← Chapters

အခန်း (၆၅၄)

Vol. 44 Ch. 654

အခန်း (၆၅၄)

Vol. 44 Ch. 654

ထျန်းလျန်အင်ပါယာ၏ညကောင်းကင်ယံထဲတွင် မြင့်မြတ်ကုန်းမြေသုံးခုမှဖြစ်ကြသော ထျန်းခွန်းဂိုဏ်းနှင့်နေလဂိုဏ်းတို့မှ ကျွမ်းကျင်သူများ သက်ဆင်းလာကြသည်။

ထျန်းခွန်းဂိုဏ်းခေါင်းဆောင် ခွန်းထျန်းယွီ နေလဂိုဏ်းမှ အရှင်သခင် ရီချန်ရွှယ်နှင့် ဘုရင်မ ယွဲ့ရှီဟန်တို့မှာ ဤအဘိုးကြီးများအားမျက်လုံးထဲပင်

ထည့်ထားခြင်းမရှိပေ။

အလျော့မပေးသောအသွင့်မဖြင့် ရှစ်ဖုန့်အား လက်လွှဲပေးရန်သုန်မှုန်စွာပြောဆိုသည်။

အဘိုးကြီးကိုးယောက်ထဲတွင် စီနီယာအကျဆုံးသောသူမှာ အဘိုးကြီးတစ်ဦးသာလျှင် ကြယ်ကိုးပွင့်မဟာသူတော်စင်နယ်ပယ်ဖြစ်သည်။အခြားသောအဘိုးကြီးရှစ်ယောက်မှာ ကြယ်လေးပွင့်မှ စ၍ ကြယ်ရှစ်ပွင့်အတွင်း ရှိကြသည်ဖြစ်သည်။

ထျန်းခွန်းဂိုဏ်းခေါင်းဆောင်ခွန်းထျန်းယွီမှာ ကြယ်ကိုးပွင့် မဟာသူတော်စင်နယ်ပယ်ဖြစ်သည်။ နေလဂိုဏ်း၏အရှင်သခင်နှင့်ဘုရင်မတို့က

အထွတ်အထိပ်ကြယ်ရှစ်ပွင့် မဟာသူတော်စင်နယ်ပယ်များ

ဖြစ်ကြသော်လည်း နေလိုဂိုဏ်း၌ နေလနတ်ဘုရားဓားများဟုခေါ်သော

ဓားနှစ်လက်ရှိသည်ဟု ကောလဟာလများရှိသည်။ နေလနတ်ဘုရားဓားများအားတစ်ကြိမ်အသုံးပြုလိုက်သည်နှင့် သူတို့က အံ့ဖွယ်ကောင်းသွားကြသည်ဖြစ်သည်။

နှစ်ထောင်ပေါင်းများစွာတိုင် မည်သူကမျှ နေလဂိုဏ်း၏ နေလနတ်ဘုရားဓားများအောက်၌

အသက်ရှင်နိုင်ခဲ့ခြင်းမရှိပေ။

“ရှစ်ဖုန့်က ထျန်းလျန်အင်ပါယာရဲ့သားမက်မဖြစ်ချင်လို့ ထွက်သွားပြီလို့လန်ယွမ်ပြောထားပြီးပြီ. သူဘယ်သွားလဲဆိုတာကိုငါတို့တွေမသိဘူး.”

စီနီယာအကျဆုံးသော အကြီးအကဲက အေးစက်သောလေသံဖြင့်သူ့ရှေ့ရှိလူသုံးယောက်အား ပြောလိုက်သည်။

အကြီးအကဲ၏မျက်နှာထက်၌ အေးစက်မှုများဖြင့်ပြည့်နှက်နေ၏။

“ငါ့မှာပြောစရာဒါပဲရှိတယ်.အကယ်၍ မင်းတို့တွေထျန်းလျန်အင်ပါယာထဲကနေထွက်မသွားဘူးဆိုရင် ငါတို့လန်မိသားစုက မြင့်မြတ်ကုန်းမြေသုံးခုကိုကြောက်နေမှာမဟုတ်ဘူး”

