← Chapters

အခန်း (၆၅၅)

Vol. 44 Ch. 655

အခန်း (၆၅၅)

Vol. 44 Ch. 655

နေလဂိုဏ်း၏နေလနတ်ဘုရားဓား

ခုတ်ပိုင်းချက်ခုတ်ပိုင်းကျရောက်လာသောအခါတွင် လန်မိသာစုမှ အဘိုးအိုက သူ၏လက်သည်းများဖြင့် ရွှေရောင်နဂါးနှစ်ကောင်ပုံရိပ်အား အဆင့်ခေါ်လိုက်သည်။ ထို့နောက် အဘိုးအိုက သူ၏လက်သည်းတို့အားရှေ့သို့တွန်း

ထုတ်လိုက်ပြီး ရွှေရောင်နဂါးပုံရိပ်နှစ်ခုက ရှေ့သို့တစ်ဟုန်ထိုးဦးတည်သွားကာ နေလနတ်ဘုရားဓားတို့နှင့်တွေ့ဆုံသွားသည်။

ရွှေရောင်နဂါးနှစ်ကောင်က နတ်ဘုရားဓားနှစ်လက်ဖြင့် ပြင်းထန်စွာပစ်ဆောင့်သွားသည်။

ညကောင်းကင်ယံထဲတွင် ပြင်းသော မြည်ဟိန်းသံနှင့် ပြင်းထန်သော တုန်ခါမှုကြီးတစ်ခုတို့ဖြစ်ပေါ်လာသည်။ သို့သော် အားလုံး၏အကြည့်များအောက်၌ပင် နေလနတ်ဘုရားဓား၏အောက်၌ ရွှေရောင်နဂါးတစ်ကောင်မှာ နီရဲသောမီးတောက်အဖြစ်သို့ပြောင်းလဲသွားသည်။ အခြားရွှေရောင်နဂါးပုံရိပ်တစ်ခုကတော့

လရောင်ရေခဲအဖြစ်အေးခဲနေသည်။

ထို့နောက်တွင် မီးတောက်များကဘာမှကျရစ်ခြင်း

မရှိသည်အထိပြောင်းလဲသွားပြီး ရေခဲကတော့အစိတ်စိတ်အမွှာမွှာကွဲ

ကြေသွားသည်။

တိုက်ချက်တစ်ခုတည်းဖြင့်တိုက်ပွဲ၏ ရလဒ်ကရှင်းလင်းလာသည်။ ရွှေရောင်နဂါးပုံရိပ်နှစ်ခုက ဖျက်ဆီးခံလိုက်ရပြီး နေလနတ်ဘုရားဓားတို့က လန်မိသားစုမှအဘိုးအိုထံသို့ တစ်ဟုန်ထိုးဆက်လက်ပျံသန်းလာ

နေဆဲဖြစ်သည်။

“ဒီ….ဒီစွမ်းအားက..”

ဤအကြိမ်တွင် အဘိုးအို၏မျက်နှာကတုန်လှုပ်အံ့အားသင့်မှု

အဖြစ်သို့ပြောင်းလဲသွားသည်။ သူ၏စွမ်းအားက ဧကရာဇ်နယ်ပယ်သို့ခြေလှမ်းတစ်ဝက်ချသည့်အဆင့်ထိရောက်ရှိနေပြီဖြစ်သည်။ သို့သော် သူ၏စွမ်းအားပင်လျှင် နေလနတ်ဘုရားဓား၏အောက်၌ ကျိုးပျက်သွားခဲ့သည်။

“ဒီနေလနတ်ဘုရားဓားနှစ်လက်ရဲ့စွမ်းအားက ဧရာဇ်နယ်ပယ်ကိုမရောက်ရှိသေးပေမဲ့လည်း တော်တော်လေးကိုရောက်လုနီးပါးနီးကပ်နေပြီ”

