ဧကရာဇ်တစ်ပါး၏ပခုံးကိုနင်းလျှက်
Vol. 74 Ch. 1038
အခန်း (၁၀၃၈) ဧကရာဇ်တစ်ပါး၏ပခုံးကိုနင်းလျှက်
ချင်းယွမ်ဧကရာဇ်က ကျူတောပင်လယ်ဒေသတစ်ခုလုံးကို လက်ဖဝါးဖြင့်လွှမ်းခြုံပြီး မှော်သင်္ကေတကို ဖမ်းယူဆုပ်ကိုင်လိုက်သည်။
ရန်ကျောက်ကဲက ဖြည်းညင်းစွာဖြင့်...
“ဒီမှော်သင်္ကေတက ငါ့လက်ထဲမှာဆိုရင် အကန့်အသတ်နဲ့ပဲ အသုံးပြုလို့ရတာ ၊ ကျူတောပင်လယ်ဒေသကနေ ထုတ်ယူသွားလို့ မရနိုင်ဘူး”
သူက ဆက်ပြောသည်။
“ဒါက ငါ့ရဲ့ကျင့်ကြံခြင်းအတွက်လည်း အထောက်အကူမဖြစ်ဘူး ၊ တခြားရန်သူတွေကို တိုက်ခိုက်ဖို့လည်း အသွင်းလို့မရနိုင်ဘူး ၊ ဒါပေမဲ့...”
ရန်ကျောက်ကဲက ချန်းဧကရာဇ်ကို လှမ်းကြည့်လိုက်သည်။
“ဒီအရာက ကျူတောပင်လယ်ဒေသမှာ ချန်းဧကရာဇ်ကို ထိန်းချုပ်ထားဖို့တော့ လုံလောက်တယ်”
သူစကားပြောနေစဉ်မျာပင် အလင်းတန်းများက သူ၏ခြေရင်းတွင် စုစည်းပေါင်းစုံလာပြီး ရွှေရောင်နှင့်အနက်ရောင်များ ရောယှက်ကာ အထက်သို့ မြင့်တက်သွားသည်။
မြေကမ္ဘာဘုရင်မ၏ကျမ်းစာမှ ဖြစ်တည်လာသော မှော်သင်္ကေတကို အခြေခံပြီး အလင်းတန်းများက ကျူတောပင်လယ်ဒေသထက်ရှိ လေထုထဲတွင် သိပ်သည်းသွားကာ အလင်းပုံရိပ်တစ်ခု ဖြစ်တည်လာသည်။
ထိုအရာက လူတစ်ယောက်၏ ရုပ်တုတစ်ခုနှင့် ဆင်တူသည်။
ချင်းယွမ်ဧကရာဇ်၏ လက်ဖဝါးက အလင်းပုံရိပ်ထက်ကျရောက်သွားသည်နှင့် သူ၏တန်ခိုးစွမ်းအားများ ချက်ချင်းပင် တားဆီးခံလိုက်ရသည်။
ချင်းယွမ်ဧကရာဇ်၏မျက်လုံးများ တည်ကြည်လေးနက်သွားသည်။ သူ၏တန်ခိုးစွမ်းအားများအားလုံးက အောက်ဘက် ကမ္ဘာမြေကြီးဆီသို့ အတင်းအကျပ် ဆွဲငင်ခံနေရသည် မဟုတ်ပါလား။
“မြေကမ္ဘာသို့ ပြန်ပါ ၊ မြေကမ္ဘာကို မူလအဖြစ်ဖြစ်တည်စေပါ”
ထိုစာသားကိုစဉ်းစားမိတော့ ချန်းဧကရာဇ် မျက်နှာပျက်သွားသည်။
ထိုခဏတွင် သူ၏မျက်ဝန်းများက ထာဝရစီးဆင်းနေသော အချိန်မြစ်ရေအဖြစ် ပြောင်းလဲသွားသည်။
သူ၏သိုင်းပညာက အသင်္ချေတောင် ၊ အိမ်တော်(၅)ပါးကျောင်းတော်မှ ဒဏ္ဍာရီလာ ကျန့်ယွမ်ကျီနတ်မင်းကြီး၏ တာအိုအယူအဆကို အခြေခံထားသည်ဖြစ်ရာ ထူထဲသောမြေပြင်၏ နက်နဲမှု ၊ ဗလာနယ်အပြောင်းအလဲများကို နားလည်နိုင်စွမ်း ရှိပေသည်။
