← Chapters

ထိပ်တန်းအရှင်သခင်တစ်ယောက်၏ဆရာဦးလေး

Vol. 74 Ch. 1040

ထိပ်တန်းအရှင်သခင်တစ်ယောက်၏ဆရာဦးလေး

Vol. 74 Ch. 1040

အခန်း (၁၀၄၀) ထိပ်တန်းအရှင်သခင်တစ်ယောက်၏ဆရာဦးလေး

မိန်းမပျိုဧကရာဇ်နှင့် ချင်းယွမ်ဧကရာဇ် ထိပ်တိုက်ရင်ဆိုင်မှုကြောင့်  ကောင်းကင်ယံအားဖုံးကွယ်ထားသော မြေပြင်ကြီးမှာ တဖြည်းဖြည်းအက်ကွဲကာ ပြိုကျနေပေပြီ။

ကျူတောပင်လယ်ဒေသတွင် နေ့အလင်းရောင်ကို ထပ်မံတွေ့မြင်ရပြီဖြစ်သည့်တိုင် ပတ်ဝန်းကျင်မြင်ကွင်းများက ယခင်ကနှင့် တူညီခြင်း မရှိတော့ပေ။

ထိုအချိန်...

ဝါဒတောင်တည်ရှိရာ ကျူ‌တောပင်လယ်ဒေသ ၊ ဝိညာဉ်နယ်မြေသို့ ဦးတည်လျှက် ကြီးမားသောစွမ်းအားရောင်ဝါ (၃)ခု ချဉ်းကပ်လာကြောင်း ခံစားလိုက်ရသည်။ ထိုစွမ်းအားရောင်ဝါ (၃)ခုက အနောက်ဘက်ရှိ စက်ဝန်းတောင်တန်းဒေသမှ ထွက်ပေါ်လာခြင်း ဖြစ်၏။

မကြာမီ မိုးမြေတစ်ခွင်ကို ပိုင်းခြားနိုင်စွမ်းရှိသော ဓားအလင်းတန်းတစ်ခု လူတိုင်းရှေ့တွင် ပေါ်လာသည်။

ဓားအလင်းတန်းတဖြည်းဖြည်းမှေးမှိန်သွားသည်နှင့် လူ (၃)ယောက်ပုံရိပ် ထွက်ပေါ်လာ၏။

အလယ်တွင်ရပ်နေသူက အဖြူရောင်ဝတ်ဆင်ထားသည့် အရပ်မြင့်မြင့်လူငယ်တစ်ယောက်ဖြစ်ပြီး နတ်ဘုရားတစ်ပါးပမာ ချောမောခန့်ညားလှသည်။

သူ၏ခါးတွင် ဓားရှည်တစ်လက်ချိတ်ဆွဲထားပြီး ဓားရှည်က ဓားအိမ်ထဲတွင် ရှိနေသော်လည်း လူအများကို စိတ်တုန်လှုပ်စေသည်။

ထိုဓားရှည် ဓားအိမ်အတွင်းမှထွက်လာသည်နှင့် မိုးမြေတစ်ခုလုံး အက်ကွဲသွားမည့်အလားထင်မှတ်ရ၏။

တောက်ပသည့်ဓားအလင်းတန်းက အဖြူရောင်ဝတ်လူငယ်၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ လွှမ်းခြုံထားပြီး သူ့ပုံစံက လက်ရှိကမ္ဘာလောကကြီးနှင့် ကင်းကွာနေပုံရကာ ပတ်တန်းကျင်မြင်ကွင်းအားလုံးက လူငယ်ကို အလိုအလျောက် ရှောင်တိမ်းဖယ်ရှားသွားကြသည်။

အဖြူရောင်ဝတ်လူငယ်၏ ဘေးတစ်ဖက်တစ်ချက်တွင် လူ (၂)ယောက် မတ်တတ်ရပ်နေသည်။

ညာဘက်မှလူက သက်လတ်ပိုင်းလူရွယ်တစ်ယောက်ဖြစ်ပြီး သာမန်ရုပ်သွင်မျှသာ ရှိသည်။ သို့သော် သူ့ထံမှထွက်ပေါ်နေသော ဓားအလင်းတန်းက မိုးမြေတစ်ခွင်ကို ပိုင်းခြားတော့မည့်အလား ထင်မှတ်ရ၏။

