← Chapters

လျန်ရန်အာကို မောင်းထုတ်ခြင်း

Vol. 35 Ch. 488

လျန်ရန်အာကို မောင်းထုတ်ခြင်း

Vol. 35 Ch. 488

"နင်"

လျန်ရန်အာ၏မျက်နှာက မည်းနက်သွားသော်လည်း ပိုလင်းနောက်တွင်ရပ်နေသော ယဲ့ချန်ကို မြင်သောအခါ ရုတ်တရက်ပြုံးလိုက်သည်။

"ဒီမောင်လေးက ဘယ်သူများလဲ။ ညီမလေးက အမကြီးနဲ့ မိတ်ဆက်မပေးတော့ဘူးလား"

သူမက ကလူမြှူဆွယ်သောအသံမျိုးနှင့် ပြောလိုက်ခြင်းဖြစ်သည်။ ပါးလွှာသော အဝတ်များအောက်မှ ခန္ဓာကိုယ်အစိတ်အပိုင်းများကလည်း ထင်ရှားစွာထွက်ပေါ်နေသည်။ သူမ၏အကြည့်က ယဲ့ချန်၏တစ်ကိုယ်လုံးကို အစုန်အဆန်သွားလာနေခဲ့သည်။ ယဲ့ချန်သည် သူ၏ရင်ဘတ်ရှိ ပုံရိပ်ယောင်ပုလဲအကြောင်း သတိရလိုက်သောအခါ တစ်ခုခုကို တွေးမိသွားခဲ့သည်။ လျန်ရန်အာ၏အကြည့်က တစ်စုံတစ်ခုကို အတည်ပြုနေခြင်းဖြစ်နိုင်သည်။ သို့သော် သူမက ရည်ရွယ်ချက်ကို ကြာကြည့်ကြည့်ဟန်ဖြင့် ဖုံးကွယ်ထားခဲ့သည်။ မြေခွေးမျိုးနွယ်နှင့် နတ်ဆိုးမြေခွေးမျိုးနွယ်ကြားတွင် ရန်ငြှိုးတစ်ခုခု ရှိနေနိုင်သည်။

ယဲ့ချန်က လျန်ရန်အာ၏အကြည့်ကို လျစ်လျူရှုကာ တည်တည်တံ့တံ့ရှိနေခဲ့သည်။ ပိုလင်းက သူ့ကို သတိပေးချင်သော်လည်း တည်ကြည်နေသည်ကို မြင်သောအခါ ပြုံးလိုက်မိသည်။ ယဲ့ချန်၏ ကိုယ့်ကိုကိုယ်ထိန်းကျောင်းနိုင်စွမ်းက သူမထင်ထားသည်ထက် များစွာကျော်လွန်နေသည်။

"အဘွားကြီး သူက မိုးကြိုးမျိုးနွယ်ရဲ့ လျှို့ဝှက်ဧည့်သည်တော်ဖြစ်လို့ ဘယ်သူဆိုတာ မပြောပြနိုင်ဘူး။ ရှင်က ဒီလောက်အိုနေပြီကို လူငယ်လေးအကြောင်းသိပြီး ဘာလုပ်မှာလဲ။ မပြောပြနိုင်တာ စိတ်မကောင်းပါဘူးရှင်"

ပိုလင်းသည် ယဲ့ချန်၏အမူအရာကြောင့် စိတ်ထဲတွင် ကြိတ်၍ဂုဏ်ယူနေကာ လျန်ရန်အာကို ခပ်ပြတ်ပြတ်ပြောလိုက်သည်။ သူမ၏စကားကြောင့် ယဲ့ချန်ပင် ပြုံးလိုက်မိသည်။ ပိုလင်းက တစ်ဖက်လူကို အဘွားကြီးဟုခေါ်ဆိုကာ အရှိုက်ကိုထိုးနှက်နေသဖြင့် အမှန်တကယ် ရယ်စရာကောင်းနေသည်။ လျန်ရန်အာသည်လည်း ပိုလင်း၏စကားကြောင့် ဒေါသထွက်လာခဲ့သည်။ သူမက စိတ်ထိန်း၍ ယဲ့ချန်နှင့်ပိုလင်းကို တစ်ချက်စိုက်ကြည့်လိုက်သည်။ ပိုလင်းရှိနေလျှင် သူမက ယဲ့ချန်အနားချဥ်းကပ်ရန် လုံးဝမဖြစ်နိုင်ပေ။

