← Chapters

ချစ်တတ်တဲ့ နှလုံးသားက နွေးထွေးတယ်

Vol. 36 Ch. 533

ချစ်တတ်တဲ့ နှလုံးသားက နွေးထွေးတယ်

Vol. 36 Ch. 533

ထိုအခါ ရုံးခန်းထဲရှိ လူတိုင်း တိတ်ဆိတ် ငြိမ်သက်သွားကြတော့၏။

ယင်းက အနည်းငယ် ရက်စက်သယောင် ရှိသော်လည်း အသင့်လျော်ဆုံး နည်းလမ်းပင်။

ထိုသို့ပြုလုပ်ခြင်းဖြင့် မလိုလားအပ်သည့် ကုန်ကျစရိတ်များကို လျှော့ချနိုင်လေသည်။ ထို့ပြင် စုံတွဲမှာလည်း ငယ်ရွယ်သေးသောကြောင့် ကလေးနောက်တစ်ယောက် ထပ်ယူလျှင်လည်း အချိန်မှီသေး၏။ ယင်းက ကျိုးကြောင်းသင့်တင့်သည့် ဆုံးချက်ပင်။

"ကောင်းပြီလေ.. အဲ့လိုပဲ လုပ်ရတော့မှာပေါ့... ငါ မှတ်တမ်းကို သေချာစီစစ်ပြီးတော့မှ သူတို့ကို ပြန်ရှင်းပြလိုက်မယ်... "၀မ်တဝေ သက်ပြင်းချလျက် ပြောလိုက်သည်။

လီချူးဟန် ခေါငိးညိမ့်လိုက်ပြီး "ဒါဆိုလည်း ကျွန်မတို့ အရင် သွားနှင့်တော့မယ်... တစ်ခုခု အကူညီလိုအပ်ရင် လှမ်းခေါ်လိုက်ပါ ဒါရိုက်တာ၀မ်..."

"အင်း... ဒါရိုက်တာလီ နဲ့ ဒါရိုက်တာလင်းကို ဒုက္ခပေးမိပြီ... ..."

"ရပါတယ်....ဒါ ကျွန်မတို့ရဲ့ တာ၀န်ပါပဲ..."

နှုတ်ဆက်ပြီးနောက် သုံးယောက်သား အတွင်းလူနာဌာန၏ ရှစ်ထပ်မြောက်သို့ ပြန်ရောက်လာခဲ့ကြသည်။

သို့သော်လည်း သူတို့ ရုံးခန်းထဲမှ ထွက်လာပြီး မကြာမီ ကလေး၏ ဖခင်မှာ လင်းရီရှေ့ ပြေးရောက်လာပြီး အခြားသူများ၏ အကြည့်ကို လျစ်လျူရှုကာ ချက်ချင်း ဒူးထောက်ချလိုက်၏။

"ဒေါက်တာလင်း... ခင်များက သူတော်ကောင်းပါ.....ဖြစ်နိုင်ရင် ကျေးဇူးပြုပြီး ကျုပ်ရဲ့ လူအာလေးကို ကယ်တင်ပေးပါလားဗျာ... သူက ခုမှ နှစ်လသားလေးပဲ ရှိသေးတာပါ.. လောကကြီးအကြောင်းတောင် ဘာမှ မသိသေးပါဘူး...အရမ်းအပြစ်ကင်းစင်ပါတယ်.... သူ မရှိရင် ကျွန်တော်တို့ နှစ်ယောက်လုံးလည်း အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး...."

"အစ်ကို ခင်များအရင်ထ... ကျုပ်ပြောတာကို သေချာလေး နားထောင်...."လင်းရီ ကလေး၏ ဖခင်ကို လက်နှစ်ဖက်ဖြင့် ပင့်မလိုက်ပြီး "အခု ခင်များ ဘယ်လိုခံစားနေရလဲဆိုတာ ကျုပ် နားလည်တယ်... ဒါပေမယ့် တစ်ချို့ပြဿနာတွေက ဖြစ်ချင်ရုံနဲ့ မပြီးသေးဘူးဆိုတာ ခင်များ နားလည်ထားရမယ်လေ..."

