← Chapters

ကြွေလွင့်သွားသောထိပ်တန်းအရှင်သခင်

Vol. 74 Ch. 1043

ကြွေလွင့်သွားသောထိပ်တန်းအရှင်သခင်

Vol. 74 Ch. 1043

အခန်း (၁၀၄၃) ကြွေလွင့်သွားသောထိပ်တန်းအရှင်သခင်

ကောင်းကင်ကိုဖွင့်လှစ်သည့်ဓားတစ်စင်းက သူသွားရာလမ်းတစ်လျှောက်မှ အရာအားလုံးကို ဖြတ်သန်းတိုက်ခိုက်သွားသည်။

ဤဓားတစ်ခုတည်းဖြင့်ပင် ချင်းယွမ်ဧကရာဇ်တို့အုပ်စုမှာ ဆက်လက်တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိတော့ဘဲ ကမန်းကတန်း ထွက်ခွာသွားကြတော့သည်။

အဖျက်စွမ်းအားဝိညာဉ်က သိသာထင်ရှားခြင်းမရှိသော်လည်း လေထုကိုထိုးခွင်းကာ ယင်နှင့်ယန် ကွဲပြားသွားပြီး ဖြစ်စဉ် (၄)ခုကို ဖန်ဆင်းကာ အသစ်သောလောကတစ်ခု ပြန်လည်မွေးဖွားလာသကဲ့သို့ ဖြစ်သည်။

“ဒါက ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဖွင့်ဓားလား ၊ သူ့နာမည်ဂုဏ်သတင်းနဲ့ ထိုက်တန်ပါတယ်”

အဝေးတွင်ပျောက်ကွယ်သွားသည့် ဓားအလင်းတန်းကိုကြည့်ရင်း ရန်ကျောက်ကဲက မှတ်ချက်ပြုသည်။

ရွှေစင်ထက်ယံအရှင်သခင်က သူ၏ကိုယ်ပိုင်အရည်အချင်းဖြင့် ယွိချင်အဆက်အနွယ်ရဲ့ အမြင့်ဆုံးသိုင်းပညာကို အသွင်ပြောင်းကာ ‘ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဓားသိုင်း’ ကိုတီထွင်ခဲ့ပြီး အဆုံးစွန်သောဓားတာအိုဖြင့် ကမ္ဘာကိုအုပ်စိုးခဲ့သည်။

သို့ဖြစ်ရာ “ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဖွင့်ဓား” မှာ ပေါ့သေးသေးဓားတစ်လက် မဟုတ်ပါပေ။

အားလုံးထွက်ခွာသွားပြီးနောက်...

တောင်ပိုင်းထိပ်တန်းအရှင် ကျွမ်းရှန်ကတော့ နေရာမှာပင် ငြိမ်သက်စွာ မတ်တတ်ရပ်နေဆဲ ဖြစ်၏။

ရန်တိနှင့် ရန်ကျောက်ကဲအား ယခုမှ ပထမဆုံးအကြိမ် တွေ့ဆုံရသည့်အလား သူ့မျက်နှာထက် ထူးဆန်းသောအမူအရာ ထင်ဟပ်နေသည်။

ရန်ကျောက်ကဲက ကျွမ်းရှန်ကို စူးစိုက်ကြည့်လိုက်သည်။

အနောက်တောင်ထိပ်တန်းအရှင်သခင် ‘ပိုင်တောင်း’ က ...

“တောင်ပိုင်း’ကျွမ်း’ ... မင်း...”

နှင်းပွင့်များပမာ ငွေရောင်တောက်ပနေသော ကျွမ်းရှန်၏ဆံနွယ်များက လေထဲတွင် လွင့်ပျံနေသည်။

သူက...

