← Chapters

အခန်း (၆၄၇)

Vol. 44 Ch. 647

အခန်း (၆၄၇)

Vol. 44 Ch. 647

ခွန်အားအသစ်အားခံစားကြည့်ပြီးသည့်နောက်၌ ရှစ်ဖုန့်က သူ၏ခေါင်းကိုမော့၍ သူ့ရှေ့ရှိ လွန်စွာကြီးမားသော တောင်ကြီးအားမော့ကြည့်လိုက်သည်။

သူ့အားမည်သည့်စမ်းသပ်ချက်မျိုးကစောင့်ဆိုင်းနေသည်ဆိုသည်အားသူသိချင်မိသည်။

နောက်ဆုံးအလွှာ၏ စမ်းသားချက်က အလွန်ထူးခြားနေလိမ့်မည်သာဖြစ်သည်။

“ကျွန်တော်အပေါ်ကိုသွားပြီးတော့ ဒီတောင်ကဘာလဲဆိုတာကို

တစ်ချက်ကြည့်အုံးမယ်”

ဤအချိန်တွင် ရှစ်ဖုန့်၏ဘေး၌ရှိနေသော တီရှာပြောလိုက်ပြီး ရွှေ့လျားကာ ကောင်းကင်အားထိုးခွင်းရန်ပြင်လိုက်သည်။

သို့သော်ထို့နောက်တွင်တီရှာမှာ ရွေ့လျားခြင်းမရှိပေ။ ထိုအစားသူက တုန်လှုပ်စွာဖြင့်ကြည့်၍ ရှစ်ဖုန့်ကိုပြောလိုက်သည်။

“ကျွန်တော်ကောင်းကင်ထဲထိုးတက်ဖို့လုပ်ပေမဲ့ စွမ်းအားတစ်ခုက ကျွန်တော့်ကို ဖိနှိပ်ထားတာကိုခံထားရတယ်. ..ကောင်းကင်ကို ထိုးခွင်းဖို့အတွက်က အရမ်းခက်တယ်”

“ဒီသခင်လေးတို့တွေ တောင်တက်ရမယ်လို့ ဆိုလိုချင်တာလား”

ရှစ်ဖုန့်က လွန်စွာကြီးမားသော တောင်ကြီးအားကြည့်၍ တီးတိုးရေရွတ်လိုက်သည်။ ၎င်းကမည်မျှမြင့်မားမှန်း၊ဘယ်ဆီသို့ဦးတည်နေမှန်းကိုသူမသိချေ။ ထို့နောက်သူက ကြီးမားသော ခရမ်းရောင်တောင်ကြီးအားကြည့်လိုက်ပြန်၏။

ကောင်းကင်အားထိုးခွင်းပျံသန်းသောစွမ်းအားက ဖိနှိပ်ထားခြင်းခံထားရသည်။ သို့သော် သူ၏ကျင့်ကြံမှုကိုတော့ဖိနှိပ်ထားခြင်းမရှိသည်ကိုရှစ်ဖုန့်ခံစားမိ၏။ ကြယ်ခုနှစ်ပွင့်မဟာသူတော်စင်နယ်ပယ်တစ်ဦးနှင့် ဧကရာဇ်နယ်ပယ်တစ်ဦးတို့အတွက် တောင်ပေါ်သို့ ခုန်တက်ရခြင်းက ခက်ခဲသောအရာတော့မဟုတ်ပေ။

“သွားစို့”

ထို့နောက်တွင် ရှစ်ဖုန့်က တီရှာအားအော်ပြောလိုက်သည်။ သူကမြေပြင်ပေါ်သို့ခြေဆောင့်နင်းလိုက်ပြီး ကျယ်လောင်သောပေါက်ကွဲသံ

တစ်ခုပေါ်လာသည်။ရှစ်ဖုန့်၏ကိုယ်က ဧရာမခရမ်းရောင်တောင်ကြီးဆီသို့ဦး

တည်လိုက်သည်။

ကျယ်လောင်သောအသံတစ်ခုနှင့်အတူ ရှစ်ဖုန့်၏ညာခြေက ခရမ်းရောင်တောင်နံရံပေါ်သို့ချနင်းလိုက်၏။ ထို့နောက်တွင် လေးဆယ့်ငါးဒီဂရီစောင်းနေသောတောင်နံရံ၏ ခရမ်းရောင်ကျောက်များပေါ်သို့ခြေချကာ တောင်ပေါ်သို့ တစ်ဟုန်ထိုးဦးတည်လိုက်သည်။ လွန်စွာကြီးမားသောခရမ်းရောင်တောင်ပေါ်၌အဖြူရောင်ပုံရိပ်တစ်ခုကဖျက်ခနဲတစ်ဟုန်ထိုးရွေ့လျားနေ၏။

