်နေကြတော့၏။

တစ်စုံတစ်ခုကို စဉ်းစားမိသည့် အလား ချင်းဟန်၏ မျက်လုံးများ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားကာ "လင်းကြီး... မင်းကျောက်မိုကို ကိုင်တွယ်ချင်နေလို့ ပိုက်ဆံ အဲ့လောက် လိုနေတာလား...."

"ဟမ်...မင်းလည်း အဲ့ကောင်ကို သိတယ်လား...."

"ငါတော့ မသိဘူး.. ဒါပေမယ့် ငါ့အဖေကတော့ တော်တော်များများ သိတယ်..."ချင်းဟန် ပြောလိုက်ပြီး "မင်း Cisco ကို ကျဆုံးအောင် လုပ်ပြီးတော့ ငါ့အဖေကို အဲ့ဒီအကြောင်း ပြေပြလိုက်တယ်... သူပြောတာ Ciscoရဲ့ နောက်ကွယ်က အကြီးစား ရင်းနှီးမြုပ်နှံထားတဲ့သူက ရန်ကျင်းမှာရှိတဲ့ ဟွာယင်းအုပ်စုပဲ... အဲ့ဒီကုမ္ပဏီကလည်းနယ်နယ်ရရတော့ မဟုတ်ဘူး... ငါတို့ ချင်းမိသားစုထက်ကို အင်အားကြီးမားတယ်... "

"အင်း....ဒီကိစ္စက တကယ်ပဲ ကျောက်မိုနဲ့ ပတ်သက်နေတာ..."လင်းရီ လက်နှစ်ဖက်ကို ခေါင်းအနောက်၌ ထားရင်း ဆိုဖာကို မှီလိုက်သည်။

"အဲ့ကိစ္စဖြစ်ပြီးတာ ရက်နှစ်ဆယ်တောင် ကျော်သွားပြီးဆိုတော့ သူ့ဘက် ခြေလှမ်း စနေလောက်ပြီ... ဒါကြောင့်မို့ ငါလည်း ပြင်ဆင်ထားမှ ဖြစ်တော့မှာ... "

"မင်း ပိုက်ဆံ အတိအကျ ဘယ်လောက်လိုလဲ... ငါ အိမ်ပြန်ပြီး အဖေ့ကို သွားပြောပြလိုက်မယ်... ငါ့ရဲ့ စီနိုဟန် ကုမ္ပဏီနဲ့ဆိုရင် အနည်းဆုံး ငါးဘီလီယမ်လောက်တော့ အလွယ်တကူ ထုတ်ပေးနိုင်တယ် "

"အစ်ကိုကြီးလင်း....ကျုပ်အောက်မှာလည်း ကုမ္ပဏီအချို့ရှိတယ်.. ကျုပ်လည်း အဖေ့ကို ပြောလိုက်ရင် သုံးလေးဘီလီယမ်တော့ ရနိုင်တယ်...."လျန်ကျင်းမင် မှ ပြောလိုက်သည်။

"ကျွန်တော့်ရဲ့ အခြေအနေကလည်း ကောင်းကြီးနဲ့ အတူတူပဲ.. လုံးထန်အုပ်စုက ကျွန်တော့်အဖေ ထိန်းချုပ်ထားတာလေ.. ဒါပေမယ့် သုံးလေး ဘီလီယမ်လောက် ရဖို့က ပြဿနာမရှိဘူး... အစ်ကိုကြီးလင်း တစ်ခွန်းတည်းပြောလိုက်.. မနက်ဖြန် အကောင့်ထဲ ပိုက်ဆံလွှဲပေးလိုက်မယ်...."

လင်းရီ အခက်အခဲ ကြုံနေတာ မဟုတ်သော်လည်း ယခုလို တုံ့ဆိုင်းခြင်းမရှိ အကူအညီ ပေးလာသည်ကိုတော့ လင်းရီ အတော်လေး ၀မ်းသာ မိသည်။

မည်သို့ပင်ဆိုစေ ပိုက်ဆံများက ကောင်းကင်ပေါ်မှ ကျလာခဲ့သည် မဟုတ်ချေ။

ဒါပေါ့... သူကတော့ ထိုအထဲတွင်တော့ မပါချေ။

"မလိုဘူး.. ငါစဉ်းစားပြီးသွားပြီ.. ကျောက်မိုနဲ့ စီးချင်းထိုးမယ့်ပွဲကို မင်းတို့ ပါလာမယ်ဆိုရင် အဓိပ္ပာယ် ဘာရှိတော့မှာ..."

"ဒါဆိုလည်း ပြီးတာပဲလေ.. မင်းလိုအပ်ရင်တော့ပြောပေါ့.. ငါ ပိုက်ဆံ အသင့်ပြင်ထားပေးမယ်..."

"ငါတို့ မိသားစုက ဘဏ်နဲ့ အဆက်အသွယ် ရှိတယ်ဆိုရင်တောင် လျန်မိသားစုလောက်တော့ မကောင်းမွန်သေးဘူး... မင်း လျန်ကြီးနဲ့ ဆွေးနွေးကြည့်လိုက်ကွာ...."

"အစ်ကိုကြီးလင်းက ဘယ်ပစ္စည်းကို အပေါင်ထားမှာ.. ကျုပ် အဖေနဲ့ ပြန်ဆွေးနွေးကြည့်ဦးမယ်....."

"ကျိုးဟိုင် နိုင်ငံတကာ ကားပြိုင်ပွဲကွင်း..."

"ပန်နီဆူလာဟိုတယ်..."

"၀မ်ကျန်း ဆိပ်ကမ်းနဲ့ မွန်ဘေကမ်းခြေ..."

"လင်းယွမ် အဆောက်အဦး..."

"အိုး... ပြီးတော့ ငါ့ရဲ့ ကျိုကျုံးဗီလာတွေကောပဲ...."

လင်းရီ ထိုနာမည်များ ရွတ်ပြသွားသည်ကို ကြားတော့ ချင်းဟန် သူ့ကို ကြည့်လိုက်ပြီး "လင်းကြီး မင်း.. တကယ်ကြီး အဲ့တာတွေ အကုန်လုံးကို အပေါင်ထားမှာလား...."

"အင်း...ငါ သူနဲ့ အကြီးကြီး ကစားမှာလေ... "လင်းရီ သူ၏ ဝိုင်ခွက်ကို ကိုင်ထားပြီး လှိုင်းလေထန်လျှင်တောင် မပြိုလဲတော့မည့် လေသံဖြင့် "ဘာပဲဖြစ်ဖြစ် ပိုက်ဆံတွေက ပြန်ရမှာဆိုတော့ ငါ့အတွက် ပြဿနာ မရှိဘူး....”

All Chapters