← Chapters

အခန်း (၆၅၆)

Vol. 44 Ch. 656

အခန်း (၆၅၆)

Vol. 44 Ch. 656

ရှစ်ဖုန့်က ညကောင်းကင်ယံထဲသို့ ရောက်ရှိလာသည်။ သူ၏ငယ်ရွယ်ပြီး တင်းမာသောမျက်နှာက အစဉ်အမြတည်ညိမ်လျှက်ရှိသည်။ ရီချန်ရွှယ်၏စကားတို့အားသူကြား

လိုက်ရသောအခါတွင် သူကပြောလိုက်သည်။

“ဒီသခင်လေးက ရှစ်ဖုန့်ပဲ”

ထို့နောက် ရှစ်ဖုန့်က ရီချန်ရွှယ်၊ ယွဲ့ရှီဟန်နှင့်ခွန်းထျန်းယွီတို့အားကြည့်၍ အေးစက်စွာပြောလိုက်သည်။

“မင်းတို့ကရော ဘာကောင်တွေတုံး”

ရှစ်ဖုန့်၏စကားတို့က ညကောင်းကင်ယံထဲ၌ ပဲ့တင်ထပ်သွားပြီးအေက်၌ရှိနေကြသော ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်ထဲမှ လူများအားလုံး တုန်လှုပ်အံ့အားသင့်ကုန်ကြသည်။

“ဒီရှစ်ဖုန့်က .. သူက အရင်အတိုင်းပါပဲလား.. မြင့်မြတ်ကုန်းမြေသုံးခုကဂိုဏ်းခေါင်းဆောင်တွေ နဲ့ ဘုရင်မကိုတွေ့နေရတာတောင် သူက အရမ်းမောက်မာနေတုံးပဲ”

“သူကမောက်မာတာနဲ့အသားကျနေတာ

ဖြစ်လောက်ပေမဲ့ အခုက သူ့ရဲ့မောက်မာမှုတွေအဆုံးသတ်မဲ့အချိန်ပဲ’

“ဟီးဟီး. ဒီအကြောက်အလန့်ကင်းမဲ့တဲ့လူငယ်. အရှင်သခင်သုံးယောက်ကသူ့ကိုသတ်တဲ့

အခါဘယ်လိုမျိုး အံ့ဩဖို့ကောင်းတဲ့ မျက်နှာထားဖြစ်နေမလဲဆိုတာကို

ငါသိချင်မိတယ်”

ရှစ်ဖုန့်ပေါ်လာသောအခါ၌ရီချန်ရွှယ်တွင် စိတ်ဘဝင်ကောင်းမွန်သောအနေအထားဖြစ်နေပုံရသည်။ သူက ရှစ်ဖုန့်၏ “မင်းတို့ကဘာကောင်တွေလဲ” ဟူသောစကားကို ဂရုမထားရုံသာမက ရှစ်ဖုန့်အားပြုံးပြ၍ သူ့ကိုယ်သူပင်မိတ်ဆက်လိုက်သေးသည်။

“ဒီအရှင်က နေလဂိုဏ်းရဲ့အရှင်သခင် ရီချန်ရွှယ်ပဲ ဒါက တော့ငါ့ဂိုဏ်းရဲ့ဘုရင်မ ယွဲ့ရှီဟန် . ဒီအဘိုးကြီးကတော့ ထျန်းခွန်းဂိုဏ်းခေါင်းဆောင် ခွန်းထျန်းယွီပဲ “

“အိုး..ထျန်းခွန်းဂိုဏ်းကကိုး”

ရီချန်ရွှယ်၏စကားများအားကြားပြီးနောက် ရှစ်ဖန့်က သူ၏ခေါင်းကိုလှည့်၍ တုတ်ခိုင်သန်မာသည့်လူအိုကြီး ခွန်းထျန်းယွီပေါ်သို့သူ၏အကြည့်တို့ကျရောက်သွားသည်။ သူက ပြောလိုက်သည်။

“ဒီသခင်လေး မင်းရဲ့ဂိုဏ်းက လူအနည်းငယ်ကိုသတ်ခဲ့တယ်.အခုက မင်းဒီသခင်လေးကိုလက်စားချေဖို့အတွက်လာတာပေါ့”

ထို့နောက် ရှစ်ဖုန့်၏ အကြည့်က ရီချန်ရွှယ်နှင့်ယွဲ့ရှီဟန်၏မျက်နှာပေါ်သို့ပြောင်းလိုက်သည်။ သူကပြောလိုက်သည်။