"လျှို့ဝှက်ဧည့်သည်တော်ဆိုရင်တော့ မမေးတော့ပါဘူး။ မင်းအားတဲ့အချိန်ကျရင် တို့တည်းခိုတဲ့ မိုးကြိုးနက်ခြံဝန်းကို အလည်လာလို့ရတယ်နော်။ မင်းကို အချိန်မရွေးကြိုဆိုပါတယ်။ ပြီးတော့ တို့က မင်းကို ပိုလင်းလုပ်မပေးနိုင်တာမျိုး ဖြည့်ဆည်းပေးမယ်"

လျန်ရန်အာက ခဏတာစဥ်းစားပြီးနောက် လက်မလျှော့လိုဟန်ဖြင့် ယဲ့ချန်ကိုပြုံးပြကာ ဆွဲဆောင်လိုက်သည်။ သူမက တခစ်ခစ်ရယ်မောလိုက်သဖြင့် ရင်ဘတ်က လှိုင်းထသွားကာ ဝတ်ဆင်ထားသော ဝတ်ရုံက အချိန်မရွေး လျှောကျသွားနိုင်ချေရှိသည်။

"ငါက ဘာကိစ္စလုပ်မပေးနိုင်ရမှာလဲ"

ပိုလင်းက လျန်ရန်အာ၏စကားကြောင့် စိတ်ထဲတွင် နှာခေါင်းရှုံ့လိုက်သည်။

"အကြီးအကဲရဲ့စေတနာအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျုပ်က ဒီအခွင့်အရေးကို လက်မခံပါရစေနဲ့။ ကျေးဇူးပြုပြီး ထွက်သွားပေးပါ"

ယဲ့ချန်က ပေါ်တင်မောင်းထုတ်လိုက်ခြင်းဖြစ်သည်။ လျန်ရန်အာက လူပုံအလယ်တွင် သူ့ကို ပုံရိပ်ယောင်အစွမ်းဖြင့် မြှူဆွယ်လိုနေသည်။ သို့သော် စိတ်သန့်စင်ကျောက်မျက်၏အစွမ်းကြောင့် သူ၏စိတ်က ကြည်လင်နေခဲ့ပြီး အကျိုးသက်ရောက်မှုမရှိပေ။

"ဒါဆိုရင် တို့ အရင်သွားနှင့်ပြီ"

လျန်ရန်အာသည် ယဲ့ချန်၏စကားကြောင့် သတ်ဖြတ်လိုစိတ်များ ထောင်းခနဲထွက်ပေါ်လာသည်။ တစ်ဖက်လူက သူမရှေ့တွင် တည်တည်ငြိမ်ငြိမ်ရှိနေရုံသာမက မောင်းထုတ်နေခဲ့သည်။ သို့သော် သူမ၏သတ်ဖြတ်လိုစိတ်က ခဏအတွင်းပျောက်ကွယ်သွား၍ လှပသောအပြုံးတစ်ခု အစားထိုးဝင်ရောက်လာကာ ချိုသာသောအသံလေး ထွက်ပေါ်လာပြန်သည်။ သူမထွက်ခွာသွားချိန်တွင် ကောင်းကင်မှ ပန်းမိုးများကျဆင်းလာ၍ ပတ်ဝန်းကျင်မှကျင့်ကြံသူများက ငေးမောနေခဲ့ကြသည်။ သူမ၏အဝတ်စလေးနှစ်ခုက တစ်ကိုယ်လုံးကို ဖုံးကွယ်မထားနိုင်သောကြောင့် လမ်းလျှောက်လိုက်တိုင်း အစိတ်အပိုင်းအချို့ ထွက်ပေါ်သွားသည်။