လင်းရီလည်း ခံစားချက်တို့ ကောင်းမွန်မနေချေ။ သားသမီးငယ်တို့မှာ မိဘတိုင်း၏ ရင်နှစ်သည်းချာလေးများ ဖြစ်ကြ၏။ သို့သော်လည်း သူကိုယ်တိုင်က မိဘတစ်ဦး ဟုတ်မနေသည့် အတွက် ၎င်းတို့ ခံစားနေရသည့် ခံစားချက်ကို ပုံမဖော်ပေးနိုင်ချေ။ ၀မ်းနည်းသကဲ့သို့ ခံစားပေးရုံသာ တတ်နိုင်၏။လူငယ်စုံတွဲကသာလျှင် ၎င်းတို့ခံစားနေရသည့် သောကမီးတောက်များ မည်မျှပူလောင်သည်ကို ခံစားသိရှိပေလိမ့်မည်။

"မွေးရာပါ နှလုံးသွေးလွတ်ကြောလွဲတာကို ခွဲစိတ်ပြီး ဖယ်ရှားဖို့က အရမ်း အန္တရာယ်များတယ်... ကျုပ်ကော ဒါရိုက်တာလီကော အောင်မြင်မယ်လို့ အာမ မခံပေးနိုင်ဘူး.. ပြီးတော့ ကလေးက SMA ပါ ရှိနေသေးတာ... ဒါက သေစေနိုင်တဲ့ ရောဂါပဲ... ပျောက်အောင်လည်း မကုသပေးနိုင်ဘူး.. ယာယီ သက်သာစေတဲ့ Nosinogen Sodiumကလည်း ဆေးတစ်လုံးကို ယွမ်တစ်ခုနစ်သိန်းပေးရတယ်....အဲ့ဆေးက သာမန်မိသားစုတွေ တတ်နိုင်တဲ့ ဆေးမျိုးမဟုတ်ဘူး...."

"ပြဿနာ မရှိဘူး ဒေါက်တာ... ကျုပ် အိမ်နဲ့ ခြံကို ရောင်းမယ်ဗျာ... ပြီးရင် ပိုက်ဆံ နည်းနည်းလောက် လိုက်ချေးလိုက်ရင် သေချာပေါက် လုံလောက်ပါတယ်...."

"အဲ့လိုဆိုရင်တောင် လုံလောက်ဖို့ ဝေးနေသေးတုန်းပဲ..."လင်းရီ ပြောလိုက်ပြီး "SMA လို ရောဂါမျိုးက ထိုးဆေး လေးလုံးလောက် လိုမှာနော်... ယွမ် ခုနစ်သိန်းတည်းနဲ့ ဖြေရှင်းနိုင်မယ့် ကိစ္စမဟုတ်ဘူး...."

"လေး...လေးလုံး...."

လင်းရီ၏ စကားလုံးများက ဖခင်၏ နောက်ဆုံး တင်းခံထားသည့် စိတ်ဓာတ်များကို အစိတ်စိတ်အမြွှာအမြွှာ ကွဲကြေသွားစေခဲ့သည်။

ယွမ် ခုနစ်သိန်း ဟူသည်ကပင် သူတို့မိသားစုကို ချွတ်ခြုံကျသွားဖို့ရာ လုံလောက်၏။ ထိုမျှနှင့် မလုံလောက်သေးပါက မည်သို့ လုပ်ရတော့မည်နည်း။ သူ၏ အသက်ကို ရောင်းချရမည်လော။ သို့မဟုတ် စိတ်ဝိဉာဏ်ကို ပေါင်နှံရမည်လော။

"အစ်ကို... ခင်များ အသက်က ခုမှ သုံးဆယ်တည်း ရှိသေးတာ.. ခေတ်သစ် ဆေးနည်းပညာက အရမ်း တိုးတက်နေပြီ... ပြန်ပြီးတော့ စိတ်အနည်ထိုင်အောင် ခဏလောက် အနားယူလိုက်... ပြီးရင် ခေါင်းအေးအေးနဲ့ စဉ်းစား... နောက်ထပ် ကလေးတစ်ယောက် ယူရင်လည်း နောက်မကျသေးဘူး...."

လင်းရီ ကိုယ်တိုင်လည်း သူ၏ စကားလုံးများမှာ ရက်စက်သည်ဟု ခံစားနေရ၏။ မည်သို့ပင်ဆိုစေ ၎င်းတို့ မွေးလာသည့် ကလေးမှာ အသေလေးမဟုတ်သောကြောင့် မည်သို့သော မိဘမျိုးက အသက်တစ်ချောင်းကို လွယ်လွယ်ကူကူနှင် စွန့်ပစ်ရက်မည်နည်း။ အကယ်၍ အဆိုပါစုံတွဲနေရာ၌ လင်းရီဆိုလျှင်လည်း မျှော်လင့်ချက် ရှိသလောက် ကောက်ရိုးလေးတစ်မျှင် ဖြစ်နေစေကာမူ လှမ်းဆွဲရန် ကြိုးပမ်းမိ‌ပေလိမ့်မည်။

"ဒါပေမယ့် ကျုပ်တို့က....."