အဘိုးအိုက အံ့အားတကြီးပြောဆိုလိုက်သည်။ သူ့ထံသို့ ဦးတည်ပျံသန်းလာနေသော နေလနတ်ဘုရားဓားနှစ်လက်အားကြည့်၍ အဘိုးအိုကအော်ပြောလိုက်သည်။

“လန်မိသားစုကကျွမ်းကျင်သူတွေ .. ငါ့နောက်ကနေလိုက်ပြီးတော့ ရန်သူကိုဆန့်ကျင်ခုခံကြ”

“ဟုတ်ကဲ့”

“ဟုတ်ကဲ့”

“ဟုတ်ကဲ့”

“ဟုတ်ကဲ့”

အဘိုးအို၏နောက်မှအော်သံများထွက်ပေါ်လာသည်။အဘိုးအိုရှစ်ဦးအပြင် ထျန်းလျန်အင်ပါယာ၏ဧကရာဇ်မင်းဖြစ်သူ လန်ယွမ်နှင့် မင်းသားကွမ်းတို့ကပါ အော်ပြောလိုက်ကြသည်။

ကြီးမားသော ရန်သူအား ရင်ဆိုင်ချိန်တွင် လန်မိသားစုကအတူအတကွစုစည်းလိုက်ကြပြီး ရန်သူအား တစ်သားတည်း ရင်ဆိုင်တိုက်ခိုက်လိုက်ကြသည်။

“ထျန်းလျန်အန္တိမပညာရပ်ရွှေရောင်

နဂါးဒိုင်းကာ”

အသက်အကြီးဆုံးအဘိုးအိုက အောက်မှနေ၍ သူ၏လက်တို့အားရှေ့သို့ ထပ်မံဆန့်ထုတ်လိုက်သည်။

“ဂါး”

နောက်ထပ် နဂါးတစ်ကောင်၏ခက်ထန်သော အော်သံက ကောင်းကင်တစ်ခွင် ဖြတ်သန်းပဲ့တင်ထပ်လာသည်။ ဧရာမရွှေရောင်နဂါးကြီးတစ်ကောင်က သူတို့၏ရှေ့တွင်ပေါ်လာပြီး အစွယ်များအား ထုတ်ပြကာ ၎င်း၏လက်သည်းများကိုဝင့်ထားသည်။

ရွှေရောင်နဂါး၏ ကိုယ်က ညကောင်းကင်ယံထဲ၌ ဧရာမရွေရောင်ဒိုင်းကာကြီးတစ်ခု

ကဲ့သို့ဖြစ်နေပြီး လန်မိသားစုကျင့်ကြံသူများရှိရာလမ်း

ကြောင်းအား ကာဆီးထားသည်။ ၎င်း၏အစွယ်အား ထုတ်ပြကာ လက်သည်းများကိုဝင့်ထာ၏။ ရွှေရောင် နဂါး၏ဦးခေါင်းက ခက်ထန်ကြမ်းကြုတ်နေပြီး ၎င်း၏မျက်လုံးများဖြင့် စိန်းစိန်းဝါးဝါးကြည့်ကာ နဂါးနတ်ဘုရားတစ်ပါး၏ခမ်းနားသောအရှိန်အဝါအားထုတ်လွှတ်လျှက် လာနေသော နေလနတ်ဘုရားဓားအားရင်ဆိုင်လိုက်သည်။

တစ်ချိန်တည်းမှာပင် များစွာသော ကြီးမားသည့်ရွှေရောင်နဂါးပုံရိပ်များကလည်း လန်မိသားကျွမ်းကျင်သူတို့၏ကိုယ်မှ ထွက်ပေါ်လာသည်။ နဂါးအော်သံများကကောင်းကင်နှင့်မြေပြင်တစ်ခွင်၌ပဲ့တင်ရိုက်ခတ်နေပြီးသူတို့၏ရှေ့၌

ရှိနေသော ဧရာမရွှေရောင်နဂါးကြီးထံသို့ အတူတကွပေါင်းစည်းရန် ဦးတည်သွားသည်။ ရွှေရောင် နဂါးကြီး၏ အော်ရာက ရုတ်ခြည်း ပို၍အားကောင်းလာသည်။

