← Chapters

အခန်း (၆၅၁)

Vol. 44 Ch. 651

အခန်း (၆၅၁)

Vol. 44 Ch. 651

“တကယ်ပဲခင်ဗျားကို”

“တကယ်ငါတဲ့လား”

လန်ကျဲ့က ရှစ်ဖုန့်ပြောသည်အား ကြားသောအခါတွင နားမလည်နိုင်ဖြစ်နေသည်။ ရှစ်ဖုန့်မှာသူ၎င်းအားလာရောက်ရှာဖွေမည်ကိုမျှော်လင့်ထားသည့်ပုံရသည်။

ရှစ်ဖုန့်က ဆက်ပြောသူည်။

“ဒီသခင်လေးကိုခင်ဗျားဒီနေ့တွေ့တဲ့အချိန်မှာ ဒီသခင်လေးကို သတ်ဖြတ်ချင်တဲ့စိတ်ဆန္ဒ တစ်စွန်းတစ်စ ဖော်ပြခဲ့တယ်. ဒီသခင်လေးအဲ့တာကိုအာရုံခံမိခဲ့တယ်”

“အိုး. အိုး……”

ရှစ်ဖုန့်ပြောသည်အားကြားသောအခါတွင် လန်ကျဲ့က တိုးဖျော့စွာပြောလိုက်ပြီး နောက်ခေါင်းညိမ့်၍ ချီးမွမ်းလိုက်၏။

“မင်းက သိုင်းပညာကျင့်ကြံခြင်း မှာ ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ ပါရမီစွမ်းရည်ကိုပိုင်ထားရုံတင်မကဘူး. မင်းရဲ့နာမ်ဝိညာဉ်ပို်ငးဆိုင်ရာ နားလည်သဘောပေါက်မှုကလည်း အံ့ဖွယ်ကောင်းတာပဲ.. မင်းလိုမျိုးပါရမီရှင်တစ်ဦးကို တကယ်ပဲ အသက်ရှင်ခွင့်ပြုလို့မရဘူး. မဟုတ်ရင် ဒီအဘိုးကြီးရဲ့မျိုးဆက်တွေတကယ်ပဲ ထပ်ပြီးဖိနှိပ်ခံရလိမ့်မယ်”

ထို့နောက်လန်ကျဲ့ကဆက်ပြောသည်။

“ဒါပေမဲ့မင်းကိုရွေးချယ်မှုတစ်ခုငါပေးနိုင်တယ်”

“အိုး”

ရှစ်ဖုန့်က “အိုး” ဟု တုန့်ပြန်မှုတစ်ခုသာပြုလိုက်သည်။ စိတ်ဝင်စားသောပုံစံဖြင့် သူကပြောလိုက်သည်။

“ပြောစမ်းပါအုံး. ဒီသခင်လေးကိုခင်ဗျားပေးမဲ့ရွေးချယ်မှုကို”

လန်ကျဲ့ကမကျယ်သောအသံဖြင့်ပြောလိုက်၏။

“မင်းရဲ့စိတ်ကိုဖွင့်ပြီးတော့

ငါနဲ့သခင်နဲ့အစေခံစာချုပ်ကိုချုပ်လိုက် မင်း ငါ့အတွက်ထာဝရအမူထမ်းရမယ်”

လန်ကျဲ့၏အကြံပြုချက်အားကြား

လိုက်ရသောအခါတွင် ရှစ်ဖုန့်ကခေါင်းညိမ့်ပြီးပြုံးလိုက်သည်။

သူကပြောလိုက်၏။

“အိုး. ဒါကကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုပဲ. ခင်ဗျားကဒီသခင်လေးနဲ့သခင်အစေခံစာချုပ်ကိုချုပ်ဆိုပြီးတော့ ထာဝရထိန်းချုပ်နိုင်မယ်.. ဒီသခင်လေးခင်ဗျားကိုသစ္စာဖောက်မှာကို ကြောက်နေစရာမလိုဘူး. အကယ်၍ခင်ဗျားတောင်းဆိုရင် ဒီသခင်လေးကခွေးဖြစ်ပါစေဝက်ဖြစ်

ပါစေအဲ့တာကိုလုပ်မှာပဲ. ဒါကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုပဲ”