ဘယ်ဘက်တွင်ရပ်နေသူကတော့ အနက်ရောင်ဝတ်လူငယ်တစ်ယောက်ဖြစ်သည်။ သူက ချောမောခန့်ညားသောရုပ်သွင်ရှိပြီး မည်သည့်စကားမှမဆိုဘဲ အေးစက်သောစိတ်သဘောရှိဟန်တူသည်။

သို့သော် သူ့ထံမှ မည်သည့်ဓားအလင်းတန်းမှ ထွက်ပေါ်နေခြင်းမရှိဘဲ လူရွယ်နှင့် အဖြူရောင်ဝတ်လူငယ်နှင့်အတူ ချင်းယွမ်ဧကရာဇ်ထံသို့ တိတ်ဆိတ်စွာ ရောက်ရှိလာခြင်း ဖြစ်သည်။

ရောက်ရောက်ချင်းပင် သူတို့ (၃)ယောက်က ဝါဒတောင် ၊ ရန်တိနှင့် ရန်ကျောက်ကဲတို့ အန္တရယ်ကင်းသည်လား တစ်ချက်လေ့လာလိုက်သည်။ ဝါဒ‌တောင် အဆင်ပြေနေကြောင်းတွေ့တော့မှ အားလုံး ခေါင်းတစ်ချက် ညိတ်လိုက်ကြသည်။

ထိုသူ (၃)ယောက်ကိုတွေ့တော့ ကျွမ်းရှန်နှင့် လန်ချင်းတို့အုပ်စုက မျက်ဝန်းများ ကျဉ်းမြောင်းလိုက်သည်။

အဖြူရောင်ဝတ်လူငယ်က ဦးဆောင်ပြီး သူတို့ (၃)ယောက် မိန်းမပျိုဧကရာဇ်အား အရင်ဆုံး နှုတ်ဆက်လိုက်သည်။

“မိန်းမပျိုဧကရာဇ်ကို ဂါရဝပြုပါတယ်”

မိန်းမပျိုဧကရာဇ်က ခေါင်းတစ်ချက်ညိတ်ရင်း...

“မင်းတို့ ရောက်လာတာ နောက်ကျတယ်”

အဖြူရောင်ဝတ်လူငယ်က...

“ဟုတ်ကဲ့... ကျွန်တော်တို့နောက်ကျသွားတာ ခွင့်လွှတ်ပေးပါ”

ထို့နောက် အဖြူရောင်ဝတ်လူငယ်က ချင်းယွမ်ဧကရာဇ်ကို ဦးညွှတ်လိုက်ပြီး...

“ချင်းယွမ်ဧကရာဇ်”

ရန်ကျောက်ကဲကိုကြည့်နေသော ချင်းယွမ်ဧကရာဇ်၏ မျက်လုံးများက အဖြူရောင်ဝတ်လူငယ်နှင့် ကျန်လူ (၂)ယောက်ဆီသို့ ကျရောက်သွားပြီး အချိန်ကြာမြင့်စွာ တိတ်ဆိတ်ငြိမ်သက်နေသည်။

အနောက်ပိုင်းထိပ်တန်းအရှင်သခင် လန်ချင်းက သုန်မှုန်သောမျက်နှာထားဖြင့်...

“ပိုင်တောင်း... မင်း ဒီကိုဘာလာလုပ်တာလဲ”

အဖြူရောင်ဝတ်လူငယ်က...

“မင်းနဲ့ တောင်ပိုင်း’ကျွမ်း’ တို့က ငါ့ရဲ့ အနောက်တောင် ကျူးထျန်းကောင်းကင်ပြည်နယ်ကို အကျိုးအမြတ်တွေပေးချင်ကြပေမယ့် မင်းတို့ပေးမယ့် အကျိုးအမြတ်တွေကိုလက်ခံမယ့်အစား ငါ့ဆရာရဲ့အမိန့်ကိုနာခံရမှာ သဘာဝပါပဲ”

အဖြူရောင်ဝတ်လူငယ်၏အမည်က ‘ပိုင်တောင်း’ ဖြစ်သည်။

သို့သော် အထက်ဘုံကမ္ဘာမှ လူများကတော့ သူ့ကို အခြားအမည်တစ်ခုဖြင့် ခေါ်ဆိုကြသည်။

“အနောက်တောင် ကျူးထျန်းကောင်းကင်ပြည်နယ်မှ အနောက်တောင်ထိပ်တန်းအရှင်သခင် ပိုင်တောင်း”

