အားလုံးကြောက်ရွံ့သွားခြင်း
Vol. 88 Ch. 1220
ရွှေကမ်းခြေရေပူစမ်းစံအိမ်က မြို့တော်ရှိ အကောင်းဆုံးရေပူစမ်းအပန်းဖြေနေရာဖြစ်သည်။
ရေပူစမ်းတွင် စိမ်ရင်း ဆုရှောက်ကွမ်းက အရက်သောက်နေသည်။ သူ့ဘေးနားတွင် ချန်ဟောင်ရန်က စီးကရက်အား နှုတ်ခမ်းကြားညှပ်လျက် ထိုင်နေပြီး သူ့မျက်လုံးများက မကြာခဏအရောင်လက်သွားလျက်ရှိ၏။
“မင်းတို့ကောင်တွေ ငါ့ကို ပြောကြည့်။ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုက ဘယ်လောက်ချမ်းသာလဲ။ ငါတို့က ဒီကုမ္ပဏီကို ရမယ်ဆိုရင် ဘယ်လောက်ကြွယ်ဝသွားမှာလဲ”ရုတ်တရက် ချန်ဟောင်ရန်က မေး၏။
အခြားငါးယောက်က မှင်တက်သွားပြီး ၎င်းနှင့်ပတ်သက်၍ ချက်ချင်းတွေးလိုက်ကြသည်။ ထို့နောက် သူတို့တစ်ယောက်ချင်းစီက ထိတ်လန့်သောအမူအရာတစ်ခုဖြစ်သွားကြ၏။
ဆုရှောက်ကွမ်းက လက်သီးကျပ်ကျပ်ဆုပ်လျက် ကျယ်လောင်စွာ ပြောလိုက်သည် “ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုကကျင်းပခဲ့တဲ့လေလံပွဲက ကြီးမားသောငွေပမာဏကို စုဆောင်းခဲ့တယ်။ သူတို့က ဘီလီယံရာချီနဲ့ယွမ်တစ်ထရီလီယံကျော်တောင် ရရှိသွားတယ်လို့ ပြောကြတယ်။ ငါတို့က ဒီကုမ္ပဏီကို ရရှိနိုင်မယ်ဆိုရင် ငါတို့အားလုံး စူပါသူဌေးတွေ ဖြစ်လာလိမ့်မယ်။ အနာဂတ်မှာ ငါတို့လုပ်ချင်မှန်သမျှ လုပ်နိုင်လိမ့်မယ်”
ချန်ဟောင်ရန်၏မျက်နှာပေါ်တွင် နတ်ဆိုးဆန်သောအပြုံးတစ်ခုထွက်ပေါ်သွားလျက် သူက အဓိပ္ပါယ်ရှိစွာ ပြောလိုက်၏ “ထန်အိမ်က မရှိတော့ဘူး။ သူတို့ဘာဖြစ်ခဲ့သလဲဆိုတာ ငါ မသိပေမယ့် ဒီမိသားစုရဲ့အဖွဲ့ဝင်တွေက အစိုးရဌာနတွေကနေတောင် နှုတ်ထွက်သွားကြတယ်။ အခုဆိုရင် သူတို့က ပုန်းနေတဲ့ယုန်လေးတွေလိုပဲ။ ဒါက ဘာဆိုလိုသလဲ။ ထန်တွေက ကြီးမားတဲ့ပြဿနာတစ်ခုခုကို ကြုံတွေခဲ့ရပြီး အရာအားလုံးကို စွန့်လွှတ်ဖို့ ဖိအားပေးခံရတယ်လို့ ဆိုလိုတယ်။ သူတို့ရဲ့ကြွယ်ဝမှုက ရှိနေသေးပေမယ့် အခြားသူတွေ လွတ်လွတ်လပ်လပ်ဝါးမျိုလို့ရတဲ့အသားတွေ ဖြစ်လာပြီးဆိုတာ သိသာတယ်”
“ဟောင်ရန်၊ မင်းက ဒါကို လုပ်ရဲရင် ငါ မင်းနောက် လိုက်မယ်”ဆုရှောက်ကွမ်းက နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည်။