ရှစ်ဖုန့်၏နောက်တွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုပေါ်လာသည်။ ရှစ်ဖုန့်တောင်ပေါ်တက်ပြီးသည့်နောက်၌ အလောင်းကောင်ဧကရာဇ်ကလည်း

အပေါ်သို့ခုန်လိုက်ကာ ကျောက်နံရံပေါ်သို့ချေချလိုက်သည်။

ရှစ်ဖုန့်မှာ တောင်ပေါ်၌လျှင်မြန်စွာပြေးနေသည်။

သို့သော် တစ်ချိန်လုံးသတိအနေအထားရှိနေပြီး အမှုမဲ့အမှတ်မဲ့နေရဲခြင်းမရှိပေ။ဤသည်မှာ ကောင်းကင်ဘုံသိုင်းမျှော်စင်၏ ကိုးလွှာမြောက်ဖြစ်သည်။ သူတို့အတွက်တောင်ပေါ်သို့

အလွယ်တကူတက်နိုင်လောက်အောင်

လွယ်ကူနေလိမ့်မည်မဟုတ်ပေ။

သို့သော် ရှစ်ဖုန့်မျှော်မှန်းထားချက်မှသွေဖှီကာ လေထုအလယ်သို့မရောက်ခင်အထိခရမ်းရောင်တောင်နံရံပေါ်၌ ရှစ်ဖုန့်နှင့်တီရှာတို့ခြောက်နာရီခန့်ပြေးလွှားခဲ့ရသည်။

အန္တယ်ရာယ်များသို့မဟုတ် ဘာတိုက်ခိုက်မှုမှတော့မရှိခဲ့ချေ။ သို့သော် ဤတောင်ကမည်မျှမြင့်မားသည်ကို

သူတို့မသိပေ။ သူတို့၏အမြန်နှုန်းဖြင့်ပင်

ခြောက်နာရီကြာမြင့်ခဲ့ပြီးသည့်တိုင် တောင်၏ထိပ်ဖျားအားမြင်

တွေ့နိုင်ခြင်းမရှိသေးပေ။

ယင်းမှာ ခရမ်းရောင်တောင်အနေဖြင့် အဆုံးမရှိသကဲ့သို့ပင်ဖြစ်သည်။

ထို့နောက်တွင်ရှစ်ဖုန့်နှင့်တီရှာ

တို့နောက်ထပ်ခြောက်နာရီထပ်ပြေးခဲ့ရသည်။

ထို့နောက်နောက်ထပ်ခြောက်နာရီ

ကုန်လွန်သွားပြန်သည်။သူကခေါင်းကိုငုံ့၍ တောင်၏အခြေအားကြည့်လိုက်သည်။ ဤအချိန်တွင် တောင်၏အခြေအားထပ်မံမြင်

တွေ့ရခြင်းမရှိတော့ပေ။

မူမမှန်သောတစုံတစ်ခုအားဖြည်းဖြည်းချင်း ရှာဖွေတွေ့ရှိလာခြင်းမရှိသည်အထိ ရှစ်ဖုန့်နှင့်တီရှာတို့ ခရမ်းရောင်တောင်ပေါ်၌ နှစ်ရက်နှစ်ညပြေးလွှားခဲ့ရသည်။

သူတို့ပိုမြင့်မြင့်သို့ပြေးလေ.. ကောင်းကင်ကပိုမှောင်မိုက်လာလေဖြစ်သည်။ထို့နောက်တွင် ၎င်းက အမှောင်ထုအဖြစ်ပြောင်းသွားပြီးနောက်တစ်ဖန် ခရမ်းရောင်ဖျော့တော့တော့