အမျိုးသားမှာ ဝိဉာဏ် စုပ်ယူခံလိုက်ရသကဲ့သို့ မြေပြင်ပေါ်သို့ ထိုင်လျက်သား လဲကျသွားတော့သည်။ ယင်းက သူ့ဘ၀၏ အခက်ခဲဆုံးအခိုက်အတန့်ပင်။ သားဖြစ်သူကို ကယ်တင်ပေးချင်နေသော်လည်း ကူကယ်ရာမဲ့နေသည့် ဖခင်တစ်ယောက်၏ ခံစားချက်ကို မည်သည့် လူသားက စာနာ နားလည်ပေးနိုင်မည်နည်း။နတ်ဘုရားတို့ထံ တိုင်တည်ဆုတောင်းလျှင်ကော ၎င်းတို့က ဂရုစိုက်ပါမည်လော။

ထိုအချိန်တွင် ကလေးအထူးကု ဌာန၏ နာ့စ်များ ရောက်ရှိလာပြီး ဝိုင်း၀န်း အားပေးစကားများဆိုကြသည်။ သို့သော်လည်း ယင်းက အချည်းနှီးသာ။ စိတ်ဝိဉာဏ်ကင်းမဲ့နေသည့် အသွင်ဖြစ်နေသည့် ၎င်း၏ မျက်နှာကို ကြည့်ရင်း ထိုသူ ဘာတွေများ တွေးနေသမလဲဆိုတာကို မိုးနတ်မင်းမှတစ်ပါး မည်သူမျှ သိနိုင်လိမ့်မည် မဟုတ်ပေ။

လင်းရီကတော့ လီချူးဟန်တို့နှင့် အတူ ဌာနသို့ ထွက်လာခဲ့လိုက်၏။

ဖြစ်နိုင်လျှင်တော့ သူတို့လည်း ထွက်မလာချင်ပေ။ သို့သော်လည်း ပြောစရာစကားမှာ ပါးစပ်ဖျား၌ ပျောက်ဆုံးနေခဲ့ရ၏။ မကူညီနိုင်မှတော့ အဘယ်ကြောင့် အပိုစကားတို့ ဆိုနေရဦးမည်နည်း။

"အစ်ကိုရီ... တကယ်လို့ အစ်ကိုရီသာ သူ့နေရာမှာဆိုရင် ဘယ်လိုနေမလဲဟင်..."ချောင်ရှင်း ညင်သာစွာဖြင့် မေးမြန်းလိုက်သည်။

"သူ့လိုမျိုး လုပ်မိလုပ်ရာ လုပ်မှာပဲ..."လင်းရီ ပြောလိုက်ပြီး "ဒါပေမယ့် SMA က သာမန် အပြင်းဖျားတာနဲ့ မတူဘူး.. ပုံမှန်ဆိုရင် လူနာက သေဖို့ ထိုင်စောင့်ရုံပဲ တတ်နိုင်မှာ... တကယ်လို့ ပြန်သက်သာဖို့ နည်းနည်းလေး မျှော်လင့် ချက်ရှိတယ်ဆိုရင်တောင် မှီခိုလို့မရမှတော့ ဘာအဓိပ္ပာယ် ရှိတော့မှာ..."

လင်းရီ လေးလံစွာ သက်ပြင်းချလိုက်သည်။ SMA ရှေ့မှောက်တွင်တော့ ယောက်ျားတစ်ယောက်၏ မာနနှင့် ဒူးထောက်မှုတို့ကပင် အကျုံးမ၀င်ခဲ့ချေ။

"အစ်ကိုရီ ပြောတာ မှန်တယ်..."ချောင်ရှင်း တွန့်ဆုတ်စွာဖြင့် ပြောလိုက်ပြီး "မိုးနတ်မင်းကြီးက အရမ်း မမျှတာပဲ..."

