တောင်းပန်ခြင်း
Vol. 88 Ch. 1221
ချန်ရှင်းထောင်၏မျက်နှာက အနည်းငယ် ပြောင်းလဲသွားပြီး ချင့်မြော်သောအကြည့်တစ်ခုက သူ့မျက်လုံးများထဲ၌ ထွက်ပေါ်လာသည်။ ထို့နောက် သူက နက်ရှိင်းသောအသံနှင့် ပြော၏ “ငါတို့က အခု ဒုက္ခတွေများနေတာ။ အခွင့်အရေးက အဲလိုဖြစ်လာဖို့ အလားအလာမရှိပေမယ့်လဲ မင်းက ဟောင်ရန်ကို ချက်ချင်း ဖုန်းခေါ်ပြီး သူက ဒီဖြစ်ရပ်နဲ့ ဆက်စပ်နေသလားဆိုတာ မေးကြည့်လိုက်ပါ”
ချန်ရှောက်က ဖုန်းထုတ်လိုက်သည်၊ ထို့နောက် သူက သူ့သားချန်ဟောင်ရန်၏နံပါတ်အား ခေါ်လိုက်သည်၊ သို့သော် တစ်ဖက်မှ ဖုန်းချလိုက်၏။
“ဘာဖြစ်လို့လဲ”ချန်ရှင်းထောင်က မေး၏။
“သူ ဖုန်းမကိုင်ဘဲ တန်းချလိုက်တယ်”ချန်ရှောက်က အားတင်းပြုံးလျက် ပြန်ဖြေသည်။
ချန်ရှင်းထောင်က ပြန်ပြောမည့်ပြင်စဉ် အပြင်ဘက်မှ ဝင်လာသောပုံရိပ်တစ်ခုအား ရုတ်တရက် သတိပြုမိလိုက်၏။ ထို့နောက် သူက ခေါင်းညိတ်လိုက်သည် “မင်း ပြန်လာပြီပဲ၊ ဟောင်ရန်။ ငါ မင်းကို မေးစရာတစ်ခုရှိတယ်”
ချန်ဟောင်ရန်၏နှုတ်ခမ်းက လှုပ်သွား၏။ သူက ချန်ရှင်းထောင်အရှေ့သို့ လျှောက်ကာ ဒူးထောက်လျက် ခါးသီးစွာ ပြောလိုက်သည် “ငါ အမှားကြီးအချို့ လုပ်ခဲ့သလိုပဲ၊ အဖိုး”
ချန်ရှင်းထောင်နှင့်ချန်ရှောက်တို့က အကြည့်ချင်း ဖလှယ်လိုက်ကြသည်၊ ဆိုးဝါးသောခံစားချက်တစ်ခုက သူတို့၏နှလုံးသားထဲ၌ ကြီးထွားလာသည်။ ထို့နောက် ချန်ရှင်းထောင်က နက်ရှိုင်းသောအသံနှင့် မေး၏ “ငါ့ကို ပြော၊ ဆုရှောက်ကွမ်း ထန်ကွမ်းကို ရန်စတဲ့အချိန်တုန်းက မင်းလဲ ပါဝင်ခဲ့တာလား”
ချန်ဟောင်ရန်က တုံ့ဆိုင်းသွားပြီးနောက် ပြန်ဖြေ၏ “ငါ သူ့ကို ရန်စခဲ့ပြီးပြီလို့ ငါ ထင်တယ်၊ အဖိုး”
ဘန်း…
ချန်ရှင်းထောင်က အသက်ကြီးနေပြီဖြစ်သော်လည်း သူက ထလိုက်ချိန်တွင် သူ့လှုပ်ရှားမှုက မြန်ဆန်သည်။ သူက ချန်ဟောင်ရန်၏ရင်ဘက်အား ကန်လိုက်ရာ ထိုအကောင်က ကြမ်းပြင်ပေါ်သို့ ကျသွား၏၊ ထို့နောက် သူက အော်ပြောလိုက်၏ “ဘာဖြစ်ခဲ့သလဲဆိုတာ အစကနေ ငါ့ကို ပြော။ စကားတစ်လုံးတောင် မချန်နဲ့…”
