မင်းရဲ့ တင်ပါးက အရမ်းကိတ်လွန်းတယ်
Vol. 36 Ch. 537
"နင်အဓိက အာရုံစိုက်နေတာက Muddy watersကိုမလား..."
"ဆိုပါတော့..."
လင်းရီ၏ ကိုယ်အောက်ပိုင်းမှာ ရေထဲ၌ နစ်မြုပ်နေပြီး သူ၏ တံတောင်များကိုတော့ ရေကန်ဘောင်များပေါ်တွင် တင်ထားလေသည်။
"MUDDY WATERS ကို အထင်သွားသေးလို့ မရဘူး.... ပြီးခဲ့တဲ့ ရက်နှစ်ဆယ် လုံးလုံး သူတို့ ဘာတွေ ရှာတွေ့ထားလဲဆိုတာ ငါလည်းမသိဘူး.. သတင်းတွေ မထွက်လာသေးသရွေ့ကတော့ ငါ့ဘက်ကလည်း ပြန်တုံ့ပြန်ဖို့ ဘာမှ စီစဉ်လို့ ရဦးမှာ မဟုတ်ဘူး...ဒီတော့ ငါက သူတို့ ပြုသမျှ နုရမယ့် အနေအထား ရောက်နေတာ... "
"ဒါပေမယ့် သူတို့ရဲ့ အဓိက လုပ်ငန်းက ကျန်တဲ့ကုမ္ပဏီ တွေရဲ့ ပုံရိပ်ကို ကျဆင်းအောင် လုပ်တာလေ... ငါတို့ရဲ့ လုပ်ရမှာက ကုမ္ပဏီရဲ့ ရှေ့ဆုံးကနေပြီးတော့ ကုမ္ပဏီရဲ့ ပုံရိပ်ကို မြင့်တင်ပေးနေရမှယမဟုတ်ဘူးလား... ဒါက သူတို့နဲ့ ကိုင်တွယ်ဖို့ အထိရောက်ဆုံး နည်းလမ်းပဲ.... "
"အမှန်ပဲ.. ဒါပေမယ့် ကုမ္ပဏီရဲ့ ပုံရိပ်ကို ဘယ်လို မြင့်တင်မလဲဆိုတာက မေးခွန်းဖြစ်လာပြီ..."
"အဲ့တာဆို နင် စဉ်းစားပြီးပြီလား..."
"မစဉ်းစားရသေးဘူး..."
"ဟင်...ဒါဆို နင်က ဘာတွေ စဉ်းစားနေတာလဲ... "ကျီချင်းရန် တဖျစ်တောက်တောက် ပြောဆိုလိုက်သည်။
' လူကဖြင့် ကြီးနေပြီကို ဘယ်လို စိုးရိမ်ရမလဲ မသိဘူးလား... ဟွန်း...ဒီကတော့ဖြင့် သူ့အစား စိတ်ပူလွန်းလို့ တစ်ပိုင်းသေတော့မယ်....'
"အနားတိုးလာခဲ့... ငါ ဘာစဉ်းစားနေလဲဆိုတာ ပြောပြမယ်...."
ကျီချင်းရန် ဆောင့်ကြောင့် ထိုင်လိုက်ပြီး သူမလက်ပေါ် မေးတင်ထားလိုက်၏။ "နင် ဒီနေ့ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို စဉ်းစားမထွက်လို့ကတော့ သေချာပေါက် သင်ခန်းစာ ပေးပစ်မယ်..."
"ထပ်တိုးလာခဲ့ဦး..."
"အရမ်း နီးကပ်နေပြီလေ.. "ကျီချင်းရန် ပြောလိုက်ပြီး "ငါ့ရဲ့ ၀တ်စုံက လည်အဟိုက်လည်း မရှိဘူးဆိုတော့ နင် ငါ့ရဲ့ အတွင်းခံကို မြင်ချင်တယ်ဆိုရင်တောင် မဖြစ်...."
