ဝူဝမ်မြို့၏ ကပ်ဆိုး
Vol. 43 Ch. 584
ချင်မူ၏ မျက်ခုံးနှစ်ဖက်ကြားရှိ မိုးမခသစ်ရွယ်ပုံစံ မျက်လုံးက ဖြည်းဖြည်းချင်း ပွင့်လာသည်။ ပွင့်လာသော အဟ,ကြောင်းဆီမှ လိပ်ပြာတောင်ပံသဏ္ဍာန်ရှိသော အလင်းရောင် ဖြာထွက်လာ၏။
“လှလိုက်တာ” အဘွားစစ်မှာ တအံ့တဩ မရေရွတ်မိဘဲ မနေတော့ပေ။ သို့တိုင်အောင် လိပ်ပြာတောင်ပံသဏ္ဍာန်ရှိသော အမှတ်အသားများမှာ လွန်စွာလှပသော်လည်း အတွင်းထဲ၌ ကြောက်မက်ဖွယ်အရာတစ်ခု ပုန်းအောင်းနေဟန်တူသည်။
သားသတ်သမား၊ မျက်ကန်းနှင့် ကျန်ရှိသူများက အနားတိုးကပ်ကာ အသေးစိတ် ကြည့်နေကြသည်။ ချင်မူ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်နေသည်နှင့်အမျှ ဒေါင်လိုက်မျက်လုံးသည် တဖြည်းဖြည်း ပွင့်လာနေ၏။ ချင်မူ့ခေါင်းက ဧရာမလိပ်ပြာကြီးတစ်ကောင် ဖြစ်လာသည့်အလား ထင်ရပေသည်။
“အဲဒါ ဘာကြီးလဲ”
သားသတ်သမား၊ မျက်ကန်းနှင့် ရွှေအတို့က ပထမဆုံး သတိဝင်သွားကြသူများ ဖြစ်ပြီး ကောင်းကင်အားလှိုင်းများ ထုတ်လွှတ်လိုက်၏။ အန္တရာယ်ကို ခံစားခဲ့ရသဖြင့် ခန္ဓာကိုယ်မှ အလိုအလျောက် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။ သားသတ်သမားက အမြန်ဆုံးဖြစ်ပြီး ကျယ်လောင်ပြတ်သားသော အော်ဟစ်သံနှင့်အတူ ကောင်းကင်ဓားမကို မြှောက်ကာ လေထဲတွင် စက်ဝိုင်းတစ်ခု ဝိုက်ဆွဲလိုက်သည်။
ထို့နောက် ရွှေအ ဖြစ်သည်။ သူ့ကျောပေါ်ရှိ မိးဖိုကြီးဆီမှ မီးအလင်းတန်းတစ်တန်း ကောင်းကင်ယံသို့ ထိုးတက်သွား၏။ မီးတိုင်လုံးကြီးက အလျှံတညီးညီး လည်လာကာ လေထုကို ခြစ်ခြစ်တောက် နီရဲသွားစေသည်။
မျက်ကန်းက အနည်းငယ် နောက်ကျ၏။ လုံထော်က ခန္ဓာကိုယ်ကို လှုပ်ခါကာ အနက်ရောင်နဂါးအသွင် ပြောင်း၍ မျက်ကန်းအား ရစ်ပတ်လျက် အင်အားစုစည်းနေသည်။
ထို့နောက် အဘွားစစ်လည်း သူမ၏အရှိန်အဝါကို အလိုအလျောက် ထုတ်လွှတ်မိခဲ့၏။ သူမအနောက်တွင် မရေမတွက်နိုင်သော ကြယ်တာရာများ ဖွဲ့တည်လာကာ မဟာကြယ်ခြုံလွှမ်းလက်ဝါးသည် ကြောက်မက်ဖွယ်ရာအားလှိုင်းများကို ကာဆီးလိုက်၏။
ဝုန်း
ထော့ကျိုးက တစ်ချိုးတည်း လှည့်ပြေးပြီး မိုင်တစ်ရာအကွာသို့ ရောက်သွားသည်။ ထိုအခါမှ သူ စဉ်းစားမိလိုက်သည်။ ‘အားလှိုင်းတွေက ကြောက်စရာ မကောင်းဆိုးဝါးတစ်ကောင်ဆီက လာတာမဟုတ်ဘဲ ချင်မူ့ကိုယ်ကနေ လာနေသလိုပဲ....’
