← Chapters

အခန်း (၆၆၀)

Vol. 44 Ch. 660

အခန်း (၆၆၀)

Vol. 44 Ch. 660

ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်၏ ညကောင်းကင်ယံထက်တွင် သောင်းနှင့်ချီသော လူများ၏ အကြည့်တို့အောက်၌ လွန်စွာကြီးမားလှသော ရွှေရောင် “ထျန်း”ဟူသောစာလုံးနှင့် ထပ်တူညီစွာကြီးမားသော ငွေရောင်ဓားသွား ပုံရိပ်တို့က ဧရာမတောင်ကြီးနှစ်လုံးကဲ့သို့တစ်ခုနှင့်တစ်ခု ပြင်းထန်စွာပစ်ဆောင့်ကြသည်။

ကောင်းကင်နှင့်မြေပြင်ကြားထဲတွင် ရွှေရောင်နှင့်ငွေရောင်ပင်လယ်တစ်ခု

ဖြစ်ပေါ်လာသည်။

သို့သော်လွန်စွာလျှင်မြန်စွာဖြင့် အချိန်တိုလေးအတွင်း ကောင်းကင်နှင့်မြေပြင်ကြားထဲရှိ ရွှေရောင်အလင်းတန်းကြီးမှာ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ ကောင်းကင်နှင့်မြေပြင်၌ ငွေရောင်အလင်းပင်လယ်တစ်ခုသာ

ပြည့်နှက်နေ၏။

ညကောင်းကင်ယံထဲ၌ပစ်ဆောင့်သော ရွှေရောင် “ထျန်း”ဟူသောစာလုံးမှာ ငွေရောင်တံစဉ်ပုံရိပ်၏လုံးဝဝါးမျိုခြင်းအား

ခံလိုက်ရသည်။ထို့နောက်တွင် ငွေရောင်တံစဉ်ပုံရိပ်က ရှေ့ရှိနှိုင်းယှဉ်၍မရနိုင်လောက်အောင်

သေးငယ်လှသော ပုံရိပ်ခုနှစ်ခုထံသို့ခုတ်ပိုင်းကျရောက်သွား၏။

“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ. ငါ့ဘိုးဘေးထျန်းခွန်းရဲ့ စွမ်းအားအကုန်တိုက်ခိုက်မှုက..”

အဆောင်ထွက်ပေါ်လာပြီးနောက် အော်ရာတို့ပြန်လည်ကောင်းမွန်လာသော ခွန်းထျန်းယွီမှာ ရွှေရောင် “ထျန်း”ဟူသောစာလုံးအား ငွေရောင်တံစဉ်ပုံရိပ်က ဝါးမျိုသွားသည်ကိုတွေ့ရသောအခါတွင် သူ၏မျက်နှာထက်၌ မယုံကြည်နိုင်မှုတို့ဖြစ်ပေါ်လာသည်။ထို့နောက်တွင် လွန်စွာကြီးမားသော ငွေရောင်ပုံရိပ်ကြီးကသူ့ထံသို့တစ်ဟုန်ထိုး ခုတ်ပိုင်းကျဆင်းလာသည်ကိုတွေ့လိုက်ရပြီး မျက်လုံးတို့ပြူးကျယ်စွာဖြင့် လက်သင့်မခံနိုင်မှုများပြည့်နှက်စွာ အော်ဟစ်လိုက်သည်။

“မဟုတ်ဘူး”

နေလဂိုဏ်းမှ ရီချန်ရွှယ်နှင့် ယွဲ့ရှီဟန်တို့၏မျက်နှာများကလည်းဤအချိန်၌ ကြီးမားစွာပြောင်းလဲသွားသည်။အရှေ့ပိုင်းဒေသကြီးအတွင်း၌သူတို့၏ ဘဝသက်တမ်းတစ်ဝက်လောက်ထင်ရာစိုင်းခဲ့ကြသော သူတို့က ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်ထဲ၌ သူတို့လာရောက်ရှာဖွေသောလူငယ်အားရှုံးနိမ့်ခဲ့ရုံသာမက သူတို့ပင်ဤနေရာ၌သေဆုံးရမည်ဟု လုံးဝထင်ထားခဲ့ခြင်းမရှိကြချေ။ သူတို့က ရှစ်ဖုန့်ဟုခေါ်သော ဤလူငယ်လက်၌သေကြရခြင်းဖြစ်၏။

“မဟုတ်ဘူး”

