အခန်း (၆၄၉)
Vol. 44 Ch. 649
ရှစ်ဖုန့်ကကောင်းကင်ဘုံသိုင်း
မျှော်စင်ထဲမှထွက်လာပြီးပြီးချင်း ဧကရာဇ်မင်းလန်ယွမ်၊ မင်းသားကွမ်းတစ်ဖြစ်လည်း လန်ကွမ်းနှင့်ရွှေရောင်နဂါးတိုင်လုံးကြီးများထက်မှ အဘိုးအိုများကိုကြည့်၍ ပြောလိုက်သည်။
“ဒီသခင်လေး ပြန်လာပြီ”
“ကြယ်ခုနှစ်ပွင့်မဟာသူတော်စင်နယ်ပယ်. မင်းကတကယ်ပဲကြယ်ခုနှစ်ပွင့်
မဟာသူတော်စင်နယ်ပယ်ဖြစ်နေပြီ”
ရွှေရောင်နဂါးတိုင်လုံးထက်ရှိ
အဘိုးအိုများထဲမှတစ်ဦးက ရှစ်ဖုန့်အား
ကြည့်၍ အံ့အားသင့်စွာပြောဆိုလိုက်သည်။
အသက်ဆယ့်ခြောက်ဆယ့်
ခုနှစ်အရွယ်နှင့်ပ် သူက ကြယ်ခုနှစ်ပွင့်မဟာသူတော်စင်
နယ်ပယ်တစ်ဦးဖြစ်နေခဲ့ပြီဖြစ်သည်။ ထျန်းဟန်တိုက်ကြီးတစ်ခုလုံး၌ပင် သူအားရှားပါးသောပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်ရမည်ဖြစ်၏။
“ကြယ်ခုနှစ်ပွင့်မဟာသူတော်စင်နယ်ပယ်. မင်းကြယ်ခုနှစ်ပွင့်မဟာသူတော်စင်နယ်ပယ်ကို ရောက်သွားပြီ”
ဧကရာဇ်မင်းလန်ယွမ်မှာ ကြယ်လေးပွင့်မဟာသူတော်စင်နယ်ပယ်တစ်ဦးသာဖြစ်သည်။ ကောင်းကင်ဘုံသိုင်းမျှော်စင်ထဲမှ ရှစ်ဖုန့်ထွက်လာသောအခါတွင် ရှစ်ဖုန့်၏ကျင့်ကြံမှုအား
သူထွင်းဖောက်မြင်နိုင်ခြင်းမရှိတော့ပေ။ လန်မိသားစုမှအဘိုးအို၏ပြောစကားအားကြားလိုက်ရသောအခါတွင် သူလည်းအံ့အားသင့်စွာပြောလိုက်သည်။
ထို့နောက်တွင် မြေအောက်နန်းတော်တစ်ခုလုံး၌ အံ့အားတစ်ကြီးပြောဆိုသံများဖြင့်ပြည့်နှက်နေသည်။ရှစ်ဖုန့်ထွက်လာပြီးပြီးချင်း မြေအောက်နန်းတော်အတွင်း၌ အာရုံစိုက်မှုတို့၏ဆုံချက်တစ်ခုဖြစ်နေသည်။
“ကြယ်ခုနှစ်ပွင့်မဟာသူတော်စင်နယ်ပယ်..ဟမ့်.. ကြယ်ခုနှစ်ပွင့်မဟာသူတော်စင်နယ်ပယ်များ.. နောက်ဆုံးတော့မင်းဒီအဘိုးကြီးအတွက်ထွက်လာပြီပေါ့.. ဒီအဘိုးကြီးကမင်းလိုပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦးကိုသေချာပေါက်ထျန်းလျန်အင်ပါယာထဲမှာအချိန်မတိုင်ခင်သေသွား အောင်လုပ်ပစ်မယ်.. “
