← Chapters

တစ်ယောက်မကသောနောက်ခံအင်အားများ

Vol. 74 Ch. 1041

တစ်ယောက်မကသောနောက်ခံအင်အားများ

Vol. 74 Ch. 1041

အခန်း (၁၀၄၁) တစ်ယောက်မကသောနောက်ခံအင်အားများ

ရှန်းထျန်းဝူထိုက်တွင် ထိပ်ဆုံးဖြစ်သော ထိုက်ယိသည် တောက်ပမှုမရှိ ၊ ပုံသဏ္ဌန်မရှိ တိတ်ဆိတ်နေပြီး စကြဝဠာ၏မူလအခြေအနေအား ကိုယ်စားပြုသည်။

အချိန်နှင့်နေရာ နယ်နိမိတ်များကို ဝေဝါးသွားစေနိုင်စွမ်း ရှိသည်။

အတိတ်မရှိ ၊ အနာဂတ်မရှိ ၊ အစမရှိ ၊ အဆုံးမရှိ။

ရန်တိ၏ဦးခေါင်းထက်မှ ထိုက်ယိဟွာတိမ်တိုက်ကိုကြည့်ရင်း ချင်းယွမ်ဧကရာဇ်၏ မျက်ဝန်းများတည်ကြည်လေးနက်နေကာ ယခင်က သူ၏သံသယများစွာမှာလည်း ရိုးရှင်းစွာ ဖြေရှင်းပြီးသား ဖြစ်သွားသည်။

ပို၍ပင် မျှော်လင့်ချက် ကင်းမဲ့သွားရသည်။

ရန်ကျောက်ကဲက မိန်းမပျိုဧကရာဇ်နှင့် ချင်းယွမ်ဧကရာဇ်တို့အကြား စကားပြောဆိုမှုကို တိတ်တဆိတ်နားထောင်ရင်း ယခင်က သူ့စိတ်ထဲတွင်ရှိနေခဲ့သော သံသယများကင်းစင်သွားပြီး သူ၏ခန့်မှန်းချက်များကို အတည်ပြု နိုင်ခဲ့သည်။

ထိုက်ယိဟွာတိမ်တိုက်က ဖခင်ဖြစ်သူကို အဘယ့်ကြောင့် သူ့သဘောနှင့်သူ လာရောက်ရှာဖွေရပါသနည်း။

ရန်တိကရော ထိုက်ယိဟွာတိမ်တိုက်နှင့် ရင်းနှီးမှုရှိနေသည်ဟု အဘယ့်ကြောင့် ခံစားရပါသနည်း။

အဘယ်ကြောင့်ဆိုသော ထို ထိုက်ယိဟွာတိမ်တိုက်သည် ရန်တိနှင့်အတူ မွေးဖွားလာသော ဖြစ်တည်မှုတစ်ခု ဖြစ်နေသောကြောင့်ပင်။

ထိုက်ယိဟွာတိမ်တိုက်ကို ရန်ကျောက်ကဲ ပထမဆုံးအကြိမ် တွေ့မြင်စဉ်ကပင် ထိုအရာ၏ ထူးဆန်းသောပုံသဏ္ဌန်က သူသိရှိထားသော ထိုက်ယိနှင့် ခြားနားနေကြောင်း သတိပြုမိသည်။

ထိုထိုက်ယိဟွာတိမ်တိုက်က စကြာဝဠာစတင်ချိန် ကနဦးကောင်းကင်သိုင်းပညာမှ ဆင်းသက်လာပြီး နှောင်းပိုင်းကောင်းကင်သိုင်းပညာသို့ ကူးပြောင်းရောက်ရှိသွားသည်။

အဘယ်ကြောင့်ဆိုသော် ထို ထိုက်ယိဟွာတိမ်တိုက်က ကလေးငယ်မျှသာဖြစ်သော ‘ရန်တိ’ ကို အနှီးတစ်ခုပမာ ပတ်စီးထားပြီး ရန်တိနှင့်အတူ မွေးဖွားလာကာ ကနဦးကောင်းကင်သိုင်းပညာမှ နှောင်းပိုင်းကောင်းကင်သိုင်းပညာအဖြစ် ပြောင်းလဲသွားခဲ့သည်။

ရန်တိမွေးဖွားပြီးသည့်နောက် အကြောင်းတစ်ခုခုကြောင့် ထိုက်ယိဟွာတိမ်တိုက်ထဲတွင် တစ်လျှောက်လုံး အိပ်စက်နေခဲ့သည်။

ထိုက်ယိဟွာတိမ်တိုက်အတွင်းမှ အချိန်နှင့်နေရာသဘောတရားများက ဝေဝါးနေသည်ဖြစ်ရာ ရန်တိသည်လည်း ကြီးထွားမလာဘဲ ကလေးငယ်ဘဝဖြင့်ပင် ရပ်တန့်နေသည်။

ထိုအချိန်...