ကျီချင်းရန် စကားမဆုံးသေးသော်လည်း လင်းရီ သူမ၏ လက်မောင်းများကို ဆုပ်ကိုင်ပြီး ရေကန်ထဲသို့ ဆွဲခေါ်သွားသည့်မြင်ကွင်းကို မြင်တွေ့လိုက်ရ၏။
"အား..."
ဧရာမ ရေစင်သံကြီး မထွက်ပေါ်လာမီ ကျီချင်းရန်၏ အော်သံက တိတ်ဆိတ်နေသည့် ကျိုကျုံးဗီလာထဲတွင် ထွက်ပေါ်လာခဲ့လေသည်။
"ရီ .. ငါ နင့်ကို လုပ်မိတော့မှာနော်..."
ကျီချင်းရန် လင်းရီ၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး ရေထဲတွင် ဟန်ချက်ညီအောင် ကြိုးပမ်းနေလေသည်။
"အဲ့လောက်ကြီး ဒေါသထွက်မနေစမ်းပါနဲ့... လူဆိုတာ ပျော်အောင် နေတတ်ရတယ်..."
"အဲ့လိုဆိုရင်တောင် ဒီလိုလုပ်စရာ မလိုပါဘူး.. နင်လုပ်တာနဲ့ပဲ ငါ လန့်သေတော့မလို့ဟဲ့... သိရဲ့လား..."ကျီချင်းရန် နှုတ်ခမ်းစူသွားပြီး ငိုလုငိုခင် ဖြစ်သွားခဲ့သည်။
"အေးပါ အေးပါ.. မငိုနဲ့တော့..."လင်းရီ ရယ်မောလျက် မျက်ရည်များ သုတ်ပေးလိုက်၏။
"ငါ့ကိုပွေ့..."
"ဒါပေါ့....ပွေ့ပေးရမှာပေါ့..."
လင်းရီ ကျီချင်းရန်ကို လက်မောင်းနှစ်ဖက်ဖြင့် ပွေ့လိုက်ပြီး ကန်ထဲမှ တက်လာကာ ဗီလာနံပါတ်တစ်ထံသို့ ဦးတည်လိုက်လေသည်။
ကျီချင်းရန်၏ အ၀တ်အစားကို ချည်ထည်အပါးလေးများဖြင့် ရက်လုပ်ထားသောကြောင့် ရေများ စိုရွှဲသွားသောအခါ အတွင်းရှိ ဆက်ဆီဆန်ဆန် ကြိုးထုံး အနက်ရောင် အတွင်းခံကိုပင် ရှင်းလင်းစွာ မြင်နေရသည်။
"ဟေ့ ခိုးမကြည့်နဲ့လေ....."ကျီချင်းရန် လင်းရီ၏ မျက်နှာကို ဆွဲစိတ်လိုက်ပြီး မကျေမချမ်းကြည့်၍ "ခွင့်မပေးပဲ ကြည့်တာ မသင့်လျော်ဘူး...."
"အဲ့တာက လူကြီးလူကောင်းတွေရဲ့ အပြုအမူလေ.... ငါက လူကြီးလူကောင်းမှ မဟုတ်တာ...မင်း ခွင့်မပေးလည်း ကြည့်မှာပဲ.... "
"ဖီး...နင်က တစ်ရာရာခိုင်နှုန်းစစ်စစ် မကောင်းတဲ့ကောင်ကြီးပဲ.. ပြီးတော့ ခေါင်းဆောင် နှာဘူးကြီး..."
"ပြောချင်သလိုသာပြော.. ငါတော့ ဂရုမစိုက်ဘူး..."