ဤအခိုက်အတန့်တွင် သူတို့ထံသို့ဦးတည်ပျံသန်းလာနေသော နေလနတ်ဘုရားဓားက ဧရာ မရွှေရောင်နဂါးကြီးထံသို ရုတ်ခြည်းခုတ်ပိုင်းကျရောက်လာသည်။

နေလနတ်ဘုရားဓားတို့၏ တိုက်ခိုက်မှုအောက်တွင် ဧရာမရွှေရောင်နဂါးကြီးမှာတကယ်ကိုပျောက်ကွယ်သွားရပြီး နေလနတ်ဘုရားဓားတို့၏ဖျက်ဆီးခြင်း

ကိုခံလိုက်ရသည်။

ရှေ့၌ရှိနေသော အဘိုးအိုအပါအဝင် လန်မိသားစုမှလူများအားလုံးတုန်လှုပ်

အံ့အားသင့်သွားကြသည်။

“ဝေါ့.ဝေါ့..ဝေါ့..ဝေါ့..ဝေါ့.”

သွေးအန်ထွက်သံများအစီအရီထွက်ပေါ်

လာသည်။ ရွှေရောင်နဂါးဒိုင်းကာကကျိုးပျက်သွားပြီး လန်မိသားစုမှ ကျွမ်းကျင်သူများအားလုံး တန်ပြန်မှုအားခံလိုက်ကြရသည်။ သူတို့ပါးစပ်မှ ပါးစပ်အပြည့်သွေးတစ်ပွက်အားအန်ထုတ်လိုက်ရကာ သူတို့၏ပုံရိပ်များကကြိုးပျက်သွားသောစွန်များကဲ့သို့ ရုတ်ခြည်းနောက်ပြန်လွင့်သွားသည်။

“ဟားဟား.ဟားဟားဟား..”

သူတို့၏စွမ်းအားအောက်၌ နောက်သို့လွင့်ပျံထွက်သွားသော လန်မိသားစုမှ ပုံရိပ်များအားကြည့်၍ နေလဂိုဏ်း၏ခေါင်းဆောင်ဖြစ်သူ ရီချန်ရွှယ်က ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။

“ဘာကိုလန်မိသားစုလဲ. ဘာကို ထျန်းလျန်အန္တိမပညာရပ်လဲ. ဘာကိုအသက်ကြီးတာလဲ. သူတို့အားလုံးက ငါ့ရဲ့ နေလနတ်ဘုရားဓားတွေအောက်မှာ ဘာမှမဟုတ်ဘူး”

ရယ်မောနေရင်း ရီချန်ရွှယ်နှင့်ယွဲ့ရှီဟန်တို့က သူတို့၏လက်ချောင်းများအားအတူတကွကွေးလိုက်သည်။ နေလနတ်ဘုရားဓားတို့က ညကောင်းကင်ယံထဲ၌ရပ်တန့်သွားပြီး လန်မိသားစုမှကျွမ်းကျင်သူဆယ့်တစ်ယောက်၏နောက်သို့ လိုက်ပါခြင်းမရှိပေ။

လွင့်ပျံထွက်သွားသောလန်မိသားစု

၏ပုံရိပ်ဆယ့်တစ်ခုမှာ မီတာဒါဇင်ပေါင်းများစွာအရောက်မှ

ရပ်တန့်သွားကြသည်။ သူတို့၏အခြေအနေမှာကောင်းမွန်ခြင်းမရှိဘဲ သူတို့၏နှုတ်ခမ်းထောင့်များ၌ သွေးစီကြောင်းတို့ရှိနေသည်။

နေလနတ်ဘုရားဓားတို့ကတကယ့်ကို

စွမ်းအားကြီးမားလှသည်ဖြစ်သည်။

လန်မိသားစုမှကျွမ်းကျင်သူဆယ့်တစ်ယောက်အားကြည့်ရင်း ရီချန်ရွှယ်ကဝင့်ကြွားစွာပြောလိုက်သည်။

