← Chapters

အခန်း (၆၅၂)

Vol. 44 Ch. 652

အခန်း (၆၅၂)

Vol. 44 Ch. 652

ရှစ်ဖုန့်မှာ တီရှာ၏လက်ထဲ၌ လည်ပင်းအားဆုပ်ကိုင်ထားခြင်းခံရသောလန်ကျဲ့အားသရော်ပြုံးဖြင့်ကြည့်လိုက်သည်။

လန်ကျဲ့ကသူနှင့်သခင်နှင့်အစေခံစာချုပ်

အားချပ်ဆိုပြီးသူ၏ကျွန်တစ်ယောက်ဖြစ်လာချင်သည်ဟုပြောသည်ကို ကြားရသောအခါတွင် ရှစ်ဖုန့်ကသရော်ပြုံးဖြင့် ပြောလိုက်သည်။

“ခင်ဗျားကမထိုက်တန်ဘူး”

လန်ကျဲ့မှာ ကြယ်ရှစ်ပွင့် မဟာသူတော်စင်နယ်ပယ် တစ်ယောက်ဖြစ်ပြီး ထျန်းလျန်အင်ပါယာဧကရာဇ်မင်း၏ ဦးလေးတော်သူဖြစ်သည်။ ဤကဲ့သို့သောလူမျိုးက ရှစ်ဖုန့်၏အစေခံပြောလာသောအခါတွင် မထိုက်တန်ဘူးဟု ပြန်၍ပြောခံလိုက်ရခြင်းကလန်ကျဲ့၏

မျက်နှာအားဖြတ်ရိုက်လိုက်သည်

ထက်ပင်ဆိုးသေးသည်ဖြစ်သည်။

လန်ကျဲ့၏အိုမင်းသောမျက်နှာထက်၌ တုန်လှုပ်အံ့အားသင့်မှု၊ ဒေါသထွက်မှုတို့ဖြင့်ပြည့်နှက်နေသည်။ သူ၏မျက်လုံးတို့က ပြူးကျယ်လျှက် ရှစ်ဖုန့်အားစိုက်ကြည့်နေ၏။

“မင်း”

“ဒီအဘိုးကြီးကိုအဆုံးသတ်လိုက်”

ရှစ်ဖုန့်က တီရှာအားအမိန့်ပေးလိုက်သည်။

ရှစ်ဖုန့်၏စကားဆုံးပြီးပြီးချင်း တီရှာက သူ၏ကြီးမားသော ပိန်းပေါက်အော်နက်မှောင်သည့် လက်သီးကိုရုတ်ခြည်းမြှောက်လိုက်သည်။

ရှစ်ဖုန့်၏စကားများအားကြားရပြီး တီရှာ၏ဧရာမလက်သီးကြီးအား

မြင်လိုက်ရသောအခါတွင် အစောပိုင်းက လန်ကျဲ့၏အိုမင်းသောမျက်နှာထက်၌ ပေါ်လာခဲ့သော တုန်လှုပ်မှုနှင့် ဒေါသတို့က ရုတ်ခြည်းပျောက်ကွယ်သွားသည်။ သူကတီရှာ၏လက်သီးအားကြောက်လန့်စွာဖြင့်စိုက်ကြည့်နေ၏။ လက်သီးရောက်ရှိမလာခင် ဝက်တစ်ကောင်အသတ်ခံရကာနီးတွင်ထွက်ပေါ်လာသောအသံကဲ့သို့ နာကျင်စွာဖြင့်စူးစူးဝါးဝါး

ဟစ်အော်သောအသံအား အော်ဟစ်ပြီးဖြစ်နေသည်။

အသက်ကြီးသောသူများက သေခြင်းတရားအားပို၍ ကြောက်လန့်ကြသည်ဖြစ်သည်။

“ဘန်း”

တီရှာ၏စွမ်းအားကြီးလက်သီးချက်အောက်တွင် လန်ကျဲ့၏ ဦးခေါင်းမှာ မွစာကျဲသွားသည်။

ဤအချိန်တွင် ရှစ်ဖုန့်က ငရဲဘုံကိုးခု ပညာရပ်အားစတင်အသက်သွင်းလိုက်ပြီးလန်ကျဲ့၏ သေခြင်းစွမ်းအင်နှင့်နာမ်ဝိညာဉ်စွမ်းအင်တို့အားဝါးမျိုလိုက်သည်။ထို့နောက်တွင် သွေးနီရောင်မီးတောက်တစ်ခုက ရှစ်ဖုန့်၏ကိုယ်မှထွက်ပေါ်လာပြီး တီရှာ၏လက်ထဲ၌ရှိနေသော ဦးခေါင်းမဲ့ကိုယ်ဆီသို့ဦးတည်သွားသည်။ ဦးခေါင်းမဲ့ကိုယ်တစ်ခုလုံးအား