အကြီးအကဲကနောက်ဆုံးစကားအားပြော

သောအခါတွင် သူ၏ကိုယ်က အံ့ဖွယ်ကောင်းသောတိုက်ပွဲစိတ်ဆန္ဒတစ်ခုကိုထုတ်လွှတ်လိုက်သည်။

“ခင်ဗျားတို့လန်မသားစုက ကျုပ်ထျန်းခွန်းဂိုဏ်းရဲ့ ဝရမ်းပြေးကိုတိတ်တဆိတ်ဖုံး

ကွယ်ပေးထားတာကြောင့် ကျုပ်ရဲ့ရိုင်းပျမှုကိုအပြစ်လာမတင်နဲ့အဘိုးကြီး.. ခင်ဗျားအသက်ကြီးတာကြောင့်ကျုပ်ကအနိုင်ကျင့်သလိုဖြစ်နေတယ်”

“ဟမ့်. ငါ့ရဲ့လန်မိသားစုက မင်းတို့ထျန်းခွန်းဂိုဏ်းက ဝရမ်းပြေးကို တိတ်တဆိတ်ဖုံးကွယ်ပေးထားတယ်တဲ့လား..မင်းတို့ထျန်းခွန်းဂိုဏ်းက မင်းတို့ကိုယ်မင်းတို့ အရှေ့ပိုင်းဒေသကြီးရဲ့အရှင်သခင်တွေ

လို့တကယ်ထင်နေကြတာပဲ.. “

အဘိုးအိုက အေးစက်စွာနှာမှုတ်လိုက်သည်။ တစ်ချိန်တည်းမှာပ် သူ၏လက်အားအားလက်သီးအဖြစ်

ဆုပ်လိုက်ပြီး သူ၏လက်သီး၌ ရွှေရောင်အလင်းတစ်ခုကတောက်ပလင်းလက်လာသည်။

တစ်လက်လက်လင်းလက်နေသော ရွှေရောင်အလင်းကြောင့်ရုတ်ခြည်း

ဧရိယာတစ်ခုလုံးရွှေရောင်တို့လွှမ်းခြုံသွားသည်။

“ခေါင်းမာတာပဲ. ဒီညပြီးရင် ထျန်းလျန်အင်ပါယာရဲ့လန်မိသားစုက အရှေ့ပိုင်းဒေသကြီးကနေ

ပျောက်ကွယ်သွားလိမ့်မယ်”

ခွန်းထျန်းယွီက အေးစက်စွာအော်ပြောလိုက်သည်။ သူက သူ၏ညာလက်အား လက်ဝါးအသွင်ပြုလုပ်လိုက်ပြီး ရှေ့သို့ရိုက်ထုတ်လိုက်၏။ ဧရာမှရွှေရောင် “ထျန်း” ဟူသောစာလုံးက ပေါ်လာပြီး သူ့ရှေ့၌ရှိနေသောလူအုပ်ထံသို့ ပျံသန်းသွားသည်။

“ထျန်းခွန်းဂိုဏ်းက တည်ထောင်သူ ဧကရာဇ် ဖန်တီးခဲ့တဲ့ အန္တိမပညာရပ်တွေထဲကတစ်ခုဖြစ်တဲ့ ကောင်းကင်လက်ဝါးပဲ”

ကောင်းကင်လက်ဝါးအားထုတ်လွှတ်လိုက်သည်နှင့် လွန်စွာစွမ်းအားကြီးမားသော အော်ရာက ညကောင်းကင်ယံတစ်ခုလုံးသို့ပျံ့နှံ့သွားသည်။လန်မိသားစုဝင်အားလုံးတို့မှာ သူတို့ထံသို့ပျံသန်းလာသော

ကောင်းကင်လက်ဝါးအား ကြည့်နေကြသည်။ သူတို့၏အမူအယာက သိသိသာသာပြောင်းလဲသွားပြီ လွန်စွာ တုန်လှုပ်အံ့အားသင့်နေကြ၏။

စီနီယာအဘိုးအိုတစ်ဦးမှလွဲပြီး အားလုံးက ၎င်းအားခုခံနိုင်ခြင်းမရှိဟုခံစားရသည်။ ယင်းမှာ သူတို့၏အသွေးအသားများက ရွှေရောင်စာလုံးကြောင့် ဖျက်ဆီးခြင်းခံရတော့မည့်သကဲ့သို့ပင်ဖြစ်သည်။

