← Chapters

အခန်း (၆၄၆)

Vol. 44 Ch. 646

အခန်း (၆၄၆)

Vol. 44 Ch. 646

“အား..အား.. မင်းငါ့ကိုရိုက်တယ်.. မင်းငါ့ကိုဘယ်လိုတောင်ရိုက်ရဲတာလဲ.. မင်းရဲ့သခင်ဖြစ်သူကိုဘယ်လို

တောင်ရိုက်ရဲတာလဲကွ”

တီရှာ၏လက်ထဲ၌ရှိနေသော ရှစ်ဖုန့်မှာ တီရှာ၏ ထိုးနှက်ခံရပြီးသည့်နောက်၌ တကယ့်လူတစ်ယောက်အဖြစ် ထပ်မံ သရုပ်ဆောင်နေသေး၏။ သူကတီရှာအားဒေါသတကြီး အော်ဟစ်လိုက်သည်။

တီရှာနှင့်ရှစ်ဖုန့်တို့၌ သခင်နှင့်အစေခံစာချုပ်ရှိသည်ဖြစ်သည်။ သူ၏လက်ထဲ၌ရှိနေသော ဤသတ္တဝါက အတုဖြစ်သည်ကို တီရှာသိသည်ဖြစ်သည်။

တီရှာက သူ့အားအော်ဟစ်နေသည့် သူကောင်းကောင်းရိုက်နှက်ပစ်ချင်

နေသည်မှာကြာလှပြီဖြစ်သော မျက်နှာအားစိုက်ကြည့်နေသည်။ ဤအချိန်၌ ရှစ်ဖုန့်ကသူ့အားမထိန်းချုပ်ခင်အရင်ဆုံး တီရှာကသူ၏ဘယ်လက်သီးအား

ထပ်မံမြှောက်လိုက်ပြီး ၎င်း၏မျက်နှာအားထပ်ကာထပ်ကာ

ထိုးနှက်လိုက်သည်။

“ဖုန်း.ဖုန်း..ဖုန်း..ဖုန်း..ဖုန်း”

မျက်နှာအားထိုးနှက်ပစ်နေသကဲ့သို့ ရုတ်ခြည်းသူ၏တစ်ကိုယ်လုံးဆီမှ စိတ်ကျေနပ်ဖြစ်မှုတို့အားတီရှာခံစားလိုက်ရသည်။အချိန်ကြာမြင့်စွာသူ၏နှလုံးသားထဲ၌ချိုးနှိမ်ထားခဲ့သောဒေါသထို့အား

ဤအချိန်တွင်လွှတ်ပေးလိုက်၏။

အောက်၌ရှိနေသောရှစ်ဖုန့်မှာ သူ၏စိတ်အားထပ်မံလှုပ်ရှားလိုက်သည်။

ကောင်းကင်နှင့်မြေကြီး၌လောင်ကျွမ်းနေသောသွေးနီရောင်မီးတောက်တို့က ချက်ချင်းပဲ သူ့ဆီသို့ဦးတည်ချက်ပေါင်းစုံမှပြန်လည်လှိမ့်ဝင်လာသည်။ အလွန်လျှင်မြန်စွာနှင့်ပင် မီးတောက်အားလုံးကသူ၏ကိုယ်

အတွင်းသို့ဝင်ရောက်သွားသည်။

ထို့နောက်တွင် ရှစ်ဖုန့်က ထပ်မံလှုပ်ရှားလိုက်ပြီး အပေါ်သို့ထိုးတက်သွားသည်။ အလွန်လျှင်မြန်စွာဖြင့်တီရှာ၏

ဘေးသို့ရောက်ရှိလာသည်။ သူက သူ့ပုံစံပြောင်းလဲထားသောဟိုအား

လှောင်ပြုံးတစ်ခုနှင့်ကြည့်လိုက်သည်။

“သူ့ကိုအဆုံးသတ်လိုက်တော့. .ကိုးလွှာမြောက်ကိုသွားပြီး

တစ်ချက်ကြည့်ရအောင်”

