← Chapters

ပိုမေ့၏ပိုင်နက်

Vol. 35 Ch. 491

ပိုမေ့၏ပိုင်နက်

Vol. 35 Ch. 491

"ဒါက ဘာကိုဆိုလိုတာလဲ။ ချီပင်လယ်အဆင့်ကျင့်ကြံသူတောင် ကာကွယ်ရေးအစီအရင်ကို မထိုးဖောက်နိုင်ဘူး"

ပိုဖန်းက နှာခေါင်းရှုံ့၍ ယဲ့ချန်၏စကားကို ကန့်လန့်တိုက်နေခဲ့သည်။

"ကျုပ်ပြောချင်တာကို အရှင်ပိုကနားလည်မယ်လို့ ယုံပါတယ်။ ကာကွယ်ရေးအစီအရင်ကို အပြင်ကထိုးဖောက်ဖို့ ခက်ခဲပေမယ့် အတွင်းက ထိုးဖောက်ရင်ရော ဘယ်လိုလုပ်မလဲ။ သမာဓိကောင်စီက ဒီကိစ္စအတွက် စီစဥ်ထားလိမ့်မယ်။ မင်းတို့ ငါ့ကိုသံသယဝင်တာ လက်ခံနိုင်ပါတယ်။ ငါ့ကို ဘယ်သူမှမမြင်ဖူးကြဘူး။ ဒါပေမယ့် မင်းတို့အားလုံးကလည်း သမာဓိကောင်စီရဲ့သူလျှိုတွေ ဖြစ်နေနိုင်တာပဲ"

ယဲ့ချန်၏စကားများက တည်ငြိမ်နေသော ကန်ရေပြင်အတွင်း ကျောက်ခဲတစ်လုံးပစ်ချလိုက်သကဲ့သို့ လှိုင်းထန်သွားစေသည်။ သူ၏စကားက အဓိပ္ပါယ်ရှိသောကြောင့် ခန်းမအတွင်းမှကျင့်ကြံသူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။

"အရှင် ဒီကောင့်ကို သမာဓိကောင်စီက စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်ဖို့ စေလွှတ်လိုက်တာဖြစ်ရမယ်။ တကယ်လို့ ငါတို့က တစ်ယောက်နဲ့တစ်ယောက် သံသယဝင်နေရင် ဘယ်လိုလုပ် ရန်သူကို ပူးပေါင်းတိုက်ခိုက်နိုင်မှာလဲ"

ပိုဖန်းက ယဲ့ချန်ကို အဆုံးထိဆန့်ကျင်ရန် ဆုံးဖြတ်ထားပုံပေါ်သည်။ ပိုမေ့က ပလ္လင်ပေါ်တွင် တည်ငြိမ်စွာထိုင်နေသည်။ ပတ်ဝန်းကျင်တွင် နေရောင်ပျောက်ကွယ်သွားကာ အလင်းရောင်များမှိန်ဖျော့လာ၏။ သူ၏မျက်နှာက တည်ကြည်နေသောကြောင့် အတွေးများကို ခန့်မှန်းရန် မဖြစ်နိုင်ပေ။

"ချန်ရဲပြောတာ မှန်တယ်။ ငါတို့က လူတိုင်းကို သံသယဝင်ရမယ်။ သမာဓိကောင်စီက သူလျှိုတွေ သေချာပေါက်စေလွှတ်ထားလိမ့်မယ်။ ဒါပေမယ့် ပိုဖန်းရဲ့စကားကိုလည်း ပယ်ရှားလို့မရဘူး။ ငါတို့က စည်းလုံးမှဖြစ်လိမ့်မယ်။ ဒီကိစ္စအတွင် ငါစီစဥ်ထားတာ ရှိပါတယ်။ မင်းတို့ သိပ်အများကြီး တွေးစရာမလိုဘူး။ ဘယ်လိုဖြစ်ဖြစ် ညီလေးချန်ရဲကို နတ်မိုးကြိုးမြို့တော်က ကြိုဆိုပါတယ်"

