← Chapters

သူရဲကောင်းချန်ရဲ

Vol. 35 Ch. 482

သူရဲကောင်းချန်ရဲ

Vol. 35 Ch. 482

ယဲ့ချန်သည် ကြယ်ပိုင်နက်က အစွမ်းထက်ကြောင်း သိထားသော်လည်း ၎င်း၏အစွမ်းကြောင့် အံ့သြဘနန်းဖြစ်နေခဲ့သည်။ ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်က အလွန်ဆန်းကျယ်ကြောင်း သိထားသော်လည်း ပိုင်နက်၏အစွမ်းသည် သူထင်ထားသည်ထက် ပို၍ကျော်လွန်နေသည်။ ၎င်းက အဆင့်တစ်ပိုင်နက်ကို ထုတ်ဖော်နိုင်သော လျူမင်ကို တိုက်ရိုက်ချေမွပစ်လိုက်နိုင်သည့်အပြင် ပိုင်နက်၏စွမ်းအားကိုပင် စုပ်ယူနိုင်နေခဲ့သည်။

"ဒီကောင့်ကို သတ်ကြစမ်း"

သမာဓိကောင်စီအုပ်စုတွင် ခေါင်းဆောင်ဖြစ်သော လျူမိုက ခပ်အက်အက်အသံဖြင့် အမိန့်ပေးလိုက်သည်။ သူ၏မျက်လုံးများက အဆိပ်ရှိသော မြွေတစ်ကောင်၏မျက်လုံးများကဲ့သို့ ယဲ့ချန်ကို စိုက်ကြည့်နေသည်။ ကြယ်ပိုင်နက်၏အစွမ်းက ထူးခြားနေသောကြောင့် ခြိမ်းခြောက်မှုတစ်ခုကို ခံစားနေရသည်။ ထို့ကြောင့် သူက ယဲ့ချန်ကို မိုးကြိုးမျိုးနွယ်ထံ အရောက်ခံနိုင်ခြင်းမရှိချေ။ သို့မဟုတ်လျှင် စစ်ပွဲအတွင်း၌ ယဲ့ချန်က အနာဂတ်တွင် သမာဓိကောင်စီကို ဒုက္ခကောင်းကောင်းပေးနိုင်စွမ်းရှိနေသည်။ လျူမိုနှင့် နောက်လိုက်ထူးကဲအဆင့်များက ယဲ့ချန်ကို ဝိုင်းထားလိုက်ပြီး ပိုင်နက်များဖြင့် အရပ်မျက်နှာပေါင်းစုံမှ ဖိအားပေးလိုက်ကြသည်။

ယဲ့ချန်အပေါ်တွင် ဖိအားများ ရုတ်တရက်တိုးလာခဲ့သည်။ ကြယ်ပိုင်နက်သည် အလွန်အစွမ်းထက်သော်လည်း အဆင့်တစ်ပိုင်နက်ငါးခုကို တပြိုင်နက်ရင်ဆိုင်ရန် မလုံလောက်သေးပေ။ ထို့အပြင် သူ့ကိုဝိုင်းထားသူများမှာ ထူးကဲအဆင့်နှစ်နှင့် အဆင့်သုံးကျင့်ကြံသူများချည်းသာ ဖြစ်သည်။

