← Chapters

ကမ္ဘာကြီးကို သွားကြားထိုးထံတစ်ချောင်းလေးနဲ့ မချင်လို့ဘယ်လို့ရမှာ

Vol. 36 Ch. 539

ကမ္ဘာကြီးကို သွားကြားထိုးထံတစ်ချောင်းလေးနဲ့ မချင်လို့ဘယ်လို့ရမှာ

Vol. 36 Ch. 539

"ရတယ်လေ.. ‌နေ့လည် ၁၂ နာရီ .. ဟွားရန်စားသောက်ဆိုင်..."

"အိုကေ..."

နေ့လည်စာစားရန် ချိန်းဆိုပြီးနောက် လင်းရီ သူ၏ အလုပ်များကို စတင်လုပ်ဆောင်လေသည်။

ခွဲစိတ်မှု တစ်ခုစ နှစ်ခုစ ရှိသော်လည်း တစ်ခုတစ်လေကမျှ လင်းရီအတွက် မခက်ခဲချေ။ ရောဂါကို ကြိုတင်စစ်ဆေးရင်း တစ်နာရီမျှ အချိန်ပေးလိုက်ရုံဖြင့် ဖြေရှင်းနိုင်သည်။ တစ်ခု ခက်ခဲသည်က နှလုံးသွေးလွတ်‌ကြောလမ်းကြောင်းလွဲနေသည့် ကလေး လျိုဇီဟောက်၏ ခွဲစိတ်မှုကို တရား၀င် အတည်ပြုလိုက်ခြင်းပင်။

လင်းရီ အဆိုပါခွဲစိတ်မှုကို လီချူးဟန်နှင့် သေချာဆွေးနွေးရပေမည်။

သို့နှင့် နှစ်ယောက်သား တစ်မနက်ခင်းလုံး ထို ခွဲစိတ်မှုအတွက် အစီအစဉ်များကို ဆွေးနွေးတိုင်ပင်ကြသည်။

ကျန်သည့် ဌာနရှိ ဒေါက်တာများကလည်း အလေးအနက်ထား၍ နားစွင့်နေကြလေသည်။

လင်းရီ၏ သီအိုရီများနှင့် မထင်မှတ်ထားသည့် ရှုထောင့်များမှ သုံးသပ်ပြသွားသည်က ၎င်းတို့ကို ကြက်သေသေသွားစေခဲ့၏။

'သူက ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဘာလို့ ဒီလောက်တောင် တော်နေတာ.. ငါတို့ထက် နောက်မှ ရောက်လာခဲ့တာမဟုတ်ဘူးလား...'

သို့သော်လည်း လီချူးဟန်၏ မျက်၀န်းများထဲတွင်တော့ လေးစားမှုများဖြင့် ပြည့်နှက်နေလေသည်။

သို့သော်လည်း ဆွေးနွေးနေစဉ်အတွင်း နှစ်ယောက်သား ခွဲစိတ်ရန် နည်းလမ်းနှင့် စပ်လျဉ်း၍ သဘောထား မတိုက်ဆိုင်မှုများ ဖြစ်ပွားခဲ့ရသည်။ ခွဲစိတ်ပြီးနောက် လျင်မြန်စွာ သက်သာလာစေရေးအတွက် လင်းရီက အစွန်းရောက်ပြီး ရဲတင်းသည့် နည်းလမ်းဖြင့် ခွဲစိတ်ချင်နေသည်။ သို့သော်လည်း လီချူးဟန်က အဆိုပါနည်းလမ်းကို ငြင်းဆန်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ယင်းက အရမ်းအန္တရာယ် များသောကြောင့်ပင်။ အောင်မြင်နိုင်ချေမှာ တစ်ရာခိုင်နှုန်းသာ ရှိပြီး ထိုမျှ နိမ့်ပါးသည့် ကံတရားအပေါ် လီချူးဟန် မစွန့်စားနိုင်ပေ။