အချိန်ခဏအကြာတွင် ပိုမေ့၏စကားသံက ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာ၏။ သူ၏အသံက သြဇာပါသောကြောင့် လူတိုင်း၏စိုးရိမ်စိတ်များကို လျော့ပါးသွားစေသည်။

"ဟား ဟား ညီလေးချန်ကို ကြိုဆိုပါတယ်ကွာ"

ကျန်းလီက ပထမဆုံးတုံ့ပြန်လိုက်ပြီး ကျယ်လောင်စွာရယ်မော၍ လက်ထဲရှိသေရည်ခွက်ကို မြှောက်ပြလိုက်သည်။

"ကြိုဆိုပါတယ် ညီအစ်ကိုချန်ရဲ"

လူတိုင်းက ပြိုင်တူပြောလိုက်ကြသည်။ ယဲ့ချန်က ပိုလဲ့နှင့်ပိုဖန်းကို အကဲခတ်လိုက်သည်။ ပိုလဲ့က မျက်မှောင်ကြုတ်ထားသော်လည်း သေရည်ခွက်ကို မြှောက်ပြနေသည်။ ပိုဖန်းကမူ နှာခေါင်းရှုံ့၍ အကြည့်လွှဲသွားခဲ့သည်။ ယဲ့ချန်က တစ်ချက်ပြုံး၍ လက်သီးဆုပ်ကာ အခြားကျင့်ကြံသူများကို လေးစားသမှုပြသလိုက်သည်။

"အစ်ကိုပို မင်းရဲ့မျိုးနွယ်မှာ နောက်ထပ်ပါရမီရှင်တစ်ယောက်ရှိနေတာကို မပြောဖူးဘူးနော်။ ဒီနေ့တိုက်ပွဲမှာ ပိုလင်းရဲ့စွမ်းဆောင်ရည်က တကယ့်ကို ချီးကျူးထိုက်ပါပေတယ်"

ကျန်းလီက ချီးကျူးလိုက်ခြင်းဖြစ်သည်။ ပိုလင်း၏ အစွမ်းနှင့်ပါရမီက အစွမ်းထက်ကျင့်ကြံသူများ၏အာရုံကို ဆွဲဆောင်နေသည်။ ၎င်းက အဆင့်တစ်ပိုင်နက်အစွမ်းသာ ဖြစ်သော်လည်း အဆင့်နှစ်သို့ရောက်ရန် များစွာမလိုတော့ပေ။

"ငါက ဒီကိစ္စကိုမပြောဖူးပေမယ့် အစ်ကိုကျန်းကမေးလာမှတော့ ဖုံးကွယ်မထားတော့ပါဘူး။ ပိုလင်းက ငါတို့မျိုးနွယ်မှာ ရှေးဟောင်းမျိုးဆက်သွေးနိုးထလာခဲ့တဲ့ တစ်ဦးတည်းသော ပါရမီရှင်ဖြစ်တယ်။ တကယ်လို့ သူမသာ အဆင့်နှစ်ပိုင်နက်ကိုထုတ်ဖော်နိုင်လာရင် သမာဓိကောင်စီကိုဆန့်ကျင်ရာမှာ ဝှက်ဖဲတစ် ခုဖြစ်လာလိမ့်မယ်"

ခဏတာစဥ်းစားပြီးနောက် ပိုမေ့က တစ်လုံးချင်းဖြေလိုက်သည်။ သူ၏စကားကြောင့် ယဲ့ချန်က ရင်ထိတ်သွားခဲ့သည်။ ပိုမေ့က ပိုလင်းကို ငါးစာအဖြစ်သုံးလိုက်လျှင် သမာဓိကောင်စီ၏သူလျှိုများက သေချာပေါက်လှုပ်ရှားလာပေလိမ့်မည်။ သို့သော် သူ၏ဇနီးအတွက် အန္တရာယ်အလွန်များပြီး ရှေးဟောင်းမျိုးဆက်သွေးနိုးထနိုင်သူတစ်ယောက်ကို သမာဓိကောင်စီဘက်မှ နည်းမျိုးစုံသုံး၍ လုပ်ကြံနိုင်သည်။ သူက မျက်မှောင်ကြုတ်၍ စဥ်းစားနေသော်လည်း ပိုမေ့က တစ်ကိုယ်ကောင်းဆန်ခြင်း ဖြစ်နိုင်မဖြစ်နိုင်ကို ဝေခွဲမရပေ။