ဤသည်ကား ကြယ်ကိုးပွင့်မဟာသူတော်စင်နယ်ပယ်တစ်ဦး၏ အန္တိမတိုက်ချက်တစ်ခုဖြစ်သည်။

“ဧကရာဇ်ထျန်းခွန်းဖန်တီးခဲ့တဲ့ အန္တိမပညာရပ်တွေထဲကတစ်ခုဖြစ်တဲ့ ကောင်းကင်လက်ဝါးက တကယ့်ကို ထူးခြားအံ့ဖွယ်ပဲ.”

လန်မိသားစုမှအဘိုးအိုက ညကောင်းကင်ယံထဲ၌ ဝင့်ကြွားစွာရပ်နေဆဲဖြစ်ပြီး သူ၏အမူအယာကပြောင်းလဲခြင်းမရှိပေ။

သူက လန်မိသားစု၏ရှေ့တွင် ဝင့်ကြွားစွာရပ်နေပြီး “ထျန်း”ဟူသောစကားလုံးအားကြည့်နေသည်။

ထို့နောက်တွင် လန်မိသားစု၏အဘိုးအိုကအော်လိုက်သည်။

“ဟ”

ရွှေရောင်အလင်းတို့လင်းလက်

တောက်ပနေသောသူ၏လက်သီးက “ထျန်း”ဟူသောစကားလုံးထံသို့ ပေါက်ကွဲဦးတည်သွားသည်။

“ဒီအရှင်အတွက်ချိုးဖျက်လိုက်စမ်း”

ရွှေရောင်လက်သီးနှင့်ရွှေရောင် “ထျန်း”ဟူသောစကားလုံးတို့က တစ်ခုနှင့်တစ်ခုပစ်ဆောင့်သွားသည်။

“ဝုန်း”

ဧရိယာတစ်ခုလုံးအားဖြတ်သန်း၍ ကျယ်လောင်သောပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။ ထို့နောက်တွင် အဘိုးအို၏လက်သီးချက်အောက်၌ လွန်စွာစွမ်းအားကြီးမားသော စွမ်းအင်တို့ပါဝင်သည့် “ထျန်း”ဟူးသောစာလုံးမှာ ရုတ်ခြည်း အစိတ်စိတ်အမွှာမွှာကွဲကြေသွားပြီး ညကောင်းကင်ယံထဲ၌ လျှင်မြန်စွာမှေးမှိန်ပျောက်ကွယ်သွားသည်ကို အားလုံးတွေ့လိုက်ကြရသည်။

ခွန်းထျန်းယွီပင် အံ့အားသင့်သောအမူအယာအားပြသ၍ ပြောလိုက်သည်။

“ဒီမသေနိုင်သေးတဲ့အဘိုးကြီးကဒီလောက်အထိကို တကယ်စွမ်းအားကြီးတာပဲ..သူ့ရဲ့ခွန်အားက ငါ့ထက်တောင်သာလွန်ပြီးတော့ ဧကရာဇ်နယ်ပယ်ကိုခြေလှမ်းတစ်ဝက်ချပြီးတဲ့အထိရောက်နေပြီ”

ရွှေရောင် “ထျန်း” ဟူသောစာလုံးအားလက်သီးတစ်ချက်တည်းဖြင့် ဖျက်ဆီးလိုက်ပြီးနောက် ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်ထဲရှိအားလုံး၏အကြည့်များက ဤအသက်အကြီးဆုံး အဘိုးအိုပေါ်သို့ကျရောက်သွးသည်။ ထျန်းလျန်အင်ပါယာ၏လန်မိသားစုက ဤကဲ့သို့သော အထွတ်အထိပ်ကျွမ်းကျင်သူတစ်ဦးအားဖုံးကွယ်ထားလိမ့်မည်ဟုမည်သူကမှ