ထန်း
ပါ့ရှန်က ဓားမ ဆွဲထုတ်ကာ ပတ်ဝန်းကျင်ဆီသို့ သတိအနေအထားဖြင့် ကြည့်ရင်း အော်ဟစ်လိုက်သည်။ “မကောင်းဆိုးဝါး ဘယ်မှာလဲ”
ပါ့ရှန်သည် သားသတ်သမားနှင့် မယှဉ်နိုင်သော်လည်း သိုင်းကွက်မှော်ကို တီထွင်၍ ဓားမချက်များ၌ မြှုပ်နှံထားနိုင်သလို၊ အန္တရာယ်ကိုလည်း တမုဟုတ်ချင်း ခံစားသိရှိနိုင်သူ ဖြစ်၏။
နားကန်းနှင့် ဆေးဆရာမှာတော့ ကြောင်စီစီ ဖြစ်နေကြသည်။ အထူးသဖြင့် ဆေးဆရာမှာ မည်သို့ဖြစ်ပျက်နေမှန်း နားကန်းတစ်လုံးမျှ မသိပေ။
နားကန်း၏ သိုင်းအဆင့်မှာ နတ်ဘုရားအဆင့်သို့ မရောက်သေးဘဲ ကောင်းကင်တံတား၏ အလယ်တွင်သာ ရှိသေး၏။ သူ၏ပြဿနာမှာ ပန်းချီပညာကိုသာ စိတ်ဝင်စားပြီး လောကကြီးကို အဖက်မလုပ်ခြင်း ဖြစ်သောကြောင့် သူ၏တုံ့ပြန်မှုကလည်း အတော်လေး နှေးလှသည်။
လွန်ခဲ့သောနှစ်နှစ်က ဆေးဆရာသည် သေခြင်းရှင်ခြင်းအတားအဆီးနံရံကို ချိုးဖျက်နိုင်ခဲ့သော်လည်း ထိုအဆင့်တွင်သာ ရှိသေး၏။ သိုင်းကျင့်ခြင်းကို အရေးပါသည်ဟု မမြင်ထား၍ သူ၏သိုင်းအဆင့်မှာလည်း တိုးတက်နှုန်း မမြန်ပေ။
ချင်မူ ချီချယ့်တံတား၊ လျှို့ဝှက်ဆန်းကြယ်တံတားနှင့် ကောင်းကင်ဖြတ်သန်းခြင်းတံတားစသည့် ကျင့်စဉ်နည်းလမ်းသုံးခု ဖြန့်ဝေပေးခဲ့သည့်အချိန်မှ ဆေးဆရာက သိုင်းကျင့်ကြံခြင်းအပေါ် အာရုံပြန်စိုက်ခဲ့သည်။ သို့သော် သူ့တွင် မိန်းမများစွာ ရှိနေရာ သိုင်းအဆင့်တိုးတက်နှုန်းမှာ ကြန့်ကြာနေခဲ့၏။
သူတို့နှစ်ယောက်က အနှေးဆုံးဖြစ်သော်လည်း များစွာမကြာလိုက်ဘဲ တစ်ခုခု မူမမှန်သည်ကို ခံစားလိုက်ကြရသည်။ သူတို့ကို ရိုက်ခတ်နေသော အားလှိုင်းများအရ တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ကြောက်မက်ဖွယ်ရာကောင်းသည့် မကောင်းဆိုးဝါးတစ်ကောင် နိုးထနေသည့်အလား ထင်ရသည်။ သို့တိုင်အောင် အားလှိုင်း၏ အရင်းအမြစ်မှာ ပွင့်လာနေသော ချင်မူ၏ တတိယမျက်လုံးဆီမှ ဖြစ်နေ၏။
လူတိုင်း သူ၏မျက်ခုံးနှစ်ဖက်ကြားနေရာသို့ ကြည့်လိုက်သည်။ အလင်းရောင်က ဖြာထွက်နေဆဲ ဖြစ်သလို၊ လှသထက် လှလာသည်။ အလင်းရောင်၏ အနောက်၌ အနက်ရောင်အရိပ်တစ်ခု မြင်ရ၏။
