အခန်း (၆၅၃)
Vol. 44 Ch. 653
လန်မိသားစု၏ မြေအောက်နန်းတော်
၌ရှိသော အဘိုးအိုကိုးဦးမှာ ထျန်းလျန်အင်ပါယာပေါ်သို့သက်ဆင်းလာသည့်အော်ရာများအား အာရုံခံမိကြသည်။ ရှစ်ဖုန့်သည်လည်း ၎င်းအား အာရုံခံမိသည်မှာကြာပြီဖြစ်သည်။
ရတနာတစ်ထောင်စံအိမ်ရှိ အခန်းတစ်ခုအတွင်း တင်ပျဉ်ခွေကာ ကျင့်ကြံခြင်းအခြေအနေသို့ဝင်ရောက်နေသော ရှစ်ဖုန့်က သူ၏မျက်လုံးတို့အားဖွင့်၍ အခန်းအတွင်းရှိပြတင်းတံခါးအားဖြတ်ကာ ညကောင်းကင်ယံထံသို့ကြည့်လိုက်သည်။
ထိုအချိန်တွင် များစွာသောပုံရိပ်များက ထျန်းလျန်အင်ပါယာ၏တော်ဝင်မြို့တော်
အထက် ညကောင်းကင်ယံထဲ၌ ဝင့်ကြွားစွာရပ်နေကြသည်။ ၎င်းတို့အားလုံးစုစုပေါင်းနှစ်ဆယ့်ငါးယောက်ရှိသည်ဖြစ်၏။ ဤပုံရိပ်များမှထုတ်လွှတ်သော အော်ရာများအားအခြေခံ၍ ဤလူနှစ်ဆယ့်ငါးယောက်လုံးက မဟာသူတော်စင်နယ်ပယ်များဖြစ်သည်ကို အာရုံခံနိုင်သည်ဖြစ်သည်။
ဤလူနှစ်ဆယ့်ငါးယောက်ရောက်ရှိလာခြင်းနှင့်အတူ ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်၏ ညကောင်းကင်ယံက အသက်ဝင်လာသည်။
မြို့အတွင်းရှိ သာမန်အရပ်သူအရပ်သားများ နှင့်ကျင့်ကြံသူများမှာ ညကောင်းကင်ယံထဲမှစွမ်းအားကြီးဖိအားအားခံစားမိသည်ဖြစ်သည်။ သူတို့ထဲမှများစွာက မျက်နှာများထက်တွင်တုန်လှုပ်မှုများဖြစ်နေကြသော်လည်း ၎င်းတို့ထဲမှအချို့မှာ ဤလူများအားမှတ်မိကြပြီး မယုံကြည့်နိုင်စွာဖြင့်ပြောလိုက်ကြသည်။
“ဟုတ်တယ်. ဒါကတကယ်ကိုထျန်းခွန်းဂိုဏ်း
ခေါင်းဆောင်ခွန်းထျန်းယွီပဲ ..မိုးကောင်းကင်ရေ.. ထျန်းခွန်းဂိုဏ်းရဲ့ခေါင်းဆောင်ဖြစ်သူက ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်ကို ကိုယ်တိုင်ရောက်လာတယ်”
“ခွန်းထျန်းယွီ. ချင်ဖှေးယဲ့ .. ကြွယ်ရှန်… ဒါက မြင့်မြတ်ကုန်းမြေသုံးခုထဲကတစ်ခုဖြစ်တဲ့ ထျန်းခွန်းဂိုဏ်းကခေါင်းဆောင်ဖြစ်သူနဲ့
သူ့ရဲ့ဘယ်လက်ရုံး၊ညာလက်ရုံးတို့တွေပဲ”