“မဟုတ်ဘူး”

“မဟုတ်ဘူး”

“မဟုတ်ဘူး”

သူတို့ထံသို့တစ်ဟုန်ထိုးခုတ်ပိုင်းကျဆင်း

လာသော လွန်စွာကြီးမားသည့် ငွေရောင်တံစဉ်ပုံရိပ်ကြီးအားကြည့်၍ ထျန်းခွန်းဂိုဏ်းနှင့် နေလဂိုဏ်းတို့မှ ကျန်ရှိနေသည့်လူခုနှစ်ယောက်လုံး ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါတုန်ယင်သွားကြသည်။ သံသယဖြစ်ဖွယ်မရှိသူတို့သေဆုံးရတော့မည်ကိုသိရသောအခါတွင် သူတို့၏မျက်လုံးများကပြူးကျယ်နေပြီး သူတို့၏မျက်နှာများကရှုံ့မဲ့နေကာ လက်သင့်မခံနိုင်မှုများဖြင့် အော်ဟစ်လိုက်ကြသည်။

ထို့နောက်တွင် လွန်စွာကြီးမားသော ငွေရောင်တံစဉ်ပုံရိပ်ကြီးကလူခုနှစ်ယောက်အားဝါးမျိုသွားသည်။

မကြာခင်တွင် ထျန်းခွန်းဂိုဏ်းနှင်နေလဂိုဏ်းတို့မှ

လူခုနှစ်ယောက်အားဝါးမျိုသွားသော ငွေရောင်တံစဉ်ပုံရိပ်ကြီးမှာ ဖြည်းဖြည်းချင်းမှေးမှိန်ပျောက်ကွယ်သွားသည်။ ကောင်းကင်ထက်ရှိငွေရောင်အလင်းပင်လယ်ကလည်း ဖြည်းဖြည်းချင်းလွင့်ပျယ်လာသည်။

လွန်စွာကြီးမားသော ငွေရော်တံစဉ်ပုံရိပ်ကြီး အပြီးတိုင်ပျောက်ကွယ်သွားသောအခါတွင် ကောင်းကင်နှင့်မြေပြင်ကနောက်တစ်ကြိမ် ညအဖြစ်သို့ပြောင်းလဲသွားသည်။

ထျန်းခွန်းဂိုဏ်းနှင့် နေလဂိုဏ်းတို့မှ နမည်ကျော်လူခုနှစ်ယောက်လုံး ပျော်ကွယ်သွားပြီးဖြစ်သည်ကိုလူများမြင်တွေ့လိုက်ကြရသည်။

ညကောင်းကင်ယံထဲတွင် သွေးစီးကြောင်းတစ်ခုကသာတိတ်တဆိတ်စီးမျောနေသည်။ ထို့နောက်တွင် သွေးစီးကြောင်းမှသွေးတို့က မွန်းစတားရှစ်ဖုန့်ထံသို့တစ်ဟုန်ထိုးဦးတည်သွား၏။

“ဒါ..ဒါကပြီးသွားပြီလား”

တိတ် ဆိတ်နေသော ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်တွင်လူတစ်ယောက်ကဟင်းလင်းပြင်အား ကြက်သေသေစွာစိုက်ကြည့်ပြီးပြောလိုက်သည်။

ထို့နောက် နောက်ထပ် အံ့အားသင့်မှုပြည့်နှက်နေသောအသံတစ်ခု ထွက်ပေါ်လာသည်။

“ပြီး..ပြီးသွားပြီ”

ဤအသံနှစ်ခုထွက်ပေါ်လာပြီးနောက်၌ ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်

အတွင်းတွင် အံ့အားသင့်စွာဖြင့်အလန့်တကြားပြောဆိုသောအသံများ တစ်ခုပြီးတစ်ခုထွက်ပေါ်လာသည်။

“ပြီးသွားပြီ….ပြီးသွားပြီ.. မြင့်မြတ်ကုန်းမြေသုံးခုထဲက ထျန်းခွန်းဂိုဏ်းနဲ့နေလဂိုဏ်းတို့ ရဲ့ ပြိုင်ဘက်ကင်းကျွမ်းကျင်သူတွေအားလုံး သုတ်သင်ခံလိုက်ရပြီ”

“ခွန်းထျန်းယွီသေသွားပြီ.. ရီချန်ရွှယ်နဲ့ ယွဲ့ရှီဟန်လည်းသေသွားပြီ.. ထျန်းခွန်းဂိုဏ်းနဲ့ နေလဂိုဏ်းက ကျန်စွမ်းအားကြီးသူတွေလည်းသေသွားကြပြီ..အခုကစပြီး ငါတို့အရှေ့ပိုင်းဒေသကြီးရဲ့မြင့်မြတ်ကုန်းမြေသုံးခုမှာ ယွဲ့ဟူဂိုဏ်းတစ်ခုပဲကျန်တော့တယ်..

