← Chapters

အခန်း (၆၄၈)

Vol. 44 Ch. 648

အခန်း (၆၄၈)

Vol. 44 Ch. 648

ကောင်းကင်ဘုံသိုင်းမျှော်စင်၏ နောက်ဆုံးအလွှာဖြစ်သောကိုးလွှာမြောက်ရှိ ခရမ်းရောင်တောင်၏ထိပ်ဖျား၌ဖြစ်သည်။

ရှစ်ဖုန့်ကသူ၏ပါးစပ်ကိုဖွင့်ဟ၍ တီရှာအားခရမ်းရောင်လအားမကြည့်ရန်ပြောခဲ့သော်လည်းတီရှာမှာမသိလိုက်ဖာသာဖြင့် သူ၏ခေါင်းအားမော့၍ ကောင်းကင်ထဲရှိခရမ်းရောင်လ

ထံသို့ကြည့်လိုက်သည်။

ရှစ်ဖုန့်သူ၏ကိုယ်အားတည့်မတ်ပြီး

သောအခါတွင် တီရှာက သူ၏ခေါင်းအားမော့ထားသည်

ကိုတွေ့လိုက်ရသည်။တီရှာက ကကောင်းကင်ထဲရှိလအားကြည့်

နေခဲ့သော်လည်း ၎င်း၌ဘာမှဖြစ်ခြင်းမရှိသည်ကို ရှစ်ဖုန့်သဘောပေါက်လိုက်၏။

တီရှာကခေါင်းအားထပ်မံငုံ့လိုက်ပြီး ရှစ်ဖုန့်အားစိတ်ရှုပ်ထွေးစွာ

ဖြင့်ကြည့်လိုက်သည်။ သူကမေးလိုက်၏။

“သခင် ခရမ်းရောင်လနဲ့ပက်သက်ပြီးဘာကမှားယွင်းနေလို့လဲ..”

ဤအချိန်တွင် ဤသည်ကားယင်အလောင်းကောင်ဖြစ်ပြီး ထျန်းဟန်တိုက်ကြီးအတွင်းမှ ထူးခြားသောတည်ရှိမှုတစ်ခုဖြစ်သည်ကိုပြန်သတိရလိုက်သည်။၎င်းတို့က ထူခြားပြီးဆန်းကြယ်သောနည်းလမ်းဖြင့် နေထိုင်ကြခြင်းဖြစ်သည်။၎င်းတို့၌ ဝိညာဉ်(ဝါ)နာမ်ပိုင်းဆိုင်ရာများမရှိပေ။

ဝိညာဉ်(ဝါ)နာမ်များမရှိလျှင် နာမ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများအားလုံးအား ခံရလိမ့်မည်မဟုတ်ပေ။

(မှတ်ချက်-ဘာသာပြန်သူအနေဖြင့် ဤအပိုင်းမှစတင်၍ ဝိညာဉ်တိုက်ခိုက်မှု၊ဝိညာဉ်စွမ်းအား

စသည်တို့အားဝိညာဉ်နေရာတွင်နာမ်ဟူသောစကားလုံးဖြင့် အစားထိုးသွားမည်ဖြစ်ပါသည်။)

ရှစ်ဖုန့်က သူ၏ပါးစပ်အားဖွင့်ဟ၍ တီရှာကိုမေးလိုက်သည်။

“ခရမ်းရောင်လကနေမင်းတစ်ခုခုများ ရှာတွေ့သေးလား”

အစောပိုင်းကခရမ်းရောင်လနှင့်ပက်သက်ပြီး ထူးခြားမှုအားရှာတွေ့လိုက်ချိန်တွင် ကောင်းကင်ဘုံသိုင်းမျှော်စင်၏ ကိုးလွှာမြောက်မှစမ်းသပ်ချက်က ကောင်းကင်ထဲရှိခရမ်းရောင်လ၌

ဖြစ်လိမ့်မည်ဖြစ်ကြောင်း

ကိုရှစ်ဖုန့်သိလိုက်သည်။

သို့သော် ရှစ်ဖုန့်၏လက်ရှိနာမ်စွမ်းအားဖြင့်ပင် ခရမ်းရောင်လအားသူကြည့်နိုင်ခြင်းမရှိပေ။ အစောပိုင်းက၎င်းအားသူကြည့်လိုက်သောအခါတွင် သူ၏နာမ်ဝိညာဉ်က ပြင်းထန်စွာထိခိုက်သွားခဲ့သည်။ယခုရှစ်ဖုန့်ကသူ၏မျှော်လင့်ချက်အား နာမ်ဝိညာဉ်တစ်ခုမရှိသောကြောင့် နာမ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတို့၏သက်ရောက်မှုကိုခံရခြင်းမရှိသော တီရှာ၏အပေါ်တွင်ထားထားသည်ဖြစ်သည်။