ထိုအချိန်တွင် နတ်မိုးကြိုးမြို့တော်အတွင်း လှပသော နန်းဆောင်တစ်ခုအတွင်း၌ ဗျတ်စောင်းတီးခတ်သံတစ်ခု သိမ်မွေ့ညှင်သာစွာ ထွက်ပေါ်နေသည်။ ၎င်းက သာယာလွန်းသဖြင့် နှလုံးသားထဲတွင် နွေဦးလေပြေပမာ ခံစားရစေသည်။ ဗျတ်စောင်း၏ရှေ့တွင် အဖြူရောင်ဇာပဝါကို မျက်နှာထက်တွင်ဖုံးကွယ်ထားသော မိန်းမပျိုတစ်ယောက် ထိုင်နေသည်။ သူမ၏ခါးတွင် ဖီးနစ်တစ်ကောင်၏ ပုံရိပ်ထွင်းထားသော ကျောက်စိမ်းခါးပတ်တစ်ခုရှိနေကာ အဖြူရောင်အသားအရေနှင့် တင့်တယ်နေသည်။ သွယ်လျလှပသော လက်ချောင်းလေးများက ဖြည်းညှင်းစွာ လှုပ်ရှားနေကာ ကျောပြင်အထက်တွင် ဆံပင်ရှည်များကို ငွေရောင်ဖဲကြိုးတစ်ခုဖြင့် စည်းနှောင်ထားသည်။ သူမ၏မျက်နှာကို ဇာပဝါဖြင့်ဖုံးကွယ်ထားသော်လည်း လှပမှုက အထင်းသားထွက်ပေါ်နေကာ နူးညံ့သိမ်မွေ့သော မျက်လုံးလေးများက ရွှန်းလက်တောက်ပနေသည်။ သူမ၏လည်တိုင်တွင် ပုလဲဘယက်တစ်ခု ဆင်မြန်းထားသဖြင့် ကျက်သရေရှိရှိ လှပနေသည်။ သူမက မိုးကြိုးမျိုးနွယ်၏ မဟာအကြီးအကဲလောင်ရင်ဖြစ်ပြီး ဗျတ်စောင်းကို နတ်ဘုံမှ ဂီတနတ်သမီးပမာ တီးခတ်နေသည်။ သူမကိုမြင်လိုက်ရသူတိုင်းက လောကီလူ့ဘုံ၏ပြဿနာတိုင်းကို မေ့လျော့သွားနိုင်လောက်အောင် လှပနေသည်။

လောင်ရင်၏ဘေးတွင် အနီရောင်ဝတ်စုံခပ်ကျပ်ကျပ်ကို ဝတ်ဆင်ထားသော မိန်းမပျိုတစ်ယောက်က ညှို့ငင်အားပြင်းစွာ ရှိနေသည်။ သူမ၏ကောက်ကြောင်းများက အထင်းသားထွက်ပေါ်နေ၍ ရင်ညွှန့်နေရာတွင် မြင်အပ်မမြင်အပ် အစိတ်အပိုင်းအချို့ ထွက်ပေါ်နေသည်။ သွယ်လျသောခါးအောက်တွင် ဖြောင့်စင်းသော ပေါင်တံအစုံကို ခြေချိတ်ထိုင်နေသဖြင့် လုံးဝန်းသော အောက်ပိုင်းအလှက ထင်ရှားစွာ ထွက်ပေါ်နေသည်။ သူမက ပိုလင်းဖြစ်ပြီး နန်းဆောင်အတွင်းရှိနေသော မိန်းမပျိုနှစ်ယောက်လုံးက အလွန်အမင်းလှပသော်လည်း အလှကိုယ်စီပိုင်ဆိုင်ထားကြသည်။ လောင်ရင်က သိမ်မွေ့၍ကျက်သရေရှိပြီး ပိုလင်းက ဆွဲဆောင်အားပြင်းသူဖြစ်သည်။ နှစ်ယောက်လုံးက ပန်းချီကားတစ်ခုပမာ ရက်ရက်စက်စက်လှပနေပြီး မြင်ရသူတိုင်း အသက်ရှူပင် ရပ်တန့်သွားနိုင်သည်။ ပိုလင်းက ဗျတ်စောင်းသံကို နားဆင်နေသော်လည်း တွေဝေငေးမောနေသည်။ သူမက တစ်ခါတရံတွင် မျက်မှောင်ကြုတ်လိုက်၊ တစ်ခါတရံတွင် ပြုံးလိုက်ဖြင့် လှပသောအတိတ်ကို ပြန်တွေးနေခြင်းဖြစ်သည်။ လောင်ရင်က သူမ၏မျက်နှာအမူအရာကြောင့် စိုးရိမ်ပူပန်နေမိသည်။