ပိုင်တောင်းက အနောက်တောင်ထိပ်တန်းအရှင်သခင်မျှသာဖြစ်သည်ဆိုလျှင် ချင်းယွမ်ဧကရာဇ်က ယခုလောက် အလေးအနက်ထားမည် မဟုတ်ပေ။

ချင်းယွမ်ဧကရာဇ်ကို အလွန်အမင်းသတိထားစေသည့်အချက်မှာ ပိုင်တောင်း၏ ဆရာဖြစ်သည်။

ယခုရောက်ရှိလာသော အနောက်တောင်ထိပ်တန်းအရှင်သခင် ‘ပိုင်တောင်း’ နှင့် အခြား (၂)ယောက်မှာ အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ် ၊ ခွန်လွန်တောင် ၊ မြောက်ပိုင်းကုန်းမြင့်တောင်ထွတ်ရှိ ကျောက်စိမ်းကျောက်ဆောင်မှ အဆက်အနွယ်များဖြစ်သည်။

သူတို့၏ဆရာဖြစ်သူက အထက်ဘုံကမ္ဘာတွင် သြဇာအာဏာအမြင့်ဆုံးဖြစ်သော ဧကရာဇ် (၃)ပါးမှ ကျန့်ဟွမ်ဓားဧကရာဇ် ဖြစ်သည်။

ကျန့်ဟွမ်ဓားဧကရာဇ်က ဧကရာဇ် (၃)ပါးတွင် အငယ်ဆုံးနှင့် အာဏာအနည်းဆုံးဖြစ်သော်လည်း အထက်ဘုံကမ္ဘာတစ်ဝှမ်းလုံးတွင်တော့ မတုန်မလှုပ်နိုင်သော လွှမ်းမိုးနိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။

လက်ရှိမှာတော့ သူက ပြင်ပဗလာနယ်ထဲမှ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးပေ။

သို့တိုင် ဤနေရာသို့ ပိုင်တောင်းရောက်ရှိလာခြင်းက မလွဲမသွေ တွေးတောစရာဖြစ်ခဲ့သည်ပင်။

အထူးသဖြင့် ပိုင်တောင်းတို့ (၃)ယောက်ကတော့ မိန်းမပျိုဧကရာဇ်အား ကူညီပေးပါရန် တောင်းဆိုနိုင်မည် မဟုတ်ပေ။

လန်ချင်းက...

“ရန်ကျောက်ကဲက ယိုးမင်ဧကရာဇ်ယင်ထျန်းရှရဲ့အမွေအနှစ်တွေကို ရယူထားတာ ၊ သူ့ရဲ့တပည့်ရင်းလိုတောင် ဖြစ်နေပြီ”

သူက ဆက်ပြောသည်။

“ကျန့်ဟွမ်ဓားဧကရာဇ်က အရည်အချင်းရှိတဲ့သူတွေကို တန်ဖိုးထားတယ်ဆိုရင်တောင် မင်းအနေနဲ့ သေချာပြန်ပြီး စဉ်းစားသင့်ပါတယ်”

ပိုင်တောင်းက ခေါင်းခါယမ်းရင်း...

“အနောက်ပိုင်း’လန်’ ... မင်း နားမလည်သေးဘူးလား”

သူက သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး ရန်ကျောက်ကဲနှင့် ရန်တိကို တစ်ချက်လှမ်းကြည့်လိုက်သည်။

“သူတို့က ‘ရန်’ မျိုးနွယ်တွေလေ...”

လန်ချင်းက ခဏမျှစဉ်းစားရင်း...

“’ရန်’ မျိုးနွယ် ... ခဏလေး...”

ထို့နောက် လန်ချင်းမှာ တစ္ဆေတစ်ကောင်တွေ့မြင်ရသည့်အလား ရန်ကျောက်ကဲနှင့် ရန်တိကို တုန်လှုပ်အံ့သြစွာ လှမ်းကြည့်လိုက်သည်။

“အဲဒီ ‘ရန်’ မျိုးနွယ်လား...”