ရှစ်ဖုန့်က ရိုက်နှက်ခံထားရမှုကြောင့် စိတ်မချမ်းမြေ့ဖွယ်အခြေအနေဖြစ်နေသည့် ဟိုအားကြည့်၍ ပြောလိုက်သည်။

ဤအချိန်တွင် တီရှာက သူ၏စွမ်းအား အားလုံးအားလက်သီးတွင်စုစည်းထားမှုကြောင့် ဟို၌ ခုခံနိုင်သောစွမ်းရည်တို့ ပျောက်ဆုံးသွားပြီးဖြစ်သည်ကို ရှစ်ဖုန့် သိထားပြီးဖြစ်သည်။ထိုသို့မဟုတ်ပါက ဤကဲ့သို့ အခြေအနေတွင်ကျရောက်နေမည်မဟုတ်သလို တီရှာ၏လက်အတွင်း၌လည်း

ယခုကဲ့သို့ဆုပ်ကိုင်ခံထားရမည်မဟုတ်ပေ။

ထို့နောက်တီရှာက သူ၏ဘယ်လက်သီးအား

ထပ်မံမြှောက်လိုက်ပြီး သူ၏ခွန်အားအားလုံးကိုစုစည်းလိုက်သည်။ ဤအချိန်တွင် ဟို၏ မျက်လုံးတို့ကပြူးကျယ်နေပြီး ထိတ်လန့်ကြောက်ရွံ့မှုများဖြင့်ပြည့်နှက်

နေသည်။၎င်းက လက်သင့်မခံနိုင်စွာဖြင့် အော်ဟစ်လိုက်သည်။

“မဟုတ်ဘူး”

“ဘန်း”

တီရှာ၏ ပြင်းထန်ပြီး စွမ်းအားကြီးသော လက်သီးချက်က ရှစ်ဖုန့်၏ ပုံစံသို့ပြောင်းလဲထားသော ဟို၏ခေါင်းပေါ်သို့ ကျရောက်သွားသည်။ရုတ်ခြည်းဟို၏ ဦးခေါင်းက ဖရဲသီးတစ်လုံးကဲ့သို့ ပေါက်ကွဲသွားသည်။

သို့သော်သွေးလွှမ်းသောမြင်ကွင်း

ကအခိုက်အတန့်တစ်ခုသာပေါ်ခဲ့သည်။ ဖြည်းဖြည်းချင်းပေါက်ကွဲသွား

သောဦးခေါင်းနှင့်ျ ဦးခေါင်းမဲ့ကိုယ်က

လေထဲ၌ မှေးမှိန်ပျောက်ကွယ်သွား၏။

ပျောက်ကွယ်သွားသော ခန္ဓာကိုယ်နောက်သို့လိုက်ပါ၍ ကောင်းကင်နှင့်မြေကြီးမှာ သိသိသာသာကိုပြောင်းလဲသွားသည်။ အောက်ဘက်ရှိမြေပြင်မှာ ပျောက်ကွယ်သွားပြီး ကောင်းကင်ပြင်လည်းထို့နည်းတူပင်ဖြစ်သည်။ ရုတ်ခြည်းရှစ်ဖုန့်နှင့်တီရှာတို့ အကန့်သတ်မဲ့သောခရမ်းရောင်ဟင်းလင်းပြင်တစ်ခုသို့ရောက်သွားသည်။

“ဒါက ရှစ်လွှာမြောက်ရဲ့ မူလအသွင်အပြင်လား..ဟိုရဲ့စွမ်းအား နဲ့ကောင်းကင်နဲ့မြေကြီး

ကိုပြောင်းလဲထားတာလား”

အကန့်သတ်မဲ့သော ခရမ်းရောင်ဟင်းလင်းပြင်အားကြည့်၍ ရှစ်ဖုန့်က သူ့ဖာသာသူတီးတိုးရေရွတ်လိုက်သည်။