“ဒါပေမဲ့.. အကယ်၍ထျန်းခွန်းဂိုဏ်းကဒီသခင်လေး

ကိုလက်စားချေချင်တာဆိုရင် မင်းရဲ့ဂိုဏ်းကရော ဒီသခင်လေးနဲ့ဘာတွေရှိထားလို့လဲ”

“ထားလိုက်ပါ. မင်းတို့က မင်းတို့အသက်တွေကို စွန့်ပစ်ချင်နေမှာတော့လည်း ဒီခင်လေး အချိန်မဖြုန်းချင်တော့ဘူး. မင်းတိုအားလုံး အတူတူ ကိုယ့်ကိုယ်ကိုယ်သတ်သေလို့ရတယ်”

ရှစ်ဖုန့်က ကြည်လင်သော အသံက ညကောင်းကင်ယံထဲ၌ဆက်လက်ပဲ့တင်ထပ်

သွားသည်။ သူ၏နောက်ဆုံးစကားက အထူးသဖြင့် ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်အတွင်းမှလူများအာမငြိမ်မသက်လှိုင်းဂယက်တို့ထသွား

စေသည်။

“အတူတူကိုယ့်ကိုယ်ကိုယ်သတ်သေတယ်..ဒီရှစ်ဖုန့်ကထျန်းခွန်းဂိုဏ်းနဲ့ နေလဂိုဏ်းကလူတွေအားလုံးကို ကိုယ်ကိုယ့်ကိုယ်သတ်သေစေချင်နေတယ်.. ငါများနားကြားမှားတာလား”

“ဒီ..ဒီရှစ်ဖုန့်က အရမ်းကိုရယ်ဖို့ကောင်းတာပဲ. ဟုတ်တယ်မလား.. သူကအရမ်း ဟန်ဆောင်ကောင်းလွန်းတယ်..ဒီအချိန်မှာ သူသေရတော့မှာကိုသိနေတာမလို့ ဒီလို့မျိုးဗရွတ်ရွှတ်တတွေ ပြောနေတာလား”

“ဟားဟား.ဝမ့်ကျိုးကိုသတ်ပြီးတဲ့နောက်မှာ ဒီရှစ်ဖုန့်က ထျန်းခွန်းဂိုဏ်းနဲ့နေလဂိုဏ်းကလူတွေကိုသတ်ပစ်နိုင်သေးတယ်လို့ ဦးနှောက်မရှိထင်နေသေးတဲ့ပုံရတယ်.. ဟားဟား.. ဝမ့်ကျိုးကဒီလူတွေနဲ့ အဆင့်မတူတာအသိသာကြီးကို”

“သူကမြင့်မြတ်ကုန်းမြေသုံးခုက အရှင်သခင်တွေကို ဘယ်လိုတောင်ဒီလိုစကားတွေပြောရဲတာလဲ. ဒီစောက်ကောင်တော့ ဒီညသေတော့မယ်”

ဤအချိန်၌ လန်မိသားစု၏ထိပ်တန်းစွမ်းအားကြီးသူများပင် ရှစ်ဖုန့်၏အခွင့်အရေးရှိနိုင်မှုနဲ့ပက်သက်ပြီး အကောင်းမြင် ဝါဒီမှရှိကြပေ။ သူကကောင်းကင်ဘုံသိုင်းမျှော်စင်မှထွက်လာပြီးနောက် ကြယ်ခုနှစ်ပွင့် မဟာသူတော်စင်နယ်ပယ်တစ်ယောက်ဖြစ်လာပြီး လန်ကျဲ့အားသတ်ပစ်ခဲ့သော်လည်း ယခုရင်ဆိုင်နေရသည်ကား ထျန်းခွန်းဂိုဏ်းနှင့်နေလဂိုဏ်းတို့မှလူများ

ဖြစ်သည်။

ယင်းမှာအထူးသဖြင့်နေလဂိုဏ်း၏

နေလနတ်ဘုရားဓားနှစ်လက်ဖြင့်ရင်ဆိုင်ရသည်ဆိုလျှင်ပို၍ မှန်မည်ဖြစ်သည်။ သူတို့အတူတကွပူးပေါင်းတိုက်ခိုင်ခဲ့သည်တောင် နတ်လနတ်ဘုရားဓားတို့အား ဆန့်ကျင်တွန်းလှန်နိုင်ခြင်းမရှိခဲ့ပေ။

“ဟားဟား ဂိုဏ်းခေါင်းဆောင်ကဒီလိုမျိုးလူပြက်တစ်ဦးကိုရှာတွေ့ထားမယ်လို့မထင်ထားခဲ့မိဘူး.