သူမဘက်ကတော့ ပိုပြီး အန္တရာယ်ကင်းသည့် ပုံစံဖြင့် ခွဲစိတ်ချင်သည်။ ယင်းက လင်းရီ အကြံပြုသည့် နည်းလမ်းလောက် ပြန်လည်သက်သာသည့် ဖြစ်စဉ်မှာ မကောင်းမွန်သော်လည်း စိတ်ချရသည့် နည်းလမ်းတစ်ခုဖြစ်၏။

နှစ်ယောက်သား ‌၎င်းတို့၏ အမြင်များကို ဆက်လက် ငြင်းခုန်းနေကြရင်း နေ့လည်သို့ ရောက်သွားခဲ့၏။ မည်သူ့ဘက်ကမျှ အလျော့ပေးရန် ဆန္ဒမရှိကြချေ။ သို့သော်လည်း ယင်းက လင်းရီတို့နှစ်ယောက်ကြားရှိ ရင်းနှီးမှု သံယောဇဉ်ကိုတော့ မပျက်ပြားသွားစေပဲ ပုံမှန်အတိုင်း ပြောဆိုဆက်ဆံကြ၏။

နေ့လည်ပိုင်းတွင် လင်းရီ ဟွားရန်စားသောက်ဆိုင်သို့ သွားပြီး လျန်ရူရွှယ်နှင့် တွေ့ဆုံလိုက်သည်။

လျန်ရူရွှယ်မှာ ပုံမှန် ရုံး၀န်ထမ်းအမျိုးသမီးတို့ ၀တ်ဆင်လေ့ရှိသည့် မီးခိုးရောင် ၀တ်စုံကို ၀တ်ဆင်ထားသော်လည်း လင်းရီအတွက်တော့ ဆွဲဆောင်မှုရှိမနေပေ။ သူတစ်ချက်မျှ ကြည့်ပြီး မည်သို့မျှ စိတ်၀င်စားသည့်ဟန် မပြ။ ယင်းက သူမ၏ အလှအပေါ် ဂုဏ်ယူသည့် လျန်ရူရွှယ်အတွက် ရန်စသလို ဖြစ်သွားပြီး မကျေမချမ်းမှုများ ပြည့်နှက်သွားတော့၏။

ဘယ်လိုတောင် သွေးကြီးလိုက်လဲ...

လျန်ရူရွှယ်၏ အထူးအထောက်အထားကြောင့် လင်းရီ သီးသန့်ခန်းတစ်ခု ယူလိုက်သည်။ ထို့နောက် ဟင်းပွဲများမှာ၍ နှစ်ယောက်သား စတင်စားသောက်ကြလေသည်။

"ဘာပြောစရာရှိလို့ ခေါ်လိုက်တာ..."လင်းရီ မေးလိုက်၏။

"ကျောက်မို မနေ့ညက ငါ့ဆီ ဖုန်းဆက်လာပြီးတော့ နင် ငွေချေးထားသေးလားလို့ လှမ်းမေးတယ်..."

"ပြီးတော့ကော.. သူ ဘာဆက်ပြောသေးလဲ..."

"ဘာမှ မပြောပါဘူး..."လျန်ရူရွှယ် လင်းရီကိုကြည့်ပြီး "ဒါပေမယ့် နင့်ပုံစံကြည့်ရတာ အရမ်းတည်ငြိမ်နေသလိုပဲနော်..."

"ဒီလိုဖြစ်လာမယ်လို့ ခန့်မှန်းပြီးသားလေ.."လင်းရီ ပြောလိုက်ပြီး "ခုချိန်လောက်ဆို ဒီကောင် တော်တော်လေး အံ့အားသင့်နေလောက်ပြီ...."

"ဘာလို့လဲ...."