ပြောင်းသွားပြန်သည်။ ယခုဆိုလျှင်ငါးရက်တာ

ကုန်လွန်သွားခဲ့ပြီဖြစ်သည်။

ကောင်းကင်ထဲမှ ခရမ်းရောင်လပြည့်တစ်ခုအား

ရှစ်ဖုန့်နှင့်တီရှာတို့တွေ့လိုက်ရသည်။ ၎င်းက ပျော့ပျောင်းသော ခရမ်းရောင်လရောင်ကို ထုတ်လွှတ်နေပြီးကမ္ဘာကြီးအား

ထွန်းလင်းတောက်ပစေ၏။

လ၏အောက်ခြေ၌ ဘာမှမရှိချေ။ရှစ်ဖုန့်နှင့်တီရှာတို့မှာချောက်ကမ်းပါးတစ်ခုအောက်၌ရှိရောက်နေသည်။

“ချီးပဲ..နောက်ဆုံးတော့ တို့တွေဒီရောက်လာပြီ”

ချောက်ကမ်းပါးအားကြည့်၍ ရှစ်ဖုန့်က စိတ်ထဲမှကျိန်ဆဲလိုက်သည်။

ထို့နောက်ချက်ချင်း သူ၏ ညာခြေအားအားထည့်လိုက်ပြီး ခရမ်းရောင်ကျောက်ပေါ်သို့ဆောင့်နင်း

လိုက်သည်။ “ဘန်း”ဟူသောအသံနှင့်အတူ ရှစ်ဖုန့်၏ပုံရိပ်က အမြှောက်ဆံတစ်ခုကဲ့သို့ဖြစ်သို့ပေါက်ကွဲထက်သွားပြီး အပေါ်သိုတည့်တည့်ထိုးတက်သွား၏။

ရှစ်ဖုန့်၏ကိုယ်ကချောက်ကမ်းပါးထိပ်ဖျားသို့ ထိုးတက်သွားသည်။ ထို့နောက်သူကအောက်ဘက်

သို့ပြန်ဆင်းလာ၏။နောက်ဆုံး၌

ရှစ်ဖုန့်ဤသောက်ခရမ်းရောင်တောင်

၏ထိပ်ဖျားသို့ရောက်ရှိခဲ့ပြီဖြစ်သည်။

ထို့နောက်တွင် ကျယ်လောင်သော “ဘန်း” ဟူသည့်အသံနှင့်အတူ တီရှာက လည်း မြေပြင်ပေါ်သို့ပြင်းထန်စွာသက်ဆင်းလာသည်။

“ကျွန်တော်တို့နောက်ဆုံးတော့ဒီကိုရောက်ပြီ. ကျွန်တော်ဒီတောင်ကိုတကယ်ပဲလက်သီးတစ်ချက်တည်းနဲ့ အပိုင်းပိုင်းဖြစ်သွားအောင်ချေမွပစ်လိုက်ချင်တယ်”

တီရှာကစကားပြောနေရင်း သူ့ခြေဖဝါးအောက်ရှိ ခရမ်းရာင်တောင်အားလက်သီးတစ်လုံးပစ်သွင်းလိုက်၏။

“ဘန်း”

ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်ကိုကြားရသည်။ သို့သော်၎င်းကပေါက်ကွဲသံတစ်ခုသာဖြစ်သည်။ ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်တစ်ဦး ၏စွမ်းအားဖြင့်ဆိုလျှင် တောင်တစ်လုံအား အစိတ်စိတ်အမွှာမွှာဖြစ်အောင် ခွဲပစ်ရန်ကသူ့အတွက်ခက်ခဲသည်မဟုတ်ချေ။

သို့သော် တီရှာ၏စွမ်းအားကြီးလက်သီးကခရမ်းရောင်တောင်ပေါ်သို့ကျဆင်းသွားသောအခါတွင် ကျယ်လောင်သောပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်မှလွဲ၍ ခရမ်းရောင်တောင်က လုံးဝလှုပ်ရှားခြင်းမရှိချေ။ထိုထက်ပိုသည်ကား တီရှာ၏ညာလက်သီးအောက်မှမြေပြင်မှာ အက်ကွဲရာတစ်ခုပင်ဖြစ်ပေါ်ခြင်းမရှိချေ။

“ဒီ..ဒီတောင်က တော်တော်လေး မာတာပဲ.”