"ယဲ့ချန် ဒီလိုမိန်းမလှတစ်ယောက်ကိုတောင် မင်းငြင်းနိုင်တာ ငါ ချီးကျူးတယ်ဟေ့။ ဒါပေမယ့် မင်းရဲ့ခန္ဓာကိုယ်ကို ဒီမိန်းမကသာ အစွမ်းတွေစုပ်ယူလိုက်ရင် အရိုးနဲ့အရေတောင် ကျန်ပါ့မလား"

ခြင်္သေ့ကြီးက ရယ်မော၍ စနောက်လိုက်ခြင်းဖြစ်သည်။ ယဲ့ချန်က လျန်ရန်အာ၏အကျင့်စရိုက်ကို ခန့်မှန်းနိုင်သောကြောင့် အလွယ်တကူ အရူးလုပ်မခံခဲ့ရပေ။

"ဒီမိန်းမရဲ့ပုံရိပ်ယောင်ပညာက အစွမ်းထက်တယ်။ မင်းသာ ဂရုမစိုက်ရင် ထောင်ချောက်မိသွားနိုင်တယ်။ နောက်တစ်ခါ သူမက မင်းကို မြှူဆွယ်လာရင် ဒီတံဆိပ်ထဲကို ပို့လိုက်ကွာ။ ငါ ကိုင်တွယ်လိုက်မယ်။ မင်းကို ဒီလောက်လေးတော့ ဆရာက ကူညီပေးနိုင်ပါတယ်"

ခြင်္သေ့ကြီးက ဖြောင့်မတ်မှန်ကန်ဟန်ဖြင့် ပြောလိုက်သည်။

"ဆရာပြောတာ မဆိုးဘူး။ ဒီအကြံ ကောင်းတယ်။ မကောင်းတာကို မကောင်းတာနဲ့ပြန်တိုက်သင့်တယ်လို့ ဆိုရိုးတောင် ရှိသေးတယ်"

ယဲ့ချန်က ခြင်္သေ့ကြီး၏စကားကို ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။

"မောင်လေး လျန်ရန်အာကို သတိထားရမယ်နော်။ အစွမ်းထက်ကျင့်ကြံသူတွေတောင် ဒီမိန်းမကို မထိရဲဘူး။ ဟိုကိစ္စလိုချင်ရင် မမကို အချိန်မရွေးပြောနော်"

ပိုလင်းက ယဲ့ချန်၏အနားသို့ တိုးကပ်၍ နားကို လျှာဖျားလေးဖြင့်ထိတွေ့ကာ သတိပေးလိုက်သည်။ ကိုယ်သင်းနံ့တစ်ခုက ယဲ့ချန်၏နှာခေါင်းအတွင်း မွှေးပျံ့စွာ ဝင်ရောက်လာ၏။ သူက အတိတ်မှအဖြစ်ကို ကွက်ကွက်ကွင်းကွင်းသတိရလိုက်သောကြောင့် ဝမ်းဗိုက်အောက်ပိုင်းက ပူလောင်လာသည်။ လျန်ရန်အာနှင့်ယှဥ်လျှင် ပိုလင်းကသာ အမှန်တကယ်ဆွဲဆောင်နိုင်သူဖြစ်ပြီး များစွာပို၍ ချစ်စရာကောင်းနေသည်။

"အမကြီး ရပ်ပါဦး။ ဒီနေရာမှာ လူတွေအများကြီးရှိနေတယ်လေ"

ယဲ့ချန်က ချောင်းတစ်ချက်ဟန့်၍ သတိပေးလိုက်သည်။

"ဟီး ဟီး မောင်လေးက တော်တော်ရှက်တတ်တယ်နော်"