ထို့ပြင် ချင်းယွမ်ဧကရာဇ်က ယွိချင်အဆက်အနွယ် ၊ ထာဝရအလင်းကောင်းကင်ကျမ်းစာလည်း မြင့်မားစွာ အောင်မြင်မှု ရရှိထားသူ ဖြစ်၏။
သို့သော် အချိန်ကိုနောက်ပြန်ဆုတ်ခါနီးတွင် သူ၏ခန္ဓာကိုယ်ထက်မှ အလင်းတန်းများက ပြင်းထန်စွာ တောက်ပလာသည်။
တစ်ချိန်တည်းမှာပင် ကျူတောပင်လယ်ဒေသအား လွှမ်းခြုံထားသည့် အောက်ဘက်တွင်ရှိနေသော မှော်သင်္ကေတက အနည်းငယ် မှေးမှိန်သွားသည်။
သို့သော် ထိုမှော်သင်္ကေတမှ ဖြစ်တည်လာသည့် အလင်းပုံရိပ်ကတော့ ယခင်ကထက် ပိုမိုတောက်ပလာသည်။
ထိုအလင်းပုံရိပ်မှ ခမ်းနားလေးလံသော တန်ခိုးစွမ်းအားတစ်ခု မွေးဖွားလာပြီး ချင်းယွမ်ဧကရာဇ်၏ ဖြန့်ကားထားသော လက်ဖဝါးအတွင်း ထိုးဖောက်ဝင်ရောက်သွားသည်။
ချင်းယွမ်ဧကရာဇ်၏ခန္ဓာကိုယ် ပြင်းထန်စွာတုန်ခါသွားပြီး လက်ဖဝါးကို ပြန်လည်ရုတ်သိမ်းကာ ရန်ကျောက်ကဲနှင့် အောက်ဖက်မှ မှော်သင်္ကေတကို လှမ်းကြည့်လိုက်သည်။
ရန်ကျောက်ကဲက...
“နတ်ဘုရားတွေက တကယ့်ကို ပြိုင်ဘက်ကင်းတာပဲ ၊ တာအိုဝါဒရဲ့ အစစ်အမှန်နတ်ဘုရားတွေက တကယ့်ကိုခမ်းနားလွန်းတယ်”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲက သူ၏လက်များဖြင့် စည်းတံဆိပ်တစ်ခုပြုလုပ်လိုက်ပြီး ရင်ဘတ်အလယ်တည့်တည့်တွင် တည်စေလိုက်သည်။
“ငါ့ရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် အမတမှော်ဝင်ပစ္စည်းဖြစ်တဲ့ ယိုးမင်ဂမ္ဘီရစက်ဝန်းကို အပြည့်အဝသန့်စင်ပြီးရင်တောင်မှ ဧကရာဇ်ကို တွန်းလှန်နိုင်မှာ မဟုတ်ပါဘူး”
“ဒါပေမဲ့ ငါက ယိုးမင်ဂမ္ဘီရစက်ဝန်းနဲ့ ထူးကဲယန်စည်းတံဆိပ်ကို လုံလောက်တဲ့ဝိညာဉ်စွမ်းအား ဖြည့်ပေးပြီး မြေကမ္ဘာမယ်တော် ထုံးတမ်းအစီအရင်ကို ထိန်းသိမ်းထားဖို့လိုအပ်တယ်”
“မြေကမ္ဘာဘုရင်မရဲ့ နှောင်းပိုင်းမြေကမ္ဘာကျမ်းစာက မင်းအမြဲတမ်းရှာဖွေနေတဲ့အရာပဲမဟုတ်လား ချင်းယွမ်ဧကရာဇ် ၊ အဲဒီကျမ်းစာကို ဒီနေ့မင်းအတွက် ငါကိုယ်တိုင် ပြင်ဆင်ထားပေးပါတယ်”
ရန်ကျောက်ကဲက မနှေးမမြန်လေသံဖြင့်...