.ဒီလိုဆိုရင်တော့ ကျွန်တော့်ကိုပဲ ဒီလူပြက်ရဲ့ဒန်တန်ကိုဖျက်ဆီးပြီးသူ့ကိုခွေးတစ်ကောင်လိုပျိုးထောင့်ဖို့အတွက် ဂိုဏ်းဆီခေါ်လာဖို့ကျွန်တော့်ကိုလုပ်ခွင့်ပြုပါ..သူဘာမှလုပ်စရာမလိုဘဲ ကျွန်တော်တို့အတွက်ဖျော်ဖြေပေးပြီး ကျွန်တော်တို့ပျော်အောင်လို့ ဟာသတွေပြက်လုံးတွေပြောပေးရုံပဲ လိုတာ”

နေလဂိုဏ်းထဲမှ အသက်သုံးဆယ်အစောပိုင်းခန့်ရှိကာ နေအမှတ်အသားပါရှိသည့်ဝတ်ရုံအားဝတ်ဆင်ထားသည့်လူငယ်တစ်ဦး လူအုပ်ထဲမှအပြုံးတစ်ခုနှင့်အတူ လျှောက်လှမ်း ထွက်လာသည်။

အောက်၌ရှိနေကြသော ကျင့်ကြံသူများက ဤလူအားတွေ့လိုက်ရသောအခါတွင် သူတို့ချက်ချင်း၎င်းအားမှတ်မိလိုက်ကြပြီး တုန်လှုပ်အံ့အားသင့်သွားကြသည်။

“နေလဂိုဏ်းရဲ့နံပါတ်တစ် ပါရမီရှင် ရီကြွယ်”

“ဟုတ်တယ်.အဲ့တာရီကြွယ်ပဲ.ရီကြွယ်ရဲ့ကျင့်ကြံမှုနယ်ပယ်က ကြယ်ရှစ်ပွင့်မဟာသူတော်စင်နယ်ပယ်ကို

ရောက်ရှိပြီးနေပြီလို့ပြောကြတယ်.ရီကြွယ်ကို နေလဂိုဏ်းရဲ့နံပါတ်တစ် ပါရမီရှင်လို့ပြောရမှာထက် ရီကြွယ်က အရှေ့ပိုင်းဒေသကြီးရဲ့နံပါတ်တစ်ပါရမီရှင်

လို့ပြောရမှကပိုပြီးသင့်တော်တယ်”

“ရီကြွယ်က နေလဂိုဏ်းရဲ့ နေမင်းသားတော်ဆိုတဲ့ ဘွဲ့ကိုအပ်နှင်းခံထားရတယ်လို့ငါကြားထား

တယ်..နေမင်းရဲ့သားတော်ဆိုတာက နေလဂိုဏ်းရဲ့နောက်ခေါင်းဆောင်ဖြစ်လာပြီး နေနတ်ဘုရားဓားကိုလက်လွှဲပေးအပ်ခံရမဲ့သူပဲ”

ရီကြွယ်ထွက်လာသည်ကိုမြင်ရပြီးနောက် ရီချန်ရွှယ်ကခေါင်းညိမ့်လိုက်ပြီး ပြောလိုက်သည်။

“မှတ်ထားပါ.. သူ့အသက်ကိုချမ်းသာပေးရမယ်”

“နားလည်ပါပြီ”

ရီကြွယ်က အေးဆေးသောဟန်ပန်ဖြင့်ပြန်ဖြေလိုက်သည်။ ထို့နောက်ရုတ်ခြည်း သူက အေးဆေးသာယာသောဟန်ဖြင့် ရှစ်ဖုန့်ထံသို့လျှောက်လှမ်းသွားသည်။

ထို့နေက် လှောင်ပြောင်သောမျက်နှာထားဖြင့် ရှစ်ဖုန့်ကိုပြောလိုက်သည်။

“ဒီလိုအသက်အရွယ်မှာမင်းက ကြယ်ခုနှစ်ပွင့်မဟာသူတော်စင်နယ်ပယ်

ကိုရောက်နေလိမ့်မယ်လို့မမျှော်လင့်ထားခဲ့ဘူး. ငါမင်းအရွယ်တုံးကတောင် ဒီလိုပါရမီစွမ်းရည်မျိုးရှိမနေဘူး. ဒါပေမဲ့ အဲ့တာကဘာအသုံးကျလို့လဲ. ငါရီကြွယ်က အနာဂတ်မှာပိုပိုပြီးတာ့စွမ်းအားကြီးလာမှာ.. ငါကဧကရာဇ်နယ်ပယ်ကိုဝင်ရောက်နိုင်ဖို့

