← Chapters

1 v 4

Vol. 36 Ch. 535

1 v 4

Vol. 36 Ch. 535

ဟွားယင်အုပ်စု အထွေထွေ မန်နေဂျာ ရုံးခန်း။ ရန်ကျင်း။

ကျောက်မို၏ ရုံးခန်းထဲတွင် လူလေးယောက် ထိုင်နေကြ၏။

ကျန်သည့် သုံးယောက်ကတော့ ကျာက်မိုနှင့် သက်တူရွယ်တူများဖြစ်ကြပြီး ခေတ်ရေစီးကြောင်းအတိုင်း ၀တ်စားဆင်ယင်ထားကြလေသည်။

သာမန်လူတို့၏ မျက်လုံးထဲတွင်တော့ ၎င်းတို့၏ အ၀တ်အစားများမှာ အရမ်းကို ထူးဆန်းနေပြီး ဈေးအရမ်းများသည်ဟုလည်း ထင်မိကြလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ၎င်းတို့ ၀တ်ဆင်ထားသည့် အဆင်တန်ဆာ တစ်ခုချင်းစီတိုင်းက ယွမ်သိန်းပေါင်းများစွာ အဖိုးထိုက်လေသည်။

ထိုလူလေးယောက်ကတော့ ရန်ကျင်းရှိ လူငယ်တိုင်း၏ လေးစားကိုးစားခြင်းကို ခံရသည့် ရန်ကျင်း၏ သခင်လေး လေးယောက်ပင်တည်း။

ယခု ရုံးခန်းထဲတွင် ထိုင်နေကြသည့် လူအုပ်စုက ရန်ကျင်းရှိ ချမ်းသာသည့် ဒုတိယမျိုးဆက် ဆက်ခံသူများ၏ အထွတ်အထိပ် နေရာကို သိမ်းပိုက်ထားကြသည်။

လင်းရီ ၊ ချင်းဟန်နှင့် ကျန်သူများမှာ ကျိုးဟိုင်၏ သခင်လေး လေးယောက်ဟု လူသိများကြသော်လည်း ကျောက်မိုတို့ အုပ်စုနှင့် နှိုင်းယှဉ်လျှင်တော့ ခွန်အားအရာတွင် အနည်းငယ် နိမ့်ပါးနေသေးလေသည်။

ယင်းကလည်း ၎င်းတို့၏ နောက်ခံ အင်အားနှင့် အနည်းငယ် သက်ဆိုင်သွားပြီး လင်းရီတို့ ယှဉ်ပြိုင်နိုင်သည့် အရာတစ်ခုမဟုတ်ခဲ့ချေ။ ယင်းအချက်ကလည်း ယခုလို ထိပ်တိုက်ရင်ဆိုင်ရာ၌ အရေးပါသည့် ကဏ္ဍတစ်ခုဖြစ်၏။။

"ညီကိုကျောက်.. မင်းကြည့်ရတာ လင်းယွမ်အုပ်စုကို အတည်တွယ်တော့မယ့် ပုံစံကြီးပါလား.. တစ်ဖက်က အဆုံးမသတ်မခြင်း ရပ်တန့်ဖို့ ရည်ရွယ်ချက်မရှိဘူးနဲ့တူတယ်...."

ပြောလိုက်သူကတော့ ရန်ကျင်း သခင်လေး လေးယောက်ထဲမှ တတိယအဖြစ် သတ်မှတ်ခြင်း ခံထားရသည့် စွန်းချဲ့ပင်။ ၎င်း၏ နောက်ခံအင်အားက ကျောက်မိသားစုနှင့် အနည်းငယ်သာ ကွာခြားလေသည်။

ထိုသို့ပြောရင်း စွန်းချဲ့ ဆေးလိပ်တစ်ဖွာ ဖွာလိုက်ကာ အခိုးအငွေ့များကို မှုတ်ထုတ်လိုက်သည်။ ခြေထောက်ကိုလည်း ရှေ့ရှိ စားပွဲပေါ်တွင် တင်ထားကာ ကိုယ့်အိမ်ကိုယ့်ယာအလား အလွန်အမင်း သက်တောင့်သက်သာ ဖြစ်နေလေသည်။

"ဟုတ်လောက်တယ်.. နေ့တစ်၀က်ပဲ ရှိသေးတာကို ဒီကောင်က ဆယ်ဘီလီယမ်တောင် သုံးပြီးသွားပြီ... အစိုးရက ပိုက်ဆံ ပုံနှိပ်တာတောင် ဒီကောင် သုံးတာလောက် မြန်မှာ မဟုတ်ဘူး..."