"ဘယ်လို ရှေးဟောင်းမျိုးဆက်သွေး နိုးထလာတာလား။ မိုးကြိုးမျိုးနွယ်ရဲ့ဘိုးဘေးတွေက ဒဏ္ဍာရီလာ အိပ်မက်ဆိုးသားရဲမလား"

လူတိုင်းက ဤသတင်းကြောင့် တုန်လှုပ်သွားကြသည်။ ကျန်းလီနှင့် ရှထုံတန်းပင် ပိုလင်းကို မတူညီသောအမြင်မျိုးနှင့် ကြည့်လာခဲ့သည်။ ပိုမေ့၏စကားသာ အမှန်တရားဆိုလျှင် သူမက နတ်မိုးကြိုးမြို့တော်၏ဝှက်ဖဲ ဖြစ်လာနိုင်သည်။ အချိန်လုံလုံလောက်လောက်ရလျှင် သူမက ပိုင်နက်အဆင့်နှစ်ကို နားလည်နိုင်ရုံသာမက ချီပင်လယ်အဆင့်အထိရောက်နိုင်ရန် အခွင့်အရေးတစ်ခု ရှိသည်။ အိပ်မက်ဆိုးသားရဲတစ်ကောင်က မွေးမွေးချင်း ချီပင်လယ်အဆင့်သို့ ရောက်နိုင်သည်။ မျိုးဆက်သွေးနိုးထခြင်းက နှေးကွေးသော ဖြစ်စဥ်တစ်ခုဖြစ်ကာ ပိုလင်း၏ကိုယ်တွင်းမှ မသန့်စင်သောသွေးများကို ရှေးဦးသွေးများက သန့်စင်ပေလိမ့်မည်။ ဖြစ်စဥ်ပြီးဆုံး၍ သူမ၏သွေးဆက်က သန့်ရှင်းစင်ကြယ်သွားလျှင် ကျင့်ကြံနှုန်းက အလွန်တရာမြန်ဆန်လာ၍ ချီပင်လယ်အဆင့်သို့ အလွယ်တကူ ရောက်သွားပေလိမ့်မည်။ ခေါင်းဆောင်ပိုင်းများက ပိုလင်းကိုစိုက်ကြည့်၍ အချင်းချင်းဆွေးနွေး တိုင်ပင်နေကြသည်။

လောင်ရင်၏မျက်လုံးများတွင် ခံစားချက်များ ရှုပ်ထွေးနေခဲ့သည်။ သူမက ပိုလင်း၏တိုးတက်မှုအတွက် ဝမ်းသာသော်လည်း ဝမ်းနည်းအထီးကျန်မှုကို ရင်ထဲတွင် ခံစားနေရသည်။ သူမနှင့်ပိုလင်းကြားတွင် ကွာခြားမှုက ဖြည်းဖြည်းချင်း ကြီးမားလာနေသည်။

"ဒီလိုဆိုရင် နတ်မိုးကြိုးမြို့တော်ကို တင်းတင်းကြပ်ကြပ် အစောင့်ချထားသင့်တယ်"

မျိုးနွယ်ခေါင်းဆောင်တစ်ယောက်က မျှော်လင့်ချက်ပြည့်ဝနေသော မျက်လုံးများဖြင့် အကြံပေးလိုက်ခြင်းဖြစ်သည်။ သူတို့ကို သမာဓိကောင်စီမှဖိအားပေးနေသဖြင့် ရွေးချယ်စရာမရှိသောကြောင့် ပိုမေ့နှင့် ပူးပေါင်းခဲ့ရသည်။ သူတို့က မူလတွင် နတ်မိုးကြိုးမြို့တော်က ခုခံနိုင်စွမ်းရှိမရှိ စိုးရိမ်နေခဲ့ကြသော်လည်း ပိုလင်းက မျှော်လင့်ချက်အသစ် ဖြစ်ပေါ်လာစေခဲ့သည်။ သူမ၏မျိုးဆက်သွေးနှင့် ပါရမီက သမာဓိကောင်စီ၏ခေါင်းဆောင်သုံးယောက်ထက် သာလွန်နေသောကြောင့်ဖြစ်သည်။