“ချင်းယွမ်ဧကရာဇ်အတွက် မင်းတို့အားလုံးကိုသတ်ပစ်ဖို့က အရေးကြီးသလား ၊ နှောင်းပိုင်းမြေကမ္ဘာကျမ်းစာကို ရယူဖို့က အရေးကြီးသလားဆိုတာ ငါမပြောနိုင်ဘူး”

“အစကတော့ ငါကျွမ်းရှန်အတွက် ဇာမဏီအရိုးကိုရရှိဖို့က အရေးကြီးဆုံးပဲ ၊ ဒါပေမဲ့ အခုတော့ မဟုတ်တော့ဘူး”

“ချင်းယွမ်ဧကရာဇ်က အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်တဲ့အတွက် သူ့မှာ မျှော်လင့်ချက်ရှိနေသေးတယ်လေ”

ကျွမ်းရှန်က ညင်သာစွာဆိုသည်။

“တိဟွမ်မြေကမ္ဘာဧကရာဇ်နဲ့ ယင်ဟွမ်ဧကရာဇ် နှစ်ယောက်ပေါင်းပြီး ကျန့်ဟွမ်ဓားဧကရာဇ်ကို ဖိနှိပ်မယ်ဆိုရင် ချင်းယွမ်ဧကရာဇ်အတွက် အခွင့်အရေး ရှိလာနိုင်သေးတယ်”

သို့သော် ယနေ့တိုက်ပွဲအပြီးတွင် ကျွမ်းရှန်အနေဖြင့် ချင်းယွမ်ဧကရာဇ်ကဲ့သို့ လက်ကျန်အခွင့်အရေးမရှိတော့ကြောင်း သိရှိထားပြီး ဖြစ်သည်။

အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်သော ချင်းယွမ်ဧကရာဇ်က မြင့်မြတ်ခမ်းနားပြီး ဂုဏ်သိက္ခာအပြည့်ရှိနေဆဲပင်။

အချိန်ကြာလာသည်နှင့်အမျှ ရန်ကျောက်ကဲနှင့် ရန်တိတို့ ‘လူသားအထွတ်ထိပ်အဆင့်’ သို့ရောက်ရှိလာပြီး ချင်းယွမ်ဧကရာဇ်ကို ကြောက်ရွံ့စရာမလိုတော့ဘဲ ရင်ဆိုင်နိုင်သည့်အချိန်သို့ ရောက်ရှိလာပေမည်။ သို့သော် အချိန်အတိုင်းအတာတစ်ခု လိုအပ်နေသေးသလို ထိုသို့ဖြစ်လာမည်ဟုလည်း တရားသေသတ်မှတ်၍ မရပေ။

သို့သော် ကျွမ်းရှန်ကတော့ မတူညီပေ။

ရန်ကျောက်ကဲနှင့် ရန်တိက လက်ရှိအဆင့်မှာပင် သူနှင့် ကောင်းစွာယှဉ်ပြိုင်နိုင်နေပြီ ဖြစ်၏။

ဖခင်ဖြစ်သူ ရန်တိက သိုင်းသူတော်စင် အဋ္ဌမအဆင့် ၊ သားဖြစ်သူ ရန်ကျောက်ကဲက သိုင်းသူတော်စင် သတ္တမအဆင့်သာ ရှိနေသေးသည်။

ဤသို့တွေးကြည့်ရုံဖြင့် ကျွမ်းရှန်ရင်ထဲ လေးလံသွားရသည်။

သို့ဖြစ်ရာ ယနေ့ ‘ရန်’ သားအဖကို အနိုင်မယူနိုင်ခဲ့လျှင် အနာဂတ်တွင် ဘယ်သောအခါမှ အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။

ကျွမ်းရှန်ကဲ့သို့အဆင့်ရှိသော သိုင်းကျင့်ကြံသူတစ်ယောက်က ယုံကြည်မှုအပြည့်ရှိပြီး သူတို့၏ကိုယ်ပိုင်စွမ်းအားကို ယုံကြည်သလို သူတို့ထက်စွမ်းအားမြင့်မားသူများကိုလည်း ပေါ့ပေါ့တန်တန် သဘောမထားကြပေ။

