သူ့ပိုက်ဆံတွေ ဘယ်က ရခဲ့တာလဲ..
Vol. 36 Ch. 540
"စိတ်ထဲ ထားမနေပါနဲ့..."လျန်ရူရွှယ် ပြောလိုက်ပြီး"အန်ကယ်ချိန် ပြောလာတာဆိုတော့ ငါလည်း ငြင်းလို့မကောင်းဘူးလေ..... ဒါကြောင့်မို့ နင့်ကို လာမေးကြည့်တာ...."
"အဆင်ပြေပါတယ်... သူလည်း သူ့အလုပ်သူ လုပ်နေတာပဲလေ.... သူက ဆေးကို သာမန်လူတွေပါ တတ်နိုင်တာမျိုး လိုချင်နေတာ..."လင်းရီပြောလိုက်ပြီး "ငါဆိုရင်လည်း သူနဲ့ တစ်ထေရာတည်းလုပ်မိမှာပဲ... ဖြစ်နိုင်ရင် ဟွာရှက ဆေးရုံတွေ အကုန်လုံးတောင် ပိတ်ချပစ်လိုက်ချင်တာ... လူနာတွေ မရှိလေ ကောင်းလေပဲ.. "
လျန်ရူရွှယ် သူမ လက်တစ်ဖက်ဖြင့် မေးထောက်ကြည့်လိုက်၏။ လင်းရီ၏ ဖြူစင်သည့် စိတ်သဘောထားကို သူမအပြည့်အ၀ ခံစားမိလေသည်။
"နင်ကော... နင့်ရဲ့ အနာဂတ် အစီအစဉ်က ဘယ်လိုမျိုးလဲ... ဟွာရှန်းဆေးရုံမှာပဲ တစ်သက်လုံးနေသွားတော့မှာလား..."လျန်ရူရွှယ် မေးမြန်းလိုက်ပြီး "နင့်ရဲ့ လက်ရှိ အရည်အချင်းတွေနဲ့ဆိုရင် နောက်နှစ်နှစ် သုံးနှစ်လောက်ဆို ဆေးရုံ ဒါရိုက်တာတောင် ဖြစ်လာနိုင်တယ်နော်..."
"ငါက ဒီခွဲစိတ်မှုပြီးရင် နှုတ်ထွက်တော့မှာ..."
"နှုတ်ထွက်တော့မယ်...ဘာလို့လဲ..."
"ဆေးရုံက နာ့စ်တွေကို ဖွန်ကြောင်လို့ ၀သွားပြီလေ.. အလုပ်ပြောင်းပြီး တခြားကောင်မလေးတွေကို လိုက်ကြောင်ရင် ကောင်းမလားလို့ စဉ်းစားနေတာ...."
"နင့်အကြောင်းပြချက်ကြီးကလည်း......."
......
ညနေစာ စားပြီးနောက် လင်းရီ ဟွာရှန်းဆေးရုံသို့ ပြန်လာခဲ့သည်။
ခွဲစိတ်မှုပြီးနောက် လင်းရီ နာရီတစ်ချက်ကြည့်လိုက်သောအခါ ညနေ လေးနာရီ ထိုးနေလေပြီ။ ထို့ကြောင့် ချောင်ရန် အုပ်စုသို့ သွား၍ ကျီချင်းရန်နှင့်အတူ ယွင်ရွှေဗီလာသို့ပြန်ကာ အ၀တ်အစားများ သွားရောက် ယူဆောင်ပေးလိုက်သည်။
"ရီ...ကျောက်မိုက ယွမ် ၃၅ ဘီလီယမ်ဖိုး ထုတ်ရောင်းပြီးသွားပြီနော်.. ခုဆို ငွေကြေးနယ်ပယ် တစ်ခုလုံးက တစ်စုံတစ်ယောက်က Didi ရဲ့ ရှယ်ယာတွေကို တန်ဖိုးကျအောင် လုပ်ချင်နေတယ်ဆိုတာ သိသွားကြပြီ.. ဒါပေမယ့် ဘယ်သူလုပ်တယ်ဆိုတာတော့ မသိကြသေးဘူး..."ကားထဲသို့ ရောက်လာပြီးနောက် ကျီချင်းရန် သူမ၏ နေကာမျက်မှန်ကို ချွတ်၍ ပြောလိုက်သည်။
"ကံကောင်းချင်တော့ ယွမ်ယွမ်က အချိန်မှီ အားလုံးကို ပြန်၀ယ်နိုင်လိုက်တယ်လေ... အခြေအနေကို အချိန်မှီ ထိန်းချုပ်နိုင်သွားပြီ..."