ပြောလိုက်သူကတော့ ဂျင်းအတို ၊ Carolina Jordan 1 အပြာရောင်ကို ၀တ်ဆင်ထားသည့် လုရွှမ်ဆိုသူပင်။ သူ၏ လည်ပင်း၌ ဒီဇိုင်နာ တာခါဟာရှီဂိုရို ဖန်တီးထားသည့် ငှက်မွေးပုံဆံ ဆွဲသီးကိုလည်း ၀တ်ဆင်ထားသေးသည်။ ယင်းငှက်မွေးက ဈေးကွက်တွင် ယွမ်မီလီယမ်ပေါင်းများစွာ တန်ကြေးရှိလေသည်။

"လောင်ကျောက်... ငါတို့ကို အမှန်အတိုင်း ပြောစမ်းကွာ.... မင်း ပွဲစားတွေဆီကနေ ရှယ်ယာ ဘယ်လောက် ချေးထားတာလဲ... "

ပြောလိုက်သူကတော့ သခင်လေး လေးယောက်၏ ခေါင်းဆောင်ဖြစ်သူ ဂူချန်းချွမ်ပင်။ ကြွယ်၀မှုပိုင်းတွင်တော့ ကျောက်မိသားစုနှင့် မနှိုင်းယှဉ်နိုင်သော်လည်း အာဏာ နှင့် ဩဇာလွှမ်းမိုးမှုပိုင်းတွင်တော့ ကျောက်မိသားစုမှာ ၎င်းတို့နှင့် အနည်းငယ် အလှမ်းဝေးနေသေးလေသည်။ ယင်းကလည်း ရန်ကျင်းရှိ သခင်လေး လေးယောက်၏ ခေါင်းဆောင် ဖြစ်လာစေသည့် အကြောင်းအရင်းတစ်ရပ် ဖြစ်သည်။

ကျန်သူများနှင့် မတူညီစွာ ဂူချန်းချွမ်၏ ခန္ဓာကိုယ်သွင်ပြင်မှာ ထွားကြိုင်းသန်မာလှသည်။ အရပ် ၁.၉ မီတာကျော် မြင့်မားပြီး တစ်စုံတစ်ယောက်ရှေ့တွင် ရပ်နေပါက တောင်ကြီးတစ်တောင်နှင့် ပက်ပင်းတိုးမိသည့်အလား ခံစားသွားရမည်မှာ အမှန်ပင်။ ထို့ပြင် ၎င်း၏ စရိုက်မှာလည်း အနည်းငယ် အန္တရာယ်များ၏။

"ရှယ်ယာ ၁၆၈ မီလီယမ်ဖိုးလောက်ပေါ့.. လက်ရှိ စတော့ဈေးကွက် အပေါ် မူတည်ပြီး ပြန်ထုတ်ရောင်းရင် ၄၀ ဘီလီယမ်လောက်ရနိုင်တယ်.. ဒါပေမယ့် နောက်ဆုံးမှာ ငါတို့အတွက် ဘယ်လောက်ကျန်မလဲဆိုတာကတော့ Muddy waters က အဆုံးအဖြတ် ပေးသွားလိမ့်မယ်.."

"လွန်ခဲ့တဲ့ နှစ်တွေတုန်းက Muddy Wates ရဲ့ လုပ်ဆောင်ချက်တွေကို အခြေခံပြီးတော့ ငါတို့ဘက်က ဆက် တိုက်ခိုက်နေမယ်ဆိုရင် Didi ရဲ့ရှယ်ယာတန်ဖိုးက အနည်းဆုံး ၅၀% လောက် ထိုးကျသွားမှာပဲ... ဒီကနေပြီးတော့ ယွမ်နှစ်ဆယ် ဘီလီယမ်ယောက် အမြတ်ထုတ်လို့ရပြီ... "