“ဧကရာဇ်ကိုယ်တိုင်ပဲ ဒီအစီအရင်ကို အသက်သွင်းနိုင်တာဖြစ်သလို ဒီအစီအရင်ကပဲ ဧကရာဇ်ကို ခုခံတိုက်ခိုက်နိုင်ပါတယ် ၊ တခြားသူကိုတိုက်ခိုက်ဖို့ဆိုရင် အသုံးဝင်မှာမဟုတ်ဘူး ၊ ဒါပေမဲ့ တခြားသူတွေကိုလည်း ဒီလိုမျိုး တိုက်ခိုက်စရာမလိုပါဘူးလေ”
ကျွမ်းရှန်မှာ ရန်ကျောက်ကဲအား အေးစက်သောမျက်နှာထားဖြင့်ကြည့်ရင်း သူ၏နဖူးထက်မှ သွေးကြောများပင် ထုံကြဉ်နေသည်။
လန်ချင်း ၊ လျန်ကျူးလင်နှင့် တာအိုဆရာထျန်းယိ ထိပ်တန်းအရှင်သခင် (၃)ယောက်ကတော့ စိတ်ထဲနင့်သွားကြသည်။
ရေခဲဧကရီရောက်ရှိလာခြင်းက လူတိုင်းမျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။
သို့သော် ရန်ကျောက်ကဲတစ်ယောက်တည်းက ချင်းယွမ်ဧကရာဇ်၏ တိုက်ခိုက်မှုအား ခုခံနိုင်သည်မှာ သူတို့မျှော်လင့်ထားသည်ထက် အလွန်အကျွံ ကျော်လွန်သွားခဲ့သည်။
ချင်းယွမ်ဧကရာဇ်အနောက်ဘက်မှ ကြီးမားသောသစ်ပင်မြင့်ကြီးများဖြင့် တည်ဆောက်ထားသော တောအုပ်မှာ အပိုင်းပိုင်းပြတ်တောက်သွားပြီး မျက်လုံးများမှေးမှိတ်ထားဆဲဖြစ်သော မိန်းမပျိုဧကရာဇ် ထွက်ပေါ်လာသည်။
ချင်းယွမ်ဧကရာဇ်က တည်ငြိမ်စွာဖြင့်...
“အစကတော့ မင်းကိုသတ်ပြီးရင် ဒီမှော်သင်္ကေတကို ဖြည်းဖြည်းချင်း ရှာဖွေမလို့ပဲ”
သူက ဆက်ပြောသည်။
“အခုတော့ ကိစ္စနှစ်ခုလုံး ပြီးသွားတာပေါ့”
ပြောပြီးသည်နှင့် သူက ရန်ကျောက်ကဲနှင့် နှောင်းပိုင်းမြေကမ္ဘာကျမ်းစာဆီသို့ အင်္ကျီလက်ကို ဆန့်တန်းလိုက်သည်။
အချိန်နှင့်ဗလာနယ်ပြောင်းလဲမှုနှင့် စကြာဝဠာရွေ့လျားမှုများကြားတွင် ရန်ကျောက်ကဲနှင့် နှောင်းပိုင်းမြေကမ္ဘာကျမ်းစာကို အတူတကွ ဖယ်ထုတ်ပစ်ရပေမည်။
သို့သော် ရန်ကျောက်ကဲက ချင်းယွမ်ဧကရာဇ်၏တိုက်ခိုက်မှုကို အေရေးမစိုက်ဘဲ မြေကမ္ဘာမယ်တော် ထုံးတမ်းအစီအရင်ကို ဆက်လက်ထိန်းသိမ်းထားရန်သာ အာရုံစိုက်နေသည်။
သူ၏ ကိုယ်ပိုင်တန်ခိုးစွမ်းအား ၊ ထူးကဲယန်စည်းတံဆိပ်နှင့် ယိုးမင်ဂမ္ဘီရစက်ဝန်းတို့မှ စွမ်းအားများကို အသုံးပြုကာ ထုံးတမ်းအစီအရင်ကို အဆက်မပြတ်ထောက်ပံ့ပေးနေသည်။ ဤထုံးတမ်းအစီအရင်က နှောင်းပိုင်းမြေကမ္ဘာကျမ်းစာမှ ပြောင်းလဲဖွဲ့စည်းထားသည့် မှော်သင်္ကေတကို အသက်သွင်းရာတွင် အသုံးပြုခြင်း ဖြစ်၏။
မှော်သင်္ကေတက အလင်းရောင်တစ်ချက် တောက်ပသွားသည်။
စောစောက မဆိုင်သလိုရှိနေသည့် ရန်တိက ယခုတော့ တိုးလျသည့် ကြုံးဝါးသံတစ်သံ ပြုလုပ်လိုက်သည်။