လင်းရီ သူ့နာရီကို ကြည့်လိုက်ပြီး "ခု ၁၂ ခွဲပြီဆိုတော့ သူ ရောင်းချတဲ့ နှုန်းအတိုင်းဆိုရင် ငါတို့ဘက်က ယွမ်သုံးဆယ်ဘီလီယမ်လောက် ၀ယ်ပြီးသွားပြီ.. ငါခန့်မှန်းသာ မှန်မယ်ဆိုရင် သူ့လက်ထဲမှာ နောက်ထပ် ၂၀ ဘီလီယမ်ဖိုး ရှယ်ယာတွေ ကျန်နေသေးတယ်.. တကယ်လို့ ငါ့ဘက်က ဆက်ပြီးတော့ ၀ယ်နေမယ်ဆိုရင် သူ့ရဲ့ ပထမ အစီအစဉ် ကျရှုံးသွားပြီး Muddy watersက ၀င်ပါလာရတော့မှာ..ဒီလိုဆို သူ ငြိမ်ငြိမ် ထိုင်နေနိုင်မှာ မဟုတ်တော့ဘူး...."

"နင်က ယွမ် ၃၀ ဘီလီယမ်ဖိုးတောင် ၀ယ်ပြီးပြီပေါ့လေ...."

"ဘာလဲဖြစ်လို့... "လင်းရီ မေးလိုက်ပြီး "အဲ့လောက်လေးမှ မတောင့်ခံနိုင်ရင် ဒီကိုလာပြီး မင်းနဲ့အတူ ထမင်းစားဖို့ စိတ်ကောင်း၀င်နေမယ်လို့များ ထင်နေတာလား..."

"နင် အဲ့လောက် ပိုက်ဆံတွေ အများကြီး ဘယ်က ရခဲ့တာ..."

"နင် တကယ်ကြီး လုံရှင်းကို အပေါင်ထားလိုက်တယ်လို့တော့ ငါ့ကို လာမပြောနဲ့နော်... နင့်မှာ ပိုက်ဆံ မရှိဘူးဆိုရင် ငါ့ကို ပြောလို့ ရတယ်လေ.. ငါ ချေးပေးမှာပေါ့..."

"မလိုပါဘူး.. ငါ အချိန်အတိုင်းအတာ တစ်ခုလောက်ထိတော့ အေးဆေး တောင့်ခံနိုင်သေးတယ်...."လင်းရီ ပြောလိုက်ပြီး "ငါက ကျောက်မို သူ ချေးထားတဲ့ ရှယ်ယာတွေ အကုန်လုံး သုံးပြီးတဲ့ အချိန်ထိ စောင့်နေတာ... ပြီးရင် Muddy waters ကို ခုကစားပွဲထဲ ၀င်ပါခိုင်းလိုက်မယ်.. ပြည်သူတွေရဲ့ ရှုမြင်မှုက စတော့ဈေးကွက်ကို ထိန်းချုပ်ဖို့ အကောင်းဆုံးပဲဆိုတော့ ဒီကောင်တွေ တစ်လနီးပါးလောက် အချိန်ယူ ပြင်ဆင်ထားပြီး လောက်ပြီ... လွယ်တော့ မလွယ်လောက်ဘူး...."

"ဒါဆို ငါ ကူညီပေးနိုင်တာ မရှိဘူးလား..."

"ရှိတာပေါ့.."လင်းရီ ပြောလိုက်ပြီး "တကယ်လို့ မင်းသာ ကူညီပေးမယ်ဆိုရင် Muddy Watersဆယ်ခုလာတောင် ကြောက်စရာမလိုတော့ဘူး... ကျောက်မိုဆိုတဲ့ကောင်ကို လေတစ်ချက်နဲ့တင် မှုတ်သတ်လိုက်လို့ရတယ်...."

"ဘယ်လိုမျိုးလဲ..."

"သွားပြီးတော့ ငါနဲ့ ကိုယ်၀န်ရထားပါတယ်လို့ ကြေညာလိုက်.. အဲ့လိုဆို အကောင်ကြီးကြီးတွေ အကုန်လုံး လန့်ဖျန့်ပြီး ဘေးဖယ်နေရတော့မှာ..."