ပြန့်နှံ့သွားပြီးနောက် ပြန်လည်လှိမ့်ဝင်လာ၏။

လန်ကျဲ့၏ ဦးခေါင်းမဲ့ကိုယ်မှာ သွေးနီရောင်မီးတောက်တို့၏ ဘာမှကျန်ရစ်ခြင်းမရှိတော့သည်အထိ လောင်ကျွမ်းခြင်းကိုခံလိုက်ရသည်။

ရှစ်ဖုန့်က ကြယ်ရှစ်ပွင့်မဟာသူတော်စင်နယ်ပယ်၏ သေခြင်းစွမ်းအင်၊သွေးတို့အားဝါး

မျိုခဲ့သော်လည်း ကြယ်ခုနှစ်ပွင့် မဟာသူတော်စင်နယ်ပယ်တစ်ဦး

ဖြစ်လာခဲ့ပြီးနောက်၌ နောက်တစ်ဆင့်သို့တက်လှမ်းရန် စွမ်းအင်ပမာဏ များစွာလိုအပ်နေဆဲဖြစ်သည်။

လန်ကျဲ့၏သေခြင်းစွမ်းအင်နှင့်သွေးတို့က သူလိုအပ်သောစွမ်းအင်၏

တစ်ဝက်ကိုပင်မပြည့်မှီပေ။

သို့သော် ကြယ်ရှစ်ပွင့်မဟာသူတော်စင်နယ်ပယ်တစ်ဦး၏ နာမ်ဝိညာဉ်အားဝါးမျိုပြီးသည့်နောက်၌ ရှစ်ဖုန့်၏နာမ်စွမ်းအင်မှာ ကြယ်တစ်ပွင့်မဟာသူတော်စင်နယ်ပယ်မှ ကြယ်နှစ်ပွင့်မဟာသူတော်စင်နယ်ပယ်အဆင့်သို့တက်သွားသည်။လူတစ်ယောက်၏

နာမ်ဝိညာဉ်က မဟာသူတော်စင်နယ်ပယ်သို့ရောက်လျှင် လူတစ်ယောက်နှင့်တစ်ယောက်၏ နာမ်ဝိညာဉ်စွမ်းအားက ကောင်းကင်နှင့်မြေကြီးကဲ့သို့ခြားနားသည်ဖြစ်သည်။ ထျန်းဟန်တိုက်ကြီးပေါ်တွင်က ကျင့်ကြံသူများက ၎င်းတို့ကြားထဲမှာခြားနားချက်များအား ကြယ်အဆင့်တို့ကိုအသုံးပြု၍

သတ်မှတ်ထားခဲ့သည်ဖြစ်သည်။

ထို့နောက်တွင် ရှစ်ဖုန့်က သူ၏ဘယ်လက်အားဆန့်ထုတ်လိုက်ပြီး

တီရှာထံသို့ မျက်နှာမူလိုက်သည်။တီရှာ၏ပေါ်တွင်

သွေးနီရောင်အလင်းတစ်ခုလင်းလက်လာပြီး ရှစ်ဖုန့်၏သွေးကျောက်ပြားနေရာလွတ်ကမ္ဘာအတွင်းသို့စုပ်ယူခြင်းခံလိုက်ရ၏။

အစမှအဆုံးအထိ ရှစ်ဖုန့်၏ ခြေလက်တို့က သစ်သားကုတင်ထက်မှရွေ့လျားခြင်းမရှိခဲ့ပေ။ ထို့နောက်တွင် ရှစ်ဖုန့်က သူ၏မျက်လုံးတို့အားထပ်မံမှိတ်လိုက်ပြီး ကျင့်ကြံမှုအခြေအနေသို့ဝင်ရောက်သွားသည်။

