← Chapters

ပိုပြီး ဆိုးရွားတဲ့ အခြေအနေ

Vol. 36 Ch. 532

ပိုပြီး ဆိုးရွားတဲ့ အခြေအနေ

Vol. 36 Ch. 532

လင်းရီ၏ ဆုံးဖြတ်ထားသည့် အမူအရာကို မြင်တော့ ကျန်သည့်သူများလည်း ဘာမှ ဆက်မပြောတော့ချေ။ သူတို့အားလုံး လင်းရီ၏ စရိုက်ကို သိထားကြ၏။ အကယ်၍ သူစိတ်ဆုံးဖြတ်ပြီးသွားပြီဆိုလျှင် ကျွဲရိုင်း ဆယ်ကောင်ဖြင့် ဆွဲထားလျှင်တောင် လက်လျော့လိမ့်မည် မဟုတ်ချေ။

"အစ်ကိုကြီးလင်း.. ကျုပ် ခုလေးတင် တွက်ချက်ကြည့်ပြီးသွားပြီ.. အစ်ကိုကြီးလင်းရဲ့ အဲ့ဒီ ပိုင်ဆိုင်မှုတွေကိုသာ ပေါင်နှံထားလိုက်မယ်ဆိုရင် ၄၀ ဘီလီယမ်လောက်တော့ ရနိုင်တယ်... အချိန်ကျလာရင် ကျုပ် ကြားကနေပြီးတော့ နောက်ထပ် ငါးဘီလီယမ်လောက် ရအောင် ညှိပေးမယ်ဗျာ... "လျန်ကျင်းမင်မှ ပြောလိုက်သည်။

"နည်းတာ များတားက ကိစ္စမရှိဘူး.. ငါလိုအပ်တာက အာမခံချက် တစ်ခုတည်းပဲ..."လင်းရီ ပြောလိုက်ပြီး "ဘဏ်ကို အချိန်တစ်ခုလောက်အထိ နှုတ်ဆိတ်ထားဖို့ ပြောထားပေး.. လုံး၀ သတင်းထွက်သွားလို့ မဖြစ်ဘူး... မဟုတ်လို့ကတော့ ပေါင်နှံထားတာ အလကား ဖြစ်သွားမှာ..."

"ပြဿနာ မရှိစေရဘူး.. ကျုပ် အာမခံတယ်..."လျန်ကျင်းမင် ပြောလိုက်ပြီး "ဒါပေမယ့် ဒီကိစ္စကို တစ်လတည်းနဲ့ အဆုံးသတ်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပဲနော် အစ်ကိုကြီးလင်း... အဲ့လိုမှ အတိုးသိပ်မများမှာ... တကယ်လို့ အကြာကြီး အချိန်ဆွဲနေရင် ဘဏ်ကိုလည်း ရှင်းပြဖို့ ခက်သွားပြီ..."

"အဆင်ပြေပါတယ်.. အတိုး တစ်ရာ မီလီယမ် အရင် ပေးထားလိုက်မယ်ဆိုရင် အဲ့ကောင်တွေကို အချိန်တစ်ခုလောက်အထိ ပျော်အောင် ထားပေးဖို့ လုံလောက်ပါတယ်..."

လင်းရီ ပြောလိုက်ပြီး "ပိုက်ဆံကလည်း သူတို့ဆီကပဲ ဆိုတော့ ပြဿနာတော့ မရှိပါဘူးကွာ..."

"ဒါနဲ့ လုံရှင်းကိုကော.... အစ်ကိုကြီးလင်းက Ciscoကို ဒေဝါလီခံအောင် လုပ်ထားတာလေ... ပြီးတော့ ချစ်ပ် ၂.၀ နည်းပညာနဲ့ဆိုရင် လုံရှင်းရဲ့ တန်ဖိုးက တဟုန်ထိုး မြင့်တက်နေမှာပဲ.. တကယ်လို့ သူ့ကိုသာ အပေါင်ထားလိုက်မယ်ဆိုရင် ယွမ် ၄၀ ဘီလီယမ်လောက် အသာလေးရနိုင်တယ်နော..... "

"လုံရှင်းက ငါ့လက်ထဲမှာ သိမ်းထားရမယ့် အရေးပေါ်ကတ်ပဲ.. ခုလောလောဆယ် မထိချင်သေးဘူး..."လင်းဂီ ပြောလိုက်ပြီး "တကယ်လို့ ပိုက်ဆံ မလောက်ရင်တော့ အဲ့ကတ်ကိုပါ သုံးပစ်လိုက်မယ်..... အလျင်လိုစရာ မလိုပါဘူး..."