"ဟွန့်...နင်က ငါ့ကို တစ်ချိန်လုံး အခွင့်ရေးယူဖို့လောက် စဉ်းစားနေတယ်ပေါ့လေ.... သွေးကြီးတယ်လို့ ပြောတာတောင် နင့်ကို ချီးကျူးရာ ကျနေပြီ...."

"ဟေ့ ဟေ့ မြို့တော်၀န်လျန်.. မင်းရဲ့ စကားအသုံးနှုန်းတွေကို ကြည့်ပြောမှပေါ့.. ငါက ဘယ်လိုလုပ်ပြီး သွေးကြီးတဲ့ကောင် ဖြစ်သွားတာ..."

"ငါ့ရဲ့ ပေါင်သားတွေကို ပြတဲ့ စကတ်တွေ ၀တ်ထားတုန်းက နင် မျက်တောင်မခတ်ပဲ စိုက်ကြည့်နေတာလေ... ဒီနေ့လို ၀တ်စုံပြည့် ၀တ်လာတော့ကျ တစ်ချက်ကလေးတောင် လှည့်ကြည့်ဘူး.. အဲ့တာ မောက်မာတာ မဟုတ်တော့ ဘာလဲ..."

"ဘာလို့ဆို မင်းရဲ့ အ၀တ်အစားတွေက အရမ်းကို လှပပြီး တောက်ပလွန်းလို့လေ..တိုက်ရိုက်ကို မကြည့်၀ံ့ဘူး..... ဒါပေမယ့် အပေါ်ထပ်လေး ချွတ်လိုက်ရင်တော့ ကြည့်နိုင်မယ် ထင်တာပဲ..."

"ဆုတောင်းလေ..."

"ငါကတော့ မင်းလို သိမ်မွေ့နူးညံ့သူလေးကို ရဖို့ပဲ ဆုတောင်းမှာ..."

'အာ... ဒီကောင်စုတ်က ကလူကျီစယ်ဖို့ဆို စကားအရမ်းတတ်တာပဲ...'

"ဘာတွေ လျှောက်ပြောနာ... ငါက နင်ပြောသလိုလည်း နူးညံ့သိမ်မွေ့မနေပါဘူးနော်..."လျန်ရူရွှယ် ရှက်ရွံ့စွာဖြင့် ပြောလိုက်လေသည်။

"ဒါဆို မင်းက ကိုယ့်ကိုယ်ကို Tomboy မှန်းတော့ သိသေးတယ်ပေါ့လေ.. ဒါတောင် မပြုပြင်ချင်ဘူးပေါ့..."

လျန်ရူရွှယ် "......"

"ငါ နင့်ကို ခက်ရင်းခွဲနဲ့ ထိုးလို့ရလား..."

လင်းရီ တဟားဟား ရယ်မောလိုက်ပြီး "လာ... စိတ်မဆိုးနဲ့... သင်္ဘောသီးလေးစားလိုက်.. မင်းအတွက် တကူးတက မှာထားပေးထားတာ... "

"သွားစမ်းပါ.. ငါ့ရဲ့ ရင်အုံဆိုဒ်က အနေတော်ပဲ.. သည်ထပ်ကြီးအောင် သင်္ဘောသီး စားစရာမလိုဘူး..."

"မင်းမစားတော့လည်း ငါစားတာပေါ့ကွာ..."လင်းရီ ပြောလိုက်ပြီး "မင်း ဒီရောက်လာတာ ငါ့ကို အဲ့စကားပြောဖို့ပဲလား..."

"ဘယ်ကမှာ..."လျန်ရူရွှယ် ပြောလိုက်ပြီး "နင်မှတ်မိသေးလား.. လွန်ခဲ့တဲ့ နှစ်ရက်လောက်တုန်းက ငါတို့ ဆေးရုံက ထွက်ခွာနီး SMA ဖြစ်နေတဲ့ ကလေးလေးလေ..."