ချန်ဟောင်ရန်က ပြုံးကာ တုံ့ပြန်လိုက်သည်။ သူက ကျန်လူများထံ အကြည့်ပြောင်းလိုက်စဉ် တစ်ခုခုဖြစ်ပျက်ခဲ့သည့်အလား ရွှေကမ်းခြေရေပူစမ်းအပန်းဖြေနေရာပိုင်ရှင်ကျန့််သုံက အနက်ဝတ်လူလေးယောက်နှင့်အတူ အပြေးအလွှားလာနေသည်ကို သတိပြုမိလိုက်သည်။
ကျန့်သုံက ရေပူစမ်းကန်သို့ ရောက်ရှိလာပြီး သူက လူတိုင်းအား ရှုပ်ထွေးသောအမူအရာတစ်ခုနှင့် တစ်ချက်ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ့မျက်လုံးများက ဆုရှောက်ကွမ်း၏မျက်နှာပေါ်တွင် ကျရောက်သွားပြီး သူ့အမူအရာက လေးနက်သွား၏ “ဆုရှောက်ကွမ်း၊ ဒီအပန်းဖြေနေရာကနေ ထွက်သွားဖို့ ငါ မင်းကို ဆယ်မိနစ်အချိန်ပေးမယ်။ ဒီနေရာကစပြီး မင်းကို ဒီနေရာကနေ မကြိုဆိုတော့ဘူး”
“ဘာ…”
ဆုရှောက်ကွမ်းက အလွန်အံ့အားသင့်သွားပြီး ကျန့်သုံအား မှင်တက်စွာ စိုက်ကြည့်လိုက်သည်၊ ဤလူကား သူ့အတွက် လုံးဝသူစိမ်းတစ်ယောက်ဖြစ်သွားသလိုပင်။ ဒီမတိုင်ခင်တုန်းက ကျန့်သုံက သူ့အား အမြဲတမ်း ဖော်ဖော်ရွေရွေဆက်ဆံခဲ့သည်။ ဘာလို့ အခုမှ သူက မျက်နှာပြောင်းပြီး ငါ့ကို ငြင်းပယ်ရတာလဲ။
ချန်ဟောင်ရန်က မျက်မှောင်ကြုတ်လိုက်ပြီး လေးလံသောအသံနှင့် မေးလိုက်၏ “မင်း ဒါဘာဆိုလိုတာလဲ၊ အကိုကျန့်။ ငါတို့အားလုံးက ညီအကိုတွေပဲ။ ဒါပေမယ့် မင်းက ဆုရှောက်ကွမ်းကို မောင်းထုတ်ချင်တယ်ဆိုတော့ မင်းက ငါတို့ကိုရော မောင်းထုတ်နေတာလား”
ကျန့်သုံက ခဏတုံ့ဆိုင်းသွား၏။ သူ့အမူအရာက ပြောင်းလဲသွားပြီး သူက အားတင်းပြုံးလျက် အကူအညီမဲ့စွာ ပြောလိုက်သည် “သခင်လေး၊ ငါက ဆုရှောက်ကွမ်းကို မောင်းထုတ်ချင်တာတော့ မဟုတ်ပါဘူး။ ငါ ကြောက်လို့ပါ။ သူက သူ့ကိုယ်သူ ကြီးမားတဲ့ဒုက္ခကို သယ်လာခဲ့တာလေ။ သူက ဒီနေရာမှာ ဆက်နေရင် ငါပါ အမှုပတ်သွားလိမ့်မယ်။ ကျေးဇူးပြုပြီး ငါ့အကြံဉာဏ်ကို နားထောင်ပါ။ မင်းက သူနဲ့ ဘာဆက်ဆံရေးမှ မရှိဘူးဆိုတာကို အမြန်ကြေညာလိုက်ပါ၊ မဟုတ်ရင် ကပ်ဘေးက မင်းဆီ လာမှာကို မင်းအနေနဲ့ ရှောင်ဖို့ ခက်ခဲလိမ့်မယ်”
သူ့အဆိုက ချန်ဟောင်ရန်အား ပိုရှုပ်ထွေးသွားစေသည်။ “မင်းက ဘာဆိုလိုတာလဲ”
