အခန်း (၆၅၀)
Vol. 44 Ch. 650
မြေအောက်လျှောက်လမ်းမှာ လမ်းလျှောက်ထွက်လာခဲ့ပြီးသည့်နောက် ရှစ်ဖုန့်က လန်ယွမ်နှင့်လန်ကွမ်းတို့အား နှုတ်ဆက်လိုက်သည်။ ထို့နောက်တွင် သူက နန်းတော်အပြင်ဘက်သို့ တိတ်တဆိတ်ပျံသန်းထွက်လိုက်ပြီး ရတနာတစ်ထောင်စံအိမ်ရှိရာသို့ ဦးတည်လိုက်၏။
ရတနာတစ်ထောင်စံအိမ်သို့ပြန်
ရောက်လာပြီးသည့်နောက် အချိန်ကြာမြင့်စွာမြင်တွေ့ခဲ့ရခြင်းမရှိသော ရှစ်ဖုန့်အား ရှစ်ကျင်းရွှိုက်မြင်တွေ့လိုက်သည်။ သူက ရှစ်ဖုန့်အား နောက်ပြောင်ပြောဆိုလိုက်၏။
“ငါတို့ရဲ့ကြင်ယာတော်မင်သားက အချိန်အကြာကြီးမတွေ့ခဲ့ရပဲ နောက်ဆုံးတော့ပြန်လာဖို့ဆန္ဒရှိသွားပြီ
ပေါ့.သခင်လေးက ကြင်နာယုယမှုတွေအောက်မှာအချိန်အကြာပြီးနစ်မြုတ်နေပြီး ကျုပ်ကိုတောင်မေ့ထားတာပဲ”
ရှစ်ဖုန့်က ရှစ်ကျင်းရွှိုက်အား မေးလိုက်သည်။
“ဒီသခင်လေး တစ်လလောက်အဝေးကိုရောက်နေတယ်မလား.. ကောင်းကင်ဘုံသိုင်းမျှော်စင်မှာ နေ့ညဆိုတာမရှိပေမဲ့ အထဲမှာတစ်လလောက်ကြာသွားတယ်လို့ တော့ဒီသခင်လေးယူဆတယ်”
ရှစ်ဖုန့်၏စကားများအားကြားရပြီးနောက် ရှစ်ကျင်းရွှိုက်၏မျက်နှာထက်ရှိအပြုံးကပို၍ ပီပြင်လာသည်။ သူက ပြုံး၍ မေးလိုက်သည်။
“ဘာဖြစ်လို့လဲ. ကြင်နာယုယမှုတွေအောက်မှာအချိန်အကြာကြီးနစ်မြောနေခဲ့တော့ သခင်လေးအချိန်တွေကိုတောင် ဘယ်လောက်ရှိပြီဆိုတာကိုမေ့သွားပြီလား. မင်းသမီးလင်လုံက အံ့ဖွယ်ကောင်းလောက်အောင်လှမယ်လို့ ကျုပ်တော့ယူဆတယ်’
ရှစ်ကျင်းရွှိုက်၏ စကားများအားကြားပြီးနောက်ရှစ်ဖုန့်
တစ်ယောက်ပြောစရာစကားမဲ့သွားရသည်။ဤအချိန်ကာလအတောအတွင်း သူ့အနေဖြင့်ကြင်နာယုယမှုများအောက်၌ နစ်မြောနေခဲ့ခြင်းမဟုတ်ပေ။ ပြောရလျှင် တိုက်ပွဲများအတွင်းသာ နစ်မြုပ်နေခဲ့ခြင်းဖြစ်သည်။ထို့နောက်တွင် သူအဆက်မပြတ်နိုးနိုးကြားကြားရှိနေခဲ့ရ၏။ရှစ်ဖုန့်၌ ဖော်ပြစရာဘာအံ့ဩဖို့ကောင်းသည့် ခံစားချက်မှထိုနေရာ၌ရှိမနေပေ။
“ဟားဟား”
ရှစ်ဖုန့်အားကြည့်၍ ရှစ်ကျင်းရွှိုက်က ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“သခင်လေး ရတနာတစ်ထောင်စံအိမ်ကနေ ထွက်သွားတာအခုဆိုနှစ်ဆယ့်ခြောက်ရက်ရှိ
