← Chapters

အခန်း (၆၅၇)

Vol. 44 Ch. 657

အခန်း (၆၅၇)

Vol. 44 Ch. 657

ထျန်းလျန်အင်ပါယာ၏ ညကောင်းကင်ယံထဲ၌ဖြစ်သည်။

အရှေ့ပိုင်းဒေသကြီး၏နံပါတ်တစ်ပါရ

မီရှင်ဖြစ်သူ ရီကြွယ်တစ်ယောက်ပင်မည်မျှပင်အော်ဟစ်မြည်တမ်းနေပါစေ သူ၏ဒန်တန်ဖျက်ဆီးခံရပြီး ကွဲကြေသွားကာ သူဒုက္ခတတစ်ယောက်ဖြစ်သွား

သည့်အချက်အားပြောင်းလဲနိုင်ခြင်းမရှိပေ။

“အား”

ရီကြွယ်နောက်ဆုံးတစ်ကြိမ်

အော်ဟစ်လိုက်သည်။

သူ၏ဒန်တန်ပျက်ဆီးသွားပြီဖြစ်သောကြောင့် ရီကြွယ်အနေဖြင့်ဒုက္ခိတဖြစ်သွားပြီး ဆက်လက်ပျံသန်းနိုင်သောစွမ်းရည်

တို့ရှိမနေပေ။ သူ၏ခန္ဓာကိုယ်က ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်ထံသို့ပြုတ်ကျလာသည်။

“ရီကြွယ်”

“ရီကြွယ်”

“နေမင်းရဲ့သားတော်”

နေလဂိုဏ်းဘက်မှ အံ့အားသင့်စွာဖြင့်အော်ဟစ်သံများက အစီအရီထွက်ပေါ်လာသည်။ ထို့နောက်မကြာလိုက်ခင် သွေးနီရောင်မီးတောက်တစ်ခုကညကောင်းကင်ယံထဲမှကူးလူးလာပြီး ရီကြွယ်၏ကိုယ်အားဝါးမျိုသွားသည်ကို

တွေ့လိုက်ရသည်။ ထို့နောက်၎င်းက ကောင်းကင်ထဲရှိအနက်ရောင်ပုံရိပ်ထံသို့ ပြန်လှိမ့်ဝင်သွားသည်။

“မင်း..မင်းတကယ်ပဲ. ရီကြွယ်ကိုသတ်ရဲတယ်”

ရီကြွယ်မှာလူအုပ်ထဲမှလျှောက်လှမ်းထွက်လာ

ခဲ့ပြီးရှစ်ဖုန့်ဟုခေါ်သောလူငယ်ရှေ့သို့ရောက်ပြီးသည့်နောက် ရုတ်ခြည်းဆိုသလို သွေးနီရောင်မီးတောက်တို့၏ဝါးမျိုခြင်းကိုခံလိုက်ရသည်။ နေလဂိုဏ်းအတွင်းမှ ဂိုဏ်းအရှင်သခင်ဖြစ်သူ ရီချန်ရွှယ်၏ခက်ထန်သော အော်သံထွက်ပေါ်လာသည်။

ရီကြွယ်မှာ နေလဂိုဏ်းမှ နေမင်း၏သားတော်တစ်ပါးဖြစ်သည်။ သူက နေလဂိုဏ်း၏နောက်တက်လာမည့်အ

ရှင်သခင်ဖြစ်၏။ ရီချန်ရွှယ်မှာရီကြွယ်အပေါ်၌မျှော်လင့်ချက်များစွာပုံအောထားသည်ဖြစ်သည်။ ရီကြွယ်အသက်သုံးဆယ်အရွယ်၌ပင် သူနှင့်ကျင့်ကြံမှုနယ်ပယ်အတူသို့ ဝင်ရောက်နိုင်ခဲ့သည်ဖြစ်၏။ ကြယ်ရှစ်ပွင့်မဟာသူတော်စင်နယ်ပယ်