“ထျန်းခွန်းဂိုဏ်းခေါင်းဆောင်နဲ့သူ့ရဲ့ဘယ်လက်ရုံး၊ညာလက်ရုံး.. ပြီးတော့မိုးပြာနဂါးခန်းမ၊ကျားဖြူခန်းမနဲ့ ဖီးနစ်ငှက်ခန်းမတို့က ခေါင်းဆောင်တွေအားလုံးလည်း
ရောက်လာတယ်..ထျန်းခွန်းဂိုဏ်းက ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်ကို ဒီလိုမျိုးကြီးမားတဲ့ဖွဲ့စည်းမှုနဲ့ရောက်လာတယ်..ဒါက… ထျန်းလျန်အင်ပါယာတော်ဝင်မြို့ထဲမှာ တကယ်ပဲဘာတွေဖြစ်နေတာလဲ”
တစ်စုံတစ်ယောက်ကတစ်ခုခုအား တွေးမိပုံရပြီးပြောလိုက်သည်။
“ ကောလဟာလတွေအရ ထျန်းခွန်းဂိုဏ်းလိပ်နက်ခန်းမရဲ့
ခေါင်းဆောင်ဖြစ်သူ လန့်ယန်က ရှစ်ဖုန့်သတ်တာကို ခံလိုက်ရတယ်တဲ့.. အဲ့ထက်ပိုတာက ရှစ်ဖုန်က လိပ်နက်ခန်းမရဲ့ဒုခေါင်းဆောင်ဖြစ်သူ ပမ့်အောင်းကိုလည်း သတို့သား ရွေးချယ်ပြိုင်ပွဲအတွင်း အားလုံးရဲ့ရှေ့မှာပဲသတ်ပစ်ခဲ့သေးတယ်”
ယခုဆိုလျှင် ရှစ်ဖုန့်၏နမည်က ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်ထဲရှိ လူအားလုံး၏ နှလုံးသားထဲ၌ အမြစ်တွယ်နေပြီဖြစ်သည်။ သူကသတို့သားရွေးချယ်ပြိုင်ပွဲ၌
အနိုင်ရရှိခဲ့ရုံသာမက ကျိရှောင်း၊ ဝမ့်ကုန်း၊ ပမ့်ကုန်းနှင့်ယွဲ့ဟူဂိုဏ်းက ပိုင်ကျွင်းရွှမ်းတို့ကိုလည်း
သတ်ပစ်ခဲ့သေးသည်။ သူက နမည်ကြီးကြယ်လေးပွင့်မဟာသူတော်စင်နယ်ပယ် ဖြစ်သူ ထိပ်တန်းအဆင့်ဆယ်ယောက်စာရင်းတွင်ဒုတိယချိတ်သော လုံဟူဂိုဏ်းခေါင်းဆောင် ဝမ့်ကျိုးကိုပင်သတ်ပစ်ခဲ့သည်ဖြစ်၏။
သူက ထျန်းလျန်အင်ပါယာ၏ ထိပ်တန်းဆယ်ယောက်မှသုံးယောက်အားသတ်ပစ်ခဲ့သည်။ ယ ခု ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်၌ ရှစ်ဖုန့်၏နမည်အားမသိသူမရှိကြချေ။
“အဲ့..အဲ့လူတွေက နေလဂိုဏ်းက ကျွမ်းကျင်သူတွေပဲ. မိုးကောင်းကင်ရေ. မြင့်မြတ်ကုန်းမြေသုံးခုထဲက ထျန်းခွန်းဂိုဏ်းတင်ရောက်လာတာမဟုတ်ဘဲ..
နေလဂိုဏ်းရဲ့ အရှင်သခင် ရီချန်ရွှယ်နဲ့ အရှင်သခင်မ ယွဲ့ရှီဟန်တို့က ပါ ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်ကိုသူတို့ရဲ့ကျွမ်းကျင်သူတွေခေါ်ပြီးတော့လာတယ်..”