၎င်းတို့ကြားထဲတွင် ယခင်က လန်ယွမ်နှင့်အချင်းပွားခဲ့သော အဘိုးအိုကသာ ရှစ်ဖုန့်အားသုန်မှုန်စွာဖြင့်စိုက်ကြည့်နေပြီး စိတ်ထဲမှ ခက်ထန်စွာပြောဆိုလိုက်သည်။
ရှစ်ဖုန့်ကအားလုံးအားလျစ်လျူရှုထားပြီး ဧကရာဇ်မင်းလန်ယွမ်ကိုပြောလိုက်သည်။
“ဒီသခင်လေးသွားတော့မယ်”
“ကောင်းပြီ”
လန်ယွမ်ကလည်းပြန်ဖြေပြီး
ခေါင်းညိမ့်လိုက်သည်။
ထို့နောက် လန်ယွမ်နှင့်မင်းသားကွမ်းတို့က ရှစ်ဖုန့်အား မြေအောက်နန်းတော်ထဲမှ
ခေါ်ဆောင်ထုတ်လာခဲ့သည်။
ရှစ်ဖုန့်နှင့်လန်ယွမ်တို့ မြေအောက်နန်းတော်မှ
ထွက်ခွာသွားပြီးသည့်နောက်တွင် လန်ယွမ်နှင့် ပဋိပက္ခဖြစ်ခဲ့သော လန်ကျဲ့ ဟုခေါ်သည့်အဘိုးအိုက အခြားသော အဘိုးအိုများကိုပြောလိုက်သည်။
“ဒါနဲ့ပက်သက်ပြီးမစိုးရိမ်ကြဘူးလား”
“အားလုံးပဲ.. ဒီလူငယ်ကအရမ်းအန္တရာယ်များတယ်.. ကျုပ်တို့တွေ သူ့ကိုကောင်းကင်ဘုံသိုင်းမျှော်စင်ထဲဝင်ခွင့်မပြုခဲ့သင့်ဘူး. အခုသူက အသက်ဆယ့်ခြောက်ဆယ့်
ခုနှစ်ပဲရှိသေးတယ်. သူက ကြယ်ခုနှစ်ပွင့်မဟာသူတော်စင်
နယ်ပယ်တစ်ယောက်ဖြစ်နေပြီ.. အကယ်၍ သူသာဆက်လက်တိုးတက်လာခဲ့ရင်. သူကကျုပ်တို့ထျန်းလျန်အင်ပါယာ
ကိုပြောင်းပြန်လှန်လိမ့်မယ်.. ကျုပ်တို့ဘိုးဘေးတွေတည်ထောင်ခဲ့တဲ့နိုင်ငံက သူ့ရဲ့သိမ်းပိုက်တာကိုခံရဖို့
ပိုပြီးဖြစ်နိုင်ချေများတယ်”
“ဒါက….”
လန်ကျဲ့၏ စကားများအားကြားပြီးနောက် သူတို့ထဲကအဘိုးအိုတစ်ဦးကတုန်လှုပ်အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
“ဒါက ..ဒါမဖြစ်နိုင်တာပကဲ. ပြီး တော့သူကလန်ယွမ်ရဲ့သားမက်ပဲဟာ”
“ဟမ့်.. မဖြစ်နိုင်ဘူးတဲ့လား”
အဘိုးအို၏စကားများအားကြားလိုက်ရသောအခါတွင် လန်ကျဲ့က အေးစက်စွာနှာမှုတ်လိုက်ပြီး ပြောလိုက်သည်။
“အရှေ့ပိုင်းဒေသကြီးရဲ့သမိုင်းထဲမှာ ကြင်ယာတော်မင်းသားက မင်းဆက်ကိုပြောင်းလဲတဲ့ ဖြစ်စဉ်ပေါင်းအနည်းဆုံးဆယ်ကြိမ်လောက်ဖြစ်ပွားခဲ့တယ်..ကျုပ်မင်းကိုမေးပါရစေ ဒီလူငယ်သာကြီးပြင်းလာပြီး အနာဂတ်မှာ ဧကရာဇ်နယ်ပယ်အဆင့်ကိုချိုးဖျက်နိုင်ခဲ့ရင် ငါ့တို့ဘိုးဘေးတွေတည်ထောင်ခဲ့တဲ့