"အင်း .. သူ့နာမည်က လျိုဇီဟောက်တဲ့... "လင်းရီ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်ပြီး "သူ့မိသားစုက တကယ်လည်း ကံဆိုးလွန်းပါတယ်ကွာ.. အဲ့ကလေးက SMA ဖြစ်ရုံတင် မကသေးဘူး... နှလုံးသွေးလွတ်ကြောလွဲတဲ့ ရောဂါပါရှိနေတာ... ကလေးရဲ့ အသက်က ငရဲတံခါး၀ကို ခြေတစ်၀က်လှမ်းနေပြီလို့တောင် ပြောလို့ရတယ်..."

"ဟင်.. အဲ့လောက်တောင်ဆိုးတာလား.... ကုလို့ကော ရပါ့မလား..."

"အသက်ရှင်နိုင်ချေတော့ ရှိတယ်... ဒါပေမယ့် အရမ်းကို နည်းပါးလွန်းတယ်..."လင်းရီ ပြောလိုက်ပြီး "ငါ ဒီမနက်ခင်းတစ်ခုလုံး ဒါရိုက်တာလီနဲ့ ခွဲစိတ်မယ့် အစီအစဉ်အကြောင်း ဆွေးနွေးနေတာတောင် အဖြေက ထွက်မလာသေးဘူး.. ခု သူတို့ မိသားစုက လိုင်းပေါ်မှာ အလှူခံထားတယ်လို့တော့ ပြောတာပဲ.....ဘယ်လောက်ရလာမလဲ စောင့်ကြည့်ကြတာပေါ့...."

"ဘယ်လောက် သနားစရာ ကောင်းလိုက်လဲ...."

"အင်း..."လင်းရီ စားသောက်တော့မည့် သူ၏ တူများကို ပြန်ချထားလိုက်သည်။ ထိုခေါင်းစဉ်သို့ ရောက်သောအခါ သူ့ရှေ့ရှိ စားစရာများအားလုံးမှာ ယခင်ကလောက် သင်းပျံ့မနေတော့ချေ။ "မင်း ဒါကို ရည်ရွယ်ချက်ရှိရှိ မေးနေတာမလား..."

လျန်ရူရွှယ် ဘာမျှပြန်မပြောပဲ သူမဖုန်း ဓာတ်ပုံပြခန်းထဲမှ တစ်တော့ ဗွီဒီယိုတစ်ပုဒ်ကို ဖွင့်လိုက်သည်။ မိနစ်အနည်းငယ်ကြာအောင် ကြည့်ရှုပြီးနောက် လင်းရီ အဘယ်ကြောင့် သူမ လာရှာလဲဆိုတာကို နားလည်သွားတော့သည်။

။ယင်းက အဘယ်ကြောင့်ဆိုသော် လျိုမိသားစုမှ အွန်လိုင်းတွင် အလှူခံသည့် ဗွီဒီယိုတစ်ပုဒ်ကို တင်လိုက်၏။ သို့သော်လည်း လူအများ၏ အာရုံမှာ လှူဒါန်းပေးရန် စိတ်မ၀င်စားပဲ ယွမ် ခုနစ်သိန်းပေးရသည့် Nosinogen Sodium ထိုးဆေးအပေါ်ကိုသာ အာရုံရောက်နေကြပြီး ထိုအကြောင်းကိုသာ အဓိက ဆွေးနွေးလာကြလေသည်။

"အဲ့လို သောက်ဦးနှောက် မရှိတဲ့ကောင်တွေရဲ့ ကွန်းမန့်ကလည်း အတော်လေး လွှမ်းမိုးနိုင်သားဟ..."