သူ၏ဦးခေါင်းထက်မှ ထိုက်ယိဟွာတိမ်တိုက်က ပျံသန်းထွက်ခွာသွားပြီး မှော်သင်္ကေတထက်သို့ ဆင်းသက်သွားသည်။
ဤသက်ရောက်မှုကြောင့် မှော်သင်္ကေတွင် ပြောင်းလဲမှုတစ်ခုဖြစ်သွားပြီး မျက်နှာပြင်ထက်တွင် ပရမ်းပတာဖြစ်စဉ်များ ထွက်ပေါ်လာသည်။
ထိုက်ယိဟွာတိမ်တိုက်နှင့် နှောင်းပိုင်းမြေကမ္ဘာကျမ်းစာ ပေါင်းစပ်သွားပြီး ကျူတောပင်လယ်ဒေသထက်ရှိ လေထုထဲတွင် အလင်းပုံရိပ်က အချိန်နှင့်အာကာသကို ပြောင်းလဲစေမည့် နိမိတ်ပုံတစ်ပုံဖြစ်လာသည်။
ချင်းယွမ်ဧကရာဇ်၏ “မိုးမြေစုပ်ယူအင်္ကျီလက်” တန်ခိုးစွမ်းအားက ယခုတော့ ရန်ကျောက်ကဲအား ဘာမှမလုပ်နိုင်တော့ပေ။
တစ်ချိန်တည်းမှာပင် မိန်းမပျိုဧကရာဇ်က ချင်းယွမ်ဧကရာဇ်ရှေ့သို့ရောက်လာပြီး ပြန်ဆုတ်ခွာသွားရန် ဖိအားပေးတိုက်ခိုက်လိုက်သည်။
သို့သော် ချင်းယွမ်ဧကရာဇ်က လက်မလျှောာ့ခဲ့ပေ။
သူက နေရာတိုင်းတွင်ရှိနေသကဲ့သို့ လေထုထဲတွင် လျှင်မြန်စွာ လှုပ်ရှားရင်း ရန်ကျောက်ကဲအား တိုက်ခိုက်နေဆဲ ဖြစ်သည်။
သို့သော် သူတိုက်ခိုက်လိုက်တိုင်း နှောင်းပိုင်းမြေကမ္ဘာကျမ်းစာ၏တန်ခိုးစွမ်းအားက သူ၏တိုက်ကွက်အားလုံးကို ချေမှုန်းပစ်လိုက်သည်။
သူတိုက်ခိုက်လိုက်သော ကြီးကျယ်ခမ်းနားသည့်တန်ခိုးစွမ်းအားက ကမ္ဘာမြေကြီးအတွင်းစီးဝင်သွားပြီး သူ့ထံသို့ တန်ပြန်တိုက်ခိုက်မှုအဖြစ် ပြန်လည်ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲက ပြုံးရင်း...
“ချန်းဧကရာဇ်... အခု နားလည်သင့်ပြီ မဟုတ်ဘူးလား”
သူက ဆက်ပြောသည်။
“မင်း တိုက်ခိုက်လေ မှော်သင်္ကေတရဲ့ တန်ပြန်တိုက်စစ်က ပိုပြီးအားကောင်းလေပဲ”
ချင်းယွမ်ဧရာဇ်က ထောင်ပေါင်းများစွာသော ကိုယ်ခွဲများဖန်ဆင်းကာ မှော်သင်္ကေတဆီသို့ အဆံးမရှိတိုက်ခိုက်နေပြီး စကားတစ်ခွန်းမှ မဆိုပေ။
သူက လုံလောက်သည့် ကြိမ်နှုန်းမြင့်တိုက်ခိုက်မှုဖြင့် နှောင်းပိုင်းမြေကမ္ဘာကျမ်းစာ၏ တန်ပြန်တိုက်ခိုက်မှုနှုန်းကို ကျော်လွန်ရန် ကြိုးစားနေသည်။
သို့သော် နောက်ဆုံးမှာတော့ မှော်သင်္ကေတက ချင်းယွမ်ဧကရာဇ်၏ တိုက်ခိုက်မှုအားလုံးကို တန်ပြန်နိုင်ခဲ့သည်ပင်။
နောက်ဆုံးတွင် ချင်းယွမ်ဧကရာဇ်က သူ၏ တန်ခိုးစွမ်းအားအကုန်လုံးကို ဆင့်ခေါ်တိုက်ခိုက်လိုက်ရာ နောက်ဆက်တွဲအနေဖြင့် အထက်ဘုံကမ္ဘာ၏ ထောင့်တစ်ထောင့်ကို ဖြိုခွင်းလုနီးပါးဖြစ်သွားပြီး အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တစ်ခုလုံးသည်ပင် ထိခိုက်သွားခဲ့သည်။
ရန်ကျောက်ကဲက ပြံးလိုက်ရင်း...