အရိပ်က မွေးကင်းစကလေးသဖွယ် လွန်စွာသေးငယ်လှသည်။ သို့သော် အလင်းရောင်ကို နင်း၍ ချင်မူ၏ တတိယမျက်လုံးအတွင်းထဲမှ ဖြည်းညင်းစွာ လမ်းလျှောက်ထွက်လာနေသည်။ လမ်းလျှောက်နေရင်းဖြင့် အရိပ်သည် ကြီးထွားလာနေကာ မကြာမီတွင် ချင်မူ့တတိယမျက်လုံးတစ်လုံးစလုံး၌ ပြည့်သွားတော့သည်။
“မူအာ၊ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်နေတာ ရပ်လိုက်တော့” သားသတ်သမားက မဟာရန်သူတော်ကြီးတစ်ယောက်ကို ရင်ဆိုင်နေရသကဲ့သို့ အကျယ်ကြီး အော်ဟစ်လိုက်၏။ “မင့်မျက်လုံးထဲမှာ ထူးဆန်းတာကြီး ရှိနေတယ်.... မြန်မြန် ရပ်လိုက်”
သို့တိုင်အောင် နောက်ကျသွားချေပြီ။ အနက်ရောင်အရိပ်သည် ချင်မူ၏ ဒေါင်လိုက်မျက်လုံးတစ်လုံးစလုံးအား အပြည့်နေရာယူလိုက်ပြီး ထွက်လာတော့မည်ဖြစ်၏။
“ငါ့မှာ အင်အားတွေ ပြည့်နေသလို ခံစားရတယ်....” ချင်မူ့ပါးစပ်မှ ကယောင်ကတမ်း ပြောနေသကဲ့သို့ အသံများ ထွက်လာသည်။ “အရာရာတိုင်းကို ဖျက်စီးပစ်နိုင်တဲ့ အင်အားတွေ”
သူ ထိုသို့ပြောလိုက်သည့်အခါ ဒုက္ခိတဘိုးဘွားကျေးရွာ၏ အဘိုးအဘွားများမှာ သွေးများအေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ အသံနှစ်သံက တစ်ပြိုင်တည်း စကားပြောနေခြင်းဖြစ်၏။ နှစ်သံသည် တစ်သံတည်း ထပ်ကာ ချင်မူ့ပါးစပ်မှ ထွက်လာနေသည်။
အုန်း
တတိယမျက်လုံးမှ ထွက်လာနေသော အလင်းရောင်က ဟင်းလင်းပြင်ကို ပုံပျက်ရှုံ့တွနေစေသဖြင့် ကောင်းကင်မှာ ပြင်းပြင်းထန်ထန် တုန်ရီနေတော့သည်။ ကြောက်မက်ဖွယ်ရာ အားလှိုင်းများကြောင့် ဟင်းလင်းပြင်မှာ မငြိမ်သက်တော့ပေ။ မိုးခြိမ်းသံသကဲ့သို့ ထစ်ချုန်းသံများ အဆက်မပြတ် မြည်ဟည်းပြီး အက်ကွဲကြောင်းများ ပေါ်လာ၏။
မိစ္ဆာနတ်ဆိုးများကြောင့် ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ နေရာဟင်းလင်းပြင်မှာ အစကတည်းက မငြိမ်မသက်ဖြစ်နေ၍ အလွယ်တကူ ပွင့်ထွက်သွားနိုင်သည်။ သို့သော် သာမန်ကောင်းကင်နတ်သိုင်းပညာရှင်အနေဖြင့် ထိုသို့လုပ်နိုင်မည်မဟုတ်ပေ။ အနည်းဆုံး နတ်ဘုရားအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားရန် လိုအပ်သည်။
ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကင်းစခန်းအတွင်း၌ ကောင်းကင်နတ်သိုင်းပညာရှင်များစွာ ရှိသည်။ အက်ကွဲကြောင်းများ ပျံ့နှံ့လာသည်ကို မြင်လျှင် သူတို့အားလုံး အလျင်အမြန် ထွက်ပြေးကြတော့၏။ ကျားကုတ်ကျားခဲ လေ့ကျင့်နေသော နဂါးချီလင်လည်း ခေါင်းမော့လိုက်ပြီး သူ့ဆီ လာနေသော အက်ကွဲကြောင်းတစ်ကြောင်းအား မြင်လိုက်သဖြင့် ကမန်းကတန်း ခုန်လိုက်ရသည်။
အက်ကွဲကြောင်းက စောစောက သူ ရပ်နေခဲ့သည့် မြေပြင်ကို နှစ်ခြမ်းကွဲသွားစေ၍ အလွန်နက်ရှိုင်းသော ချောက်ကြီးသည် ဆယ်မိုင်ကျော်အထိ ဆန့်ထွက်သွား၏။ နဂါးချီလင် တဆတ်ဆတ် တုန်နေပြီး ဟူလင်းအာက သူ့ခေါင်းပေါ် ခုန်တက်ကာ အော်ဟစ်လိုက်သည်။ “ဖက်တီးနဂါး ပြေး၊ သခင်လေးရဲ့ ပုံစံအစစ် ပေါ်လာနေပြီ”
နဂါးချီလင်လည်း ကတိုက်ကရိုက် ထွက်ပြေးလိုက်သည့်အချိန်တွင် ကမ္ဘာမြေတုန်ဟည်းနေစေသော ပေါက်ကွဲသံများ နောက်မှ ထွက်ပေါ်လာသည်။ ဟူလင်းအာ နောက်လှည့်ကြည့်လိုက်သည့်အခါ အသက်လုပြေးနေသည့် နွားသိုးစိမ်းကြီးကိုလည်း လှမ်းမြင်လိုက်သည်။
ပေါက်ကွဲမှုများက ကင်းမျှော်စင်ဆီမှ ဖြစ်၏။
ကင်းမျှော်စင်မှာ ဟင်းလင်းပြင်အက်ကွဲကြောင်းများ၏ ရိုက်ခတ်မှုကြောင့် အစိတ်စိတ်အမြွှာြမွှာ ကွဲထွက်သွားသည်။ ကျောက်တုံးကျောက်ခဲများက ကြေမွနေသော ဟင်းလင်းပြင်အပိုင်းအစတစ်ခုစီ အထဲ၌ လွင့်မျောနေသည်။
များစွာမကြာလိုက်ဘဲ ထပ်ဆင့်ကဲပေါက်ကွဲသံများ ဟိန်းထွက်လာတော့သည်။ ဝူဝမ်မြို့အတွင်းရှိ နတ်ဘုရားများနှင့် မိစ္ဆာနတ်ဆိုးတို့၏ ကောင်းကင်နတ်သိုင်းအကြွင်းအကျန်များအား ထိမှန်သွားချေပြီ။ ရလဒ်အနေဖြင့် ကောင်းကင်နတ်သိုင်းတစ်ခုပြီးတစ်ခု ပေါက်ကွဲကုန်သည့်အတွက် ကြေမွနေသော ဟင်းလင်းပြင်ထဲ၌ ဗြောက်အိုးများ ဖောက်နေသကဲ့သို့ ထူးဆန်းစွာ လှပနေ၏။
ဟူလင်းအာမှာ အလှကို ခံစားနေရန် အချိန်မရှိပေ။ သူမအကြည့်က လိပ်ပြာတောင်ပံသဏ္ဍာန်အလင်းရောင်အပေါ် ကျရောက်သွားပြီး သူမမှာ အတန်ငယ် စိတ်ပျက်သွား၏။ “သခင်လေးက မြေခွေးမဟုတ်ဘဲ လိပ်ပြာဖြစ်နေတာပဲ...”
