အခန်း (၆၅၈)
Vol. 44 Ch. 658
“ဒါက.. သေခြင်းစွမ်းအားပဲ.. ထောင်ပေါင်းများစွာသောယင်အ
လောင်းကောင်တွေနဲ့ဖွဲ့စည်းထားတဲ့အစီအရင်တစ်ခုကနေထုတ်လွှတ်တဲ့သေခြင်း စွမ်းအားပဲ..ဒါက သေခြင်းဧကရာဇ်ရဲ့ အလောင်းတစ်သောင်းအစီအရင်ပဲ”
လန်မိသားစုတည်ရှိရာ ညကောင်းကင်ယံထဲ၌ လန်ယွမ်က ထွက်ပြေးနေသောကျင့်ကြံသူများနှင့် ဆန်းကြယ်သောစွမ်းအားတစ်ခုက ပိတ်ဆို့ထားခြင်းခံထားရသောကြောင့် အလန့်တကြားဖြစ်နေကြသော ၎င်းတို့အားကြည့်နေသည်။
သူ၏လက်အောက်ငယ်သားဖြစ်သူပေးပို့သော သတင်းမှတစ်ဆင့် ရှစ်ဖုန့်က ကျိုးယို၏အဆက်အနွယ်ဖြစ်သည်ကိုသူသိထားသည်ဖြစ်သည်။ သို့သော်ယခုအခါတွင် ရှစ်ဖုန့်က ယင်အလောင်းကောင်များဖြင့်ဖွဲ့စည်းထားသောနမည်ကျော်သေခြင်းဧကရာဇ် ၏အလောင်းတစ်သောင်းအစီအရင်
အားထုတ်လွှတ်သောအခါတွင် လန်ယွမ်တစ်ယောက်မနေနိုင်ဘဲ အံ့အားသင့်စွာပြောဆိုမိသည်။
“သေခြင်းဧကရာဇ်လား…
အလောင်းတစ်သောင်းအစီအရင်ဟုတ်လား”
လန်မိသားစုမှအဘိုးအိုများအားလုံးမှာ မြေအောက်နန်းတော်ထဲ၌ ဖုံးကွယ်၍ကျင့်ကြံနေခဲ့ကြသည်ဖြစ်သော
ကြောင့်သေခြင်းဧကရာဇ်က မည်သူဆိုသည်အားမသိကြချေ။
ဤအချိန်တွင် လန်ကွမ်းက အဘိုးအိုများကိုရှင်းပြသည်။
“သေခြင်းဧကရာဇ် လင်ယဲ့ဖုန်းက လက်ရှိ အလယ်ပိုင်းဒေသကြီးရဲ့အရှင်သခင်ပဲ. သူကတစ်ချိန်တုံးက ထျန်းဟန်တိုက်ကြီးရဲ့နံပါတ်တစ်ကျွမ်းကျင်သူ ဧကရာဇ်ကျိုးယိုရဲ့ တပည့်တစ်ဦးဖြစ်တယ်.. ဒီအလောင်းတစ်သောင်းအစီအရင်က သေခြင်းဧကရာဇ်ရဲ့ အန္တိမပညာရပ်တွေထဲကတစ်ခုပဲ”
“အိုး.. ဒီတော့သူကဧကရာဇ်ကျိုးယိုရဲ့တပည့်ပေါ့.. “
“ဧကရာဇ်ကျိုးယို”ဟူသောစကားအား
ကြားလိုက်ရသောအခါတွင် အဘိုးအိုများကခေါင်းညိမ့်လိုက်သည်။ သို့သော် အခြားအဘိုးအိုတစ်ဦးကပြောလိုက်သည်။
“ဒါဆို ဒီရှစ်ဖုန့်က သေခြင်းဧကရာဇ်ရဲ့အန္တိမပညာရပ်ကို
သိနေတယ်ပေါ့ ..ဖြစ်နိုင်တာဒီရှစ်ဖုန့်က..”
“ဟုတ်တယ်..အမှန်ပဲ..”