မျှော်လင့်ထားကြခြင်းမရှိပေ။

သူကတကယ်ပဲထျန်းခွန်းဂိုဏ်းအရှင်သခင်ခွန်းထျန်းယွီ၏ “ထျန်း”ဟူသော စာလုံးအားလက်သီးတစ်ချက်တည်းဖြင့် အစိတ်စိတ်အမွှာမွှာဖြစ်အောင်လုပ်ခဲ့သည်ဖြစ်သည်။

အဘိုးအိုက သူ့ရေ့ရှိ ထျန်းခွန်းဂိုဏ်းနှင့်နေလဂိုဏ်းတို့မှလူများအား ပြိုင်ဘက်ကင်းစွမ်းအားကြီးသူတစ်ဦး၏အသွင်အပြင်ဖြင့် ကြည့်နေသည်။ သူကနက်ရှိုင်းသောအသံဖြင့်

အော်ပြောလိုက်သည်။

“မင်းတို့ကငါ့ရဲ့လန်မိသားစုကိုဒီနေ့ညမှာ ပျောက်ကွယ်သွားစေချင်တာကြောင့် မင်းတို့ဂိုဏ်းနှစ်ခုလည်း အရှေ့ပိုင်းဒေသကြီးထဲမှာထပ်ပြီးရှိနေစရာမလိုတော့ဘူး”

အဘိုးအို၏ပြတ်သားသောအသံက ဧရိယာတစ်ခွင်ဖြတ်သန်းပဲ့တင်

ရိုက်ခတ်သွားသည်။

“သူ.သူက မြင့်မြတ်ကုန်းမြေသုံးခုထဲက ထျန်းခွန်းဂိုဏ်းနဲ့နေလဂိုဏ်းတို့ကို ဖျက်ဆီးပစ်ချင်နေတယ်. ငါတို့ထျန်းလျန်အင်ပါယာကတကယ့်ကိုကောင်းကင်ဘုံကိုဆန့်ကျင်နေတာပဲ”

“ငါတကယ်ဒါကိုမမျှော်လင့်ထားဘူး. ငါတကယ်ပဲဒါကိုမမျှော်လင့်ထားခဲ့ဘူး. ငါတို့ထျန်းလျန်အင်ပါယာမှာ ဒီလိုမျိုး အထွတ်အထိပ်ကျွမ်းကျင်သူတစ်ဦး

ရှိနေသေးတယ်.. ပြီးတော့ သူ့နောက်မှာစွမ်းအားကြီးအော်ရာတွေကိုထုတ်လွှတ်နေတဲ့အဘိုးကြီးတွေလည်းရှိနေသေးတယ်. သူတို့နဲ့သာဆိုရင် ငါတို့ထျန်းလျန်အင်ပါယာက မြင့်မြတ်ကုန်းမြေသုံးခုထက် အားနည်းမှာမဟုတ်ဘူး”

“ဒီတော့ငါတို့နေထိုင်တဲ့ထျန်းလျန်အင်ပါယာကတကယ်ပဲအရမ်းအင်အားကြီးတာပေါ့”

ထျန်းလျန်အင်ပါယာ တော်ဝင်မြို့တော်တစ်ခွင့်အံ့အား

တကြီးပြောဆိုသံများပြည့်နှက်နေသည်။

“ဟမ့်…မောက်မာလိုက်တာ..”

ဤအချိန်တွင် ရေခဲတမျှအေးစက်သောအော်သံတစ်ခုက ညကောင်းကင်ယံထဲ၌ ပဲ့တင်ရိုက်ခတ်ထွက်ပေါ်လာသည်။

အဘိုးအို၏စကားများအားကြားပြီးနောက်၌ နေလဂိုဏ်း၏ ဘုရင်မ ယွဲ့ရှီဟန်က အေးစက်စွာအော်ပြောလိုက်သည်။

ဘုရင်မ၏အောက်သံနောက်တွင် နေလဂိုဏ်းအရှင်သခင်ဖြစ်သူ ရီချန်ရွှယ်၏အသံလည်း

လိုက်ပါထွက်ပေါ်လာသည်။

“ကျုပ်တို့ရဲ့ဂိုဏ်းခေါင်းဆောင်နှစ်ယောက်အရှေ့ပိုင်းဒေသကြီးထဲရှိဖို့မလိုအောင်ခင်ဗျားဘယ်လိုလုပ်မလဲဆိုတာကိုကြည့် အုံးမယ်”