ယွဲ့ဟူဂိုဏ်းကငါတို့အရှေ့ပိုင်းဒေသကြီးရဲ့အရှင်သခင်ဖြစ်လာပြီ..ဒါတွေအားလုံး.. ဒါတွေအားလုံးက ဒီမွန်းစတားရှစ်ဖုန့်ကြောင့်ပဲ”

ညကောင်းကင်ယံထဲတွင် လန်မိသားစုမှလူများအားလုံးတုန်လှုပ်

အံ့အားသင့်မှုမှ ပြန်သတိဝင်လာကြသည်။ဤလူငယ်၏ပါရမီစွမ်းရည်အားသူတို့အားလုံးသိကြသည်ဖြစ်သည်။ဤလူငယ်က ကောင်းကင်ဘုံသိုင်းမျှော်စင်၏ ကိုးလွှာမြောက်သို့ပင်ဝင်ခဲ့သူဖြစ်သည်။ယခင်ကဤကိုးလွှာမြောက်သို့ မည်သူမျှဝင်ဖူးသည်ဟု မကြားဖူးခဲ့ချေ။

သို့သော် ဤလူငယ် ကအရမ်းစွမ်းအားကြီးလိမ့််မည်ဟုသူတို့မမျှော်လင့်ထားခဲ့ပေ။ သူကအံ့ဖွယ်ကောင်းလောက်အောင်ကို စွမ်းအားကြီးလှသည်ဖြစ်သည်။

သူတစ်ယောက်တည်းနှင့်မြင့်မြတ်ကုန်းမြေသုံးခုမှ နှစ်ခုဖြစ်သော ထျန်းခွန်းဂိုဏ်းနှင့်နေလနတ်ဘုရားဂိုဏ်းတို့

အားဖျက်ဆီးပစ်ခဲ့သည်ဖြစ်သည်။

ထို့နောက်တွင် လူငယ်၏ကိုယ်ပေါ်၌ အဖြူရောင်အလင်းတစ်ခုလင်းလက်လာသည်ကိုသူတို့တွေ့လိုက်ရသည်။

“သူ..သူအဆင့်တက်သွားတယ်. သူတကယ်ပဲထပ်ပြီးအဆင့်တက်သွားတယ်”

အဘိုးအိုတစ်ဦးက ရှစ်ဖုန့်၏ကိုယ်ပေါ်၌ အဖြူရောင်အလင်းတစ်ခုလင်းလက်လာသည်အားတွေ့ရသောအခါတွင် အထစ်ထစ်အငေါ့ငေါ့ဖြင့် အံ့အားသင့်စွာပြောလိုက်သည်။

ကောင်းကင်ဘုံသိုင်းမျှော်စင်မှသူယနေ့

ထွက်လာစဉ်က ကြယ်ခုနှစ်ပွင့်မဟာသူတော်စင်နယ်ပယ်သာ

ရှိသေးသည်ဖြစ်သည်။ ယနေ့ည၌သူကြယ်ရှစ်ပွင့်မဟာသူတော်စင်နယ်ပယ်သို့အဆင့်တက်သွားသည်ဖြစ်သည်။

“ဧကရာဇ်ကျိုးယိုမှာ ငရဲဘုံကိုးခု ပညာရပ်လို့ခေါ်တဲ့ ကျင့်ကြံမှုပညာရပ်တစ်ခုရှိတယ်လို့ကောလဟာလရှိတယ်.အဲ့တာက သေခြင်းစွမ်းအင်တွေကိုဝါးမျိုနိုင်ပြီး ငရဲဘုံကိုးခုစွမ်းအင်အဖြစ်ကိုပြောင်းလဲနိုင်တယ်တဲ့.. သူက ကျိုးယိုအမွေဆက်ခံသူတွေထဲကတစ်ဦးဖြစ်တာမို့ သူက ငရဲဘုံကိုးခုကျင့်ကြံနည်းစနစ်ကို သိမှာပဲ. အရှေ့ပိုင်းဒေသကြီးရဲ့ ကျွမ်းကျင်သူအများကြီးကိုသတ်ဖြတ်ပြီး