“မင်း နောက်ဆုံးသတင်းတွေ မကြားရသေးဘူးလား၊ သခင်လေးချန်”က မေးလိုက်၏ “သူက ရန်စဖို့မတတ်နိုင်တဲ့လူတစ်ယောက်ကို ရန်စခဲ့တယ်ဆိုတာ မင်း သိလား။ သူက ထန်အိမ်ရဲ့သခင်လေးကို အနှောင့်အယှက်ပေးခဲ့တယ်လေ။ ထန်အိမ်က လက်ရှိမှာ စူပါအားကောင်းတဲ့မိသားစုပဲ၊ ပြီးတော့ သူတို့က နောက်ထပ်အားကောင်းတဲ့မိသားစုတစ်ခုဖြစ်တဲ့ယောင်အိမ်ကိုတောင် အပြီးတိုင်သုတ်သင်ခဲ့တာလေ။ သူ့က ကိုယ်သေတွင်းကိုယ်တူးခဲ့တာပဲ။ အလား၊ ဒီဆုအကောင်နဲ့ ပတ်သက်ပြီး ငါ လာမှ ထပ်မပြောတော့ဘူး။ ငါ့နေရာက အခုပဲ ထွက်သွားပါ၊ ငါ့ဆီ ကပ်ဘေးကို မသယ်လာပါနဲ့။ ငါက သေးငယ်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပဲ၊ မင်းနဲ့ ပတ်သက်လို့ ဖြစ်လာမယ့်ပြဿနာတွေကို ငါ မတတ်နိုင်ဘူး”
ဆုရှောက်ကွမ်းက ရေကန်မှ ကိုယ်လုံးတီးနှင့် ခုန်ထွက်လိုက်သည်။ မနေ့ညက သောက်တာ များလွန်းသည့်အတွက် သူက မနည်းမတ်တပ်ရပ်နေရသည်။
“မင်း ခဏက ဘာပြောခဲ့တာလဲ၊ ကျန့်မျိုးရိုး။ ဒီအဖေကို မင်း ထပ်ပြောရဲလား”ဆုရှောက်ကွမ်းက ဒေါသတကြီး အော်ပြောလိုက်၏။
ကျန့်သုံက မျက်လုံးကျဉ်းမြောင်းသွားလျက် ပြန်ဖြေသည် “ဒီအတွက် ငါ့ကို အပြစ်မတင်နဲ့၊ သခင်လေးဆု။ ဒါပေမယ့် မင်း ရန်စခဲ့တဲ့လူက အရမ်းကြောက်စရာကောင်းတယ်။ ငါ မပြောနဲ့၊ မင်းရဲ့မိသားစုကတောင် ဒီတစ်ကြိမ် ကြီးမားတဲ့ထိုးနှက်မှုကို ခံခဲ့ရတယ်။ နောက်ဆယ်နှစ်အထိ မင်းရဲ့မိသားစုက နာလန်ထူနိုင်မှာ မဟုတ်ဘူးလို့ ငါ ပြောရဲတယ်။ မင်း…မင်းကိုယ်မင်း အကောင်းဆုံးဂရုစိုက်ပါ”
“မင်း ဒါ ဘာဆိုလိုတာလဲ၊ ကျန့်“ဆုရှောက်ကွမ်းက အော်လိုက်၏။
ကျန့်သုံက စားပွဲပေါ်ရှိ ဖုန်းများအား ကြည့်လိုက်သည်။ ထို့နောက် သူက ပြန်ဖြေ၏ “ငါ တကယ်ပဲ သိချင်တယ်။ သတင်းတွေက အပြင်မှာတောင် ပျံ့နှံ့နေပြီလေ၊ ဒါပေမယ့် မင်းက အခုလို လစ်လျူရှုပြီး နေနေသေးတယ်။ တစ်ယောက်မှ မင်းကို ဖုန်းမခေါ်ခဲ့ဘူးလား။ မင်းရဲ့မိသားစုက ပျက်ဆီးတော့မှာလေ”
ငါ့မိသားစုက ပျက်ဆီးတော့မှာလား။
ဆုရှောက်ကွမ်း၏နှလုံးသားက ခုန်ပေါက်သွားသည်။ ကျန့်သုံ၏အပြောများအရ သူ့မိသားစုက တစ်ခုခုဖြစ်ပျက်ခဲ့သည်ကို သူက ရေးရေးလေးပြောနိုင်သည်။