ပိုလင်းက အပြုံးတစ်ချက်နှင့် စနောက်လိုက်သည်။ သူမ၏စိတ်ထဲတွင် အတွေးအချို့ဖြစ်ပေါ်လာသောကြောင့် ပူလောင်စပြုလာသည်။ ပတ်ဝန်းကျင်ရှိကျင့်ကြံသူများက ပုံရိပ်ယောင်အတွင်းမှ လွတ်မြောက်လာရန် အချိန်အနည်းငယ် လိုအပ်နေဆဲပင်ဖြစ်သည်။ သူမ၏ဆွဲဆောင်အားက လျန်ရန်အာအောက် မနိမ့်ကျကြောင်း ယုံကြည်ထားသဖြင့် စိတ်ထဲတွင် ယဲ့ချန်ကိုဆွဲဆောင်ရန် ပြိုင်ဆိုင်နေခဲ့သည်။

"ဒီအမကြီးက ပိုပိုအတင့်ရဲလာတာပဲ"

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက သတိလွတ်နေကြသော်လည်း အစွမ်းထက်ကျင့်ကြံသူများက ဤနေရာကို ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးနိုင်စွမ်းရှိသည်။ ယဲ့ချန်သည် ပိုလင်း၏ဆွဲဆောင်မှုအောက်တွင် ကျရှုံးသွားမည်ကို စိုးရိမ်သောကြောင့် သူမ၏တင်ပါးကို ခပ်ဆတ်ဆတ်ရိုက်၍ အပြစ်ပေးလိုက်သည်။

"အမကြီး ဒါက မိုးကြိုးသားရဲမျိုးနွယ်ရဲ့ ပိုင်နက်နော်။ တစ်ယောက်ယောက်မြင်သွားရင် ပြဿနာ အကြီးအကျယ်တက်လိမ့်မယ်"

အထိအတွေ့က နူးညံ့လွန်းသဖြင့် ယဲ့ချန်က ရင်ခုန်မြန်သွားခဲ့သည်။

"မောင်လေးက အရမ်းဆိုးတာပဲ။ ဒီနေရာကြီးမှာ အဲ့လိုကိစ္စမျိုးလုပ်ဖို့ တွေးနေတာလားဟယ်။ တကယ်လို့ ငါ့အခန်းကိုလိုက်ခဲ့ရင်တော့ တစ်မျိုးပေါ့။ အချိန်ကျလာရင် မမက အရာအားလုံးခွင့်ပြုပေးမှာပါ"

ပိုလင်း၏အကြည့်က နူးညံ့သိမ်မွေ့နေသော်လည်း မျက်နှာထက်တွင် ချစ်စရာအပြုံးလေးတစ်ခု ထွက်ပေါ်နေခဲ့သည်။ သူမက ရှက်ရွံ့ဟန်ဆောင်၍ ယဲ့ချန်ကို စနောက်လိုက်သည်။ နောက်ဆုံးတွင် ယဲ့ချန်မှာ ပိုလင်းက သူ့ကိုစနောက်နေကြောင်း နားလည်သွားခဲ့သည်။

"တကယ်လို့ ဒီနေရာဆိုရင်လည်း မမက မင်းကို မငြင်းနိုင်ပါဘူးလေ။ မင်းက မမရဲ့အဖိုးတန်လေးလေ"

ပိုလင်းက လေသံပြောင်းသွားပြီး ယဲ့ချန်အနား ပို၍တိုးကပ်လာခဲ့သည်။ သူမ၏ဝင်သက်ထွက်သက်လေးက သူ၏နားကို လာရောက်ကျီစယ်နေသဖြင့် နှလုံးသားတစ်ခုလုံး တုန်ယင်နေသည်။ သူက တစ်ခုခုပြောရန် ဟန်ပြင်လိုက်သော်လည်း ရင်ဘတ်ရှိ ပုံရိပ်ယောင်ပုလဲက ရုတ်တရက်တောက်ပလာသည်။ ၎င်းက မကျေနပ်ဟန်ဖြင့် ဆက်တိုက်တုန်ခါနေပြီး ပိုလင်း၏အပြုအမူကို အမွေးပွလေးက မကျေမနပ်ဖြစ်နေခဲ့သည်။

"အိုး မြေခွေးမလေးက စိတ်တိုနေပြီထင်တယ်။ မောင်လေးကတော့ မိန်းမတွေနဲ့ပတ်သက်ရင် တော်တော်ကံကောင်းတာပဲ။ မမက နောက်ထပ်မိန်းမတွေရှိလာမှာကို မတားပါဘူး။ မြေခွေးမလေးက မင်းနဲ့ အရင်သိကြတာဆိုတော့ မမက သဘောထားကြီးပေးရမှာပါ့"