ကျီချင်းရန် မျက်စောင်းထိုးလိုက်ပြီးနောက် တစ်နေရာသို့ အကြည့်လွှဲလိုက်ကာ လင်းရီကို လျစ်လျူရှုလိုက်လေသည်။
သူမ ရေကူး၀တ်စုံ ၀တ်သည်ကိုပင် မြင်ဖူးထားသောကြောင့် ယခုလို ကြည့်တာလေးလောက်ကတော့ မပြောပလောက်ချေ။
ဗီလာနံပါတ်တစ်သို့ ရောက်သောအခါ ကျီချင်းရန် ရေချိုးလိုက်ပြီး ညအိပ်အ၀တ်အစားများလဲကာ လက်တော့ကို ယူလာခဲ့လေသည်။ ထို့နောက် လင်းရီနှင့်အတူ ဆိုဖာပေါ်တွင် ကြောင်လေးတစ်ကောင်ကဲ့သို့ တိုးဝှေ့ပူးကပ်လိုက်၏။
"နင့်ခြေထောက်ကို ပြန်သိမ်းလိုက်.. ဆိုဖာဒီလောက်အကြီးကြီးကို တစ်ယောက်တည်း နေရာယူထားတယ်..."
"ထိုင်စရာ နေရာ ရှိတယ် မဟုတ်ဘူးလား..."
"အရမ်းသေးတယ်လေ.. ငါက ဘယ်လို သွားထိုင်ရမှာ..."
"တင်ပါးကြီးတယ်ဆို တင်ပါးကြီးတယ်ပေါ့.. ဘာကို နေရာသေးတယ် လာပြောနေတာ..."
"ရှီး... နင်ပဲ တင်ပါးကြီးတာလေ...."
ကျီချင်းရန် အားဖြင့် လင်းရီ၏ ခြေထောက်ကို အဝေးသို့ တွန်းထုတ်လိုက်၏။ ထို့နောက် လက်တော့ကို ဆိုဖာလက်တင်သည့် နေရာ၌ ထားလိုက်ပြီး "ခု ငါတို့က ၂၂ ဘီလီယမ်ဖိုးလောက် သုံးထားပြီးပြီ... ဆိုတော့ ဈေးက နည်းနည်းလေး ပြန်တည်ငြိမ်သွားပြီ...."
"ငါ့အထင် ကျောက်မိုကတော့ တော်တော်လေး စိတ်ရှုပ်နေလောက်ပြီ ထင်တယ်.. ဒီကောင် ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် သိတော့မှာ မဟုတ်ဘူး..."
"ဘာလို့လဲ..."
"ဘာလို့လဲဆိုတော့ အပြင်လူတွေရဲ့ အမြင်မှာ ငါက Didi ကို ၀ယ်ထားတာ သိပ်မကြာသေးတော့ ပိုက်ဆံ သိပ်မရှိဘူးလို့ပဲ မြင်နေကြတာလေ.. ဆယ်ဘီလီယမ်က သေချာပေါက် ငါ့အကန့်အသတ်ပဲလို့ တွေးထားကြမှာ... " လင်းရီ ကိုယ်နေဟန်ထား ပြောင်းလဲလိုက်ပြီး သူ၏ ခြေထောက်ကို ကျီချင်းရန် ပေါင်ပေါ် တင်ထားလိုက်၏။ ထို့နောက် "ဒါပေမယ့် ခု ငါက ယွမ် ၂၂ ဘီလီယမ်ဖိုး အသုံးပြုလိုက်ပြီဆိုတော့ ကျောက်မို ငါ့ရဲ့ အနေအထား ဘယ်လိုရှိလဲဆိုတာ စဉ်းစားလို့ ပေါက်မှာမဟုတ်ဘူး.. ဒီတော့ ဒီကောင် အရမ်းကာရော မလုပ်ရဲမှာ ပုံမှန်ပဲ.. ဒါပေမယ့် သူတို့ ဆက်ထုတ်ရောင်းဖို့လည်း သိပ်မကြာတော့ပါဘူး.. စိုးရိမ်မနေနဲ့..."