ပြင်ပလောကတွင် နှစ်ပေါင်း (၂၀၀၀) အချိန်ကုန်လွန်သွားခဲ့လေသည်။

တစ်နေ့တွင်တော့ အရာအားလုံး ရင့်ကျက်လာပြီး ရန်တိသည်လည်း သေမျိုးလူသားကမ္ဘာသို့ ရောက်ရှိလာခဲ့သည်။

အဖြစ်အပျက်များ မည်သို့ဖြစ်ခဲ့ကြောင်း ရန်ကျောက်ကဲလည်း သေချာမသိနိုင်ပေ။

သို့သော် လတ်တလောသိရှိရသလောက် သူ၏အဘိုးနှင့်အဘွား ရန်ရှင်းထန်နှင့် တိချင်းလျန်တို့က ကြမ္မာဆိုးတစ်ခုနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်နိုင်သည်။

သားဖြစ်သူအန္တရယ်ကင်းရေးအတွက် တိချင်းလျန်က ကလေးငယ်ကို ‘ထိုက်ယိဟွာ’ တိမ်တိုက်တွင် ယာယီအပ်နှံထားခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ၏ဖခင် ‘ရန်တိ’ သည် အဘိုးနှင့်အဘွား၏ အမွေအနှစ်များနှင့် မျှော်လင့်ချက်များအားလုံးကို အမွေဆက်ခံခဲ့သည်။

ယွိချင်အဆက်အနွယ်ဖြစ်သော ရွှေစင်ထက်ယံအရှင်သခင် ‘ရန်ရှင်းထန်’ သည် စန့်ချင်အဆက်အနွယ်မှ ဓားဧကရီ ‘တိချင်းလျန်’ နှင့် လက်ထပ်ခဲ့ခြင်းအား ရန်ကျောက်ကဲ မသိရှိခဲ့ပေ။

မဟုတ်ပါက အစောကြီးကတည်းက သူ မှန်းဆမိမည် ဖြစ်၏။

အဘယ်ကြောင့်ဆိုသော်....

ဖခင်ဖြစ်သူ၏ သက်ရှိများအားလုံးအပေါ် လွှမ်းမမိုးနိုင်စွမ်းမြင့်မားမှု ၊ သန့်စင်လွန်းသော ကြယ်တာရာချီစွမ်းအားအနှစ်သာရ ။

ဤအရာများအားလုံးကို ရန်ကျောက်ကဲ ရင်းနှီးနေသလို ခံစားရသည်။

ထိုတန်ခိုးစွမ်းအားများက....

ယွိချင်အဆက်အနွယ် ၊ မူလကောင်းကင်ကျမ်းစာများမှ  ‘ကောင်းကင်ဖွင့်ကျမ်းစာ’။

စန့်ချင်အဆက်အနွယ်၏ လင်ပေါင်ဓားသိုင်း (၄)မျိုးဟုခေါ်ဆိုသော နတ်ဘုရားသုတ်သင်ဓားသိုင်း(၄)မျိုး။

“ကောင်းကင်ဖွင့်ကျမ်းစာ” က ရန်ရှင်းထန် ကျင့်ကြံခဲ့သောသိုင်းပညာဖြစ်ပြီး ကနဦးမိုးမြေဖန်ဆင်းခြင်းအတွက် မြေ ၊ ရေ ၊ လေ ၊ မီး ဖန်ဆင်းခြင်းတရားများကို ထင်ရှာစေသည်။

‘တိချင်းလျန်’ ကျင့်ကြံခဲ့သော နတ်ဘုရားသုတ်သင်ဓားသိုင်း (၄)မျိုးကတော့ ဓားတစ်လက်တည်းဖြင့် သိုင်းပညာများအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။