"ကောင်းပြီလေ.. အဲ့တာဆို ကျုပ် မနက်ဖြန် သူတို့နဲ့ သွားညှိပြီး အဖြေပြန်ပေးမယ်.. ဘာပြဿနာမှ မရှိစေရဘူး အစ်ကိုကြီးလင်း.. စိတ်ချလက်ချသာနေ...."

လင်းရီ ခေါင်းညိမ့်လိုက်ပြီး "ကောင်းပြီလေ... ခု ဒီကိစ္စတွေ ဘေးချိတ်ထားလိုက်ဦး... သောက်မယ် စားမယ် ....ဟုတ်တယ်မလား...."

"ဒါပေါ့ဗျ....."

"အစ်ကိုကြီးလင်းက အတော်ဆုံးပဲ.. အတိုးက တစ်ရာ မီလီယမ်ဆိုရင်တောင် ပြဿနာ ရှိမှာမဟုတ်ဘူး... ဟားဟား....."

လေးနက်သည့် ကိစ္စများကို ဆွေးနွေးပြီးနောက် လေးယောက်အတူ အလှလေးများနှင့် သောက်စားပျော်ပါးကြလေသည်။

......

ထိုညတွင်ပဲ လျန်ရူရွှယ်လည်း အလားတူ ဒုက္ခရောက်နေခဲ့၏။

အိပ်ရာထက်တွင် လူးလွန့်နေရင်း မည်သို့မျှ အိပ်မပျော်နိုင်ဖြစ်နေခဲ့သည်။ နောက်ဆုံးတွင်တော့ သူမ အမေထံ ဖုန်းခေါ်ရန် ဆုံးဖြတ်လိုက်၏။

"အမေ.... မအိပ်သေးဘူးလား..."

"မအိပ်သေးပါဘူး.. နင် ဖုန်းခေါ်လာမှာကို စောင့်နေတာလေ..."ရှန်းရှူးရီ တည်ငြိမ်သည့် လေသံဖြင့် ပြောလိုက်၏။

"အမ်... သမီး ဖုန်းခေါ်လာမယ်ဆိုတာ အမေဘယ်လိုလုပ်သိလဲ...."

"ကျောက်မို အမေရိကားက ပြန်လာပြီဆိုတော့ သေချာပေါက် လင်းရီကို တိုက်ခိုက်တော့မှာ... အဲ့ဒီကိစ္စ ဆွေးနွေးဖို့ နင် ဖုန်းမဆက်လာမှပဲ ထူးဆန်းနေမှာပေါ့...."

"အမေက ဘာတွေ လျှောက်ပြောနာ.. အမေ ပြောနေတဲ့ လေသံကြီးက သမီးကပဲ အဲ့ကောင်စုတ်ကိုအရမ်း စိုးရိမ်ပေးတဲ့ ပုံစံပေါက်နေပြီ... "လျန်ရူရွှယ် သူမ အမေကို ဆိုးနွှဲ့လိုက်ပြီး "အမေ့ကို သတိရလို့ ဖုန်းခေါ်လိုက်တယ် ဆိုရင်ကော...."

"ည ဆယ့်တစ်ကျော်နေပြီ..ဒီအချိန်ကြီး ညဉ်းအဖေက လွဲရင် ငါ့ကို ဘယ်သူမှ သတိရမှာ မဟုတ်ဘူး..."

"အာ...."

လျန်ရူရွှယ် မျက်နှာထက်တွင် ခံစားနေရသည့် အမူအရာတို့ ပေါ်လာခဲ့ပြီး "ဘယ်အရွယ်ရှိနေပြီလဲ.. အမေတို့နှစ်ယောက်က ခုထိ တွယ်ကပ်နေကြတုန်းလား.. အရမ်းအားကျတာပဲ..."

"အားကျနေလဲ အသုံးမ၀င်ဘူး.."ရှန်းရှူးရီ ပြောလိုက်ပြီး "တခြားကိစ္စ မရှိတော့ဘူးမလား... မရှိတော့ဘူးဆိုရင် ဖုန်းချလိုက်တော့မယ်.. ကုမ္ပဏီမှာလည်း တစ်နေ့လုံး အလုပ်ရှုပ်နေတာ.. နင့်ကို အဖော်လုပ်ပေးဖို့ မအားသေးဘူး..."