"နှစ်ဆယ်ဘီလီယမ်လောက်လေးနဲ့တော့ ငါ့သွားကြားတောင် ညှက်မှာ မဟုတ်ဘူး... "ကျောက်မို အပြုံးလေးဖြင့် ပြောလိုက်ပြီး "သူက Cisco နားကနေ ယွမ် ၃၀ ဘီလီယမ် ယူသွားပြီးတော့ ကုန်ပစ္စည်းတွေ သုံးဘီလီယမ်ကျော်လောက်ကို ငါ့မျက်စိရှေ့မှာတင် မီးရှို့သွားခဲ့တာလေ.. ရှယ်ယာ တန်ဖိုး ၅၀% လောက်ပဲ ကျခိုင်းလိုက်တာက အရမ်းကြီး သက်ညှာထားသလို ဖြစ်နေမှာပေါ့ကွ..."

"ဒါဆို မင်းရဲ့ ပစ်မှတ်က ..."လုရွှမ် မေးမြန်းလိုက်သည်။

"အနည်းဆုံး ၇၀%ပဲ..."

"မဖြစ်နိုင်တာ..."စွန်းချဲ့ အံ့အားသင့်သွားခဲ့ပြီး "တကယ်လို့ Didi ရဲ့ ရှယ်ယာတန်ဖိုးတွေသာ ၇၀%လောက်အထိ ကျသွားမယ်ဆိုရင် မင်းက ၂၈ ဘီလီယမ်လောက် မြတ်နေပြီ... ဟိုကောင့်ဘက်က ပိုက်ဆံ ဆုံးရှုံးရုံတင် မကသေးဘူး.. Didi ရဲ့ ဈေးကွက်တန်ဖိုးက ဒေါ်တာ ၃၀ ဘီလီယမ်တန်ဖိုးရှိတာကို ၂၇ ဘီလီယမ်လောက် ဆုံးရှုံးသွားတယ်ဆိုတော့ ဒါက တိုက်ပေါ်ကနေ ခုန်ချလောက်တဲ့အထိ ကောင်းကောင်းကြီး လုံလောက်တယ်... "

" ငါလိုချင်တာကလည်း အဲ့ဒါပဲ.. သူက ငါ့ရဲ့ Cisco ကို ဖျက်ဆီးဝံ့တယ်ဆိုမှတော့ ငါ့ဘက်ကလည်း သူ့ရဲ့ Didi ကို သုတ်သင်ပစ်ဖို့ ၀န်လေးနေမှာ မဟုတ်ဘူး... Didiရဲ့ အရွယ်အစားနဲ့ ယှဉ်မယ်ဆိုရင်တော့ Ciscoက ပါမွှားလေးပါ..."

"မင်း ငြိမ်နေတာ တော်တော်ကြာပြီဆိုတော့ ဒီကိစ္စနဲ့ အလုပ်ရှုပ်နေတာမလား..."ဂူချန်းချွမ် မေးမြန်းလိုက်သည်။

"အမှန်တော့ ငါ့ဘက်ခြမ်းက ဘာမှ သိပ်လုပ်စရာ မရှိဘူး.. အဓိကက Muddy Waters ကို အချိန်တစ်ချို့ ပေးထားတာ.. သူတို့ဘက်က စုံစမ်းစစ်ဆေးပြီးတော့ သက်သေအထောက်အထားတွေ စုဆောင်းရဦးမယ်လေ.. လင်းယွမ် နဲ့ Didi နှစ်ခုလုံးက လုံး၀ သန့်ရှင်းနေတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး... ခု ရက်နှစ်ဆယ်ကျော်သွားပြီ... Muddy Waters ဘက်ကလည်း အဆင်သင့် ဖြစ်နေလောက်ပြီ.. ဒါကြောင့်မို့ ငါ့ဘက်က ပွဲစလိုက်တာ...."

"ဒီလိုဆိုရင်တော့ မင်းက တော်တော်လေး အထင်ကြီးဖို့ ကောင်းသွားပြီ.. မင်း တကယ်ကြီး ရှယ်ယာတွေ ၁၆၈ မီလီယမ်ဖိုးတောင် ချေးထားတယ်ပေါ့... အဘိုးကြီး Soros က လွဲရင် မင်းက ငါသိသမျှထဲမှာ မဆင်မခြင် အနိုင်ဆုံးပဲ..."ဂူချန်းချွမ်မှ ပြောဆိုလိုက်သည်။

"ဒါပေါ့.. ငါသူ့ကို မသတ်နိုင်ရင် ငါ့ မျိုးရိုးနာမည် ကျောက်မဟုတ်တော့ဘူး..."