ဓားတစ်လက်ဖြင့် အလုံးစုံကိုကျော်ဖြတ်ကာ အသင်္ချေသောကောင်းကင်ဘုံများ၏ နိဂုံးနှင့် နိဒါန်းကို အတူယှဉ်တွဲ ဖြစ်ပေါ်စေသည်။

ကောင်းကင်ဖွင့်ကျမ်းစာက မိုးနှင့်မြေကို ဖွင့်လှစ်နိုင်ပြီး နတ်ဘုရားသုတ်သင်ဓားသိုင်း (၄)မျိုးက မိုးနှင့်မြေကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။

ထိုတန်ခိုးစွမ်းအားနှစ်ခု ပေါင်းစပ်လိုက်သည့်အခါ အစနှင့်အဆုံး ပြီးပြည့်စုံသွားပြီး မဟာတာအိုက အရှိန်အဟုန်ဖြင့် တိုးတက်မှုဖြစ်ပေါ်လာသည်။

“ငါ့ ခန္ဓာကိုယ်ထဲမှာ အရှိန်အဟုန်ရှိနေတယ် ၊ ငါ ရပ်တန့်လို့မရဘူး ၊ ခိုင်ခန့်ပြီးဖျက်ဆီးလို့မရတဲ့ တန်ခိုးစွမ်းအားနဲ့ ငါသွားသမျှနေရာတိုင်းကို ထိုးဖောက်ဖြတ်ကျော်သွားမယ်”

ရန်တိကိုကြည့်ရုံမျှဖြင့် ကောင်းကင်ဖွင့်ကျမ်းစာနှင့် နတ်ဘုရာသုတ်သင်ဓားသိုင်း (၄)မျိုး၏ ပေါင်းစပ်မှုက မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း ပြသနေသည်။

ရန်ကျောက်ကဲက သူတစ်ခါမှမတွေ့ဖူးသည့် အဘိုးအဘွားများနှင့်ပတ်သက်ပြီး လက်မထောင်လိုစိတ် မရှိပေ။

သို့သော် ရန်ရှင်းထန်နှင့် တိချင်းလျန်တို့က ထူးခြားပြီးအံ့သြဖွယ်ရာကောင်းသလို ရူးသွပ်မိုက်မဲရာလည်းကျသည့် အကြံအစည်တစ်ခုကို တွေးတောနိုင်ခဲ့ကြသည်မှာ ချီးကျူးစရာ ကောင်းလှသည်။

ပိုပြီး အံ့သြစရာကောင်းသည်မှာ သူတို့က ထိုအကြံအစည်ကို တွေးတောရုံမျှမက လက်တွေ့ဖြစ်လာအောင် အကောင်အထည်ဖော်ခဲ့ကြခြင်းပင်။

သူတို့၏ဆန္ဒများအားလုံး ပြီးမြောက်အောက် ကူညီပေးသည့်အရာမှာ ရတနာပစ္စည်းတစ်ခုဖြစ်သော ‘ထိုက်ယိဟွာတိမ်တိုက်’ ပင် ဖြစ်၏။

ထိုက်ယိဟွာတိမ်တိုက်တစ်ခုတည်းဖြင့်လည်း လုံလောက်ခြင်း မရှိသေးပေ။

သူတို့ကိုယ်တိုင်က ကောင်းကင်ဖွင့်ကျမ်းစာနှင့် နတ်ဘုရားသုတ်သင်ဓားသိုင်း (၄)မျိုးကို ပေါင်းစပ်ကျင့်ကြံနိုင်ရန် မဖြစ်နိုင်တော့ပေ။

ထို့ကြောင့် သူတို့၏ကိုယ်ပိုင်သားအရင်း အောင်မြင်မှုရရှိစေရန် အခွင့်အရေးတစ်ခု ပေးအပ်ချင်ခဲ့ကြသည်။

ဤသည်မှာ အံ့သြဖွယ်ရာသိုင်းပညာကို ရန်တိကျင့်ကြံနိုင်ရန်အတွက် မိသားစု (၃)ယောက် ဝိုင်းဝန်းကြိုးစားမှု၏ရလဒ် ဖြစ်သည်။

ဤသည်မှာ ရန်ရှင်းထန်နှင့် တိချင်းလျန်တို့က သူတို့သားအတွက် နောက်ဆုံးပေးအပ်ခြင်း ဖြစ်နိုင်သည်။

