အခန်း (၆၅၉)
Vol. 44 Ch. 659
“အား”
“အား”
“အား”
“အား”
လက်သင့်မခံနိုင်စွာ နာကျင်မှုအပြည့်နှင့်စိတ်မချမ်း
မြေ့ဖွယ်ကောင်းသောအော်သံများနှင့် ငယ်သံပါအောင်အော်ဟစ်သေအသံများက ညကောင်းကင်ယံထဲ၌ပဲ့တင်ထွက်ပေါ်နေသည်။
ဤချိန်တွင် ရှစ်ဖုန့်မှာ ည၏သေမင်းတစ်ပါး ကဲ့သို့နှယ်ဖြစ်သည်။ သူ၏ဓားအားထိုးညွှန်လိုက်ရာနေရာတိုင်းတွင် ကျွမ်းကျင်သူများ၏အထက် ၌ သေခြင်း၏အနက်ရောင် တံစဉ်ကပေါ်လာပြီး၎င်းတို့၏အသက်
များအားရိတ်သိမ်းလိမ့်မည်ဖြစ်သည်။
သွေးစီးကြောင်းတို့ကရှစ်ဖုန့်ထံသို့ပန်းထွက်လာသကဲ့သို့ ညှိုးနွမ်းသွားသော အလောင်းအပိုင်းနှစ်ခုတို့ကလည်း ထျန်းလျန်အင်ပါယာ တော်ဝင်မြို့တော်ထဲသို့ပြုတ်ကျလာသည်။
ခွန်းထျန်းယွီ ၊ရီချန်ရွှယ်နှင့် ယွဲ့ရှီဟန်တို့အပါအဝင် အမျိုးသားနှစ်ယောက်နှင့်အမျိုးသမီးနှစ်ဦး
တို့သာ ကျန်ရစ်တော့သည်။ အရှေ့ပို်ငးဒေသကြီး၏ အထွတ်အထိပ်ကျွမ်းကျင်သူ
နှစ်ဆယ့်ငါးယောက်တွင် ခုနှစ်ယောက်သာ ကျန်တော့သည်ဖြစ်သည်။
ဤခုနှစ်ယောက်က သူတို့၏လမ်းကြောင်းအားပိတ်ဆို့ထားသည့် ဆန်းကြယ်သည့်စွမ်းအင်အားတိုက်ခိုက်နေခြင်းကိုရပ်တန့်လိုက်သည်။ ခွန်းထျန်းယွီ၊ ရီချန်ရွှယ်နှင့် ယွဲ့ရှီဟန်တို့က ရှစ်ဖုန့်ထံသို့ ပျံသန်းလာပြီး သိပ်မဝေးသောနေရာ၌ရပ်လိုက်ကြသည်။
“ရှစ်ဖုန့် မင်းကအရမ်းရက်စက်တဲ့သူပဲ. မင်းတကယ်ပဲငါတို့အားလုံးတို့
သတ်ပစ်တော့မလို့လား”
ခွန်းထျန်းယွီက ရှစ်ဖုန့်အားလက်ညှိုးထိုး၍ အော်ပြောလိုက်သည်။
ခွန်းထျန်းယွီ၏စကားဆုံးပြီးနောက် ရီချန်ရွှယ်ကလည်း ရှစ်ဖုန့်အားအော်ဟစ်လိုက်သည်။
“ရှစ်ဖုန့်.. အရမ်းလွန်မလာနဲ့..အရမ်းလွန်မလာနဲ့ကွ”
လူနှစ်ဦး၏ ဒေါသတကြီးအော်သံများအားရင်ဆိုင်ရင်းယင်းကအရမ်းရယ်ဖို့ကောင်းသည်ဟု ရှစ်ဖုန့်ခံစားရသည်။ ၎င်းတို့ သူကာလူဆိုးတစ်ယောက်ဖြစ်ပြီး တကယ်ပဲ လွန်နေသလိုမျိုးပြုမူနေသည်။
ရှစ်ဖုန့်ကဤလူများအားပြုံးပြ၍ ပြောလိုက်သည်။
“မင်းတို့လိုလူတွေကနည်းနည်းတော့ စိတ်ဝင်စားစရာကောင်းမနေဘူးလား. မင်းတို့ပဲ ဒီသခင်လေးကိုသတ်ဖို့အတွက်လူအများကြီးကိုခေါ်လာတယ်. အခု မင်းတို့ကဒီသခင်လေးကိုမသတ်နိုင်မှတော့ မင်းတို့ကိုဒီသခင်လေးကသတ်တာက ကျိုးကြောင်းဆီလျော်တဲ့ အရာပဲ ..ဒါပေမဲ့အခု မင်းတို့ က ဒီသခင်လေးကပဲ ခွင့်လွှတ်လို့မရတဲ့ လူကြမ်းတစ်ယောက်လိုမျိုးပြုမူနေကြပါလား”
“မင်း..မင်းက ငါ့ရဲ့ထျန်းခွန်းဂိုဏ်းကတပည့်တွေ
ကိုအရင်သတ်တာလေ..”
