← Chapters

အတုအစစ်

Vol. 43 Ch. 588

အတုအစစ်

Vol. 43 Ch. 588

စစ်သည်တော်တစ်သန်းက တရှိန်ထိုး ပြေးသွားပြီး ယိုတုမကောင်းဆိုးဝါးစစ်တပ်ဖြင့် ဝင်တိုက်သွားသည်။ တခဏအတွင်း သွေးစက်များ၊ အသားစများ ကောင်းကင်ယံသို့ မြောက်တက်ကာ ပြင်းထန်သော စစ်ပွဲကြီး စတင်တော့၏။ မကောင်းဆိုးဝါးများနှင့် မိစ္ဆာနတ်ဆိုးဘိုးဘေးများသည် သတ်ဖြတ်ရန်သာ သိ၍ စစ်ရေးမခင်းကျင်းတတ်ပေ။ သူတို့ကိုယ်သူတို့သာ အားကိုး၍ အမျိုးတူများအပေါ် အာရုံမရှိသည့်အတွက် အကျဆုံးများလေသည်။

ဝူဝမ်မြို့၏အရှေ့တွင် သတ်ကွင်းကြီး ဖြစ်ပေါ်လာ၏။ နားကန်း၏ပန်းချီထဲမှ မရေမတွက်နိုင်သော စစ်သည်တော်များ သတ်ဖြတ်ခံလိုက်ရသည်။ သေသွားသည်နှင့် သူတို့သည် ကျောက်ခဲများ ဖြစ်ကုန်၏။ အလောင်း မကျန်ခဲ့ပေ။

သို့ရာတွင် နတ်ဘုရားစစ်တပ်မှ စစ်သည်တော်များက စီးဆင်းနေသော ရေလှိုင်းများသဖွယ် ဆက်တိုက်ထွက်လာကြပြီး ကျဆုံးသူတို့၏နေရာတွင် အစားထိုးဝင်ရောက်နေကြသည်။ အဆုံးမရှိသည့် အင်အားဖြင့် သူတို့သည် ဆက်လက်သတ်ဖြတ်နေကြ၏။

မိုးနတ်သား၊ မိုးကြိုးနတ်ဘုရားနှင့် လျှပ်စီးနတ်မိမယ်တို့၏ အကူအညီနှင့်အတူ လေအရှင်သခင်က လေစီးကြောင်းများကို ထိန်းချုပ်လျက် ယိုတုမကောင်းဆိုးဝါးစစ်တပ်ကို တိုက်ခိုက်နေသည့်အလား ထင်ရပေသည်။

ရှေ့ပြေးစစ်တပ်မှာ အင်အားအလုံးအရင်းဖြင့် တားဆီးပိတ်ပင်ခံနေရ၍ မိစ္ဆာနတ်ဘုရားဘိုးဘေးတို့၏ အော်ဟစ်သံများ ဆူညံပွက်လောရိုက်နေသည်။ သူတို့က အားကုန်ထုတ်ကာ စစ်မြေပြင်ထဲသို့ တိုးဝင်လာကြ၏။ သူတို့ခြေထောက်များ ဖြတ်ကျော်လာတိုင်း မိတ်ဆွေဖြစ်စေ၊ ရန်သူဖြစ်စေ အရိုးများစိစိညက်ညက် ကြေသည်အထိ ကန်ထုတ်ခံကြရ၏။ အားလုံး ပုရွက်ဆိတ်လေးများသဖွယ် လေပေါ် မြောက်တက်ကုန်ကြသည်။

မိစ္ဆာနတ်ဆိုးဘိုးဘေးများက စစ်မြေပြင်အတွင်းသို့ ပြေးတက်လာရင်း လမ်း၌ ရှိသည့် အရာရာတိုင်းကို သစ်ကိုင်းခြောက်များသဖွယ် နင်းခြေပစ်နေသည်။