ချန်ဟောင်ရန်က ပုံပြင်တစ်ပုဒ်လုံးအား ပြောပြလိုက်သည်။ ထို့နောက် နောက်ဆုံးတွင် သူက ခါးသီးစွာ ပြော၏ “ဒါက သေးငယ်တဲ့အငြင်းပွားမှုတစ်ခုပါပဲ၊ ဒါပေမယ့် ထန်ရှုကို လှုံ့ဆော်ခဲ့တာ ဆုရှောက်ကွမ်းပါ။ ငါ ဘာတစ်ခုမှ မပြောခဲ့ပါဘူး”
အေးစက်သောအလင်းတစ်ခုက ချန်ရှင်းထောင်၏မျက်လုံးများထဲ၌ လက်သွား၏။ မိနစ်အနည်းငယ်ကြာ စဉ်းစားပြီးနောက် သူက စီးကရက်တစ်လိပ်မီးညှိကာ သက်ပြင်းတစ်ချက်ရှိုက်လျက် ပြောလိုက်၏ “ရှောက်အာ၊ ငါတို့မိသားစုရဲ့ငွေတွေကို ပြန်ထုတ်ပြီး အချို့ကို ဘဏ်ကတ်ထဲ လွှဲပြောင်းလိုက်ပါ။ ပြီးရင် တောင်းပန်ဖို့အတွက် ဟောင်ရန်ကို ထန်အိမ်တော်ကို ခေါ်သွားပါ”
ချန်ရှောက်က တုံ့ဆိုင်းသွား၏ “ဒါပေမယ့်…ငါ ဘယ်လောက်ပြင်ဆင်ထားရမလဲ၊ အဖေ”
ချန်ရှင်းထောင်က စီးကရက်အား ဖိချေလိုက်ပြီးနောက် ခေါက်တုံ့ခေါက်ပြန်လျှောက်သည်။ ထို့နောက် သူက ခေါင်းခါယမ်းကာ ပြောလိုက်၏ “ထားလိုက်တော့။ ထန်အိမ်ကို ငါကိုယ်တိုင်ပဲ သွားလိုက်မယ်။ ယွမ်တစ်ဘီလီယံကို ပြင်ဆင်၊ နှစ်ဘီလီယံကိုတော့ အရန်အနေနဲ့ အသင့်လုပ်ထား။ မျောက်တွေကို သတိပေးဖို့ ကြက်တစ်ကောင်ကို သတ်တဲ့နည်းလမ်းကို ထန်တွေက အသုံးပြုခဲ့တယ်၊ ပြီးတော့ ဒီအကြိမ်မှာ ဆုတွေကို သူတို့ရဲ့သားသတ်ဓားနဲ့ ချိန်ရွယ်ခဲ့တယ်။ ဒါပေမယ့် ငါတို့မိသားစုက ဒီအဖြစ်အပျက်ကို ပေါ့ပေါ့ဆဆသတ်မှတ်လို့မရဘူး၊ ဒါကြောင့် တောင်းပန်ဖို့ ငါတို့ အမြန်ဆုံးလုပ်ရမယ်။ ငါတို့မိသားစုက ထန်အိမ်ကို ဉီးညွတ်တယ်ဆိုတာကို အခြားသူတွေ သိအောင်လုပ်ရင် အကောင်းဆုံးပဲ”
“ငါ ချက်ချင်း လုပ်လိုက်ပါ့မယ်။ ပိုက်ဆံကို ဆယ်မိနစ်အတွင်း အသင့်ဖြစ်စေရမယ်”ချန်ရှောက်က တံခါးဆီသို့ လျှောက်လှမ်းလိုက်သည်၊ ထို့နောက် သူက သူက ချင်ရှင်းထောင်နှင့်ချန်ဟောင်ရန်တို့၏မြင်ကွင်းမှ ပျောက်ကွယ်သွား၏။
ချန်ရှင်းထောင်က သက်ပြင်းတစ်ချက်ရှိုက်ကာ ဖြူဖတ်ဖြူရော်ဖြစ်နေသောသူ့မြေးအား ကြည့်ကာ မေးလိုက်၏ “ဒီအဖြစ်အပျက်ကနေ မင်း ဘာသင်ခန်းစာရခဲ့လဲ”
“ဘယ်သူ့ကိုမှ အလွယ်တကူ ရန်မစရဘူးဆိုတာ ငါ နားလည်ပါပြီ”ချန်ဟောင်ရန်က ခါးသီးစွာ ပြန်ဖြေ၏။