ဒေါက် ဒေါက် ဒေါက်...

လေးယောက်သား စကားပြောနေကြစဉ် ရုံးခန်းတံခါးကို တစ်စုံတစ်ယောက်မှ တံခါးခေါက်လာခဲ့၏။ ထို့နောက် ကျောက်မို၏ အမျိုးသမီး အတွင်းရေးမှူး ရောက်လာလေသည်။

"ဒါရိုက်တာကျောက်.. လင်းယွမ်အုပ်စုက ကျွန်မတို့ ရောင်းချထားတဲ့တဲ့ စတော့တွေ အားလုံးကို ပြန်၀ယ်နေပါတယ်..."

"သူတို့ ဘယ်လောက် ၀ယ်ထားပြီးပြီလဲ.. "ကျောက်မို မေးမြန်းလိုက်၏။

"၁၀ ဘီလီယမ်..... ဒါက ကျွန်မတို့ ထုတ်ရောင်းထားတဲ့ ရှယ်ယာပမာဏနဲ့ အတူတူပါပဲ.. ခု စတော့တန်ဖိုးတွေက ပြန်ငြိမ်သွားပြီဆိုတော့ ဈေးမတည်မငြိမ် ဖြစ်တာတွေ သိပ်မရှိတော့ဘူး.... "

"သူတို့ အဲ့လောက် မြန်မြန် ၀ယ်လိုက်တာလားဟ...."ကျောက်မို အံ့အားသင့်သည့် လေသံဖြင့် ပြောလိုက်၏။

"ဟုတ်တယ်.. သူတို့မှာရှိတဲ့ ရန်ပုံငွေ ပမာဏက ကျွန်မတို့ ခန့်မှန်းထားတာထက် များနေတဲ့ပုံပဲ..."

"လောင်ကျောက် .. ဒီမှာပဲ အေးဆေးထိုင်မနေနဲ့တော့.. စတော့စောင့်ကြည့်ရေးဌာနကို သွားပြီးတော့ အခြေအနေ တစ်ချက်သွားကြည့်ကြရအောင်..."ဂူချန်းချွမ်မှ ပြောလိုက်သည်။

"သွားစို့..."ကျောက်မို မတ်တပ်ရပ်လိုက်ပြီး "ငါလည်း ဒီကောင် ဘယ်လောက်ထိ တောင့်ခံထားနိုင်မလဲဆိုတာ မြင်ချင်စမ်းပါဘိ..."

သို့နှင့် လေးယောက်သား အမျိုးသမီး အတွင်းရေးမှူး၏ ဦးဆောင်မှုအောက်တွင် စတော့ စောင့်ကြည့်ရေးဌာနသို့ ရောက်ရှိလာလေသည်။

စတော့ စောင့်ကြည့်ရေးဌာန၏ ခေါင်းဆောင်မှာ အသက်လေးဆယ်အရွယ်ရှိ ဖုကျိန်းရီပင်။

ကျောက်မိုနှင့် ကျန်သူများ ၀င်လာသည်ကိုမြင်တော့ ဖုကျိန်းရီမှာ အပြုံးလေးဖြင့် လျှောက်လာခဲ့ပြီး "ဒါရိုက်တာကျောက်.. သူတို့ဘက်က ကျွန်တော်တို့ရောင်းလိုက်တဲ့ ရှယ်ယာ ဆယ်ဘီလီယမ်လုံးကို ၀ယ်ပြီးသွားပြီ.. ကျွန်တော်တို့ နောက် ဘာဆက်လုပ်ရမလဲ..."

"နောက်ထပ် ဆယ်ဘီလီယမ် ထပ်ထုတ်ပြီး သူတို့နဲ့ ဆက်ကစားပေးလိုက်... "ကျောက်မို တည်ငြိမ်သည့် လေသံဖြင့် ပြောလိုက်သည်။

"နားလည်ပါပြီ ဒါရိုက်တာကျောက်...."