နိုင်ငံကိုသူသိမ်းပိုက်မှာကို
ဘယ်သူကတားမှာလဲ”
“အဲ့လိုသာဆိုရင်တော့ ဒီကလေးက တကယ့်ကိုအန္တရာယ်တစ်ခုပဲ”
အဘိုးအိုတစ်ဦးက လန်ကျဲ့၏ စကားလုံးများအားကြားလိုက်ရသောအခါတွင် ခေါင်းညိမ့်လိုက်ပြီး လေးနက်သောမျက်နှာထား
ဖြင့်ပြောလိုက်သည်။
“ကျုပ်ရဲ့အမြင်ကတော့. အနာဂတ်မှာဖြစ်လာမဲ့ပြဿနာ
တွေကိုတားဆီးဖို့အတွက် ဒီကလေးအရွယ်ရောက်မလာခင်ကျုပ်တို့ သူ့ကိုသတ်သင့်တယ်.. ဒီညပဲလုပ်ကြရအောင်”
လန်ကျဲ့က ခက်ထန်စွာပြောဆိုလိုက်သည်။
“အခုကအချိန်မကျသေးဘူး”
လန်ကျဲ့၏ ဆုံးဖြတ်ချက်အားကြားပြီးနောက် အဘိုးအိုတစ်ဦးကပြောလိုက်သည်။
“အခုသူကကြယ်ခုနှစ်ပွင့်မဟာသူတော်စင်နယ်ပယ်ကိုရောက်နေပြီ. သူ့မှာ အဲ့မိစ္ဆာသတ္တဝါကိုဆီးလ်ခတ်ဖို့အတွက် ငါတို့ကိုကူညီပေးနိုင်မဲ့စွမ်းအားရှိတယ်. ငါတို့သာသူ့ကိုဒီညသတ်လိုက်ရင်. ကောင်းကင်ဘုံသိုင်းမျှော်စင်ကိုဖွင့်ဖို့အတွက်ငါတို့အသုံးပြုခဲ့ရတဲ့ အရင်းအမြစ်တွေအလကားဖြစ်ကုန်လိမ့်မယ်.. အခုကအချိန်မကျသေးဘူး”
ထို့နောက် အဘိုးအိုတစ်ဦးကခေါင်းညိမ့်ပြီး
ပြောလိုက်သည်။
“ဟုတ်တယ်. အခုကအချိန်မကျသေးဘူး. အကယ်၍ ငါ့တို့သူ့ကိုရှင်းထုတ်ပစ်ချင်ရင် နောက်ပိုင်းမှပဲ အဲ့လိုလုပ်နိုင်လိမ့်မယ်”
ထိုအဘိုးအိုကထိုသို့ပြောသကဲ့သို့ အဘိုးအိုအားလုံးကလည်း လှည့်လိုက်ပြီးအလယ်ဗဟို၌ရှိနေသာ အဘိုးအိုကိုကြည့်လိုက်ကြသည်။
“အိုး. ငါကဆုံးဖြတ်ချက်ကိုချရမှာလား”
အသက်အကြီးဆုံးအဘိုးအိုက သွားပေါ်အောင်ပြုံး၍ ပြောလိုက်သည်။
“အမှန်ပဲ. “
“ဒီလူငယ်ရဲ့ပါရမီစွမ်းရည်က အံ့ဖွယ်ထူးခြားတယ်.ငါ့ဘဝတစ်လျှောက်လုံးမှာဒီလိုဟာမျိုးကို လုံးဝမတွေ့ခဲ့ဘူးဖူး. ကမ္ဘာပေါ်မှာစွမ်းအားအကြီးဆုံးသူဖြစ်တဲ့ ငရဲဘုံကိုးခုဧကရာဇ်ကျိုးယိုတောင်မှ ဒီအသက်အရွယ်မှာ သူ့လောက်ပါရမီစွမ်းရည်မကောင်းဘူး
