← Chapters

ကြယ်များဆီသို့

Vol. 88 Ch. 1222

ကြယ်များဆီသို့

Vol. 88 Ch. 1222

တိုင်းပြည်၏မြောက်ဘက်ပိုင်းက နှင်းကျနေသော်လည်း တောင်ဘက်ပိုင်းက နေသာနေလေသည်။ ရေဖြင့် ဆေးကြောသန့်စင်ထားသလို ရှန်းဟိုင်မြို့ကောင်းကင်အထက်ရှိမိုးကုတ်စက်ဝိုင်းက ရှင်းလင်းလွန်းလှပေ၏။

သုခဘုံစံအိမ်တွင်။

ထန်ရှုက လက်ဖက်ရည်တစ်ခွက်ကိုင်ရင်း မီတာတစ်ရာကျော်ကျယ်ဝန်းသောအခန်းတစ်ခုထဲတွင် တိတ်တဆိတ် ထိုင်နေသည်။ သူက သူ့ရှေ့တွင်ထိုင်နေသောသွမ်မုလင်၊ ထန်ယွင်ဖမ်း၊ မိုရီနှင့်ခန်းရှတို့အား ကြည့်လိုက်သည်။

“ထန်ရှု၊ မင်းကို စောင့်ရင်း ငါတို့တွေ လက်ဖက်ရည်သောက်နေတာ နှစ်ခွက်တောင် ရှိပြီ။ မင်းမှာ ကြီးမားတဲ့အစီအစဉ်တစ်ခုရှိတယ်လို့ ငါ့ကို ဖုန်းဆက်ပြောခဲ့တယ်နော်။ အတိအကျ အဲဒါက ဘာလဲ။ ငါတို့ကို ခန့်မှန်းခိုင်းနေတာတော့ မဟုတ်ဘူးမလား”သွမ်မုလင်က လက်ဖက်ရည်ခွက်ချကာ ပြောလိုက်၏။

“ငါ အခုပဲ မြူနီစပယ်ရုံးကို သွားပြီး တင်ပြမလို့၊ ရှုအာ။ ဒါပေမယ့် မင်းဖုန်းခေါ်တာကြောင့် တန်းလာခဲ့တာ”ထန်ယွင်ဖမ်းက ခေါင်းညိတ်ကာ ပြောလိုက်သည် “မင်းမှာ အရေးကြီးတာ မရှိရင် ငါ မင်းကို ဒေါသထွက်တဲ့အတွက် အပြစ်မတင်နဲ့နော်”

ထန်ရှုက လက်ဖက်ရည်ခွက်ချကာ ပြုံးလျက် ပြော၏ “အရေးကြီးကိစ္စမပြောခင် ကျုပ်က မေးခွန်းတစ်ခုအရင်မေးချင်ပါတယ်။ ကမ္ဘာမြေပေါ်က သိပ္ပံနဲ့နည်းပညာရဲ့လက်ရှိအဆင့်ကို ခင်ဗျားတို့ ဘယ်လိုထင်ကြလဲ”

သွမ်မုလင်နှင့်ထန်ယွင်ဖမ်းတို့က အကြည့်ချင်းဖလှယ်လိုက်ကြသည်၊ မိုရီနှင့်ခန်းရှတို့က စိတ်ရှုပ်သွားကြ၏။ ထန်ရှု၏မေးခွန်းအား ဘယ်လိုဖြေရမလဲ သူတို့ မသိပေ။

အချိန်အတန်ကြာပြီးနောက် သွမ်မုလင်က ဖြည်းဖြည်းချင်း ပြောလိုက်သည် “လူသားမျိုးနွယ်က သိပ္ပံနဲ့နည်းပညာမှာ လျင်မြန်စွာ တိုးတက်လာခဲ့တယ်၊ အတိတ်တုန်းကထက် ငါတို့မှာ ပိုကောင်းတဲ့အဆင့်မြင့်နည်းပညာထုတ်ကုန်တွေ ရှိနေပြီ”

“အဲဒါကို ကြယ်သုံးလုံးအကြွင်းအကျန်နဲ့ နှိုင်းယှဉ်လိုက်ရင် ဘယ်လိုလဲ”ထန်ရှုက ထပ်မေးလိုက်သည်။