နောက်ဆုံးတွင် စိတ်အေးလက်အေးဖြစ်သွားသောအကြည့်က ချန်ရှင်းထောင်၏မျက်နှာပေါ်တွင် ထွက်ပေါ်သွားကာ သူက ခေါင်းညိတ်လိုက်သည်။ “ဒီအဖြစ်အပျက်ကို သင်ခန်းစာကောင်းကောင်းယူ။ ထူးဆန်းတဲ့အဖြစ်အပျက်တိုင်းရဲ့နောက်ကွယ်မှာ ထူးခြားတဲ့ကိန်းရှင်တွေ အမြဲတမ်းရှိတယ်ဆိုတာ မှတ်ထား။ ထန်အိမ်က ထန်ယွင်ဖမ်းနဲ့ထန်ရှုတို့ကိုပဲ ချန်ထားပြီး ကျန်တဲ့လူတွေက ပျောက်ကွယ်နေပေမယ့် သူတို့က ကျဆင်းသွားတယ်လို့ မဆိုလိုဘူး။ ငါ ထင်တာမှန်ရင် သူတို့က ကြီးမားတဲ့အစီအစဉ်တစ်ခုကို လုပ်နေတာ ဖြစ်ရမယ်”
“ဘာကြီးမားတဲ့အစီအစဉ်များဖြစ်နိုင်မလဲ၊ အဖိုး”ချန်ဟောင်ရန်က မေး၏။
“မင်း ငါ့ကို မေးတော့ ငါက ဘယ်သူ့ကို မေးရမှာလဲ”ချန်ရှင်းထောင်က ခေါင်းခါယမ်းလိုက်သည်။ “တရုတ်တစ်ပြည်လုံးမှာ နောက်ခံအတော်လေးရှိတဲ့လူအချို့ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး စဉ်းစားနေတယ်လို့ ငါ ပြောနိုင်တယ်”
****
ထန်အိမ်တော်တွင်။
ထန်ယွင်ဖမ်းက အခန်းထဲတွင် တင်ပျဉ်ခွေထိုင်လျက် ကျင့်ကြံနေသည်။ သို့သော် အခန်းတံခါးခေါက်သံကြောင့် သူ့မျက်လုံးအား ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး နက်ရှိုင်းသောအသံနှင့် မေးလိုက်သည် “တစ်ခုခုရှိလို့လား”
“ခေါင်းဆောင်နဲ့ တွေ့ဖို့ အပြင်ဘက်မှာ လူအချို့ မေးနေတယ်။ သူတို့က ပေကျင်းချန်မိသားစုခေါင်းဆောင်ချန်ရှင်းထောင်နှင့်သူ့မြေးချန်ဟောင်ရန်တို့ပဲ”အခန်းတံခါးအပြင်ဘက်ရှိ သူ့လက်ထောက်အသံက ပြန်ဖြေလာ၏။
ထန်ယွင်ဖမ်းက မျက်မှောင်ကြုတ်ကာ စိတ်အနှောင့်အယှက်ဖြစ်သွားသည်။ ဧည့်သည်က အခြားတစ်ယောက်ဆိုလျှင် သူက လစ်လျူရှုနိုင်သော်လည်း ချန်ရှင်းထောင်က မြို့တော်တွင် အသိအမှတ်ပြုလောက်သောစွမ်းအားတစ်ခုပိုင်ဆိုင်သည့်မိသားစုခေါင်းဆောင်တစ်ယောက်ဖြစ်၏။ ထို့ကြောင့် သူက ခေါင်းညိတ်ကာ ပြောလိုက်သည် “ကောင်းပြီလေ၊ သူတို့ကို ဧည့်ခန်းကို ခေါ်လာလိုက်ပါ။ ငါ သူတို့ကို လာတွေ့လိုက်မယ်”