ထွမ်

မိစ္ဆာနတ်ဆိုးဘိုးဘေးများ၏ မျက်လုံးများမှ မီးအလင်းတန်းများက နတ်ဘုရားစစ်တပ်အား ထွင်းဖောက်သွား၏။ အနက်ရောင်မီးတိုင်လုံးကြီးများသည် ဟိုဟိုသည်သည် လူးလာပျံဝဲ၍ ဖြတ်သန်းသွားသမျှ အရာတိုင်းကို မီးလောင်ပြာချနေသည်။ နားကန်း ဆွဲထားသော နတ်ဘုရားများပင် ကြောက်မက်ဖွယ်ရာ မီးတန်းများဆီမှ မလွတ်မြောက်ပေ။

မိစ္ဆာနတ်ဆိုးဘိုးဘေးတို့၏ ရုပ်ခန္ဓာများသည် သဘာ၀ဖျက်ဆီးခြင်းလက်နက်များသဖွယ် ဖြစ်နေပြီး သူတို့၏ ဧရာမလက်နက်ကြီးများအား ဝှေ့ယမ်းလိုက်သည့်အခါ မည်သူမျှ မယှဉ်နိုင်ကြတော့ပေ။

“နားကန်းရဲ့ ပန်းချီထဲက နတ်ဘုရားတွေက ဒီမိစ္ဆာနတ်ဆိုးဘိုးဘေးတွေကို မထိန်းထားနိုင်ဘူး”

သားသတ်သမားမှာ တိုက်ခိုက်လိုစိတ်တို့ တရှိန်းရှိန်း ထကြွလာပြီး ဓားမကြီးအား ဆုပ်ကိုင်လိုက်သည်။ သူက တည်ကြည်လေးနက်စွာ ပြောလိုက်၏။ “ငါတို့အလှည့်ပဲ... ပါ့ရှန်၊ ငါ့တပည့်အနေနဲ့ မင်း ဒီနှစ်တွေအထဲ ဘယ်လောက်တိုးတက်လာလဲ မြင်ချင်မိတယ်”

ပါ့ရှန်က ကျယ်လောင်စွာ ရယ်မောလျက် နွားသိုးစိမ်းကြီးကို လှမ်းခေါ်လိုက်သည်။ သူက နွားသိုးကြီး၏ ကျောပေါ် ခုန်တက်ကာ အော်ဟစ်လိုက်၏။ “ဆရာ ကျွန်တော် ဆရာနဲ့ လိုက်ခဲ့ပြီး ... ဘယ်လောက်တိုးတက်လာလဲ ပြပေးမယ်”

လုံထော် အရိုးနဂါးနက်အသွင် ပြောင်းလိုက်သည့်အခါ မျက်ကန်းက လှမ်း၍ ဖမ်းဆုပ်လိုက်သည်။ ဂျောက်ခနဲ မြည်သံနှင့်အတူ နဂါးနက်လှံသည် ဖြောင့်တန်းသွားပြီး စိတ်လှုပ်ရှားနေသော အော်မြည်သံ ပြုလိုက်၏။

အဘွားစစ်၏နောက်၌ မဟာကြယ်ခြုံလွှမ်းလက်ဝါးသိုင်း၏ ကြယ်တာရာများ ဖွဲ့တည်လာပြီး မျက်ကန်း၏ကျောနောက်ရှိ ‌မီးဖိုကြီးဆီမှ မီးတောက်များကလည်း ကောင်းကင်ယံသို့တိုင် ရိုက်ခတ်သွား၏။‌ ထော့ကျိုးက အတန်ကြာ တွန့်ဆုတ်နေပြီးနောက် ဆုံးဖြတ်ရခက်နေသော အသံဖြင့် ပြောလိုက်သည်။ “ငါ့မှာ သုံးစရာ ကောင်းကင်လက်နက်လည်း မရှိတော့ မလိုက်တော့ဘူး....”

ဆေးဆရာက ‌ထော့ကျိုး၏ ‌ကျောပေါ် ခုန်တက်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ငါက မင်းရဲ့ ကောင်းကင်လက်နက်ပဲလေ... လာ၊ အတူတူ တိုက်ခိုက်ကြတာပေါ့”

ထော့ကျိုး၏ မျက်နှာအိုကြီးမှာ မည်းမှောင်သွားပြီး သူက အင်တင်တင်ဖြင့် ပြောလိုက်၏။ “ဆေးဆရာ၊ မင့်မိန်းမတွေအကုန်လုံး မုဆိုးမ ဖြစ်သွားမှာ မကြောက်ဘူးလား”