“မင်းမှာရွေးချယ်စရာ အခြားဘာမှအခုရှိမနေဘူး. ဒီအဘိုးကြီးကိုထာဝရအညံ့ခံရင်ခံ မဟုတ်ရင်မင်းသေရမယ်”

လန်ကျဲ့ကနောက်ဆုံးစကားအားပြောပြီးနောက် အေးစက်သောသတ်ဖြတ်ခြင်းအော်ရာအား သူ၏ကိုယ်မှထုတ်လွှတ်လိုက်သည်။

ရှစ်ဖုန့်က လန်ကျဲ့ထံမှထုတ်လွှတ်သော

သတ်ဖြတ်ခြင်းစိတ်ဆန္ဒကိုခံစားရင် စိမ်ပြေနပြေပြောလိုက်သည်။

“ကြယ်ရှစ်ပွင့်မဟာသူတော်စင်နယ်ပယ်

တစ်ယောက်. ခင်ဗျားကိုအရှေ့ပိုင်းဒေသကြီးထဲမှာ ပြိုင်ဘက်ကင်းကျွမ်းကျင်သူတစ်ဦးအဖြစ်ယူဆလို့ရနိုင်ပါတယ် အဘိုးကြီး”

စကားပြောနေရင်းရှစ်ဖုန့်၏

လေသံကအေးစက်သွားသည်။

“ခင်ဗျားကဒီသခင်လေးအသက်

ကိုလိုချင်တယ်လား. အကယ်၍ ခင်ဗျားနောက်ထပ်နှစ်တစ်ရာလောက်ထပ်ပြီးကျင့်ကြံရင်တောင် ဒီသခင်လေးကိုဖိနှိပ်နိုင်စွမ်းခင်ဗျားမှာမရှိဘူး”

“ရဲတင်းလိုက်တာ.. အခုထိတောင် မင်းကခေါင်းမာနေသေးတယ်”

ရှစ်ဖုန့်၏စကားများအားကြားရသည့်အပေါ် လန်ကျဲ့ကဒေါသတကြီးအော်ဟစ်ကြိမ်းဝါးလိုက်သည်။သူ၏ညာလက်အားလက်သည်းတစ်ခုအဖြစ်ပုံဖော်လိုက်ပြီး အလယဗဟို၌ရှိနေသာ လန်ကျဲ့နှင့်အတူ ရွှေရောင်ဝဲတစ်ခုက အခန်းအတွင်းပေါ်လာသည်။

ရွှေရောင်ဝဲက သေးသည်ထက်သေးလာပြီး လန်ကျဲ့၏ ညာလက် အလယ်ဗဟို၌ စုစည်းလာသည်။ လန်ကျဲ့၏လက်သည်းအလယ်၌ လူဦးခေါင်းတစ်လုံးစာအရွယ်ရွှေရောင်အလုံး

တစ်ခုပေါ်လာသည်။ ရွှေရောင်အလုံးက အရာအားလုံးအားဖျက်ဆီးပစ်နိုင်စွမ်းရှိသော စွမ်းအားတစ်ခုကိုထုတ်လွှတ်နေသည်။

“သေစမ်း”

လန်ကျဲ့ကကြုံးဝါးလိုက်သည်။

တစ်ချိန်တည်းမှာပင် သူက လက်သည်းဖြင့်ရှေ့သို့ထိုးနှက်လိုက်ပြီး လက်သည်း၏အလယ်၌စုစည်းဖွဲ့

တည်နေသော ရွှေရောင်အလင်းက ရှစ်ဖုန့်ထံသို့ဦးတည်လာသည်။

ကြယ်ရှစ်ပွင့်မဟာသူတော်စင်နယ်ပယ်တစ်ဦးက အစွမ်းကုန်တိုက်ခိုက်လိုက်သည်။လန်ကျဲ့မှာ ဤတိုက်ချက်ဖြင့်ရှစ်ဖုန့်အား