ကျွမ်းရှန် ၊ တာအိုဆရာထျန်းယိ ၊ လျန်းကျူးလင် ၊ ချောင်ကျယ်နှင့် လျိုကျန်းကူတို့မှာ အစပိုင်းတွင် စိတ်ရှုတ်ထွေးနေကြသော်လည်း နောက်ပိုင်း သဘောပေါက်သွားပြီး အံ့အားသင့်သွားကြသည်။

အားလုံးက ရန်ကျောက်ကဲနှင့် ရန်တိကို ကြည့်လိုက်ကြစဉ် လျန်ကျူးလင်က ရေရွတ်လိုက်သည်။

“သူတို့က ရန်ရှင်းထန်ရဲ့ အဆက်အနွယ်တွေလား”

ဝါဒ‌တောင်ထက်သို့ရောက်ရှိနေသည့် လူအများစုမှာလည်း မှင်တက်လျှက် ရှိကြ၏။

ဤနာမည်က သူတို့အတွက် ဒဏ္ဍာရီထဲမှာသာတည်ရှိသော နာမည်တစ်ခု ဖြစ်သည် မဟုတ်ပါလား။

ရန်ရှင်းထန်...။

သူ၏အမည်ရင်းထက်ဆာလျှင် လူအများစုက သူ၏ဂုဏ်ပုဒ်နာမည်ကို ပိုပြီး ရင်းနှီးကြသည်။

အတိတ်တစ်ချိန်က အထက်ဘုံကမ္ဘာကိုတည်ထောင်ခဲ့သော ခွန်လွန်အထင်ကရ (၉)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ‘ရွှေစင်ထက်ယံအရှင်သခင်’ ။

မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် ဓားသိုင်းလမ်းစဉ်တွင် လောကပထမ ပြိုင်ဘက်ကင်း ဓားနတ်ဘုရား “နတ်ဓားရှင်” ရန်ရှင်းထန်။

အလွန်တရာ ကြာမြင့်ခဲ့ပြီဖြစ်သော ဒဏ္ဍာရီတစ်ခုအား လန်ချင်း ၊ ကျွမ်းရှန်နှင့် အခြားသူများ လတ်တလောအခြေအနေနှင့် မချိတ်ဆက်မိသည်မှာ အပြစ်ဆိုစရာမရှိပေ။

အထက်ဘုံကမ္ဘာ၏ ဧကရာဇ် (၃)ပါးအနက် ကျန့်ဟွမ်ဓားဧကရာဇ်က ရွှေစင်ထက်ယံအရှင်သခင်၏ တပည့်ရင်းတစ်ယောက်ဖြစ်သည်။

ကျွမ်းရှန်က လေးလံသောအသံဖြင့်...

“ဓားဧကရာဇ် တစ်ခုခုလွဲချော်သွားသလား...”

သူက ဆက်ပြောသည်။

“ဝါဒတောင်က ‘ရန်’ မျိုးနွယ်သားအဖက အောက်ဘုံကမ္ဘာကရောက်လာတဲ့သူတွေ ၊ သူတို့က အထက်ဘုံကမ္ဘာ ဒေသခံတွေ မဟုတ်ဘူး”

“’ရန်’ မျိုးနွယ်ချင်းတူတယ်ဆိုရင်တောင်မှ... နေဝန်းထက်ယံအရှင်သခင်နဲ့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက ရွှမ်ဟွမ်ဧကရီတို့လည်း ‘ကောင်း’ မျိုးနွယ်ခြင်း တူကြတာပဲလေ ၊ ဒါပေမဲ့ သူတို့က သွေးသားတော်စပ်မှုမှ မရှိကြတာ”

ကျွမ်းရှန် ပိုင်တောင်းကိုလှမ်းကြည့်လိုက်တော့ သူ့မျက်နှာက တည်ကြည်လေးနက်နေသော်လည်း မျက်ဝန်းများက မီးဝင်းဝင်းတောက်နေသည်ကို တွေ့လိုက်ရသည်။

ပိုင်တောင်းက သက်ပြင်းတစ်ချက်ချရင်း...

“သူက ဆရာဘိုးဘိုးရဲ့ သာမန်အဆက်အနွယ်မဟုတ်ဘူး”

ပြောပြီးသည်နှင့် ပိုင်တောင်းက ရန်တိကိုလှမ်းကြည့်လိုက်သည်။

သူ့မျက်နှာထက်တွင်လည်း စိတ်ရှုတ်ထွေးသည့်အမူအရာ အနည်းငယ် ထင်ဟပ်နေသည်။

“အတိအကျပြောရရင်... ဒီ ‘ပိုင်’ က ခင်ဗျားကို ဆရာဦးလေးလို့တောင် ခေါ်ရမှာ...”