လို့ငါတွက်ဆတယ်..အကယ်၍သူသာ ကြီးပြင်းလာပြီး ငါတို့ရဲ့ထျန်းလျန်အင်ပါယာကို သိမ်းပိုက်ချင်တယ်ဆိုရင် ဘယ်သူကမှသူ့ကိုတားဆီးနိုင်မှာမဟုတ်ဘူး”
“တော်ဝင်ဦးလေးအနေနဲ့သူ့ကို ဖြစ်နိုင်သမျှအမြန်ဆုံးကျုပ်တို့ရှင်းထုတ်ပစ်သင့်တယ်လို့ ဆိုလိုတာလား”
အဘိုးအို၏ သဘောတူညီမှုအားကြားလိုက်ရသောအခါတွင် လန်ကျဲ့ကပျော်ရွှင်စွာဖြင့်ပြောလိုက်သည်။ အကယ်၍သူသဘာတူလျှင် ဤလူငယ်အားရှင်းထုတ်ပစ်ရန်အတွက်များစွာ ပိုလွယ်ကူသွားလိမ့်မည်ဖြစ်သည်။
ဤလူငယ်အားသေဒဏ်ပေးခဲ့လျှင် ကောင်းမွန်သည်ဖြစ်သည်။
“သူ့ကိုရှင်းပစ်မှာလား. သူ့ကိုရှင်းပစ်သင့်တယ်လို့ငါပြောခဲ့လို့လား”
အဘိုးအိုက လန်ကျဲ့အား သရော်ပြုံးဖြင့်မေးလိုက်သည်။
“ဒါပေမဲ့ တော်ဝင်ဦးလေးခုဏကပြောခဲ့တာက..”
လန်ကျဲ့ကပြောလိုက်သည်။
ထို့နောက် အဘိုးအိုက လန်ကျဲ့အား လှောင်ပြောင်သောလေသံဖြင့် ပြောလိုက်သည်။
“ငရဲဘုံကိုးခု ဧကရာဇ်နဲ့တောင် ပါရမီစွမ်းရည်ယှဉ်နိုင်တဲ့လူငယ်က အရှေ့ပိုင်းဒေသကြီးထဲက ငါတို့ရဲ့ထျန်းလျန်အင်ပါယာကိုသဘောကျလို့သိမ်းပိုက်မယ်လို့မင်းကထင်နေတာလား.. သူအလိုရှိတာက ထျန်းဟန်တိုက်ကြီးရဲ့
ကျယ်ပြောလှတဲ့ကောင်းကင်ကြီးပဲ”
“အိုး…အမှန်ပဲ. တော်ဦးလေးပြောတာဟုတ်တယ်”
“ဟုတ်တယ်. အကယ်၍ ဧကရာဇ်ကျိုးယိုသာဆိုရင် ငါတို့ရဲ့ထျန်းလျန်အင်ပါယာလောက်ကိုစိတ်ဝင်စားမှာတဲ့လား”
“သူ့ရဲ့ပါရမီစွမ်းရည်နဲ့ဆိုရင် သူသာမသေတာနဲ့အနာဂတ်မှာ
ဧကရာဇ်နယ်ပယ်တစ်ယောက်ဖြစ်
လာလိမ့်မယ်.. ငါတို့ရဲ့ထျန်းလျန်အင်ပါယာသူ့အ
တွက်သေချာပေါက်လက်ဖက်ရည်ခွက်တစ်ခုတောင်မဟုတ်ဘူး. အဲ့အချိန်ကြရင် သူက ထျန်းလျန်အင်ပါယာကြီးတစ်ခုလုံးကို အပေါ်စီးကနေကြည့်နေမှာ”
စွမ်းအားအကြီးဆုံးအဘိုးအို၏
စကားများအားကြားပြီးနောက် အဘိုးအိုအားလုံးက အသိအမြင်အလင်းပွင့်သွားကြသည်။
လန်ကျဲ့မှာလည်းတိတ်ဆိတ်နေ၏ ။ ကြည့်ရသည့်မှာအဘိုးအိုက ထိုသူတောင်းစားလေးအား
သတ်မည့်ပုံမပေါ်ပေ။
ထိုသက်ကြားအိုကြီးကအစောပိုင်း
