← Chapters

အစ်ကိုရီက ပေါက်စီတွေ ကြိုက်တယ်

Vol. 36 Ch. 538

အစ်ကိုရီက ပေါက်စီတွေ ကြိုက်တယ်

Vol. 36 Ch. 538

ချလစ်..

စွန်းချဲ့ စီးကရက်တစ်လိပ်ကို မီးညှိလိုက်ရင်း "ငါ့အထင်တော့ စုံစမ်းစစ်ဆေးနေစရာ အကြောင်းမရှိဘူးလို့ ထင်တာပဲ.. ငါတို့ဘက်က စတိုက်ခိုက်နေတာကို ထည့်မတွက်ရင်တောင် ဘယ်လိုနည်းနဲ့မှ နောက်ပြန်ဆုတ်စရာ အကြောင်းမရှိဘူး..."

လုရွှမ် ခေါင်းညိမ့်လိုက်ပြီး "ငါ ခုလေးတင် တစ်ချက်တွက်ချက်ကြည့်လိုက်တာ.. တကယ်လို့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေ အကုန်လုံးကို အာမခံထားရင်တောင် အများဆုံး ၅၀ ဘီလီယမ်လောက်ပဲ ချေးယူနိုင်မှာ... "

"၅၀ ဘီလီယမ်ဆိုတာ ဘာမှမဟုတ်ဘူး.. "စွန်းချဲ့ ပြောလိုက်ပြီး "ငါတို့လေးယောက် ပွဲစားတွေဆီကနေ ယူထားတဲ့ ရှယ်ယာတွေက ၁၀၀ ဘီလီယမ်ဖိုးလောက်ရှိတယ်.. ဒါက သူ့ကို သေအောင် ဆော့ကစားဖို့ လုံလောက်တယ် မဟုတ်ဘူးလား..."

"အမှန်ပဲ.. ဒါပေမယ့် ဒီကောင်က သူသေမယ့်တွင်းကို ကိုယ်တိုင် တူးနေတာပဲ..."ဂူချန်းချွမ် ပြောလိုက်ပြီး "တကယ်လို့ သူသာ တကယ်ကြီး လုံရှင်းကို အာမခံထားတယ်လို့ သတင်းတွေ ထွက်လာခဲ့ရင် သူတို့ရဲ့ ရှယ်ယာဈေးတွေ ချက်ချင်းကို ‌ဟိုးအောက် ရောက်သွားမှာ..."

"ဘော့စ်ဂူပြောတာကို ထောက်ခံတယ်..."ကျောက်မိုပြောလိုက်ပြီး "မနက်ဖြန် ဘော့စ်ဂူရဲ့ အဆင်အသွယ် တစ်ချို့ သုံးပြီးတော့ ကျိုးဟိုင်က အခြေအနေကို စုံစမ်းစစ်ဆေးဖို့ ဒုက္ခပေးရတော့မယ်..."

"ရတယ်...အဲ့ကိစ္စ ငါ့တာ၀န်ထားလိုက်..."

ကျောက်မို သူ့ဖုန်းကို ကောက်ယူလိုက်ပြီး ဖုကျိန်းရီထံ ဖုန်းပြန်ဆက်လိုက်သည်။

"ဆက်ပြီးတော့ ထုတ်ရောင်း.. အရှိန်မလျော့လိုက်နဲ့.. ဒီကောင် ဘယ်လောက် ဆက်ယူနိုင်ဦးမလဲဆိုတာ ငါစောင့်ကြည့်မယ်..."

"နားလည်ပါပြီ..."

ဖုန်းချပြီးနောက် စွန်းချဲ့ ပြုံးလိုက်ပြီး "ငါတို့ ဒီကစော်လေးတွေနဲ့ သောက်စားပျော်ပါးနေတာက အကောင်းဆုံးပဲလို့ ထင်တယ်.. ဘာမှ အတွေးလွန်နေစရာမလိုဘူး.. သူ့ရဲ့ ဖြုတ်ဦးနှောက်လေးနဲ့ ငါတို့လေးယောက်ကို ဆန့်ကျင်ချင်တယ်တဲ့လား... ဘယ်လိုတောင် ရယ်ရတဲ့ ပြက်လုံးလဲ...."

"ဟားဟား... မင်းပြောတာ မှန်တယ်.."ကျောက်မို သူ့ဖန်ခွက်ကို မြှောက်လိုက်ပြီး " အောင်မြင်မှုတွေအတွက် ချီးယား...."