ချက်ချင်းလျှင်ပင် သူက စားပွဲသို့ ပြေးသွားကာ သူ့ဖုန်းအား ဆွဲယူလိုက်သည်။ စစ်ဆေးပြီးနောက် သူ့ဖုန်းက ဘက်ထရီကုန်နေပြီး အလိုအလျောက်ပိတ်သွားသည်ကို သူ တွေ့လိုက်ရသည်။ သူက ချန်ဟောင်ရန်၏ဖုံးအား ကမန်းကတန်း ယူကာ သူ့အဖေ၏နံပါတ်အား ခေါ်လိုက်၏။
“ဘယ်သူလဲ”ဒေါသတကြီးအသံက ဖုန်းမှ ထွက်လာသည်။
“ငါပါ၊ အဖေ။ ငါတို့မိသားစုထဲမှာ တစ်ခုခုဖြစ်ပျက်ခဲ့တာလား”ဆုရှောက်ကွမ်းက ကမန်းကတန်း မေးလိုက်သည်။
ဆယ်စက္ကန့်ကြာသွားသည့်အထိ ဘာမှ အကြောင်းမပြန်လာပေ။ သူ့နှလုံးသားထဲ၌ မသက်မသာ ဖြစ်နေစဉ် ဟိန်းသံတစ်ခုက ထွက်ပေါ်လာသည် “မင်း…ခွေးကောင်။ တစ်နေ့လုံး ဘယ်လိုပြဿနာရှာမရဆိုတာပဲ မင်း သိတယ်။ နာရီဝက်အတွင်း မင်း အိမ်ကို ရောက်အောင် ပြန်လာစမ်း…”
ခွေးကောင်လား။ အဖေက ငါ့ကို တကယ်ပဲ ခွေးကောင်လို့ ခေါ်တာလား။
မယုံကြည်နိုင်မှုက ဆုရှောက်ကွမ်း၏မျက်နှာပေါ်တွင် ဖုံးလွှမ်းသွားပြီး သူ့နှလုံးသားက အောက်ခြေထိ ထိုးဆင်းသွား၏။ အိမ်တွင် ကိစ္စကြီးတစ်ခုခု ဖြစ်ပျက်ခဲ့သည်ကို ယခု သူက လုံးဝသေချာသွားသည်။
ချန်ဟောင်ရန်က မျက်မှောင်ကြုတ်လိုက်သည်။ သူက ဆုရှောက်ကွမ်းဘေးသို့ လာကာ သူ့ဖုန်းမှ ပြန်ယူလိုက်သည်။ ထို့နောက် သူက မေး၏ “ဘာဖြစ်ခဲ့တာလဲ”
ဆုရှောက်ကွမ်းက ခက်ခက်ခဲခဲနှင့် ပြန်လှည့်လိုက်သည်။ ချန်ဟောင်ရန်အား မြင်လိုက်ချိန်တွင် သူ့နှုတ်ခမ်းများက အကြိမ်အနည်းငယ်လှုပ်သွားသော်လည်း ဘာတစ်ခုမှ မထွက်လာပေ။ နောက်အခိုက်အတန့််တွင် သူက အဝတ်အစားဝတ်ကာ အပြင်ဘက်သို့ ဒယီးဒယိုင်နှင့် လျှောက်သွား၏။
သူက အိမ်ပြန်ရမည်။ အိမ်တွင် ဘာဖြစ်နေသည်ကို သူ သိဖို့ လိုသည်။
ချန်ဟောင်ရန်က သူ့ဖုန်းအား သိမ်းလိုက်ပြီးနောက် ကျန့်သုံမေးလိုက်သည် “အကိုကျန့်၊ မင်းရဲ့အပြုအမူအတွေက အတော်လေးထူးခြားတယ်။ ဒီအတွက် အကြောင်းပြချက်တစ်ခုရှိမယ်ဆိုတာ ငါ သေချာတယ်။ ဆိုမိသားစုမှာ ဘာဖြစ်ခဲ့သလဲဆိုတာ ငါ့ကို အတိအကျပြောပါ”
“သခင်လေးချန်၊ မင်းက ဆုရှောက်ကွမ်းနဲ့ မိတ်ဆွေတွေဆိုတာ ငါ သိတယ်”အားတင်းပြုံးလိုက်ည် “ဒါပေမယ့် ငါ အကြံပေးတာကို နားထောင်ပြီး သူနဲ့ အဆက်အသွယ် ချက်ချင်း ဖြတ်လိုက်ပါ။ ငါ ထင်တာမှန်ရင် အနာဂတ်မှာ မင်းတို့နှစ်ယောက်တွေ့ဆုံဖို့အခွင့်အရေးက မရှိလောက်တော့ဘူး”