နေပြီ… သခင်လေးထွက်သွားပြီးဆယ်ရက်ကြာတော့ အကိုရွှယ်ကထျန်းလျန်အင်ပါယာကနေ နေရာကူးပြောင်းအစီအရင်ကို ငှားပြီးမြောက်ပိုင်းဒေသကြီးကိုထွက်သွားတယ်.. သူကသခင်လေးကိုတွေ့ရင်အသိပေးပေးဖို့ကျုပ်ကိုတောင်းဆိုခဲ့တယ်”
“ရွှယ်ဝူဟမ်ထွက်သွားပြီပေါ့”
သို့သော်ယင်းကအံ့အားသင့်စရာတော့
မဟုတ်ပေ။ သူက အကြောင်းပြချက်နှစ်ခုကြောင့်လာခဲ့ခြင်း
ဖြစ်သည်။ တစ်ခုက သတို့သားရွေးချယ်ပြိုင်ပွဲအတွက်ဖြစ်ပြီး အခြားတစ်ခုက မြောက်ပိုင်းဒေသကြီးသို့ထွက်ခွာရန်အတွက်နေရာကူးပြောင်းအစီအရင်ကိုငှားလို၍ဖြစ်သည်။ ယခု သတို့သားရွေးချယ်ပြိုင်ပွဲပြီးဆုံး
သွားသည်မှာ အချိန်ကြာမြင့်ခဲ့ပြီးဖြစ်သောကြောင့်သူထွက်ခွာသွားခြင်းဖြစ်ရမည်ဖြစ်သည်။
အစက ရှစ်ဖုန့်အနေဖြင့်မြောက်ပိုင်းဒေသကြီးသို့ရွှယ်ဝူဟမ်နှင့်အတူသွားရန် ကြိုတင်စီစဉ်ထားခဲ့သည်။ ၎င်းကချင်ယူဖန်းတပည့်ဟူသော သရုပ်မှန်ဖြင့်ဆိုလျှင် ထျန်းလျန်အင်ပါယာက၎င်းအား
သေချာပေါက်မျက်နှာသာပေး
လိမ့်မည်ဖြစ်သည်။
သို့သော် ယခုအခါ၌ လန်ယွမ်အနေဖြင့်သူ့အတွက် နေရာကူးပြောင်းအစီအရင်အားငှားယမ်း
ပေးရမန်ပြဿဖြစ်လိမ့်မည်မဟုတ်မှန်း
ကိုရှစ်ဖုန့်သိသည်ဖြစ်၏။
ရှစ်ကျင်းရွှိုက်ကပြောသည်။
“ရွှယ်ဝူဟမ်ကသခင်လေးကိုစောင့်နေခဲ့ပေမဲ့ သခင်လေးကကြင်နာယုယမှုတွေကြားထဲမှာ နစ်မြုပ်နေခဲ့တာ.. သူကသခင်လေးပြန်အလာကိုမစောင့်နိုင်တော့ဘူး. သခင်လေးမြောက်ပိုင်းဒေသကြီးကိုသွားမသွားဆိုတာကိုသူမသိဘူးအဲ့တာကြောင့် သူက သခင်လေးကို သူအရင်ထွက်သွားပြီဖြစ်ကြောင်းပြောဖို့ကျုပ်ကိုတောင်းဆိုခဲ့တာ”
“ကောင်းပြီ”
ရှစ်ဖုန့်က ရှစ်ကျင်းရွှိုက်၏စကားများအားကြားပြီးနောက်ခေါင်းညိမ့်လိုက်သည်။သူမြောက်ပိုင်းဒေသကြီးသို့သွားရမည်ဖြစ်၏။ သို့သော် ကောင်းကင်ဘုံသိုင်းမျှော်စင်က သူထွက်လာပြီးသည့်နောက်၌ လန်မိသားစု၏တော်ဝင်နန်းတော်အောက်တွင် ဖိနှိပ်ထားသော ထိုသတ္တဝါအား ကိုင်တွယ်ရန်အကူအညီပေးမည်ဟုသူလန်ယွမ်ကိုကတိထိုနေ့ညကကတိပေးထား
သည်ဖြစ်သည်။
ယနေ့ညတွင်သူ့အနေဖြင့် ရတနာတစ်ထောင်စံအိမ်၌အနားယူ