ခွန်းထျန်းယွီကရှစ်ဖုန့်ထံသို့ မှန်ကန်သည့်လေသံဖြင့်အော်ပြောလိုက်သည်။ ယင်းမှာရှစ်ဖုန့်အား သူတို့သတ်ခြင်းက မှန်ကန်နေသာအရာဖြစ်ပြီး ရှစ်ဖုန့်ကသူတို့အားသတ်ခြင်းက ခွင့်လွှတ်၍မရနိုင်သောအရာ
ဖြစ်သကဲ့သို့ပင်ဖြစ်သည်။
“အိုး”
ခွန်းထျန်းယွီ၏စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်၏နှုတ်ခမ်းကတွန့်ကွေးသွားပြီးအေးစက်သောအပြုံးတစ်ခုဖြစ်ပေါ်လာသည်။သူကပြောလိုက်သည်။
“မင်းဒါကိုစုံစမ်းပြီးပြီလား. ဘာလို့ဒီသခင်လေးကမင်းတို့ ထျန်းခွန်းဂုဏ်းကလူတွေကိုသတ်ရမှာလဲ. ဒီလူတွေကသာ ဒီသခင်လေးကို မစော်ကားခဲ့ရင် ဒီသခင်လေးကလည်း အဲ့သူတောင်းစားတွေကိုဘာလို့သတ်ရမှာလဲ. ..ဒါကိုအရင်မပြောနဲ့အုံး..”
ရှစ်ဖုန့်ကနေလဂိုဏ်းမှ ရီချန်ရွှယ်နှင့် ယွဲ့ရှီဟန်တို့ဘက်သို့လှည့်လိုက်သည်။
“ထျန်းခွန်းဂိုဏ်းကဒီကိုလာတာဒီသခင်လေးကိုလက်စားချေဖို့က ဟုတ်ပါပြီ.. ဒါဆို မင်းတို့နေလဂိုဏ်းကရော
ဒီသခင်လေးကိုဘာလို့လာရှာတာလဲ”
ရှစ်ဖုန့်၏မေးခွန်းအားကြား
လိုက်ရသောအခါတွင် ရီချန်ရွှယ်က သမာသမတ်ကျသော ပုံစံဖြင့်စကားပြောလိုက်သည်။
“မြင့်မြတ်ကုန်းမြေသုံးခုဆိုတာက တစ်စိတ်တစ်ဝမ်းတည်းပဲ.. မင်းကငါတို့တပည့်တွေကိုသတ်ပစ်ခဲ့တယ်..အဲ့တာကြောင့်မလို့ ထျန်းခွန်းဂိုဏ်းကမင်းကိုဖိနှိပ်တဲ့နေရာမှာ နေလဂိုဏ်းကကူညီတာကမှန်ကန်တဲ့အရာပဲ”
“ဟီးဟီး.အဲ့လိုလား”
ရီချန်ရွှယ်၏စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်၌အေးစက်သောအပြုံး
တစ်ခုဖြစ်ပေါ်လာသည်။ သူကဆက်ပြောသည်။
“အတူတကွဖိနှိပ်မယ်ဆိုတာအလိမ်အညာတွေ. မင်းတို့ဒီသခင်လေးကိုလာရှာတာ ဒါကြောင့်မလား”
စကားပြောနေရင်း ငွေရောင်အလင်းတစ်ခုက ရှစ်ဖုန့်၏ဘယ်လက်၌လင်းလက်လာသည်။ ရှစ်ဖုန့်၏ဘယ်လက်၌ငွေရောင်
တံစဉ်တစ်ခုပေါ်လာ၏။
ထို့နေ့ကသတို့သားရွေးချယ်ပြိုင်ပွဲတွင် မဟာသူတော်စင်နယ်ပယ်သို့