"လင်းအာ နင့်မှာ ရှေးဦးမျိုးဆက်သွေးနိုးထလာပြီး ကျင့်ကြံဆင့်က လျင်လျင်မြန်မြန်တိုးတက်လာပြီနော်။ နင့်အဆင့်အတန်းကလည်း အရမ်းမြင့်လာပြီး အမြဲလိုချင်နေတဲ့ အနေအထားကို ရောက်ပြီမလား။ ဒါပေမယ့် ယောကျ်ားတွေက နင့်ကို ဘယ်လိုဆက်ဆံပြီး မကောင်းကြံနေမယ်ဆိုတာကိုတော့ မမေ့လိုက်ပါနဲ့။ သူတို့တကယ်လိုချင်တာက နင့်ရဲ့ကျင့်ကြံဆင့်ပဲ"

လောင်ရင်က ဗျတ်စောင်းတီးခတ်ခြင်းကို ရပ်တန့်၍ ပြောသင့်မပြောသင့် ချင့်ချိန်နေသည်။ ခဏတာစဥ်းစားပြီးနောက် သူမက ပိုလင်း၏လက်ကိုဆုပ်ကိုင်ကာ လေးလေးနက်နက် မှာကြားလိုက်သည်။ လောင်ရင်၏အသံက နူးညံ့ညှင်သာနေသော်လည်း ပိုလင်းအပေါ် အခြားယောကျ်ားများ အခွင့်ကောင်းယူမည်ကို အစိုးရိမ်ကြီးနေသဖြင့် တုန်ယင်နေသည်။

"ရင်အာ မစိုးရိမ်ပါနဲ့ နော်။ အိပ်မက်ဆိုးမျိုးနွယ်က အရမ်းအစွမ်းထက်တယ်ဆိုတာကို သိတယ်မလား။ သူတို့က မွေးကထဲက ချီပင်လယ်အဆင့်ကိုရောက်နိုင်တယ်လို့ ပြောကြတယ်။ ငါ့ကျင့်ကြံဆင့်က အရမ်းမြန်မြန်မြင့်တက်လာနေပြီး အခုအဆင့်တစ်ပိုင်နက်ကို နားလည်နေပြီ။ အနာဂတ်မှာ ငါတို့အရှင်ထက်တောင် ပိုအစွမ်းထက်ဖို့ အလားအလာရှိတယ်။ ငါက ဘယ်လိုလုပ်လွယ်လွယ်နဲ့ ကျင့်ကြံဆင့်ကို အဆုံးရှုံးခံမှာလဲ"

ပိုလင်းသည် လောင်ရင်က သူမ၏ကောင်းကျိုးအတွက် အမှန်တကယ်စိုးရိမ်နေကြောင်း သိနေသည်။ သူက ယုံကြည်မှုရှိစွာပြုံး၍ လောင်ရင်၏လက်ကလေးကို ပြန်လည်ဆုပ်ကိုင်ကာ နှစ်သိမ့်လိုက်သည်။

"နင် ဒီလိုနားလည်ထားတာ ကောင်းတယ်။ နင့်ရဲ့မျိုးဆက်သွေးကြောင့် အနာဂတ်က အကန့်အသတ်မရှိတော့ဘူး။ ယောကျ်ားတစ်ယောက်ရဲ့လက်ထဲမှာ အရာအားလုံး ဆုံးရှုံးသွားလို့မဖြစ်ဘူး။ အနာဂတ်ကောင်းတွေ ပိုင်ဆိုင်ထားပေမယ့် ယောကျ်ားတွေကြောင့် ဘဝပျက်သွားတဲ့ ငါတို့ညီအစ်မတွေအကြောင်း မမေ့လိုက်နဲ့နော်။ သူတို့က နောက်ပိုင်းမှာ မျိုးပွားစက်တစ်ခုလိုမျိုး အနိုင်ကျင့်ခံကြရတယ်။ ညီအစ်မတွေအများကြီး ဆိုးဆိုးရွားရွားသေခဲ့ရပြီ။ လင်းအာ နင့်ကို ဒီလိုအဖြစ်မခံနိုင်ဘူး "