သို့သော် ယနေ့တိုက်ပွဲတွင် ကျွမ်းရှန်အနေဖြင့် သတိပေးချက်တစ်ခုကို ရုတ်တရက် ခံစားခဲ့ရသည်။

အထူးသဖြင့် ရန်တိ၏ဦးခေါင်းထက်မှ ‘ထိုက်ယိဟွာတိမ်တိုက်’ ကိုတွေ့မြင်ရသည့်အခါ ထိုသို့ခံစားရခြင်း ဖြစ်၏။

ထန်ယုံဟောင်ထံမှ ဇာမဏီအရိုးကို ကျင်းထင်တောင်က ရယူသွားခဲ့သည်။ ထိုဇာမဏီအရိုးအတွင်းမှ အရုဏ်ဦးမြူခိုးသမာဓိမီးတောက်ကို ကျင့်ကြံနိုင်မည်ဆိုလျှင် သမာဓိမီးတောက် (၅)မျိုးလုံး တပြိုင်တည်း ကျင့်ကြံနိုင်မည် ဖြစ်သည်။

ကနဦးကောင်းကင်သိုင်းပညာမှ သမာဓိမီးတောက် (၅)မျိုး ပေါင်းစည်းမိပါက မိုးမြေတစ်ခွင်မှ သိုင်းပညာမှန်သမျှကို ခုခံကာကွယ်နိုင်မည် အမှန်ပင်။

ဤ သမာဓိမီးတောက် (၅)မျိုးက တုန်လှုပ်ဖွယ်ရာ ခံစစ်စွမ်းအားကို ပိုင်ဆိုင်ပြီး တာအိုဝါဒ၏ အထွတ်ထိပ်ခံစစ်နည်းလမ်းများထဲမှတစ်ခု ဖြစ်သည်။

မူလသမာဓိမီးတောက် (၄)မျိုးတွင် အရုဏ်ဦးမြူခိုးသမာဓိမီးတောက် တစ်မျိုးတည်း ပေါင်းထည့်လိုက်ရုံဖြင့် ကျွမ်းရှန်မှာ ယခုထက်ပိုပြီး အဆမတန် အစွမ်းထက်လာမည် ဖြစ်သည်။

သို့သော်...

ထိုက်ချင်အဆက်အနွယ်မှ သို့တိုင် ကနဦးကောင်းကင်သိုင်းပညာဖြစ်သော ရှန်းထျန်းဝူထိုက်၏ ထိပ်ဆုံးဖြစ်သော ထိုက်ယိသည် သမာဓိမီးတောက် (၅)မျိုးပေါင်းစည်းခြင်းကို ကောင်းစွာထိန်းချုပ်နိုင်စွမ်း ရှိသည်။

ကံကြမ္မာက သူ့အပေါ် ကြောက်စရာကောင်းအောင် မျက်လှည့်ပြခဲ့သည်ဖြစ်ရာ ကျွမ်းရှန်မှာ သက်ပြင်းသာ ချနိုင်ခဲ့သည်။

အဓိပ္ပါယ်ကတော့ နောက်ပိုင်းတွင် ဇာမဏီအရိုးကိုရရှိသည်ဆိုလျှင်တောင်မှ သူ့အနေဖြင့် ‘ရန်’ သားအဖကို အနိုင်ယူနိုင်မည် မဟုတ်ပေ။

ကျွမ်းရှန်က ပင့်သက်တစ်ချက်ရှိုက်ရင်း ရန်ကျောက်ကဲကို စူးစိုက်ကြည့်လိုက်သည်။

“ငါတို့ကြားက ရန်ငြိုးကို တစ်ခါတည်းဖြေရှင်းဖို့ ဒီနေ့ ရောက်လာတာ ၊ မင်းသေရင်သေ မသေရင် ငါသေရမှာပဲ”