“ကျုပ်ခင်ဗျားတို့ကို အခွင့်အရေးနောက်တစ်ကြိမ်ထပ်ပေးမယ်. ရှစ်ဖုန့်ကို လက်လွှဲပေး .. မဟုတ်ရင် ထျန်းလျန်အင်ပါယာနဲ့ လန်မိသားစု ဒီညလုံးဝဖျက်ဆီးခံရမယ်.. လန်မိသားစုဝင်တစ်ယောက်ကိုမှအသက်ရှင်

လျှက်မထားဘူး”

“တော်ဝင်ဦးလေး ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ’

ရီချန်ရွှယ်၏ စကားများအားကြားပြီးနောက် ဖြူဖျော့နေသောမျက်နှာနှင့်အဘိုးအိုတစ်ဦးက ပူပင်သောကတို့ပြည့်နှက်နေသောမျက်နှာဖြင့် အသက်အကြီးဆုံးအဘိုးအိုအားမေးလိုက်သည်။

“ဟုတ်တယ်တော်ဝင်ဦးလေး..ကျုပ်တို့ ဘာလုပ်သင့်လဲ”

နေလနတ်ဘုရားဓားတို့က ရွှေရောင်နဂါးဒိုင်းကာအားဖျက်ဆီးခဲ့သည်။ သူတို့အတူတကွပေါင်းစည်းလုပ်ဆောင်

လျှင်ပင်သူတို့အနေဖြင့် ရင်ဆိုင်နိုင်ခြင်းရှိမည်မဟုတ်သည်ကို

သူတို့သိကြသည်ဖြစ်သည်။

“လန်ယွမ်. အဲ့လူငယ်ဘယ်မှာလဲဆိုတာကိုမင်းသိလား… ငါတို့ဘိုးဘေးတွေတည်ဆောက်ထားခဲ့တဲ့ အင်ပါယာအတွက်အလို့ငှာ ငါတို့လန်မိသားစုတစ်ခုလုံးအတွက်အ

လို့ငှာအဲ့လူငယ်ဘယ်မှာလဲမင်းသိရင် သူတို့ကို ပြောလိုက်ပါ”

အခြားအဘိုးအိုတစ်ဦးက လန်ယွမ်ထံသို့ကြည့်၍ ဖြူဖျော့သောမျက်နှာဖြင့်စိတ်မချမ်း

မြေ့စွာပြောလိုက်သည်။

“နေလနတ်ဘုရားဓားတွေက

တကယ်ကိုစွမ်းအားကြီးတယ်”

အသက်အကြီးဆုံးအဘိုးအိုက အခြားသူများပြောနေသည်အား

အာရုံစိုက်ခြင်းမရှိပေ။ သူ၏အကြည့်က

သူ့ရှေ့ရှိ နတ်ဘုရားဓားနှစ်လက်ပေါ်သို့ကျ

ရောက်နေသည်။

အဘိုးအို၏နှလုံးသားထဲ၌လက်သင့်မခံနိုင်မှုများဖြင့်ပြည့်နှက်နေ၏။

“ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်ကဒီညတကယ်ကိုစည်ကားနေတာပဲ. လူတွေအများကြီးကဒီသခင်လေးကိုလာရှာလိမ့်မယ်လို့ဘယ်သူကထင်မှာလဲ”

ဤအခိုက်အတန့်တွင် ငယ်ရွယ်ပြီး အေးအေးလူလူနိုင်သော အသံတစ်ခုက ညကောင်းကင်ယံထဲ၌ပဲ့တင်

ထွက်ပေါ်လာသည်။

ဤအသံအားကြားရပြီးသည့်နောက်တွင် အားလုံး၏မျက်နှာများကသိသိ

သာသာကိုပြောင်းလဲသွားသည်။ ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်ထဲတွင် ဤအသံအားရင်းနီးကြသောသူများကကမန်ကတမ်းပြောဆိုလိုက်သည်။