မိုးကြိုးသားရဲမျိုးနွယ်၏ သဘာဝကြောင့် လောင်ရင်သည် ယောကျ်ားများအပေါ် အမုန်းကြီးမုန်းနေခြင်းဖြစ်သည်။ ပိုလင်းသည်လည်း လောင်ရင်ကဲ့သို့ အတွေးမျိုးရှိသောကြောင့် သူမ၏ခံစားချက်ကို နားလည်သည်။ သူမက အခြားယောကျ်ားများနှင့် ပြောဆိုဆက်ဆံရတိုင်း အမြဲတမ်းသတိထား၍ ကိုယ့်ကိုကိုယ်ထိန်းသိမ်းခဲ့သည်။ သူမကိုယ်တိုင်လည်း ယောကျ်ားများ၏ကျင့်ကြံခြင်းအတွက် အသုံးချခံတစ်ခုအဖြစ် သေရမည်ကို စိုးရွံ့နေခဲ့သည်။ သို့သော် တည်ကြည်ရိုးသားသော ယဲ့ချန်ကြောင့် အရာအားလုံး ကွာခြားသွားခဲ့သည်။

"ရင်အာ နင်ပြောချင်တာကို ငါ နားလည်ပါတယ်။ ဒါပေမယ့် ငါ့ကျင့်ကြံဆင့်ကို မလိုချင်တဲ့ လူတစ်ယောက်ရှိတယ်"

ယဲ့ချန်အကြောင်း တွေးမိလိုက်သဖြင့် ပိုလင်း၏မျက်နှာထက်တွင် ရှက်ပြုံးလေးတစ်ခု ဖြစ်ပေါ်လာသည်။

"လင်းအာ နင့်အတွေးတွေက အရမ်းအန္တရာယ်များတယ်နော်။ နင်ပြောတဲ့လူက တကယ်ရိုးသားပါ့မလား။ အစပိုင်းမှာ ညီအစ်မတွေက နင့်လိုမျိုးထင်ခဲ့ကြတာပဲ။ ဒါပေမယ့် နောက်ဆုံးမှာ ကျင့်ကြံဆင့်ကို ပေးဆပ်လိုက်ရတယ်"

လောင်ရင်သည် ပိုလင်း၏အမူအရာမျိုးကို အခြားညီအစ်မများထံတွင် မြင်ဖူးခဲ့သောကြောင့် သက်ပြင်းတစ်ချက်ချလိုက်မိသည်။

"ငါ့ကိုယုံပါ ရင်အာရယ်။ မစိုးရိမ်ပါနဲ့။ ငါ နင်စိတ်ပူတာကို နားလည်ပါတယ်"

အမြဲတမ်းတည်ငြိမ်နေတတ်သော ပိုလင်းက ရှက်ရွံ့နေခဲ့သည်။ သူမက ယဲ့ချန်နှင့် လင်မယားဖြစ်နေသည့်အကြောင်းကို လောင်ရင်အား မည်သို့ရှင်းပြရမည်ကို မတွေးတတ်အောင်ဖြစ်နေခဲ့သည်။ လောင်ရင်ကမူ သူမ၏အမူအရာကြောင့် နှလုံးသားထဲတွင် နာကျင်နေခဲ့သည်။ သွေးမျိုးဆက်နိုးထလာပြီးနောက် ပိုလင်းသည် အတိတ်က သူမသိခဲ့သော ပိုလင်းမဟုတ်တော့ပေ။