“ဖွီ... နိမိတ်မရှိ နမာမရှိ‌တွေ မပြောစမ်းနဲ့.... လာ သွားစို့”

ဆေးဆရာ၏ ကျောရှိ ဆေးခြင်းထဲမှ မရေမတွက်နိုင်သော ပိုးကောင်များ တွားသွားထွက်လာပြီး ကြီးထွားလာကြသည်။ သူတို့က သတ္တဝါကြီးများ အသွင်ပြောင်းကာ မြေပြင်၌ ပြေးလျက်သော်လည်းကောင်း ၊ ကောင်းကင်၌ ပျံသန်းလျက်သော်လည်းကောင်း လိုက်လာကြသည်။ အဆိပ်သတ္တဝါတို့၏ အဆိပ်များက အလွန်ပြင်းထန်လှသဖြင့် ကောင်းကင်ယံတွင် အဆိပ်တိမ်တိုက်များအဖြစ် ဖွဲ့တည်လာ၏။

“မိစ္ဆာဘိုးဘေးတွေကို သတ်ဖြတ်ကြစို့” သားသတ်သမားက စစ်မြေပြင်ဆီသို့ အရင်ဆုံး ပြေးတက်သွားပြီး လှမ်းအော်ပြောသည်။ “မူအာ၊ နားကန်းကို ကြည့်ထား .... အခြေအနေမကောင်းတော့ရင် သူ့ကို ချီပြီး ပြေး”

ချင်မူက ပြန်တုံ့ပြန်လိုက်ပြီး နွားသိုးစိမ်းကြီးကို စီးလျက် ပန်းချီကမ္ဘာထဲသို့ ၀င်သွားသော ပါမောက္ခပါ့ရှန်အား ကြည့်လိုက်သည်။ သူ့အနောက်မှ အဘွားစစ်၊ ရွှေအ၊ မျက်ကန်းနှင့် ကျန်ရှိသူများ လိုက်သွားကြ၏။ သူတို့က အတူတူ ပူးပေါင်း၍ မိစ္ဆာဘိုးဘေးများအား တိုက်ခိုက်နေကြသည်။

နွားသိုးစိမ်းကြီးက ပျံသန်းနေသကဲ့သို့ ခုန်လွှားနေသည်။ ကြီးမားလှသော ကိုယ်လုံးကြီးနှင့်ပင် ငှက်မွှေးလေးပမာ သွက်လက်ပေါ့ပါးနေ၏။ နွားသိုးစိမ်းကြီးသည် မကောင်းဆိုးဝါးတို့အပေါ် တက်နင်း၍ တိုက်ကွက်များအား ရှောင်တိမ်းလိုက်ကာ ခွာများဖြင့် ၎င်းတို့၏ဦးခေါင်းများ ပြားကပ်သွား‌အောင် ရိုက်ချနေသည်။ သူ၏ဖြတ်လတ်မှုက ဤအခြေအနေတွင် အားသာနေသဖြင့် သူ စိတ်တိုင်းကျ ရွေ့လျားနိုင်ကြောင်း သက်သေဖြစ်၏။

ချင်မူမှာ သူ့ဘေးရှိ နဂါးချီလင်ဆီသို့ ကြည့်လိုက်မိသည်။ သူ့ကို စီးရင်း မကောင်းဆိုးဝါးများအား တိုက်ခိုက်ချင်သော်လည်း အတန်ကြာတွေးပြီးသော် သူ့ကိုယ်သူ ချုပ်တည်းလိုက်ရသည်။

‘ဖက်တီးနဂါးက ‌မြန်မြန်ပြေးနိုင်ပေမယ့် သက်လုံမကောင်းဘူး... နွားသိုးစိမ်းကြီးလောက်လည်း မဖြတ်လတ်ဘူးဆိုတော့ ငါ သူ့ကို စီးသွားရင် မြန်မြန် သေလိမ့်မယ်... ဖက်တီးနဂါးအနေနဲ့ လေ့ကျင့်ဖို့ လိုသေးတယ်’