"အဆုံးသတ်ကျရင် ကျောက်မို ဘယ်လောက်ဖိုးထိ ထုတ်ရောင်းမယ်လို့ ထင်လဲ..."
"၃၀ နဲ့ ၅၀ ဘီလီယမ်ကြားပေါ့....အဲ့တာကလည်း ပွဲစားတွေ ဟွာယင်းအုပ်စုကို မျက်နှာသာ ဘယ်လောက်ပေးမလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်... ဒါပေမယ့် သူ့ဘက်က ဘယ်လောက်ပဲ ရောင်းစမ်းပါစေ.. ငါက လိုက်နိုင်ပြီးသား..."
"ဒါကြောင့်မို့ နင်က လုံရှင်းကို မပေါင်နှံသေးတာကိုး..."
လင်းရီ ခေါင်းညိမ့်လိုက်၏။ "ငါ့လက်ထဲမှာ ရှိတဲ့ငွေက ကျောက်မိုနဲ့ ကျန်တဲ့ ရင်းနှီးမြုပ်နှံသူတွေကို ကိုင်တွယ်ဖို့ လုံလောက်တယ်... ကျန်တာကတော့ Muddy waters ရဲ့ ၀င်ရောက်လာတဲ့ အခြေအနေပေါ်မှာ မူတည်နေတာ..."
"ကောင်းပြီလေ....."ကျီချင်းရန် ခေါင်းညိမ့်လိုက်ပြီး "နင် လုပ်စရာ ရှိတာ သွားလုပ်တော့ .. ငါ ဒီရဲ့ဂရပ်ကို နင့်အစား စောင့်ကြည့်ထားပေးမယ်..."
"ငါ ဒီနေ့ အလုပ်မလုပ်ဘူး..."
"ဒါဆို နင်က ဘာလဲလုပ်မှာ..."
"ငါလုပ်မှာက.... ဟော့ဒီ အမျိုးသမီးလေးကို ထိုင်ကြည့်မှာလေ..."
......
ယင်ကျွင်း ရေချိုးစင်တာ၊ ရန်ကျင်း။
ကျောက်မို နှင့် ကျန်သူများအားလုံး အဖြူရောင် ရေနွေးငွေ့များ ၀န်းရံနေသည့် ရေပူစမ်းထဲတွင် ကိုယ်စီပက်လက်လှန်၍ ရေစိမ်နေကြသည်။ သူတို့ကြားရှိ လေထုမှာ နောက်မှ နှိပ်နယ်ပေးသည့် အမျိုးသမီးကိုယ်စီနှင့် အလွန်အမင်း သာယာနေကြလေသည်။
တစ်ချိန်တည်းတွင် ဘစ်ကနီနှင့် အမျိုးသမီးပေါင်း တစ်ဒါဇင်ကျော်ကလည်း သောက်စရာများနှင့် ကျန်သည့် ၀န်ဆောင်မှု အမျိုးမျိုးကို ဖြည့်ဆည်းပေးနေကြ၏။
"ဘာကွ.. သူတို့ဘက်က ၂၂ ဘီလီယမ်ဖိုး ၀ယ်ယူပြီးသွားပြီ..."
ရေပူစမ်းထဲတွင် ဖုကျိန်းရီထံမှ ဖုန်းရောက်လာသောအခါ ကျောက်မို တည်ငြိမ်စွာ မနေနိုင်တော့ချေ။
"ကျွန်တော်တို့က ၂၀ ဘီလီယမ်ဖိုးလောက်ပဲ ထုတ်ရောင်းထားတာပါ.. ကျန်တဲ့ ၂ ဘီလီယမ်ကတော့ ထရိတ်ဒါ အသေးစားလေးတွေ ထုတ်ရောင်းတဲ့ ပမာဏပါ...... "ဖုကျိန်းရီ ပြောလိုက်ပြီး "ဒါရိုက်တာကျောက်.. ညွှန်ကြားချက်ပေးပါ.. ကျွန်တော်တို့ ဆက်ထုတ်ရောင်းရမလားဗျ...."