ထို့နောက်တွင် တည်ကြည်ခမ့်ညားသော အသံတစ်ခုက ရှစ်ဖုန့်၏နားထဲသို့ဝင်ရောက်လာသည်။

“မင်း ရှစ်လွှာမြောက်ကို ကျော်ဖြတ်နိုင်ပြီ.. ကောင်းကင်ဘုံသိုင်းမျှော်စင်ရဲ့ နောက်ဆုံး အလွှာဖြစ်တဲ့ကိုးလွှာမြောက်ကို မင်းဝင်ချင်လား. “

ဤအသံမှာ ရှစ်ဖုန့်ခုနှစ်လွှာမြောက်အား အောင်မြင်စဉ်က ကြားခဲ့ရသောအသံနှင့်အတူတူပင်ဖြစ်သည်။

ဤတစ်ကြိမ်တွင် ရှစ်ဖုန့်က တုန့်ဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။

“ အင်း”

ရှစ်ဖုန့်စကားပြောပြီးပြီးချင်း ရှစ်ဖုန့်နှင့်တီရှာတို့၏ကိုယ်ပေါ်၌ ခရမ်းရောင်အလင်းတစ်ခုလင်းလက်လာပြီး ခရမ်းရောင်ဟင်းလင်းပြင်အတွင်းမှ ပျောက်ကွယ်သွားသည်။

ကောင်းကင်ဘုံနန်းတော်၏ အပြင်ဘက် မြေအောက်နန်းတော်၌ဖြစ်သည်။

ဤအချိန်တွင် မြေအောက်နန်းတော်ထဲ၌ အုတ်အော်သောင်းနင်းဖြစ်နေသည်။ အဘိုးကြီးများမှာ မယုံကြည်နိုင်စွာဖြင့် အံ့အားတကြီးဖြစ်နေကြသည်။ သူတို့၏အာမေဋိတ်သံများက မြေအောက်နန်းတော်ထဲ၌ပဲ့တင်ရိုက်ခတ်နေ၏။

မျက်လုံး ဆယ့်နှစ်စုံက ကောင်းကင်ဘုံ သိုင်းမျှော်စင်ပေါ်သို့ ကျရောက်နေသည်။ ဤအချိန်တွင် ကောင်းကင်ဘုံသိုင်းမျှော်စင်၏ အမြင့်ဆုံးအလွှာဖြစ်သော ကိုးလွှာမြောက်၌ လွန်စွာ တလက်လက်တောက်ပနေသော ခရမ်းရောင်အလင်းတစ်ခုလင်းလက်လာသည်။

ဤအချိန်တွင် အဘိုးအိုတစ်ဦးက အံ့အားတသင့် ပြောဆိုလိုက်သည်။

“ကိုး..ကိုးလွှာမြောက်က ကောင်းကင်ဘုံသိုင်းမျှော်စင်ရဲ့ကိုးလွှာမြောက်က လင်းလာတယ်.. ငါ့ရဲ့ဘဝမှာကိုးလွှာမြောက်က လင်းလက်လာမယ်လို့

ငါလုံးဝမထင်ထားခဲ့ဘူး”

“ဟူး”

သို့သော် အခြားအဘိုးအိုတစ်ဦးက သက်ပြင်းချပြီးပြောလိုက်သည်။

“ကောင်းကင်ဘုံသိုင်းမျှော်စင်ရဲ့

ကိုးလွှာမြောက်ကို လင်းလက်လာအောင်လုပ်တဲ့ပါရမီရှင်က လန်မိသားစုက မဟုတ်တာ စိတ်မကောင်းစရာပဲ.. သူ့ရဲ့မိသားစုနမည်က လန်ဟုတ်မနေဘူး”