မည်ဖြစ်သည်။နောက်တစ်နေ့မနက်တွင် နန်းတော်သို့သွား၍ လန်ယွမ်အားသူရှာမည်ဖြစ်၏။ ထိုသတ္တဝါအားဆီးလ်ခတ်ထားရာနန်းတော်သို့သူတစ်ချက်သွားကြည့်မည်ဖြစ်သည်။ မကြာခင်၎င်းအားသူကိုင်တွယ်နိုင်ခဲ့လျှင် သူ့အတွက် နေရာကူးပြောင်းအစီအရင်အားငှားရမ်းရန်မှာလည်းကြာမြင့်မည်မဟုတ်ပေ။
ယခုသူ့ဘက်၌ တီရှာ၊ ငွေရောင်တံစဉ်နှင့် လန်မိသားစု၏ အဘိုးကြီးများစွာရှိသည်ဖြစ်သောကြောင့်ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်တစ်ဦး၏ စွမ်းအားဖြင့်ဆိုလျှင် ၎င်းအားကိုင်တွယ်ရန်မှာ ခက်ခဲလိမ့်မည်မဟုတ်ပေ။
“အဲ့ကောင်မလေး..ဟူး”
ရှစ်ဖုန့် မှာ ထိုညကသူငြင်းလိုက်ပြီးသည့်နောက်၌ ထိုကောင်မလေးပိုပို၍ မျက်တွင်းချောင်ကျဖြစ်လာသည်ဟ လန်ယွမ်ပြောသည်ကို သူပြန်အမှတ်ရမိသောအခါတွင် စိထ်ထဲမှနေ၍သက်ပြင်းချမိသည်။
ဖြည်းဖြည်းချင်း ရှစ်ဖုန့်က ထူးဆန်းစွာပြုမူနေသည်ကို ရှစ်ကျင်းရွှိုက်သဘောပေါက်လာသည်။ သူကနောက်ပြောင်သောအမူအယာအား ဘေးဖယ်ထားလိုက်ပြီး ရှစ်ဖုန့်အားမေးလိုက်သည်။
“ဘာဖြစ်လို့လဲ. ဘယ်လိုဖြစ်လို့သခင်လေး အရမ်းမပျော်ရွှင်တဲ့ပုံစံဖြစ်နေရတာလဲ. ဖြစ်နိုင်တာ..ဖြစ်နိုင်တာက. လန်မိသားစုက စေ့စပ်ပွဲကိုဖျက်သိမ်းလိုက်လို့များလား”
ထို့နောက်ရှစ်ကျင်းရွှိုက်က်ခေါင်း
ခါပြီးပြောလိုက်သည်။
“မဖြစ်နိုင်ဘူး. သခင်လေးကရုပ်ရည်ရောပါရမီနှစ်ခုလုံးရှိတဲ့ မွန်းစတားမျိုးပဲဟာ သခင်လေးကလုံဟူဂိုဏ်းခေါင်းဆောင်ဝမ့်ကျိုးကိုတောင်သတ်နိုင်တာကို. လန်မိသားစု ကဒီလိုလုပ်လို့ပျော်ရွှင်သွားမဲ့ဟာ
မျိုးမဟုတ်ဘူး”
“မင်းသမီးလင်လုံမှများ ချစ်ရတဲ့သူရှိနေတာလား. သူကသခင်လေးကိုငြင်းလိုက်လို့လား”
ရှစ်ကျင်းရွှိုက်စတင်စိတ်ကူးလိုက်သည်။
ထျန်းဟန်တိုက်ကြီး၌ဤကဲ့သို့ဇတ်လိမ်း
ပေါင်းများစွာရှိသည်ဖြစ်သ်ည။ မင်းသမီတစ်ပါး သို့မဟုတ် ချမ်းသာကြွယ်ဝသောမိသားစုမှ မိန်းမပျိုတစ်ဦးသို့မဟုတ် အရှင်သခင််တစ်ဦး စသည့်ဖြင့် စွမ်းအားကြီး မိသားစုတစ်ခုမှ အမျိုးသမီးတစ်ဦး ရှိသည်ဖြစ်သည်။