“နားလည်ပါပြီ…”အခန်းအပြင်ဘက်ရှိ လက်ထောက်က ပြန်ဖြေ၏။ ထို့နောက် သူက အထဲဝင်လာကာ ပြောလိုက်၏ “ခေါင်းဆောင်၊ ထန်ရှုကို အရင်ဖုန်းခေါ်ထားရင် အကောင်းဆုံးလို့ ငါ ထင်တယ်။ ဒါက ငါတို့ထန်အိမ်နဲ့ဆက်စပ်နေတဲ့အပြင်ဘက်ကအဖြစ်အပျက်နဲ့ ပတ်သက်ရမယ်”
“ငါ သိပြီ”
ပြန်ဖြေပြီးနောက် ထန်ယွင်ဖမ်းက ဖုန်းထုတ်ကာ မေးမြန်းလိုက်သည်။ ထန်ရှု၏ရှင်းပြချက်ကို ကြားပြီးနောက် ထူးဆန်းသောအမူအရာတစ်ခုက သူ့မျက်နှာပေါ်တွင် ရေးခြယ်သွား၏။ ထန်ရှုက သူ့ရှေ့တွင် မရှိလျှင်တောင် သူက လက်မထောင်ကာ ချီးကျူးလိုက်သည် “မင်း လှလှပပလေး လုပ်ခဲ့တာပဲ၊ ရှုအာ”
“ဒီနေရာမှာ ငါ ကိုင်တွယ်လို့ရမယ့်အရာအားလုံးကို ငါ လုပ်ပြီးသွားပြီ၊ ပထမဉီးလေး။ ဉီးလေးက ရှန်းဟိုင်ကို ပြောင်းပြီးတဲ့အခါကျရင် ကိစ္စတွေက ငါတို့မိသားစုအတွက် ပိုကောင်းလာလိမ့်မယ်”ထန်ရှုက ရယ်ကာ ပြောလိုက်သည်။
“သွမ်မုလင်ရဲ့စရိုက်ကို ငါ သိတယ်။ သူက ဘာပဲလုပ်လုပ် အမြဲသတိကြီးတယ်။ သူက အဲလိုပြောခဲ့မှတော့ သူက အားလုံးကို ဂရုစိုက်ပြီးပြီဆိုတာ သေချာတယ်။ လက်ရှိမှာ ငါ စောင့်နေရုံပဲ။ မကြာခင်မှာ ဆုံးဖြတ်ချက်က ထွက်လာလိမ့်မယ်လို့ ငါ ယုံတယ်”ထန်ယွင်ဖမ်းက ပြော၏။
“ဒါဆိုရင် အရမ်းကောင်းတယ်”ထန်ရှုက ရယ်ကာ ပြောလိုက်၏ “ဒါနဲ့ ပထမဉီးလေး၊ လုပ်စရာတစ်ခုရှိလို့ ဒီည ငါ ရှန်းဟိုင်ကို သွားရမယ်။ ပြီးတော့ ဉီးလေး ရှန်းဟိုင်ကို ရောက်လို့ အခြေကျပြီးတဲ့အခါကျရင် နောက်ထပ်အစီအစဉ်ကြီးတစ်ခုကို ငါ လုပ်ရမယ်”
“ဘာအစီအစဉ်လဲ”ထန်ယွင်ဖမ်းက မေးလိုက်သည်။
“ရှန်းဟိုင်ကို ဉီးလေးရောက်လာတဲ့အထိ အဲဒါကို လျှို့ဝှက်ချက်အနေနဲ့ ထားထားအုံးမယ်”ထန်ရှုက ပြော၏ “ငါက ဉီးလေးရဲ့အကူအညီကို လိုဖို့များတယ်၊ ဒါကြောင့် နောက်ကျရင် ဉီးလေးကို ငါ ပြောပြမှာပါ”
“ဟမ်၊ မင်းက တကယ်ကို ဆန်းကြယ်တာပဲ၊ ကောင်လေး”ထန်ယွင်ဖမ်းက ရယ်ကာ ပြောလိုက်သည် “အခု မင်း ငါ့ကို မပြောချင်သေးဘူးဆိုတော့လဲ ငါ မမေးတော့ပါဘူး။ ဒါနဲ့ ချန်မိသားစုခေါင်းဆောင်ချန်ရှင်းထောင်နဲ့သူ့မြေးချန်ဟောင်ရန်က ငါ့ကို တွေ့ဖို့ လာတယ်။ သူတို့လာတာ မင်းနဲ့ ဆက်စပ်ရမယ်”