"သမာဓိကောင်စီက ငါတို့ကို တိုက်ခိုက်တော့မယ်။ နင့်ကျင့်ကြံဆင့် ဆုံးရှုံးသွားလို့မရဘူး။ အခြေအနေက အရမ်းအန္တရာယ်များနေပြီ လင်းအာ"

လောင်ရင်က ပိုလင်း၏လက်ကို ခပ်တင်းတင်းဖျစ်ညှစ်၍ သတိပေးလိုက်သည်။ နတ်မိုးကြိုးမြို့တော်က မိုးကြိုးသားရဲမျိုးနွယ်နှင့် သမာဓိကောင်စီ၏ စစ်မြေပြင်ဖြစ်လာပေလိမ့်မည်။ သူမက ပိုလင်းကို အနည်းငယ်မျှပင် အထိခိုက်မခံနိုင်ချေ။ ပိုလင်းက လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။

"မောင်လေး မမက မင်းကို ဒီဘဝမှာ နောက်တစ်ကြိမ် တွေ့နိုင်ပါဦးမလားကွယ်"

သူမက စိတ်ထဲမှ ရေရွတ်လိုက်ခြင်းဖြစ်သည်။ ထိုအချိန်တွင် သူမက ရင်းနှီးသော ဝိညာဥ်အသိစိတ်ကို ခံစားလိုက်ရသဖြင့် ရုတ်တရက် ထရပ်လိုက်မိသည်။

"သူ ရောက်နေတယ်"

ပိုလင်း၏မျက်လုံးလေးများက ပျော်ရွှင်မှုကြောင့် ရွှန်းလက်တောက်ပလာသည်။ ထို့နောက် သူမက အပြင်သို့ ပြေးထွက်သွားသောအခါ လောင်ရင်က မင်သက်သွားခဲ့သည်။ သူမက ပိုလင်း၏စကားကိုကြားသောအခါ နှုတ်ခမ်းကို ခပ်တင်းတင်းကိုက်၍ နောက်မှ အပြေးကလေးလိုက်ပါသွားခဲ့သည်။ ပိုလင်းရေရွတ်လိုက်သော သူ ဆိုသည်ကို သူမက သိချင်နေခဲ့သည်။ နတ်မိမယ်လေးနှစ်ယောက်က နန်းဆောင်အတွင်းမှ ပျံသန်းထွက်ခွာလာပြီး မြို့ရိုးများထံ ဦးတည်လိုက်ကြသည်။

လက်ရှိတွင် ယဲ့ချန်သည် ထူးကဲအဆင့်ရန်သူငါးယောက်ကို တစ်ကိုယ်တော် ရင်ဆိုင်နေရသဖြင့် ခက်ခဲနေသည်။ သူ၏ပိုင်နက်က အလွန်အစွမ်းထက်သော်လည်း ငါးယောက်တစ်ယောက်တိုက်ခိုက်နေရသဖြင့် ဖိအားများနေသည်။

"သူ့ကိုကယ်ကြစို့"

နတ်မိုးကြိုးမြို့တော်၏ ထူးကဲအဆင့်ကျင့်ကြံသူငါးယောက်က မြို့ရိုးပေါ်မှ ပိုင်နက်ကိုယ်စီထုတ်ဖော်ခဲ့သည်။ စုစုပေါင်း ပိုင်နက်၁၁ခု အချင်းချင်းပွတ်တိုက်ဆန့်ကျင်နေသဖြင့် လေထုပင် မီးဟုန်းဟုန်းတောက်လောင်နေသည်။

"ဘန်း ဘန်း ဘန်း"

မိုးချုန်းသံကဲ့သို့ ပေါက်ကွဲသံများ ကျယ်လောင်စွာ ထွက်ပေါ်နေသဖြင့် နှစ်ဖက်လုံးမှ အဆင့်မြင့်အကြီးအကဲများက တိုက်ပွဲကို အာရုံစိုက်လာကြသည်။ သို့သော် သမာဓိကောင်စီရော မိုးကြိုးမျိုးနွယ်ပါ လှုပ်ရှားလာခြင်းမရှိဘဲ စောင့်ကြည့်ရုံသာ စောင့်ကြည့်နေကြသည်။