ချင်မူ့ပတ်ပတ်လည်ရှိ မြေပြင်မှာ အဆက်မပြတ် အက်ကွဲပြိုကျနေသဖြင့် သူ့အား အောက်သို့ကျနေစေသည်။ သားသတ်သမား၊ မျက်ကန်းနှင့် ကျန်ရှိသူများလည်း ရဲရဲတောက်နေသော ချော်ရည်ပြင်ကို မြင်ရသည်အထိ ကျဆင်းသွားကြသည်။
ဝူဝမ်မြို့ကား မြေအောက်သို့ နစ်မြုပ်နေချေပြီ။ ဧရာမကျောက်တုံးကြီးများ၊ နံရံကြီးများက ပွက်ပွက်ဆူနေသော ချော်ရည်မြစ်ထဲသို့ ဗွမ်းခနဲ ဘုန်းခနဲ ကျနေရာ ချော်ရည်များက ရေပန်းများသဖွယ် မြောက်တက်လွင့်စင်လာတတ်၏။
အားလုံး ဟန်ချက်မပျက်အောင် ထိန်းနေကြရသည်။ သားသတ်သမား၊ ရွှေအ၊ မျက်ကန်း၊ အဘွားစစ်နှင့် ပါ့ရှန်က အတူပူးပေါင်း၍ အက်ကွဲနေသော ဟင်းလင်းပြင်ကို ခုခံရင်း ဆေးဆရာနှင့် နားကန်းကို ကာကွယ်ပေးနေသည်။ ထော့ကျိုးက ကြေမွနေသည့် ဟင်းလင်းပြင်ထဲ၌ ဟိုဟိုသည်သည် ပြေးလွှားရင်း သူတို့ဆီ လာနေ၏။
အားလုံး အဖြစ်အပျက်များကြောင့် အံ့အားသင့်နေကြသည်။
မျက်ကန်းက လုံထော်ကို လှမ်းဆွဲလိုက်သည်။ လှံက သူနှင့်အတူ ရွေ့လျားနေပြီး တခဏအတွင်း သူက လှံချက်များ ထိုးစိုက်ကာ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်စွမ်းအားကို ပိတ်ဆို့နေသည်။ “သားသတ်သမား ငါ့ကို သူ့ဆီ ရောက်အောင် ကူပေး... သူ့မျက်လုံးကို ပိတ်ရမယ်”
သားသတ်သမား ကောင်းကင်ဓားမကို ဆွဲ၍ သူ့ဘေးသို့ အပြေးသွားလိုက်သည်။ “အဘွားကြီး၊ ရွှေအ... ကျန်တဲ့သူတွေကို ကာကွယ်ထားလိုက်”
သူတို့နှစ်ယောက် ပေါင်း၍ ချင်မူ့ဆီသို့ တစ်လှမ်းချင်း တိုးကပ်သွားနေသည်။ သို့သော် ဟင်းလင်းပြင်မှာ အဆက်မပြတ် ကွဲထွက်နေရာ ချင်မူ့အနားရောက်ရန်က လွယ်ကူသော ကိစ္စတော့ မဟုတ်ပေ။
သူတို့နှစ်ယောက် ရှေ့သို့ကြိုးစားတိုးသွားပြီး ထူးဆန်းသော အားလှိုင်းများကို ဖြတ်ကျော်နေကြသည်။ သားသတ်သမား အောက်ငုံ့ကြည့်လိုက်သည့်အခါ ဝူဝမ်မြို့တစ်မြို့လုံး ချော်ရည်ပူထဲ နစ်မြုပ်နေသည်ကို မြင်လိုက်ရ၏။ သူတို့အောက်တွင် မီးပင်လယ်တစ်စင်းသာ ရှိတော့သည်။
ရုတ်တရက် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ထူးဆန်းသည့် မိစ္ဆာနတ်ဆိုးချီက မီးပင်လယ်ထဲမှ ထွက်လာသည်။ ထိုမိစ္ဆာနတ်ဆိုးချီမှာ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ နတ်ဆိုးမြေထဲရှိ မိစ္ဆာနတ်ဆိုးချီနှင့် မတူပေ။ နတ်ဆိုးမြေ၏ မိစ္ဆာနတ်ဆိုးချီမှာ မိစ္ဆာသဘာဝကြောင့် စုဝေးနေခြင်း ဖြစ်ပြီး မီးပင်လယ်ထဲမှ မိစ္ဆာနတ်ဆိုးချီကမူ ပိုမိုရှေးကျသည်။