သူဝင်ရောက်ပြီးနောက် ၎င်းအတွင်ငရဲဘုံစွမ်းအင်တို့အား
ပေါင်းစည်းထည့်သွင်းလိုက်သောအခါ၌ လပြည့်ဓားက ဤငွေရောင် တံစဉ်အဖြစ်သို့ ဆင့်ကဲတိုးတက်သွားခဲ့သည်ဖြစ်သည်။ ၎င်းက ဒဏ္ဍာရီလာသေခြင်းကောက်ရိတ်ဓားနှင့် တစ်ထေရာတည်းတူညီသည်ဖြစ်၏။ ယင်းကများစွာသောလူများအား ဆွဲဆောင်စေလိမ့်မည်ဖြစ်သည်
ကိုရှစ်ဖုန့်သိသည်ဖြစ်သည်။
ငွေရောင်တံစဉ်ပေါ်လာသောအခါတွင် ထျန်းခွန်းဂိုဏ်းနှင့်နေလဂိုဏ်းမှလူခုနှစ်ဦးတို့မှာ တုန်လှုပ်အံ့အားသင့်သွားကြသည်။ ရှစ်ဖုန့်ကသူတို့၏သံသယအားပို၍ သေချာအောင်လုပ်ပေးခဲ့သည်။
“မင်းတို့အားလုံးက ဒီပစ္စည်းအတွက်လာကြတာဖြစ်တာကြောင့် ဒီနေ့မှာ ဒီသခင်လေး ဒီပစ္စည်းရဲ့ စစ်မှန်တဲ့စွမ်းအားကိုမင်းတို့ကိုပြပေးမယ်”
ရှစ်ဖုန့်က လူခုနှစ်ယောက်အားစကားပြောနေသကဲ့သို့ ငရဲဘုံကိုးခုစွမ်းအင်တို့အားငွေရောင်တံစဉ်အတွင်းရူးသွပ်စွာပေါင်းထည့်နေသည်။ တစ်ချိန်တည်းမှာပင် ယင်အလောင်းကောင် နှစ်ထောင့်ခြောက်ရာတို့မှ သေခြင်းစွမ်းအင်တို့ကလည်း ငွေရောင်တံစဉ်ထံသို့အဆက်
မပြတ်စုစည်းလာ၏။
ငွေရောင်တံစဉ်ထံမှစွမ်းအားကြီးပြီးကြောက်မက်ထိတ်လန့်ဖွယ်ကောင်းသော
စွမ်းအင်တို့လျှင်မြန်စွာမြင့်တက်လာသည်။ ရှစ်ဖုန့်၏လက်ထဲရှိငွေရောင်တံစဉ်က ပြင်းထန်စွာတုန်ခါနေသည်။
“ဒီ..ဒီစွမ်းအင်က”
ထျန်းခွန်းဂိုဏ်းနှင့် နေလဂိုဏ်းတို့မှ လူခုနှစ်ယောက်မှာ ငွေရောင်တံစဉ်ထံမှစွမ်းအားအားအာရုံခံမိပြီးသူတို့၏ကိုယ်များကထိန်းမထားနိုင်ဘဲ တုန်ယင်လာကြသည်။ ကူကယ်ရာမဲ့သောအသိအာရုံက သူတို့၏နှလုံးသားများထဲ၌ပြည့်နှက်နေသည်။
“ဒီ..ဒီစွမ်းအင်က”
“ဒီ..ဒီစွမ်းအင်က”
ထျန်းခွန်းဂိုဏ်းနှင့်နေလဂိုဏ်းမှ လူများသည်သာမကပေ။လန်မိသားစုဝင်များနှင့်ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်ထဲမှ သိပ်သည်းလှသောလူအုပ်ကြီးပင် ဧရာမတောင်ကြီးတစ်လုံးအား