.....

နောက်တစ်နေ့ နံနက်တွင်တော့ ကျီချင်းရန် စောစီးထလာပြီး လင်းရီအတွက် နံနက်စာများ ပြင်ဆင်ပေးသည်။ ယင်းက သူမ၏ ပုံမှန် အလေ့အကျင့်တစ်ခုလိုတောင် ဖြစ်လာလေပြီ။

"ချင်းရန်.. ဘာလို့ ပန်ဒါမျက်လုံးကြီးလို ဖြစ်နေတာ..."လင်းရီ မေးလိုက်၏။

"ဟင် အဲ့လောက်တောင် ဆိုးရွားနေတာလား..."

"ကိုယ့်ဘာကိုယ် ကြည့်ကြည့်ပေါ့..."

ကျီချင်းရန် ရေချိုးခန်းထဲသွား၍ မှန်ကြည့်လိုက်သောအခါ သူမ၏ ကြည်လဲ့နေသော မျက်၀န်းများအောက်တွင် အနက်ရောင် အကွက်ကြီးတစ်ခု ဖြစ်ပေါ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။

ကျီချင်းရန် နှုတ်ခမ်းကိုက်၍ "မနေ့ညတုန်းက သန်းခေါင်လောက်အထိ စတော့ဈေးကွက်ကို စောင့်ကြည့်နေတာလေ... ဒါကလည်း အိပ်ရေးမ၀တာကြောင့် ဖြစ်မယ်... အဆင်‌ပြေပါတယ်.. နောက်ကျမှ ဖောင်ဒေးရှင်းနဲ့ ဖုံးလိုက်လည်း ဘာမှ မဖြစ်ဘူး... ဒါနဲ့ မနေ့ညတုန်းက သူတို့ နောက်ထပ် ခုနစ်ဘီလီယမ်တောင် ထုတ်ရောင်းလာခဲ့တာနော်.. တော်သေးတာပေါ့.. ငါတို့ဘက်က အချိန်မှီ ပြန်၀ယ်နိုင်လိုက်လို့ ဈေးကွက်က ပြနမတည်ငြိမ်သွားတာ..."

"ငါမင်းကို စိတ်မပူပါနဲ့လို့ ပြောထားပြီးပြီလေကွာ.. ဘာလို့ စောင့်ကြည့်နေတာ..."လင်းရီ စားရင်း ပြောလိုက်ပြီး "သူတို့လက်ထဲမှာ ရှိတဲ့ ရှယ်ယာတွေက ပွဲစားတွေဆီကနေ ချေးထားတာ.. ဘယ်လိုပဲ ဖြစ်ဖြစ် ဆက်ပြီးတော့ ထုတ်ရောင်းနေမှာပဲ... ခု သူတို့က အစပိုင်းဆိုတော့ အားမာန်တက်ကြွနေကြတာ.. ဂရုစိုက်မနေနဲ့.. ဒီပုံစံအတိုင်း နောက်နှစ်ရက် သုံးရက်လောက် ဆက်ဖြစ်နေဦးမှာပဲ...."

"ဒါပေမယ်.. ငါလည်း ဘယ်တတ်နိုင်မှာလဲလို့.. အဲ့အကြောင်း စဉ်းစားလိုက်တာနဲ့ အိပ်မှ မပျော်တော့တာ.. အိပ်မပျော်တော့တာနဲ့ စောင့်ကြည့်နေဖို့ ဆုံးဖြတ်လိုက်တာလေ..."

"ပန်ဒါမျက်လုံးတွေကတော့ ဖောင်ဒေးရှင်းနဲ့ ဖုံးပြီး နေကာမျက်မှန် ၀တ်ထားလိုက်မယ်.. အဲ့လိုဆို ဘယ်သူမှ မသိတော့ဘူး...ဟီးဟီး... "

"မင်းလုပ်ချင်တာသာ လုပ်တော့..."

"နင် ဒီညကော ဂျူတီရှိသေးတာလား..."ကျီချင်းရန် ထမင်းစားပွဲဆီသို့ ပြန်လာရင်း မေးမြန်းလိုက်၏။

"ဘာလဲ.. ငါ့ကို နေ့ဂျူတီပဲ ဆင်းခိုင်းစေချင်တာလား..."

"ငါနဲ့ ဒီည အိမ်လိုက်ခဲ့ပေး... ငါအ၀တ်နည်းနည်းလောက် ပြန်ယူချင်လို့..."