ပိုလင်းက အမွေးပွလေး၏အပြုအမူကို သဘောကျဟန်ဖြင့် တခစ်ခစ်ရယ်မောလိုက်သည်။ သူမ၏စကားကိုကြားသောအခါ ပုံရိပ်ယောင်ပုလဲက ပြန်လည်တည်ငြိမ်သွားခဲ့သည်။

"အမွေးပွလေးက ဒီကိစ္စကို ဒီလောက်မြန်မြန် လက်ခံလိုက်တယ်ပေါ့"

ယဲ့ချန်က ဆွံ့အသွားခဲ့သည်။ ဤကမ္ဘာရှိ မိန်းမများ၏စိတ်ထားက သူထင်ထားသည်နှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေသည်။

လမ်းထောင့်တစ်နေရာတွင် လျန်ရန်အာရှိနေပြီး မျက်နှာထက်တွင် အပြုံးတစ်ခုရှိနေသည်။

"ပုံရိပ်ယောင်ပုလဲ ထွက်ပေါ်လာမယ်လို့ မထင်ထားဘူး။ စိတ်ဝင်စားစရာပဲ။ ဒီကိုလာကြစမ်း"

သူမက ခဏတာစဥ်းစားပြီးနောက် ညာလက်ကိုဆန့်ထုတ်၍ အမိန့်ပေးလိုက်သည်။ ခန္ဓာကိုယ်အပေါ်ပိုင်းဗလာနှင့် သန်မာသော ယောကျ်ားသုံးယောက်ထွက်ပေါ်လာ၍ သူမကိုသယ်ဆောင်ကာ လျှောက်လှမ်းသွားကြသည်။ သူတို့၏မျက်လုံးများတွင် ချစ်စိတ်မွှန်နေသည့် အရိပ်အယောင်များ ထွက်ပေါ်နေသည်။

လျန်ရန်အာထွက်သွားပြီး ခဏအကြာတွင် ပုံရိပ်ယောင်အောက်ကျရောက်နေသော ကျင့်ကြံသူများ ပြန်လည်နိုးထလာကြသည်။ သူတို့၏စိတ်က ကြည်လင်လာပြီး မတ်တပ်ရပ်ကာစကားပြောနေသော ပိုလင်းနှင့်ယဲ့ချန်ကို မြင်လိုက်ရသည်။ လောင်ရင်သည် ပိုင်နက်ကို နားလည်နိုင်စွမ်းမရှိသောကြောင့် လျန်ရန်အာ၏ပုံရိပ်ယောင်ကို များစွာမခုခံနိုင်ခဲ့ပေ။ ဖြစ်ပျက်ခဲ့သောအရာကြောင့် သူမက ကြောက်စိတ်များ ဖြစ်ပေါ်လာ၏။ အကယ်၍ သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုသာ ဖြစ်နေလျှင် သူမက ငရဲသို့ ရောက်နေပြီးဖြစ်ပေလိမ့်မည်။ အမြှီးကိုးချောင်းနတ်ဆိုးမြေခွေးက သူမထင်ထားသည်ထက် များစွာပို၍အစွမ်းထက်နေသည်။

သူတို့သုံးယောက်က လှပစွာတည်ဆောက်ထားသော ပိုလင်း၏နန်းဆောင်သို့ ရောက်ရှိလာကြသည်။ ခြံဝန်းအတွင်း သစ်ပင်ပန်းမန်များစိုက်ပျိုးထားကာ ထူးဆန်းသော ကျောက်တုံးများနှင့် ရေကန်ငယ်တစ်ခုလည်း ရှိနေသဖြင့် အသွင်အပြင်က ထူးခြားသည်။ သူတို့က ခြံဝန်းအတွင်းရှိ အဆောင်ငယ်တစ်ခုတွင် နေရာယူလိုက်ကြသည်။ ယဲ့ချန်က ခြံဝန်းအတွင်း လှည့်ပတ်ကြည့်ရှုလိုက်သောအခါ ပန်းပင်များက အခြားနေရာများနှင့်လုံးဝမတူညီဘဲ တစ်ပင်လုံး လျှပ်စီးများလွှမ်းခြုံနေကြောင်း တွေ့လိုက်ရသည်။