ဤသိုင်းပညာက ရန်တိနှင့်အတူ မွေးဖွားလာခြင်း ဖြစ်သည်။

အတိအကျဆိုရသော် ရန်တိုက ဤသိုင်းပညာဖြင့်ပေါင်းစပ်ရန်အတွက် ထိုက်ယိဟွာတိမ်တိုက်ထဲတွင် ကလေးငယ်ဘဝဖြင့် ရပ်တန့်နေခဲ့သည်။

ပြင်ပလောကတွင် နှစ်ပေါင်း (၂၀၀၀)ကျော်ကြာမြင့်တော့မှ ခမ်းနားကြီးကျယ်သည့်သိုင်းပညာပေါင်းစပ်မှုက ပြီးမြောက်ခဲ့ပြီး ရန်တိတစ်ယောက်တည်းနှင့်သက်ဆိုင်သည့် ထူးခြားသောမွေးရာပါသိုင်းပညာဖြင့် ကမ္ဘာလောကကြီးတွင် မွေးဖွားလာခဲ့သည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ရောက်ရှိလာခြင်းကတော့ တိုက်ဆိုင်မှုလား သို့မဟုတ် ကြိုတင်ပြင်ဆင်ထားခြင်းလား မပြောနိုင်ပေ။

ရန်တိသည် ဤသိုင်းပညာဖြင့်မွေးဖွားလာခဲ့ခြင်းဖြစ်ရာ သိုင်းပညာ၏သဘောတရားနှင့် ရပ်တည်ချက်မှာ သူနှင့်သက်ဆိုင်ခြင်း မရှိပေ။

သူ့အနေဖြင့် တစ်ဖက်သွားဓားသိုင်း ကျင့်ကြံသည်ဖြစ်စေ ၊ နှစ်ဖက်သွားဓားသိုင်း ကျင့်ကြံသည်ဖြစ်စေ ခြားနားမည် မဟုတ်ပေ။

ချင်းယွမ်ဧကရာဇ် ၊ လန်ချင်း ၊ ကျွမ်းရှန်နှင့် အခြားသူများမှာ ဤကိစ္စနှင့်ပတ်သက်ပြီး အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်သွားရတော့သည်။

ထိုက်ယိဟွာတိမ်တိုက်ကြောင့် ရန်တိ၏ရုပ်သွင်က ပြောင်းလဲသွားခဲ့ပြီး ဖခင်ဖြစ်သူ ရွှေစင်ထက်ယံအရှင်သခင်နှင့် အသွင်အပြင်ဆင်တူခြင်း မရှိတော့ပေ။ ထို့ကြောင့် ချင်းယွမ်ဧကရာဇ်က ရွှေစင်ထက်ယံအရှင်သခင်ကို တွေ့မြင်ဖူးသည့်တိုင် ရန်တိနှင့်ပတ်သက်မှုအား သတိမထားမိခြင်း ဖြစ်၏။

သို့ပေသိ ကျန့်ဟွမ်ဓားဧကရာဇ်၏တပည့်များကတော့ ဤကိစ္စနှင့်ပတ်သက်ပြီး မှားယွင်းမည် မဟုတ်ပေ။

ယခင်က ထိုက်ယိဟွာတိမ်တိုက်ကို အသုံးပြုခဲ့သည့် အံ့သြဖွယ်ရာဖြစ်ရပ်ကို သူတို့က သိရှိထားကြသည်ဖြစ်ရာ ရန်တိ၏အသက်အရွယ်က သူတို့ကို အထင်လွဲမှားစေနိုင်မည် မဟုတ်ပေ။

“ရန်တိ” ဆိုသည့်နာမည်ကပင် ကျယ်လောင်စွာ သိသာထင်ရှားနေပြီ မဟုတ်ပါလား။

ထို့ပြင် ရန်တိ၏ မွေးရာပါသိုင်းပညာနှင့် ထိုက်ယိဟွာတိမ်တိုက် ချိတ်ဆက်နေခြင်းက အခြားသူများ အတုအယောင်မပြုလုပ်နိုင်သည့် အကောင်းဆုံး သက်သေဖြစ်သည်။

ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...

“လက်စသတ်တော့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက ငါ့ကို နတ်ဘုရားထောင်ချောက်ဓားသိုင်းပေးတာ... အဘွားကြောင့်ကိုး...”