“ကောင်းပြီလေ၊ လောလောဆယ် သူတို့နဲ့ ဖြေရှင်းဖို့ ငါ့မှာ အစီအစဉ်မရှိဘူး။ သူတို့က လျော်ကြေးကမ်းလှမ်းပြီး တောင်းပန်ဖို့ လာတာဆိုရင် လက်ခံလိုက်ပါ၊ ဉီးလေး။ ဒါပေမယ့် သူတို့က ပြဿနာရှာဖို့ လာတာဆိုရင်တော့ ကျေးဇူးပြုပြီး ငါ့ကို ဆက်သွယ်ပါ၊ ငါ သူတို့ကို ရင်ဆိုင်လိုက်မယ်”
ဖုန်းချပြီးနောက် ထန်ယွင်ဖမ်းက ဧည့်ခန်းထဲသို့ သွား၏။ သူက ချန်ရှင်းထောင်နှင့်ချန်ဟောင်ရန်တို့အား မြင်သည့်အခိုက်တွင် ချန်ရှင်းထောင်က သူ့ရှေ့၌ တန်းကာ ဒူးထောက်လိုက်သည်။
“မင်း ဘာလုပ်နေတာလဲ၊ ခေါင်းဆောင်ချန်”ထန်ယွင်ဖမ်းက အံအားသင့်ဟန်ဆောင်ကာ မေးလိုက်သည်။
“ယွင်ဖမ်း၊ ငါတို့က မိတ်ဆွေဟောင်းတွေပဲ၊ ဒါပေမယ့် ဒီငါ့ရဲ့အမှိုက်မြေးက ထန်ရှုကို ရန်စခဲ့တယ်။ ဒါကြောင့် ငါက ဒီကို ကိုယ်တိုင်လာပြီး တောင်းပန်ဖို့အတွက် သူ့ကို ခေါ်လာတာ”ချန်ရှင်းထောင်က ရှုံ့မဲ့ပြုံးလိုက်၏။
“အာ၊ အတိအကျ ဘာဖြစ်ခဲ့လို့လဲ”ထန်ယွင်ဖမ်းက ခေါင်းရှုပ်သွားသလို ဟန်ဆောင်လိုက်သည်။
“ဒါက လူငယ်တွေကြားမှာ စကားအချင်းများတာလေးပါပဲ၊ ဒါပေမယ့် အဲဒါက ဒီလောက်အလွယ်တကူပြီးသွားမှာမဟုတ်ဘူးလို့ ငါ ထင်တယ်”ချန်ရှင်းထောင်က ရှင်းပြလိုက်၏ “ပြောရမယ်ဆိုရင် ထန်အိမ်က လက်ရှိမှာ လူပေါင်းများစွာရဲ့အာရုံစိုက်မှုကို ခံနေရတယ်၊ အဲဒီလူတွေက ရိုင်းစိုင်းကြမ်းကြုတ်တဲ့တွက်ချက်မှုတွေ ရှိနေမှာကို ငါ ကြောက်တယ်။ ဒါက ငါ့ကို အသုံးမဝင်တဲ့ဒီမြေးကို တောင်းပန်ဖို့အတွက် ဒီနေရာကို ခေါ်လာရတာပဲ။ ထန်အိမ်က အရင်ထန်အိမ်ပဲ ဖြစ်နေသေးပြီး အများကြီးပိုသန်မာတယ်ဆိုတာ သူတို့ဆီ messageတစ်ခု ပို့ပေးလိုက်ပါ့မယ်”
ထန်ယွင်ဖမ်းက ခပ်ဖျော့ဖျော့ပြုံးကာ ချန်ရှင်းထောင်အား ထူပေးလိုက်သည်။ ထို့နောက် သူက ပြောလိုက်၏ “ဒါက ကလေးတွေကြားမှာ အသေးစားတိုက်ပွဲတစ်ခုပဲ၊ သူတို့ရဲ့အကြီးအကဲတွေအနေနဲ့ ငါတို့တွေ ပါဝင်ဖို့ မလိုပါဘူး။ ကျေးဇူးပြုပြီး ထိုင်ပါ၊ အကြီးအကဲချန်”