လင်းရီ တခဏမျှ စဉ်းစားလိုက်ပြီးနောက် "ငါ့စိတ်ထင် မနက်ဖြန်လောက်ဆို သူ့ရဲ့ ရှယ်ယာတွေ အားလုံး ကုန်လောက်ပြီ. အဲ့ခါကျရင် Muddy waters က ၀င်ပါလာတော့မှာ..."
"နင် ခန့်မှန်းတာ မှန်မယ်ဆိုရင် သူတို့ မနက်ဖြန် အလုပ်စလာတော့မှာပေါ့နော်..."
"အတိအကျပဲ... ပြပွဲကောင်းကောင်း စောင့်ကြည့်ကြတာပေါ့ကွာ..."လင်းရီ သူ့လက်ဝါးနှစ်ဖက်ကို ပွတ်ဆွဲလိုက်ပြီး "ဒီရဲ့ Muddy Waters Researchက ဘယ်လောက်ထိ စွမ်းဆောင်နိုင်လဲဆိုတာ ငါကြည့်ကြည့်စမ်းမယ်...."
ကျီချင်းရန် လင်းရီကို တောက်ပစွာ ပြုံးပြလိုက်ပြီး "ငါက နင် အဲ့လို ယုံကြည်ချက်ရှိတာမျိုးကို သဘောကျတာ..."
"ငါကတော့ မင်းရဲ့ 36D ဘော်ဒီအချိုးအစားကိုပဲ သဘောကျတယ်...."
"မကောင်းတဲ့ကောင်...."
ယွင်ရွှေဗီလာသို့ ရောက်လာပြီးနောက် လင်းရီ စိတ်ထဲ၌ ထူးဆန်းသည့် ခံစားချက်တို့ ပေါက်ဖွားလာခဲ့သည်။ သူ ဤဗီလာသို့ နောက်ဆုံးရောက်လာခဲ့သည်မှာ အတော်လေး ကြာညောင်းလှပြီ ဖြစ် ၏။ ထို့ကြောင့် စိတ်ထဲ၌ ရင်းနှီးမှုနှင့် ထူးဆန်းသည့် စိတ်ခံစားချက်တို့က ရောပြွမ်းနေလေသည်။ကျီချင်းရန် သူမ၏ အ၀တ်အစားများကို ထုပ်ပိုးရန် အလျင်မလိုပေ။ တစ်နာရီကြာပြီးနောက် သူမ၏ ခရီးဆောင်အိတ်ကို သယ်လျက် အောက်သို့ ဆင်းလာခဲ့၏။ ထို့နောက် နှစ်ယောက်သား ညနစာစားကာ ကျိုကျုံးဗီလာထံသို့ ပြန်ရောက်လာလေသည်။
ထိုညပိုင်းတွင်ပဲ ချင်းဟန်၊ လျန်ကျင်းမင်နှင့် ကောင်းကျုံးယွမ်တို့ အားလုံး လင်းရီထံ ရောက်လာခဲ့ကြ၏။
" မရီး မင်္ဂလာပါဗျ..."လျန်ကျင်းမင် နှင့် ကောင်းကျုံးယွမ်တို့ ပြိုင်တူနှုတ်ဆက်လိုက်ကြသည်။
ယခုတစ်ကြိမ်တွင်တော့ ကျီချင်းရန်၏ အမူအရာမှာ ပို၍ သဘာ၀ကျကျ ပြမူနေပြီး သူမမျက်နှာထက်၌ ပျော်ရွှင်သည့် အရိပ်အယောင် တစ်စွန်းတစ်စကိုပင် တွေ့မြင်နေရသည်။
"ခဏစောင့်နော်.. ငါနင်တို့အတွက် လက်ဖက်ရည်နဲ့ အသီးတွေ ယူလာခဲ့ပေးမယ်..."