သို့သော် သူအနေဖြင့် လူမှုရေးအဆင့်အတန်းတွင် ကောင်းမွန်ပြီး ချောမောသည့် သခင်လေးများ၊ကျွမ်းကျင်သူများ၊ပါရမီရှင်များအားသဘောကျနှစ်ခြိုက်ခြင်းမရှိပေ။ ထိုအစား သူဆင်းရဲ စာပေသမားတစ်ဦးကိုသာချစ်ကျွမ်းဝင်သည်။ အသုံးမကျသည့်အမှိုက်များကိုသာချစ်ကျွမ်းဝင်သည်။ သူမသာစိတ်ပါလျှင် သူတောင်းစားတစ်ဦးကိုပင်ချစ်ကျွမ်း
ဝင်သည်ဖြစ်သည်။
“ကောင်းပြီ..ဘာမှ လျှောက်ပြီး မှန်းဆမနေနဲ့ “
ရှစ်ဖုန့်က ရှစ်ကျင်းရွှိုက်အားပြောလိုက်သည်။ထို့နောက်သူကဆက်ပြော၏။
“ဒီသခင်လေး ရက်အနည်းငယ်နေရင် မြောက်ပိုင်းဒေသကြီးကိုသွားမယ်. အနာဂတ်မှာ မင်းဒီသခင်လေးဆီကတစ်ခုခုလိုအပ်ရင် မင်းကိုပေးထားတဲ့ ကျောက်စိမ်းပြားကိုသာခွဲလိုက်ပါ. .ဒီသခင်လေးအဲ့တာကိုအာရုံခံမိတာနဲ့ ဖြစ်နိုင်သမျှအမြန်ဆုံး သေချာပေါက်ရောက်အောင်လာခဲ့မယ်”
“သခင်.သခင်လေး တကယ်ပဲ မြောက်ပိုင်းဒေသကြီးကိုသွားမှာပေါ့”
ရှစ်ဖုန့်၏ စကားများအားကြားပြီးနောက် ရှစ်ကျင်းရွှိုက်က အံ့အားတကြီး ပြောဆိုလိုက်သည်။ သူ၏ခန့်မှန်းချက်အားသူပို၍သေချာလာသည်။
၎င်းအနေဖြင့်အရှေ့ပိုင်းဒေသကြီးမှ အလှဆုံးမိန်းကလေး ၏ငြင်းဆိုခြင်းအားခံခဲ့ရပုံပေါ်၏။
ရှစ်ဖုန့်အပေါ်ရှစ်ကျင်းရွှိုက်၏နားလည်ထားမှုအရ အကယ်၍ သူသာတကယ်အငြင်းခံခဲ့ရလျှင် သူထွက်သွားလောက်သည်သာဖြစ်သည်။ သူ့အနေဖြင့် အရှေ့ပိုင်းဒေသကြီးမှထွက်ခွာပြီး သူ့အားအရမ်းနာကျင်စေသည့်ဤနေရာမှထွက်သွားလိမ့်မည်ဖြစ်သည်။
“ဒီတစ်ကြိမ်ခွဲခွာပြီးရင် တို့တွေ နောက်ထပ်ဘယ်အချိန်ပြန်တွေ့ရမယ်ဆိုတာကိုမသိနိုင်ဘူး. ဒီစားကောင်းသောက်ဖွယ်တွေသွားပြင်ဆင်ထားလိုက်ပါ. တို့တွေစိတ်ရှိတိုင်းသောက်ကြတာပေါ့”
ရှစ်ဖုန့်ကရှစ်ကျင်းရွှိုက်အားပြောလိုက်သည်။
သူ၏ ဝမ်းနည်းကြေကွဲမှုအတွက် အမူးသောက်ချင်နေသည်လော။
ထို့နောက်ရှစ်ကျင်းရွှိုက်ကပြုံးလိုက်သည်။ သူပြုံးလိုက်ချိန်တွင် သူကဲ့သို့ မိတ်ဆွေကောင်းတစ်ဦးက ၎င်းနှင့်အတူသောက်ပေးပါက ၎င်းအနေဖြင့်စိတ်ခံစားချက်များပို
ကောင်းလိမ့်မည်ဟုခံစားရ၏။
ရှစ်ကျင်းရွှိုက်က အပြုံးတစ်ခုနှင့်ပြောလိုက်သည်။
“ကောင်းပြီ. ဒီည စိတ်ရှိတိုင်းသောက်ပြီးတော့ပြဿနာ