"ခဏစောင့်.. ငါပြီးမှ ပြန်ဆက်သွယ်လိုက်မယ်...."
"ဟုတ်ကဲ့ နားလည်ပါပြီ...."
ဤတစ်ကြိမ်တွင် လင်းရီ ယွမ် ၂၂ ဘီလီယမ်ကို လက်ခံလိုက်သည်က သူ့အတွက် သတင်းကောင်းမဟုတ်ခဲ့ချေ။
သူကနေဦး တွေးတောထားသည်က လင်းရီ၏ အကန့်အသတ်မှာ ၂၀ ဘီလီယမ်ဟု တွက်ချက်ထားခဲ့သည်။ ထိုသို့ဆိုလျှင် သူ၏ ရန်ပုံငွေများ မလောက်မငှ ဖြစ်သွားပြီး ကျောက်မို အနိုင်ရရှိရန် ကျိန်းသေသွားပေမည်။
သို့သော်လည်း သူ မထင်မှတ်ထားရလောက်သည်အထိ လင်းရီမှာ ထုတ်ရောင်းသမျှကို သိမ်းကျုံး၀ယ်နေခဲ့၏။ တစိုးတစိမျှပင် တုံ့ဆိုင်းခြင်း မရှိချေ။
ယင်းက ကျောက်မို အတွက်တော့ ကောင်းသည့်လက္ခဏာ မဟုတ်ချေ။ ဆိုလိုသည်က လင်းရီ၏ လက်ထဲတွင် ရန်ပုံငွေ အလုံအလောက် ရှိနေသည်ဆိုသည့် သဘောတရားပင်။ ထို့ပြင် မည်သည့် အတိုင်းအတာ ပမာဏထိ ရှိနေလဲဆိုတာကို ကျောက်မို ခန့်မှန်း၍ မရနိုင် ဖြစ်နေလေသည်။
"ညီကိုကျောက်... လင်းရီက ၂၀ ဘီလီယမ်လုံး ၀ယ်လိုက်တာလား..."စွန်းချဲ့ မေးလာခဲ့၏။
ထိုအခိုက်အတန့်တွင် ကျန်သူသုံးဦးလုံးလည်း လေးနက်သည့် အမူအရာကိုယ်စီနှင့် ရှိနေကြလေသည်။
အဘယ်ကြောင့်ဆိုသော် ယခုအခြေအနေက သူတို့ မျှော်မှန်းထားသည်ထက်ကို ကျော်လွန်နေသောကြောင့်ပင်။
"သူ ဘဏ်ကနေ ချေးငွေ လျှောက်ထားတာဆိုရင်ကော ဖြစ်နိုင်လောက်လား..."လုရွှမ် မေးမြန်းလိုက်၏။
"သူ့ ကုမ္ပဏီ လုံရှင်းက အတော်လေး တန်ဖိုး မြင့်တက်နေတာလေ... တကယ်လို့ သူသာ ချေးငွေရချင်တယ်ဆိုရင် မိနစ်ပိုင်းလောက်ပဲ ကြာမှာ.... "
"ခေါင်းစားခံပြီး ခန့်မှန်း မနေနဲ့.. ငါ ဖုန်းဆက် မေးလိုက်မယ်... "
ထို့နောက် ကျောက်မို လျန်ရူရွှယ်ထံ ဖုန်းဆက်လိုက်၏။
"ရူရွှယ်... မင်း အလုပ်ရှုပ်နေတာလား..."
"အားပါတယ်.. ဘာဖြစ်လို့လဲ..."
"ကျိုးဟိုင်မှာ နေရာတာ အဆင်ပြေရဲ့လား.. နေသားကော ကျရဲ့လား.. အစားအသောက်တွေကော ခံတွင်းတွေ့ရဲ့လား.. ငါ တစ်ယောက်ယောက်ကို အစားအသောက် လာပို့ပေးခိုင်းရဦးမလား..."