“လန်မိသားစုနမည်မပါတော့ရော

ဘာဖြစ်သေးလဲ..ဒီလူငယ်ပါရမီရှင်က လန်ယွမ်သတို့သားရွေးချယ်ပြိုင်ပွဲက

နေရွေးချယ်လာခဲ့တာ.. သူက လက်ရှိထျန်းလျန်အင်ပါယာရဲ့

သားမက်တော်စပ်သူပဲ.. သူနဲ့လန်မိသားစုကြားထဲမှာ

ဘာများခြားနားသွားမှာမို့လဲ”

အခြားအဘိုးအိုတစ်ဦးကထပ်ပေါင်းပြောလိုက်သည်။

“ဒီလိုပါရမီရှင်မျိုး..ဒီလိုပါရမီရှင်မျိုး. သူသာ ရှိနေရင် . . ငါတို့လန်မိသားစုရဲ့ ကြွယ်ဝမှုက ဖြစ်လာနိုင်လောက်တယ်.. သူထွက်လာရင် … ဆီးလ်အောက်က သတ္တဝါကို ကိုင်တွယ်ဖို့အတွက် ငါတို့သူ့ကိုအကူအညီကြီးကြီးမားမားပေးရမယ်”

“သူ့ကိုအသက်ရှင်လျက်ထားလို့မဖြစ်ဘူး. သူ့ကိုအသက်ရှင်လျက်ထားလို့မဖြစ်ဘူး. သူ..သူသေရမယ်”

လန်ယွမ်နှင့်ယခင်က ငြင်းခုန်ခဲ့သော အဘိုးအိုက ကောင်းကင်ဘုံသိုင်းမျှော်စင်၏ ကိုးလွှာမြောက်သို့သုန်မှုန်စွာကြည့်၍ သူ၏ နှလုံးသားထဲက မုန်းတီးမှုအပြည့်ဖြင့်ပြောလိုက်သည်။ သူ၏နှလုံးသားထဲ၌ ရှစ်ဖုန့် အားသတ်ရန်အတွက် ဆုံးဖြတ်ထားပြီးဖြစ်လေသည်။

“ဟူး”

ကောင်းကင်ဘုံသိုင်းမျှောင်စင်၏ ကိုးလွှာမြောက်သို့ ကြည့်၍ အခြားသူများ၏မျက်လုံးထဲ ၌ စိတ်အလှုပ်ရှားဆုံးသူဖြစ်သော လန်ယွမ်မှာ သက်ပြင်းတစ်ခုညင်သာစွာချလိုက်သည်။

“ဒီတော့ ဒီလူငယ်က တကယ်ပဲ အရမ်းကိုကောင်းကင်ဘုံကိုဆန့်ကျင်နေတာပဲ…..ငါတို့ထျန်းလျန်အင်ပါယာရဲ့ သတို့သားနေရာနဲ့ ငါ့ရဲ့လင်လုံလေးကိုမကြိုက်တာ

ကိုမအံ့ဩတော့ပါဘူး.ငါ့…ငါ့သမီးလေးအရမ်းကိုနာကျင်ရမှာပဲ..”

မနေ့က လန်ယွမ်မှာသူ၏သမီးဖြစ်သူအား နန်းတော်ထဲ၌ထပ်မံတွေ့ခဲ့ရသည်။ သူ၏သမီးဖြစ်သူမျက်နှာကပို၍ ဖျော့တော့လာသည်ကိုသူတွေ့လာရ၏။ယင်းမှာတောင့်တမှုကြောင့်ဖြစ်သောအရာပင်ဖြစ်သည်။

“ဒီလိုပါရမီရှင်တစ်ဦးကသာ လင်လုံကိုလက်ထပ်ပြီးတော့

ငါ့ရဲသားမက်ဖြစ်လာပြီး ငါတို့ထျန်းလျန်အင်ပါယာရဲ့ကြင်ယာတော်မင်းသားဖြစ်လာခဲ့ပြီး. ငါ့အတွက် ပိုင်နက်ကို ချဲ့ထွင်ပေးခဲ့ရင်.. ဒါက..ဘယ်လောက်တောင်