“တချို့ကိစ္စတွေက ပြောမယုံ ကြုံမှသိဆိုတာ တကယ်မှန်တာပဲ”
နှောင်းပိုင်းမြေကမ္ဘာကျမ်းစာမှ ဖွဲ့စည်းဖြစ်တည်လာသည့် မှော်သင်္ကေတက အနက်ရှိုင်းဆုံး ၊ အထူးခြားဆုံနှင့် အခိုင်မာဆုံး မြေကြီးပမာဖြစ်ပြီး ချင်းယွမ်ဧကရာဇ်မှာ မအောင်မြင်နိုင်ဘဲ ရှိရသည်။
ထိုမျှသာမက ကြီးမားပြင်းထန်သော တန်ခိုးစွမ်းအားက ချင်းယွမ်ဧကရာဇ်အား တန်ပြန်တိုက်ခိုက်လျှက် ရှိ၏။
စောစောက မိန်းမပျိုဧကရာဇ်၏ထိုးနှက်ချက်ကြောင့် ဒဏ်ရာရထားသည်ဖြစ်ရာ ချင်းယွမ်ဧကရာဇ်မှာ အချိန်ပြည့်ပြန်လည်တွန်းကန်နေသော တိုက်ခိုက်မှုကို တစ်ချက်ပင် မနှေးရဲဘဲ အတင်းအကျပ် ဖိအားပေးခုခံနေရသည်။
သူ့ပုံစံက ဟန်ချက်ပျက်သွားပြီး သူ၏မျက်နှာထက်တွင် အစိမ်းရောင်ချီစွမ်းအားအလင်းတန်း ထွက်ပေါ်လာသည်။ ယခုတစ်ကြိမ်မှာတော့ ထိုချီစွမ်းအားအလင်းတန်းက အချိန်အတော်ကြာသည်အထိ လွင့်ပြယ်သွားခြင်း မရှိခဲ့ပေ။
ထုံးတမ်းအစီအရင်အလယ်ဗဟိုရှိ အလင်းတန်းများကြားတွင်ရှိနေသော ရန်ကျောက်ကဲအား ချင်းယွမ်ဧကရာဇ်က စူးစိုက်ကြည့်နေသည်။
ထိုအချိန် ကျူတောပင်လယ်ဒေသတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်လျှက် ရှိသည်။
အားလုံးက သူတို့ရှေ့မှမြင်ကွင်းကို စူးစိုက်ကြည့်ရင်း စကားမဆိုနိုင်ကြပေ။
ချင်းယွမ်ဧကရာဇ်သည် နတ်ဘုရားတံခါးကို ဖွင့်လှစ်ထားသည့် ဧကရာဇ်မင်းတစ်ပါး ဖြစ်သည်။
နတ်ဘုရားတစ်ပါးနှင့် သေမျိးလူသားတစ်ယောက်ကြား ခြားနားချက် ကြီးမားလွန်းသည်။ နတ်ဘုရားတစ်ပါး ခြေတစ်လှမ်းဖြင့် ကောင်းကင်မှဆင်းသက်လာလျှင် ကမ္ဘာပေါ်မှ အရာအားလုံး သူ၏ခြေထောက်အောက်တွင် ရှိနေပေလိမ့်မည်။
သိုင်းသူတော်စင် ဒဿမအဆင့် ၊ လူသားအထွတ်ထိပ်အဆင့်ရှိသော လျိုကျန်းကူပင်လျှင် ချန်းဧကရာဇ်နှင့် ရင်ဆိုင်ရသည့်အခါ ချက်ချင်းပင် ဖိနှိပ်ခံခဲ့ရသည် မဟုတ်ပါလား။
“လူသားအထွတ်ထိပ်” အဆင့်တွင် “လူသား” ဆိုသော စကားလုံးပါရှိပြီး နတ်ဘုရားတစ်ပါးကို အနိုင်ယူရန်မှာ ခက်ခဲလှသည်။
သို့သော် အမတကူပြောင်းခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်နေရသည့် ချင်းယွမ်ဧကရာဇ်မှာတော့ လက်ရှိတွင် ကူရာကယ်ရာမဲ့လျှက် ရှိသည်။
