← Chapters

ငါက ဖြစ်စဉ်ကို ဂရုမစိုက်ဘူး

Vol. 36 Ch. 536

ငါက ဖြစ်စဉ်ကို ဂရုမစိုက်ဘူး

Vol. 36 Ch. 536

တီ တီ တီ

ထိုသို့ ပြောပြီးနောက် လင်းရီ ဖုန်းချပစ်လိုက်သည်။ ယင်းက ကျောက်မိုနှင့် ကျန်သူများ၏ အမူအရာကို အလွန်အမင်း ရုပ်ဆိုး အကျည်းတန်သွားစေသည်။

သူလင်းရီနှင့် ကစားချင်နေခဲ့သော်လည်း သကောင့်သားမှ ကြိုတင်ပြင်တင်ထားလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။

"ညီကိုကျောက်... လင်းရီဆိုတဲ့ကောင်က မင်း ဒီလိုလုပ်လာမှာကို စောင့်နေတဲ့ပုံပဲ..."စွန်းချဲ့ပြောလိုက်ပြီး "ငါတို့ ဒီကောင့်ကို အထင်သေးမိသွားပြီ...."

"အဲ့ကောင်က အဟုန်ကုန်နေတဲ့ မြားတစ်စင်းဖြစ်နေပါပြီကွာ... လူရှိန်အောင် ပြောတဲ့ စကားကို နားထဲထည့်မနေစမ်းနဲ့..."လုရွှမ်မှ ပြောလိုက်သည်။

ကျောက်မို တစ်ခုခု မှားယွင်းနေသလို ခံစားလိုက်ရပြီး ဖုကျိန်းရီကို လက်ယပ်ခေါ်လိုက်သည်။

"အခြေအနေ ဘယ်လိုရှိလဲ..."

"ကျွန်တော်တို့ နောက်ထပ် သုံးဘီလီယမ်ဖိုး ထုတ်ရောင်းလိုက်တာတောင်မှ လင်းယွမ်အုပ်စုဘက်က အကုန် ၀ယ်ယူနေတုန်းပါပဲ..."

"ဆက်ထုတ်ရောင်း... ခု ၁၀ ဘီလီယမ်လုံး ထုတ်ရောင်းလိုက်တော့... ဒီကောင် ဘယ်လောက်ထိ ဝါးနိုင်မလဲ ကြည့်ကြည့်စမ်းမယ်....."

"နားလည်ပါပြီ ဒါရိုက်တာကျောက်...."

"ညီကိုကျောက်... ဘာမှမစိုးရိမ်နဲ့..."စွန်းချဲ့ အပြုံးလေးဖြင့် ပြောလိုက်ပြီး "မင်းမှာ ချေးထားတဲ့ ရှယ်ယာတွေက ၁၆၈ မီလီယမ်တောင် ရှိတာလေ... အဲ့တာတွေ အားလုံးပေါင်းလိုက်ရင် ၄၀ ဘီလီယမ်လောက်ရှိတယ်... ဒီကောင် လိုက်၀ယ်ရင်းနဲ့ အမောဖောက်ရင် ဖောက်သွားလိမ့်မယ်.. အကုန်လုံးတော့ ၀ယ်နိုင်မှာ မဟုတ်ဘူး...နောက်ပြီး ငါတို့ ပေါင်းထားတဲ့ ရှယ်ယာတွေလည်း ကျန်နေသေးတယ်မလား.... ဒါကြောင့်မို့ စိတ်အေးအေးထား...."

"သွားစို့... ငါတို့ ဒီရဲ့ စတော့နည်းဗျူဟာဂိမ်းကိုခဏလောက်တော့ ကစားရမှာပဲ.. ဒီမှာပဲ တစ်သက်လုံးထိုင်နေလို့ ဘယ်ဖြစ်မှာ... တစ်နေရာသွားပြီး အနားယူကြရအောင်...."