တဲ့နောက် သူတို့ရဲ့သေခြင်းစွမ်းအင်တွေကိုဝါးမျိုပြီး အဆင့်တက်တာပဲဖြစ်ရမယ်”

လန်ယွမ်ကသူ၏ရှေ့၌ရှိနေသောပုံရိပ်အားကြည့်၍ ပြောလိုက်သည်။

“ဒါပေမဲ့ အကယ်၍ သူက သေခြင်းစွမ်းအင်တွေကိုဝါးမျိုပြီး သူရဲ့ကိုယ်ထဲကစွမ်းအင်အဖြစ်ပြောင်းလဲနိုင်ရင်တောင် သူ သိုင်းပညာအပေါ်မှာနားလည်သဘောပေါက်

အောင်ဆင်ခြင်နိုင်ဖို့လိုသေးတယ်. သူ..သူကကြ ဒီအတိုင်းပဲအဆင့်တက်သွားတာ”

အဘိုးအိုတစ်ဦးကသံသယဖြစ်စွာဖြင့်ပြောလိုက်သည်။

“သိုင်းပညာကိုနားလည်သဘောပေါက်အော်ဆင်ခြင်တာလား.. သူ သိုင်းပညာကကိုနားလည်သဘောပေါက်အောင် ဆင်ခြင်တာကို ကျုပ်တွေ့ဖူးတယ်လို့မထင်မိဘူး”

“သေခြင်းစွမ်းအင်အပြင်ကို သူက သွေးကိုလည်းဝါးမျိုတယ်.. သူက သတို့သားရွေးချယ်ပြိုင်ပွဲမှာပါဝင်တာကြောင့် သူပြိုင်ဘက်ကိုသတ်ပြီး သေခြင်းစွမ်းအင်နဲ့သွေးကိုဝါးမျိုပြီးတာနဲ့ အဆင့်တိုက်ရိုက်ချိုးဖျက်သွားတာကိုကျုပ်တွေ့ဖူးတယ်.သူသိုင်းပညာကို နားလည်သဘောပေါက်အောင် ဆင်ခြင်တာကိုကျုပ်တစ်ခါမှမတွေ့ဖူးဘူး.. ဒီမွန်းစတား ကျုပ်တို့တွေ သူ့ကိုသာမန်အမြင်နဲ့ အကဲဖြတ်လို့မရဘူး”

“ဟုတ်တယ်”

“အင်း”

“အမှန်ပဲ”

“ဟုတ်တယ်”

မင်းသားကွမ်း၏စကားများအားကြားပြီးနောက် လန်မိသားစု၏ကျွမ်းကျင်သူများကတစ်ယောက်ပြီးတစ်ယောက် ခေါင်းညိမ့်လိုက်ကြသည်။

ရှစ်ဖုန့်က ထျန်းခွန်းဂိုဏ်းနှင့်နေလဂိုဏ်းတို့မှလူများအားသတ်ဖြတ်ကာ ကြယ်ရှစ်ပွင့်မဟာသူတော်စင်နယ်ပယ်

တစ်ယောက်ဖြစ်လာပြီးနောက် သူ၏ဘယ်လက်၌ သွေးနီရောင်အလင်းတစ်ခုလင်းလက်လာသည်။

ထို့နောက်တွင် ရှစ်ဖုန့်၏အောက်၌ရှိနေသော ယင်အလောင်းကောင်အုပ်စုမှာ ၎င်းတို့ကိုယ်များ၌ သွေးနီရောင်အလင်းတို့ ဆက်တိုက်လင်းလက်လာပြီး ယင်အလောင်းကောင်များတစ်ကောင်ပြီး

တစ်ကောင် ပျောက်ကွယ်သွားသည်။

မကြာခင်တွင် ယင်အလောင်းကောင်များအားလုံးပျောက်ကွယ်သွားသည်။ သူတို့အားလုံး ရှစ်ဖုန့်၏သွေးကျောက်ပြားနေရာလွတ်အတွင်းစုပ်ယူခံလိုက်ရ၏။

ဤအရာများအားလုံးကိုပြုလုပ်ပြီးနောက် ရှစ်ဖုန့်ကသူ၏ခေါင်းအားလှည့်လိုက်ပြီး လန်မိသားစုမှလူများထံသို့ကြည့်လိုက်သည်။ သူ၏ပုံရိပ်က ရွေ့လျားသွားပြီး ၎င်းတို့ထံသို့ပျံသန်းသွားသည်။မျက်စိတစ်မှိတ်အတွင်းသူက၎င်းတို့၏ရှေ့သို့