“ငါ့ကို ထပ်ပြောပါ”ချန်ဟောင်ရန်က အေးစက်သွားသည်။
“ဆုရှောက်ကွမ်းက ထန်အိမ်ကို ဘယ်လိုရန်စခဲ့သလဲဆိုတာ ငါ မသိဘူး။။ ဒါပေမယ့် နိုင်ငံတော်သစ္စာဖောက်တယ်ဆိုပြီး ထန်ရှုနဲ့အထူးစွမ်းရည်ဗျူရိုမှစွမ်းရည်အသုံးပြုသူတွေက ဆုအိမ်တော်ကို ဝင်လာခဲ့တယ်။ အနည်းဆုံး မိသားစုအစောင့်ဆယ်ယောက်ကျော်က အသက်ခံခဲ့ရပြီး နောက်မှာတော့ ထန်အိမ်က ထန်ရှုကို…”
ကျန့််သုံက သူ သိသမျှ ပုံပြင်တစ်ခုလုံးအား ပြောပြလိုက်သည်၊ နောက်ဆုံးတွင် သူက သက်ပြင်းချ၏ “အခုဆိုရင် မြို့တော်က မိသားစုတွေအားလုံးက ဒီအဖြစ်အပျက်ကို သိသွားကြပြီ။ သတင်းတွေက မြို့တော်ထဲတင်မကဘူး၊ တရုတ်တစ်နိုင်လုံးကို ပျံ့နှံ့သွားကြပြီ။ ထန်အိမ်ရဲ့အဖွဲ့ဝင်တွေအမြောက်အများက ပျောက်ဆုံးနေပေမယ့် သူတို့နောက်မှာ အထူးစွမ်းရည်ဗျူရိုလို တောင်ကြီးတစ်ခုရှိနေတဲ့အတွက် ဒီမိသားစုက ပိုတောင် ကြောက်စရာကောင်းလာပြီ”
ချန်ဟောင်ရန်က တုန်ယင်သွားပြီး ကြမ်းပြင်ပေါ်သို့ လဲကျမတတ်ပင်။ သူ့အသားအရောင်က ချက်ချင်း ဖြူရော်သွားပြီး ကြောက်ရွံ့မှုအား သူ့မျက်လုံးများထဲ၌ သိသိသာသာမြင်နိုင်လေသည်။
ဒါက ပြဿနာကြီးတစ်ခုပဲ။
ဖြစ်ရပ်၏အကြောင်းရင်းအား သူက အတိအကျသိသည်။ ဆုရှောက်ကွမ်းက ထန်ရှုအား ဘယ်လိုရန်စခဲ့သည်ကို ဘယ်သူမှ သူ့ထက်ပို၍ ကောင်းကောင်းမသိပေ။ ထိုအချိန်တုန်းက ဧကရာဇ်ကလပ်တွင် ဆုရှောက်ကွမ်းကသာ ကြားဝင်မပါခဲ့လျှင် ထန်ရှုအား ရန်စခဲ့သည်ကား သူပင် ဖြစ်ပေလိမ့်မည်။
မဟုတ်ဘူး။ သူက ထန်ရှုအား ရန်စခဲ့သည်မှာ ဖြစ်နိုင်ချေ အလွန်များသည်။
ဤသည်အား သဘောပေါက်မိသည့်အခိုက်တွင် သူက ရေခဲတွင်းထဲသို့ ကျရောက်သွားသလို ချန်ဟောင်ရန်က ရုတ်တရက် အေးစိမ့်စိမ့်ခံစားမိလာသည်။ သူက အဝတ်ကမန်းကတန်းဝတ်လျက် သူ့ပစ္စည်းများအား ယူကာ အပြင်ဘက်သို့ ပြေးထွက်သွား၏။
အိမ်ပြန်ရမယ်၊ အိမ်ကို တန်းပြန်ပြီး ဒီပြဿနာကို ဖြေရှင်းဖို့ မိသားစုအကြီးအကဲတွေကို အမြန်ဆုံး ပြောရမယ်။ မဟုတ်ရင် ချန်များက ဆုများထက် အနည်းငယ်ပိုသန်မာရင်တောင် အထူးစွမ်းရည်ဗျူရိုမှကြောက်စရာကောင်းသောလူများနှင့် တိုက်ခိုက်ရခြင်းက ကိုယ့်သေလမ်းကိုယ်ရှာသည်နှင့် မခြားပေ။