ထိုင်မည့်အစား ချန်ရှင်းထောင်က ဘဏ်ကတ်တစ်ခုယူထုတ်ကာ ထန်ယွင်ဖမ်းထံ ကမ်းပေးလိုက်ပြီးနောက် ပြောလိုက်၏ “ယွင်ဖမ်း၊ ဒီကတ်ထဲမှာ ပိုက်ဆံအသေးလေးပါတယ်၊ ကျေးဇူးပြုပြီး ဒါကို ငါ့မိသားစုရဲ့တောင်းပန်မှုတိုကင်တစ်ခုအနေနဲ့ လက်ခံပေးပါ။ pinကို နောက်ကျောမှာ ရေးထားတယ်။ ပြီးတော့ ဒါနဲ့ ပတ်သက်ပြီး ထန်ရှုကို စကားကောင်းကောင်းပြောပေးပါ”
“ဒါကတော့…”ထန်ယွင်ဖမ်းက ကိုးရိုးကားယားအမူအရာအား ထုတ်ပြလိုက်သည်။
“ထန်ရှုက မင်းရဲ့စကားတွေကို နားထောင်သေးတယ်မလား၊ ယွင်ဖမ်း”ချန်ရှင်းထောင်က မေးလိုက်၏။
“သူ မလုပ်ရဲပါဘူး”ထန်ယွင်ဖမ်းက ချက်ချင်းပြောလိုက်သည် “ငါက ပထမဉီးလေးလေ၊ ငါ ပြောရင် အဲကောင်လေးက နားထောင်ရမှာပေါ့”
“ဒါ မှန်တယ်။ ဒါက အကြီးအကဲတွေကို လေးစားတဲ့လူငယ်တွေရဲ့သူတော်ကောင်းတရားတစ်ခုပဲ”ချန်ရှင်းထောင်က ခေါင်းညိတ်ကာ ပြောလိုက်သည် “ဒါဆို ဒီကိစ္စကို မင်းပဲ ကိုင်တွယ်ပေးလိုက်တော့။ အခု အတော်လေးနောက်ကျနေပြီ၊ ဒါကြောင့် ငါ မင်းကို ထပ်မနှောင့်ယှက်တော့ပါဘူး”
ထန်ယွင်ဖမ်းက ခဏတုံ့ဆိုင်းသွားပြီးနောက် ရည်ရွယ်ချက်ရှိရှိနှင့် မေးလိုက်၏ “ဘာလို့ လက်ဖက်ရည်တစ်ခွက်လောက်သောက်ပြီးမှ မသွားတာလဲ၊ အကြီးအကဲချန်”
“မသောက်တော့ပါဘူးကွာ၊ အချိန်နောက်ကျလွန်းနေပြီ”ချန်ရှင်းထောင်က ခေါင်းခါယမ်းလိုက်သည် “နောက်ကျမှ သောက်ဖို့ ငါ မင်းကို ဖိတ်လိုက်မယ်”
“ဒါဆို ကောင်းပါပြီ”
ထန်ယွင်ဖမ်းက ချန်ရှင်းထောင်နှင့်ချန်ဟောင်ရန်တို့အား အရှေ့ဂိတ်ပေါက်ထိ လိုက်ပို့ပေးလိုက်သည်။ သူ့လက်ထောက်က ချဉ်းကပ်လာသောအခါ ထန်ယွင်ဖမ်းက သူ့အား ဘဏ်ကတ်ပေးကာ ပြောလိုက်၏ “ဒီကတ်ထဲမှာ ပိုက်ဆံဘယ်လောက်ရှိတယ်ဆိုတာ စစ်ဆေးလိုက်ပါ”
“နားလည်ပါပြီ…”
နောက်ထပ်မိနစ်အနည်းငယ်ကြာပြီးနောက် သူ့လက်ထောက်က ပြန်ရောက်လာကာ ပြောလိုက်၏ “အထဲမှာ ယွမ်တစ်ဘီလီယံရှိပါတယ်၊ ခေါင်းဆောင်”
“ဒီကိစ္စမှာ ချန်တွေက တကယ်ရိုးသားတာပဲ”ထန်ယွင်ဖမ်းက မေးငေါ့ကာ ချက်ချင်း ပြုံးလျက် ပြောလိုက်၏ “ကောင်းပြီလေ၊ ဒီဘဏ်ကတ်ကို ယူပြီး အထူးစွမ်းရည်ဗျူရိုကို မင်းကိုယ်တိုင်သွားပြီး ဒါရိုက်တာသွမ်မုလင်ဆီ ပေးလိုက်ပါ။ ဒါက အထူးစွမ်းရည်ဗျူရိုရဲ့အစောင့်အရှောက်တွေ လက်နက်အနည်းငယ်ဝယ်ဖို့အတွက် ထန်အိမ်ရဲ့လက်ဆောင်တစ်ခုလို့ သူ့ကို ပြောလိုက်”