လန်ယွမ်ကခေါင်းညိမ့်ပြီးပြောလိုက်သည်။
“ကျုပ်လူတွေကိုစုံစမ်းဖို့အတွက်လွှတ်ခဲ့တယ်. ဒီရှစ်ဖုန့်က ကျိုးယိုရဲ့အဆက်အနွယ်တစ်ယောက်ပဲ”
“ဒီတော့ ဒီရှစ်ဖုန့့် သူက ကျိုးယိုရဲ့အဆက်အနွယ်ကိုး”
“အလောင်းတစ်သောင်းအစီအရင်. ဒါက သေခြင်းဧကရာဇ်ရဲ့အလောင်းတစ်သောင်းအစီအရင်ပဲ. “
ညကောင်းကင်ယံထဲတွင် ခွန်းထျန်းယွီမှာ ဆန်းကြယ်ပြီး စွမ်းအားကြီးသောစွမ်းအင်တို့၏ပိတ်ဆို့ခြင်း
ကိုခံထားရသည်။ သူကအလန့်တကြားပြောလိုက်သည်။
“အလောင်းတစ်သောင်းအစီအရင်.. ဒီလူကဘယ်သူလဲ. သူကဘယ်လိုဖြစ်ပြီးတော့ သေခြင်းဧကရာဇ်ရဲ့အလောင်းတစ်သောင်းအစီအရင်ကိုသိနေရတာလဲ”
“ဝုန်း..ဝုန်း..ဝုန်း.ဝုန်း..ဝုန်း.”
ထျန်းခွန်းဂိုဏ်းနှင့်နေလဂိုဏ်းတို့က ညကောင်းကင်ယံ၏ဟင်းလင်းပြင်အား တစ်ယောက်ပြီးတစ်ယောက်
တိုက်ခိုက်ကြသည်။ ဆန်းကြယ်သောစွမ်းအင်အားကျိုး
ပျက်အောင်လုပ်ပြီး ထွက်ပြေးရန်လမ်းကြောင်းတစ်ခု
ပွင့်လိုကြသည်။ သို့သော် ဆန်းကြယ်စွမ်းအားကြီးသော
မမြင်နိုင်သည့်စွမ်းအင်ကလုံးဝ
လှုပ်ရှားခြင်းမရှိချေ။
သူတို့၏တိုက်ခိုက်မှုကြောင့်လှိုင်း
တွန့်အနည်းငယ်ပင်ဖြစ်ပေါ်ခြင်းမရှိပေ။
နေနတ်ဘုရားဓားက တောက်ပသောနေအလင်းရောင်ကို
ထုတ်လွှတ်ပြီး ခြစ်ခြစ်တောက်ပူသော နေ၏စွမ်းအားကိုထုတ်လွှတ်လျက်ရှိသည်။ လနတ်ဘုရားဓားဖြတ်သန်းသွားနေသောနေရာတိုင်းတွင်က လေထုက အေးစက်သောရေခဲအဖြစ် ဖွဲ့စည်းသွားသည်။ နေနတ်ဘုရားဓားနှင့်လနတ်ဘုရားဓားတို့က ရောယှက်ပြီး အဆက်မပြတ်လည်ပတ်ကာ နေနဲ့လတို့ကတစ်ခုတည်းဖြစ်သွားသကဲ့သို့ ရေခဲနှင့်မီးတို့က တစ်ခုတည်းဖြစ်သွားသကဲ့သို့ ဖြစ်ပြီး ရုတ်တရက် ညကောင်းကင်ကောင်းကင်ယံထံသို့ ပေါက်ကွဲဦးတည်သွားသည်။
ကောင်းကင်အားလှုပ်ခါစေသော ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်လာသည်။ သို့သော် ထို့နောက်ရုတ်ခြည်း ရီချန်ရွှယ်နှင့် အမြဲအေးစက်၊မောက်မာ ပြီး ခံစားချက်မဲ့သောအသွင်ရှိသည့်ယွဲ့ရှီဟန်ပင် အမူအယာတို့ကြီးစွာပြောင်းလဲသွားသည်။ သူတို့အားလုံး မယုံကြည်နိုင်မှုများဖြင့်ပြည့်နှက်နေ၏။
သူတို့၏နေလနတ်ဘုရားဓားတို့အားပေါင်းစည်းမှုကပင် ထိုဆန်းကြယ်သောစွမ်းအားအား
ချိုးဖျက်နိုင်ခြင်းမရှိပေ။
“ကောင်းပြီ.. မင်းတို့စွမ်းအင်တွေကိုဖြုန်းတီးမနေကြနဲ့.. ဒီညမင်းတို့အားလုံးသေပြီ”
ငယ်ရွယ်ပြီး ကြည်လင်သောအသံတစ်ခုက ညကောင်းကင်ယံထဲ၌ ထပ်မံပဲ့တင်ထွက်ပေါ်လာသည်။
၎င်းမှာသေခြင်း၏နတ်ဆိုးတစ်ပါး
အသံကဲ့သို့ပင်ဖြစ်သည်။သေဖို့သေချာပြီ ဟူသောစကားက အမြဲတမ်း အရှိန်အဝါမြင့်မားကြသောမဟာ
သူတော်စင်နယ်ပယ်တို့၏နှလုံးသားအား တုန်ယင်အောင်ပြုလုပ်သွားသည်ဖြစ်သည်။
“ဒါက..”