ရင်ဆိုင်နေရသောစွမ်းအားမဲ့ပုရွတ်ဆိတ်များကဲ့သို့ခံစားနေရသည်။ယင်းမှာ
အသက်ရှူရကျပ်လှသည်ဖြစ်သည်။
“ဟ”
ဤအချိန်တွင် ထျန်းခွန်းဂိုဏ်းခေါင်းဆောင်ခွန်းထျန်းယွီက မိုးချုံးသံကဲ့သို့အော်ဟစ်လိုက်သည်။ခွန်းထျန်းယွီကအဝါရောင်အဆောင်တစ်ခု
အားပစ်လွှတ်လိုက်၏။
အဝါရောင်အဆောင် ပေါ်လာသည့်အခိုက်အတန့်တွင် ခွန်းထျန်းယွီရှေ့ရှိ လေနှင့်တိမ်တိုက်တို့က တလိပ်လိပ်ထလာသည်။သိပ်သည်းထူထဲသောရွှေရောင်လျှပ်စီးကြောင်းများက ညကောင်းကင်ယံထဲမှကျဆင်းလာပြီး ထျန်းခွန်းဂိုဏ်းခေါင်းဆောင်ရှေ့ရှိ လေနှင့်တိမ်တိုက်တို့ပေါ် ကျဆင်းလာသည်။ထို့နောက်တွင် ဧရာမရွှေရောင် “ထျန်း”ဟူသော စာလုံးကြီးတစ်ခုကခွန်းထျန်းယွီ၏
ရှေ့၌ပေါ်လာ၏။
“ဒီ…ဒီစွမ်းအင်က”
ထို့နောက်တွင်အားလုံး၏အကြည့်များက ဧရာမရွှေရောင် “ထျန်း” စာလုံးကြီးပေါ်သို့ကျရောက်သွားသည်။
ရွှေရောင် “ထျန်း”ဟူသောစာလုံးက စွမ်းအားကြီးပြီးကြောက်မက်ဖွယ်ကောင်းသော အော်ရာကိုထုတ်လွှတ်နေသည်။
ဤအချိန်တွင် ခွန်းထျန်းယွီကသူ၏ရှေ့ရှိရှစ်ဖုန့်အား အော်ဟစ်လိုက်သည်။
“ကောင်စုတ်ရှစ်ဖုန့်. မင်းကငါ့ကိုဒီလိုလုပ်အောင်အတင်းအကျပ်လုပ်တာ. ဒီညမင်းငါတို့အားလုံးကိသတ်ချင်ရန် မင်းလည်းငါ့ရဲ့ဘိုးဘေး ထျန်းခွန်းဧကရာဇ်ရဲ့ အန္တိမတိုက်ချက်ကို ခံရမယ်”
ခွန်းထျန်းယွီ၏အဆောင်က ထျန်းခွန်းဂိုဏ်းအားတည်ထောင်သူ ထျန်းခွန်းဧကရာဇ် လက်ဆင့်ကမ်းခဲ့သောအရာဖြစ်သည်။ ၎င်းအားတစ်ကြိမ်အသုံးပြုသည်နှင့် အရှေ့ပိုင်းဒေသကြီး၏ ပြိုင်ဘက်ကင်းဧကရာဇ်ဖြစ်သူ ထျန်းခွန်းဧကရာဇ်၏တိုက်ခိုက်မှု
အားအသက်သွင်းနိုင်သည်ဖြစ်သည်။
မူလက ခွန်းထျန်းယွီအနေဖြင့် ဤအဆောင်အားယခုအသုံးမပြုလိုခဲ့ပေ။
ရှစ်ဖုန့်က ထျန်းလျန်အင်ပါယာ၏သားမက်ဖြစ်