သူက ဆက်ပြောသည်။

“ဒီအတိုင်းအတာအထိ ဖြစ်ခဲ့ပြီးမှတော့ အရာအားလုံးက ငါ့ခန့်မှန်းချက်တွေကို ကျော်လွန်သွားခဲ့ပြီ ၊ ဒါပေမဲ့ ငါ့အတွက်တော့ အရင်အတိုင်းပဲ ပြောင်းလဲမှု မရှိဘူး”

“မင်း ပိုပြီးစွမ်းအားကြီးရင် မင်း ငါ့ကိုသတ်မယ် ၊ ငါက မင်းထက်စွမ်းအားကြီးရင် ငါက မင်းကိုသတ်မယ်”

ကျွမ်းရှန်က ဖြည်းညင်းစွာဆိုသည်။

“ဒီလမ်းနှစ်ခုကလွဲပြီး တတိယလမ်းကိုလျှောက်ဖို့ ငါ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးဘူး”

ရန်တိက...

“မင်းမှာ ဒီလိုရည်ရွယ်ချက်ရှိမှတော့ ငါတို့ဝါဒ‌တောင်က သိုင်းကျင့်ကြံသူပီသစွာ မင်းနဲ့ရင်ဆိုင်ပါ့မယ်”

သူက လေထံသို့ခုန်ဝင်လိုက်ပြီး ကျွမ်းရှန်ရှေ့သို့ ရောက်ရှိလာသည်။

“ငါ့သားက မင်းရဲ့သားကိုသတ်လိုက်တယ် ၊ မင်း လက်စားချေချင်တယ်ဆိုရင် ဒီကိစ္စကို အဆုံးသတ်ကြတာပေါ့”

ရန်တိ၏စကားကိုကြားသည်နှင့် ဝါဒတောင်ထက်တွင်ရှိနေသော ဧည့်သည်တော်များ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

ရန်တိက ထိပ်တန်းအရှင်သခင်တစ်ယောက်အား သူသေကိုယ်သေ တိုက်ခိုက်အနိုင်ယူမည်ကို မည်သူမှ သံသယမဖြစ်ကြပေ။

လျန်ကျူးလင်နှင့်တိုက်ပွဲတွင် ရန်တိ၏ တန်ခိုးစွမ်းအားကို တွေ့မြင်ခဲ့ပြီးဖြစ်လေရာ မည်သူမှ စိုးရိမ်ပူပန်ခြင်း မရှိခဲ့ကြပေ။

သူတို့အားလုံးကို အံ့အားသင့်စေသည့်အချက်မှာ ရန်တိနောက်တွင် မိန်းမပျိုဧကရာဇ် ၊ ချောင်ကျယ် ၊ လျိုကျန်းကူတို့က ထောက်ပံ့ပေးထားပြီး အားသာချက်များစွာရှိနေသည့်တိုင် ရန်တိက ကျင့်ကြံသူပီသစွာ ကိုယ့်ပြဿနာ ကိုယ်တိုင်ဖြေရှင်းခြင်းပင် ဖြစ်၏။

ဤအချက်က လူအများစုကို အံ့သြစေသည် အမှန်ပင်။

သို့သော် ရေခဲဧကရီနှင့် အခြား‌သော ထိပ်တန်းအရှင်သခင်များကတော့ အံ့သြဟန်မပြကြပေ။

အရှေ့မြောက်ထိပ်တန်းအရှင်သခင် လျိုကျန်းကူက မိန်းမပျိုဧကရာဇ် ‘ကျဲ့မင်ခုန်’ ကို လှမ်းကြည့်ရင်း...

“ချင်းယွမ်ဧကရာဇ်သာ လာပြီးမတိုက်ခိုက်ဘူးဆိုရင် မိန်းမပျိုဧကရာဇ်လည်း ရောက်လာမှာမဟုတ်ဘူးမလား”

မိန်းမပျိုဧကရာဇ်က လျိုကျန်းကူ၏စကားကို ငြင်းဆန်ခြင်းမရှိဘဲ သိမ်မွေ့သောအမူအရာဖြင့်...