"မှန်တယ်။ ငါကိုယ်တော်က ကာကွယ်ရေးအစီအရင်ကို လဝက်တိတိပိတ်ထားမယ်။ လူတိုင်းကိုဆင့်ခေါ်လိုက်တာက ဒီကိစ္စအကြောင်း အသိပေးချင်လို့ဖြစ်တယ်။ ဘာအကြောင်းကိစ္စရှိရှိ မြို့တော်ထဲကနေ အပြင်ထွက်ခွင့်မရှိဘူး"

ပိုမေ့၏အသံက မူလကဲ့သို့ တည်ငြိမ်ညှင်သာနေခြင်း မရှိပေ။ ၎င်းက ထက်ရှသော အာဏာစက်တစ်ခုကိုသယ်ဆောင်လာ၍ တစ်ချက်လွှတ်အမိန့်တော် ချမှတ်လိုက်သည်။ သူ၏အမိန့်ကို လူတိုင်း သဘောတူခဲ့ကြသော်လည်း ကျင့်ကြံသူအချို့၏မျက်လုံးများက ထူးထူးဆန်းဆန်း လင်းလက်သွားခဲ့လေသည်။

"ညီလေးချန် မင်းရဲ့ပိုင်နက်ကို ထုတ်ပြပေးနိုင်မလား"

အမိန့်တော်ချမှတ်ပြီးနောက် ပိုမေ့၏စကားသံက ပြန်လည်ဖော်ရွေလာခဲ့သည်။ သူက ပလ္လင်ကိုမှီချလိုက်ပြီး ဘုရင်တစ်ပါး၏ မောက်မာဝံ့ကြွားမှုမျိုးမရှိဘဲ ပေါ့ပေါ့ပါးပါးထိုင်လိုက်သည်။ အမိန့်တော်ချမှတ်စဥ်က အရှိန်အဝါမျိုးပျောက်ကွယ်သွား၍ လူတစ်ယောက်တည်းဟု ထင်စရာ မရှိချေ။ သူက ကြယ်ပိုင်နက်အကြောင်း သိချင်နေခဲ့သည်။

ယဲ့ချန်က ခေါင်းညိတ်၍ ပိုင်နက်တစ်ခုက ခန်းမအတွင်း ပြန့်ထွက်လာကာ လေထဲတွင် ကြယ်ကြီးကိုးလုံးထွက်ပေါ်လာသဖြင့် လူတိုင်း ဖိအားကို ခံစားလိုက်ရသည်။ ထူးကဲအဆင့်အောက်မှ ကျင့်ကြံသူများက ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရပြီး ယဲ့ချန်သာ တိုက်ခိုက်လိုက်လျှင် အမှုန့်ဖြစ်သွားနိုင်သည်ဟု ခံစားနေရသည်။ ပိုင်နက်အဆင့်တစ်ကို နားလည်ထားသူများပင် ကြယ်ပိုင်နက်၏ဖိအားကို ခုခံရန် ပိုင်နက်များ ထုတ်ဖော်လိုက်ရသည်။

"ဒီပိုင်နက်ကို ဘယ်လိုခေါ်လဲ"

ကျန်းလီက မေးလိုက်ခြင်းဖြစ်သည်။ သူက တိုက်ပွဲအတွင်း ကြယ်ပိုင်နက်ကို အသေးစိတ်ကြည့်ရှုနိုင်ခြင်း မရှိခဲ့ပေ။ လက်ရှိတွင် သူ က၎င်းကို အေးအေးဆေးဆေးမြင်ရသောအခါ ခံစားချက်များ ခြားနားနေသည်။