"ခဏ...."လျန်ရူရွှယ် အလျင်အမြန်တားလိုက်ပြီး "ခဏလေးပဲ စကားပြောရအောင်လေနော်... "

"လင်းရီ အကြောင်းပဲမလား... သားအမိချင်းကို ပွင့်ပွင့်လင်းလင်း ပြောလိုက်စမ်းပါ.. ဘာရှက်စရာ ရှိလို့..."

လျန်ရူရွှယ်၏ အမူအရာမှာ လေလျှော့ခံထားရသည့် ပူဖောင်းကဲ့သို့ ဖြစ်သွားပြီး "ပြဿနာက ဒီနေ့ သမီးတို့ နှစ်ယောက် ကျောက်မို အကြောင်း ဆွေးနွေးခဲ့ကြတယ်... ကျောက်မိုဘက်က စလာမယ့် ရွေ့ကွက်ကိုလည်း သမီးသူ့ကို ပြောပြပြီးသွားပြီ... ဒါတောင်မှ သူက ကြိုးစားကြည့်ချင်နေတုန်းပဲ... သမီး တစ်ချိန်လုံး စဉ်းစားနေဝာာ သူ့ကို ဘယ်လိုဖြောင်းဖြရမလဲလို့ ..."

"သူ သမီးနား ပိုက်ဆံ မချေးလာဘူးလား..."ရှန်းရှူးရီ မေးလာခဲ့၏။

"ဟင့်အင်း. .. သူတောင်းလာရင် သမီးက သူ့ကို ပေးချင်တာပေါ့... ဒါပေမယ့် သူက စကားမဟလာဘူး... ကျောက်မိုနဲ့ တစ်ယောက်ချင်း တိုက်ခိုက်မယ်ပဲ ပြောနေတာ..."လျန်ရူရွှယ် ပြောလိုက်ပြီး "ဟွာယင်း အုပ်စု တစ်ခုတည်းကရင် ငွေကြေးအရင်းအမြစ်ကြွယ်၀ပြီးတော့ ကိုင်တွယ်ရ ခက်နေပြီ... ခု သူတို့က Muddy Watersကိုတောင် ခေါ်ထားလိုက်သေးတယ်.. အရင်ကလည်း Soros' Quantum Fund မှာ နေခဲ့ဖူးတယ်ဆိုတော့ သမီးအထင် Cisco နဲ့ကိစ္စပြီးကတည်းက ကျောက်မိုဘက်က အစီအစဉ်တွေ စနေပြီလို့ ထင်တာပဲ... ဒီကစားပွဲမှာ လင်းရီ အနိုင်ရဖို့ အခွင့်အရေးကို မမြင်မိဘူး..."

"ဒါဆိုလည်း စောင့်ကြည့်ပေါ့... ဘာတွေ အလျင်လိုနေတာ...."

"ဟင်.. ဒါလေးပဲလား..."

" နင်က ဘာထပ်ကြားချင်နေသေးတာ... နင့်အမေက နတ်ဘုရားလည်း မဟုတ်... ငါက ဘယ်လိုလုပ်ပြီး လင်းရီရဲ့ နည်းလမ်းတွေကို ခန့်မှန်းနိုင်မှာလဲတဲ့...."

"ဒါပေမယ့် အမေက စီးပွားရေး နယ်ပယ်မှာ နှစ်တွေ အကြာကြီး ကျင်လည်နေပြီးတော့မှ အခြေအနေ အရပ်ရပ်နဲ့လည်း ကြုံတွေ့ဖူးတယ်လေ... နည်းနည်းလေးတောင် မခန့်မှန်းနိုင်ဘူးလား...."

"အမေက စီးပွားရေးလုပ်နေတာ ကြာပြီ ဆိုတာတော့ ဟုတ်တယ်... ဒါပေမယ့် ဒိဗ္ဗစက္ခုရထားတာမှ မဟုတ်တာ.. အကုန်ဘယ်သိနိုင်မှာ..."ရှန်းရှူးရီ ပြောလိုက်ပြီး "အထူးသဖြင့် လင်းရီနှင့် ပတ်သက်လာရင်ပေါ့... သူ့မှာ အကြံဉာဏ်တွေက အဆုံးမရှိလောက်အောင်ကို များပြားတယ်... သူ ဘာဆက်လုပ်မလဲဆိုတာကို ခန့်မှန်းဖို့ မလွယ်ကူဘူး...."