နတ်မိုးကြိုးမြို့တော်၏ အမြင့်ဆုံးမျှော်စင်ထိပ်တွင် သားရဲဧကရာဇ်ပိုမေ့က ထောင်သောင်းချီသော မိုးကြိုးများအကြား တင်ပျဥ်ခွေထိုင်နေသည်။ သူက မြို့ရိုးအပြင်မှတိုက်ပွဲကို စောင့်ကြည့်နေသည်။ သူက ပထမဆုံးအကြိမ်အဖြစ် ကြယ်ပိုင်နက်ကဲ့သို့ အလွန်တရာအစွမ်းထက်သော အဆင့်တစ်ပိုင်နက်ကို ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။

"ဒီကျင့်ကြံသူက ဘယ်သူလဲ"

ပိုမေ့၏စကားသံက ချင်မို၏နားအတွင်း ရုတ်တရက်ထွက်ပေါ်လာသည်။

"သူ့နာမည်က ချန်ရဲလို့ ပြောပါတယ် အရှင်။ နတ်မိုးကြိုးမြို့တော်ဘက်ကနေ ကူညီတိုက်ခိုက်ပေးဖို့ ရောက်လာတာပါတဲ့။ ဒါပေမယ့် ကျွန်တော်မျိုးတို့က သူ့သရုပ်မှန်ကို အတည်မပြုနိုင်သေးပါဘူးခင်ဗျာ"

ချင်မိုက လေးလေးစားစား ပြန်ဖြေလိုက်သည်။

"ချန်ရဲ"

ပိုမေ့က ဤအမည်ကို ပထမဆုံးကြားဖူးခြင်းဖြစ်သောကြောင့် တစ်ဖက်လူသည် အရှေ့ပိုင်းတိုက်ကြီးတွင် ကျော်ကြားသူမဖြစ်နိုင်ပေ။ သို့သော် ဝိညာဥ်သားရဲကပ်ဘေးကြောင့် သူရဲကောင်းများစွာ ထွက်ပေါ်လာကာ သူကိုယ်တိုင်မသိသော ထူးကဲအဆင့်ကျင့်ကြံသူများစွာ ပေါ်ထွက်လာကြသည်။

"သူ့ပိုင်နက်က အရမ်းအစွမ်းထက်တယ်။ သမာဓိကောင်စီနဲ့စစ်ပွဲမှာ သူက ကောင်းကောင်းကူညီပေးနိုင်လိမ့်မယ်။ သူ့ကို ကူညီပေးလိုက်ပါ"

ခဏတာတိတ်ဆိတ်ပြီးနောက် ပိုမေ့က အမိန့်ပေးလိုက်သည်။

"အမိန့်တော်အတိုင်းပါ အရှင်"

ပိုမေ့၏အမိန့်ကြောင့် ချင်မိုက ပြတ်သားစွာဖြင့် ပိုင်နက်ကို အဆုံးအစွန်ထိထုတ်ဖော်ကာ သမာဓိကောင်စီဝင်များကို အစွမ်းကုန်တိုက်ခိုက်ပစ်လိုက်သည်။ ယဲ့ချန်သည် ကြယ်ပိုင်နက်ဖြင့် ပိုင်နက်ငါးခုကို ခဲခဲယဥ်းယဥ်းရင်ဆိုင်နေရသော်လည်း တည်ငြိမ်စွာရှိနေခဲ့သည်။ သူက မျက်ခုံးတစ်ချက်ပင် တွန့်မသွားခဲ့ပေ။ ကောင်းကင်တွင် ကြယ်ကိုးလုံးက အဆက်မပြတ်လည်ပတ်နေပြီး အစွမ်းထက်ပိုင်နက်ကို ဖော်ဆောင်နေသည်။ ချင်မိုတို့အဖွဲ့ စစ်ကူရောက်လာသောအခါ ယဲ့ချန်က ရန်သူများကို တန်ပြန်တိုက်ခိုက်နိုင်စွမ်းရှိလာခဲ့သည်။