ယင်းကား ယိုတုမိစ္ဆာနတ်ဆိုးချီပင်။
ချင်မူ့ကိုယ်ထဲရှိ မကောင်းဆိုးဝါး နိုးထလာပြီး သက်ရှိကမ္ဘာနှင့် မရဏကမ္ဘာကြားရှိ အတားအဆီးစည်းကို ချိုးဖျက်လိုက်၍ သက်ရှိကမ္ဘာနှင့် ယိုတုကမ္ဘာ ဆက်သွယ်ခြင်း ဖြစ်သည်။
အဘိုးအိုနှစ်ယောက်မှာ ချင်မူ့ဆီမှ သုံးကိုက်၊ ခြောက်ကိုက်ခန့်သာ ကွာတော့သည်အထိ ရောက်လာကြသည်။ သို့သော် ဤအကွာအဝေးက မဖြတ်ကျော်နိုင်လောက်အောင် ဝေးကွာနေ၍ သူတို့နှစ်ယောက်မှာ ခက်ခက်ခဲခဲ သွားနေကြရ၏။ သားသတ်သမား၏ ဓားမနှင့် မျက်ကန်း၏ လှံမှာ ထူးဆန်းသော အားလှိုင်းကို ခွင်းမသွားနိုင်သဖြင့် လေလယ်တွင် ရပ်နေကြသည်။
အဘက်ဘက်မှ ဖိနှိပ်နေသည့် စွမ်းအားကြောင့် သူတို့၏ရုပ်ခန္ဓာများဆီမှ တဂျွတ်ဂျွတ်မြည်သံများ ထွက်ပေါ်နေ၏။ မျက်ကန်း၏ခန္ဓာကိုယ်မှာ ပို၍ပင် သေးညှက်သွားသလို၊ သားသတ်သမားလည်း များစွာအရပ်ပုသွားသည်။
သူတို့နှစ်ယောက်မှာ ဘောလုံးများလို လုံးလာကြသည်။ သားသတ်သမားက အားကုန်ထုတ်၍ မျက်ကန်းအတွက် လမ်းရှင်းပေးလိုက်၍ သူ့နှုတ်ခမ်းထောင့်မှ သွေးများ စိမ့်ထွက်လာသည်။ မျက်ကန်းက တုန်ရီနေသော လက်များဖြင့် ချင်မူ၏ တတိယမျက်လုံးဆီသို့ လုံထော်အား ထိုးစိုက်လိုက်၏။
“မူအာ အသိပြန်ဝင်စမ်း”
မျက်ကန်း အံတင်းတင်းကြိတ်၍ လုံထော်ကို ရှေ့သို့ တွန်းနေသည်။ သူ့လက်နှစ်ဖက်လုံးရှိ အသားများ လန်လာပြီး စိမ့်ထွက်လာသော သွေးစက်များ အငွေ့ပြန်ကုန်၏။
“သားသတ်သမား ငါ တောင့်မခံနိုင်တော့ဘူး....” မျက်ကန်း၏လည်ချောင်းမှ သွေးတစ်လုပ် ထွက်လာသည်။
လုံထော်ဆီမှလည်း အော်သံ ထွက်လာသည်။ “သခင်ကြီး၊ ကျွန်တော်လည်း ဆက်ပြီး တောင့်မခံနိုင်တော့ဘူး...”
လှံထိပ်ဖျားမှာ အက်ကွဲစပြုနေပြီဖြစ်သလို မျက်ကန်း၏လက်နှစ်ဖက်စလုံးလည်း တဆတ်ဆတ် တုန်နေ၏။ သူ့လက်၏အသားများလည်း လန်ထွက်နေသည်။
ထိုအချိန်တွင် ချင်မူက ရင်ဘတ်ပေါ်ရှိ ကျောက်စိမ်းလည်ဆွဲကို ဆုပ်ကိုင်ကာ ဆွဲဖြုတ်လိုက်သည်။
“လွှင့်မပစ်လိုက်နဲ့... “ မျက်ကန်းက တိုးညင်းသောအသံဖြင့် ခက်ခက်ခဲခဲ ပြောလိုက်၏။
ချင်မူ့အမူအရာက မပြောင်းပေ။ လက်ချောင်းများကို ဖြန့်ချလိုက်ကာ ကျောက်စိမ်းလည်ဆွဲကို အောက်ရှိ မီးပင်လယ်ထဲသို့ ပစ်ချလိုက်သည်။
အားလုံး အကြီးအကျယ် တုန်လှုပ်သွားကြသည်။ ထော့ကျိုးက ဟင်းလင်းပြင်တစ်လျှောက် ဖြတ်ပြေးရင်း ကျောက်စိမ်းလည်ဆွဲကို လှမ်းဆွဲလိုက်သော်လည်း နောက်ကျသွားချေပြီ။