“ဒါ ဘယ်လိုလုပ်ယှဉ်လို့ရမှာလဲ”သွမ်မုလင်က အားတင်းပြုံးကာ ပြောလိုက်သည် “အဲဒါတွေက ကမ္ဘာတစ်ခုလောက် ခြားနားတယ်။ ကမ္ဘာမြေပေါ်က သိပ္ပံနဲ့နည်းပညာအဆင့်က ကြယ်သုံးလုံးအကြွင်းအကျန်မှာ တွေ့ရှိခဲ့ရတဲ့အဆင့်ကို ရောက်ရှိနိုင်ရင် ငါတို့က ကမ္ဘာမြေကနေ ကြယ်တွေဆီ ထွက်သွားနိုင်ဖို့ များတယ်”

“ဒါက အတိအကျ ကျုပ် ပြောချင်တာပဲ”ထန်ရှုက ပြော၏ “ဒီနေ့ ကျုပ် ခင်ဗျားတို့အားလုံကို ဖိတ်ခေါ်လိုက်ရတာက လူသားမျိုးနွယ်အနေနဲ့ ကမ္ဘာမြေကနေ ကြယ်တွေဆီ သွားလာနိုင်ဖို့ပဲ။ ဆယ်စုနှစ်တစ်ခုအတွင်းမှာ ကျုပ်တို့ရဲ့သိပ္ပံနဲ့နည်းပညာစွမ်းအားက ခုန်ပေါက်တိုးတက်လာတာကို ကျုပ် မြင်ချင်တယ်။ လူသားမျိုးနွယ်က နဂါးငွေ့တန်းတစ်ခုလုံးကို ရှာဖွေဖော်ထုတ်နိုင်ပြီး ဆယ်စုနှစ်နှစ်ခုအတွင်းမှာ ကြယ်သင်္ဘောတစ်စီးကို တည်ဆောက်နိုင်ဖို့ ကျုပ် မျှော်လင့်တယ်။ ဆယ်စုနှစ်သုံးခုအတွင်းမှာ လူသားမျိုးနွယ်က နဂါးငွေ့တန်းတစ်ခုလုံးကို အုပ်ချုပ်နိုင်ပြီး မထိုးဖောက်နိုင်တဲ့ခံတပ်တစ်ခုကို တည်ဆောက်ဖို့ ကျုပ် မျှော်လင့်တယ်၊ ဒီလိုဆိုရင် ဒီကြယ်ပိုင်နက်ကို ကျုပ်တို့ဟာလို့ ပြောနိုင်ပြီပေါ့”

“ဟားဟားဟား၊ မင်းက ငါတို့ကို ဟာသလုပ်နေတာပဲ၊ ထန်ရှု”သွမ်မုလင်က ခေါင်းခါယမ်းကာ ရယ်လိုက်သည်။ “ကမ္ဘာမြေပေါ်က သိပ္ပံနဲ့နည်းပညာက ဒီအဆင့်ကို ရောက်ရှိနိုင်ရင် လူသားမျိုးနွယ်က ဒီလိုအနေအထားတစ်ခုကို ရောက်ရှိနိုင်ရင် ဒါက …”

ရုတ်တရက် သူက ထန်ရှုမျက်နှာပေါ်ရှိ အပြုံးဖျော့ဖျော့အား သတိပြုမိကာ နောက်ပြောမည့်စကားများက လည်ချောင်းထဲတွင် တစ်သွား၏။ ထန်ရှု၏စရိုက်နှင့်ပတ်သက်၍ သူ သိထားသည်အရ ထန်ရှုက အဓိပ္ပါယ်မရှိသောအရာများအား ပြောရန် ကြိုက်သူမဟုတ်ပေ။ သူ ပြောမှတော့ သူ့တွင် ယုံကြည်ချက်ရှိရမည်။