ရန်ကျောက်ကဲနှင့်အတူ တိုက်ပွဲဝင်နေသော အရှေ့တောင်ထိပ်တန်းအရှင်သခင် ချောင်ကျယ်နှင့် အရှေ့မြောက်ထိပ်တန်းအရှင်သခင် လျိုကျန်းကူတို့သည်ပင် ရန်ကျောက်ကဲကို လုံးဝခြားနားသည့် မျက်လုံးများဖြင့် ကြည့်လာကြသည်။
ကျူတောပင်လယ်ဒေသတွင် ချန်းဧကရာဇ်အတွက် အလွန်အရေးကြီးသောအရာတစ်ခုရှိနေကြောင်း သူတို့နှစ်ယောက်လုံး ယောင်ဝါးဝါး ခံစားမိခဲ့ကြသည် အမှန်ပင်။
သို့သော် ချင်းယွမ်ဧကရာဇ်၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ပင် ထိုအရာက ထုတ်ဖော်ရန်ခက်ခဲပြီး နှစ်ပေါင်းရာနှင့်ချီပြီး ကြာမြင့်နိုင်ခြေ ရှိသည်။
ထိုအရာကို မည်သို့ထုတ်ဖော်ပါမည်နည်း။
ထိုအရာကို ထုတ်ဖော်ပြီးနောက် ချင်းယွမ်ဧကရာဇ်ကိုတိုက်ခိုက်ရန် လျှို့ဝှက်ချက်အဖြစ် မည်သို့အသုံးပြုပါမည်နည်း။
ဤကိစ္စရပ်များက လူတိုင်းကို ထိတ်လန့်တုန်လှုပ်စေမည် ဖြစ်သည်။
သို့သော် ယခု အလင်းတန်းများအလယ်တွင် ရှိနေသော လူငယ်လေးကတော့ ဤကိစ္စများအားလုံးကို လုပ်ဆောင်ခဲ့သည်။
ထို့ကြောင့် သူသည် ကမ္ဘာကို အံ့အားသင့်စေသော စွမ်းဆောင်မှုတစ်ခုကို ပြီးမြောက်အောင်မြင်ခဲ့သည်။
နှောင်းပိုင်းမြေကမ္ဘာကျမ်းစာ၏ နက်ရှိုင်းမှုကို အာရုံခံမိသည်နှင့် မိန်းမပျိုဧကရာဇ်က ဆက်လက်တိုက်ခိုက်ခြင်း မရှိတော့ဘဲ ရန်ကျောက်ကဲနှင့် ချင်းယွမ်ဧကရာဇ်ကြား ထိပ်တိုက်ရင်ဆိုင်မှုကို တိတ်တဆိတ် ကြည့်ရှုနေခခဲ့သည်။
မျက်လုံးများ မှေးမှိတ်ထားသည့်တိုင် သူမက အရာအားလုံးကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်စွမ်း ရှိ၏။
ချင်းယွမ်ဧကရာဇ်က သူမနှင့်တိုက်ပွဲတွင် ဒဏ်ရာမရရှိခဲ့လျှင်ပင် နှောင်းပိုင်းမြေကမ္ဘာကျမ်းစာ ဤနေရာတွင်ရှိနေသရွေ့ ရန်ကျောက်ကဲနှင့် ဝါဒတောင်ကို အန္တရယ်ပြုနိုင်မည် မဟုတ်ပေ။
သူမနှင့် ပိုးသားဧကရာဇ် ရောက်မလာသည့်တိုင် ဝါဒတောင်သည် ယနေ့တိုက်ပွဲတွင် ကိုယ့်အားကိုယ်ကိုးပြီး မြင့်မားစွာ ရပ်တည်နိုင်ဆဲ ဖြစ်သည်။
ယနေ့တိုက်ပွဲသည် ရန်ကျောက်ကဲနှင့် ဝါဒတောင်က ကမ္ဘာကြီးကို ထပ်မံတုန်လှုပ်စေဦးမည်ပင်။
ချင်းယွမ်ဧကရာဇ်၏ပခုံးထက်သို့တက်နင်းပြီး ရန်ကျောက်ကဲ၏ဂုဏ်သတင်းက ပိုပြီး ကျော်ကြားလာပေဦးမည်။
ချင်းယွမ်ဧကရာဇ်အား ပို၍စိတ်ဓာတ်ကျစေသည်မှာ ရန်ကျောက်ကဲက သူ့ကိုနင်းချေရန် အသုံးပြုသောအရာမှာ သူအမြဲတမ်း မက်မောလိုချင်ခဲ့သည့် ‘နှောင်းပိုင်းမြေကမ္ဘာကျမ်းစာ’ ဖြစ်နေခြင်း ဖြစ်ပေ၏။