ညကောင်းကင်ယံထဲတွင် ကျွမ်းကျင်သူနှစ်ဆယ့်ငါးယောက်တို့၏ရှေ့၌ အဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူတို့ရှိသ်ည့ အဘိုးကြီးတစ်ယောက်ရှိနေသည်။ ၎င်းမှာခွန်းထျန်းယွီဖြစ်သည်။ ခွန်းထျန်းယွီ၏ဘေး၌ အခြားပုံရိပ်နှစ်ခုက ရပ်နေ၏။
ဤသုံးယောက်တွဲ၏ အလယ်တွင် ရွှေရောင်ဝတ်ရုံနှင့်သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ရှိနေသည်။ ၎င်းမှာ နဖူးမောက်မောက်နှင့် ခမ့်ညားသောအသွင်ရှိသည်။ သူသည် လက်ရှိ နေလဂိုဏ်း၏ခေါင်းဆောင်ဖြစ်သူ ရီချန်ရွှယ်ပင်ဖြစ်သည်။
ရီချန်ရွှယ်၏ရွှေရောင်ဝတ်ရုံရှေ့တွင် ရှေးဟောင်းနတ်ဘုရားသားရဲတစ်ကောင်ဖြစ်
သော ခြေသုံးချောင်းကျီးကန်းတစ်ကောင် ၏ရုပ်ပုံအားရေးထိုးထားသည်။
နေလဂိုဏ်းအား နေနတ်ဘုရားခန်းမနှင့် လနတ်ဘုရားခန်းမဟူ၍ နှစ်ခုခွဲထားသည်ဖြစ်သည်။ နေနတ်ဘုရားခန်းမ၏တပည့်များမှာ ရှေးခေတ်နေနတ်ဘုရား ခြေသုံးချောင်းရွှေရောင်ကျီးကန်းကို ကိုးကွယ်ကြသည်။
ရီချန်ရွှယ်၏ဘေးနားတွင် လရောင်ဝတ်ရုံဝတ်ထားသည့်
နှစ်လိုဖွယ်ကောင်းပြီးကျတ်သရေရှိသော အမျိုးသမီးတစ်ဦးရပ်နေသည်။သူမမှာ နေလဂိုဏ်း၏ အရှင်သခင်မတစ်ဖြည်းလည်း ဘုရင်မဖြစ်သူ ယွဲ့ရှီဟန်ပင်ဖြစ်သည်။
ယွဲ့ရှီဟန်မှာကျတ်သရေရှိကာ လရောင်ဝတ်စုံအောက်ရှိသူမ၏ပုံရိပ်က ပို၍ ဆွဲဆောင်မှုရှိလှသော်လည်း သူ၏မျက်နှာထက်တွင် အေးစက်သော မောက်မာမှုအပြည့်ရှိနေသည်။
ချက်ချင်းလက်ငင်းဤအချိန်တွင် ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်၏ တော်ဝင်နန်းတော်မှ ရွှေရောင်အလင်းတန်းနှစ်ခုက လေထဲသို့ထိုးခွင်းတက်လာပြီး ကျွမ်းကျင်သူနှစ်ဆယ်ကျော်၏
ရှေ့၌ရပ်တန့်လိုက်သည်။ ရွှေရောင်အလင်းပျောက်ကွယ်သွား
သောအခါတွင် ထျန်းလျန်အင်ပါယာ၏တော်မိသားစုမှ နိုင်ငံ့ဥသျှောင်လန်ယွမ်နှင့်မင်းသား
လန်ကွမ်းတို့က ထွက်ပေါ်လာသည်။
“အရှေ့ပို်ငးဒေသကြီးရဲ့မြင့်မြတ်ကုန်းမြေသုံးခုထဲက ဂိုဏ်းခေါင်းဆောင်တွေနဲ့ဂိုဏ်းရဲ့ဘုရင်မတို့ က ကျွမ်းကျင်သူတွေကိုဦးဆောင်ပြီးတော့
ထျန်းလျန်အင်ပါယာကိုရောက်ရှိလာတာပဲ..ဘာကိစ္စများရှိကြလို့လဲ”
လန်ယွမ်က တည်ငြိမ်သောအမူအယာဖြင့်ကြည့်၍ သူ၏ရှေ့ရှိ ခွန်းထျန်းယွီ၊ ရီချန်ရွှယ်နှင့် ယွဲ့ရှီဟန်တို့အားမေးလိုက်သည်။