“ဘာမှမရှိဘူး”

တီရှာက တွေဝေစွာကြည့်၍ ပြောလိုက်သည်။

“အနီးကပ်တစ်ချက်ကြည့်ကြည့်”

ရှစ်ဖုန့်ကပြောလိုက်သည်။

“အိုး”

တီရှာကပြန်ဖြေလိုက်သည်။ ရှစ်ဖုန့်ကဘာကြောင့် ပြုလုပ်နေသည်ကိုသူမသိသော်လည်း ရှစ်ဖုန့်၏အမိန့်များအားသူမနာခံပဲမနေရဲချေ။ သူ၏ခေါင်းအားမော့လိုက်ပြီး

ကောင်းကင်ထဲရှိ ခရမ်းရောင်လအား ဆက်လက်ကြည့်လိုက်သည်။

ရှစ်ဖုန့်က တီရှာအားကြည့်၍ တီရှာတစ်စုံတစ်ခုအားရှာအတွေ့ကို စောင့်နေသည်။

ထို့နောက် တီရှာ၏အံ့အား

တသင့်ပြောဆိုသံကို ရှစ်ဖုန့်ကြားလိုက်ရသည်။

“အဲ့မှာတစ်ယောက်ယောက်ရှိနေတယ်.. ခရမ်းရောင်လပေါ်မှာ အဘိုးအိုတစ်ယောက်ရှိနေတယ်”

“အဘိုးအိုလား”

တီရှာ၏စကားများအားကြားပြီးနောက် ရှစ်ဖုန့်ကမျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက်တွင် ရှစ်ဖုန့်က သူ၏ညာလက်အားဆန့်ထုတ်လိုက်ပြီးတီရှာ၏ဦးခေါင်းပေါ်သို့ဖိထားလိုက်၏။ အတွေးတစ်ချက်ဖြင့် တီရှာအားထိန်းချုပ်လိုက်ပြီး တီရှာမြင်ခဲ့သော မြင်ကွင်းအားရောင်ပြန်ကြည့်ရှုလိုက်သည်။

ရုတ်ခြည်း ပုံရိပ်တစ်ခုက ရှစ်ဖုန့်၏ စိတ်ထဲ၌ပေါ်လာသည်။ ကောင်းကင်ထဲ၌လခြမ်းကွေးတစ်ခုရှိနေပြီး လ၏အလယ်တွင်ခရမ်းရောင်ဆံပင်၊ခရမ်းရောင်မုတ်ဆိတ်တို့ဖြင့် ခရမ်းရောင်ဝတ်ရုံအားဝတ်ဆင်ထားသောအဘိုးအိုတစ်ဦးကလပေါ်၌ တင်ပျဉ်ခွေထိုင်နေသည်။

ရှစ်ဖုန့်၏နာမ်ဝိညာဉ်က သူ၏စိတ်ထဲမှခရမ်းရောင်ပုံရိပ်အားစိုက်ကြည့်လိုက်သောအခါတွင်သူ၏စိတ်ထဲမှအဘိုးအိုက ရုတ်တရက် မျက်လုံးတို့ပွင့်လာသည်။

၎င်းက တီရှာကပို့လွှတ်သောပုံရိပ်တစ်ခုသာဖြစ်သည်။သို့သော် ၎င်းကတကယ်ကြီးလှုပ်ရှားနိုင်၏ ။ထို့နောက်၎င်းက၎င်း၏မျက်လုံးတို့ကိုဖွင့်၍ သူအားကြည့်နေ၏။

စကားပြောနေရင်းခရမ်းရောင်

အဘိုးအို၏မျက်နှာကပြောင်းလဲမှုမရှိပေ။

ထို့နောက် ထူခြားမှုမရှိသော ခံစားချက်မဲ့သည့် အသံတစ်ခုက ရှစ်ဖုန့်၏စိတ်ထဲ၌ထွက်ပေါ်လာသည်။

“ပြန်တော့ .. ဒီအလွှာမှာမင်းရဲ့ပြိုင်ဘက်ကငါပဲ.မင်းက ငါ့ကိုမယှဉ်နိုင်ဘူး. ကောင်းကင်ဘုံသိုင်းမျှော်စင်ကိုဝင်လာခဲ့တဲ့ဘယ်သူကမှငါ့ကိုမယှဉ်နိုင်ဘူး”