ကောင်းလိုက်မလဲ”

ကောင်းကင်ဘုံသိုင်းမျှော်စင်၏ကိုးလွှာမြောက်၌ဖြစ်သည်။

ထိပ်ဖျားအားမြင်တွေ့နိုင်ခြင်းမရှိသော ဧရာမခရမ်းရောင်တောင်ကြီးတစ်လုံး၏အခြေ၌ ခရမ်းရောင်အလင်းနှစ်ခုလင်းလက်လာသည်။ ရှစ်ဖုန့်နှင့်တီရှာတို့ရောက်ရှိလာခြင်းဖြစ်သည်။

သူတို့ ကိုးလွှာမြောက်သို့ ဝင်ရောက်လာပြီးပြီးချင်း. ခမ်းနားပြီးရင်းနီးသောဆန်းကြယ်သည့် စွမ်းအင်တို့က ရှစ်ဖုန့်ထံသို့အရူးအမူးလှိမ့်ဝင်လာသည်။

ပတ်ဝန်းကျင်နေရာတစ်ခုလုံး၏

လှုပ်ရှားမှုများနှင့် ဆန်းကြယ်သောစွမ်းအင်တို့အား အာရုံခံရင်း ရှစ်ဖုန့်က ငရဲဘုံကိုးခု ပညာရပ်အား လျှင်မြန်စွာအသက်သွင်း၍ ၎င်းတို့ကိုစုပ်ယူလိုက်သည်။ အလွန်လျှင်မြန်စွာဖြင့်ပင် ဆန်းကြယ်သောစွမ်းအင်တို့အားစုပ်ယူပြီးသည့်နောက်၌ ရှစ်ဖုန့်၏ကိုယ်ပေါ်မှ အဖြူရောင်အလင်းတစ်ခုလင်းလက်လာသည်။

“အဆင့်တက်တယ်..သူအဆင့်တက်သွားတယ်.. သူထက်ပြီးအဆင့်တက်သွားပြန်ပြီ. ဒီလိုအချိန်တိုလေးအတွင်းမှာ ကြယ်ခြောက်ပွင့်မဟာသူတော်စင်

နယ်ပယ်ကနေ ကြယ်ခုနှစ်ပွင့်မဟာသူတော်စင်နယ်ပယ်ကိုသူအဆင့်တက်သွားတယ်.ဒါ..ဒါကအရမ်းမြန်လွန်းတယ်..ဒါကအရမ်းမြန်နေတာမဟုတ်လား..သူ့အတွက်သိုင်းတာအိုအဆင့်တက်လှမ်းရတာက ထမင်းစားရေသောက်လိုပဲ.. ဒါက .. သူက ထျန်းဟန်တိုက်ကြီးရဲ့သက်ရှိတစ်ဦး ရော ဟုတ်သေးရဲ့လား”

ရှစ်ဖုန့်၏ဘေး၌ရှိနေသောတီရှာမှာ ရှစ်ဖုန့်ထပ်မံအဆင့်တက်သွားခြင်းအားမြင်တွေ့လိုက်ရသည်။ တီရှာမှာနောက်တစ်ကြိမ်တုန်လှုပ်အံ့အားသင့်မှုတို့ဖြင့်ပြည့်နှက်နေပြီး သူ့ဖာသာသူတီးတိုးရေရွတ်လိုက်သည်။ အကယ်၍ ဤပုဂ္ဂိုလ်သာဤကဲ့သို့သောအမြန်နှုန်းမျိုးဖြင့်အဆင့်တက်နေခဲ့လျှင် ၎င်းကပို၍ပင်စွမ်းအားကြီး

လာလိမ့်မည်ဖြစ်သည်။

ဤကဲ့သို့အမြန်နှုန်းမျိုးဖြင့်ဆိုလျှင် ၎င်းအတွက် အနာဂတ်၌ ဧကရာဇ်နယ်ပယ်သို့ဝင်ရောက်ရန်မှာ ငှက်ပျောသီးအခွံနွှာစားရသ