တစ်ယော်ကအနေဖြင့်သူ၏ အနာဂတ်အောင်မြင်မှုများကစိတ်ကူးကြည့်၍ မည်ရနိုင်မည်မဟုတ်ပေ။

ရီကြွယ်က နေလဂိုဏ်းအား မထင်မှတ်ထားသော ဂုဏ်ကျတ်သရေထွန်းပြောင်မှုအထိ

ဦးဆောင်သွားလိမ့်မည်ကို နေလဂိုဏ်းမှလူများအားလုံး

ကြိုမြင်ထားကြပြီးဖြစ်သည်။

သို့သော်နေလဂိုဏ်း၏အနာဂတ်

ခေါင်းဆောင်ဖြစ်သူ အရှေ့ပိုင်းဒေသကြီး၏နံပါတ်တစ်ပါရမီရှင်က ဤကဲ့သို့အသတ်ခံရမည်ကိုမည်သူ

ကမျှမျှော်လင့်ထားကြခြင်းမရှိချေ။

“သူတောင်းစားလေး.မင်းသေခြင်းဆိုး

နဲ့သေရမယ်”

ရီချန်ရွှယ်ကအံကိုတင်းနေအောင်ကြိတ်၍ ခက်ထန်စွာကြည့်နေသည်။ သူ၏အသွင်အပြင်အားကြည့်လျှင်သူ့အနေဖြင့် ရှစ်ဖုန့်အား အရှင်လတ်လတ်အရေခွံနွှာရန် မစောင့်နိုင်ဖြစ်နေ၏။

ရီကြယ်မွေးကင်းစအရွယ်ကတည်းက ရီချန်ရွှယ်ကနေလဂိုဏ်းသို့ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်ကို များစွာသောလူများသိကြသည်ဖြစ်သည်။ ရီကြွယ်ကတကယ်တော့ရီချန်ရွှယ်၏တရားမဝင်သားဖြစ်သည်ဟူသောကောလဟာလလည်းရှိသည်ဖြစ်သည်။

ရီချန်ရွှယ်ကရီကြွယ်အားနေမင်းသား

တော်ဟူသည့်ဘွဲ့အားအပ်နှင်းသောအခါတွင် ၎င်းတို့နှစ်ဦးကြားထဲကဆက်ဆံရေးများ များစွာသောလူတို့ပို၍ သင်္ကာမကင်းဖြစ်ကြသည်။သို့သော် မည်သူကမှ ဘာမှပြောရဲခြင်းမရှိပေ။

ခက်ထန်သောအော်သံနှင့်အတူ ရီချန်ရွှယ်က သူ၏ညာလက်အားဓားလက်ချောင်းအသွင်ပြုလုပ်လိုက်သည်။လေထဲ၌ရပ်တန့်နေသောနေနတ်ဘုရားဓားက ခြစ်ခြစ်တောက်ပူသော စွမ်းအင်တို့ကိုထုတ်လွှတ်လျှက် ရှစ်ဖုန့်ထံသို့ပျံသန်းလာသည်။

နေလဂိုဏ်း၏ခေါင်းကိုင်မိခင်တစ်ဖြစ်လည်း ဘုရင်မဖြစ်သူယွဲ့ရှီဟန်က ရီချန်ရွှယ်တစ်ယောက်ဓားလက်ချောင်း

အားထပ်မံပြုလုပ်လိုက်ပြီးနေနတ်ဘုရားဓားက ထပ်မံ ခုတ်ပိုင်းလာသည်ကိုတွေ့ရသောအခါတွင် သူမကလည်းဓားလက်ချောင်းအားဖြည်းညှင်းစွာပြုလုပ်လိုက်သည်။သူမက လနတ်ဘုရားဓားအားထိန်းချုပ်လိုက်ပြီးနေနတ်ဘုရားဓား၏နောက်မှနီးကပ်စွာလိုက်ပါ၍ ခုတ်ပိုင်းလိုက်သည်။

“အဆင့်ရှစ် အထွတ်အထိပ် ရွှမ်းလက်နက်ပဲ”

ရှစ်ဖုန့်ကညကောင်းကင်ယံထဲ၌ ဝင့်ကြွားစွာရပ်နေကာ သူ့ထံသို့ဦးတည်ပျံသန်းလာနေသော နေလနတ်ဘုရားဓားတို့အားကြည့်၍ တီးတိုးရေရွတ်လိုက်သည်။

“ဟမ့်”

ထို့နောက်ရှစ်ဖုန့်က အထင်သေးစွာဖြင့်နှာခေါင်းရှုံ့လိုက်ပြီး သူ၏ဘယ်လက်ဖဝါးအားရှေ့သို့

ထုတ်လိုက်သည်။တောက်ပသောသွေးနီရောင်အလင်းတစ်ခုက ရှစ်ဖုန့်၏ဘယ်လက်ဖဝါး၌လင်းလက်လာသည်။

“ဝေါင်း.ဂါး.ဂါး..ဂါး.ဂါ.”