သတ်ပစ်ချင်နေသည့်ပုံပေါ်သည်။

လန်ကျဲ့၏ ရွှေရောင်အလင်းလုံးအားကြည့်

နေသကဲ့သို့ရှစ်ဖုန့်၏အမူအယာက

ပြောင်းလဲခြင်းမရှိပေ။ လန်ကျဲ့၏တိုက်ခိုက်မှုအားအလေး

အနက်မထားသကဲ့သို့ ကုတင်ထက်၌ တင်ပျဉ်ခွေထိုင်နေဆဲဖြစ်သည်။

ထို့နောက် ရှစ်ဖုန့်ကအေးအေးလူလူပင်ဆက်ပြောလိုက်သည်။

“ခင်ဗျားက သွေးနထင်ရောက်နေတာပဲ သူတောင်းစားအိုကြီး. ခင်ဗျားတစ်ဘဝလုံး ခွေးတစ်ကောင်လို နေထိုင်အချိန်ဖြုန်းခဲ့တာပဲ. ဒီသခင်လေးခင်ဗျားနဲ့အတူ အချိန်မဖြုန်းချင်တော့ဘူး”

တစ်ချိန်တည်းမှာပင် ရှစ်ဖုန့်၏ဘယ်လက်ကလက်ဖဝါး

တစ်ခုအသွင်ဖြစ်သွားပြီး သွေးနီရောင်အလင်းတစ်ခုက ရှစ်ဖုန့်၏လက်ဝါးအလယ်မှ

ထွက်ပေါ်လာသည်။

“ယား”

သွေးနီရောင်အလင်းတစ်ခုက

ရှစ်ဖုန့်၏ရှေ့၌လင်းလက်လာသကဲ့သို့ သားရဲရိုင်းတစ်ကောင်ကဲ့သို့ ခက်ထန်သောအော်ဟစ်သံတစ်ခုကိုလည်းကြားရသည်။အခန်းတစ်ခုလုံးပြင်းထန်စွာတုန်ခါသွားသည်။

“ကံကောင်းချင်တော့ဒီသခင်လေး အစောပိုင်းကအခန်းထဲမှ ကန့်သတ်မှုတစ်ခုကို တပ်ဆင်ထားတယ်. မဟုတ်ရင် ဒီအော်သံတစ်ခုတည်းနဲ့လူဘယ်လောက်များများအလန့်တကြားဖြစ်သွားမလဲဆိုတာကိုပြောနိုင်ဘူး”

ရှစ်ဖုန့်ကသူ၏ရှေ့၌ပြင်းထန်စွာလှုပ်ခါနေသော အခန်းအားကြည့်၍ ထပ်မံပြောဆိုလိုက်သည်။

ဤအချိန်တွင် မှင်ကဲ့သို့မည်းနက်သောပုံရိပ်တစ်ခုက ရှစ်ဖုန့်၏ကုတင်ရှေ့၌ပေါ်လာသည်။၎င်းမှာ မည်သူမှမဟုတ်ဘဲ တီရှာပင်ဖြစ်၏။

တီရှာထွက်ပေါ်လာသည်နှင့်ခက်ထန်စွာအော်ဟစ်လိုက်သည်။ကြယ်ရှစ်ပွင့်မဟာ

သူတော်စင်နယ်ပယ်တစ်ဦး၏ စွမ်းအားတို့ပါဝင်သောရွှေရောင်အလင်းလုံးက သူ၏အော်သံအောက်၌ရုတ်ခြည်း အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်။

ဤအချိန်၌တီရှာရုတ်တရက်ပေါ်လာသည်အားတွေ့ရသောအခါတွင် လန်ကျဲ့၏အိုမင်းသောမျက်နှာထက်ရှိ

အမူအယာမှာ ကြီးစွာပြောင်းလဲသွားသည်။

“ဒီ..ဒီစွမ်းအား. ဒီစွမ်းအားက ဧကရာဇ်..နယ်ပယ်တစ်ဦးရဲ့စွမ်းအားလား.ဒါ..ဒါကဘယ်လိုဖြစ်နိုင်မှာလဲ”

“အဲ့သူတောင်းစားအိုကြီးကိုသွားပြီး

အမှောက်သိပ်လိုက်”

ရှစ်ဖုန့်ကတုန်ခါနေသောအခန်းအားကြည့်၍ ထပ်မံအေးအေးလူလူပြောလိုက်သည်။

“ဟုတ်ကဲ့သခင်”