လန်မိသားစု၏မြေအောက်

နန်းတော်၌ဖြစ်သည်။

ရွှေရောင်နဂါးတိုင်လုံးဆယ်လုံးထဲမှတစ်ခုတွင် မူလကလန်ကျဲ့နှင့်သက်ဆိုင်သောနေရာကယခုအခါလွတ်နေသည်။အဘိုးအိုကိုးဦးသာကျန်ရှိနေပြီး ၎င်းတို့ပိုင်ဆိုင်ရာ ရွှေရောင်တိုင်လုံးအသီးသီး၌ တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံခြင်းကို ပြုလုပ်နေကြသည်။

ဤရွှေရောင်နဂါးတိုင်လုံးဆယ်လုံးမှာ လန်မိသားစုဘိုးဘေးများ၏နှစ်တစ်ထောင်ခန့်အကြာကတည်းကပိုင်ဆိုင်ထားခဲ့သော

ရတနာများဖြစ်သည်။ရွှေရောင်နဂါးတိုင်လုံးတစ်လုံးစီတွင် စွမ်းအင်စုဆောင်းအစီအရင်တစ်ခုစီပါရှိသည်။အစီအရင်အားအသက်သွင်းလိုက်ချိန်တွင် ကောင်းကင်နှင်မြေကြီး၏အဆုံးမဲ့ ယွမ်ချီများအား ရွှေရောင်နဂါးတိုင်လုံးများအတွင်းသို့စုပ်ယူသည်ဖြစ်သည်။ထို့နောက်တွင် ကျင့်ကြံသူများက ရွှေရောင်နဂါးတိုင်လုံးများထက််၌ တင်ပျဉ်ခွေထိုင်ပြီး အကန့်သတ်မဲ့ကောင်းကင်နှင့်မြေကြီး၏ယွမ်ချီများကို စုပ်ယူနိုင်ကာကျင့်ကြံခြင်းကိုပြုလုပ်ကြသည်။

ဤအချိန်တွင် ရွှေရောင်နဂါးတိုင်လုံးကိုးလုံးထက်မှ အဘိုးအိုကိုးယောက်တို့၏မျက်လုံးများ

ကတစ်ယောက်ပြီးတစ်ယောက်ပွင့်လာသည်။သူတို့၏ဦးခေါင်းများအားတစ်ချိန်တည်း

တွင်မော့လိုက်ကြပြီး သူတို့၏မျက်နှာများထက်၌တုန်လှုပ်အံ့အားသင့်သောအမူအယာများဖြစ်ပေါ်လာသည်။

၎င်းတို့၏အထက်တွင် ကြီးမားသောလက်ဖဝါးအရွယ် သလင်းကျောက်တုံးများရှိသည်။

၎င်းကျောက်တုံးများက နာမ်ဝိညာဉ်ကျောက်တုံးများဖြစ်ကြသည်။ဤကျောက်တုံးများပေါ်၌ တော်ဝင်လန်မိသားစုအိမ်တော်၏အဖွဲ့ဝင်တိုင်း၏ နာမ်ဝိညာဉ်များအား ရိုက်နှိပ်ထားသည်။ ၎င်းတို့သေဆုံးသည်နှင့်၎င်းတို့၏

နာမ်ဝိညာဉ်များရိုက်နှိပ်ထားသော ဝိညာဉ်ကျောက်တုံးမှာ မှေးမှိန်လာပြီး ကွဲကြေသွားမည်ဖြစ်သည်။

ဤအချိန်တွင် ဤအဘိုးအိုများမှာ သူတို့အထက်ရှိနာမ်ဝိညာဉ်ကျော်တုံးတစ်တုံးက မှေးမှိန်လာသည်ကို တွေ့လိုက်ရသည်။ ဤနာမ်ဝိညာဉ်ကျောက်တုံးက ယနေ့ည၌ပျောက်ဆုံးသွားသော လန်ကျဲ့နှင့်သက်ဆိုင်သည့် နာမ်ဝိညာဉ်ကျောက်တုံးဖြစ်သည်။

လန်ကျဲ့၏နာမ်ဝိညာဉ်ကျောက်တုံး မှေးမှိန်လာခြင်းမှာ လန်ကျဲ့သေဆုံးသွားပြီဟုဆိုလိုခြင်းဖြစ်သည်။

“ဘန်း”

ကြွပ်ဆပ်သောအသံတစ်ခုထွက်ပေါ်လာသည်။

မျက်လုံးကိုးစုံ၏အကြည့်အောက်၌ပင် မှေးမှိန်လာသော နာမ်ဝိညာဉ်ကျောက်တုံးက အစိတ်စိတ်အမွှာမွှာကွဲကြေကျလာသည်။