"ဒါဆို အမေက ဘာလို့ သူ ပိုက်ဆံချေးသေးလားလို့ လာမေးနေတာ...."

"ဘာလို့လဲ ဆိုတော့ သူတို့နှစ်ယောက်ရဲ့ ခွန်အားက သာတူညီမျှ မရှိဘူးလေ... ဒါကြောင့်မို့ လှည့်ကွက်တွေက အသုံးမ၀င်ဘူး..."ရှန်းရှူးရီ ပြောလိုက်ပြီး "သူ့ကိုယ်သူ ကျောက်မိုနဲ့ လယ်ဗယ်တူ ဖြစ်အောင် ဆွဲတင်ဖို့ နည်းလမ်းကို သူစဉ်းစားရမယ်... အဲ့လိုလုပ်ဖို့ အကောင်းဆုံး နည်းလမ်းက ငွေကြေးနဲ့ ထောက်ပံ့ထားတာပဲ... ပြီးမှ ကျန်တဲ့ လှည့်ကွက် အသေးစားလေးတွေကတော့ ဘာဖြစ်မလဲဆိုတာ အမေလည်း မခန့်မှန်းတတ်ဘူး..."

"ဟွန့်....အမေ မခန့်မှန်းနိုင်ဘူးဆိုတာ သမီးဖြင့် ယုံတောင် မယုံနိုင်ဘူး..."

"ဘာလို့လဲဆိုတော့ တစ်ယောက်မှ ငါနဲ့ အဆင့်မတူဘူးလေ... ဒါကြောင့်မို့ နင့် အမေက ဘယ်တော့မှ လှည့်ကွက်တွေ မသုံးဘူး..."

"အိုး.... အဲ့လိုဆို ဥက္ကဌရှန်း... နှောင့်ယှက်မိတာ စိတ်မရှိပါနဲ့နော်.."

လျန်ရူရွှယ် ဖုန်းချပြီးနောက် သူမကိုယ်သူမ တွေးတောလိုက်၏။

' အမေက သူ့ကို မြန်မြန်ကြီး ခွင့်ပြုပေးလိုက်တာ မဆန်းတော့ပါဘူး... အရမ်းကို ၀င့်ကြွားလွန်းတယ်.... နည်းနည်းလေးတောင် မနိမ့်ချတတ်ဘူးလား မသိဘူး... လျန်မိသားစုရဲ့ နိမ့်နိမ့်ချချနေပါတယ် ဆိုတဲ့ အစဉ်အလာလည်း သူမလက်ထက်ရောက်မှ ပျက်ဆီးသွားပြီ....'

......

နောက်တစ်နေ့နံနက်ခင်းတွင် ခွဲစိတ်မှုရှိသောကြောင့် လင်းရီ ထုံးစံအတိုင်း ဆေးရုံသို့ ရောက်လာလေသည်။

ခွဲစိတ်မှုပြီးနောက် လူနာမိသားစု၀င်များမှ အသီးများ ပန်းခြင်းတောင်းများ ပို့လာသည်ကို မြင်တော့ သူ အနည်းငယ် စိတ်ပျက်သလို ခံစားလိုက်ရ၏။

'ဒီအသီးတွေက ပိုးထည်တံခွန်ထက်တောင် ပိုပြီး ဈေးကြီးတယ်လေကွာ.. ဒါတွေ ပေးနေမယ့်အစား ဘာလို့ ပိုးထည်တံခွန်လေးပဲ မပေးကြတာလဲဟ...'

'ငါက ဂုဏ်မောက်တဲ့ ယောက်ျားတစ်ယောက်...

အသီးတွေ ပန်းတွေ မလိုချင်ဘူး.. အဲ့ဒီတံခွန်ရရင် အဆင်ပြေတယ်ဆိုတာ ငါ့ရုပ်ကြည့်ပြီး မပြောနိုင်ကြဘူးလားကွ....'

"အစ်ကိုရီ.. နေ့ခင်းကြီး ဘာလို့ အိပ်မက်တွေ မက်နေတာ..."ချောင်ရှင်း မေးမြန်းလိုက်ပြီး "စိတ်ထဲတစ်ခုခု ဖြစ်နေလို့လား.. စကားပြောရအောင်လေ.. ညီမလည်း ပျင်းနေတာ...."