"ဒါပေါ့.. လူတွေရဲ့ မကောင်းမြင်စိတ်က ခပ်များများရယ်... မန့်တက်လာရင်တောင် မကောင်းတဲ့ဟာတွေ ပိုအာရုံစိုက် ဖတ်ဖြစ်တာ များတယ်မလား...."

"ဒါပေမယ့် မင်း ဒီဗွီဒီယိုပြဖို့ ခေါ်လိုက်တာတော့ မဟုတ်ဘူးမလား..."လင်းရီ ပြောလိုက်ပြီး "ငါ့ကို အစားထိုးဆေး ထွင်ခိုင်းချင်နေတာလား..."

လျန်ရူရွှယ် လင်းရီကို စူးစိုက်ကြည့်လိုက်ပြီး "နင် လုပ်နိုင်မှာလား..."

"ဘယ်သူ မေးခိုင်းတာ....အဲ့တာ မင်းမေးချင်တဲ့ မေးခွန်း မဟုတ်ပါဘူး.."

လျန်ရူရွှယ် ကြက်သေသေသွားခဲ့ပြီး "နင်က ဘယ်လိုလုပ်ပြီးသိတာ..."

"မင်းက ကြင်နာတတ်တယ်လေ.. ငါ ပင်ပင်ပန်းပန်းနဲ့ ဆေးထွင်နေမှာကို ကြည့်ရက်လို့လား..."

"ရှီး... ငါတော့ နင့်ဆီကနေ ဘာမှကို ဖုံးကွယ်ထားလို့ မရတာပဲ..."

လျန်ရူရွှယ် ပြောလိုက်ပြီး "မနေ့ညတုန်းက ရန်ရန်ရဲ့အဖေ အန်ကယ်ချိန် ငါ့ဆီ ဖုန်းဆက်လာတယ် .. နင်က ဟွာရှန့်ဆေးနယ်ပယ်မှာ ဆရာတစ်ဆူဆိုတော့ ဒီကိစ္စကို ဖြေရှင်းဖို့ နည်းလမ်းရှိမရှိ သိချင်နေကြတာ.. ဆေးစွမ်းက အားနည်းနေရင်တောင် ကိစ္စမရှိဘူး..."

"လာနောက်မနေစမ်းနဲ့..."လင်းရီ သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "ငါက သာမန်ဆေးလေးတွေ ထွင်နိုင်တယ်ဆိုပေမယ့် ဒီလိုဆေးမျိုးတော့ စဉ်းတောင် မစဉ်းစားနဲ့..."

"အဲ့တာဆို ထွင်ဖို့ အရမ်းခက်ခဲမှာပေါ့နော်..."

"ခက်ခဲတာထက်ကို ပိုတယ်..."လင်းရီ ပြောလိုက်ပြီး "ဟွာရှန့်တိုင်းရင်းဆေးနည်းစနစ်တွေက အနောက်တိုင်းဆေးဝါးတွေထက်ကို ပိုပြီးတော့ ရှုပ်ထွေးတယ်.. ငါ့ဘက်က ဆေးညွှန်း ရှိရင်တောင် လိုအပ်တဲ့ ဆေးပင်တွေကျ ရှိမှာ မဟုတ်ဘူး.. ရှိလို့ ထွင်နိုင်ရင်တောင် Nosinogen Sodiumထက်ကို ပိုပြီး ဈေးများသွားနိုင်တယ်... ဒီတော့ အလကားပဲ...."

"အရင်းရှင်တွေက လောဘကြီးရင် ကြီးမယ်... ဒါပေမယ့် သူတို့က ဈေးကွက်စည်းမျဉ်းတွေကိုတော့ လိုက်နာကြရတယ်... အရာအားလုံးက သူ့တန်ဖိုးနဲ့သူ သင့်တင့်မျှတပြီးသားပဲ... ကမ္ဘာကြီးကို သွားကြားထိုးတံတစ်ချောင်းလေးနဲ့ မချင်လို့ ဘယ်လို့ရမှာ ... “

All Chapters