ဒါပေမယ့် ဒါက အတွေးခေါင်လွန်းတဲ့စိတ်ကူးတစ်ခုမဟုတ်လား။

ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး သူ့အပြုံးက တဖြည်းဖြည်းပျောက်ကွယ်သွားကာ လေးနက်စွာ ပြောလိုက်သည် “စီနီယာသွမ်မု၊ ကျုပ်တို့က တစ်လှေတည်းစီးတစ်ခရီးတည်းသွားမဟုတ်တုန်းက ခင်ဗျားက ခင်ဗျားရဲ့အလုပ်တွေနဲ့ပတ်သက်ပြီးတော့ အာရုံစိုက်တယ်၊ အဲတုန်းက ကျုပ်မှာလဲ ကျုပ်ရဲ့စိုးရိမ်စရာတွေ ရှိတယ်။ ဒါကြောင့် အဲဒီတစ်ခုနဲ့ ပတ်သက်ပြီး ခင်ဗျားကို ဘာမှ ကျုပ် မပြောပြခဲ့တာပဲ။ ဒါပေမယ့် အခု ခင်ဗျားကို ကျုပ် ပြောပြနိုင်တယ်”

“ဘာများလဲ”သွမ်မုလင်၏အမူအရာက ပြောင်းလဲသွားပြီး သူက ကမန်းကတန်းမေးလိုက်သည်။

“ကျုပ် ရှာဖွေဖော်ထုတ်ခဲ့တဲ့ကြယ်သုံးလုံးအကြွင်းအကျန်ကို ခင်ဗျား မှတ်မိသေးလား၊ မလက္ကာရေလက်ကြားရဲ့လမ်းဆုံမှာ တည်ရှိပြီး ၎င်းရဲ့အနောက်ဘက်ပိုင်းကို မြန်မာပင်လယ်က ပိုင်ဆိုင်ပြီး ၎င်းရဲ့တောင်ဘက်ပိုင်းက တောင်တရုတ်ပင်လယ်နဲ့ ချိတ်ဆက်ထားတဲ့ ဟာလေ။ ဆက်ကြောင်းအရှည်က ၁၀၈၀ကီလိုမီတာခန့်ရှိပြီး ၎င်းရဲ့အရှေ့တောင်ဘက်လမ်းကြောင်းက ပစိဖိတ်သမုဒ္ဒရာနဲ့ အန္ဒိယသမုဒ္ဒရာတို့ ချိတ်ဆက်နေတာမလား။ ပင်လယ်ရဲ့အောက်ခြေမှာ အသစ်ရှာဖွေတွေ့ရှိထားတဲ့ကြယ်သုံးလုံးအကြွင်းအကျန်လေ။ သတိရပြီးလား”

“ရပြီ”သွမ်မုလင်က ခေါင်းညိတ်လိုက်သည်။

“ဒီကြယ်သုံးလုံးအကြွင်းအကျန်က အချိန်အကန့်အသတ်နဲ့ပဲ ဖွင့်တာ၊ ပိုအဆင့်မြင့်တဲ့နည်းပညာကို ရဖို့ တိုင်းပြည်အမျိုးမျိုးက နေရာတစ်ခုလုံးကို ရှာဖွေဖော်ထုတ်ဖို့ ကြိုးစားနေခဲ့ကြတာမလား”ထန်ရှုက ပြော၏။

“မှန်တယ်”သွမ်မုလင်က ခေါင်းညိတ်လိုက်သည်။

“တိုင်းပြည်အားလုံးက လူတွေက ဒီအကြွင်းအကျန်ကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ မသိပေမယ့် ဒီကြယ်သုံးလုံးအကြွင်းအကျန်က ကျုပ်ရဲ့ထိန်းချုပ်မှုအောက်ကို လုံးဝရောက်နေတယ်ဆိုတာ ကျုပ် ပြောနိုင်တယ်”ထန်ရှုက ပြော၏ “ကျုပ်က အဲဒါရဲ့ပိုင်ရှင်လို့ ပြောနိုင်တယ်၊ အဲနေရာက နည်းပညာအားလုံးကို ကျုပ် အသုံးပြုနိုင်တယ်၊ ဒီအကြွင်းအကျန်ရဲ့စမတ်ဘရိန်းကိုလဲ ကျုပ်ရခဲ့တယ်၊ အဲဒါမှာ ကမ္ဘာမြေရဲ့အဆင့်ထက်ကျော်လွန်တဲ့သိပ္ပံနဲ့နည်းပညာဗဟုသုတတွေအမြောက်အများ ပါရှိတယ်။ ကျုပ်မှာသာ အချိန်၊ ငွေကြေး၊ လူအရင်းအမြစ်လို့ခေါ်တဲ့ အခြေအနေသုံးခု ရှိမယ်ဆိုရင် ကျုပ်လဲ အဆင့်မြင့်နည်းပညာကမ္ဘာတစ်ခုကို ဖန်တီးနိုင်တယ်”