သူက ‌နေရာရွှေ့ပြောင်းအလံများ ထုတ်၍ လက်တစ်ချက် ဝှေ့ယမ်းကာ နားကန်း၏ ပတ်ပတ်လည်၌ စိုက်လိုက်သည်။ အချိန်မရွေး ထွက်သွားနိုင်အောင် နဂါးချီလင်နှင့် ဟူလင်းအာကိုလည်း အလံဧရိယာထဲ ခေါ်လိုက်၏။

ယိုတုမကောင်းဆိုးဝါးစစ်တပ်၏ အနောက်တွင် မိစ္ဆာနတ်ဘုရားများက ကောင်းကင်နတ်ဆိုးစစ်တပ်ကို အတန်းလိုက်စီလျက် ဦးဆောင်လာသည်။ စစ်ရေးအခင်းအကျင်းက စည်းစနစ်ကျနေပြီး ယိုတုမကောင်းဆိုးဝါးများကဲ့သို့ ဖရိုဖရဲ ဖြစ်မနေပေ။

သူတို့သည် လီမြို့၏ ခံစစ်ကို ဖြိုခွင်းရန် ဤမကောင်းဆိုးဝါးများအား ရှေ့ပြေးစစ်တပ်အဖြစ် လွှတ်ခဲ့ခြင်းဖြစ်၏။ မကောင်းဆိုးဝါးများ လီမြို့၏ခံစစ်ကို ဖြိုခွင်းနိုင်လျှင် ထိုအခြေအနေကို အခွင့်ကောင်းယူ၍ လီမြို့ကို ဝင်သိမ်းလိမ့်မည်။ ထိုအခါ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ခံစစ်မှာ တစ်ချက်တည်း ပြိုလဲသွားလိမ့်မည်။

သို့သော် ပျက်စီးနေသည့် ဝူ၀မ်မြို့ထဲတွင် စစ်သည်တော်များ ဘွားခနဲ ပေါ်လာပြီး ယိုတုမကောင်းဆိုးဝါးများကို တားဆီးကြလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။

ယိုတုမကောင်းဆိုးဝါးများနှင့်ယှဉ်လျှင် ကောင်းကင်နတ်ဆိုးစစ်တပ်၏ ခြေလျင်တပ်မှာ များစွာနှေးကွေး၏။ သူတို့ကြားအကွာအဝေးက အလွန်လှမ်းလှသဖြင့် ‌ရှေ့တန်းအား ချက်ချင်း တပ်မကူပေးနိုင်ပေ။

အလယ်စစ်တပ်က ပို၍ပင် ဝေးကွာနေသဖြင့် ဖုရွေ့လော်သည် မျက်မှောင်ကြုတ်လျက် စစ်မြေပြင်ကို အဝေးမှ ကြည့်နေ၏။ သူ၏ မျက်နှာသုံးခုက ပတ်၀န်းကျင်ကို ‌ဝေ့ဝဲကြည့်ကာ တအံ့တဩ မေးလိုက်၏။ “ဒီနတ်ဘုရားစစ်တပ်က ဘယ်ကနေ ပေါ်လာတာပါလိမ့်”

သူ့ဘေးရှိ မိစ္ဆာနတ်ဘုရားများအားလုံး ခေါင်းရမ်းလိုက်ကြသည်။

ယိုတု၏ မကောင်းဆိုးဝါးများနှင့် မိစ္ဆာဘိုးဘေးများသည် သတ်ဖြတ်စားသောက်ရန်သာ သိပါသော်လည်း ကောင်းကင်နတ်ဆိုးများကမူ လူသားများသဖွယ် အလွန်တရာ အသိဉာဏ်မြင့်မား၏။ မဟုတ်ပါက ယခုလို တိုင်းပြည်တစ်ပြည်နှင့် ကျင့်ကြံခြင်းစနစ်တစ်ခုကို မည်ကဲ့သို့ တည်ထောင်နိုင်ခဲ့မည်နည်း။

သို့တိုင်အောင် သူတို့၏ ထူးချွန်ထက်မြက်လှသော အသိဉာဏ်ဖြင့်ပင် ဤကဲ့သို့ အင်အားတစ်သန်းရှိသည့် စစ်တပ်ကြီး မည်သည့်နေရာမှ ပေါ်လာပြီး စစ်ပွဲထဲသို့ ရောက်လာခဲ့မှန်း မသိကြပေ။

ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသည့် အင်အားကြီးမားသော်လည်း ထိုက်ဧကရာဇ်ကောင်းကင်ဘုံထက် အနည်းငယ် အားနည်းနေသေး၏။ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏စစ်တပ်က ပင်မစစ်တပ်အဖြစ် ပြုမူနေဆဲ ဖြစ်ပြီး ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်သိုင်းပညာရှင်များက အရန်တပ်ဖွဲ့အဖြစ်သာ ရှိသည်။

ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ ဤလျှပ်တပြတ်တိုက်ခိုက်မှုကို မသိထားသဖြင့် ယိုတုမကောင်းဆိုးဝါးစစ်တပ်ကို ခုခံရန် ဤမျှများပြားလှသော စစ်သည်တော်များကို ခေါ်လာနိုင်မည်မဟုတ်ပေ။

ထိုသို့ဆိုလျှင် ဤနတ်ဘုရားစစ်တပ်က မည်သည့်နေရာမှ ရောက်လာခဲ့သနည်း။

ဖုရွေ့လော်က လုလီဆီသို့ လှမ်းကြည့်လိုက်သော်လည်း ပြိုင်ဘက်ကင်းအလှပိုင်ရှင်မှာလည်း စိတ်ရှုပ်ထွေးနေသည်။ သူမက ခေါင်းရမ်းကာ ပြောလိုက်၏။ “နတ်ဆိုးဘုရင်၊ ငါလည်း သူတို့ ဘယ်ကလာမှန်း မသိဘူး... ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှာ ဒီလောက်နတ်ဘုရားအများကြီး မရှိပေမယ့် မဟာမြို့ပြက်မှာတော့ ရှိတယ်... အဲ့ဒီက လာတာများဖြစ်နိုင်မလား”

ဖုရွေ့လော် အထိတ်တလန့် အော်လိုက်သည်။ “အမိန့်နာခံ... စခန်းချပြီး မြို့ဆောက်ကြမယ်.... ရန်သူ့တိုက်ခိုက်မှုတွေအတွက် အကာအရံတွေ ပြင်ကြ၊ ဒီနတ်ဘုရားစစ်တပ် ဘယ်ကလာလဲ စုံစမ်းဖို့ ကင်းထောက်တွေ လွှတ်လိုက်”

သူ စကားပြောပြီးသည့်အချိန်တွင် ပထမဆုံးနတ်ဆိုးတပ်ဖွဲ့သည် မိစ္ဆာနတ်ဘုရားတစ်ပါး၏ ဦးဆောင်မှုနှင့်အတူ ဝူဝမ်မြို့ဆီ ရောက်နေပြီဖြစ်၏။ အမိန့်ရသည့်အချိန်တွင် စစ်မြေပြင်မှ မိုင်လေးရာ ကွာဝေးသေး၍ စစ်မြေပြင်သို့ မဝင်တော့ဘဲ တမုဟုတ်ချင်း စခန်းချလိုက်ကြသည်။

ကောင်းကင်နတ်ဆိုးများနှင့် အလုပ်ကြမ်းသမားများက တောင်တန်းများကို ရွှေ့ပြီး ကျောက်ဆောင်များ ထောင်မတ်ကာ အလျင်အမြန် မြို့တံတိုင်း တည်ဆောက်ကြ၏။ ထို့နောက် တောင့်တင်းခိုင်မာအောင် သားရဲများသတ်၍ သားရဲသွေးဖြင့် မိစ္ဆာသင်္ကေတများ ရေးဆွဲလိုက်ကြသည်။

မြို့ထဲရှိ ကောင်းကင်နတ်ဆိုးတို့ကမူ ကင်းတဲနှင့် မျှော်စင်များ တည်ဆောက်နေကြသည်။ အားလုံး အလွန်အလုပ်များနေကြတော့သည်။

ထို့နောက် မိစ္ဆာနတ်ဘုရားက တစ်ချက်အော်၍ စစ်သူကြီးများနှင့်အတူ ရှေ့တန်းသို့ ချီတက်သွားသည်။ စစ်မြေပြင်အရှေ့ရှိ တောင်ထိပ်ပေါ်သို့ ရောက်သည့်အခါ မိစ္ဆာနတ်ဘုရားက အခြေအနေအား ပြသပေးရန် ကိုက်သုံးဆယ်ကျော် မြင့်မားသော ဧရာမမှန်ကြီးတစ်ချပ် ထူမတ်လိုက်သည်။