“ဒါက…”
“ဒါက..”
“ဒါက..”
အောက်ရှိထျန်းလျန်အင်ပါယာ တော်ဝင်မြို့တော်ထဲ၌ ရှိနေကြသော ညကောင်းကင်ယံထက်သို့ကြည့်
နေကြသည့်လူများ၏မျက်နှာများမှာ အရမ်းကိုတုန်လှုပ်အံ့အားသင့်နေကြပြိး စကားပြောနိုင်ခြင်းပင်မရှိကြချေ။
“တန်ပြန်တိုက်ခိုက်မှု..ဒါကတကယ်ပဲရှစ်ဖုန့်ရဲ့တန်ပြန်တိုက်ခိုက်မှုပဲ..”
အစက မြင့်မြတ်ကုန်းမြေနှစ်ခုမှလူများကသူတို့၏ထိပ်တန်းအဆင့်ကျွမ်းကျင်သူများအား
ပူးပေါင်းလာမှုကြောင့်ယနေ့ည၌ ရှစ်ဖုန့်တစ်ယောက်သေပြီဟုသူတို့
ထင်ခဲ့ကြသည်။သို့သော်ရှစ်ဖုန့်က ထျန်းခွန်းဂိုဏ်းနှင့်နေလဂိုဏ်းမှလူများအား ကြောင်ကိုမြင်သောကြွက်များကဲ့သို့ ထွက်ပြေးအောင်တကယ်ကြီးလုပ်ခဲ့၏။
ခုဏတင် သူက အေးအေးလူလူနှင့်ခြားနားမှုမရှိသော
လေသံဖြင့်ပင် “မင်းတို့သေပြီ” ဟုပြောခဲ့သည်။
၎င်းတို့မှာ မြင့်မြတ်ကုန်းမြေနှစ်ခုမှ ပြိုင်ဘက်ကင်းကျွမ်းကျင်သူများဖြစ်ကြပြီး အရှေ့ပိုင်းဒေသကြီး၏ အသန်မာဆုံးသော ကျွမ်းကျင်သူအယောက်နှစ်ဆယ်ကျော်ဖြစ်သည်။ ဤလူများက အခြေခံအားဖြင့် မြင့်မြတ်ကုန်းမြေနှစ်ခုအားကိုယ်စားပြုသူများဖြစ်ကြ၏။ဖ
သို့သော် အစောက ၎င်းတို့မှာရှစ်ဖုန့်၏ သေမိန့်စကားကို အပြောခံခဲ့ရသည်ဖြစ်သည်။
ယနေ့ညမြင်ကွင်းက အိမ်မက်တစ်ခုနှယ်ဖြစ်လှသည်။
အချို့လူများမှာသူတို့အိမ်မက်မက်နေသည်ဟု သင်္ကာမကင်းဖြစ်ကြ၏။ ဤသည်က အရမ်းကို လက်တွေ့ဆန်လွန်းနေသည်။ သို့သော် သူတို့ ပေါင်အားဆွဲစိတ်လိုက်သောအခါတွင် ၎င်းကတကယ်ကိုနာကျင်သည်ဖြစ်သည်။ဤအရာကားအိမ်မက်တစ်ခုဟုတ်မနေပေ။
ရှစ်ဖုန့်ကစကားပြောပြီးနောက်သူ၏ကိုယ်က ရွေ့လျားသွားပြီး အပေါ်သို့ပျံတက်လိုက်သည်။ သူက ယင်အလောင်းကောင်အုပ်စု၏ အပေါ်သို့ ပျံတက်လိုက်ပြီး ဝင့်ကြွားစွာရပ်နေ၏။ ယင်အလောင်းကောင်တို့မှထုတ်လွှတ်သော သေခြင်းစွမ်းအင်တို့က ဆွဲယူမှုခံရသကဲ့သို့ ရှစ်ဖုန့်ထံ ထိုးတက်သွားသည်။
ဤအချိန်တွင်ရှစ်ဖုန့်က သူ၏ညာလက်အားဓားလက်ချောင်း
အသွင်ပြုလုပ်လိုက်ပြီး အသက်ခြောက်ဆယ်အရွယ်ရှိသော အဘိုးအိုထံသို့ထိုးညွှန်လိုက်သည်။