“ငါ့ရဲ့ထျန်းလျန်အင်ပါယာကလန်မိသားစုက အမြဲတမ်း ကိုယ့်ရဲ့ကိစ္စ သူရဲ့ကိုစ္စတွေမှာ မြင့်မြတ်ကုန်းမြေသုံးခုနဲ့အတူ တစ်ဖက်နဲ့တစ်ဖက် အလေးပေးခဲ့ကြတယ်..မင်းတို့ဘာလို့
ဒီလိုလုပ်ကြတာလဲ”
မင်းသားကွမ်းကလည်းမေးလိုက်သည်။
“ဟမ့်. တစ်ဖက်နဲ့တစ်ဖက်အလေးထားတယ်တဲ့လား”
ဤအချိန်တွင် ထျန်းခွန်းဂိုဏ်းခေါင်းဆောင်ခွန်းထျန်းယွီက နှာခေါင်းရှုံ့လိုက်ပြီးအေးစက်စွာ
ပြောလိုက်သည်။
“မင်းတို့ ထျန်လျန်အင်ပါယာရဲ့သားမက်က ငါ့ရဲ့ထျန်းခွန်းဂိုဏ်းက အဆင့်ခုနှစ်သူတော်စင်နယ်ပယ် အဂ္ဂရိတ်သန့်စင်သူကိုသတ်ပစ်လိုက်တယ်.. သူကလိပ်နက်ခန်းမရဲ့ခေါင်းဆောင်လန့်ယန်နဲ့ ဒုခေါင်းဆောင်ပမ့်အောင်းတို့ကိုလည်း သတ်ပစ်လိုက်တယ်.. ဒါကမင်းပြောတဲ့အလေးထားဆက်ဆံတယ်ဆိုတာမျိုးလား. အဲ့သူတောင်းစားလေး
ရှစ်ဖုန့်ကိုမြန်မြန်ထွက်လာဖို့ပြောလိုက်”
“အိုး.ရှစ်ဖုန့်လား”
လန်ယွမ်ကပြောလိုက်သည်။
“ငါလန်ယွမ် သတို့သားရွေးချယ်ပြိုင်ပွဲကိုကျင်းပခဲ့တယ်..ရှစ်ဖုန့်ကအနိုင်ရသွားပေမဲ့ သူက ငါ့ရဲသားမက်မဖြစ်ချင်ဘူး . ဒါကြောင့်သူ့ရဲ့ကိစ္စက ငါ့ရဲ့လန်မိသားစုနဲ့ ဘာမှမဆိုင်ဘူး. လွန်ခဲ့တဲ့ရက်အချို့လောက်ကပဲသူ ထျန်းလျန်အင်ပါယာတော်ဝင်မြို့ထဲကနေထွက်သွားပြီ..သူဘယ်မှာရှိလဲဆိုတာကို
ငါလည်းမသိဘူး”
“မင်း..ဟမ့်”
လန်ယွမ်၏စကားများအားကြားပြီးနောက် ခွန်းထျန်းယွီကနှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။
“ငါယုံမယ်လို့မင်းကထင်နေတာလား. မင်းရှစ်ဖုန့်ကိုလက်မလွှဲပေးရင် ထျန်းလျန်အင်ပါယာတော်ဝင်မြို့
တော်ထဲမှာငါသွေးနဲ့ရေချိုးတာ
ကိုအပြစ်မတင်နဲ့”
“ထျန်းလျန်အင်ပါယာတော်ဝင်မြို့ထဲမှာ
သွေးနဲ့ရေချိုးမယ်တဲ့လား. ဟမ့်. ဘယ်လိုတောင်ကြွားလိုက်တဲ့လေလုံးလဲ..”
ဤအချိန်တွင် အိုမင်းပြီး အေးစက်သော အော်သံတစ်ခုက ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်၏ ကောင်းကင်ယံထဲ၌ထွက်ပေါ်လာသည်။ ထို့နောက်ရုတ်ခြည်း များစွာသော ရွှေရောင်ပုံရိပ်များက ညကောင်းကင်ယံအားထိုးခွင်းလာ၏။
စုစုပေါင်းရွှေရောင်ပုံရိပ်ကိုးခုရှိသည်ဖြစ်သည်။
၎င်းတို့က ညကောင်းကင်ယံအတွင်း
လျှင်မြန်စွာရောက်ရှိလာပြီး လန်ယွမ်နှင့်လန်ကွမ်းတို့၏ဘေး၌ရပ်လိုက်ကြသည်။ ဤပုံရိပ်ကိုးခုမှာ လန်မိသားစု၏အဘိုးအိုကိုးယောက်ဖြစ်သည်။