နေလဂိုဏ်းအရှင်သခင်ရီချန်ရွှယ်နှင့် ဘုရင်မ ယွဲ့ရှီဟန်တို့က တစ်ချိန်တည်းတွင် လက်သင်္ကေတဆီးလ်များအား

ဖန်တီးလိုက်ကြသည်။ ထက်ရှိသော ဓားနှစ်စင်းကသူတို့၏ခန္ဓာကိုယ်မှအပေါ်သို့မြင့်တက်လာ၏။

ရီချန်ရွှယ်၏ခန္ဓာကိုယ်မှမြင့်တက်လာသော ဓားမှာ နေ၏အရောင်ဖြစ်သည်။ ၎င်းမှာနေငယ်လေးတစ်လုံးကဲ့သို့ တလက်လက်တောက်ပလင်း

လက်သောအလင်းနှင့်မီးတောက်အလင်းတို့ကိုထုတ်လွှတ်နေသည်။

ယွဲ့ရှီဟန်၏ကိုယ်မှမြင့်တက်လာသောဓားမှာ လ၏အရောင်ဖြစ်ပြီးအေးစက်

သောလရောင်ကိုထုတ်လွှတ်နေသည်။

တစ်ခုအပူတစ်ခုကအအေး၊ တစ်ခုကယင်တစ်ခုကယန်၊တစ်ခုကနေတစ်ခုကလဖြစ်သည်။ ဤဓားနှစ်စင်းမှာ နေလဂိုဏ်း၏နမည်ကျော် နေလနတ်ဘုရားဓားများဖြစ်သည်။

“နေလနတ်ဘုရားဓားတွေ”

အဘိုးအိုမှာရီချန်ရွှယ်နှင့်ယွဲ့ရှီဟန်တို့၏

ကိုယ်မှမြင့်တက်လာသောဓားနှစ်စင်းအားတွေ့လိုက်ရသောအခါတွင် သူကလေးနက်သောအသံဖြင့်

အော်ပြောလိုက်သည်။ သူ၏အိုမင်းသောမျက်နှာက

အနည်းငယ်ပြောင်းလဲသွားပြီး လေးနက်သောအမူအယာ

တစ်ခုဖြစ်ပေါ်လာသည်။

“နေလနတ်ဘုရားဓားခုတ်ပိုင်းချက်”

“ခုတ်ပိုင်းခြင်း”

ရီချန်ရွှယ်နှင့်ယွဲ့ရှီဟန်တို့က တစ်ချိန်တည်းတွင်သူတို့၏ညာလက်အားဓား

လက်ချောင်းအသွင်ပြုလုပ်လိုက်သည်။ သူတို့က ရှေ့သို့ထိုးညွှန်ပြီးတစ်ချိန်တည်းတွင်အော်ပြောလိုက်ကြ၏။

သူတို့အော်ပြောပြီးပြီးချင်း သူတို့၏ဦးခေါင်းများထက်၌လွင့်မျောရပ်တည်

နေသော နေလနတ်ဘုရားဓားတို့က ပျံသန်းထွက်လာပြီး လန်မိသားစုမှအဘိုးအိုအားခုတ်ပိုင်းလိုက်သည်။

“နဂါးနှစ်ကောင်ဝေဟင်ပျံဝဲခြင်း”

သူ့ထံသို့ဦးတည်ပျံသန်းလာသော နေလနတ်ဘုရားဓားတို့အားကြည့်၍ အဘိုးအိုကသူ၏လက်တို့အား လက်သည်းအသွင်ဖြင့်မြှောက်လိုက်ကာ

အော်ပြောလိုက်သည်။

“ဂါး.ဂါး”

အဘိုးအို၏လက်သည်းအတွင်းမှ နဂါးနှစ်ကောင်၏အော်သံရုတ်ခြည်းထွက်ပေါ်လာပြီး ဧရာမရွှေရောင် နဂါးရိပ်ကြီးနှစ်ခုက အဘိုးအို၏အထက်ညကောင်းကင်ယံထဲ၌ ပေါ်လာသည်။

All Chapters