“ဘာ…”

တုန်လှုပ်မှုက သွမ်မုလင်၏မျက်နှာအား လွှမ်းခြုံသွားပြီး သူက ထန်ရှုအား မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ သူက ပြောင်မြောက်သောခွန်အားရှိသော်ငြား မတုန်လှုပ်ဘဲ မနေနိုင်ပေ။

“ခင်ဗျားနားကြားမမှားဘူး”ထန်ရှုက လုံးဝအလေးအနက်ထားလျက် ပြော၏ “ကျုပ်က ကြယ်သုံးလုံးအကြွင်းအကျန်ကို အပြည့်အဝထိန်းချုပ်နိုင်ပြီး အချိန်မရွေးဝင်နိုင်ထွက်နိုင်တယ်။ အဲနေရာက နည်းပညာထုတ်ကုန်တွေအားလုံးကို ကျုပ်ပိုင်ဆိုင်တယ်လို့ ပြောနိုင်တယ်။ စီနီယာသွမ်မုလင်၊ ခင်ဗျားကို အမှန်အတိုင်း ပြောရရင် ဒီအကြွင်းအကျန်မှာ တကယ်ကို ကြီးမားတဲ့ကြယ်စစ်သင်္ဘောတစ်စီးရှိပြီး ကျုပ်က အဲဒါကို အပြည့်အဝ ထိန်းချုပ်နိုင်တယ်။ ကျုပ်က အဲဒါကို အသက်သွင်းပြီး ကမ္ဘာမြေကနေ စကြာဝဠာရဲ့အနက်ပိုင်းထဲကို မောင်းသွားနိုင်တယ်”

သွမ်မုလင်က ပင့်သက်ရှိုက်လိုက်သည်။ ထန်ရှု၏လေးနက်သောမျက်နှာအား ကြည့်လိုက်ချိန်တွင် သူ့ခံစားချက်အား သူက ခက်ခဲခက်ခဲဖိနှိပ်နေရ၏။

ဒါက ကြောက်စရာကောင်းသောခံစားချက်တစ်ခုနှင့်အတူ ပါလာသည့် လုံးဝထိတ်လန့်တုန်လှုပ်မှုတစ်ခုပင်။

ထန်ရှုပြောသည်ကား မှန်လျှင် သူက ကမ္ဘာမြေ၏အစစ်အမှန်ဆရာသခင်ဖြစ်အောင် အမှန်တကယ်စွမ်းဆောင်နိုင်သည်။ ဒီလိုကြောက်စရာကောင်းသောအဆင့်မြင့်သိပ္ပံနှင့်နည်းပညာစွမ်းအားအား ရင်ဆိုင်ရလျှင် လူသားမျိုးနွယ်၏နည်းပညာအဆင့်က အမှိုက်ပမာဖြစ်ပြီး အလွယ်တကူဖျက်ဆီးခံရနိုင်သည်။

ထန်ယွင်ဖမ်းက သွမ်မုလင်အား တစ်ချက်ကြည့်ပြီးနောက် သူ့မျက်လုံးများက ထန်ရှုအပေါ် အာရုံစိုက်သွား၏။ ထို့နောက် သူက လေးနက်စွာ မေးလိုက်၏ “အတိအကျ မင်းက ဘာလိုချင်တာလဲ၊ ရှုအာ”

“အနာဂတ်မှာ ကမ္ဘာမြေကနေ ကျုပ်ထွက်သွားဖို့က ရှောင်လွဲလို့မရဘူး”ထန်ရှုက ပြောသည် “ခင်ဗျားတို့လေးယောက်အပါဝင် ထန်ဂိုဏ်းရဲ့အဖွဲ့ဝင်တွေအားလုံးက ကျုပ်နောက်ကို လိုက်ပါလာမှာ။ ဒါပေမယ့် ကမ္ဘာမြေက ကျုပ်တို့ရဲ့အုတ်မြစ်ပဲ၊ ကျုပ် ကြီးပြင်းလာတဲ့နေရာပဲ။ ကျုပ်တို့က ဒီနေရာကနေ ထွက်သွားနိုင်ပေမယ့် ၎င်းရဲ့ထာဝရတည်ရှိမှုကို ကျုပ်က အာမခံရမယ်။ တစ်နေ့ ကျုပ်ပြန်လာတဲ့အခါ ၎င်း ပျက်ဆီးနေတာ ဒါမှမဟုတ် လူသားမျိုးနွယ်ပျက်သုန်းနေတာကို ကျုပ် မမြင်ချင်ဘူး”