တခဏကြာသော် ဖုရွေ့လော်က မှန်တစ်ချပ် ထုတ်၍ ပြသနေသော မြင်ကွင်းကို ကြည့်နေ၏။ စစ်မြေပြင်အခြေအနေကို မြင်လိုက်သည်နှင့် သံသယများ သူ့မျက်နှာထက်တွင် ပြည့်နှက်သွားသည်။

သူ၏စူးရှသော အကြည့်မှ သဲလွန်စတချို့ ဆွဲထုတ်လိုက်နိုင်သည်။ ဘွားခနဲ ပေါ်လာခဲ့သော နတ်ဘုရားစစ်တပ်သည် သက်ရှိအစစ်များ မဟုတ်ပေ။ အစွမ်းအစများက အလွန်သန်မာအားကောင်းသော်လည်း ဖန်ဆင်းပညာဖြင့် ဖန်တီးခံလိုက်ရသော နတ်ဘုရားများ ဖြစ်ပုံရ၏။

သို့သော် စစ်မြေပြင်ထဲတွင် နတ်ဘုရားစစ်တပ်သာ ရှိနေခြင်းမဟုတ်ကြောင်း သူ သတိထားမိလိုက်သည်။ ထူးဆန်းသော လူတစ်စုက မိစ္ဆာနတ်ဆိုးဘိုးဘေးများကို  သတ်ဖြတ်သုတ်သင်နေကြသည်။

သူတို့သည် နတ်ဘုရားအဆင့် သိုင်းပညာရှင်များဖြစ်၏။ တစ်ယောက်က ထွားကြိုင်းသန်မာသော ကိုယ်ခန္ဓာဖြင့် သားသတ်သမား၊ နောက်တစ်ယောက်က ပန်းပဲဆရာ၊ တတိယတစ်ယောက်က နဂါးနက်လှံတစ်လက်ဖြင့် အရပ်ပုပုလူ ဖြစ်သည်။ ဤလူသုံးယောက်ကား ကြောက်စရာအကောင်းဆုံး ဖြစ်ပြီး သူတို့ အတူတူ ပူးပေါင်းလိုက်ပါက မိစ္ဆာနတ်ဆိုးဘိုးဘေးများပင် သေဘေးမှ မလွတ်မြောက်နိုင်ပေ။

သူတို့အပြင် ပြိုင်ဘက်ကင်းအလှပိုင်ရှင် အမျိုးသမီးတစ်ယောက်၊ အစိမ်းရောင်နွားသိုးကြီး စီးထားသော ထောင်ထောင်မောင်းမောင်း လူတစ်ယောက်နှင့် ကြေးမျက်နှာဖုံးဖြင့် အဘိုးအိုကို ကျောပိုးလျက် ဟိုမှသည် ပြေးလွှားနေသော အဘိုးအိုတစ်ယောက်တို့လည်း ရှိနေ၏။ မရေမတွက်နိုင်‌သော အဆိပ်သတ္တဝါများက အဆိပ်များ ထွေးထုတ်လျက် ယိုတုမကောင်းဆိုးဝါးတို့ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေကြသည်။

ဤအဖွဲ့တွင်မူ ကြေးမျက်နှာဖုံးဖြင့် အဘိုးအိုက ကြောက်စရာအကောင်းဆုံး ဖြစ်သည်။ သူ ဖြတ်သွားသော နေရာတိုင်းတွင် သူ့အဆိပ်သည် မကောင်းဆိုးဝါးများကို အုံလိုက်ကျင်းလိုက် သတ်ဖြတ်နိုင်၏။ သူ့ကြောင့် မကောင်းဆိုးဝါးစစ်တပ်၏ ထိခိုက်နစ်နာမှုမှာ ကျန်အစွမ်းထက်သိုင်းပညာရှင်များ လုပ်နိုင်သည်ထက်ပင် ကြီးမားချေသည်။ မရေမတွက်နိုင်သော မကောင်းဆိုးဝါးများမှာ အဆိပ်ကြောင့် မသေလျှင်၊ အရည်ပျော်ကျကုန်၏။ သူ၏နည်းလမ်းများက နတ်ဘုရားထက်ပင် ကြောက်မက်ဖွယ်ရာကောင်းသည်။