လန်ယွမ်နှင့်လန်ကွမ်းတို့က လှည့်လိုက်ပြီး အဘိုးအိုများအားဦးညွှတ်
ဂါဝရပြုလိုက်ကြသည်။
“နှုတ်ခွန်းဆက်သပါတယ် ဘိုးဘေးတို့”
“အင်း”
အလယ်၌ရှိနေသောအဘိုးအိုက လန်ယွမ်နှင့်လန်ကွမ်းတို့အားခေါင်းညိမ့်ပြလိုက်သည်။ထို့နောက် လန်ယွမ်နှင့် လန်ကွမ်းတို့က အဘိုးအိုများ၏နောက်သို့ဆုတ်လိုက်ကြ၏။
“ထျန်းလျန်အင်ပါယာရဲ့လန်မိသားစုက ခင်ဗျားတို့ မြေခွေးအိုကြီးတွေ အသက်ရှင်နေသေးတာပဲ”
ခွန်းထျန်းယွီက သူ့ရှေ့ရှိအဘိုးအိုများအားကြည့်၍ အေးစက်စွာပြောလိုက်သည်။သို့သော် ဤအဘိုးအိုများပေါ်လာသည့်တိုင် သူကကြောက်နေခြင်းရှိမနေပေ။
“ဟီးဟီး”
ဤအချိန်တွင် ခွန်းထျန်းယွီ၏ဘေးမှ ပျော့ပျောင်းသော ရယ်သံတစ်ချက်ထွက်လာသ်ည။ ရယ်လိုက်သောသူမှာ နေလဂိုဏ်း၏ခေါင်းဆောင်ဖြစ်သူ ရီချန်ရွှယ်ပင်ဖြစ်သည်။
ရယ်မောပြီးနောက် ရီချန်ရွှယ်ကအေးအေးလူလူပြောလိုက်သည်။
“လန်မိသားစုကလူတစ်ယောက်ရဲ့သက်တမ်းအကန့်အသတ်ကို တိုးပေးနိုင်တဲ့ လျှို့ဝှက်ရတနာတစ်ခုကိုရထားတယ်လို့ကောလဟာလရှိခဲ့တယ်. အဲ့တာကအမှန်ဖြစ်နေမယ်လို့ငါမမျှော်လင့်ထားခဲ့ဘူး.. ဒီမြေခွေးအိုကြီးတွေက တကယ့်ကိုအန်းတိတ်ကြီးတွေပဲ..သူတို့သာမသေရင် လန်မိသားစုရဲ့အင်အားက ငါတို့ဂိုဏ်းသုံးခုနဲ့ရင်ဘောင်တန်းနေလိမ့်မယ်”
“ဟမ့်. ထျန်းခွန်းဂိုဏ်းနဲ့ နေလဂိုဏ်းက ဂျူနီယာတွေကများ. ဘာမြေခွေးအိုကြီး.အန်းတိတ်ကြီး.. ဟုတ်လား.. ငါမင်းတို့ဘိုးဘေးတွေနဲ့တွေ့နေတုံးက မင်းတို့ တွေ ဘယ်ဆီဘယ်ဝယ်ဘယ်တွင်းအောင်းနေလဲဆိုတာတောင်သိရသေးတာမဟုတ်ဘူးကွ”
ခွန်းထျန်းယွီနှင့်ရီချန်ရွှယ်တို့၏ စကားများအားကြားလိုက်ရသောအခါတွင် အဘိုးအိုများထဲမှသည်းမခံနိုင်သောအဘိုးအိုက ဒေါသတကြီးပြောဆိုလိုက်သည်။
ဤအချိန်တွင် လှပကျတ်သရေရှိသော်လည်း အေးစက်မောက်မာသော အမျိုးသမီး ယွဲ့ရှီဟန်မှာ သူတို့၏အပြန်အလှန်စကားများ
အားကြားပြီးနောက် စိတ်မရှည်သောအမူအယာကို
ပြသလာပြီးပြောလိုက်သည်။
“ကောင်းပြီ..အခု မိတ်ဖြစ်ဆွေဖြစ်တွေပြောမနေနဲ့တော့.. အဲ့အချိန်က ရှင်တို့တွေ ကျွန်မတို့နေလဂိုဏ်းက ဘိုးဘေးတွေနဲ့သိကျွမ်းခဲ့သည်ဖြစ်စေ ထျန်းခွန်းဂိုဏ်းက မျိုးဆက်အကြီးတွေနဲ့ ဘယ်လိုရင်းနှီးတဲ့ဆက်ဆံရေးမျိုးရှိခဲ့
သည်ဖြစ်စေ အဲ့တာတွေအားလုံးက အတိတ်ကအရာတွေပဲ. အခုက ရှစ်ဖုန့်နမည်နဲ့လူကိုထုတ်ပြီး လက်လွှဲပေးလိုက်”