လိုဖြစ်လိမ့်မည်သာဖြစ်သည်။

တီရှာအတိတ်အားအမှတ်ရလိုက်မိသည်။ ထိုအချိန်က သူက အားနည်းသောယင်အလောင်း

ကောင်တစ်ကောင်သာရှိသေးသည်ဖြစ်သည်။

ပြောပြရန်ပင်ခက်ခဲလှသောခက်ခဲမှုများ

အားတစ်ဆင့်ပြီး

တစ်ဆင့်ဖြတ်သန်းကျော်ဖြတ်ရင်း အချိန်ကာလအတိုင်းအတာတစ်ခုအထိကြာမြင့်ခဲ့ပြီးသည့်နောက်မှသာသူ့အနေဖြင့်နောက်ဆုံး၌ ဧကရာဇ်နယ်ပယ်ယင်အလောင်းကောင်ဖြစ်လာခဲ့သည်။

ရှစ်ဖုန့်နှင့်နှိုင်းယှဉ်လိုက်လျှင် သူအတိတ်ကကျော်ဖြတ်ခဲ့သော

ခက်ခဲမှုများအား ပြန်အမှတ်ရမိသောအခါ၌ တီရှာ၏နှလုံးသားအတွင်းခါးသီးမှုများဖြင့်ပြည့်နှက်နေသည်။

ဆန်းကြယ်သောစွမ်းအင်များ

အားစုပ်ယူပြီးသည့်နောက်၌ ကြယ်ခုနှစ်ပွင့်မဟာသူတော်စင်နယ်ပယ်သို့တက်လှမ်းခဲ့သောရှစ်ဖုန့်မှာ သူ၏မျက်လုံးတို့အားဖြည်းဖြည်းချင်းဖွင့်လိုက်သည်။ထို့နောက်ရုတ်ခြည်း သူ၏ရှေ့သို့ပြင်းထန်သောလက်သီး

တစ်လုံးကိုပစ်သွင်းလိုက်၏။

“ဝုန်း”

လက်သီးချက်ပေါက်ကွဲသွားသကဲ့သို့

ရှစ်ဖုန်က စိတ်ပျက်စွာဖြင့်ခေါင်းခါယမ်းလိုက်သည်။ ငွေရောင်တံစဉ်အားအသုံးပြု၍ ခုနှစ်လွှာမြောက်၌နဂါးကြီးအားသတ်လိုက်စဉ်ကတည်းက သူ၏ကာယခန္ဓာမှာ မဟာသူတော်စင်နယ်ပယ်သို့ဝင်

ရောက်ခဲ့သည်ဖြစ်သည်။

ကောင်းကင်ဘုံသိုင်းမျှော်စင်၏ ဆန်းကြယ်သောစွမ်းအင်တို့

အားစုပ်ယူပြီးသည့်နောက်၌ သူ၏ကာယခန္ဓာခွန်အားက တိုးမြင့်မှုအရမ်းနှေးကွေးလာသည်။

ယခင်ကရှစ်လွှာမြောက်တွင်ဆန်းကြယ်စွမ်းအင်တို့အားသူစုပ်ယူခဲ့သည်။ယခု ကိုးလွှာမြောက်တွင်လည်းသူစုပ်ယူခဲ့၏။ သို့သော်ယခုအခါ၌သူ၏

ကာယခန္ဓာခွန်အားက ကြယ်နှစ်ပွင့်မဟာသူတော်စင်

နယ်ပယ်၌သာရှိသေးသည်ဖြစ်သည်။

ဤကောင်းကင်ဘုံသိုင်းမျှော်စင်က ကျင့်ကြံခြင်း၌သာ တိုးမြှင့်လေ့ကျင့်ပေးသည့်ပုံပေါ်သည်။

All Chapters