"ကြယ်ပိုင်နက်"

ယဲ့ချန်၏မျက်ဝန်းအတွင်း ကြယ်ကိုးလုံးလည်ပတ်နေသဖြင့် အလွန်တရာနက်ရှိုင်းနေသည်။ သူ၏အဖြေကြောင့် ကျန်းလီက အတွေးနက်သွားခဲ့သည်။ စစ်နတ်ဘုရားကျောင်းတော်၏ ရှေးမှတ်တမ်းများအတွင်း၌ပင် ဤပိုင်နက်မျိုးကို မှတ်တမ်းတင်ထားခြင်းမရှိသောကြောင့် သူက ၎င်းအကြောင်း မကြားဖူးပေ။ သို့သော်လည်း ကြယ်ပိုင်နက်က အလွန်အစွမ်းထက်ကြောင်း သံသယဝင်ရန် မလိုချေ။ ရှထုံတန်းကမူ ကြယ်ပိုင်နက်၏ဖိအားကို ခံစားနေရသော်လည်း ယဲ့ချန်ကို တစ်ချက်သာ စိုက်ကြည့်ခဲ့သည်။

"ဒီပိုင်နက်ကမှာ နက္ခတ်သဘောတရားနဲ့ မြင့်မြတ်မှုတွေ ပါဝင်နေတယ်။ တော်တော်အစွမ်းထက်တာပဲ။ ဒါက ပိုလင်းရဲ့ပိုင်နက်ထက်တောင် ပိုပြီးအစွမ်းထက်သေးတယ်။ ဒါကိုဆင်ခြင်လိုက်လို့ ငါ့ပိုင်နက်တောင် နည်းနည်းတိုးတက်လာတယ်"

ပိုမေ့၏မျက်လုံးများအတွင်း ရုန်းတစ်ခုက အနက်ဆုံးအပိုင်းမှ ထွက်ပေါ်လာခဲ့သည်။ ထိုရုန်းက လည်ပတ်လာသောအခါ ကြယ်ပိုင်နက်၏ အစွမ်းအချို့ကို စုပ်ယူသွားခဲ့သည်။

"ငါက ညီလေးချန်အပေါ် အခွင့်အရေးမယူချင်ဘူး။ ငါ့ပိုင်နက်ကို ထုတ်ပြပေးမယ်။ ဘယ်လောက်အထိ နားလည်နိုင်မလဲဆိုတာကတော့ မင်းရဲ့ကံပေါ့"

ပိုမေ့က လက်တစ်ဖက်ယမ်းလိုက်သောအခါ အဆင့်နှစ်ပိုင်နက်တစ်ခုက ခန်းမအတွင်း ထွက်ပေါ်လာခဲ့သည်။ ဤကား ရှားပါးသော အခွင့်အရေးတစ်ခုဖြစ်သောကြောင့် ယဲ့ချန်၏မျက်လုံးများ တောက်ပနေသည်။ သူကသာ ပိုမေ့၏ပိုင်နက်ကို လေ့လာလိုက်လျှင် အဆင့်နှစ်ပိုင်နက်ကိုဆင်ခြင်ရာ၌ များစွာအကူအညီရပေလိမ့်မည်။ သူက ပိုမေ့၏ပိုင်နက်ကို အာရုံစိုက်၍ ဆင်ခြင်လိုက်၏။ ၎င်းက အလွန်အမင်းဆန်းကျယ်နေပြီး လောကအတွင်းရှိချီများ ပေါင်းစပ်ပါဝင်နေသည်။ အကယ်၍ ပိုမေ့သာ ထိန်းချုပ်မထားလျှင် ၎င်း၏အစွမ်းအနည်းငယ်ကပင် ခန်းမတစ်ခုလုံးကို ကြေမွသွားစေနိုင်သည်။