အတွက် ဖြစ်နိုင်ချေပိုပြီးမြင့်မားတယ်..မင်းလိုမျိုး ပါရမီရှင်တစ်ယောက်အတွက်ကတော့မကြာခင် ဒန်တန်ပျက်ဆီးပြီးဒုက္ခိတတစ်ယောက်ဖြစ်မှာပဲ. အနာဂတ်မှာမင်းကိုငါ့ရဲ့ခွေးတစ်ကောင်အ

ဖြစ်ပျိုးထောင်မယ်..ဟားဟား”

ရီကြွယ်မှာဤကဲသို့သောပါရမီရှင်တစ်ဦး၏ ဒန်တန်အားဖျက်ဆီးရမည်ကိုတွေးမိသော

အခါတွင် စိတ်လှုပ်ရှားမှုကိုစတင်ခံစားလာရသည်။

ပါရမီရှင်တစ်ဦးအတွက်ဝင့်ကြွားဂုဏ်ယူရဆုံးအခိုက်အတန့်မှာအခြားပါရမီရှင်များအားသတ်ရသည့်အခါ၌ဖြစ်သည်။အထူးသဖြင့် အသက်ဆယ့်ခြောက်ဆယ့်ခုနှစ်အရွယ်

လောက်ဖြင့်ကြယ်ခုနှစ်ပွင့်မဟာသူတော်စင်နယ်ပယ်သို့ဝင်ရောက်နေသော ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦးအား

သူတွေ့ရသောအခါ၌ဖြစ်သည်။

သူ့ထံသို့လျှောက်လှမ်းလာနေသော မျက်နှာထက်ရှိလှောင်ပြုံးနှင့်လူငယ်အားကြည့် ရှစ်ဖုန့်၏နှုတ်ခမ်းထောင့်က တွန့်ကွေးသွားပြီး အထင်သေးသောအပြုံးတစ်ခုထွက်ပေါ်

လာသည်။သူကအေးစက်စွာပြောလိုက်သည်။

“ခွေးငယ်လေးတစ်ကောင်က လာဟောင်ရဲသေးတယ်.မင်းကိုယ်မင်း

အရှက်ခွဲခံရဖို့တောင်းဆိုနေတာပဲ”

ရှစ်ဖုန့်ကစကားပြောရင်း သူ၏ညာလက်လက်ခလယ်အားကွေးလိုက်ပြီးရှေ့သို့တောက်ထုတ်လိုက်သည်။အဖြူရောင်ဓားချီတစ်ခုကရှစ်ဖုန့်၏လက်ချောင်းထိပ်မှတစ်ဆင့်ရီကြွယ်ထံသို့ဦးတည်ပျံသန်းသွားသည်။

“မင်းကပြန်တိုက်ရဲတယ်လား”

ရှစ်ဖုန့်ကသူ့အား စတင်တိုက်ခိုက်လိုက်သည်ကိုတွေ့

ရသောအခါတွင် ရီကြွယ်ကအေးစက်စွာအော်ပြောလိုက်သည်။ သူ၏ညာလက်အားသူ့ထံသို့ဦးတည်

ပျံသန်းလာနေသောအဖြူရောင်ဓားချီထံသို့ဆန့်ထုတ်လိုက်၏။ လက်သီးတစ်လုံးအရွယ်ရှိသော နေအရိပ်တစ်ခုက ရီကြွယ်၏လက်ဖဝါး၌ပေါ်လာပြီးမကနေ၏အလင်းရောင်အားထုတ်လွှတ်ကာ ဧရိယာတစ်ခုလုံးအားလင်းထိန်သွားစေသည်။

ဤအချိန်တွင်အဖြူရောင်ဓားချီက ရီကြွယ်၏လက်ဖဝါးနှင့်လက်ဖဝါးအတွင်းမှ နေအရိပ်တို့အား ထွင်းဖောက်သွားသည်။

ဤအခိုက်အတန့်တွင် ရီကြွယ်၏မျက်နှာထက်ရှိ အထင်သေးမှုနှင့်လှောင်ပြောင်သော

အမူအယာတို့ကသိသိသာသာကိုပြောင်းလဲသွားသည်။ သူ၏မျက်လုံးတို့ကပြူးကျယ်နေပြီး မယုံကြည်နိုင်သောအမူအယာတစ်ခု