တွေဝမ်းနည်းမှုတွေကိုမေ့ကြတာပေါ့ .. မမူးတဲ့အထိအိမ်ကိုမပြန်ကြဘူး”
ထို့နောက်ရှစ်ကျင်းရွှိုက်က သူ၏လက်အောင်းခံစားများအားစားပွဲပြင်
ဆင်ရန်အမိန့်ပေးလိုက်သည်။
ယနေ့ည၌ ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့တော်တော်များများ
သောက်ခဲ့ကြသည်။ ရှစ်ကျင်းရွှိုက်မှာ ရှစ်ဖုန့်နှင့်ခွဲခွာရမည်ဖြစ်သောကြောင့် အရက်ပြင်းအချို့ကိုပင် သောက်ခဲ့သည်။
သုံးဝိုင်းမျှသောက်သုံးပြီးနောက် ညလယ်သို့ပင် ရောက်လုနီးပါးဖြစ်လာသူည်။ ထို့နောက်မှသာ ရှစ်ကျင်းရွှိုက်တစ်ယောက် ရှစ်ဖုန့်၏အခန်းအတွင်းမှ မူးကွဲစွာဖြင့်ထွက်သွားခဲ့သည်။
သို့သော် ရှစ်ဖုန့်ကသူ၏မျက်လုံးအားမှိတ်လိုက်ပြီး ရုတ်တရက်ထပ်မံဖွင့်လိုက်သည်။အစောပိုင်း မဖိတ်ခေါ်ထားသောဧည့်သည်တစ်ဦး တိတ်တဆိတ်ရောက်ရှိလာသည်ကိုသူအာရုံခံမိလိုက်၏။
“ထွက်လာခဲ့”
ရှစ်ဖုန့် က အခန်းထဲမှ အေးစက်စွာအော်ပြောလိုက်သည်။
ရှစ်ဖုန့်အော်ပြောလိုက်သကဲ့သို့ အခန်းအတွင်း အိုမင်းသောရယ်မောသံတစ်ခု
ထွက်ပေါ်လာသည်။
“ဟားဟား.မင်းကတကယ့်ကိုမွန်းစတား
တစ်ကောင်ပဲ..ဒီဘုရင်က ငါ့ရဲ့ပုံရိပ်ကိုဖုံးကွယ်ဖို့လန်မိသားစုရဲ့ရွေ့လျားမှုပညာရပ်ကိုအသုံးပြုခဲ့ပေမဲ့ မင်းကငါ့ကိုရှာတွေ့တုံးပဲ. မင်း.. မင်းကတကယ့်ကို အံ့ဖွယ်ထူးခြားတဲ့သူပဲ”
အသက်အရွယ်ရသောရယ်မောသံတစ်ခု
ထွက်ပေါ်လာသကဲ့သို့ ရွှေရောင်ပုံရိပ်တစ်ခုက အခန်းအတွင်း ဖြည်းဖြည်းချင်းလွင့်မျောရပ်တည်
ပေါ်လာသည်။
ရှစ်ဖုန့်က သူ၏ရှေ့၌ပေါ်လာသော ရွှေရောင်ပုံရိပ်အား စိုက်ကြည့်လိုက်သည်. ၎င်းက ရွှေရောင်နဂါးဝတ်ရုံအားဝတ်ဆင်ထားသောအဘိုးအိုတစ်ဦးဖြစ်သည်။၎င်း၏မျက်နှာထက်၌ အရေးကြောင်းများဖြင့်ပြည့်နှက်နေပြီး သူ၏မျက်နှာထက်၌ အချိန်တို့ ကုန်ဆုံးခဲ့သော လက္ခဏာများစွာကိုပြသနေသည်။
တစ်ချက်ကြည့်ရုံဖြင့် ဤအဘိုးအိုအားရှစ်ဖုန့်မှတ်မိသည်ဖြစ်သည်။ ၎င်းမှာ လန်မိသားစု၏ မြေအောက်နန်းတော်ထဲရှိအဘိုးအိုများ
ထဲမှတစ်ဦးဖြစ်သည်။
“တကယ်ခင်ဗျားပဲကိုး”
ရှစ်ဖုန့်က လန်မိသားစုမှအဘိုးအိုအားကြည့်၍ အေးစက်စွာပြောဆိုလိုက်သည်။
“ငါတဲ့လား”