ရှစ်ဖုန့်မှာဤအသံအားကြား

လိုက်ရသောအခါတွင် ယ်းသူခုနှစ်လွှာမြောက်နှင့်

ရှစ်လွှာမြောက်တို့အားဖြတ်ကျော်ခဲ့စဉ်က ကြားခဲ့ရသောအသံနှင့်အတူတူဖြစ်သည်ကိုသိလိုက်သည်။

“ဒီတော့သူပေါ့”

“ခင်ဗျားက ကောင်းကင်ဘုံသိုင်းမျှော်စင်ရဲ့

လက်နက်စိတ်ဝိညာဉ်လား”

ရှစ်ဖုန့်ကသူ၏နာမ်ဝိညာဉ်အားအသုံးပြု၍ ခရမ်းရောင်ဝတ်ရုံအဘိုးအိုအားဆက်သွယ်ပြောဆိုလိုက်သည်။

ခရမ်းရောင်ဝတ်ရုံဝတ်အဘိုး၏

မျက်နှာကပြောင်းလဲမှုမရှိပေ။

ထို့နောက်သူကပြောသည်။

“ကောင်းကင်ဘုံသိုင်းမျှော်စင်ကငါပဲ.

ငါကကောင်းကင်ဘုံသိုင်းမျှော်စင်ပဲ..

မင်းကောင်းကင်ဘုံသိုင်းမျှော်စင်ထဲကို

ဝင်လာတာနဲ့ငါက ဒီနေရာရဲ့အရှင်သခင်ပဲ. ဘယ်သူမှငါ့ကိုအနိုင်မယူနိုင်ဘူး”

ကိုးလွှာမြောက်၌စိန်ခေါ်ရမည့်သူက ကောင်းကင်ဘုံသိုင်းမျှော်စင်၏လက်နက်စိတ်ဝိညာဉ်ဖြစ်မည်ကိုရှစ်ဖုန့်မျှော်လင့်မထားခဲ့ပေ။

ယင်းကအရမ်း ရိုက်စားလုပ်ခြင်းသာဖြစ်သည်။

လက်နက်စိတ်ဝိညာဉ်၏အဆိုအရသူက

ဤနေရာ၏အရှင်သခင်ဖြစ်သည်။

သူကဤနေရာ၏ကောင်းကင်ဖြစ်သည်။ ရှစ်ဖုန့်၌ကောင်းကင်ဘုံသိုင်းမျှော်စင်ထက်သာလွန်သောစွမ်းအားမျိုးရှိမနေခဲ့လျှင် ကိုးလွှာမြောက်အားဖြတ်ကျော်ဖို့က အတွေးဆန္ဒတစ်ခုသက်သက်သာဖြစ်၏။

လက်ရှိရှစ်ဖုန့်၌ထိုသို့ပြုလုပ်နိုင်သော

စွမ်းအားမရှိသည်မှာသိသာသည်။ ရှစ်ဖုန့်မှမဟုတ်ပေ။တီရှာပင်လျှင်ကောင်းကင်ဘုံသိုင်းမျှော်စင်ထက်စွမ်းအားသာလွန်ခြင်း

မရှိပေ။ ထိုသို့မဟုတ်ဘဲ အကယ်၍သူ့၌ကောင်းကင်ဘုံ

သိုင်းမျှော်စင်ထက်သာလွန်သောစွမ်းအားရှိနေခဲ့ပါက ၎င်းအနေဖြင့် တောင်၏အခြေ၌ ကောင်းကင်ဘုံသိုင်းမျှော်စင်၏

ဖိနှိပ်မှုအားခံရလိမ့်မည်မဟုတ်ပေ။ သူ့အနေဖြင့် ပျံသန်းနိုင်ခြင်းမရှိဘဲ ခရမ်းရောင်တောင်နံရံတစ်လျှောက်ပြေးလွှားခဲ့ရသည်ဖြစ်သည်။

ရှစ်ဖုန့်မည်မျှပင်လက်သင့်မခံနိုင်ပါစေ ဤသည်ကသူရင်ဆိုင်ရမည့်အရှိတရားဖြစ်သည်။သိုင်းပညာကျင့်ကြံခြင်းလမ်းစဉ်ထက်တွင် လူတစ်ယောက်၏ဆန္ဒအတိုင်း အရာအားလုံးဖြစ်ဖို့ကမဖြစ်နိုင်ပေ။ သူ့အနေဖြင့် ကိုးလွှာမြောက်သို့ရောက်ရှိလာရခြင်းက