ဂူချန်းချွမ်နှင့် ကျန်သူများ အားလုံး ပြောစရာစကား ကင်းမဲ့သွားကြ၏။
ဘယ်လိုတောင် နွားကျလိုက်တဲ့ ကောင်လဲ...
"အဆင်ပြေပါတယ်.. ကျွန်မ နေသားကျနေပါပြီ... "လျန်ရူရွှယ် လေယက၀တ်အရ ပြန်ဖြေလိုက်ပြီး "ရှင် ကျွန်မဆီက တစ်ခုခု လိုအပ်လို့လား..."
"ငါ တစ်ခုလောက် သိချင်လို့..."ကျောက်မိုဖုံးကွယ်ရန် မကြိုးစားပဲ "လုံရှင်း မင်းဆီကနေ ချေးငွေ တောင်းလာသေးလား..."
"ချေးငွေ..."လျန်ရူရွှယ် ပြောလိုက်ပြီး "မတောင်းပါဘူး..."
"ကောင်းပြီ.. ကျန်းမာရေးလည်း ဂရုစိုက်ဦး... တကယ်လို့ တစ်ခုခု အဆင်မပြေတာရှိရင်လည်း ငါ့ဆီ ဖုန်းဆက်ဖို့ မမေ့နဲ့...."
"အင်း.. ကျေးဇူး..."
ဖုန်းချပြီးနောက် ကျောက်မို ပြောလိုက်သည်။ "အဲ့ကောင် ချေးငွေလည်း မယူထားဘူး..."
"ဒီလိုဆို ဖြစ်နိုင်ချေ တစ်ခုတည်း ကျန်တော့တယ်... ဒီကောင် သူ့ပိုင်ဆိုင်မှုတွေကို အာမခံထားပြီး ငွေခဏလှည့်ထားတာပဲ ဖြစ်ရမယ်.. မဟုတ်ရင်လည်း တခြား ဖြစ်နိုင်ချေတွေ မရှိတော့ဘူး..."ဂူချန်းချွမ် ပြောလိုက်ပြီး "မင်းကော အဲ့ကောင်ဆီမှာ ပိုက်ဆံ အများကြီး ကျန်နေသေးတယ်လို့ ထင်လား..."လုရွှမ် ပြောလိုက်ပြီး "တကယ်လို့ သူသာ Didi ကို သူ့ပိုက်ဆံနဲ့ ၀ယ်လိုက်တယ်ဆိုရင် အချိန်တိုအတွင်း ပမာဏအများကြီး ငွေပေါ်လွယ်ဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး..."
"အဲ့တာမျိုးက ပိုတောင် မဖြစ်နိုင်သေး..."စွန်းချဲ့ ပြောလိုက်ပြီး "အကြီးအကျယ် တိုးတက်နေတဲ့ ကုမ္ပဏီတစ်ခုရဲ့ ဘဏ်ထဲမှာ ဘယ်တော့မှ ပိုက်ဆံတွေ အများကြီး မထားဘူး... ခု လင်းရီက သောက်ရူးလည်း မဟုတ်.. သူ့ရဲ့ ကုမ္ပဏီကို ဒီ အရွယ်အစားရောက်အောင် ပျိုးထောင်ထားမှတော့ အခြေခံ သဘောတရားလေးတောင် နားမလည်ဘူးဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး..."
"အဲ့လိုဆိုမှတော့ ဆက်ပြီး ခန့်မှန်းနေစရာ မလိုတော့ဘူး.. သူ့ရဲ့ စီးပွားရေးလုပ်ငန်းကို အာမခံထားတာပဲ ဖြစ်ရမယ်..."ဂူချန်းချွမ် ပြောလိုက်ပြီး "ငါ မနက်ဖြန် တစ်ယောက်ယောက်ကို သွားစုံစမ်းထားခိုင်းလိုက်မယ်…”