အဘိုးအိုက သူ၏ညာလက်အားတင်းနေအောင်ဆုပ်
ထားပြီး ၎င်းက ပြင်းထန်သောလျှပ်စီးများဖြစ်ပေါ်နေကာ သူ့ရှေ့ရှိဟင်းလင်းပြင်အားတိုက်ခိုက်နေသည်။ ဤအချိန်တွင်သေခြင်း၏အေးစက်သော အော်ရာကိုသယ်ဆောင်လာသည့်အနက်ရောင်တံစဉ်တစ်ခုက အဘိုးအို၏အထက်
၌ပေါ်လာပြီး အဘိုးအို၏ ဦးခေါင်းထံသို့လွှဲယမ်းခုတ်ပိုင်းလိုက်သည်။
ထိုတံစဉ်က သေခြင်းကောက်ရိတ်ဓား၏ အသွင်အပြင်ကို အခြေခံပြီး ရှစ်ဖုန့်ဖွဲ့စည်းထားခြင်းဖြစ်သည်။
သူ၏ညာလက်သီးဖြင့်တိုက်ခိုက်နေသောအဘိုးအိုမှာသူ၏အထက်မှလာသောတိုက်ခိုက်မှုကိုရုတ်ခြည်းခံစားလိုက်ရသည်။ သူကရုတ်ခြည်းခေါင်းမော့လိုက်ပြီး ခရမ်းရောင်လျှပ်စီးတို့ဝန်းရံနေသော သူ၏လက်သီးဖြင့် အနက်ရောင်သေခြင်းတံစဉ်ထံ
အလျှင်အမြန်ထိုးလိုက်သည်။
“အား”
ညကောင်းကင်ယံထဲ၌ အ ဘိုးအို၏နာကျင်မှုအပြည့်ဖြင့်အော်သံထွက်ပေါ်လာသည်။သေခြင်းတံစဉ်၏သက်ရောက်မှုအောက်တွင်ခရမ်းရောင်လျှပ်စီးတို့ဝန်းရံနေသော အဘိုးအို၏လက်သီးမှာ ရုတ်ခြည်းခုတ်ပိုင်းခံလိုက်ရသ်။ ထို့နောက် ချက်ချင်း တံစဉ်က အဘိုးအို၏ဦးခေါင်းအားဖြတ်သွားပြီး ၎င်းအားတိုက်ရိုက်နှစ်ပိုင်းပိုင်းပစ်လိုက်သည်။
အဘိုးအို၏အလောင်းပိုင်းနှစ်ခုမှ တောက်ပနီရဲသောသွေးတို့ပန်းထွက်လာပြီးယင်အလောင်းကောင်များ၏အထက်၌ ဝင့်ကြွားစွာရပ်နေသော ရှစ်ဖုန့်ထံသို့တစ်ဟုန်ထိုးဝင်ရောက်သွားသည်။ အလောင်းအပိုင်းနှစ်ခုကလျှင်မြန်စွာခြောက်သွေ့သွားပြီး ထျန်းလျန်အင်ပါယာတော်ဝင်မြို့
တော်ပေါ်သို့ပြုတ်ကျလာသည်။
“သေ..သေသွားပြီ.ဒီလူက ခွန်းထျန်းယွီရဲ့ညာလက်ရုံး ကြွယ်ရှန်ပဲ. သူ..သူက အချိန်အကြာကြီးကတည်းကနမည်ကျော်ခဲ့တဲ့ ကြယ်ခုနှစ်ပွင့်မဟာသူတော်စင်နယ်ပယ်တစ်ဦးပဲ. သူကတကယ်ပဲဒီလိုမျိုးသေသွားတယ်”
အဘိုးအိုသေဆုံးသွားပြီးနောက် ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်ထဲမှတစ်စုံတစ်ယောက်က အလျှန်အမြန်အလန့်တကြား
အော်ပြောလိုက်သည်။
“နောက်ထပ်က ဒီတစ်ယောက်”
အဘိုးအိုအားသတ်ပြီးနောက် ရှစ်ဖုန့်က သူ၏ဓားအား နှစ်လိုဖွယ်ကောင်းပြီးလှပသော အမျိုးသမီးတစ်ဦးထံသို့ လျှင်မြန်စွာထိုးညွှန်လိုက်သည်။