“ဒီတိုက်ပွဲပြီးတာနဲ့ ဝါဒတောင်ဖွင့်ပွဲအခမ်းအနားကို ကျွန်မကိုယ်တိုင်တက်ရောက်ပြီး ဂုဏ်ပြုမယ်”

ကျန့်ဟွမ်ဓားဧကရာဇ်က နဂိုကပင် ဆရာဖြစ်သူ၏ အဆက်အနွယ်များကို ရှာဖွေနေသည်ဖြစ်ရာ သူတို့ကိုကာကွယ်ပေးရာတွင် နမောနမဲ့ ပြီးစလွယ်ပြုလုပ်မည် မဟုတ်ပေ။

သို့သော် ရန်တိကတော့ ကျွမ်းရှန်နှင့် တိုက်ခိုက်မည်သာပင်။

လူတစ်ယောက်အနေဖြင့် အတွေ့အကြုံမရှိဘဲ ရင့်ကျက်နိုင်မည် မဟုတ်သလို ကြီးထွားလာနိုင်မည်လည်း မဟုတ်ပေ။

အတွေ့အကြုံရှာရခြင်း၏ရည်ရွယ်ချက်မှာ ရင့်ကျက်ကြီးထွားလာပြီး လူတစ်ယောက် ကိုယ့်အသက်ကိုယ် မသေစေရန် ကာကွယ်ခြင်း ဖြစ်သည်။

ထို့ကြောင့် ခံနိုင်ရည်ရှိသော တိုက်ပွဲများနှင့် ခြိမ်းခြောက်မှုများ ထွက်ပေါ်လာသည့်အခါ ဓားအိမ်ထဲတွင် နှစ်ပေါင်းများစွာ သိမ်းဆည်းထားသောဓားက ပြင်ပသို့ ထွက်ပေါ်လာရမည်သာ ဖြစ်သည်။

ရန်တိအနေဖြင့် ကျွမ်းရှန်ကို ရင်ဆိုင်ရန် မတတ်နိုင်ပါက အခြားသူများက ကူညီပေးရန် အသင့်ရှိနေမည် ဖြစ်သည်။

မိန်းမပျိုဧကရာဇ်က ဘိုးဘေးများ၏ ခင်မင်မှုကိုထောက်ထားကာ ကျန့်ဟွမ်ဧကရာဇ် အကူအညီတောင်းသည်ကို လက်ခံခဲ့သလို သူမကိုယ်တိုင်လည်း ဝါဒတောင်ကို ကူညီချင်စိတ် ရှိခဲ့သည်။

သို့သော် ချင်းယွမ်ဧကရာဇ် လာရောက်တိုက်ခိုက်ခြင်းမရှိပါက သူမသည်လည်း ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။

နှောင်းပိုင်းမြေကမ္ဘာကျမ်းစာက အလင်းရောင်တစ်ချက် တောက်ပသွားသည့်အခါ မိန်းမပျိုဧကရာဇ်၏မျက်နှာထက် လေးစားမှုများနှင့် ပြည့်နက်သွားသည်။

သူမသာရောက်ရှိမလာပါက ရန်ကျောက်ကဲနှင့်ဝါဒ‌တောင်အနေဖြင့် ချင်းယွမ်ဧကရာဇ်ကို အနိုင်ယူနိုင်မည်မဟုတ်ဟု သူမ တွေးထင်ခဲ့ဖူးသည်။

သို့သော် ထိုအတွေးက မှားယွင်းခဲ့ပြီး ချင်းယွမ်ဧကရာဇ်ကိုရင်ဆိုင်ရန် ရန်ကျောက်ကဲတွင် ဝှက်ဖဲများ ရှိနေခဲ့သည်။

ယခုတော့ သူမက ရန်ကျောက်ကဲနှင့်ရန်တိကို အလွန်အထင်ကြီးလေးစားလျှက် ရှိသည်။ ကျန့်ဟွမ်ဓားဧကရာဇ်၏ တပည့် (၃)ယောက်သည်လည်း အလားတူပင် ဖြစ်သည်။

ကျွမ်းရှန်က ရန်တိုကိုကြည့်ရင်း...