"ရင်အာ နင် မပြန်တော့ဘူးလားဟင်"

ယဲ့ချန်နှင့် နောက်တစ်ကြိမ်ပြန်ဆုံရန် မလွယ်သောကြောင့် ပိုလင်းက နှစ်ယောက်တည်းအတူရှိချင်သဖြင့် လောင်ရင်ကို မြန်နိုင်သမျှမြန်မြန် ထွက်သွားစေချင်ခဲ့သည်။ သူမက စားပွဲဘေးတွင် တည်ငြိမ်စွာထိုင်နေသော်လည်း ယဲ့ချန်၏ခြေထောက်ကို သူမ၏ခြေထောက်ဖြင့် ပွတ်သပ်ဆော့ကစားနေသည်။ သူမက ပိုင်နက်၏အစွမ်းဖြင့် ဤအပြုအမူကို ဖုံးကွယ်ထားသောကြောင့် လောင်ရင်က သတိမထားမိခဲ့ပေ။

"တစ်ယောက်ယောက်က နင့်အပေါ်မှာ မကောင်းကြံနေရင် ဘယ်လိုလုပ်မလဲ"

လောင်ရင်က ယဲ့ချန်ကို တစ်ချက်ကြည့်၍ အေးစက်စက်ပြောလိုက်သည်။ ယဲ့ချန်က စိတ်ထဲတွင် ခါးသက်သက်ပြုံးလိုက်မိသည်။ သူက တည်ကြည်စွာ ထိုင်နေသော်လည်း ပိုလင်းက လာရောက်ထိတွေ့နေသဖြင့် အမှန်တကယ်မကောင်းကြံနေသူမှာ ပိုလင်းသာဖြစ်သည်။

"ဟာသတွေမပြောပါနဲ့ ရင်အာရယ်။ ငါ့ကို ဘယ်သူက မကောင်းကြံနိုင်မှာလဲ။ နင်က မောင်လေးကို ပြောချင်တာလား"

ပိုလင်းက ယဲ့ချန်အားစနောက်နေခြင်းကို မရပ်တန့်ဘဲ တစ်ချက်ပြုံးကာ မေးလိုက်သည်။ လောင်ရင်က ယဲ့ချန်၏မျက်နှာအမူအရာကြောင့် တစ်ခုခုထူးဆန်းနေသည်ကို တွေ့လိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ ယဲ့ချန်၏မျက်နှာပေါ်တွင် စိတ်ရှုပ်နေသော အမူအရာတစ်ခုရှိနေပြီး မည်သည့်အရာက မှားယွင်းနေကြောင်း မပြောနိုင်ပေ။

ယဲ့ချန်သည် အလှလေးနှစ်ယောက်အနီးတွင် ထိုင်နေရပြီး ပိုလင်း၏စနောက်ခြင်းကို ဆက်တိုက်ခံနေရသဖြင့် အနေအထိုင်ခက်ခဲနေသည်။ သူက တစ်ခုခုကိုသတိရသွားဟန်ဖြင့် လက်မောင်းကာအတွင်းမှ ခရမ်းရောင်လည်ဆွဲတစ်ခုကို ထုတ်ယူလိုက်၏။ လည်ဆွဲတွင် ခရမ်းရောင်ကျောက်မျက်တစ်ခု တပ်ဆင်ထားကာ ရိုးရိုးရှင်းရှင်းနှင့် လှပနေသည်။ လည်ဆွဲထံမှ စွမ်းအားတစ်ခု ထွက်ပေါ်လာ၍ ပတ်ဝန်းကျင်ရှိလူတိုင်းကို လတ်ဆတ်လန်းဆန်းသွားစေခဲ့လေသည်။

All Chapters