အားပြသလာသည်။

သိပ်သည်းသောအဖြူရောင်ဓားချီကြောင့် သူ၏လက်ဖဝါးအတွင်းမှနေမင်း

၏ပုံရိပ်ယောင်မှာ တကယ်ဖျက်ဆီးခြင်းခံလိုက်ရသည်ဖြစ်သည်။ ကောင်းကင်နှင့်မြေပြင်ကြား

ထဲရှိနေမင်း၏အလင်းရောင်မှာ ရုတ်ခြည်းမှေးမှိန်ပျောက်ကွယ်သွား

ပြီးအမှောင်ထုအဖြစ်သို့ပြောင်းလဲသွားသည်။

အဖြူရောင်ဓားချီက ရီကြွယ်၏လက်ဖဝါးအားထွင်းဖောက်သွားရုံသာမက သူ၏ ဝမ်းဗိုက်အောက်ကိုလည်း ထွင်းဖောက်သွားသည်။

“မဟုတ်ဘူး..မဟုတ်ဘူး..မဟုတ်ဘူး”

ညကောင်းကင်ယံထဲတွင်ရီကြွယ်၏

ဝက်တစ်ကောက်အသတ်ခံရကာနီး

ကဲ့သို့အော်သံထွက်ပေါ်လာသည်။ ဓားချီထွင်းဖောက်သွားသောနေရာက သူ၏ဒန်တန်ဖျက်ဆီးခံလိုက်ရခြင်း

ဟုဆိုလိုခြင်းပင်ဖြစ်သည်။

“ပွက်”

ငါးပွက်သကဲ့သို့အသံတစ်ခုက ဟင်းလင်းပြင်ထဲ၌ရိုက်ခတ်ထွက်ပေါ်လာသည်။ရီကြွယ်မှာမျက်လုံးတို့ပြူးကျယ်စွာပွင့်နေပြီး ခေါင်းကိုငုံ့၍ သူ၏ဝမ်းဗိုက်အောက်သို့ ကြက်သေသေစွာကြည့်နေသည်။

သူ၏ဝမ်းဗိုက်အောက်ရှိအဝတ်၌အ

ပေါက်တစ်ခုဖြစ်နေသည်။ သူ၏အဝတ်အတွင်းအပေါက်အား

ဖြတ်သန်း၍ သူ၏ဝမ်းဗိုက်အောက်ခန္ဓာကိုယ်၌လည်း အပေါက်တစ်ခုဖြစ်နေသည်ကိုသူတွေရသည်ဖြစ်သည်။ သွေးရောင်အပေါက်မှတစ်ဆင့် တောက်ပနီရဲသောသွေးတို့ကပန်း

ထွက်နေသည်။

ရီကြွယ်မှာသူ့ခန္ဓာကိုယ်၌အပေါက်ဖြစ်ခြင်းအားတောင့်ခံရပ်တည်နိုင်သည်ဖြစ်သည်။သို့သော် ထိုအချိန်က စွမ်းအားကြီးစွမ်းအင်တစ်ခုကသူ၏

ဒန်တန်အားဖျက်ဆီးပစ်လိုက်သည်ကိုသူခံစားမိခဲ့ရသည်ဖြစ်၏။

ဤကဲ့သို့မျိုးဆက်တစ်ခု၏ပါရမီရှင်ဖြစ်သူ အသက်သုံးဆယ့်သုံးနှစ်အရွယ်၌ ကြယ်ရှစ်ပွင့်မဟာသူတော်စင်

နယ်ပယ်သို့ရောက်ရှိနေသော အရှေ့ပိုင်းဒေသကြီး၏နံပါတ်

တစ်ပါရမီရှင်တစ်ဦးအနေဖြင့် အနာဂတ်၌ အရှေ့ပိုင်းဒေသကြီးအတွင်း၌ ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်ရန်များစွာဖြစ်နိုင်ချေရှိသည်ဖြစ်သည်။သို့သော်ဤကဲ့သိုသောသူ၏ဒန်တန်ကယခုကဲ့သို့ဖျက်ဆီးခြင်းကိုခံခဲ့ရသည်။ရီကြွယ်အတွက်ဤသည်မှာသေသည်ထက်ပင်ပို၍

ဆိုးရွှားသည်ဖြစ်သည်။

“မဟုတ်ဘူး”

ရီကြွယ်က ရူးသွပ်စွာဖြင့်အော်ဟစ်လိုက်သည်။ သူ့အတွက်ဤအရှိတရားအားလက်သင့်ခံနိုင်ရန်ခဲယဉ်းသည်ဖြစ်၏။

All Chapters