"မင်းရဲ့ အစ်ကိုက ရုပ်လည်း ချောတယ်... ပိုက်ဆံလည်း ရှိတယ်... ဘယ်လိုခွဲစိတ်ရမလဲ နားလည်တယ်... ဒီလိုဘ၀ကြီးက အရမ်းပျင်းဖို့ကောင်းတယ်ကွာ..."လင်းရီ ပြောရင်း ငှက်ပျောသီး တစ်လုံးကို အခွံနွှာလိုက်ပြီး "လာပါဦး... မင်းရဲ့ ပျင်းရိမှုတွေ ကွယ်ပျောက်သွားအောင် အစ်ကိုရီရဲ့ ဆေးတော်ကြီးပေးမယ်..."

"တော်ပါ... ဒါရိုက်တာလီလည်း ရှိတယ်လေ.. အစ်ကိုရီ သူမကိုပဲ ကျွေးလိုက်..."

လင်းရီ အခွံနွှာထားသည့် ငှက်ပျောသီးကို လီချူးဟန် နှုတ်ခမ်းနားတေ့လိုက်ပြီး "တစ်ကိုက်လိုက် ကိုက်ဦးမလား...."

လီချူးဟန် အနည်းငယ် ရှက်သွေးဖြန်းသွားခဲ့ပြီး အကိုက် သေးသေးလေး တစ်ကိုက် ကိုက်လိုက်၏။

ချောင်ရှင်း၏ ကျွမ်းကျင်မှုနှင့် နှိုင်းယှဉ်ပါက လီချူးဟန်မှာ လုံး၀ အသစ်ကလေးပင်။ သူမ၏ လှုပ်ရှားမှုများမှာ ရင်းနှီးကျွမ်း၀င်မှု မရှိသေးပဲ အထစ်အငေါ့တို့ ရှိနေသေး၏။ သို့သော်လည်း နောက်ထပ် လေးငါးကြိမ်ခန့် သင်ပြပြီးနောက် အတွေ့အကြုံရသောအခါ ကျွမ်းကျင်လာလိမ့်မည် ဖြစ်ကြောင်း လင်းရီ သေချာလေသည်။

ကလင် ကလင်....

ထိုစဥ် လင်းရီ ဖုန်းသံ မြည်လာခဲ့၏။ ကိုင်ကြည့်လိုက်သောအခအ ၀မ်တဝေထံမှ ဖြစ်ကြောင်း သိလိုက်ရ၏။

"ညီလေးလင်း... မင်း အလုပ်ရှုပ်နေလား..."

"ကျွန်တော် အခုလေးတင် ခွဲစိတ်မှု ပြီးလို့ နားနေတာ အစ်ကို၀မ် ...."

"ဌာနထဲမှာ ဒါရိုက်တာလီ ရှိလား...."

"ရှိတယ်လေ... သူခု ဘေးမှာ... ဘာလဲ လုပ်မလို့..."

"မင်းတို့နှစ်ယောက်လုံးအားရင် ငါ့ရုံးခန်းထဲ လာခဲ့ကြကွာ.. ပြောစရာရှိတယ်...."

လင်းရီ၏ အမူအရာမှာ လေးနက်သွားပြီး "မနေ့တုန်းက ကလေးအကြောင်းလား..."

"အင်း... အခြေအနေက ငါတို့ ထင်ထားတာထက်ကို ပိုဆိုးနေတယ်... မင်း လာပြီး တစ်ချက်လောက် လာကြည့်လှည့်ဦး...."

"ကောင်းပြီလေ... ကျွန်တော်တို့ ခုပဲ လာခဲ့လိုက်မယ်...."

"ဘာဖြစ်တာလဲတဲ့..."လင်းရီ ဖုန်းချပြီးနောက် လီချူးဟန်မှ မေးမြန်းလိုက်သည်။

"ကလေး အထူးကု ဌာနမှာ အကြောင်း တစ်ခုခု ထူးလို့.. ဒါရိုက်တာ ၀မ်က ငါတို့ နှစ်ယောက်ကို လာကြည့်ခိုင်းနေတာ...."

"အဲ့တာဆို သွားကြမယ်လေ..."လီချူးဟန် မတ်တပ်ရပ်လိုက်ပြီး "ရှောင်ချောင်... နင်လည်း ငါတို့နဲ့ လိုက်ခဲ့..."