"ဒီလိုဆိုရင်တော့ ဥက္ကဌကျီက ဒီမှာ အကြာကြီး နေတော့မယ်ပေ့ါ..."

ကျီချင်းရန် ခေါင်းမော့ရင်ကော့၍ မြင်းမြီးပုံစံ ဆံပင်ချည်ရင်း လေထုထဲတွင် လှပသည့် ပုံရိပ်တစ်ခုကို ဖြစ်ပေါ်သွားစေသည်။ မိတ်ကပ်မလိမ်းခြယ်ထားတာတောင်မှ သူမမျက်နှာထက်တွင် လှပမှုနှင့် ကျက်သ‌ရေရှိသည့် အရှိန်အဝါတို့ ပြည့်နှက်နေလေသည်။

"ငါလည်း မလာချင်ပါဘူး.. နင်က ထပ်ခါတလဲလဲ ဖိတ်ခေါ်နေတာကိုး..."

"မဟုတ်တာတွေ.. ငါ ခေါ်လည်း မင်းငြင်းလို့ရတယ် မဟုတ်ဘူးလား..."

"နင်က အရမ်း စိတ်အားထက်သန်နေတော့ ငါက သနားပြီး မငြင်းရက်တော့တာလေ... "

"ဒါပေမယ့်..."

"နင် ထပ်ပြောရဲ ပြောကြည့်စမ်း..."

ကျီချင်းရန် လှပသည့် မျက်၀န်းတို့ဖြင့် အန္တရာယ်ရှိသည့် အကြည့်တစ်ချက်ပေးလိုက်သည်။ အကယ်၍ လင်းရီ ထပ်စကား ဆိုလာပါက သူမ ခုန်အုပ်တော့မည့် အသွင် ဖြစ်နေလေသည်။

"အိုကေ.. ဆက်မပြောတော့ဘူး.. ငါက မင်းကို ဒီဆွဲခေါ်လာခဲ့တာပါ ... ဥက္ကဌကျီအတွက် အရမ်းခက်ခဲခဲ့မှာပဲနော်..."

"ဒါပေါ့..."

ရိုးရှင်းသည့် နံနက်စာစားပြီးနောက် ကျီချင်းရန် သူမအခန်းသို့ ပြန်၍ အ၀တ်အစားလဲပြီး မိတ်ကပ်များ လိမ်းခြယ်လိုက်သည်။ အရေးကြီးဆုံးကတော့ သူမ မျက်လုံးအောက်ရှိ အနက်ရောင် အကွက်ကြီးကို ဖုံးကွယ်ရန်ပင်။

ပြင်ဆင်ပြီးနောက် နှစ်ယောက်သား အလုပ်ကိုယ်စီသို့ ဦးတည်လိုက်ကြသည်။

ဌာနသို့ ရောက်သောအခါ ကျီချင်းရန် ကွန်ပျူတာကို အနုစိတ်ကြည့်နေကြောင်း လင်းရီ မြင်တွေ့လိုက်ရ၏။ အနားကွပ် မပါသည့် မျက်မှန်တစ်စုံမှာ သူမ၏ စင်းနေသည့် နှာတံပေါ်တွင် ရှိနေပြီး ကွန်ပျူတာပေါ်ရှိ ဆေးမှတ်တမ်းများကို အာရုံစိုက်နေပုံမှာ တစ်လောကလုံးကို မေ့ပျောက်နေသကဲ့သို့ လင်းရီ ရောက်လာသည်ကိုပင် သတိမထားမိတော့ချေ။

"အစ်ကိုရီ ရောက်လာပြီလား..."

လင်းရီ ရောက်လာသည်ကိုမြင်တော့ ချောင်ရှင်းမှ ဦးစွာ နှုတ်ဆက်လိုက်သည်။ ထိုအခါ လီချူးဟန်လည်း သတိပြုမိသွားပြီး ဘေးသို့ အနည်းငယ် ရွေ့၍ လင်းရီထိုင်ရန် နေရာပေးလိုက်သည်။

"နင် စားခဲ့ပြီလား... လီချူးဟန်မှ ပန်းသီးထုတ်ပေးရင်း မေးလိုက်၏။

"စားခဲ့ပြီ.. ဒါပေမယ့် ပန်းသီးတော့ မဟုတ်ဘူး.."

လင်းရီ ပန်းသီးကို လက်ခံပြီးနောက် ပြုံးကာ ချောင်ရှင်းထံ ကမ်းပေးလိုက်၏။

"အခွံနွှာပေးဦး..."