စခရင် အကြီးစားပေါ်ရှိ တည်ငြိမ်သွားသည့် ဂရပ်မျဥ်းများကို မြင်တော့ စွန်းချဲ့မှ "Cisco က သူတို့ကို ယွမ် ၃၀ ဘီလီယမ် လျော်ပေးပြီးသွားပြီ ဆိုပေမယ့် ပိုက်ဆံကတော့ သူတို့လက်ထဲ မရောက်လောက်သေးဘူး...ပြီးတော့ လင်းယွမ်အုပ်စုက Didi ကို ၀ယ်ထားတာလည်း သိပ်မကြာသေးဘူး... ဆိုတော့ ငါ ထင်တယ် .. ဒီကောင်တွေလက်ထဲမှာ ထိန်းထားတဲ့ ပမာဏက ဘယ်လောက်မှ မကျန်တော့ဘူး ... ၁၅ ဘီလီယမ်က ဒီကောင်တွေရဲ့ အကန့်အသတ်ပဲ... တကယ်လို့ မင်းသာ နောက်ထပ် ၁၀ ဘီလီယမ် ပစ်ထည့်လိုက်မယ်ဆိုရင် ဒီကောင်တွေ ဘယ်လိုမှ ဆက်တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး..."

"ငါ တွေးနေတာလည်း အဲ့အတိုင်းပဲ.. သူ့မှာ အလွန်ဆုံးရှိလှ ဆယ်ဘီလီလမ်လောက်ပေါ့ကွာ.. တကယ်လို့ ငါ့ဘက်ကသာ ဆက်ပြီး ပစ်ထည့်နေမယ်ဆိုရင် ဒီအခြေအနေကို ဘယ်လိုမှ ဆက်ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး... "

ကျောက်မို ဂူချန်းချွမ်နှင့် ကျန်နှစ်ယောက်ကို ကြည့်လိုက်ပြီး "ညီကိုဂူ.. မင်းတို့ သုံးယောက်လုံး ငါနဲ့ ပူးပေါင်းပြီး ကစားဖို့ စိတ်၀င်စားလား.. ရင်းနှီးမြုပ်နှံတာရဲ့ ၇၀% ပြန်ရမယ်လို့ အာမခံတယ်ကွာ..."

"ဒါပေါ့ကွ...မင်းဘက်က ပိုက်ဆံတွေ အလကားပေးလာမှာကို ငြင်းလို့ ဘယ်ကောင်းမှာ... ကူညီတယ်လို့ပဲ သဘောထားလိုက်မယ်..."ဂူချန်းချွမ် ပြောလိုက်ပြီး "မင်းက ရှယ်ယာ ၁၆၈ မီလီယမ် ချေးထားတယ် ဆိုတော့ ငါက နောက်ထပ် ရှယ်ယာ ၈၄ မီလီယမ် ချေးပေးလိုက်မယ်ကွာ.. ငါက လောဘမကြီးပါဘူး... နည်းနည်းလောက် ဆော့ကစားပြီး ဆယ်ဘီလီယမ်လောက်ရရင် တော်ပြီ... "

"ဒါဆို ငါလည်း ဘော့စ်ဂူလို ရှယ်ယာ ၈၄ မီလီယမ် ချေးပေးမယ်..."

" ရှယ်ယာတန်ဖိုးကျအောင် လုပ်နေတယ်ဆိုမှတော့ မင်းတို့ကောင်တွေ အမြတ်ထွက်နေတာကို ငါလည်း ဘေးကနေ ရပ်မကြည့်နိုင်ဘူး... "လုရွှမ်ပြောလိုက်ပြီး "ငါလည်း ရှယ်ယာ ၈၄ မီလီယမ် ချေးမယ်..."

"လက်ရှိ ဈေးကွက်တန်ဖိုးနဲ့ဆိုရင် ရှယ်ယာ ၄၂၀ မီလီယမ်က ၁၀၀ ဘီလီယမ် ပေါက်ဈေးရှိတယ်... တကယ်လို့ ငါတို့သာ အကုန်လုံး ထုတ်ရောင်းလိုက်မယ်ဆိုရင် ရှယ်ယာရှင်တွေ သေချာပေါက် အထိတ်တလန့် ဖြစ်ကုန်ကြမှာပဲ... Muddy Waters ရဲ့ ပတ်သက်လာမှုကိုပါ ထည့်တွက်လိုက်မယ်ဆိုရင် စတော့တန်ဖိုးတွေ ၇၀%လောက် ထိုးကျဖို့က သေချာသလောက် ဖြစ်သွားပြီ..."