လာသောကြောင့် ထျန်းလျန်အင်ပါယာထဲမှ လန်မိသားစုရှိ အဘိုးအိုအချို့က ၎င်းအားသေချာပေါက်ကာကွယ်မည်
ကိုခွန်းထျန်းယွီသိသည်ဖြစ်သည်။ထို့ကြောင့်သူက ဒဏ္ဍာရီလာသေခြင်းတံစဉ်အားအသုံးပြု၍ မြင့်မြတ်ကုန်းမြေသုံးခု ကဖြစ်သော ယွဲ့ဟူဂိုဏ်းနှင့် နေလဂိုဏ်းတို့အားအတူတကွတိုက်ခိုက်ရန် လှုံ့ဆောင်သိမ်းသွင်းခဲ့သည်။
ခွန်းထျန်းယွီမှာ နေလဂိုဏ််းမှ နေလနတ်ဘုရားဓားတို့အားသိသည်ဖြစ်သည်။ အကယ်၍ အခြေအနေများငြိမ်ကျသွားပြီး သေခြင်းကောက်ရိတ်ဓားပေါ်လာခဲ့လျှင်တောင်သူ့အနေဖြင့်ဘာဝှက်ဖဲမှမရှိဘဲ နေလဓားအား ရင်ဆိုင်တိုက်ခိုက်နိုင်လိမ့်မည်မဟုတ်ပေ။
ဤအဆောင်က ထျန်းခွန်းဧကရာဇ်ချန်ရစ်ထားခဲ့သော ခွန်းထျန်းယွီ၏ဝှက်ဖဲဖြစ်သည်။သေခြင်းရှင်ခြင်းနှင့်ကြုံလာရသောဤအခိုက်အတန့်တွင် ရန်သူအားဤအရာကိုသုံးပြီး
တိုက်ခိုက်ရန်အတွက် နှမြောမှုတို့ကိုခွန်းထျန်းယွီဂရုမ
ထားနိုင်တော့ပေ။
ဧရာမရွှေရောင် “ထျန်း” ဟူသောစာလုံးကြီးပေါ်လာသောအခါတွင် ၎င်းက ကောင်းကင်မှအရှင်သခင်တစ်ပါး
သက်ဆင်းလာသကဲ့သို့ဖြစ်သည်။ ၎င်း၌ အရာအားလုံးအားဖျက်ဆီးပစ်နိုင်သောစွမ်းအားတို့ပါရှိပြီး ရှစ်ဖုန့်ထံသို့ ဦးတည်လာသည်။
“ကြယ်နှစ်ပွင့်ဧကရာဇ်နယ်ပယ်နားနီးကပ်နေတဲ့ ကြယ်တစ်ပွင့်အထွတ်အထိပ် ဧကရာဇ်နယ်ပယ်စွမ်းအားပဲ”
ဧရာမ “ထျန်း”ဟူသောစာလုံးအားကြည့်၍ ရှစ်ဖုန့်ကတီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူ၏လက်ထဲရှိတုန်ခါနေသာ ငွေရောင်တံစဉ်အားရှေ့သို့ခုတ်ပိုင်းလိုက်၏။
ရှစ်ဖုန့်၏ခုတ်ပိုင်းချက်မှ အရွယ်အစားတူညီသော ငွေရောင်အလင်တို့လင်းလက်တောက်ပ
နေသည့် ငွေရောင် တံစဉ်ကြီးတစ်ခုပေါ်လာသည်။ ထို့နောက် ၎င်းက ဧရာမ “ထျန်း”ဟူသောစာလုံးကြီးအားခုတ်ပိုင်းလိုက်သည်။
တစ်ခုကရွှေရောင်နှင့်တစ်ခုကငွေရောင် လွန်စွာစွမ်းအားကြီးမားသောစွမ်းအင်နှစ်ခုက ရုတ်ခြည်းအတူတကွပစ်ဆောင့်သွားသည်။