တီရှာကပြန်ဖြေပြီးနောက် လန်ကျဲ့ထံတစ်ဟုန်ထိုး ဦးတည်လိုက်သည်။

“သ..သခင်. ဧကရာဇ်နယ်ပယ်တစ်ဦးက အစေခံ…ဒီလူကဘယ်သူလဲ”

ရှစ်ဖုန့်နှင့်တီရှာတို့၏ကြားထဲမှတိုတောင်းသော စကားပြောဆိုမှုအားကြားရသောအခါတွင် လန်ကျဲ့တစ်ယောက် ပို၍ တုန်လှုပ်အံ့အားသင့်ရသည်။

သို့သော်ဤအချိန်တွင်သူဝါးနိုင်သည်ထက်ပိုကိုက်လိုက်မိပြီဖြစ်သည်ကို လန်ကျဲ့သဘောပေါက်လိုက်သည်။တွေးနေခြင်းအားလျှင်မြန်စွာရပ်လိုက်ပြီး ဤနေရာ၌ထပ်မံနေရဲခြင်းမရှိတော့ပေ။ ဤအချိန်တွင် သူ၌ယခင်ကကဲ့သို့မောက်မာမှုများမရှိတော့ပေ။သူလျှင်မြန်စွာနောက်ဆုတ်လိုက်သည်။ သူပြတင်းတံခါးနားသို့ရောက်ကာနီးတွင် လျှင်မြန်စွာလှည့်လိုက်ပြီး အဝေးသို့ ပျံသန်းရန်ပြင်လိုက်သည်။

“ဟမ့်..ထွက်ပြေးဆိုကြိုးစားနေတာလား”

အထင်သေးစွာဖြင့် အေးစက်သောနှာမှုတ်သံတစ်ခုက လန်ကျဲ့၏နောက်မှပေါ်လာပြီးနောက် ပြင်းထန်သောနာကျင်မှုအား

သူ၏ဦးရေပြားထံမှခံစားလိုက်ရသည်။ လန်ကျဲ့၏အမူအယာက နောက်တစ်ကြိမ်သိသိသာသာပြောင်းလဲသွားပြီး ဤအကြိမ်၌ ရှုံ့မဲ့မှုများဖြင့်ပြည့်နှက်နေသည်။

သူ၏စိတ်ထဲ၌ဆိုးရွားသောကြိုတင်ခံစား

ချက်များဖြင့်ပြည့်နှက်နေသည်။

ဤအချိန်တွင် သူလှည့်လိုက်သောအခါ၌ တီရှာကသူ၏နောက်၌ပိုလာပြီးဖြစ်သည်။ တီရှာကသူ၏ညာလက်အားဆန့်ထုတ်ပြီး လန်ကျဲ့၏ အဖြူရောင် ဆံပင်အား ဆုပ်ကိုင်ထားသည်။ ထို့နောက် တီရှာက လန်ကျဲ့အားနောက်ပြန်ဆွဲလိုက်သည်။ တီရှာကသူ၏ဘယ်လက်ကို ဆန့်ထုတ်၍ လန်ကျဲ့၏လည်ချောင်းအား ဆုပ်ကိုင်လိုက်သည်။

တီရှာ၏လက်ထဲ၌ ကြယ်ရှစ်ပွင့် မဟာသူတော်စင်နယ်ပယ် လန်ကျဲ့မှာ လုံးဝခုခံနိုင်ခြင်းမရှိချေ။ သူအနေဖြင့်ကြက်ကလေးတစ်ကောင်နှင့်

မခြားဖြစ်နေသည်။

ဖျက်ခနဲဆိုသလို တီရှာကရှစ်ဖုန့်၏ရှေ့၌ပေါ်လာသည်။ သူက လန်ကျဲ့ကို လက်ညှိုးထိုးပြီးရှစ်ဖုန့်ကိုမေးလိုက်သည်။

“သခင်.. ဒီသူတောင်းစားအိုကြီးကို ကျွန်တော်တို့ဘယ်လိုလုပ်သင့်လဲ”

ထိုအခိုက်အတန့်တွင် လန်ကျဲ့၏လည်ချောင်းက တီရှာ၏လက်ထဲ၌ရှိနေ၏။ကြယ်ရှစ်ပွင့် မဟာသူတော်စင်နယ်ပယ်တစ်ဦး၏ အသွင်အပြင်များ ဆုံးရှုံးသွားပုံရပြီး ၎င်းအနေဖြင့် အဘိုးအိုတစ်ဦးသက်သက်နှင့်ဘာမှခြားနားခြင်းမရှိပေ။

တုန်လှုပ်အံ့အားသင့်မှုများဖြင့်ပြည့်နှက်နေသောလန်ကျဲ့ကရှစ်ဖုန့်ဘက်သို့လှည့်လိုက်ပြီး ပြူးကျယ်နေသောမျက်လုံးများဖြင့်

မေးလိုက်သည်။

“မင်း..မင်းကတကယ်တမ်းဘယ်သူလဲ..”