ရုတ်ခြည်း သိပ်သည်းထူထပ်သော သားရဲများကဲ့သို့အော်ဟစ်သံများက ညကောင်းကင်ယံထဲ၌ရိုက်ခတ်ထွက်

ပေါ်လာသည်။ ရှစ်ဖုန့်၏ရှေ့တွင် သွေးနီရောင်အလန်းတို့ကအဆက်မပြတ်လင်းလက်လာပြီး ညကောင်းကင်ယံထဲ၌ပုံရိပ်များကတစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

ပုံရိပ်များထဲမှတစ်ခုက မှင်ကဲ့သို့မည်းနက်သောအရောင်ဖြစ်သည်။ ၎င်းကပေါ်လာပြီးပြီးချင်း ရှစ်ဖုန့်ထံသို့ဦးတည်ပျံသန်းလာနေသော နေလနတ်ဘုရားဓားတို့ထံသို့ လက်သီးတစ်လုံးကိုပစ်သွင်းလိုက်သည်။

“ဘန်း”

ကြွပ်ဆပ်သော အသံတစ်ခုက ညကောင်းကင်ယံထဲ၌ ပဲ့တင်ထွက်ပေါ်လာသည်။ အနက်ရောင်ပုံရိပ်၏တစ်ချက်တည်းသောလက်သီးဖြင့် ရှစ်ဖုန့်ထံသို့ဦးတည်ပျံသန်းလာနေသောနေနတ်ဘုရားဓားက နောက်သို့လွင့်ပျံသွားသည်။

“ဘန်း”

ထို့နောက်ချက်ချင်း ပိန်းပေါက်အော်နက်မှောင်သောပုံရိပ်က နောက်ထပ်တစ်ဖန်လက်သီးတစ်လုံးအား ပစ်သွင်းလိုက်ပြီး နောက်မှခုတ်ပိုင်းကျရောက်လာသော လနတ်ဘုရားဓားကိုလည်းအလွယ်တကူနောက်သို့လွင့်ထွက်သွားစေပြန်၏။

“ဒါ..ဒါကဘယ်လိုဖြစ်နိုင်မှာလဲ”

အနက်ရောင်ပုံရိပ်ထံမှလာသောလက်သီးနှစ်ချက်ဖြင့် နေလနတ်ဘုရားဓားတို့ကအ လွယ်တူနောက်သို့လွင့်ပျံလာသည်။ ရီချန်ရွှယ်ရောယွဲ့ရှီဟန်တို့နှစ်ယောက်စလုံး

မယုံကြည်နိုင်ဖြစ်နေကြသည်။

“ဒါက…..”

“ဒါက..”

“ဒါတွေကဘာတွေလဲ.”

ဤအချိန်တွင် ညကောင်းကင်ယံထဲ၌သာမကဘဲ ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်ထဲ၌ပါ တိုက်ပွဲအားစောင့်ကြည့်နေကြသောလူများ

၏မျက်နှာကသိသိသာသာကိုပြောင်းလဲ

သွားကြသည်။ အံ့အားတသင့်ပြောဆိုသံလှိုင်းများကထွက်ပေါ်လာသည်။

ဘာမှမသိရသော လူသားပုံစံသက်ရှိကြောင့်နေလနတ်ဘုရားဓားတို့ နောက်သို့လွင့်ထွက်သွားရုံသာမက များစွာသော ပုံရိပ်များကလည်း ရှစ်ဖုန့်၏ရှေ့ညကောင်းကင်ယံထဲ၌

ပေါ်လာသည်။ ဤပုံရိပ်များက လူသေများကဲ့သို့လှုပ်ရှားနေကြ၏။

“ယင်အလောင်းတွေ. အဲ့တာတွေကယင်အလောင်းကောင်တွေပဲ. မိုးကောင်းကင်ရေ.. ယင်အလောင်းကောင်တွေမှအများကြီးပဲ”

“အဲ့..အဲ့အနက်ရောင်ပုံရိပ် သူ..သူက နေလနတ်ဘုရားဓားတွေကိုလက်သီးတစ်ချက်တည်းနဲ့လွင့်ထွက်သွားအောင်လုပ်ပစ်တယ်.