သိမ်မွေ့ပြီး ကျက်သရေရှိလှသည့် ကျီချင်းရန်ကို မြင်တော့ ချင်းဟန် ရှုံ့မဲ့နေသည့် မျက်နှာထားဖြင့် "လင်းကြီး ...မင်း ဒီလို မိန်းမလှလေးနဲ့ တွေ့ဆုံနိုင်အောင် အရင်ဘ၀တုန်းက ဂလက်ဆီတစ်ခုလုံးကို ကယ်တင်ထားတာများလား.. "
"မဆိုင်ပါဘူး.. ငါကိုယ်တိုင်ကိုက ခန့်ချောကြီးဖြစ်နေလို့ပါဟ...."
"သွားစမ်းပါ..."
လက်တွေ့တွင်တော့ ချင်းဟန်၊ လျန်ကျင်းမင်နှင့် ကောင်းကျုံးယွမ်တို့မှာ သူတို့၏ လွတ်လပ်မှုကို တန်ဖိုးထားကြသူများ မဟုတ်ကြပေ။
အကယ်၍ ကောင်းမွန်သည့် အမျိုးသမီးကောင်းတစ်ယောက် ရှာတွေ့ပါက သူတို့ မဆိုင်းမတွ လက်ထပ်လိုက်မည်မှာ အမှန်ပင်။
"မင်းဘက်က အခြေအနေတွေ ဘယ်လိုရှိလဲ "
ချင်းဟန် မေးမြန်းလိုက်ပြီး "ငါ ခုလေးတင် ဈေးကွက်ကို ကြည့်ကြည့်လိုက်တော့ မင်းဘက်က ၃၀ ဘီလီယမ်ဖိုးလောက် ပြန်၀ယ်ပြီးသွားပြီမလား... ပိုက်ဆံက လောက်ပါ့မလားဟျောင့်... လိုအပ်ရင် ငါတို့ နောက်ထပ် ၁၀ ဘီလီယမ်လောက် စုဆောင်းပေးနိုင်တယ်...."
"လုံလောက်တာထက်ကို ပိုတယ်...."လင်းရီ ပြောလိုက်ပြီး "သူတို့ လက်ထဲမှာရှိတဲ့ စတော့တွေက မနက်ဖြန်လောက်ဆို ကုန်ပြီ.. ငါ့အတွက် စိတ်မပူနဲ့.. ဒီလောက်ကတော့ အေးဆေးပါ...."
"ကောင်းပြီလေ.. မင်းမှာ အခက်အခဲရှိရင်လည်းပြော .. တစ်ယောက်ထဲ ထင်ပေါ်ဖို့ မကြိုးစားနဲ့... ငါတို့ သုံးယောက်ကိုလည်း ရှိုးပြခွင့် ပေးဦးမှပေါ့ကွ..."
"အမှန်ပဲ..."လျန်ကျင်းမင် စနောက်လိုက်ပြီး "အစ်ကိုကြီးလင်းက အမြဲတမ်း ထင်ပေါ်နေပြီးတော့မှ ကျုပ်တို့သုံးယောက်ကို လူတွေမေ့အောင် လုပ်နေသလိုပဲ......"
"မဆိုင်ပါဘူးဟ... မင်းတို့ကောင်တွေပဲ ကောင်းကောင်းမသင်ယူပဲနဲ့ ရှိုးပြနေကြတာမဟုတ်ဘူးလား...."
"ငိုးပဲလေ... လေးယောက်ထဲမှာ မင်းက ရှိုးအပြဆုံးပဲ... ဒါကို ငါတို့ဆိုပြီး အပြစ်လာပုံချနေတယ်...."ချင်းဟန် ပြောလိုက်ပြီး
"မရဘူးဟျောင့်... မင်း ဒီနေ့တော့ ငါတို့ကို မက်ထရိုပိုလစ်မှာ လိုက်ဒကာခံရမယ်... ငါ ဟေးထောက်အရက် ဆယ်ပုလင်းမှာမယ်ကွာ.. အကုန်လုံး မင်းရဲ့ စာရင်းနဲ့ပဲ..."
"အဟမ်း အဟမ်း..."ကျီချင်းရန် ပေါ့ပါးစွာ ချောင်းဟန့်လိုက်ပြီး "နင်တို့ တခြား အသီးတွေ စားချင်သေးလား.. ငါ ထပ်သွားယူပေးမယ်လေ..."
"မင်းတို့ဘာသာပဲ သွားလိုက်ကြ.. ဘေလ်ကိုတော့ ငါ့စာရင်းထဲထည့်လိုက်... ငါ အဲ့လို နေရာမျိုးတွေ မသွားတော့တာ အတော်ကြာပြီ..."