ထိုစကားကြားတော့ ကျွမ်းရှန်က မယုံကြည်နိုင်စွာဖြင့် ရန်တိကို လှမ်းကြည့်လိုက်သည်။

“သူက ရွှေစင်ထက်ယံအရှင်သခင်ရဲ့ သားတော်လား”

မိန်းမပျိုဧကရာဇ်က အေးဆေးတည်ငြိမ်စွာဖြင့်...

“ကျွန်းရှန်နဲ့ လန်ချင်းက ဒီအကြောင်းတစ်ခါမှမကြားဖူးလောက်ဘူး ၊ အံ့သြစရာတော့ မရှိပါဘူး”

ထို့နောက် သူမက ချင်းယွမ်ဧကရာဇ်ကို လှမ်းကြည့်လိုက်ပြီး...

“ရွှေစင်ထက်ယံအရှင်သခင်ရဲ့ဇနီးက ဘယ်သူလဲဆိုတာ မင်းကတော့သိတယ်မဟုတ်လား ချင်းယွမ်...”

တစ်ချိန်လုံးတိတ်ဆိတ်နေသည့် ချင်းယွမ်ဧကရာဇ်က နောက်ဆုံးတော့ စကားဆိုလာသည်။

“အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက ပင်မတိုက်ရိုက်တပည့် ဓားဧကရီ ‘တိချင်းလျန်’”

ဓားနတ်ဘုရား နတ်ဓားရှင် ‘ရန်ရှင်းထန်’။

ဓားဧကရီ ‘တိချင်းလျန်’။

မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက မိုးအောက်မြေပြင်တွင်တစ်ခွင် ဓားတာအိုတွင် အပြောင်မြောက်ဆုံးဖြစ်သော ဓားသိုင်းကျင့်ကြံသူနှစ်ယောက် ပေါင်းစည်းခြင်းသည် ယနေ့ခေတ်တွင် လူသိနည်းခဲ့ပြီဖြစ်သော်လည်း ချင်းယွမ်ဧကရာဇ်နားထဲတွင်တော့ မိုးခြိမ်းသံပမာ ကျယ်လောင်နေဆဲ ဖြစ်သည်။

ဓားဧကရီဟု နာမည်ကျော်ကြားသော ကျိကျီဧကရီ ‘တိချင်းလျန်’ က လုန်ချွမ်ဧကရာဇ်ကို ပြန်လည်ခေါ်ယူရန် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ရောက်ရှိလာသော ရွှေစင်ထက်ယံအရှင်သခင်နှင့် ဓားရေးယှဉ်ပြိုင်ခဲ့ကြသည်။

ကျိကျီဧကရီ ‘တိချင်းလျန်’ က နတ်ဓားရှင် ‘ရန်ရှင်းထန်’ ကို သိုင်းကွက်တစ်ဝက်စာ ရှုံးနိမ့်သည်ဟု ဝန်ခံခဲ့ပြီး နောက်ဆုံးမှာတော့ ‘ရန်ရှင်းထန်’ နှင့် ‘တိချင်းလျန်’ တို့ မေတ္တာမျှကာ လက်ဆက်ခဲ့ကြသည်။

“ရန်.... တိ ၊ ရန်တိ... ဘယ်လိုတောင် ‘ရန်တိ’ လဲ”

ချင်းယွမ်ဧကရာဇ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

“သူ့နာမည်ကြောင့်သာမဟုတ်ရင်... ဒီတာအိုဆရာက သူ့ရဲ့မျိုးရိုးနာမည်ကိုပဲ အာရုံစိုက်နေမိမှာပဲ...”