"အွန်း အွန်း... ကျေးဇူးပါ ဒါရိုက်တာလီ...."

သို့နှင့် သုံးယောက်သား အတွင်း လူနာဆောင်၏ တတိယထပ်ရှိ ကလေးအထူးကုဌာနသို့ ရောက်လာခဲ့ကြ၏။

လမ်းတွင်တော့ လင်းရီ လွန်ခဲ့သည့် ရက်က ကလေး၏ အခြေအနေကို သူမတို့ နှစ်ယောက်အား အကြမ်းဖျင်း ရှင်းပြထားပေးလေသည်။

လင်းရီမှာ ကလေး အထူးကု မဟုတ်သော်လည်း SMA အကြောင်းတော့ နည်းနည်းပါးပါး တီးမိခေါက်မိတော့ရှိ၏။

ထိုအကြောင်းကို သိတော့ လီချူးဟန်တို့ နှစ်ယောက်လုံး အမူအရာပြောင်းလဲသွားကြသည်။ ယင်းက သာမန်လူတစ်ယောက်အတွက် သေမိန့်ချလိုက်သည်နှင့် မခြားနားချေ။

တစ်ကြိမ်ကုသရန် မဆိုထားဘိ။ Nosinogen Sodium ကပင် သူတို့အတွက် မကျော်ဖြတ်နိုင်သည့် တောင်ကြီး ဖြစ်နေလေသည်။

၀မ်တဝေ၏ ရုံးခန်းထဲတွင်‌တော့ ၀မ်တဝေ အပြင် အမျိုးသားတစ်ဦးနှင့် အမျိူသမီး တစ်ဦးလည်း ရောက်ရှိနေကြသည်။ သူတို့နှစ်ယောက်လုံးကလည်း ကလေးအထူးကု ဌာန၏ လက်ထောက် ဒါရိုက်တာများ ဖြစ်ကြလေသည်။

"ဒါရိုက်တာလီ... ဒါရိုက်တာလင်း..."

ဟွာရှန်းဆေးရုံတွင်တော့ လီချူးဟန်၏ ဂုဏ်သတင်းမှာ အင်မတန် ကျော်စောပြီး သူမကို မသိသူ မရှိသလောက် နီးပါးပင်။ ယင်းကလည်း သူမ၏ ဆေးပညာအပေါ် အလေးအနက်ထားမှုနှင့် ရိုးသားဖြောင့်မတ်မှုတို့ကြောင့် လူတိုင်းမှ ရိုသေလေးစားခြင်းဖြစ်၏။

"အစ်ကို၀မ်.. ဘာတွေဖြစ်နေတာ... ကလေးရဲ့ ရောဂါကို အတည်ပြုပြီးသွားပြီ မဟုတ်ဘူးလား...."

၀မ်တဝေ ခေါင်းညိမ့်လိုက်ပြီး "အတည်ပြုပြီးသွားပြီ... ငါတို့ ထင်ထားတဲ့အတိုင်း SMA ပဲ... ဒါပေမယ့် ဒီနေ့ အသေးစိတ် စစ်ဆေးပြီးတဲ့ အခါကျတော့ နောက်ထပ် ရောဂါ လက္ခဏာ တစ်ခုကို ထပ်သွားတွေ့နေလို့.... ဒါက စမ်းသပ် စစ်ဆေးမှု ရလဒ်ပါ.. ဒါရိုက်တာလီနဲ့ ဒါရိုက်တာလင်းတို့ တစ်ချက်ကြည့်ကြည့်ပါဦး..."

နှစ်ယောက်သား ရလဒ်ကို သေချာဖတ်ရှု သုံးသပ်ကြည့်ပြီးသောအခါ နှစ်ယောက်လုံး၏ အမူအရာမှာ ရှုံ့မဲ့သွားကြလေသည်။

"ကလေးက ဘယ်မှာလဲ..."လီချူးဟန် မေးလိုက်ပြီး "ကျွန်မ သူ့ကို ကြည့်လို့ရမလား..."

"ကလေးက လူနာခန်းထဲမှာ... ကျုပ် ခေါ်သွားပေးလို့ရတယ်...."