"အိုကေ..."

ထိုကဲ့သို့ ဆက်ဆံခံရမှုကိုမြင်တော့ အခြား ငယ်ရွယ်သည့် ဒေါက်တာများနှင့် အလုပ်သင်ဆရာ၀န်လေးများမှာ မျက်နှာရှုံ့မဲ့သွားသည်အထိ မနာလိုဖြစ်သွားကြသည်။ သို့သော်လည်း သူတို့ တတ်နိုင်တာ ဘာမျှ မရှိပေ။ လင်းရီကဲ့သို့ မခန့်ညားသလို နောက်ခံလည်း မကြွယ်၀ပေ။ ပို၍ အရေးကြီးသည်က သူတို့၏ ဆေးပညာစွမ်းရည်များမှာ လင်းရီနှင့် မယှဉ်ပြိုင်နိုင် ဖြစ်နေခြင်းပင်။ အဘက်ဘက်မှ နိမ့်ကျနေသည့် သူတို့၏ အခြေအနေများကို စဉ်းစားမိသောအခါ ကြိတ်မနာလိုဖြစ်ရင်း လက်ထဲရှိ ပေါင်မုန့်များကိုသာ အံကြိတ်၍ စားသောက်လိုက်ကြ၏။

မိနစ်အနည်းငယ်ကြာပြီးနောက် ချောင်ရှင်း အခွံနွှာထားသည့် ပန်းသီးစိတ်များကို လင်းရီထံ ကမ်းပေးလိုက်သည်။

"အစ်ကိုရီ မနေ့က ဝီချက်မှာ ထရန်းဖြစ်သွားတဲ့ ဗီဒီယိုအတိုလေး တွေ့မိလိုက်သေးလား..."

"မတွေ့မိဘူး.. ဘာလဲဖြစ်လို့..."

"ကလေးအဖေက လိုင်းပေါ်မှာ အလှူခံလိုက်တာ ခုဆို ယွမ် နှစ်သောင်းတောင် ရနေပြီလေ..."

"အဲ့တာ မကောင်းဘူးလား.. လောကကြီးမှာ ကြင်နာတတ်တဲ့သူတွေ ရှိသေးတာပဲလေ.. "

"ကောင်းတာကတော့ ကောင်းပါတယ်.. ဒါပေမယ့် တစ်ချို့ နာမည်ကြီးတဲ့ ပုံရိပ်တွေက အဲ့ဒီကိစ္စကို အစွဲပြုပြီးတော့ Nosinogen Sodium ကို ဝေဖန်နေကြပြီ.. သူတို့က ဩဇီမှာ ဒေါ်လာ နှစ်ရာနဲ့ ရောင်းတဲ့ဆေးကို ဟွာရှရောက်တော့ ယွမ်ခုနစ်သိန်း ဖြစ်သွားတယ်ဆိုပြီး စောဒကတက်နေကြတာ.. ခု ဆိုရှယ်မီဒီယာပေါ်မှာ ရှိတဲ့လူတိုင်းက ဒီအကြောင်းပဲ မျက်စိနောက်လောက်အောင် ပြောနေကြတာ..."

"အဲ့ကောင်တွေက သောက်ရူးတွေလားဟ.. ဩဇီနဲ့ ဟွာရှက အခြေအနေချင်းမှ မတူတာကို ဘာလို့ လာယှဉ်နေကြတာ.."

"အမှန်ပဲလေ.. ညီမတောင် သူတို့ကို ဩဇီမှာ ဈေးပေါတယ်ဆိုတာက ဆေးအာမခံချက်တွေ ရှိလို့ဆိုပြီး ရှင်းပြလိုက်သေးတယ်.. ဒါပေမယ့် ညီမ ပါးစပ်တစ်ပေါက်နဲ့ လူအများကြီးကို မယှဉ်ပြိုင်နိုင်ဘူးလေ..ဟုတ်တယ်မလား.. ဒါကြောင့်မို့ အဲ့ကိစ္စကို လျစ်လျူရှုလိုက်တော့တာ..."

"အဲ့သောက်ရူးတွေကို ဆက်ပြောပါလေ့စေ.. အလကား အာပဲချောင်နိုင်မှာ.. သူတို့ အဲ့လိုလုပ်နေလို့လည်း ဘယ်သူမှ ထိခိုက်မသွားဘူး...နောက်လေးငါးရက်နေလို့ အကြောင်းသစ်တစ်ခုတွေ့ရင် ဆက်ပြောတော့မှာ မဟုတ်ဘူး..."