ဂူချန်းချွမ်မှ ပြောလိုက်သည်။

"ငါ့ဘက်ကတော့ အေးဆေးပဲ.. "ကျောက်မို တည်ငြိမ်စွာ ပြောလိုက်ပြီး "ငါ ရန်ကျင်းမှာ ကြီးစိုးလာတာ နှစ်ပေါင်းမနည်းတော့ဘူး.. တကယ်လို့ ငါက သူ့ကို မှီဖို့ လိုနေသေးတယ်ဆိုရင် ငါ့နာမည် ကျောက်မိုဆိုပြီး ခေါ်ဝေါ်ဖို့ မထိုက်တန်တော့ဘူး....."

"ဒါဆိုလည်း အဲ့လောက်ကြီး အလေးနက် ထားမနေစမ်းပါနဲ့ကွာ.... မင်းက တကယ့်အရေးကြီးတဲ့ အချိန်တွေမှာ ညွှန်ကြားချက် ပေးနိုင်ရင် လုံလောက်ပြီ... ကျန်တာကို မင်းအောက်ကကောင်တွေနဲ့ လွှဲထားလိုက်...."

ကျောက်မို ခေါင်းညိမ့်လိုက်ပြီး "လစ်စို့.. ငါ အကြောတွေဖြေလျော့ဖို့ ရေပူစမ်းကောင်းကောင်းတစ်ခု ရှာတွေ့ထားတယ်... မင်းတို့ကို ခေါ်သွားပေးမယ်...."

"အိုကေ... သွားကြမယ်...."

.......

ထိုညတွင် ဟွာရှရှိ ကုမ္ပဏီများအားလုံး ယခင်တစ်ကြိမ်ကမှ မဖြစ်ပျက်ဖူးခဲ့သည့် ဘဏ္ဍာရေးစစ်ပွဲကို သတိပြုမိသွားကြသည်။

သူတိူ့အားလုံး ထိုစစ်ပွဲကို မျက်ခြည်မပြတ် စောင့်ကြည့်နေကြပြီး မည်သည့်ဘက်မှ အနိုင်ရရှိသွားမလဲဆိုတာကို စောင့်ဆိုင်းနေကြလေသည်။

CITIC အုပ်စု၏ စီအီးအို ရုံးခန်းထဲတွင်။

လျန်ချွင်းရှောင် တံခါးကို တွန်းဖွင့်ပြီး အထဲသို့ ၀င်ရောက်လာခဲ့သည်။ ထိုအခါ သူ၏ ဇနီးမှာ စားပွဲခုံတွင် ထိုင်နေရင်း စခရင်ကို အာရုံစိုက် ငေးကြည့်နေကြောင်း သတိပြုမိလိုက်၏။

"ဘာတွေများ အဲ့လောက်ထိ အာရုံစိုက် ကြည့်နေတာ....."

ရှန်းရှူးရီ ပြုံးလိုက်ပြီး သူမ၏ လက်တော့ကို လှည့်ပြကာ "လင်းရီနဲ့ ကျောက်မိုရဲ့ စတော့နည်းဗျူဟာတိုက်ပွဲက စနေပြီလေ.."ရှန်းရှူးရီ ပြောလိုက်ပြီး "လက်ရှိ အခြေအနေအရတော့ ကျောက်မိုက ရှယ်ယာ ၈၂ မီလီယမ်ဖိုး ရောင်းချပြီးတော့မှ ငွေသား ယွမ် ၂၀ ဘီလီယမ်ကို အသုံးပြုထားတယ်.... "

"အဲ့လောက်တောင် များလားဟ..."လျန်ချွင်းရှောင် အနည်းငယ် အံ့အားသင့်သွားပြီး "လင်းရီကကော... သူ့ဘက် အခြေအနေ ဘယ်လိုရှိလဲ.."