"သူက တကယ်ကို မမျှတဘူး... မဟုတ်ရင် သာမန်လူတွေရဲ့ဘ၀က အဲ့လောက်ထိ ဘယ်ခက်ခဲနေတော့မှာ... "

သုံးယောက်သား ဌာနသို့ ပြန်ရောက်လာသောအခါ လင်းရီ၏ ဖုန်းသံ မြည်လာပြန်သည်။ ၀မ်တဝေမှ ဖုန်းဆက်လာခဲ့ခြင်းပင်။

"အစ်ကို၀မ် ဘာကိစ္စလဲ...."

"ကလေးအဖေ ခုလေးတင် ငါ့ဆီ ရောက်လာတယ်... သူ့မိသားစုပိုင်တဲ့ အိမ်ကို ရောင်းချပြီးတော့ ကလေးကို Nosinogen Sodium တစ်လုံး ထိုးပေးစေချင်နေတယ်ဆိုပဲ... "

"အဲ့လိုလုပ်လည်း အလကားပဲလေ.. အစ်ကိုသူ့ကို သေချာမရှင်းပြလိုက်ဘူးလား..."

"ပြောတာပဲကွာ... ဒါပေမယ့် နားမ၀င်ဘူး... ဘယ်လောက်ကုန်ကျ ကုန်ကျ ရအောင် လုပ်ပေးမယ်ဆိုပြီး ခေါင်းမာနေတာ...."၀မ်တဝေ ခက်ခဲနေသည့် လေသံဖြင့် ပြောလိုက်ပြီး "ငါ့ကိုတောင် ကျောက်ကပ်ရောင်းလို့ရမယ့် နေရာ ကူရှာခိုင်းနေသေးတယ်... သူ့ကလေးကို ရေကုန်ရေခမ်း လိုက်ကယ်ချင်‌နေတဲ့ပုံပဲ...."

"သောက်အဓိပ္ပာယ် မရှိတာ..."လင်းရီ စားပွဲကို ဒေါသတကြီးဖြင့် ရိုက်လိုက်ပြီး "ကျွန်တော်တို့ လုံး၀ သဘောတူလိုက်လို့ မဖြစ်ဘူး..."

"ငါလည်း ငြင်းလိုက်တယ်..."၀မ်တဝေ ပြောလိုက်ပြီး "ဒါပေမယ့် သူ့ပုံစံ ကြည့်ရသလောက်ကတော့ တကယ်ကြီး ဆေးထိုးပေးစေချင်နေတဲ့ ပုံပဲ... တကယ်လို့ သူသာ တကယ်ကြီး လုပ်ချင်နေရင်တော့ ခွဲစိတ်ရဖို့က သေချာသလောက် ဖြစ်နေပြီ...."

"နားလည်ပြီ... ကျွန်တော် ဒါရိုက်တာလီနဲ့ တစ်ချက် ဆွေးနွေးကြည့်လိုက်ဦးမယ်...."

"အင်း... ပြီးရင် ငါ့ကို အကြောင်းပြန်ဦး... "

"အိုကေ...."

ဖုန်းချပြီးနောက် လင်းရီ လီချူးဟန်ကို ကြည့်ပြီး "ကလေးအဖေက Nosinogen Sodium ထိုးပေးစေချင်နေပြီးတော့မှ ခွဲစိတ်ပေးနိုင်မလားလို့ မေးနေတယ်...."

"အင်း... ဘာပဲပြောပြော နောက်ဆုံးကျ ငါတို့ရဲ့ စကားလုံးတွေက အကြံပေးရုံလောက် ရမှာပဲလေ... လူနာရှင်ရဲ့ ဆန္ဒအတိုင်း ဆောင်ရွက်ပေးရမှာပဲ...."လီချူးဟန် ပြောလိုက်ပြီး "တကယ်လို့ အလုပ်မဖြစ်ရင် ငါ ဒါရိုက်တာမြောင်ကို တွေ့ပြီးတော့ ကုသစရိတ် လျော့ချပေးလို့ရမလား မေးကြည့်လိုက်ဦးမယ်..."

ထိုစကားကို ကြားတော့ လင်းရီ လီချူးဟန်ကို အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်မိသည်။

ယခုလို ကိစ္စမျိုးတွင် လီချူးဟန်၏ စိတ်ဓာတ်မှာ အေးတိအေးစက် ဖြစ်နေလိမ့်မည်ဟု လင်းရီ ထင်မှတ်ထားခဲ့သော်လည်း သူ ကောက်ချက်ချ မှားသွားသည့် ပုံပင်။ သူမ၏ နှလုံးသားမှာ နွေးထွေးနေသေး၏။ ယင်းကလည်း သူမ တစ်စုံတစ်ယောက်ကို မီးကုန်ယမ်းကုန် ချစ်ခဲ့ဖူးသောကြောင့်ပင်။

"ဒါရိုက်တာလီ... ကျွန်မတို့ အလှူခံလိုက်မယ်ဆိုရင်ကော... အများကြီး အထောက်အကူ ဖြစ်စေမှာ မဟုတ်ဘူးဆိုပေမယ့် ရသလောက်ပေါ့..."