****
ချန်မိသားစုအိမ်တော်တွင်။
ချန်ရှောက်က ချန်မိသားစုခေါင်းဆောင်ချန်ရှင်းထောင်အရှေ့တွင် ထိုင်နေသည်။ ထို့နောက် သူက ပြောလိုက်၏ “အဖေ၊ ဒါက လူဆိုးဂိုဏ်းတွေရဲ့ပြဇာတ်တစ်ခုလိုပဲ။ ဘယ်လိုလုပ်ပြီး ဆုတွေက နိုင်ငံတော်သစ္စာဖောက်မှုကို ကျူးလွန်နိုင်မှာလဲ။ ဒါပေမယ့် ဒီလို အပြစ်ပုံချတယ်ဆိုတာ။ ဒါက တကယ်ကို စက်ဆုပ်ဖွယ်ရာကောင်းတယ်”
“ဟမ့်၊ ဒီအတွက် ဆုတွေက သူတို့ကိုယ်သူတို့ပဲ အပြစ်တင်ရမယ်”ချန်ရှင်းထောင်က နှာခေါင်းရှုံ့လိုက်သည် “ဒီလိုပြဿနာရှာဖို့ပဲသိတဲ့အမှိုက်မျိုးဆက်ရှိတာက နောက်ဆုံးမှာ မိသားစုဆီ ကပ်ဘေးတစ်ခု သယ်လာခဲ့တာပဲ။ ထန်အိမ်…ဟီးဟီး။ အခုထိ သူတို့ဘာဖြစ်ပျက်ခဲ့သလဲဆိုတာ ငါ မဖော်ထုတ်နိုင်ဘူး၊ ဒါပေမယ့် တစ်ယောက်ယောက်က ဒီမိသားစုကို စတင်ရန်စရဲတယ်။ ဒါက မျောက်တွေကို သတိပေးဖို့အတွက် ကြက်တစ်ကောင်ကို သတ်ဖို့ ထန်အိမ်ကို အခွင့်အရေးတစ်ခုပေးသလိုပဲ…”
“ငါ့အတွေးတွေနဲ့ ထပ်တူပဲ”ချန်ရှောက်က ခေါင်းညိတ်လိုက်သည် “ဒီလိုခွန်အားကို ထုတ်ပြတဲ့နည်းလမ်းက အခြားသူတွေကို သတိပေးဖို့ တကယ်ပဲ ထိရောက်တယ်။ ထန်ယွင်ဖမ်းက လှုပ်ရှားဖို့ လုံးဝမလိုခဲ့ဘူး”
“ထန်အိမ်တွေက ထန်ယွင်ဖမ်းတစ်ယောက်တည်းပဲ ချန်ထားတယ်။ သူ့လက်ထဲမှာ အလွန်အားကောင်းတဲ့ဝှက်ဖဲတွေ ရှိဖို့များတယ်”ချန်ရှင်းထောင်က ပြော၏ “သူက လှုပ်ရှားဖို့ မလိုခဲ့ဘူး၊ ဒါပေမယ့် ထန်ရှုက ဒီလိုကြီးမားတဲ့တောင်တန်းတစ်ခုကို ခေါ်လာပြီး ဆုမိသားစုကို တိုက်ရိုက်ဖျက်ဆီးခဲ့တယ်။ ဒါက တကယ်ကို အံ့အားသင့်စရာကောင်းတဲ့အပြုအမူတစ်ခုပဲ…”
ချန်ရှောက်က ခေါင်းညိတ်ကာ ပြောမည်ပြင်လိုက်သည်။ ရုတ်တရက် သူက တစ်ခုခုအား သတိရကာ သူ့မျက်နှာက အနည်းငယ် ပြောင်းလဲသွား၏။ ထို့နောက် သူက ကမန်းကတန်း ပြောလိုက်၏ “အဖေ၊ ငါ သိသလောက်ဆိုရင် ဟောင်ရန်က အဲဒီဆုမိသားစုရဲ့ကောင်စုတ်ဆုရှောက်ကွမ်းနဲ့ အမြဲတမ်းတတွဲတွဲပဲ။ ဆုရှောက်ကွမ်းက ထန်ရှုနဲ့ထန်အိမ်ကို ရန်စခဲ့တယ်ဆိုရင် ဟောင်ရန်က…”