"ခုထိတော့ သူ့ရဲ့ ရလဒ်တွေက မဆိုးပါဘူး... ထုတ်ရောင်းသမျှ ရှယ်ယာတွေ အကုန်လုံးကို ပြန်၀ယ်ထားနိုင်တယ်.. ဒါပေမယ့် သူပြန်၀ယ်တဲ့ ဈေးနှုန်းက နည်းနည်းလေးတောင် ပိုများနေသေးတယ်..."

"ဘယ်လိုမျိုးလဲ...."

"ကျောက်မိုရဲ့ ရှယ်ယာ ၈၂ မီလီယမ်အပြင် တခြား ထရိတ်ဒါအသေးစားလေးတွေကလည်း သူတို့ရဲ့ ရှယ်ယာတွေကို ထုတ်ရောင်းကြတယ်ဆိုတော့ ယွမ်ငွေကြေးနဲ့ ပြောင်းလဲလိုက်မယ်ဆိုရင် တစ်ဘီလီယမ်လောက်တော့ ရှိနေပြီ.... "

"ပမာဏက သိပ်တော့ မများပါဘူး.. အဲ့လိုဆို အကျိုးသက်ရောက်မှုလည်း သိပ်ကြီးမားမှာတော့ မဟုတ်ဘူးမလား.."

လင်းရီနှင့် လျန်ရူရွှယ်မှာ မနီးစပ်သေးသော်လည်း လျန်ချွင်းရှောင်မှာ အလိုအလျောက် လင်းရီဘက်ခြမ်းသို့ ရောက်ရှိသွားပြီဖြစ်သည်။

"ဒါက ခုမှ အစပဲရှိသေးတာ.... တကယ့်တိုက်ပွဲ အချိန်ကို ရောက်ဖို့က အဝေးကြီး လိုသေးတယ်..."ရှန်းရှူးရီ ပြောလိုက်ပြီး "အဲ့ခါကျ လင်းရီအပေါ် ၀န်က ပိုပြီး ပိသွားတော့မှာ... "

"မင်းက လင်းရီ ရန်ပုံငွေ မလုံလောက်မှာကို စိုးရိမ်နေတာလား...."

ရှန်းရှူးရီ ခေါင်းညိမ့်လိုက်ပြီး "ကျွန်မ လင်းရီရဲ့ အရည်အချင်းတွေကို ယုံကြည်ပြီးသား.. သူ့ဘက်က ငွေတွေကို ကြိုပြင်ဆင်ထားပြီးလောက်ပြီ.. ဒါပေမယ့် အဲ့ဒီ ပမာဏက ကျောက်မိုနဲ့ ကစားဖို့လောက်ပဲ လုံလောက်မှာ.. ပြီးတော့ ကျောက်မိုက သူ့ရဲ့ ဟွာယင်းအုပ်စုက အထွေထွေ မန်နေဂျာပါဆိုတဲ့ အထောက်အထားကိုတောင် မထုတ်ဖော်ရသေးဘူး... တကယ်လို့ ထုတ်ဖော်လိုက်ရင် ရှယ်ယာရှင်တွေက သူတို့ရဲ့ ရှယ်ယာတွေကို အရူးအမူး ထုတ်ရောင်းကြတော့မှာ... အဲ့အချိန်က တိုက်ပွဲ အလှည့်အပြောင်း ဖြစ်မယ့် အချိန်ပဲ.... "

"နောက်ပြီးတော့ Muddy waters ကလည်း သူတို့ရဲ့ ကတ်ကို ခုထိ ထုတ်ပြမလာသေးဘူး.. တကယ်လို့ လင်းရီဘက်ကသာ တုံ့ပြန်ဖို့ အရန်အစီအစဉ်တွေ ရှိမထားဘူးဆိုရင် မရေမတွက်နိုင်တဲ့ အပျက်သဘောဆောင်တဲ့ သတင်းတွေက သူ့ကို ခြုံခိုတိုက်ဖို့ စောင့်ဆိုင်းနေကြမှာ... အဲ့ဒါတွေကိုလည်း သူခံနိုင်ရည်ရှိမှာ မဟုတ်လောက်ဘူး.... "