“ဒါပေမယ့် ကျုပ်တို့ထွက်သွားပြီး ဆယ်စုနှစ်၊ ရာစုနှစ်ဒါမှမဟုတ် နှစ်သန်းအနည်းငယ်လောက်မှာ လူသားမျိုးနွယ်ကို စကြာဝဠာက အခြားမျိုးနွယ်တွေ ကျုးကျော်သွားနိုင်တဲ့ နောက်ထပ်ဖြစ်နိုင်ချေတစ်ခုလဲ ရှိတယ်။ ကမ္ဘာမြေရဲ့အားနည်းတဲ့လူသားတွေက အဲဒီအခြားကမ္ဘာကလာတဲ့သူတွေအတွက် ကျွန်တွေဒါမှမဟုတ်တိရစ္ဆာန်တွေ ဖြစ်လာနိုင်တယ်၊ ဒါမှမဟုတ် ကမ္ဘာမြေပေါ်က လူသားတွေအားလုံးက အမြစ်ပြတ်သုတ်သင်ခံရနိုင်တယ်”

“ကျုပ်က ကြီးကျယ်မြင့်မြတ်တဲ့လူတစ်ယောက်မဟုတ်ပေမယ့် ကျုပ် မထွက်သွားခင် ကမ္ဘာမြေကို စိတ်ချခဲ့ချင်တယ်။ အနည်းဆုံး အားကောင်းတဲ့ဂြိုလ်သားမျိုးနွယ်တစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါ လူသားမျိုးနွယ်က ကာကွယ်နိုင်ရမယ်။ ဒါကြောင့် အဆင့်မြင့်သိပ္ပံနဲ့နည်းပညာကို ပိုင်ဆိုင်ဖို့က မရှိမဖြစ်လိုအပ်တယ်။ မရေမတွက်နိုင်တဲ့အင်အားတွေနဲ့ပြောင်ပြောင်မြောက်တဲ့ခံစစ်ကွန်ရက်တစ်ခုအပြင် နဂါးငွေ့တန်းတစ်ခုလုံးကို မထိုးဖောက်နိုင်တဲ့ခံတပ်တစ်အခုအဖြစ်ပါ ကျုပ်တည်ဆောက်ချင်တယ်”

ထန်ယွင်ဖမ်း၊ မိုရီနှင့် ခန်းရှတို့က တုန်လှုပ်စွာဖြင့် ရုတ်ချည်းထရပ်လိုက်ကြသည်။ သူတို့၏နှလုံးသားထဲတွင် နက်ရှိုင်းသောလေးစားမှုက မြင့်တက်လာပြီး သူတို့က ထန်ရှုအား ခေါင်းညိတ်ပြလိုက်ကြ၏။

သူတို့ရဲ့အိမ်တွေနဲ့တိုင်းပြည်ကို ကာကွယ်ဖို့လေ။

“ကျေးဇူးပြုပြီး မင်းရဲ့အတွေးကို ထုတ်ပြောပါဦး ထန်ရှု”သွမ်မုလင်က မေး၏။

“ကျုပ်က လျှို့ဝှက်စခန်းတစ်ခုကို လိုအပ်တယ်၊ အဲဒါက လုံလုံလောက်လောက်ကြီးပြီး လက်လှမ်းမမှီတဲ့နေရာမှာ ရှိရမယ်”ထန်ရှုက ပြော၏ “နောက်တစ်ဆင့်က လူအင်အားနဲ့အတူ ငွေနဲ့ပစ္စည်းအရင်းအမြစ်ကြီးမားတဲ့ပမာဏကို ရင်းနှီးမြှုပ်နှံဖို့ပဲ။ ပထမနှစ်နှစ်မှာ ကျောင်းတစ်ကျောင်းကို တည်ထောင်ပြီး ကြယ်သုံးလုံးအကြွင်းအကျန်ထဲမှာ ရှိတဲ့ သိပ္ပံနဲ့နည်းပညာဗဟုသုတကို သူတို့ကို သင်ကြားပေးမယ်။ တစ်ချိန်တည်းမှာ ကျုပ်တို့က ကြယ်စစ်သင်္ဘောတွေကို တည်ဆောက်ပြီး သူတို့ကို ထိန်းချုပ်ဖို့ စစ်သားတွေကို လေ့ကျင့်ပေးရမယ်”