"မကောင်းဘူးလား.. ပိုကျလေ ငါတို့က ပိုအမြတ်ထွက်လေ.. သူလည်း ပိုပြီး ဆုံးရှုံးလေ..ဘယ်လောက်မိုက်ထားလဲ...."စွန်းချဲ့ ပြောလိုက်ပြီး "အဲ့ဒီအချိန်ကျရင် ငါတို့ဘက်က အခွင့်ကောင်းယူပြီးတော့ Didi လိုမျိုး နောက်ထပ် အက်ပလီကေးရှင်းတစ်ခု တီထွငိလိုက်မယ်ဆိုရင် ငါတို့ကောင်တွေ ပိုမချမ်းသာသွားဘူးလား..."

"ငါလည်း အဲ့လိုမျိုး ဖြစ်လာအောင် စောင့်နေတာ..."ကျောက်မို ပါးစပ်တွင် စီးကရက်ခဲလျက် ပြောလိုက်ပြီး " ဒီနယ်ပယ်ထဲက လူတွေကို ငါ ကျောက်မိုကို လာဆန့်ကျင်မိရင် ဘယ်လိုခံစားသွားရမလဲဆိုတာ သိစေချင်နေတာ..."

ထို့နောက် ကျန်သည့် သုံးယောက်လုံး ၎င်းတို့၏ လက်အောက် ငယ်သား ကိုယ်စီကို ဖုန်းဆက်ကာ ပွဲစားများထံမှ ရှယ်ယာများ ချေးယူခိုင်းလိုက်ကြသည်။

အမှန်တော့ သူတို့ဘက်မှ ထိုထက် ပိုမချေးယူချင်တာမျိုး မဟုတ်ပဲ စတော့နယ်ပယ်တွင် ထိုသို့ ချေးငှားခြင်းနှင့်စပ်လျဉ်း၍ စည်းမျဉ်းများစွာ ရှိနေခြင်းကြောင့်ပင်။ ထို့ကြောင့် ရသလောက်နှင့် တင်းတိမ်နေရ၏။

"လင်းရီဆိုတဲ့ကောင်က သူ ဘယ်လိုလူစားမျိုးကို အပြစ်ပြုမိထားလဲဆိုတာ မသိသေးဘူးနဲ့တူတယ်..."စွန်းချဲ့ ပြောလိုက်ပြီး "Didi ဒေဝါလီခံသွားတဲ့အချိန်ကျ ဒီကောင်ငိုဖို့ မျက်ရည်တွေတောင် ကျန်ပါ့ဦးမလားသိဘူး..."

" အဲ့လိုဆိုရင်တော့ တော်တော်ကြည့်ကောင်းတဲ့ မြင်ကွင်းဖြစ်သွားမှာပဲ..."ကျောက်မို ပြောဆိုလိုက်ပြီး "ငါဒီကောင့်ကို ဖုန်းဆက်ပြီး လှမ်းစလိုက်ဦးမယ်ကွာ.. ဒီကောင် ခုချိန်ဆို ဂျောင်တစ်ခုမှာ ကုပ်ပြီး မျက်ရည်တွေ ခိုးသုတ်နေပြီလား မသိပါဘူးကွာ.. အာဟားဟား....."

"အကြံကောင်းပဲ... လုပ်လိုက်တော့..."

လင်းရီ၏ နံပါတ်ကို ချောင်ရှန့်ယွီထံမှ ကျောက်မို ရရှိထားပြီးဖြစ်၏။ ထို့ကြောင့် သူ နံပါတ်တစ်ချက်နှိတ်၍ ဖုန်းခေါ်ဆိုလိုက်သည်။

"လင်းရီ.. ခုပြောနေတာ ကျောက်မို... မတွေ့ရတာတောင် အတော်ကြာပြီနော....."

"သောက်ရူး... မင်းခုလေးတင် ၁၂ ဘီလီယမ်ဖိုး ထုတ်ရောင်းလိုက်တယ်ပေါ့ ဟုတ်လား... ဆက်ရောင်းစမ်း.. မင်းဘယ်လောက်ထိ ဖြုန်းနိုင်မလဲ ကြည့်ကြတာပေါ့…”

All Chapters