"လခွမ်း..."လျန်ကျင်းမင် ကျိန်ဆဲလိုက်ပြီး "အစ်ကိုကြီးချင်း ကျွန်တော်တို့ အမြန်လစ်ရအောင်.. ဒီမှာ ဆက်နေနေရင် အစ်ကိုကြီးလင်း ရှိုးပြနေတာကို တားလို့ရမှာ မဟုတ်တော့ဘူး...."
"အပြည့်အ၀ ထောက်ခံတယ်...."
သုံးယောက်လုံး ထွက်သွားပြီးနောက် ကျီချင်းရန် လင်းရီ ပါးနှစ်ဖက်ကို ဆွဲဆိတ်လိုက်ပြီး "မဆိုးပါဘူး...နင်က အလိုက်သိသားပဲ...."
"ငါကိုက အဲ့လိုနေရာမျိုးတွေ စိတ်မ၀င်စားလို့ပါကွာ.... ဒီကောင်တွေ ဆွဲခေါ်သွားလို့သာ ရောက်ရောက်ဖြစ်နေတာ..."
"ကျွတ်... ဒီကလည်း ယုံပါတယ်နော်..."ကျီချင်းရန် ပြောလိုက်ပြီး "အဲ့ကောင်မလေးတွေက ငါ့လောက်မှ မလှတာ .. နင်က ဘယ်လိုလုပ်ပြီး ကြိုက်နိုင်မှာလည်း ဟုတ်တယ်မလား...."
"အဲ့လိုပြောလို့တော့ မရဘူးလေ.. သူတို့က မင်းလောက် မလှရင်တောင် ငါကြိုက်သလို ထိတွေ့လို့ရတယ်လေ..."
သို့နှင့် လင်းရီ ကျီချင်းရန်၏ တုန်အိနေသည့် တင်ပါးကို ခပ်ဆတ်ဆတ် တစ်ချက်ရိုက်ပြီး ချစ်ပ်အတွက် ကုတ်များကို ဆက်လက်ရေးသားတော့သည်။
"လူညစ်ကောင်...."
ထိုသို့အော်ပြောလိုက်သော်လည်း ကျီချင်းရန်မှာ လင်းရီ၏ စနောက်နေသည့် အပြုအမူများကို နေသားကျနေပြီး မည်သို့မျှ မခံစားရတော့ချေ။
စာကြည့်ခန်းထဲတွင်တော့ လင်းရီ ထုံစံအတိုင်း သူ၏ ကွန်ပျုတာများ စာရွက်စာတမ်းများဖြင့် အလုပ်ရှုပ်နေလေသည်။ ထိုစဉ် ရုတ်တရက် သူ၏ ဖုန်းထဲတွင် လွဲချော်သွားသည့် ဖုန်းခေါ်ဆိုမှု သုံးခုရှိနေကြောင်း မြင်တွေ့လိုက်ရ၏။ ဖွင့်ကြည့်လိုက်သောအခါ ကျောက်၀န်ထံမှ ဖြစ်နေလေသည်။
ကျောက်၀န်၏ ခေါ်ဆိုလာမှုကို မြင်တော့ လင်းရီ တစ်စုံတစ်ခုကို ပြန်ပြောင်းသတိရသွားခဲ့သည်။ လွန်ခဲ့သည့်ရက်က Pfizer နှင့် အဓိက ဆေးဝါးကုမ္ပဏီခြောက်ခုမှာ သူနှင့် ပူပေါင်းဆောင်ရွက်မည့်အကြောင်းကို ဆွေးနွေးချင်နေကြောင်း ပြောဆိုလာပြီး ယခု ဖုန်းခေါ်ဆိုလာမှုမှာလည်း ထိုကိစ္စကြောင့်သာ ဖြစ်ပေရမည်။
"ဘာကိစ္စရှိလို့လဲ..."လင်းရီ ဖုန်းပြန်ခေါ်လိုက်၏။
"ကျွန်မနဲ့ ဆေးကုမ္ပဏီခြောက်ခုက ကိုယ်စားလှယ်တွေ လေဆိပ်ကို ရောက်နှင့်နေပြီ... မနက်ဖြန် နေ့လည်လောက်ဆို ကျိုးဟိုင်ကို ရောက်လာတော့မှာ... ကျွန်မတို့ နေ့လည်ပိုင်း တွေ့ကြလို့ အဆင်ပြေမလား..."