“မင်းက ဒီပရောဂျက်ကို မင်းကိုယ်တိုင် လုပ်ချင်တာလား၊ ဒါမှမဟုတ် တိုင်းပြည်တစ်ခုလုံးကို ပါဝင်စေချင်တာလား”သွမ်မုလင်က ထပ်မေး၏။

“ဒါက ကျုပ်တစ်ယောက်တည်း လုပ်လို့ရနိုင်တဲ့အရာမဟုတ်ဘူး”ထန်ရှုက ပြော၏ “ကျုပ်က တိုင်းပြည်ရဲ့အထောက်အပံ့ကို လိုအပ်တယ်၊ ဒါပေမယ့် ပရောဂျက်ရဲ့လုံခြုံမှုက အမြင့်ဆုံးအဆင့်မှာ ရှိရမယ်။ အနာဂတ်မှာ ထုတ်လုပ်ထားတဲ့ကြယ်သင်္ဘောတွေဖြစ်စေဒါမှမဟုတ် လေ့ကျင်ပေးထားတဲ့ကြယ်သင်္ဘောစစ်သားတွေဖြစ်စေ၊ သူတို့အားလုံးကို ကျုပ်တို့ရဲ့တိုင်းပြည်က ပိုင်ဆိုင်ရမယ်”

“အချိန်တိုအတွင်းမှာ ဒီလိုပရောဂျက်တစ်ခုကို လုပ်မယ်ဆိုရင် ဖုံးကွယ်ဖို့က မဖြစ်နိုင်ဘူး”သွမ်မုလင်က ထပ်ပြော၏ “ဒါ့အပြင် လိုအပ်တဲ့အရင်းအမြစ်တွေက အရေအတွက်က ကြီးမားလွန်းတာကြောင့် ဒါကို လျှို့ဝှက်အောင် ထိန်းသိမ်းဖို့က လက်တွေ့မကျလှဘူး”

“ကျုပ်ကို ဆယ်နှစ်အချိန်ပေးပါ”ထန်ရှုက နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “အနေအထားတစ်ခုလုံးကို ကျုပ် တာဝန်ယူပြီး ဒီကိစ္စကို ကိုင်တွယ်တဲ့အခါမှာ ခင်ဗျားက ကျုပ်ကို ကူညီပေးရမယ်။ ပြီးရင် နောက်ဆယ်နှစ်ကျရင် ကျုပ်က စခန်းတွေကို တိုင်းပြည်ဆီ လွှဲပေးမယ်”

“ဒါနဲ့ ပတ်သက်ပြီး အထက်ကို အရင်တင်ပြဖို့ လိုအပ်တယ်”သွမ်မုလင်က ပြော၏။

“ဒါ အရမ်းကောင်းတယ်။ ကျုပ်က သူတို့နဲ့ လူကိုယ်တိုင် ပြောလို့ရရင် အကောင်းဆုံးပဲ”ထန်ရှုက ပြောလိုက်သည်။

သွမ်မုလင်က ထရပ်ကာ ပြောလိုက်၏ “ထန်ရှု၊ ငါ တိုင်းပြည်ရဲ့စီနီယာသုံးယောက်ကို ဖိတ်ခေါ်ကြည့်မယ်”

“ကောင်းပါပြီ”ထန်ရှုက ခေါင်းညိတ်ကာ သွမ်မုလင်က ထွက်ခွာသွားသည်။

ထို့နောက် ထန်ရှု၊ ထန်ယွင်ဖမ်း၊ မိုရီနှင့် ခန်းရှတို့သာ အခန်းထဲတွင် ကျန်ခဲ့၏။ ထန်ရှုက ထန်ယွင်ဖမ်းအား ကြည့်ကာ ပြောလိုက်သည် “ပထမဉီးလေး၊ ကျုပ်ရဲ့တစ်ကိုယ်ကောင်းဆန်မှုကြောင့် ဒီဆုံးဖြတ်ချက်ကို ချခဲ့တယ်ဆိုတာ ကျုပ် ဝန်ခံတယ်။ ရည်ရွယ်ချက်အတွက် ထန်မိသားစုက ထန်မိသားစုက ဉီးလေးရဲ့စောင့်ရှောက်မှုကို လိုအပ်တယ်”