တီရှာကသူ၏လက်သီးအောက်ဘက်ရှိ ခရမ်းရောင်မြေပြင်အားကြည့်၍ အံ့အားသင့်စွာဖြင့် ရေရွတ်ပြောဆိုလိုက်သည်။ ထို့နောက်ချက်ချင်း တီရှာက သူ၏လက်သီးဖြင့်မြေပြင်အား ထပ်တလဲလဲ အဆက်မပြတ်စတင်ထိုးနှက်၏။

“ကောင်းပြီ…မင်းရဲ့စွမ်းအင်ကို ဖြုန်းတီးနေတာကိုရပ်လိုက်တော့..

မင်းရဲ့စွမ်းအားနဲ့ဒီတောင်ကို မင်းဘာမှလုပ်နိုင်စွမ်းရှိမှာမဟုတ်ဘူး”

တီရှာကတောင်အား ဆက်လက်ထိုးနှက်နေသည်အားတွေ့ရသောအခါတွင် ရှစ်ဖုန့်ကပြောလိုက်သည်။သူတောင်ထိပ်သို့ရောက်ရှိလာစဉ်ကတည်းကစတင်၍ ပတ်ဝန်းကျင်အားကြည့်ရှုနေခဲ့သည်ဖြစ်သည်။

သို့သော် ခရမ်းရောင်တောင်ထိပ်ဖျားရှိနေရာမှာသိပ်မကျယ်ဝန်းလှပေ။ ၎င်းက သိုင်းပြိုင်ပွဲကွင်းပြင်တစ်ခုစာသာရှိသည်ဖြစ်သည်။၎င်းက ကျတ်တီးမြေဖြစ်ပြီး ရှစ်ဖုန့်အနေဖြင့်မည်သည့်ထူးဆန်းမှုကိုမှ မြင်တွေ့ရခြင်းမရှိပေ။

ထို့နောက်တွင် ရှစ်ဖုန့်ကတောင်ထိပ်ဝန်းကျင်၌ စတင်လမ်းလျှောက်လိုက်၏။

တီရှာမှာရှစ်ဖုန့်၏စကားများအားကြား

လိုက်ရသောအခါတွင် ခရမ်းရောင်တောင်အားထိုးနှက်နေခြင်း

ကိုရပ်တန့်လိုက်သည်။သူက သဘောတူသည့်အနေဖြင့်ခေါင်းညိမ့်လိုက်ပြီး ပြောလိုက်သည်။

“အမှန်ပဲ.. ဒီတောင်ကိုဘာနဲ့လုပ်ထားလဲဆိုတာကိုသိချင်မိတယ်.. အရမ်းကိုမာတာပဲ.. ငါ့ရဲ့စွမ်းအားနဲ့တောင်ျ လှုပ်အောင်မလုပ်နိုင်ဘူး. အကယ်၍ ဒီသတ္ထုကိုသာ လက်နက်တစ်ခုပြုလုပ်လိုက်ရင်. ဒါက လက်နက်ကောင်းတစ်ခုဖြစ်မှာသေချာတယ်”

ရှစ်ဖုန့်က တီရှာအား လျစ်လျူရှုလိုက်ပြီးတောင်ထိပ်ဝန်းကျင်၌ဆက်လက်လျှောက်သွားနေသည်။ အချက်အလက်တစ်ခုခုများရရှိမလားသို့မဟုတ် တစ်ခုခုများဖုံးကွယ်ထားမလားဆိုသည်ကို သူမြင်ချင်မိသည်။

သို့သော် တောင်ထိပ်ဝန်းကျင်၌ လျှောက်လှမ်းသွားပြီးသည့်နောက်၌ ရှစ်ဖုန့်အနေဖြင့်ဘာကိုမှမြင်တွေ့ရခြင်းမရှိပေ။

“ဒါကထူးဆန်းတယ်.. ကောင်းကင်ဘုံသိုင်းမျှော်စင်ရဲ့

ကိုးလွှာမြောက်မှာရှိတာကဒါပဲလား. ငါဒီအလွှာရဲ့စမ်းသပ်ချက်ကိုဘယ်လိုဖြတ်ကျော်ပြီးတော့ ဆန်းကြယ်စွမ်းအားကိုရအောင်

ဘယ်လိုလုပ်ရမလဲ”