လျန်ချွင်းရှောင် ခေါင်းတဆတ်ဆတ် ငြိမ့်ရင်း စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။ ၎င်းကို မြင်တော့ ရှန်းရှူးရီ အံဆွဲထဲရှိ ပျာခွက်ကို ရှေ့ချပေးလိုက်လေသည်။

"Muddy waters အကြောင်းမပြောသေးနဲ့ဦး.. ကျောက်မိုရဲ့ ရှယ်ယောတွေ တစ်ခုတည်းကရင် လင်းရီကို ကောင်းကောင်းကြီး ဆုံးရှုံးသွားရအောင် လုပ်လို့ရတယ်..."

"အွန်း.. ရှင်ပြောတာလည်း မမှားဘူး..."

ရှန်းရှူးရီ သူမဆံပင်ကို နားနောက်သို့ သပ်လိုက်ရင်း "သူက Didi ကိုလည်း ၀ယ်ထားတာ သိပ်မကြာသေးဘူးဆိုတော့ လက်ထဲမှာ ငွေဘယ်လောက်မှ ရှိဦးမှာ မဟုတ်ဘူး.. ပြီးတော့ Didi ရဲ့ စတော့တန်ဖိုးတွေ မြင့်တက်အောင် ဆိုပြီး ပရဟိတ နယ်ပယ်ကနေ ကုမ္ပဏီပုံရိပ်ကို မြင့်တင်မယ်ဆိုပေမယ့် ကျွန်မအပေါ် သဘောထားတွေ ပြသဖို့ အဲ့ဒီရဲ့ အကျိုးရလဒ်တွေကို CITIC ဆီ လွှဲပြောင်းပေးလိုက်တယ်... ဒါကြောင့်မို့ သူ့ရဲ့လက်ထဲမှာ ပိုက်ဆံ သိပ်ကျန်တော့မှာ မဟုတ်ဘး... ကျွန်မ ခန့်မှန်းတာ မမှားဘူးဆိုရင် ခု သူ့လက်ထဲရှိနေတဲ့ ငွေတွေက ပေါင်နှံထားပြီး ရလာတဲ့ ပိုက်ဆံတွေပဲ ဖြစ်ရမယ်.... "

"ပေါင်နှံထားတယ်..."

"ဟုတ်တယ်...လုံရှင်းက Intel နဲ့ ယှဉ်နိုင်တဲ့ ချစ်ပ် ၂.၀ ကို ထုတ်လုပ်ထားတာလေ.. အဲ့တာက နည်းပညာ နယ်ပယ်ကို အတော်လေး အုံကြွသွားစေတဲ့ သတင်းတစ်ပုဒ်ပဲ.. ဒါကြောင့်မို့ လုံရှင်းရဲ့ တန်ဖိုးက တရိပ်ရိပ်မဲ့ မြင့်တက်လာနေပြီ... ဘဏ်မှာပေါင်နှံလိုက်မယ်ဆိုရင် ဘီလီယမ်လေးဆယ်လောက်တော့ အသာလေးရနိုင်တယ်... တကယ်လို့ သူ့ဘက်က ၄၀ ဘီလီယမ်လုံး အသုံးပြုပြီးတာတောင် ကျောက်မိုက မရပ်တန့်သေးဘူးဆိုရင် လင်းရီက သေချာပေါက် ခက်ခဲတော့မှာပဲ..."

"ဒါနဲ့ မီလီလေး မင်းဆီ ဖုန်းမခေါ်လာဘူးလား..."လျန်ချွင်းရှောင် မေးမြန်းလိုက်၏။

"ခေါ်လာတာပေါ့.. လေးငါးခြောက်ခေါက်လောက်ရှိတယ်..."ရှန်းရှူးရီ ပြုံးလိုက်ပြီး "ဒါပေမယ့် ကျွန်မ မကိုင်လိုက်ဘူး..."