ရန်တိ၏ဘေးနားတွင် မတ်တတ်ရပ်နေသော ရန်ကျောက်ကဲက ဖခင်ဖြစ်သူ၏မျက်နှာကို တစ်ချက်အကဲခတ်လိုက်သည်။

ရန်တိ၏မျက်နှာထက်တွင် ဝမ်းနည်းခြင်းလည်းမရှိ ပျော်ရွှင်ခြင်းလည်းမရှိသော်ငြား မျက်ဝန်းများကတော့ စူးရှတောက်ပနေကြောင်း တွေ့လိုက်ရ၏။

ယခုအချိန် ချင်းယွမ်ဧကရာဇ် မည်မျှစိတ်ဓာတ်ကျနေပြီဖြစ်ကြောင်း ရန်ကျောက်ကဲ ခန့်မှန်းကြည့်နိုင်သည်။

“ရန်တိ” ၏အမည်က သူ၏မိဘနှစ်ပါး မျိုးရိုးနာမည် ပေါင်းစပ်ထားခြင်း ဖြစ်သည်။

သို့သော် ရန်ရှင်းထန်နှင့် တိချင်းလျန်တို့ ဇနီးမောင်နှံကွယ်လွန်ခဲ့သည်မှာ နှစ်ပေါင်းနှစ်ထောင်ကျော် ရှိနေပေပြီ။

ရန်တိကတော့ အသက် (၁၀၀)ပင် မပြည့်သေးပေ။

မည်သို့ပင်ဖြစ်စေ ဤအချက်က သဘာဝမကျလှပေ။ တိုက်ဆိုင်မှုတစ်ခုမျှသာ ဖြစ်နိုင်ပေသည်။

ပိုင်တောင်းတို့ (၃)ယောက်က သူ့ကိုလှည့်စားနေသည်ဟု ခံစားရသည့်အခါ ချင်းယွမ်ဧကရာဇ်၏ မျက်ဝန်းများက ဒေါသဖြင့် ပြည့်နက်သွားသည်။

“ဒီတာအိုဆရာက ရွှေစင်ထက်ယံအရှင်သခင်ရဲ့အလင်းပုံရိပ်ကို အရင်ကတည်းက မြင်ဖူးထားတယ်”

သူက ဆက်ပြောသည်။

“ရန်တိက ရွှေစင်ထက်ယံအရှင်သခင်ရဲ့သားဆိုရင် ဘာလို့ရုပ်ချင်းမဆင်ရတာလဲ”

“ပြီးတော့ ဓားနတ်ဘုရားနဲ့ ဓားဧကရီတို့က နှစ်ဖက်သွားဓားသိုင်းကျင့်ကြံသူတွေလေ ၊ ဒီ ‘ရန်တိ’ ကတော့ ဘာလို့ တစ်ဖက်သွားဓားသိုင်းကို ကျင့်ကြံရတာလဲ”

“ကွဲလွဲမှုတွေအများကြီးပဲ ၊ သူက ရွှေစင်ထက်ယံအရှင်သခင်ရဲ့သားဆိုတာ ဘယ်လိုသေချာနိုင်မလဲ”

ထိုစကားများကိုကြားတော့ ဧကရီ ‘ကျဲ့မင်ခုန်’ က ဟွန့်ကနဲ နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး စကားပြောရမည်ကို မတန်သလို နှုတ်ဆိတ်နေသည်။

အနောက်တောင်ထိပ်တန်းအရှင်သခင် ‘ပိုင်တောင်း’ ကတော့ ယဉ်ကျေးစွာပင် ချင်းယွမ်ဧကရာဇ်ကို ဦးညွှတ်ဂါရဝပြုလိုက်ပြီး...

“ချင်းယွမ်ဧကရာဇ်... အဲဒီနေရာကို ကြည့်လိုက်ပါ”

ပိုင်တောင်းလက်ညှိုးညွှန်ပြရာသို့ကြည့်လိုက်စဉ် ချင်းယွမ်ဧကရာဇ်၏မျက်ဝန်းများ ကျဉ်းမြောင်းသွားသ်ည။

ရန်တိ၏ဦးခေါင်းထက်တွင် တိတ်ဆိတ်စွာလွင့်မျောနေသည့် ကြာပန်းတိမ်တိုက်တစ်ခု တည်ရှိနေသည်။

တိမ်တိုက်က ပရမ်းပတာဖြစ်လျှက် မှောင်မိုက်တိတ်ဆိတ်နေပြီး ကြာပန်းပွင့်လွှာများသည်လည်း အချိန်နှင့်နေရာ တည်ရှိမှုကိုမဖော်ပြနိုင်ဘဲ မှုံရီဝေဝါးလျှက် ရှိလေသည်။

All Chapters