ဤမြင်ကွင်းအားကြည့်ရင်း အဘိုးအိုများထဲမှတစ်ယောက်က အထိတ်တလန့်ပြောဆိုလိုက်သည်။

“လန်…လန်ကျဲ့သေသွားပြီ”

လန်ကျဲ့မှာကြယ်ရှစ်ပွင့်မဟာသူတော်စင်

နယ်ပယ်တစ်ဦးဖြစ်သည်။ အရှေ့ပိုင်းဒေသကြီးတစ်ခုလုံးတွင်ပင်သူ့အား ထိပ်တန်းဆယ်ယောက်ထဲမှတစ်ယောက်အဖြစ်ပြော၍ရနိုင်သည်ဖြစ်သည်။ သို့သော်ဤကဲ့သို့သောသူက သေဆုံးသွားခဲ့သည်။

“ဟူး”

ကွဲကြေသွားသော နာမ်ဝိညာဉ်ကျောက်တုံးအားကြည့်နေရင်း ဝါအကြီးဆုံး အဘိုးကသက်ပြင်းရှည်တစ်ချက်ချလိုက်သ်ည။ထို့နောက်သူက ဖြည်းညှင်းစွာပြောလိုက်၏။

“အဆုံးအထိ.. လန်ကျဲ့ငါ့စကားကိုနားမထောင်ခဲ့ဘူးပဲ”

ထိုအရာအားကြားလိုက်ရသောအခါတွင် သူတို့ထဲမှအဘိုးအိုတစ်ဦးက ပို၍ တုန်လှုပ်အံ့အားသင့်သွားသည်။ သူကမေးလိုက်သည်။

“အား. တော်ဝင်ဦးလေးတော်. လန်ကျဲ့ကိုဘယ်သူသတ်လဲဆိုတာကိုဦးလေးတော်သိတယ်လား”

ထို့နောက်တွင်အဘိုးအိုကု ယနေ့တွင်ဖြစ်ပျက်ခဲ့သမျှနှင့်သူပြောခဲ့သည်များကိုပြန်အမှတ်ရလိုက်သည်။ သူက အလန့်တကြားမေးလိုက်၏။

“ဖြစ်နိုင်တာ.. …ဖြစ်နိုင်တာက …သူလား.. ဒါ..ဒါကဘယ်လိုဖြစ်နိုင်မှာလဲ”

ထို့နောက် အဘိုးအိုအားလုံးက လူတစ်ယောက်အားတွေးမိလိုက်ကြသည်။ ၎င်းမှာကောင်းကင်ဘုံသိုင်းမျှော်စင်သို့လာရောက်ခဲ့သော လူငယ်ပင်ဖြစ်သည်။

ယနေ့တွင်လန့်ကျဲ့က ဤလူငယ်အားသတ်ရန်အတွက်

ထောက်ခံခဲ့သည်။ သို့သော် လန်ကျဲ့တကယ်ထိုသို့ လုပ်လိမ့်မည်ဟုတော့သူတို့

မမျှော်လင့်ထားခဲ့ပေ။ ထိုလူငယ်အားသတ်ရန်ကျရှုံးခဲ့ရုံသာမက သူပင်ထိုလူငယ်၏သတ်ခြင်းအားခံခဲ့ရသည်။

“ဒါ..ဒါကဘယ်လိုဖြစ်နိုင်မှာလဲ.. လန်ကျဲ့ကကြယ်ရှစ်ပွင့်မဟာ

သူတော်စင်နယ်ပယ်တစ်ဦးပဲဟာ. အဲ့လူငယ်ကောင်းကင်ဘုံသိုင်း

မျှော်စင်ထဲကထွက်လာတုံးကကြယ်ခုနှစ်ပွင့်မဟာသူတော်စင်နယ်ပယ်ပဲရှိသေးတာကို.. ကြယ်ခုနှစ်ပွင့်နဲ့ကြယ်ရှစ်ပွင့်

မဟာသူတော်စင်နယ်ပယ်ကြားထဲမှာ ကြယ်တစ်ပွင့်ပဲကွာခြားတယ်ဆိုပေမဲ့ အဲ့တာကဖြတ်ကျော်လို့မရနိုင်

တဲ့ကွာခြားချက်ကြီးတစ်ခုပဲဟာ”