ထန်ယွင်ဖမ်းက ခေါင်းညိတ်လိုက်သည် “မစိုးရိမ်ပါနဲ့”

ထို့နောက် ထန်ရှုက မိုရီဘက်သို့ လှည့်ကာ ပြောလိုက်သည် “ပါမောက္ခမို၊ ခင်ဗျားက သိပ္ပံပညာရှင်တစ်ယောက်၊ ပြီးတော့ ကျွမ်းကျင်တဲ့သုတေသနပညာရှင်တစ်ယောက်ဖြစ်တယ်။ နောက်လာမယ့်အစီအစဉ်အတွက် ခင်ဗျားက ခေါင်းဆောင်အင်ဂျင်နီယာဖြစ်ဖို့ ကျုပ် မျှော်လင့်တယ်။ ခင်ဗျားက ကြယ်သင်္ဘောတွေကို ထုတ်လုပ်မယ့် နည်းပညာအဖွဲ့တစ်ခုကို ဖွဲ့စည်းပေးဖို့ လိုတယ်”

“စိတ်ချပါ၊ ထန်ရှု။ ဒီအတွက် ငါ့အသက်ရဲ့ကျန်ရှိနေတဲ့သက်တမ်းတွေကို ပေးဆပ်ဖို့ အသင့်ပါပဲ”မိုရီက စိတ်လှုပ်ရှားစွာ ပြန်ပြောသည်။

“ဟားဟားဟား။ ဒါဆို ကောင်းပါပြီ”ထန်ရှုက ရယ်ကာ ပြောလိုက်သည် “ပါမောက္ခမို၊ ပထမဉီးလေး၊ ခင်ဗျားတို့နှစ်ယောက်လုံး လုပ်စရာရှိတာ ဆက်လုပ်ရင်း ကြိုတင်ပြင်ဆင်ထားပါ။ ဒီအစီအစဉ်ကို ခွင့်ပြုဖို့က သိပ်မကြာဘူးလို့ ကျုပ် ယုံကြည်တယ်”

ထန်ယွင်ဖမ်းက ထန်ရှု၏ပခုံးကို ပုတ်ကာ တိုက်ရိုက်ထွက်ခွာသွားသည်။ သူနှင့်မိုရီတို့ ပျောက်ကွယ်သွားပြီးနောက်မှသာ ထန်ရှုက ခန်းရှအား ကြည့်လိုက်၏။

ခန်းရှက ဘာတစ်ခွန်းမှ မဆိုပေ။ ယခု ဤနေရာတွင် သူတို့နှစ်ယောက်သာ ကျန်တော့သည်၊ ထို့ကြောင့် သူမက သူ့ထံ လာကာ သူ့အား ပွေ့ဖက်လိုက်၏။

ထန်ရှုက သူ့ပခုံးပုတ်ကာ ရယ်လိုက်သည် “အချစ်၊ ငါက ကြီးမားသောငွေပမာဏကို လိုအပ်တာကြောင့် ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုက အလုပ်များလာတော့မှာ။ တစ်ထရီလီယံအသာထား၊ တစ်ရာထရီလီယံကတောင် ငါတို့ရဲ့ရည်ရွယ်ချက်အတွက် လုံလောက်မှာ မဟုတ်ဘူး”

“အရင်တုန်းက ရှင်က ကမ္ဘာပေါ်မှာ အကောင်းဆုံးလို့ ကျွန်မ မျက်စိမှိတ်ယုံကြည်ခဲ့တယ်”ခန်းရှက ပြောလိုက်၏ “အခု အဲတုန်းက ကျွန်မရဲ့အမြင်က မှန်တယ်ဆိုတာ သက်သေပြလိုက်ပြီ။ အခုကစပြီး ပိုက်ဆံရှာဖို့က ကျွန်မတာဝန်ထား၊ ရှင်က ကျန်တဲ့ကိစ္စတွေကို ကိုင်တွယ်ဖို့ပဲ လုပ်တော့”

All Chapters