"ဘုန်း ဘုန်း ဘုန်း"

ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်နေပြီး နားစည်များ ကွဲထွက်မတတ် ကျယ်လောင်နေသည်။ သမာဓိကောင်စီဘက်တွင် တိုက်ပွဲကိုအကဲခတ်နေသော ထူးကဲအဆင့်များ အနည်းဆုံး တစ်ဒါဇင်မကပေ။

"ဒီခွေးကောင်က ဘယ်သူလဲ"

သမာဓိကောင်စီ၏ တပ်စခန်းအတွင်းရှိ ရန်ဟုန်က မေးလိုက်ခြင်းဖြစ်သည်။ သူက မဟာအကြီးအကဲများကြားတွင် အာဏာအရှိဆုံးဖြစ်သောကြောင့် ခေါင်းဆောင်သုံးယောက်ပြီးလျှင် သူ၏စကားက အမိန့်ဖြစ်သည်။ ခေါင်းဆောင်သုံးယောက် ရောက်မလာသေးသောကြောင့် သူက စစ်တပ်စခန်းကို တာဝန်ယူထားရသည်။

"ဒီကောင့်ရဲ့သရုပ်မှန်ကို အခုထိမသိရသေးပါဘူး။ သူ့ကို တစ်ခါမှမမြင်ဖူးဘူး။ သူက နတ်မိုးကြိုးမြို့တော်နဲ့ ပူးပေါင်းချင်နေတာကြောင့် လျူမိုတို့ခြောက်ယောက်က တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမယ့် သူက အစွမ်းထက်လွန်းနေပြီး လျူမင်ကို သတ်လိုက်နိုင်တယ်"

သမာဓိကောင်စီ၏ ထူးကဲအဆင့်သုံးတစ်ယောက်က ဖြေလိုက်ခြင်းဖြစ်သည်။

"အမှိုက်တွေ ခြောက်ယောက်တစ်ယောက် တိုက်ခိုက်တာတောင် မသတ်နိုင်တဲ့အပြင် လျူမင်ပါ သေသွားသေးတယ်။ ဒီကောင့်ပိုင်နက်က နည်းနည်းထူးဆန်းတယ်။ နတ်မိုးကြိုးမြို့တော်နဲ့ မပူးပေါင်းစေနဲ့။ အသေသတ်ကြ"

ရန်ဟုန်က ဒေါသတကြီးနှာခေါင်းရှုံ့၍ အမိန့်ပေးလိုက်သည်။

"ကောင်းပါပြီ"

စစ်မျက်နှာပြင်နှစ်ဖက်လုံးမှ အဆင့်မြင့်သူများက တိုက်ပွဲကို အချိန်ပြည့်အာရုံစိုက် စောင့်ကြည့်နေကြသည်။ တိုက်ပွဲပြင်းထန်နေစဥ် နတ်မိုးကြိုးမြို့တော်၏မြို့ရိုးပေါ်သို့ ပိုလင်း ရောက်ရှိလာခဲ့သည်။ သူမက အနီရောင်လျှပ်စီးချပ်ဝတ်ကို ဝတ်ဆင်ထားကာ သူရဲကောင်းနတ်မိမယ်တစ်ယောက်သဖွယ် တင့်တယ်နေသည်။ ပိုလင်း၏ဘေးတွင် ငွေရောင်လျှပ်စီးချပ်ဝတ်ကို ဝတ်ဆင်ထားသော လောင်ရင်က လှပသိမ်မွေ့စွာ ရှိနေခဲ့လေသည်။

All Chapters