“အမလေး... အကောင်ကြီးကြီးတွေနဲ့ ဆွေမျိုးတော်ရတာ ကြည်နူးဖို့ကောင်းလိုက်တာ”

ဝါဒတောင်ဆိုသည်က အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ထိပ်သီးသိုင်းဂိုဏ်းကြီးတစ်ခု ဖြစ်သည်။ နေသူတော်စင်ဂိုဏ်း ၊ ကောင်းကင်မိုးကြိုးခန်းမတို့ဖြင့် ရန်ငြိုးရန်စရှိခဲ့သည့်တိုင် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် စွမ်းအားကြီးမားသည့် ထိပ်သီးသိုင်းဂိုဏ်းကြီး (၆)ဂိုဏ်းထဲတွင် ပါဝင်သည်။

သို့သော် အထက်ဘုံကမ္ဘာသို့ရောက်လာချိန်မှာတော့ ခြေကုပ်ရယူနိုင်ရန်အတွက် အစမှအဆုံးအထိ တိုက်ပွဲဝင်ခဲ့ရသည်။

ဝါဒတောင်ရပ်တည်နိုင်ရန်အတွက် ရန်ကျောက်ကဲမှာ ရှေ့တန်းတပ်သားတစ်ယောက်ပမာ အတော်လေး ကြိုးစားအားထုတ်ခဲ့ရသည်။

သို့တိုင် ပျင်းရိသူတစ်ယောက်ဖြစ်သော သူ့အတွက် ကြားရသည်မှာ အနှစ်သက်ဆုံးစာကြောင်းက ဤသို့ဖြစ်သည်။

“အိုး... ရန်ကျောက်ကဲ... မင်းမှာ နောက်ခံအင်အားကောင်းတဲ့ ဖခင်ကောင်းတစ်ယောက်ရှိနေတာပဲ မဟုတ်လား”

ယခု အိပ်မက်များအသက်ဝင်လာပြီဖြစ်ရာ ရန်ကျောက်ကဲစိတ်ထဲ အတော်လေး နေလို့ထိုင်လို့ကောင်းနေသည်။

ရန်ကျောက်ကဲနှင့်မတူညီစွာ ချင်းယွမ်ဧကရာဇ် ၊ အနောက်ပိုင်းထိပ်တန်းအရှင်သခင်’လန်ချင်း’ ၊ အရှေ့ပိုင်းထိပ်တန်းအရှင်သခင် ‘တာအိုဆရာထျန်းယိ’ တို့ကတော့ ရင်ထဲတွင် ခါးသက်စွာ ခံစားနေရသည်။

မိန်းမပျိုဧကရာဇ် ‘ကျဲ့မင်ခုန်’ အဘယ့်ကြောင့် ဝါဒတောင်ဘက်မှ ကာကွယ်ပေးရသည်ကို သူတို့ နားလည်သွားကြပြီ ဖြစ်၏။

ပြီးတော့ မိန်းမပျိုဧကရာဇ်ကိုယ်တိုင်ကလည်း သူမ၏ဆန္ဒအလျောက် ဝါဒတောင်ကိုလာရောက်ကူညီသည်ဟု ရိုးသားစွာပင် ဝန်ခံခဲ့သည် မဟုတ်လား။

မိန်းမပျိုဧကရာဇ်ဆိုသည်က ခွန်လွန်အထင်ကရကိုးပါးမှ ‘ရေစင်ထက်ယံအရှင်သခင်’ ၏ တပည့်ဖြစ်ကြောင်း အထက်ဘုံကမ္ဘာမှ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များအားလုံး သိရှိကြသည်။

ကျဲ့မင်ခုန်က...

“ကျွန်မရဲ့ဆရာ ‘ရေစင်ထက်ယံအရှင်သခင်’ က ဘယ်သူနဲ့မှ ရင်းရင်းနှီးနှီးမနေတတ်ဘူး ၊ မိတ်ဆွေအအေပါင်းအသင်းလည်း သိပ်မရှိဘူး ၊ ဒါပေမဲ့ ခွန်လွန်အထင်ကရကိုးပါးထဲမှာ ရွှေစင်ထက်ယံအရှင်သခင်နဲ့တော့ အတော်လေး ခင်မင်ခဲ့ကြတယ်”

သူမက ဆက်ပြောသည်။

“ဒီလို ဆက်ဆံရေးရှိတာကြောင့် ကျန့်ဟွမ်ဓားဧကရာဇ်က မတောင်းဆိုဘူးဆိုရင်တောင် ကျွန်မက ဝါဒတောင်ကိုလာပြီး ရှင့်ကိုတားဆီးရမှာပဲ ချင်းယွမ်...”