“ဒါ…မများလွန်းဘူးလား”လက်ထောက်က တုံ့ဆိုင်းသွားသည်။
ထန်ယွင်ဖမ်းက ရယ်၏ “ငါတို့အိမ်အတွက် အထူးစွမ်းရည်ဗျူရိုရဲ့ကာကွယ်မှုနဲ့ နှိုင်းယှဉ်ရင် ယွမ်တစ်ဘီလီယံက များလွန်းတယ်လို့ မင်း ထင်လား။ သွမ်မုလင်နဲ့ထန်ရှုကြားမှာ ဆက်ဆံရေးက ဘယ်လောက်ပဲ ကောင်းကောင်း၊ ငါတို့ကို ကူညီဖို့အတွက် အထူးစွမ်းရည်ဗျူရိုရဲ့လူအချို့ကို ခေါ်လာခဲ့တာလေ။ ဒီအတွက် သူတို့ထဲကအချို့က မပျော်မရွှင်ဖြစ်မှာပဲ။ လူတိုင်းက အကျိုးအမြတ်ကိုပဲ ကြည့်ကြတာ။ ဒီပိုက်ဆံကို ပေးလိုက်ရင် အထူးစွမ်းရည်ဗျူရိုကလူတိုင်းက ပါးစပ်ပိတ်သွားမှာဆိုတာ သေချာတယ်”
“ခေါင်းဆောင်က ဉာဏ်ပညာကြီးမားပါတယ်”
****
ချန်မိသားစုခေါင်းဆောင်ချန်ရှင်းထောင်က သူ့မြေးချန်ဟောင်ရန်အား ထန်အိမ်တော်သို့ ခေါ်လာကာ တောင်းပန်သည့်သတင်းက လျင်မြန်စွာ ပျံ့နှံ့သွားပြီး အဖွဲ့နှင့်မိသားစုများစွာက သိသွားကြ၏။ ချန်များကိုယ်တိုင်က သတင်းထုတ်လွှတ်ခဲ့သောကြောင့်ပင်။
ချက်ချင်းလျှင်ပင် မြို့တော်ရှိချမ်းသာသောမိသားစုအသိုင်းအဝိုင်းတွင် အုတ်သော်သောင်းတင်းဖြစ်လာပြီး သတင်းများက တိုင်းပြည်တစ်ဝှမ်းရှိမိသားစုများစွာကို တုန်လှုပ်သွားစေသည်။ သတင်းက သူတို့အား အလွန်အံ့အားသင့်သွားစေပြီး ထန်ရှုက မကျဆင်းသေးသည်ကို သူတို့က သဘောပေါက်သွားကြ၏။ အဖွဲ့ဝင်များက ပျောက်သွားခဲ့သော်ငြား ဤထန်အိမ်က ကြောက်စရာကောင်းနေပါသေးသည်။
နောက်တစ်နေ့တွင်။
နောက်ထပ်သတင်းတစ်ပုဒ်က ထပ်မံပျံ့နှံ့လာပြန်၏။
“ထန်အိမ်ရဲ့ထန်ယွင်ဖမ်းကို ရှန်းဟိုင်မှာ ရာထူးအသစ်ခန့်အပ်လိုက်ပြီ။ သူ့ရဲ့ထူးချွန်တဲ့လုပ်ဆောင်ချက်နဲ့စွမ်းရည်တွေကြောင့်အပြင် တိုင်းပြည်နဲ့ပြည်သူလူထုအပေါ် သူ့ရဲ့နှစ်မြုပ်ပေးဆပ်မှုတွေကြောင့် သူက အခု ယဉ်ကျေးမှုဝန်ကြီးအဖြစ် ထမ်းဆောင်ရပါတော့မယ်”
ဤသတင်းထွက်လာသည့်အခိုက်တွင် လူတိုင်းက ကြီးမားသောဖိအားတစ်ခုအား ခံစားမိလိုက်ကြသည်၊ ယခင်ခေါင်းဆောင်ထန်ကောရှန့်မရှိလျှင်ပင် ထန်အိမ်က မားမားမတ်မတ်ရပ်တည်နိုင်သေးသည်ကို ဤအရာက ပြသခဲ့ပေ၏။