“အဲဒါလည်း အဆင်ပြေပါတယ်”

ရန်တိက ခေါင်းညိတ်ပြလိုက်ပြီး သူဓားကိုဆွဲထုတ်ကာ ကျွမ်းရှန်အား ဦးတည်တိုက်ခိုက်လိုက်သည်။

ကျွမ်းရှန်ကလည်း ရန်တိနှင့်ရင်ဆိုင်ရန် ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားပြီး ဓားသွားနှစ်ခုထိခတ်မိသည့်အခါ မီးပွားများ ပွင့်ထွက်လာသည်။

ရန်တိ၏ဦးခေါင်းထက်မှ ကြာပန်းနှင့်တူညီသော ပရမ်းပတာတိမ်တိုက်မှ ချီစွမ်းအားစီးကြောင်းများ ထွက်ပေါ်လာသည်။

တိုက်ပွဲပြင်းထန်လာသည်နှင့်အမျှ ထိုက်ယိဟွာတိမ်တိုက်က ကျယ်ပြန့်လာပြီး သူတို့နှစ်ယောက်လုံးအား ဝိုင်းရံထားလိုက်သည်။

လူတိုင်းမျက်စိရှေ့တွေ့မြင်ရသည်မှာ မှုံဝါးသောတိမ်တိုက်အတွင်းမှ ထွက်ပေါ်နေသည့် အလင်းတန်းများသာ ဖြစ်သည်။

ရန်ကျောက်ကဲက မြေကမ္ဘာမယ်တော်ထုံးတမ်းအစီအရင်ကို ရပ်တန့်လိုက်ပြီး ထိုက်ယိဟွာတိမ်တိုက်ဆီသို့ အာရုံစူးစိုက်ကြည့်နေသည်။

ထိုက်ယိဟွာတိမ်တိုက်ဖြင့် လွှမ်းခြုံခံထားရသဖြင့် ကျွမ်းရှန်အနေဖြင့် နိဗ္ဗာနမီးတောက်မှ ပြန်လည်မွေးဖွားလာရန် နည်းလမ်းမရှိတော့ပေ။

ထို့ပြင် ဤသို့သောအခြေအနေတွင် ထိုက်ယိဟွာတိမ်တိုက်က ရန်တိကိုလည်း အကာအကွယ်ပေးထားနိုင်ခြင်း မရှိတော့ပေ။

ရန်တိ၏တိုက်ပွဲပုံစံက အမြဲတမ်းလိုလို ထိုသို့ပင် ဖြစ်၏။

သေခြင်းရှင်ခြင်းတိုက်ပွဲတွင် ရန်သူနှင့် ဖြည်းညင်းစွာ ပရိယာယ်သုံး ထိုးနှက်တိုက်ခိုက်ခြင်းထက် တစ်ခုတည်းသောအရှိန်အဟုန်ဖြင့် ပြင်းထန်စွာ တိုက်ခိုက်ခြင်း ဖြစ်သည်။

ကျွမ်းရှန်က ခံစစ်သာလျှင်အားကောင်းပြီး တိုက်စစ်တွင်အားနည်းသည်ဟု လူအများပြောကြသည်။ သို့သော် ဤသည်က အခြားသော ထိပ်တန်းအရှင်သခင်များနှင့် တိုက်ခိုက်ချိန်တွင်သာ ဖြစ်သည်။

လူသားအထွတ်ထိပ်အဆင့်နှင့် သိုင်းသူတော်စင်နဝမအဆင့် တိုက်ခိုက်လျှင်ပင် သိုင်းသူ‌တော်စင် နဝမအဆင့်က အသက်ပျောက်သွားနိုင်သည် အမှန်ပင်။