ရောက်ရှိသွားသည်။

“ခင်ဗျားတို့ဘယ်လိုထင်လဲ. ဒီသခင်လေးရဲ့စွမ်းအားကိုမြင်တွေ့ပြီးတဲ့နောက် ကောင်းကင်ဘုံသိုင်းမျှော်စင်ထဲကို

ဒီသခင်လေးဝင်တာက ဖြုန်းတီးမှုတစ်ခုဖြစ်တယ်လို့ထင်သေးလား”

ရှစ်ဖုန်ကလန်မိသားစုမှလူများအားကြည့်၍ မေးလိုက်သည်။

ရှစ်ဖုန့်၏စကားများအားကြားပြီးနောက် စီနီယာအကျဆုံးသောအဘိုးအိုကခေါင်းညိမ့်ပြီးပြောလိုက်သည်။

“မင်းရဲ့ပါရမီစွမ်းရည်ကတကယ့်ကိုထူးခြားအံ့ဖွယ်ပဲ..ငါနှစ်ပေါင်းများစွာအသက်ရှင်နေထိုင်ခဲ့ပေမဲ့ မင်းလိုမျိုး မွန်းစတားတစ်ယောက်ကို တစ်ခါမှမမြင်ဖူးဘူး. မင်းရဲ့ပါရမီစွမ်းရည်က ထျန်းဟန်တိုက်ကြီးတစ်ခုလုံးမှာတောင်အကောင်းဆုံးတွေထဲကတစ်ယောက်ဖြစ်လိမ့်မယ်”

ဤသည်မှာ သူ၏နှလုံးသားအခြေမှာလာသော ဤမွန်းစတားအတွက် တန်းဖိုးချင့်တွက်မှုပင်ဖြစ်သည်။

အဘိုးအို၏စကားအားကြားပြီးနောက် ရှစ်ဖုန့်ကခေါင်းညိမ့်လိုက်သည်။ဤအဘိုးအိုကသူ့အားမယုတ်မလွန်ပြောဆိုနေသည်။

“ ဘာကိုထိပ်ဆုံးဒါမှမဟုတ် ဒုတိယလဲ…ဒီသခင်လေးက တစ်ချိန်တုံးက ငရဲဘုံကိုးခုဧကရာဇ်ဖြစ်ပြီး ကောင်းကင်ဘုံရဲ့အောက်မှာ နံပါတ်တစ်ကျွမ်းကျင်သူပဲ”

“ဒီသခင်လေးရဲ့ပါရမီစွမ်းရည်က ကမ္ဘာပေါ်မှာအကောင်းဆုံးပဲ”

ရှစ်ဖုန့်က လန်မိသားစုမှလူများအား ဆက်ပြောလိုက်သည်။

“မနက်ဖြန်ကြရင် ဒီသခင်လေးခင်ဗျားတို့နဲ့အတူ ခင်ဗျားတို့လန်မိသားစု ဘိုးဘေးရဲ့ ဆီးလ်ဆီသွားကြည့်မယ်. ခင်ဗျားတို့ကိစ္စကိုကိုင်တွယ်ပြီးရင် .ဒီသခင်လေး ခင်ဗျားတို့ ထျန်းလျန်အင်ပါယာရဲ့ တိုက်ကြီးအချင်းချင်း နေရာကူးပြောင်းအစီအရင်ကို ငှားချင်တယ်”

“တိုက်ကြီးအချင်းချင်း နေရာကူးပြောင်းအစီအရင်…ရှင်..

ရှင်ဘယ်ကိုသွားမလို့လဲ”

ဤအချိန်တွင်ဆည်းလည်းသံကဲ့သို့

သောအသံလေးက ရှစ်ဖုန့်နှင့်လန်မိသားစုဝင်များထံသို့ဝင်ရောက်လာသည်။ပြတ်သားကြည်လင်သောအသံနှင့်အတူ အဖြူရောင်ပုံရိပ်တစ်ခုက အောက်ဘက်ရှိ ထျန်းလျန်အင်ပါယာ တော်ဝင်မြို့တော်ထဲမှ ဖြည်းဖြည်းချင်းမြင့်တက်လာ၏။

All Chapters