.ဒါက..ဒါကဘာကြီးလဲ”

နေလဂိုဏ်းမှကျင့်ကြံသူများ၊ ထျန်းခွန်းဂိုဏ်းမှကျင့်ကြံသူများနှင့် လန်မိသားစုဝင်များအားလုံးက ယင်အလောင်းကောင်အုပ်စုကြီးအား

တုန်လှုပ်အံ့အားသင့်စွာကြည့်နေကြသည်။

သူတို့အားလုံးက အနက်ရောင်ပုံရိပ်အားစိုက်ကြည့်နေကြ၏။

ရှစ်ဖုန့်က ချိတ်ပိတ်ကုန်းမြေမှသူရရှိခဲ့သော ယင်အလောင်းကောင် နှစ်ထောင့်ငါးရာကိုးဆယ့်ကိုးကောင်

ကိုထုတ်လွှတ်ခဲ့ရုံမက တီရှာကိုလည်းထုတ်လွှတ်ခဲ့သ်ည။ ညကောင်းကင်ယံထဲတွင် သားရဲများကဲ့သို့အော်သံများက

ထွက်ပေါ်နေသည်။

ယင်အလောင်းကောင်များ လွင့်မျောရပ်တည်နေသော ညကောင်းကင်ယံထဲ၌ သေခြင်းအနက်ရောင်ချီအမျှင်စုတို့က ဝစ်ရဲနေ၏။ထို့နောက် သေခြင်းချီတို့က ညကောင်းကင်ယံအတွင်းဖြည်းညှင်းစွာ ပျံ့နှံ့လာသည်။

“ဟမ့်”

ရှစ်ဖုန့်၏မျက်နှာထက်၌ လှောင်ပြုံးတစ်ခုရှိနေဆဲဖြစ်သည်။ သူက သူ့ရှေ့ရှိထျန်းခွန်းဂိုဏ်းနှင့်နေလဂိုဏ်း

တို့မှလူများအားကြည့်၍ အေးစက်စွာပြောလိုက်သည်။

“မင်းတို့အားလုံးကဒီသခင်လေး

အတွက်လာမှတော့ ဒီမှာပဲထာဝရနေကြတော့”

“အလောင်းကောင်ဧကရာဇ်.. အဲ့တာကအလောင်းကောင်ဧကရာဇ်ပဲ.”

ဤအချိန်တွင် ထျန်းခွန်းဂိုဏ်းမှခွန်းထျန်းယွီက ယင်အလောင်းကောင်အုပ်စုအတွင်းမှ တုတ်ခိုင်သော အနက်ရောင်ပုံရိပ်အားကြည့်၍ အော်ပြောလိုက်သည်။

“အလောင်းကောင် ဧကရာဇ်” ဟူသောစကားနှစ်လုံးထွက်ပေါ်လာချိန်တွင် အားလုံး၏မျက်နှာထက်၌ တုန်လှုပ်အံ့အားသင့်မှုတို့တွဲခိုလာသည်။ အချို့ဆိုလျှင်ထိတ်လန့်နေကြသည်ဖြစ်သည်။

အလောင်းကောင်ဧကရာဇ်ဆိုသည်မှာ ဧကရာဇ်နယ်ပယ်ယင်အလောင်း

ကောင်ဟုဆိုလိုခြင်းပင်ဖြစ်သည်။

“ဆုတ်ကြ..မြန်မြန်ပြန်ဆိုတ်ကြ”

မူလက ဂုဏ်မောက်နေသော ခွန်းထျန်းယွီမှာ လျှင်စွာထပ်မံအော်လိုက်သည်။ အလောင်းကောင်ဧကရာဇ်ထွက်ပေါ်