"အစ်ကိုပိုရဲ့ပိုင်နက်က ကျုပ်မြင်ဖူးသမျှထဲမှာ အဆန်းကျယ်ဆုံးနဲ့ အစွမ်းအထက်ဆုံးပဲ။ တစ်လောကလုံးရဲ့ပိုင်နက်တွေ ပေါင်းစပ်ထားတယ်လို့ ခံစားရတယ်။ အစ်ကိုပိုက ကျုပ်တို့ကို လေ့လာခွင့်ပေးခဲ့ပေမယ့် ပါရမီက အကန့်အသတ်ရှိတော့ နည်းနည်းလောက်ပဲ နားလည်နိုင်ခဲ့တယ်"

ကျန်းလီက ချီးကျူးလိုက်ခြင်းဖြစ်သည်။ ရှထုံတန်းကလည်း ခေါင်းညိတ်၍ သဘောတူလိုက်သည်။ သူက မောက်မာသူဖြစ်သော်လည်း ပိုမေ့၏အစွမ်းကို အသိအမှတ်ပြုရပေလိမ့်မည်။ အရှေ့ပိုင်းတိုက်ကြီး၏ နံပတ်တစ်ကျင့်ကြံသူဟူသော ဘွဲ့ကို ပိုမေ့က အပေါ်ယံသက်သက်ရထားခြင်း မဟုတ်ပေ။ သမာဓိကောင်စီ၏ခေါင်းဆောင်သုံးယောက် စိန်ခေါ်မလာခင်အထိ သူက တိုက်ကြီးတစ်ခုလုံးတွင် နံပတ်တစ်ဖြစ်သည်။

ယဲ့ချန်သည် ခေါင်းမော့၍ ပိုမေ့၏ပိုင်နက်ကို စူးစိုက်ကြည့်ရှုနေသည်။ ၎င်းက ကျန်းလီပြောသကဲ့သို့ အလွန်ထူးခြား၍ တစ်ခါတရံတွင် ထန်တိုက်လင်၏ သေခြင်းရှင်ခြင်းပိုင်နက်နှင့် ဆင်တူသည်။ ခဏအကြာတွင် သတ်ဖြတ်ရေးပိုင်နက်မျိုးဖြစ်လာကာ နောက်ပိုင်းတွင် နက္ခတ်ပိုင်နက်၏အရှိန်အဝါမျိုး ပြောင်းလဲသွားပြန်သည်။ ပိုမေ့၏ပိုင်နက်က အမှန်တကယ်ထူးခြားသောကြောင့် ယဲ့ချန်က ဗဟုသုတတိုးလာခဲ့သည်။ သို့သော် သူက ပိုမေ့မဟုတ်သောကြောင့် ကြယ်ပိုင်နက်တစ်ခုတည်းကိုသာ ကျင့်ကြံရန် လိုအပ်သည်။ ပိုလင်းသည်လည်း ထူးဆန်းသည့်အလင်း တောက်ပနေသော မျက်လုံးများနှင့် စိုက်ကြည့်နေခဲ့သည်။ မျိုးနွယ်တူချင်းဖြစ်သောကြောင့် ပိုမေ့၏ပိုင်နက်က သူမအပေါ် လွှမ်းမိုးနိုင်စွမ်းကြီးမားသည်။ အချိန်ခဏအကြာတွင် ပိုမေ့က ၎င်းကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ ပိုလင်းက မျက်စိမှိတ်၍ သူမဆင်ခြင်ရသမျှ အသိဉာဏ်များကို ပြန်လည်တွေးတောနေခဲ့သည်။

ကောင်းကင်တွင် ပိုင်နက်၏ အကြွင်းအကျန်စွမ်းအင်များကို ကြယ်ပိုင်နက်က လျင်မြန်စွာ စုပ်ယူနေခဲ့သည်။ ၎င်းက အနည်းငယ်ပို၍ အစွမ်းထက်လာပုံပေါ်သည်။ ကြယ်ပိုင်နက်သည် အခြားပိုင်နက်များကို ဝါးမျိုနိုင်သော စွမ်းရည်ရှိပြီး ၎င်းက ယဲ့ချန်၏ဝှက်ဖဲတစ်ခု ဖြစ်လာခဲ့လေသည်။

All Chapters