ထိုအခိုက်အတန့်တွင် ချော်ရည်လှိုင်းများ အုံကြွလာပြီး အကွေ့အကောက်ကိုးခုရှိသော ချိုကြီးနှစ်ချောင်းနှင့်အတူ နွားခေါင်း၊ ကျားမျက်လုံးဖြင့် နတ်ဘုရားတစ်ပါး ပေါ်လာသည်။
ထော့ကျိုးမှာ သူ့ကို အလျင်အမြန် ရှောင်ရင်း အော်ဟစ်လိုက်သည်။ “မြေအောက်ဘုံအရှင်သခင်”
“မြေအောက်ဘုံအရှင်သခင်၊ မင်း ငါ့အစီအစဉ်တွေကို ဖျက်စီးပြန်ပြီ” ချင်မူက ဒေါသတကြီး ပြောလိုက်၏။
မြေအောက်ဘုံအရှင်သခင်က ကျောက်စိမ်းလည်ဆွဲကို ဖမ်း၍ လက်ချောင်းတစ်ချောင်းဖြင့် ညွှန်လိုက်သည်။ ကျောက်စိမ်းလည်ဆွဲက ချင်မူ့မျက်ခုံးနှစ်ဖက်ကြားသို့ ကပ်သွားပြီး မိစ္ဆာနတ်ဆိုးမျက်လုံးကို ချိတ်ပိတ်လိုက်လေသည်။
ကျောက်စိမ်းလည်ဆွဲက ချင်မူ၏တတိယမျက်လုံးထဲ နစ်မြုပ်ဝင်ရောက်သွား၏။
ပတ်ဝန်းကျင်ရှိ ထူးဆန်းသည့် အပြောင်းအလဲများ ရုတ်တရက် ရပ်တန့်သွားပြီး အက်ကွဲကြေမွနေသော ဟင်းလင်းပြင်မှာ ပုံမှန်ပြန်ဖြစ်သွားသည်။ ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်၏ ခန္ဓာကိုယ်လည်း ပွက်ပွက်ဆူနေသည့် မီးပင်လယ်ထဲသို့ ပြန်ကျသွား၏။
ချင်မူလည်း လဲကျသွားသဖြင့် မျက်ကန်းက လုံထော်ကို အလျင်အမြန် လှမ်းပစ်လိုက်သည်။ လုံထော်က အရိုးနဂါးနက်တစ်ကောင်အသွင် ပြောင်း၍ လူငယ်လေးကို ဖမ်းလိုက်သည်။ ထို့နောက် ကောင်းကင်ယံသို့ ပျံတက်လိုက်ပြီး မြေပြင်ပေါ် ဆင်းသက်လိုက်၏။
ချင်မူမှာ သတိလစ်နေပြီး တတိယမျက်လုံးလည်း ပိတ်နေသည်။ ထော့ကျိုးက ကပျာကယာ ပြေးချလာပြီး သတိလစ်နေသော လူငယ်လေးကို ကြည့်ရင်း အကြောက်မပြေသေးပေ။
“အဲဒီဟာကြီး သူ့မျက်လုံးထဲမှာ ရှိနေသေးလား.... ငါတို့ သူ့မျက်လုံး ဖြဲပြီး ကြည့်ရမလား...”
အားလုံး ထော့ကျိုးကို စိုက်ကြည့်လိုက်၍ သူ ကမန်းကတန်း ပါးစပ်ပိတ်သွားသည်။
အဘွားစစ်က တစ်ယောက်တည်း ရေရွတ်နေပြီးနောက် ပြောလာသည်။ “မြေအောက်ဘုံအရှင်သခင်က သူ့မျက်လုံးထဲက ထူးဆန်းတဲ့ အဲဒီဟာကြီးကို ချိတ်ပိတ်ပေးခဲ့ပေမယ့် ငါတို့ သေချာအောင် အတည်ပြုသင့်တယ်...”
သူမက တုန်ရီနေသောလက်ဖြင့် တတိယမျက်လုံး၏ မျက်ခွံဆီသို့ လှမ်းလိုက်သည်။ သို့သော် သူမ မဖွင့်နိုင်ခင် မျက်လုံးက ဖျတ်ခနဲ ပွင့်လာ၏။
အဘွားစစ် အလန့်တကြား နောက်ဆုတ်လိုက်သည့်အချိန်တွင် ချင်မူ ထလာသည်။ သူက သူမကို ဇဝေဇဝါ ကြည့်နေသည်။ “ဘွားဘွား ဘာလို့ ကျွန်တော့်ကို ဝိုင်းအုံနေကြတာလဲ”
၎
င
၎
၎