ယိုတုမှ ဆင့်ခေါ်ထားသော မကောင်းဆိုးဝါးများပင် ဤပုဂ္ဂိုလ်၏ အဆိပ်အား မတောင့်ခံနိုင်ပေ။

“ဒီလူတွေ ဘယ်က လာတာလဲ... ဖန်ဆင်းခံထားရတဲ့ ဒီနတ်ဘုရားစစ်တပ်ကရော ဘယ်က လာတာလဲ”

ဖုရွေ့လော်မှာ သူတို့၏ဇစ်မြစ်ကို မမြင်ရသဖြင့် အလေးအနက် ပြောလိုက်သည်။ “လုလီ၊ နတ်ဘုရားစစ်တပ်က အတုနဲ့ အစစ် တွဲနေတယ်... ပုံရိပ်တွေကြားမှာ ရောနှောနေတဲ့ အစစ်အမှန်နတ်ဘုရားတွေ ရှိနေတယ်... သူတို့အင်အား ဘယ်လောက်ပုန်းကွယ်နေမလဲ ငါ မသိဘူး... မင်း မကောင်းဆိုးဝါးစစ်တပ်ကို ပြန်ခေါ်လိုက်ရင် ငါတို့ ဗျူဟာနဲ့ပတ်သက်ပြီး ပြန်တွေးနိုင်မယ်”

လုလီက ယစ်မူးတိမ်းမက်ဖွယ်ကောင်းစွာ လှုပ်ရှားလိုက်ပြီး လှပသော မျက်ခုံးလေးနှစ်ဖက် ပင့်တက်သွားသည်။ သူမရုပ်သွင်မှာ အလွန်ချောမောလှပါသော်လည်း အသံကတော့ ဩရှနေ၏။ “ဖုရွေ့လော်၊ ရန်သူရဲ့ အစွမ်းအစတွေက အဲဒီလောက် မကြီးကျယ်မှန်း မင်း မြင်သင့်တယ်.... သူတို့ကြားမှာ နတ်ဘုရားအစစ် ငါးယောက် ၊ ခြောက်ယောက်ပဲ ရှိတာ... မင်း သူတို့ကို သတ်လိုက်ရင် မင်းရဲ့ စစ်တပ်အနေနဲ့ တစ်ဖက်ကို နင်းခြေနိုင်လိမ့်မယ်... အခု နောက်ဆုတ်လိုက်လို့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံအတွက် အချိန်ရသွားတာနဲ့ သူတို့ကို နောက်တစ်ကြိမ် နင်းခြေဖို့ ပိုခက်လာလိမ့်မယ်”

ဖုရွေ့လော် ခေါင်းယမ်းလိုက်သည်။ “ရန်သူက အသင့်အနေအထား ဖြစ်နေပြီပဲ... လီမြို့ကို အလစ်ဝင်တိုက်ဖို့ မဖြစ်နိုင်တော့ဘူး.... ဒါကြောင့် စစ်သည်တွေကို ပြန်စုစည်းပြီး အတုအစစ်ခွဲတာ ပိုမကောင်းဘူးလား... ဒါ့အပြင် နတ်ဘုရားငါးယောက်၊ ‌ခြောက်ယောက်ပဲ ရှိမှန်း မင်း ဘယ်လိုသိလဲ... ပုန်းနေတဲ့သူတွေ ရှိနေသေးရင် ဘယ်လိုလုပ်မလဲ... အဲဒီအတိုင်းဆို ငါတို့ ပိုအထိနာလိမ့်မယ်.... ငါ့ကောင်းကင်နတ်ဆိုးမျိုးနွယ်ရဲ့ အနာဂတ်ကို လောင်းကြေးမထပ်နိုင်ဘူး”