"ဟမ်.. မင်းက ဘယ်လိုအမေမျိုးလဲဟ..."

"ကျွန်မက လင်းရီ ဘယ်လောက်ဝေးဝေး သွားနိုင်မလဲဆိုတာ သိချင်လို့လေ... "ရှန်းရှူးရီ ပြောလိုက်ပြီး "လင်းရီကလည်း သူများတွေ ၀င်စွက်ဖက်လာမှာကို အလိုမရှိသလို ကျွန်မကလည်း ၀င်ပါဖို့ စိတ်ကူးမရှိဘူး... အဲ့လိုဆို ပိုပြီး စိတ်၀င်စားဖို့ ကောင်းသွားပြီ...."

"မင်းက သူ လင်းကျင်ကျန့်ရဲ့ အဆင့်ထိ ရောက်နိုင်မလားဆိုတာကို သိချင်နေတာမလား..."

ရှန်းရှူးရီ ပြုံးလိုက်ပြီး "အဲ့လိုပြောလို့ရတယ်...."

"ဘာပဲ ဖြစ်ဖြစ်ကွာ.. ငါတော့ ဂရုမစိုက်ဘူး... ဒီကိစ္စကြောင့် နောင်ကျ မီလီလေး မပျော်မရွှင်ဖြစ်တယ်ဆိုရင်တော့ ငါ့လာအပြစ်မပုံချနဲ့... ငါနဲ့ ဘာမှ မဆိုင်ဘူး.. မင်းအစား ကျည်၀င်ကာပေးလိမ့်မယ်လို့တော့ စိတ်မကူးနဲ့..."

"ရှင်က ဘယ်လိုယောက်ျားမျိုးလဲ.. တစ်ခုခု ဖြစ်လာတာနဲ့ ကျွန်မကိုထားပစ်ခဲ့ပြီး ရှင်အရင်ပြေးမယ်ပေါ့လေ..."

"ငါ စစ်မြေပြင်မှာပဲ အသေခံရင် ခံလိုက်မယ်... မီလိလေး စိတ်ဒုက္ခပေးမှာကိုတော့ မခံနိုင်ဘူး..."

"ဝိုး.... ဒါက ကျွန်မတို့ရဲ့ ကိုလိုနယ်လျန် ပြောသင့်တဲ့စကားလား..."ရှန်းရှူးရီ ဝေဖန်ချင်သည့် လေသံဖြင့် ပြောလိုက်၏။

"ဒါဆို ငါက ဘယ်လိုမျိုး ပြောရမှာ..."လျန်ချွင်းရှောင် ပြောလိုက်ပြီး "ဟိုး အရင်တုန်းကတည်းက တစ်ခုခု ဖြစ်လာပြီဆိုရင် မင်းက အကုန် ငါ့ဆီလွှဲချ... နောက်ဆုံးကျ အဖေက ငါ့ကို လာဆူပြီ.. ပြီးရင် အမေ့အလှည့် .... သူတို့ နှစ်ယောက်ဆူပြီးရင် ဟော... လာပါလိမ့်မယ် ငါ့ယောက္ခမကြီး နှစ်ယောက်ကပါ ပူးပေါင်းပြီး ဆုံးမတော့မှာ... အဲ့လိုမျိုး အဆူပူခံရတာ အရမ်း အရသာ ရှိတယ်လို့များ ထင်နေတာလား....."

"အင်းပါ အချစ်ကလည်း....."ရှန်းရှူးရီ လျန်ချွင်းရှောင်၏ မျက်နှာကို ကိုင်လိုက်ပြီး "ကျွန်မရဲ့ အချစ်လေးက အရမ်း ခက်ခဲခဲ့မှာပဲပေါ့နော်... အိမ်ပြန်ရောက်ရင် ဟော့ဒီက ကိုယ်တိုင် ချက်ပြုတ်ကျွေးမယ် သိလား.... "

"အဲ့လို အချိုတွေသပ်ပြီး လာမခိုင်းနဲ့... အလုပ်မဖြစ်တော့ဘူး..."