မကြာမီ အုပ်စုမှာ ကလေးအထူးကု ဌာနရှိ လူနာအခန်း ၄၀၈ သို့ ရောက်ရှိလာလေသည်။ လင်းရီ သူ မနေ့က ဆုံခဲ့သည့် လူငယ်စုံတွဲလည်း ထိုအခန်းထဲ ရောက်ရှိနေကြောင်း မြင်တွေ့လိုက်ရ၏။

သူတို့နှစ်ဦးလုံး ကလေး၏ ရောဂါကို သိရှိပြီး ဖြစ်ကြပြီး ၎င်းတို့၏ မျက်နှာထက်၌ မျက်ရည်တို့ ဝေ့နေကြလေသည်။

လင်းရီကို မြင်တော့ ကလေး၏ မိခင်မှာ အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး လင်းရီရှေ့တွင် ဒူးထောက်၍ "ဒါရိုက်တာလင်း... သူတို့ ပြောကြတာတော့ ရှင်က ဟွာရှန်းဆေးရုံမှာ အကောင်းဆုံး ဆရာ၀န်ပဲတဲ့... ကျေးဇူးပြုပြီး ကျွန်မရဲ့ လူအာလေးကို ကယ်တင်ပေးပါ.. ကျွန်မတောင်းဆိုပါတယ်...."

တစ်ချိန်တည်းတွင် ကလေး၏ အဖေလည်း မျက်ရည်ပေါက် ကြီးငယ်တို့ဖြင့် ဒူးထောက်လာခဲ့၏။ "ဒါရိုက်တာလင်း... ကျေးဇူးပြုပြီး ကျုပ်သားလေးကို ကယ်တင်ပေးပါဗျာ...."

"မတ်တပ်ရပ်လိုက်... ကျုပ်တို့ ဒီကိစ္စကို အေးဆေး စကားပြောကြမယ်..."လင်းရီနှင့် ချောင်ရှင်းတို့ ရှေ့တက်လိုက်ကြပြီး ထိုစုံတွဲကို ဖေးမလိုက်ကြသည်။ တစ်ချိန်တည်းတွင် အနည်းငယ် ၀မ်းနည်းနေသလိုလည်း ခံစားနေကြရ၏။

ဤကမ္ဘာကြီးတွင် အမျိုးသားတစ်ယောက်ကို ဒူးထောက်စေနိုင်သည့် အကြောင်းကိစ္စမျိုး သိပ်မရှိချေ။

"မပူနဲ့... မျှော်လင့်ချက် ရှိနေသရွေ့တော့ ကျုပ်တို့ ဆရာ၀န်တွေဘက်က အကောင်းဆုံး ကြိုးစားပေးသွားမှာ..."လင်းရီ ဖြောင်းဖြလိုက်ပြီး "ကလေးကို အရင်ကြည့်ကြတာပေါ့..."

ချောင်ရှင်းမှာ ကျန်နေရစ်ခဲ့ပြီး ထိုစုံတွဲနှစ်ယောက်ကို နှစ်သိမ့်ပေးနေကာ လင်းရီနှင့် လီချူးဟန်ကတော့ ကလေးကို စစ်ဆေးရန် ထွက်လာခဲ့ကြ၏။

လင်းရီ အရင်ဆုံး ဆရာ၀န်နားကြပ်ဖြင့် ကလေး၏ ရင်ဘက်ရှိ နှလုံးခုန်သံကိုနားထောင်ကြည့်လိုက်သည်။ ထို့နောက် လျှာကို ဆွဲထုတ်ကြည့်၍ ထပ်မံကို စစ်ဆေး၏။ တစ်ချိန်တည်းတွင်လည်း သူ၏ အမူအရာတို့မှာ ပို၍ အုံ့ဆိုင်းလာလေသည်။

"အတည်ပြုလို့ရတယ်... ဒါက မွေးရာပါ အဓိက သွေးလွှတ်ကြော နေရာလွဲနေတဲ့ ရောဂါ.. ရှားပါးတဲ့ ပုံစံ ရှစ် ဖြစ်ဖို့ များတယ်...."