လုလီမှာ မတတ်နိုင်တော့သဖြင့် ယိုတုစကားဖြင့် ကျယ်လောင်စွာ တစ်ချက်အော်လိုက်သည်။

ရှေ့တန်းရှိ မိစ္ဆာနတ်ဆိုးဘိုးဘေးများက သူမအော်သံကို ကြားလျှင် အော်ဟစ်ကြပြီး မကောင်းဆိုးဝါးစစ်တပ်ကို ဆုတ်ခွာခိုင်းနေသည်။

ချင်မူလည်း လုလီ၏အသံကို ကြားလိုက်၏။ “ဒါက ... ယိုတုစကားမဟုတ်လား... ငါလည်း သိတယ်”

ချင်မူ မည်သည်ကိုမှ မတွေးဘဲ ယိုတုစကားဖြင့် အော်ဟစ်လိုက်သည်။ သူ့အသံကို မိုင်နှစ်ဆယ်၊ သုံးဆယ်ပတ်ချာလည်တွင် ကြားရ၏။

သူ့အသံ ကြားလိုက်သည့် မိစ္ဆာနတ်ဆိုးဘိုးဘေးများက ရပ်ပြီး ခေါင်းလှည့်ကြည့်ကြသည်။ သူတို့ဆီမှ မိစ္ဆာသံ ထွက်လာကြကာ သူ့စကား နားထောင်ကြလေသည်။

ချင်မူ ကျယ်လောင်စွာ စကားတစ်ခွန်း၊ နှစ်ခွန်း ပြောလိုက်သည့်အခါ မိစ္ဆာနတ်ဆိုးဘိုးဘေးများသည် ပြန်လှည့်လာကြပြီး တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ကာ ဦးညွှတ်လိုက်ကြ၏။

သားသတ်သမား၊ ရွှေအနှင့် ကျန်ရှိသူများမှာ သွေးသံရွှဲရွှဲဖြင့် နောက်မှ လိုက်သတ်ရန် ပြင်နေကြသော်လည်း ဤမြင်ကွင်းကို မြင်လျှင် ရပ်သွားကြသည်။ မည်သို့လုပ်ရမည်မှန်း သူတို့ မသိကြတော့ပေ။

အဝေးမှ ဖုရွေ့လော်လည်း မကောင်းဆိုးဝါးများနှင့် မိစ္ဆာနတ်ဆိုးဘိုးဘေးကြီးများ ရပ်သွားသည်ကို မြင်လိုက်သည်နှင့် တစ်ခုခုလွဲချော်နေမှန်း သိသွား၏။ သူက လုလီဆီသို့ ကြည့်လိုက်သည်။

လုလီ၏နဖူးမှ ချွေးများ ကျနေပြီး သူမက တခစ်ခစ် ရယ်သည်။ “ဖုရွေ့လော်၊ နင် မပေါ့ပျက်လွန်းဘူးလား.... ဒီကောင်လေးကို အသက်ရှင်ရက် ထား,ထားသေးတယ်ပေ့ါလေ... အဲဒီကောင်လေးက ရန်သူတပ်ထဲမှာပဲ... ကောင်လေး၊ မင်းက သူတို့ကို ထိန်းချုပ်ချင်တယ်ပေါ့လေ... အိပ်မက်တောင် မမက်နဲ့”

သူမ၏မိစ္ဆာသံက မိုးခြိမ်းသံကြီးသဖွယ် ကျယ်လောင်လာကာ စစ်မြေပြင်ထက်၌ ဟိန်းထွက်နေသည်။ သူမအသံသည် ချင်မူ့အသံကို လွှမ်းမိုးသွားသဖြင့် ချင်မူ ပြောနေသည့် စကားတစ်လုံးမှ မကြားရ‌တော့ပေ။

ချင်မူ ညည်းတွားလိုက်ပြီး ယိုတုစကားကို ကျယ်ကျယ် ပြောရန် ကြိုးစားသော်လည်း သူ့အသံက ဝေးဝေးမရောက်ပေ။

မိစ္ဆာနတ်ဆိုးဘိုးဘေးများက ငေးငေးကြောင်ကြောင် အမူအရာများဖြင့် ထရပ်၍ ယိုတုမကောင်းဆိုးဝါးများကို ထိန်းကာ ဆုတ်ခွာသွားကြ၏။

၎

င

၎

၎

All Chapters