လက်ရှိ လူ့အဖွဲ့အစည်းမှာ အရမ်းကို မိမိတစ်ဘို့တည်းကြည့်သည်ဟု လင်းရီ တထစ်ချယုံကြည်လေသည်။ လတ်တလော ဟစ်ထနေသည့် အကြောင်းအရာကို ရက်သတ္တပတ်တစ်ခုမျှဆွေးနွေးပြီးနောက် အခြား ထရန်းဖြစ်သည့် အကြောင်းအရာများနောက်သို့ ကူးပြောင်းသွားလိမ့်မည်။ ထို့ကြောင့် ထိုစကားလုံးများ ပျောက်ကွယ်သွားရန်မှာ သိပ်ကြာလိမ့်မည် မဟုတ်ချေ။

"အဲ့လိုဖြစ်ပါစေလို့ပဲ ဆုတောင်းတယ်..."ချောင်ရှင်း ဆွံ့အစွာဖြင့် ဆိုလိုက်ပြီး "သူတို့က ကူငွေလေးလိုချင်တာကို ဒီလိုတွေ ဖြစ်ပျက်သွားလိမ့်မယ်လို့ ထင်ထားမှာတောင် မဟုတ်ဘူး.. လူတွေက ဘာတွေ မှန်းလည်းမသိဘူး..."

"အင်း..."လင်းရီ စားရင်း ခေါင်းညိမ့်လိုက်ပြီး "ဒီ ပန်းသီးက တော်တော်ချိုတာပဲဟ..."

"မနက်ဖြန် ပိုယူလာခဲ့ပေးမယ်လေ.. "လီချူးဟန် ပြုံးလျက် ပြောလိုက်သည်။

"ဒါရိုက်တာလီ.. အစ်ကိုရီက ပန်းသီးမကြိုက်ဘူးနော်..."

"ဟင် ဟုတ်လား... သူက ဘာလဲကြိုက်တာ.."

"အစ်ကိုရီက ပေါက်စီတွေ အကြိုက်ဆုံးပဲ.. ဖြူဖွေးနူးအိပြီး ထွားနေတာလေးတွေဆို အစ်ကိုရီက ပိုကြိုက်တယ်..."ပြောရင်းဖြင့် ချောင်ရှင်း လီချူးဟန်၏ ရင်ဘက်ကို မျက်စပစ်ပြလိုက်သည်။

ငှက်ပျောသီးတုန်းက အဓိပ္ပာယ်မပေါက်ခဲ့သည့် လီချူးဟန်မှာ ယခု တစ်ခါတွင်တော့ နားလည်လွယ်ကူသွားပြီး ရှက်ရိပ်လေးများ သမ်းလာလေသည်။

"နင် ပေါက်တတ်ကရတွေ လျှောက်လုပ်မနေနဲ့.. ငါပေးထားတဲ့ အလုပ်တွေ ပြီးပြီလား.."

"ထားပါလေ..."ချောင်ရှင်းပြောလိုက်ပြီး "ညီမအထင် အစ်ကိုရီက မြည်းစမ်းကြည့်ပြီးပြီ ထင်တာပဲ..."

လီချူးဟန် မျက်နှာမှာ သူမ ပေးသည့် ပန်းသီးကဲ့သို့ နီရဲနေပြီး ပြောစရာ စကားရှာမရသည်အထိ ရှက်ရွံ့နေလေသည်။

လင်းရီကတော့ မည်သို့မျှ စိတ်မရှိပေ။ သို့သော်လည်း အင်မတန် ရှက်ရွံ့နေသည့် လီချူးဟန်ကို ကြည့်ရင်း လင်းရီစိတ်ထဲ အေးတိအေးစက်နိုင်သည့် အမျိုးသမီးလေးထက်စာလျှင် ယခုလို ချစ်စဖွယ် ပုံရိပ်ကို ပို၍ နှစ်ခြိုက်ဖို့ကောင်းသည်ဟု ခံစားမိ၏။

ကလင် ကလင်...

ထိုအခိုက်အတန့်တွင် လျန်ရူရွှယ်ထံမှ ဖုန်း၀င်လာခဲ့၏။

"နင် နေ့လည်စာ ဘယ်ချိန် စားမှာ..အားရင် ငါနဲ့ နေ့လည်စာ အတူစားမလား ....”

All Chapters