ကသူ့အားမည်ကဲ့သို့လှောင်ပြောင်သည်ကိုတွေးမိသောအခါတွင် လန်ကျဲ့၏မျက်နှာကပို၍သုန်မှုန်လာသည်။
သို့သောသူ့အနေဖြင့်ထိုသက်ကြားအိုကြီးအားမယှဉ်နိုင်ပေ။ ထို့ကြောင့် သူရရှိခဲ့သောလှောင်ပြောင်မှုများအားလုံးကိုရှစ်ဖုန့်အပေါ်သို့ပုံချလိုက်သည်။
“ဒင်းကြောင့်. အဲ့သူတောင်းစားလေး. ဒင်းကြောင့်သာမဟုတ်ရင်. ငါဒီလိုမျိုးလှောင်ပြောင်ခံရမှာမဟုတ်ဘူး. ဒင်းတော့. သေရမယ်. သေကိုသေရမယ်”
ရှစ်ဖုန့်၊လန်ယွမ်နှင့် လန်ကွမ်းတို့က မြေအောက်လျှောက်လှမ်း၌ လမ်းလျှောက်၍လာကြသည်။လန်ယွမ်က အတွင်းစိတ်ထဲမှသက်ပြင်းချ၍ ရှစ်ဖုန့်ကိုပြောလိုက်သည်။
“ရှစ်ဖုန့်. ဒီနေရာကထွက်သွားကြစို့. ငါ့ကလေးမလေးမင်းကိုထပ်ပြီးမမြင်ပါစေနဲ့”
လန်ယွမ်ပြောသောကလေးမလေးဆိုသည်ကား မည်သူဖြစ်သည်ကို ရှစ်ဖုန့်သိသည်ဖြစ်သည်။သူက ခေါင်းကိုလှည့်လိုက်ပြီး မေးလိုက်သည်။
“သူမအဆင်ပြေရဲ့လား”
ရှစ်ဖုန့်၏စကားများအားကြားပြီးနောက် လန်ယွမ်က ခါးသီးစွာပြုံးလိုက်ပြီး ရှစ်ဖုန့်ကိုမေးလိုက်သည်။
“မင်းအဲ့ညကသူမကိုငြင်းလိုက်တာ. သူမအဆင်ပြေမယ်လို့မင်းထင်လား”
ထို့နောက် လန်ယွမ်က ရှစ်ဖုန့်အား ထက်ပြီးပြောသည်။
“အဲ့ညကစပြီးတော့ သူ ပိုပိုဖျော့တော့လာပြီးတော့ မကြာခဏ အာရုံတွေလွတ်လာတယ်.
မင်းအရှေ့ပို်ငးဒေသကြီးကထွက်သွားပြီလို့ငါသူမကိုပြောထားပြီးပြီ..အချိန်တော်ကုန်လွန်လာတာနဲ့အမျှ သူမမင်းကိုဖြည်းဖြည်းချင်းမေ့သွား
မယ်လိုငါမျှော်လင့်မိပါတယ်..ဒါကြောင့် မင်းသူမကိုလက်မခံနိုင်ရင် သူမရှေ့မှာ ပေါ်မလာပါနဲ့”
လန်ယွမ်အားကြည့်၍ ရှစ်ဖုန့်မှာ ဧကရာဇ် မင်းတစ်ပါးအဖြစ်၎င်းအားမမြင်မိဘဲ ဖခင်တစ်ဦးအဖြစ်မြင်မိသည်။ သမီးဖြစ်သူကြောင့် ကူကယ်ရာမဲ့ကာ ဝမ်းနည်းကြေကွဲနေသော ဖခင်တစ်ဦးဖြစ်၏။
“ဟူး”
လန်ယွမ်၏စကားလုံးများအားနား
ထောင်ပြီးသည့်နောက်၌ ရှစ်ဖုန့်ကစိတ်ထဲမှနေ၍ တိတ်တဆိတ်သက်ပြင်းချမိသည်။ထို့နောက် လန်ယွမ်အားခေါင်းညိမ့်ပြ၍ ပြောလိုက်၏။
“ကောင်းပြီ..ခင်ဗျားကို ကတိပေးပါတယ်”