"နောက်ထပ် တစ်ခွက် ပိုသောက်ခွင့်ရမယ်ဆိုရင်ကော...."

"အသုံးမ၀င်ဘူး..အဲ့လောက်လေးနဲ့ ငါ့ကို လာဘ်ထိုးလို့ ရမယ်ထင်လား...ဒါမှမဟုတ် ငါ့ကို အရူးလုပ်လို့ လွယ်တယ်များ ထင်နေတာလား... "

"လျန်ချွင်းရှောင်... ရှင်အဲ့လောက်ထိ အရှက်မရှိတာလား...."

လျန်ချွင်းရှောင် "......."

..........

ဗွမ်း....

ကျိုကျုံးဗီလာထဲတွင် လင်းရီ ရေကန်ထဲမှ ခေါင်းပြူထွက်လာခဲ့၏။ သူ၏ မြင့်မားသည့် အရပ်အမောင်းနှင့် ဗိုက်ကြွက်သား ရှစ်ခုတို့မှာ အထင်းသား ပေါ်လွင်နေလေသည်။

ကျီချင်းရန်ကတော့ ရေကန် ဘေးနှုတ်ခမ်းတွင် ထိုင်နေပြီး ပန်းပွင့်ပုံစံ ဂါ၀န်ကို ၀တ်ဆင်ထားကာ ရေကူးဖို့ရာ ရည်ရွယ်ချက် မရှိသည့်ပုံပင်။

ထိုအခိုက်အတန့်တွင်တော့ သူမ နံဘေးတွင် စားပွဲတစ်လုံး ရှိနေပြီး ထိုစားပွဲပေါ်တွင် လက်တော့တစ်လုံးတင်ထားကာ စတော့ဈေးကွက်၏ ဈေးမငြိမ်မသက် ဖြစ်နေမှုများကို ဖော်ပြနေသည်။

ယေဘုယျအားဖြင့် တည်ငြိမ်ဟန်ပေါက်နေသော်လည်း အန္တရာယ်များမှာ အချိုးအကွေ့ပေါင်းစုံ၌ ပုန်းအောင်းနေသည်ဟု ကျီချင်းရန် ခံစားနေရ၏။

ကျဆင်းမှု တစ်ခုချင်းဆီတိုင်းက သူမတို့ကို အရှုံးဘက်သို့ ဦးတည်သွားစေနိုင်သည်။

"ဒီလိုအချိန်မျိုးမှာတောင် နင်က ရေကူးဖို့ အားယား နေသေးတယ်ပေါ့လေ..."ကျီချင်းရန် မေးမြန်းလိုက်၏။

"ဒီအချိန်ကျမှတော့ ဘာလုပ်ရတော့မှာ.. ပိုက်ဆံတွေ ပစ်ထည့်ရုံကလွဲရင် ကျန်တာ ဘာမှ လုပ်စရာ မရှိတော့ဘူး.... ဘာမှ စိုးရိမ်မနေနဲ့...."

"ဒါပေမယ့် နင့်ဘက်က မျက်ခြည်မပြတ် စောင့်ကြည့်နေရမယ်လေ..."

"အဲ့ဇယားကြီး ထိုင်ကြည့်နေစရာမလိုပါဘူးကွာ... ထွက်လာမယ့် ရလဒ်ကို ငါ အကြမ်းဖျင်း ခန့်မှန်းပြီးသွားပြီ.....ဒီကြားထဲ ဘယ်လိုကြီး ဖြစ်လာဖြစ်လာ ငါ ဂရုမစိုက်ဘူး......”

All Chapters