ရန်တိက သိုင်းသူတော်စင် အဋ္ဌမအဆင့်သာ ရှိသေးသည်။

ရုတ်တရက် ထိုက်ယိဟွာတိမ်တိုက် အပြင်ပိုင်းတစ်ခုလုံး တန်ခိုးစွမ်းအားလှိုင်းလုံးများ ထွက်ပေါ်နေခြင်းမရှိတော့ဘဲ ငြိမ်သက်သွားသည်။

သို့တိုင် အတွင်း၌ဖြစ်ပေါ်နေသည့်တိုက်ပွဲက မည်မျှပြင်းထန်ပြီး အန္တရယ်များသည်ကို လူတိုင်းသိရှိကြသည်။

အဆုံသတ်မှာတော့ ထိုက်ယိဟွာတိမ်တိုက် တဖြည်းဖြည်းကျယ်ပြန်လာပြီး ပြန်လည်ပွင့်ဟလာသည်။

အတွင်းမှ တောက်ပသောရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ကောင်းကင်ထက်သို့ လွင့်စင်ထွက်သွားသည်။

ထိုအလင်းတန်းများအလယ်တွင် လွင့်ပျံနေသည့် အဖြူရောင်ဆံနွယ်ရှည်များကို တွေ့မြင်ရပြီး သူ၏ဦးခေါင်းထက်တွင် စိမ်းစိုနေသည့် ရွှေရောင်ဝူထုန်သစ်ပင်တစ်ပင် ရှိနေသည်။

အလင်းတန်းများအလယ် မတ်တတ်ရပ်နေသူမှာ တောင်ပိုင်းထိပ်တန်းအရှင်သခင် ‘ကျွမ်းရှန်’ ဖြစ်၏။

မြင်ကွင်းကိုကြည့်ရင်း ဝါဒတောင်တောင်ထက်မှလူများအားလုံး၏ မျက်ဝန်းများက မရေရာမှုများဖြင့် တုန်လှုပ်သွားကြသည့်တိုင် ရန်ကျောက်ကဲ ၊ ကျဲမင်ခုန် ၊ လျိုကျန်းကူတို့ကတော့ တညီတညွတ်တည်း ပြုံးလိုက်ကြသည်။

ထို့နောက်မှာတော့ ကျွမ်းရှန်၏ဦးခေါင်းထက်ရှိ ရွှေရောင်ဝူထုန်သစ်ပင်မှ အကိုင်းအခက် အရွက်များ ကြွေကျသွားပြီး ကောင်းကင်ယံထက်မှာပင် အလင်းတန်းများအဖြစ်ပြောင်းလဲကာ အက်ကွဲပျောက်ကွယ်သွားသည်။

အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်နှင့် တောင်ပိုင်းမီးတောက်ကောက်ကင်ပြည်နယ် နယ်ခြားဒေသတွင် ရွှေရောင်အလင်းတန်းများက မိုးစက်များပမာ ဖြာဆင်းကျသွားသည်။

ထိုက်ယိဟွာတိမ်တိုက်အတွင်းမှ ရန်တိထွက်ပေါ်လာပြီး သူက ကျွမ်းရှန်ရှေ့သို့ ချက်ချင်းရောက်ရှိသွားသည်။

ကျွမ်းရှန်၏နှုတ်ခမ်းများ မသိမသာ လှုပ်ယမ်းသွားသည့်တိုင် မည်သည့်စကားမှ ထွက်မလာတော့ဘဲ သူ၏ခန္ဓာကိုယ် တဖြည်းဖြည်းအက်ကွဲသွားကာ အလင်းတန်းများအဖြစ် ပြောင်းလဲပျောက်ကွယ်သွားသည်။

ထိပ်တန်းအရှင်သခင်တစ်ပါး ကြွေလွင့်သွားခဲ့ပြီ ဖြစ်လေ၏။

All Chapters