လင်းရီ တစ်ချက် တွက်ချက်ကြည့်လိုက်၏။ မနက်ပိုင်းတွင် ခွဲစိတ်မှုရှိသောကြောင့် သူမတို့ကို လက်ခံတွေ့တုံရန် အဆင်မပြေပေ။ ထို့ကြောင့် မွန်းလွဲပိုင်း တွေ့ဆုံသည်က ပိုကောင်း၏။
"ကောင်းပြီလေ.. နေ့လည် တစ်နာရီ.. ပန်နီဆူလာဟိုတယ်မှာတွေ့မယ်...."
"အိုကေ...."
ဖုန်းချပြီးနောက် လင်းရီ ၀မ်ထျန်းလုံကို ဖုန်းဆက်ကာ အသေးစိတ်ရှင်းပြလိုက်ပြီး သူ၏ ကိုယ်ပိုင်ကိစ္စများကို ဆက်လက်လုပ်ဆောင်လေသည်။
.........
ရန်ကျင်း ၊ ဟွားယင်အုပ်စု ၊ အထွေထွေမန်နေဂျာ ရုံးခန်း။
ကျန်မိုနှင့် ကျန်သူများအားလုံး ခေါင်းချင်းဆိုင်နေကြ၏။ သို့သော်လည်း ယမန်နေ့ကနှင့် မတူညီစွာ သူတို့ကြားရှိ လေထုမှာတော အနည်းငယ် သိပ်သည်းလေးလံနေသည်။
တိမ်နက်များနှင့် ပြည့်နှက်နေသည့် ည၏ ကောင်းကင်က တစ်စုံတစ်တစ်ယောက်၏ စိတ်ကို မွန်းကြပ်နေစေသကဲ့သို့ပင်။
"ဒါရိုက်တာကျောက်... ခုအချိန်ထိ ကျွန်တော်တို့ဘက်က ၃၂ ဘီလီယမ် ရောင်းချထားပြီးပါပြီ.. လင်းယွမ်ဘက်ကလည်း အကုန်လုံးကို ၀ယ်ယူနေပါတယ်...."
ဖုကျိန်းရီမှ သူ၏ လက်ထဲရှိ မှတ်တမ်းများကို ကိုင်ရင်း ပြောပြလိုက်သည်။
"သေစမ်းကွာ.. ဒီကောင် အဲ့လောက်ပိုက်ဆံတွေအများကြီး ဘယ်က ရခဲ့တာတုန်းကွ..."ကျောက်မို ကျိန်ဆဲလိုက်၏။
"ဘော့စ်ဂူဘက်ကလည်း စုံစမ်းပြီးသွားပြီ.. လုံရှင်းက လင်းရီ လက်ထဲမှာ ရှိနေသေးတုန်းပဲ.. မပေါင်နှံထားရသေးဘူး..."လုရွှမ် ၀င်ပြောလိုက်၏။
"ထူးဆန်းတယ်...."စွန်းချဲ့ ပြောလိုက်ပြီး "အစ်မလျန်ကလည်း သူ့ကို ချေးငွေ မပေးထားဘူး.. ဒါဆို သူ့ပိုက်ဆံတွေက ဘယ်ကနေ ရောက်လာတာ...."
"သူ့နောက်မှာ အဖွဲ့အစည်းတစ်ခုခုရဲ့ နောက်ခံ ရှိနေတာများလား...."လုရွှမ် မရေရာစွာဖြင့် အစမ်းမေးမြန်းကြည့်လိုက်သည်။
"မဖြစ်နိုင်ဘူး..."ဂူချန်းချွမ် ပြောလိုက်ပြီး "တကယ်လို့ သူ့မှာသာ အဖွဲ့အစည်းတစ်ခု နောက်ခံရှိရင် အရင်နေ့တွေတုန်းကတည်းက ဒီကောင့်ကို ကာကွယ်ပေးဖို့ လုပ်နေလောက်ပြီ... တစ်ယောက်တည်း တိုက်ခိုက်နေတာကို ရပ်ကြည့်နေကြမှာ မဟုတ်ဘူး..."
"ဒါဆို သူ့ပိုက်ဆံတွေ ဘယ်နေရာက ရောက်ချလာတာ...."လုရွှမ် မေးမြန်းလိုက်၏။