သွေးလွှတ်ကြော နေရာလွဲခြင်း၏ ပုံစံမှာ ရှစ်ရပ်ရှိသည်။ ထိုအထဲရှိ ဒုတိယ၊ တတိယနှင့် သတ္တမတို့ကတော့ စိုးရိမ်ဖွယ်ရာ မရှိပဲ ကျန်သည့် နှစ်မျိုးကသာလျှင် ခွဲစိတ်ကုသရလေသည်။ သို့သော်လည်း ထိုရောဂါမျိုးကတော့ အတော်လေးကို ရှားပါးလွန်းလှပြီး ဆရာ၀န်တော်တော်များများလည်း မကြုံဖူးသလောက်ပင်။လီချူးဟန်ပင်လျှင် သူမ မေရို ဆေးခန်းတွင် အလုပ်နေသည့် သက်တမ်းတစ်လျှောက် တစ်ခါသာလျှင် တွေ့ကြံခဲ့ဖူး၏။

၎င်းကိုကြားပြီးနောက် လူနာခန်းထဲရှိ လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ရှားပါး SMA ရောဂါ ရှိနေနှင့်တင် အတော်လေး ဆိုးရွားနေပြီး ဖြစ်သော်လည်း ယခုတော့ သွေးလွှတ်ကြော နေရာလွှဲသည့် ပုံစံရှစ်နှင့် လာဆုံနေလေသည်။

ဘယ်လောက်တောင် ကံဆိုးလိုက်တဲ့ ကလေးလေးလဲ...

သူတို့ ကလေး၏ ရောဂါကို အတည်ပြုလိုက်ကြောင်းနှင့် မွေးရာပါ နှလုံးသွေးလွှတ်ကြော နေရာလွဲမှားနေသည့် ရောဂါပါ ထပ်ရနေသည်ကို ကြားတော့ လင်မယားနှစ်ယောက်လုံး အရင်ဆုံး ကြက်သေသေသွားခဲ့ကြ၏။ ထို့နောက် ၎င်းတို့၏ ဝိဉာဏ်လွင့်မတတ်ဖြစ်သွားပြီး မျက်နှာထက်၌ အကြီးအကျယ် တုန်လှုပ်နေသည့် အမူအရာတို့ ပေါ်ပေါက်လာလေသည်။ မိခင်ဆိုလျှင် သတိလစ်မေ့မြောတော့မည့် အသွင်ဖြစ်နေပြီး ကံကောင်း၍ ကလေး၏ ဖခင်မှ တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး သတိကပ်ထားဖို့ အတန်တန်မှာကြားနေခြင်းကြောင့် သတိတော့ မလစ်သွားချေ။

"အဲ့လောက်လည်း မစိုးရိမ်ကြနဲ့ဦး.. ကျုပ် ဒါရိုက်တာ၀မ်နဲ့ ပြန်တိုင်ပင်လိုက်ဦးမယ်... အခြေအနေက ခင်များတို့ ထင်ထားတာလောက်လည်း မဆိုးရွားလောက်ပါဘူး... "

ယင်းက အမှန်တရားပင်။ သို့သော်လည်း ရှိနေကြသည့် လူတိုင်း ကုသရန် မျှော်လင့်ချက် မရှိကြောင်းတော့ သိရှိပြီး ဖြစ်၏။

မကြာမီ ၀မ်တဝေ၏ ရုံးခန်းထဲသို့ ပြန်ရောက်လာကြလေသည်။

"ဒါရိုက်တာလီ .. ကလေးရဲ့ ရောဂါကို အတည်ပြုပြီးပြီဆိုတော့ ဘယ်လို လုပ်ရင် ကောင်းမလဲ...တစ်ချက်လောက် အကြံဉာဏ်ပေးပါဦး..."

"ကျွန်မကတော့ ကုသဖို့ အကြံမပေးချင်ဘူး..."လီချူးဟန် ပြောလိုက်ပြီး "တကယ်လို့ အဲ့တာက ရှားပါးတဲ့ မွေးရာပါ နှလုံးသွေးလွတ်ကြောနေရာလွဲနေတယ်ဆိုရင်တောင် ကျွန်မဘက်က ကုသပေးနိုင်ဖို့ ယုံကြည်ချက် ရှိပြီးသား.. ဒါပေမယ့် ပြဿနာက SMA ပါ ရှိနေတာ...ဘယ်လိုပဲ ဖြစ်ဖြစ် ကလေးရဲ့ သက်တမ်းက တိုမှာပဲလေ... လက်ရှိ အခြေအနေအရဆိုရင် အသင့်တော်ဆုံး ရွေးချယ်မှုက သူတို့ကို မကုသဖို့ ဖြောင်းဖြပြီး အိမ်ပြန်လွှတ်လိုက်တာ အကောင်းဆုံးပဲ....”

All Chapters