“ဒီသခင်လေး ဘယ်သူဆိုတာကခင်ဗျားစောက်လုပ်

မဟုတ်ဘူး”

ရှစ်ဖုန့်ကလန်ကျဲ့အားကြည့်၍ အေးစက်စွာပြောလိုက်သည်။

“ငါ..”

လန်ကျဲ့တစ်ယောက်ပြောစရာစကား

ပျောက်သွားသည်။ ထို့နောက်သူက ရှစ်ဖုန့်အားလျှင်မြန်စွာပြောလိုက်၏။

“ငါ့ကိုခွင့်လွှတ်ပေးပါ. ငါ့ရဲ့အိုမင်းတ့အသက်အရွယ်အတွက်အလို့ငှာ. ငါက လန်ယွမ်ရဲ့တော်ဝင်ဦးလေးဖြစ်တယ်ဆိုတဲ့အလို့ငှာ ကျေးဇူးပြုပြီး ငါ့ရဲ့အိုကြီးအိုမအသက်ကိုချမ်းသာပေးပါ”

လန်ကျဲ့မှာ ရှစ်ဖုန့်အားတောင်းပန်နေရင်း သူ၏မျက်နှာထက်၌ နောင်တများ နာကျင်မှုများဖြင့်ပြည့်နှက်နေသည်။

လန်ကျဲ့၏လက်ရှိအသွင်အပြင်အားကြည့်၍ ရှစ်ဖုန့်၏မျက်နှာထက်၌ လှောင်ပြုံးတစ်ခုဖြစ်ပေါ်လာသည်။ သူက အေးစက်စွာဆက်ပြောလိုက်သည်။

“သူတောင်းစားကြီး. အခုတော့ခင်ဗျားနောင်တရပြီလား.. အရမ်းနောက်ကျသွားပြီလို့မထင်ဘူးလား. ခင်ဗျားအသက်ကြီးတာ လန်ယွမ်ရဲ့ဦးလေးဖြစ်တာတွေက ဒီသခင်လေးနဲ့ဘာမှမဆိုင်ဘူး. ခင်ဗျားကဒီသခင်လေးရဲ့အသက်ကိုလိုချင်

တာကြောင့် ခင်ဗျားလည်းအသက်ဆက်ပြီး

ရှင်စရာမလိုတော့ဘူး”

“ဟင့်အင်း. မဟုတ်ဘူး .ငါ့ကိုမသတ်ပါနဲ့.”

ရှစ်ဖုန့်၏စကားအားကြားလိုက်ရသောအခါတွင် လန်ကျဲ့က ချက်ချင်းအော်ပြောလိုက်သည်။

“ငါ..ငါ..ငါ..အဲ့ရွေးချယ်မှုကိုလုပ်ဖို့

ဆန္ဒရှိတယ်. ငါ့စိတ်ကိုဖွင့်ပေးပြီးတော့ မင်းနဲ့ သခင်နဲ့အစေခံစာချုပ်ချုပ်ချင်တယ်.. “

အသက်ရှင်နိုင်ရေးအတွက် လန်ကျဲ့မှာ ရှစ်ဖုန့်နှင့်သခင်နှင့်အစေခံစာချုပ်အားချုပ်ပြီး ရှစ်ဖုန့်၏ကျွန်တစ်ယောက်ဖြစ်ရန်အ

လိုရှိနေသည်။

ရှစ်ဖုန့်အားယခင်ကသူပေးခဲ့သော ရွေးချယ်မှုအားယခုအခါ၌သူကိုယ်တိုင် အသနားခံတောင်းဆိုနေရသည်ဖြစ်သည်။

All Chapters