ချင်းယွမ်ဧကရာဇ်သည် လေထုထဲတွင် ကျောက်ရုပ်တုတစ်ခုပမာ မတ်တတ်ရပ်လျှက် ရှိသည်။

ရန်တိ၏ဘဝမှန်နှင့်ပတ်သက်ပြီး ရန်ကျောက်ကဲနှင့်ရန်တိတို့သားအဖနှစ်ယောက် ခန့်မှန်းချက်များစွာ ဆွေးနွေးခဲ့ဖူးသည်။ ယခုတော့ ရန်တိသည် ဤကိစ္စအောက်ခြေအထိ သိရှိရပြီ ဖြစ်သည်။

သို့တိုင် သူ့စိတ်များ ရှုတ်ထွေးနေဆဲပင်။

သူက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ရေခဲဧကရီထံ လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်သည်။

“ကျေးဇူးတင်ပါတယ် မိန်းမပျိုဧကရာဇ်”

ထို့နောက် သူက ပိုင်တောင်းတို့ (၃)ယောက်အား လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း...

“ချင်းယွမ်ဧကရာဇ်နဲ့ တခြားထိပ်တန်းအရှင်သခင်တွေလိုပဲ... ဒီ ‘ရန်’ လည်း ဒီကိစ္စတွေကို အခုမှ သိရတာပါ ၊ ဆိုတော့... အခုချိန် ခံစားချက်တွေများပြီး စိတ်တည်ငြိမ်ဖို့ခက်နေတယ် ၊ ကျန့်ဟွမ်ဓားဧကရာဇ် အထက်ဘုံကမ္ဘာကိုပြန်ရောက်လာရင် ကျုပ် သူနဲ့တွေ့ဖို့ အခွင့်အလမ်းရနိုင်မယ် မျှော်လင့်မိပါတယ်”

ပိုင်တောင်းက နားလည်စွာဖြင့် ခေါင်းညိတ်ရင်း...

“ဒီအကြောင်းကို ရုတ်တရက်သိလိုက်ရတော့ ခင်ဗျားအနေနဲ့ ဒီလိုခံစားရတာ သဘာဝကျပါတယ်”

သူ့ဘေးမှ အနက်ရောင်ဝတ်လူငယ်က...

“သူ့ကို ဆရာဦးလေး’ရန်’ လို့ခေါ်လိုက်လေ ၊ ဆရာသာအနားမှာရှိရင် အဲဒီလိုခေါ်စေချင်မှာပဲ ၊ ဆရာကိုယ်တိုင်တောင်မှ သူ့ကို ဂိုဏ်းတူအစ်ကိုလို့ ခေါ်ချင်ခေါ်မှာ”

ထိုစကားကြားတော့ ရန်တိကပြုံးလိုက်ရင်း စကားပြန်ပြောရန် ဟန်ပြင်လိုက်စဉ် လန်ချင်းက ရုတ်တရက် စကားဝင်ပြောလိုက်သည်။

“ကျန့်ဟွမ်ဓားဧကရာဇ်နဲ့ မိန်းမပျိုဧကရာဇ်တို့ ဒီကိစ္စကို ပြန်စဉ်းစားပေးစေချင်တယ်”

သူက ဆက်ပြောသည်။

“ရန်ကျောက်ကဲမှာ ယိုးမင်ဂမ္ဘီရစက်ဝန်းရှိနေတယ် ၊ ရန်တိရဲ့ဇနီး ရန်ကျောက်ကဲရဲ့အမေကလည်း ထုန်းမင်ဧကရာဇ် ‘ဟူရှင်းယွဲ့’ ရဲ့ တပည့် ရွှယ်ချူးချင်ပဲ”

ပိုင်တောင်းက...

“ဒီကိစ္စနဲ့ဆက်စပ်မှုတွေက မင်းတို့တွေးထင်ထားတာထက် အများကြီးကျော်လွန်နေတယ်”

သူ့စကားဆုံးသွားသည်နှင့် ဘေးနားမှ အနက်ရောင်ဝတ်လူငယ်က လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ ဓားအလင်းတန်းတစ်ခု လေထုထဲတွင်ထွက်ပေါ်လာလေသည်။

All Chapters