“အား”
ညကောင်းကင်ယံထဲ၌ နာကျင်မှုအပြည့်ဖြင့်အော်ဟစ်သံတစ်ခုထွက်ပေါ်လာသည်။
မူလကထိုအမျိုးသမီးမှာသူမ၏
လက်ဖဝါးအားဝေ့ယမ်းပြီး တောခုတ်ဓားများအားထုတ်လွှတ်လျှက် သေခြင်းတံစဉ်၏တိုက်ခိုက်လာ
မှုကိုပိတ်ဆို့ခဲ့သည်။ သို့သော် အဆုံးသတ်တွင် တောခုတ်ဓားများကဖျက်ဆီးခံလိုက်ရပြီး အနက်ရောင်သေခြင်းတံစဉ်က သူမအားနှစ်ပိုင်းပိုင်းသွားသည်။
“နေလဂိုဏ်းက လတမန်တော် တုမိန်ကျောင်း ..ကျင့်ကြံသူပေါင်းများစွာရဲ့နှလုံးသားထဲက လနတ်ဘုရားမ ကြယ်ခြောက်ပွင့်မဟာသူတော်စင်နယ်ပယ်တစ်ယောက်ဖြစ်တဲ့ သူ ..သူမကတကယ်သေသွားတယ်. ဒီရှစ်ဖုန့်က တကယ်ရက်စက်တဲ့ကောင်ပဲ”
“ရှူး… မင်းအသံတိုးတိုးပြော. ရှစ်ဖုန့်သာမင်းပြောတာကိုကြားသွားဂ၇◌င်. မင်းတင်သေမှာမဟုတ်ဘူး. သူက ဒီဘက်ကိုလည်းတိုက်ခိုက်ပြီးတော့ ငါတို့ကိုပါမင်းနဲ့အတူသင်္ဂြိုလ်သွားအောင်လုပ်လိမ့်မယ်”
ထိုကျင့်ကြံသူမှာသူ့ဘေးမှလူ၏အကြံပေးစကားအားကြားလိုက်ရသောအခါတွင် သူ၏ပါးစပ်အားအလျှင်အမြန်
ပိတ်ကာလိုက်သည်။ တုမိန်ကျောင်းသေဆုံးသွားမှုကြောင့် သူ၏စိတ်ခံစားချက်တို့များသွားပြီး လျှာရှည်မိလိုက်ခြင်းဖြစ်သည်။
ထို့နောက်တွင်ထိုကျင့်ကြံသူ၌ နိုးကြားမှုတို့ဖြင့်ပြည့်နှက်နေသည်။သူက ညကောင်းကင်ယံထဲရှိပုံရိပ်အား
သူခိုးတစ်ယောက်ကဲ့သို့ကြည့်လိုက်ပြီး သူ့ပတ်ဝန်းကျင်မှလူများကိုလည်းသူ့အား မှတ်မိနေမည်လားကြည့်လိုက်သည်။
ထို့နောက်တွင် ထိုလူကလူအုပ်ထဲမှထွက်ကာ ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်ထဲမှ ထွက်ခွာသွားသည်။ အစောပိုင်းကသူပြောခဲ့သည်အား ရက်စက်သောရှစ်ဖုန့်မကြားခဲ့ဘူးဆိုလျှင်တောင် အကယ်၍သူ့ဘေး၌ရှိနေသောသူတို့က ၎င်းအားသတင်းပေးခဲ့လျှင် သူသေချာပေါက်သေလိမ့်မည်ဖြစ်သည်။
သူ၏လုံခြုံရေးအတွက်အလို့ငှာ ထွက်ပြေးခြင်းကပို၍ကောင်းသည်ဖြစ်သည်။
သူ့ကိုအသာထား ထိုရက်စက်သာ ရှစ်ဖုန့်က အလှလေး တုမိန်ကျောင်းကိုပင် မျက်တောင်မခတ်သတ်ပစ်နိုင်သည်ဖြစ်သည်။