"မကောင်းဘူး.. ငါတို့က မတည်ပြီး အရင်ဆုံးအလှူခံလိုက်မယ်ဆိုရင် ငါတို့ရဲ့ မျက်နှာကြောင့် လူတွေက ထည့်ကြမှာပဲ.. သဒ္ဓါတရားက ပါချင်မှပါမှာ... "လီချူးဟန် ပြောလိုက်ပြီး "ဒါပေမယ့် ငါတို့ရဲ့ နာမည်နဲ့ တတ်နိုင်သလောက် ကူညီလိုက်ကြတာပေါ့.. ကျန်တဲ့သူတွေကို ထည့်တွက်မနေနဲ့...."

"အွန်း... နားလည်ပြီ..."

နှစ်ယောက်သား စကားပြောပြီးနောက် ၎င်းတို့၏ အကြည့်များမှာ လင်းရီထံသို့ ကျရောက်လာလေသည်။ သူမတို့ လင်းရီ၏ အမြင်ကို သိချင်နေကြ၏။

"ရှင်းရှင်း... မွန်းလွဲပိုင်းကျရင် ကလေးအထူးကု ဌာနကို ဆက်သွယ်ပြီးတော့ ကလေးကို ငါတို့ ဌာနဘက် လွှဲပေးဖို့ ပြောလိုက်...."

"ဟုတ် အစ်ကိုရီ..."

ထို့နောက် လင်းရီ ပျင်းရိစွာ အကြောဆန့်လိုက်ပြီးသူ့စိတ်ထဲတွင် ဆုံးဖြတ်ချက် ချလိုက်၏။ ခွဲစိတ်မှုပြီးလျှင်တော့ သူ ဆေးရုံမှ ထွက်ခွာသွားတော့မည်။

စနစ်မှ နောက်ဆုံးပေးထားသည့် အန္တိမမစ်ရှင်ကို ပြုလုပ်နေသည်မှာ တစ်လပြည့်တော့မည် ဖြစ်တော့ကြောင့် သူဆေးရုံတွင် ဆက်လက် အချိန်ဖြုန်းမနေသင့်တော့ပေ။

မွန်းလွဲပိုင်းတွင် ခွဲစိတ်မှု မရှိသောကြောင့် လင်းရီဆေးရုံ၌ ဆက်မနေတော့ပဲ အိမ်သို့ ပြန်လာပြီး ချစ်ပ် ၃.၀ ကို ထုတ်လုပ်နိုင်ဖို့ရာအတွက် ဆက်လက်သုတေသန ပြုနေလေသည်။

ကလင် ကလင်

သို့သော်လည်း အိမ်ရောက်ပြီးနောက် မကြာမီ လင်းရီ ဖုန်းသံ မြည်လာခဲ့၏။

ခေါ်ဆိုလာသူကတော့ Pfizer မှ ကျောက်၀န်ပင်။

"ငါ့ကို ဖုန်းဆက်လာရဲသေးတယ်ပေါ့... ကြည့်ရတာတော့ အရှက်မရှိ ၀န်လို့ ပြောင်းပေးတော့မှနဲ့ တူတယ်..."လင်းရီ ကိုယ့်ဘာကိုယ် တီးတိုးရေရွတ်ရင်း ဖုန်းကိုင်လိုက်သည်။

"မစ္စတာလင်း..."

"‌ဘာကိစ္စလဲ.. ပြောစရာရှိရင် အမြန်ပြော... မဟုတ်ရင် ဖုန်းချလိုက်တော့မယ်..."

လင်းရီ၏ မချေမငံ အပြောအဆိုများနှင့် နေသားကျနေသည့် ကျောက်၀န်မှာ မည်သို့မျှ စိတ်ထဲမထားပဲ "ကုမ္ပဏီက ကျွန်မကို ကိုယ်စား စကားပြောခိုင်းလိုက်လို့... ကျွန်မမှာ ရှင်နဲ့ ဆွေးနွေးစရာ ရှိတယ်... "

"ပြော...."