“အဲ့တာရှစ်ဖုန့်ပဲ. ရှစ်ဖုန့်ဒီကိုရောက်လာပြီ”

“တကယ်ရှစ်ဖုန့်ပဲ. ငါဒီအသံကိုမှတ်မိတယ်”

“ထျန်းခွန်းဂိုဏ်းနဲ့ နေလဂိုဏ်းတို့က သူ့အတွက် စုဖွဲ့ပြီးတောင်လာကြတာ .. သူကတကယ်ထွက်လာရဲတယ်လား. ဒီလူရဲ့ဇွဲသတ္တိကတော့နည်းနည်း

မများလွန်းဘူးလား”

“မင်းဘာသိလို့လဲ. မြင့်မြတ်ကုန်းမြေသုံးခုမှာ မြင့်မြတ်ကုန်းမြေနှစ်ခုက ခေါင်းဆောင်တွေကသူ့အတွက်ကျွမ်းကျင်သူတွေကိုဦးဆောင်ပြီးတော့လာတာ.. သူသေသွားရင်တောင် သူနောင်တမရနိုင်ဘူး. အကယ်၍ သူသာဒီညသေသွားရင် ရှစ်ဖုန့်ရဲ့နမည်က တော့သေချာပေါက် ကျန်ရစ်ခဲ့မှာပဲ. အရှေ့ပိုင်းဒေသကြီးမှာ ရှစ်ဖုန့်ဟာသေချာပေါက်မှတ်တမ်း

အတင်ခံရလိမ့်မယ်”

ဤအချိန်တွင် ငယ်ရွယ်သောအသံထွက်ပေါ်လာသောအခါ၌ အားလုံး၏အကြည့်များက အသံလာရာအရင်းအမြစ်ဆီသို့လိုက်

ပါလိုက်သည်။ ထို့နောက်တွင် အနက်ရောင်ပုံရိပ်တစ်ခုက ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်ထဲ

မှဖြည်းဖြည်းချင်း မြင့်တက်ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ဤအနက်ရောင်ပုံရိပ်အားရင်းနီးသည်ဖြစ်သည်။ဤလူအား ရှစ်ဖုန့်ဟုခေါ်၏။

ရှစ်ဖုန့်အားတွေ့လိုက်ရသောအခါတွင်နေလဂိုဏ်းခေါင်းဆောင် ရီချန်ရွှယ်က ပြုံး၍ပြောလိုက်သည်။

“ဒါကရှစ်ဖုန့်လား”

ဤလူနောက်ဆုံး၌ပေါ်လာခဲ့ပြီဖြစ်သည်။ ထျန်းလျန်အင်ပါယာဆီသို့သူတို့လာသည့်

ခရီးကအလာဟဿဖြစ်ပုံမပေါ်ပေ။

“သူပဲ. သံသယဖြစ်စရာမရှိဘူး”

ရီချန်ရွှယ်၏နောက်၌ရပ်နေသောခွန်းထျန်း

ယွီက ခေါင်းညိမ့်ပြီးပြောလိုက်သည်။ သူ၏ကိုယ်ပိုင်မျက်လုံးတို့ဖြင့် ရှစ်ဖုန့်အားမြင်တွေ့ဖူးခြင်းမရှိသော်လည်း သူထျန်းခွန်းဂိုဏ်း၌ရှိစဉ်တွင် ငယ်သားတစ်ယောက်က ၎င်း၏ပုံတူအား ပေးဖူးသည်ဖြစ်သ်ည။ ယင်းအားသံသယဖြစ်စရာမလိုအပ်ပေ။

“အင်း..ကောင်းတယ်..အရမ်းကောင်းတယ်..”

ရီချန်ရွှယ်ကခေါင်းညိမ့်လိုက်ပြီးအပြုံးတစ်ခုနှင့်အတူဆက်ပြောသည်။

All Chapters