ပင်အရမ်းကောင်းမွန်နေခဲ့ပြီဖြစ်သည်။

“လက်နက်စိတ်ဝိညာဉ်..တစ်နေ့ကျရင်

ကျုပ်ပြန်လာခဲ့မယ်.. အဲ့အချိန်ကျလာရင်. ကျုပ်သေချာပေါက်ခင်ဗျားကိုအနိုင်ယူမယ်”

ရှစ်ဖုန့်က သူ၏စိတ်ထဲမှ ခရမ်းရောင်အဘိုးအိုအားကြည့်၍ ပြတ်သားစွာပြောလိုက်သည်။

လူတစ်ယောက်အနေဖြင့်ကောင်းကင်ဘုံသိုင်းမျှော်စင်အတွင်းသို့ ဘဝ၌ တစ်ကြိမ်သာဝင်နိုင်သည်ဟုပြောကြသော်လည်း အကယ်၍လူတစ်ယောက်၌ ကောင်းကင်ဘုံသိုင်းမျှော်စင်ထက်သာလွန်သောစွမ်းအားရှိနေခဲ့လျှင် ကန့်သတ်ချက်များနှင့်လူတစ်ယောက်ဝင်

ရောက်နိုင်သောအရေအတွက်ဆိုသည်တို့က အသုံးမဝင်တော့ပေ။

သူ၏စိတ်ထဲရှိလက်နက်စိတ်ဝိညာဉ်မှတစ်ဆင့် သူ့အနေဖြင့် ၎င်းအားအနိုင်လိုချင်လျှင် ၎င်းထက်သာလွန်သောစွမ်းအားရှိရမည်ဖြစ်ပြီး ယခင်ဘဝက သူ၏ အထွတ်အထိပ်ခွန်အားသို့ပြန်လည်ရောက်ရှိဖို့လိုသည်ကို ရှစ်ဖုန့်အာရုံခံမိသည်ဖြစ်သည်။

“အကယ်၍ မင်းသာငါ့ကို တစ်နေ့ကြအနိုင်ယူနိုင်ခဲ့ရင် .ငါမင်းကိုပိုပြီးကျယ်ပြန့်တဲ့ကမ္ဘာတစ်ခုကို

ခေါ်သွားပေးမယ်”

ခရမ်းရောင်အဘိုးအိုကထပ်မံပြောလိုက်သည်။

“ကျယ်ပြန့်တဲ့ကမ္ဘာတစ်ခုလား. အဲ့တာကဘာအဓိပ္ပါယ်လဲ. .ကောင်းကင်ဘုံသိုင်းမျှော်စင်မှာ ကိုးလွှာထက်ပိုပြီးတော့ရှိသေးတာလား..”

ရှစ်ဖုန့်က ခရမ်းရောင်အဘိုးအို၏စကားများအား

ကြားပြီးနောက် သံသယဖြစ်စွာမေးလိုက်သည်။

“ဒါကကောင်းကင်ဘုံသိုင်းမျှော်စင်ရဲ့အဆုံးသတ်တစ်ခုပဲ. ဒါပေမဲ့သိုင်းပညာကျင့်ကြံမှု

လမ်းစဉ်မှာ အဆုံးသတ်ဆိုတာမရှိဘူး”

လက်နက်စိတ်ဝိညာဉ်က ရှစ်ဖုန့်၏စိတ်ထဲ၌စကားနှစ်ခွန်းအား

ချန်ထားရစ်ခဲ့သည်။ထို့နောက်တွင် ရှစ်ဖုန့်၏စိတ်ထဲမှ ခရမ်းရောင်ဝတ်ရုံနှင့်အဘိုးအိုမှာ ဖြည်းဖြည်းချင်းမှေးမှိန်ပျောက်ကွယ်သွားသည်။ ရှစ်ဖုန့်၏စိတ်ထဲမှခံစားချက်မဲ့သော အသံကဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၏။

“ဒါကကောင်းကင်ဘုံသိုင်းမျှော်စင်ရဲ့အဆုံးသတ်တစ်ခုပဲ. ဒါပေမဲ့သိုင်းပညာကျင့်ကြံမှု

လမ်းစဉ်မှာ အဆုံးသတ်ဆိုတာမရှိဘူးတဲ့လား”