အဘိုးအိုများထဲမှတစ်ဦးကပြောလိုက်သည်။

ထို့နောက်တွင် အခြားအဘိုးအိုတစ်ဦးက ခွန်းတုံ့ပြန်ပြောဆိုသည်။

“ဒါကဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ. ဒီလူငယ်က ကြယ်တစ်ပွင့်မဟာသူတော်စင်နယ်ပယ်နဲ့ကြယ်လေးပွင့်မဟာသူတော်စင်နယ်ပယ်

တစ်ဦးကိုသတ်ခဲ့တယ်လို့လန်ယွမ်ပြောခဲ့တာလဲမမေ့နဲ့အုံး…ဒီလူငယ်က မျှော်လင့်ထားတာထက်ကျော်လွန်

တဲ့ပါရမီစွမ်းရည်နဲ့ဆိုရင် မဖြစ်နိုင်တာဘာမှမရှိဘူး. သူက ကောင်းကင်ဘုံသိုင်းမျှော်စင်ရဲ့ကိုးလွှာမြောက်ကို တောင်ဝင်ခဲ့တဲ့သူပဲဟာ”

ထိုအရာအားကြားလိုက်ရသောအခါတွင် အခြားအဘိုးအိုတစ်ဦးကလည်း သဘောတူသည့်အနေဖြင့်ခေါင်းညိမ့်

ကာပြောလိုက်သည်။

“အမှန်ပဲ .သူက ကောင်းကင်ဘုံသိုင်းမျှော်စင်ရဲ့ကိုးလွှာမြောက်ကိုဝင်ရောက်ခဲ့တဲ့ပါရမီရှင်တစ်ဦးပဲ.. ထျန်းလျန်အင်ပါယာထဲမှာ တော်ဝင်ဦးလေးကလွဲပြီးတော့

သူ့ကိုသတ်နိုင်တာဘယ်သူရှိသေးလို့လဲ”

“တော်လောက်ပြီ.. လန်ကျဲ့က အဲ့လူငယ်သတ်တာကိုခံခဲ့ရတာ..”

လူအုပ်၏ဆွေးနွေးပြောဆိုမှုအားကြား

လိုက်ရသောအခါတွင် အလယ်၌ရှိနေသော အဘိုးအိုက ပြောလိုက်သည်။ သူကထိုသို့ပြောသောကြောင့်လန်ကျဲ့အားထိုလူငယ်သတ်သည်သာဖြစ်ရမည်ဖြစ်သည်။

ထို့နောက်တွင်အလယ်၌ရှိနေသောအဘိုးအိုကထပ်မံပြောလိုက်သည်။

“ဒီလူငယ်က လန်ကျဲ့ကိုတောင်သတ်နိုင်တာမလို့ သူ့ရဲ့တိုက်ခိုက်ရေးစွမ်းအားကငါ့ထက်နိမ့်မှာမဟုတ်ဘူး. အနာဂတ်မှာ လန်ကျဲ့လိုသူ့ကိုသတ်ဖို့တွေးတောင်မတွေးနဲ့. မင်းတို့ကိုယ်မင်းတို့ ပြဿနာထဲဆွဲမသွင်းမိစေနဲ့”

“ဟုတ်ကဲ့”

အဘိုးအိုများကသူတို့၏ ဦးခေါင်းများအားပြိုင်တူညိမ့်လိုက်ကြသည်။

လန်ကျဲ့တောင်ထိုလူငယ်၏သတ်ခြင်းအားခံခဲ့ရလျှင် မည်သူကများထိုလူငယ်ကိုစော်ကား

ရဲပါအုံးမည်နည်း။

“အမ်”

“အာ”

“အမ်”

“အမ်”

ဤအချိန်တွင် အစောပိုင်းက ခေါင်းညိမ့်ခဲ့ကြသောအဘိုးအိုများက ရုတ်တရက် တစ်စုံတစ်ခုအားအာရုံခံမိပြီး အံ့အားသင့်သံများဆက်တိုက်ထွက်ပေါ်လာကာ သူတို့၏ဦးခေါင်းများအား ပြိုင်တူမော့လိုက်ကြသည်။ အဘိုးအိုတစ်ဦးကအံ့အားသင့်စွာထပ်မံပြောဆိုလိုက်သည်။

“အစွမ်းထက်တဲ့ လူတစ်ယောက်ကငါတို့ထျန်းလျန်အင်ပါယာကိုလာတယ်. စွမ်းအားကြီးအော်ရာကနှစ်ခုတောင်ပဲ”

All Chapters