"လတ်တလော ဟွာရှန့်တိုင်းရင်းဆေး ၂၅ မျိုးက ဓာတ်ခွဲခန်း စစ်ဆေးမှုကြိ ကျော်ဖြတ်သွားပြီဆိုတာ ဟုတ်လား..."

"သိရင်လည်း ဘာလို့ လာမေးနေတာ.. ပြောစရာရှိတာကို တန်းပြောလိုက်... ကျုပ်အချိန် သိပ်မရဘူး..."

ထိပ်တန်းဆေးဝါး ဖြန့်ဖြူးရေး ကုမ္ပဏီတစ်ခု ဖြစ်သည့် အလျောက် သူမတို့ဘက်မှ သတင်းအခိုင်အမာ မရထားလျှင် ထိုသို့ မေးမြန်းလာလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ဆေး ၂၅ မျိုး၏ ဓာတ်ခွဲခန်း ရလဒ်များမှာ ထွက်လာတာ သိပ်မကြာသေးသည့်တိုင်အောင် Pfizer ဘက်ရှိ အထက်ကြီးပိုင်းတို့မှ သတင်းရနေပြီးဖြစ်သောကြောင့် ၎င်းတို့၏ သတင်းကွန်ရက်မှာလည်း အထင်သေး၍ မရကြောင်း သိသာလေသည်။

"အဲ့တာဆိုလည်း ကျွန်မ ကွေ့ဝိုက်မနေတော့ဘူး..."ကျောက်၀န် ခေတ္တမျှ တိတ်ဆိတ်သွားပြီး"Pfizer နဲ့ အဓိက ဆေးကုမ္ပဏီ ခြောက်ခုက ရှင့်ရဲ့ သုတေသနနဲ့ အလားအလာရှိတဲ့ စွမ်းရည်တွေကို အရမ်းသဘောကျနေကြတယ်.. သူတို့က ရှင်နဲ့ ပူးပေါင်းဖို့ မျှော်လင့်နေကြတယ်....."

"ပူးပေါင်းဖို့...."လင်းရီ ပြုံးလိုက်ပြီး "ဒီလူတွေက စီးပွားရေး သမားလို့ကို မပြောရဘူး... အတိတ်က ရန်ငြိုးရန်စတွေကို တစ်ခါတည်း မေ့ဖျောက်ပစ်လိုက်ပြီပေါ့လေ... "

"ရှင်လည်း သိပါတယ်.. သူတို့က အကျိုးအမြတ်ကိုပဲ ဂရုစိုက်ကြတာ..."

"ကောင်းပြီလေ.. မင်းတို့ဘက်က ဘယ်လိုမျိုး လက်တွဲ အလုပ်လုပ်ချင်လဲ..."

လင်းရီ ပြောလိုက်၏။

"ဟင်.. မစ္စတာလင်းက သဘောတူတယ်ပေါ့...."

လင်းရီ၏ စကားလုံးများက ကျောက်၀န်ကို အံ့အားသင့်သွားစေခဲ့သည်။ သူမ အစက လင်းရီ လုံး၀သဘောမတူပဲ ငြင်းဆန်ပြီး ဖုန်းချသွားလိမ့်မည်ဟု တွေးထင်ထားခဲ့၏။

"မပူးပေါင်းစေချင်လို့လား.. ရတယ်လေ... ငါ့အချိန်တွေကလည်း အရမ်းပေါသောနေတယ်လို့ မင်း ထင်နေတာလား..."

"မဟုတ် မဟုတ်ပါဘူး.. ကျွန်မတို့ဘက်က အသေးစိတ်ဆွေးနွေးဖို့ ကိုယ်စားလှယ်တစ်ယောက်ကို ကျိုးဟိုင် လွှတ်လိုက်ပါမယ်...."

"အိုကေ ရောက်ရင် ငါ့ကို ဆက်သွယ်လိုက်... ခု ဖုန်းချလိုက်တော့မယ်...."

လင်းရီလည်း အလုပ်ရှုပ်နေသောကြောင့် ကျောက်၀န်နှင့် ဆက်လက် စကားမပြောချင်တော့ပေ။

"ခဏလေး မစ္စတာလင်း.. ကျွန်မ နောက်ဆုံး မေးခွန်းတစ်ခုလောက် မေးလို့ရမလား...."

"မေး…”

All Chapters