ရှစ်ဖုန့်က လက်နက်စိတ်ဝိညာဉ်၏ စကားလုံးတို့အား ခပ်တိုးတိုးရေရွတ်လိုက်သည်။ သူကမျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး သူ၏စိတ်ထဲမှပုံရိပ်ကပျောက်ကွယ်သွားသည်။ တီရှာ၏ခေါင်းပေါ်ဖိကပ်ထားသောသူ၏လက်ကလည်းဖြည်းဖြည်းချင်းပြေလျော့လာသည်။

ရှစ်ဖုန့်ကမျက်လုံးအားအနည်းငယ်ပိတ်လိုက်ပြီးနောက်ဖြည်းဖြည်းချင်းပြန်ဖွင့်လိုက်သည်။သူက သူ၏ရှေ့၌ရှိနေသော တီရှာအားကြည့်၍ပြောလိုက်သည်။

“သွားကြစို့”

ကိုးလွှာမြောက်အားချိုးဖျက်ရန်

အတွက်နည်းလမ်းမရှိသောကြောင့် ဤနေရာ၌ဆက်နေရန်မလိုအပ်တော့ချေ။

“သွားမှာလား”

တီရှာကသွားမှာလားဟူသောစကား

လုံးအားပြောရင်း သူတို့လာခဲ့သောချောက်ကမ်းပါး

ကိုကြည့်လိုက်သည်။

သို့သော် ရှစ်ဖုန့်က တီရှာထံသို့သူ၏ဘယ်လက်ကိုဆန့်ထုတ်လိုက်၏။ သွေးနီရောင်အလင်းတစ်ခုက ရှစ်ဖုန့်၏လက်နှင့်တီရှာတို့ပေါ်၌ လင်းလက်လာသည်။ တီရှားအား ရှစ်ဖုန့်၏သွေးကျောက်ပြား

နေရာလွတ်အတွင်းမှာ အမှောင်ထုအတွင်းသို့စုပ်ယူခြင်းခံလိုက်ရသည်။

“ကျုပ်ကိုထွက်ခွာခွင့်ပေးပါ”

ရှစ်ဖုန့်ကပြောလိုက်သည်။ သူ၏အသံက ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ ရိုက်ခတ်ပျံ့နှံ့သွား၏။

ရှစ်ဖုန့်၏အသံထွက်ပေါ်လာသကဲ့သို့ သူ၏ကိုယ်ပေါ်၌ ရုတ်တရက် ခရမ်းရောင်အလင်းတစ်ခုလင်းလက်တောက်ပလာသည်။ ရှစ်ဖုန့်၏ ပုံရိပ်က ဧရာခရမ်းရောင်တောင်ကြီးထိပ်ဖျားမှ ပျောက်ကွယ်သွားသည်။

ကောင်းကင်ဘုံသို်ငးမျှော်စင်၏

အပြင်ဘက်မြေအောက်နန်းတော်ထဲတွင် လန်မိသားစုမှကျွမ်းကျင်သူဆယ့်နှစ်ဦးတို့က ကောင်းကင်ဘုံသိုင်းမျှော်စင်အားစိုက်ကြည့်နေစဉ်ကောင်းကင်ဘုံသိုင်းမျှော်စင်၏ ဝင်ပေါက်ထံမှ ခရမ်းရောင်အလင်းတစ်ခုလင်းလက်လာသည်ကို ရုတ်တရက်မြင်တွေ့လိုက်ကြသည်။ ထို့နောက်လိုက်ပါ၍သွေးနီရောင်ပုံရိပ်တစ်ခုကသူတို့၏မျက်လုံးအတွင်း၌ပေါ်လာသည်။

ကောင်းကင်ဘုံသိုင်းမျှော်စင်၏ကိုးလွှာမြောက်သို့ ဝင်ရောက်ခဲ့သော ပြိုင်ဘက်ကင်းပါရမီရှင်လူငယ် မွန်းစတားက ပြန်ရောက်လာခဲ့ပြီဖြစ်သည်။

အနာဂတ်၌ အကယ်၍ ဤလူငယ်သာ ဆက်လက်ကြီးပြင်းလာခဲ့လျှင် သူ၏အောင်မြင်မှုများအား သူတို့ထဲကမည်သူကမျှ နှိုင်းယှဉ်နိုင်ခြင်းရှိလိမ့်မည်မဟုတ်သည်ကို သူတို့အားလုံးသိကြသည်ဖြစ်သည်။

All Chapters