လာသည်နှင့်မည်သူကမျှ အလောင်းကောင်ဧကရာဇ်အား

ယှဉ်နိုင်မည်မဟုတ်ပေ။

ထျန်းခွန်းဂိုဏ်းနှင့် နေလဂိုဏ်းတို့မှခေါင်းဆောင်များက လှုပ်ရှားမှုတစ်ခုပြုလုပ်လိမ့်မည်ဟုမည်သူကထင်ခဲ့ပါမည်နည်း။သူတို့က မဟာသူတော်စင်နယ်ပယ်ကျွမ်းကျင်သူနှစ်ဆယ်ကျော်တို့ကိုဦးဆောင်၍ ရှစ်ဖုန့်ဟုခေါ်သောလူငယ်ကျင့်ကြံသူကိုရှာရန် ထျန်းလျန်အင်ပါယာတော်ဝင်မြို့

တော်သို့ပင်လာခဲ့သည်ဖြစ်သည်။

သို့သော်သူတို့သံမဏိပြားတစ်ခုအားကန်မိသည်ကိုချက်ချင်းသဘောပေါက်လိုက်မိကြသည်။ထိုလူငယ်၌ အလောင်းကောင်ဧကရာဇ်ကတကယ်ကြီး

၎င်းနှင့်အတူရှိနေသည်။

“ဒီ..ဒီလူငယ်က ဘယ်လိုလူမျိုးလဲ”

ညကောင်းကင်ယံထဲရှိလန်မိသားစု

ဘက်ခြမ်းတွင် ကျွမ်းကျင်သူအားလုံးကတစ်ယောက်ကိုယ်တစ်ယောက်ကြည့်နေကြသည်။ လူငယ်က အလောင်းကောင်ဧကရာဇ်အား ဖုံးကွယ်ထားလိမ့်မည်ဟုမည်သူကမျှမမျှော်လင့်ထားကြပေ။ လန်ကျဲ့တစ်ယောက်၎င်းအားသွားရှာချိန်၌ ထာဝရထွက်ခွာသွားရသည်မှာ အံ့ဩစရာတစ်ခုမဟုတ်တော့ပေ။

အချို့သော အဘိုးအိုများမှာ လန်ကျဲ့၏လှုံ့ဆော်သောစကားတို့ဖြစ်သည့် “ဤလူငယ်ကအရမ်းအန္တရာယ်များပြီး ဤသို့သာဆက်သွားလျှင် ထျန်းလျန်အင်ပါယာကသူ၏လက်ထဲသို့

ကျရောက်သွားမည်” တို့ကို ကြားခဲ့ရချိန်တွင်လန်ကျဲ့ထက်အားနည်းလှခြင်းမရှိသောအဘိုးအိုအချို့က ဤလူငယ်ကိုသတ်ချင်ခဲ့ကြသည်။

ယခုဤလူများက အလောင်းကောင်ဧကရာဇ်အားမြင်

တွေ့ရချိန်တွင် သူတို့၌တစ်ချိန်ကရှိခဲ့သော

သတ်ဖြတ်ချင်စိတ်တို့ကို ပြန်အမှတ်ရမိကြသည်။

ကံကောင်းစွာဖြင့် လန်ကျဲ့၏အဓိပ္ပါယ်မရှိသောစကား

အားသူတို့နားမထောင်ခဲ့ပေ။ထိုသို့သာ မဟုတ်ပါက ဖြစ်လာမည့်အကျိုးဆက်မှ စိတ်ကူး၍ပင်ရလိမ့်မည်မဟုတ်ချေ။

နေလဂိုဏ်းနှင့်ထျန်းခွန်းဂိုဏ်းဘက်၌ ခွန်းထျန်းယွီ၏အော်သံထွက်ပေါ်လာသည်။ ပုံရိပ်များစွာကငှက်များနှင့်သားရဲများကဲ့သို့ အုပ်စုခွဲကာ ဦးတည်ချက်အနှံ့သို့ ထွက်ပြေးကြသည်။အလောင်းကောင်

ဧကရာဇ်ပေါ်လာချိန်တွင်သူတို့မည်ကဲ့သို့ထွက်မပြေးဘဲနေနိုင်ပါမည်နည်း။

သို့သော်ထို့နောက်တွင် သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူတစ်ဦးက အံ့အားသင့်စွာအော်ပြောလိုက်သည်။

“ဟင်း.ဟင်းလင်းပြင်ကိုဆန်းကြယ်တဲ့စွမ်းအားအချို့ကကာဆီးထားတယ်.. ဒါ..ဒါကဘယ်လိုစွမ်းအားမျိုးလဲ”

All Chapters