ရှစ်ဖုန့်က မျက်မှောင်ကြုတ်လိုက်ပြီး စဉ်းစားလိုက်သည်။ထို့နောက်သူက ကောင်းကင်သို့မော့လိုက်ပြီး ကောင်းကင်၏မြင့်မားသောနေရာ၌ ရှိနေသော ခရမ်းရောင်လအား စိုက်ကြည့်လိုက်သည်။

သို့သော် ရှစ်ဖုန့်၏အကြည့်က ခရမ်းရောင်လပေါ်သို့ကျရောက်သွားသောအခါတွင် သူ၏နှလုံးကဒိတ်ခနဲခုန်သွားသည်။ အားကောင်းသောမမြင်နိုင်သည့် ဝိညာဉ်တိုက်ခိုက်မှုတစ်ခုက ခရမ်းရောင်လထံမှကျရောက်လာသည်။ ရှစ်ဖုန့်၏ အဆင့်ရှစ်မဟာသူတော်စင်နယ်ပယ် ဝိညာည်စွမ်းအင်ဖြင့်ပင် သူ၏ဝိညာဉ်အား ဝိညာဉ်တိုက်ခိုက်မှုကထိမှန်လာသောအခါမှသာ သတိပြုမိလိုက်သည်ဖြစ်သည်။

ရှစ်ဖုန့်၏ဝိညာည်က ရုတ်ခြည်းဒဏ်ရာရသွားသည်။ ပါးစပ်အပြည့်လက်ဆတ်သောသွေးတို့အား ရှစ်ဖုန့်အန်ထုတ်လိုက်ရ၏။

“အာ.ဘာဖြစ်သွားတာလဲ”

တီရှာမှာရှစ်ဖုန့်ဒဏ်ရာရသွားကြောင်းသတိပြုမိလိုက်သောအခါတွင် ရုတ်ခြည်းရွေ့လျားလိုက်ပြီးရှစ်ဖုန့်၏ရှေ့၌ပေါ်လာသည်။တီရှာက ကိုယ်ကိုင်းညွှတ်ထားကာ ခေါင်းငုံ့ထားသော ရှစ်ဖုန့်အားကြည့်လိုက်သည်။ သူက ရှစ်ဖုန့်အားကူညီရန်လက်လှမ်း

လိုက်ပြီးမေးလိုက်၏။

“သခင်..ဘာဖြစ်သွားတာလဲ. ဘာဖြစ်ခဲ့တာလဲ. တစ်ခုခုကသခင့်ကိုဒီနေရာမှာတိုက်ခိုက်ခဲ့တာလား”

တီရှာကစကားပြောရင်း မျက်မှောင်ကြုတ်၍ ဘေးပတ်ဝန်းကျင်အား လေးနက်သောမျက်နှာထားဖြင့်ကြည့်လိုက်သည်။သူနိုးနိုးကြားကြားရှိနေခဲ့၏။ထိုအရာ ရှစ်ဖုန့်ကိုပင် သတိပြုမိခြင်းမရှိဘဲ ထိခိုက်စေသည်ဆိုလျှင် ၎င်းမှာ လုံးဝထူးခြားသောတစ်စုံတစ်ခုသာဖြစ်ရမည်ဖြစ်သည်။

တီရှာ၏ဖေးမပေးမှုဖြင့် ရှစ်ဖုန့်ကခေါင်းကိုခါယမ်းလိုက်ပြီး သူ၏ခေါင်းကိုခါယမ်း၍ သူအဆင်ပြေကြောင်းကိုပြသလိုက်သည်။

ထို့နောက်တွင် သူ၏ကိုယ်အားဖြည်းဖြည်းချင်း

တည့်မတ်လိုက်ပြီး ပြောလိုက်သည်။

“ခရမ်းရောင်လကိုမကြည့်နဲ့”

“ခရမ်းရောင်လလား..”

ရှစ်ဖုန့်၏စကားများအားကြားပြီးနောက် တီရှာကမျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး သံသယရှိမှုအနည်းငယ်ကိုပြသ၍ သူ၏ခေါင်းအားမသိလိုက်ဖာသာမော့ကာ သူ၏အကြည့်ကို ကောင်းကင်ထဲရှိ ခရမ်းရောင်လပြည့်ဝန်းပေါ်သို့ ကျရောက်စေလိုက်သည်။

All Chapters