အိတ်ဆောင်ကမ္ဘာတစ်ခု
Vol. 88 Ch. 1223
ရေပက်ဖျန်းနေသည့်အလား လရောင်က ကမ္ဘာမြေအား လွှမ်းခြုံထားသည်။ လွန်ခဲ့သောရက်အနည်းငယ်အတွင်း အတော်လေးအလုပ်များနေခဲ့ပြီး နောက်ဆုံးတွင် ထန်ရှုက ခဏတစ်ဖြုတ်အနားယူခဲ့သည်။သူက အဝတ်ချွတ်လိုက်ပြီး အချစ်လေထုက စတင်ထူထဲလာ၏။
ဘန်း…
ရုတ်တရက် ကမ္ဘာတစ်ခုလုံးက တုန်ခါသွားပုံရကာ တံခါး၊ ပြတင်းပေါက်နှင့် မီးအိမ်များကလည်း တုန်ခါသွား၏။ အခြေခိုင်သောအိပ်ရာပင် လှုပ်ယမ်းသွားသည်။ ထန်ရှုက သူ့လက်ချောင်းအား မြှောက်လိုက်ကာ သူနှင့်ခန်းရှက တုန်ခါမှု၏တရားခံမဟုတ်ကြောင်း ကျိန်ဆိုလိုက်သည်။
“ဘာဖြစ်နေတာလဲ”
ရှက်ရွံ့သောမျက်နှာနှင့်အတူ ခန်းရှက ပြတင်းပေါက်အား လျင်မြန်စွာ ကြည့်လိုက်သည်။
ထန်ရှုက အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး အဝတ်ဝတ်ပြီးနောက် ပြတင်းပေါက်သို့ လျင်မြန်စွာ ရွေ့လျား၏။ သူက အပြင်ဘက်ရှိ မြင်ကွင်းအား ကြည့်လိုက်သောအခါ လူများစွာက သူတို့၏အိမ်ထဲမှ ပြေးထွက်လာပြီး ဘာလုပ်ရမှန်းမသိ ကျီးကန်းတောင်မှောက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။
ငလျင်လှုပ်တာလား။
ထန်ရှုက မျက်မှောင်ကြုတ်လိုက်သည်။ တုန်ခါမှုက ငလျင်လှုပ်သည်နှင့် တူသည်ဟု သူက ခံစားမိ၏။
“ဆရာအဘိုး”
ထန်အန်းက သူ့ဘေးနားတွင် ထွက်ပေါ်လာကာ တိုးတိုးလေးအော်ခေါ်လိုက်သည်။
“ဘာဖြစ်တာလဲ၊ အကြောင်းရင်းကို မင်း သိလား”ထန်ရှုက မေး၏။
“ငါ မသိဘူး”ထန်အန်းက ခေါင်းခါယမ်းကာ ပြောလိုက်သည် “ငလျင်လှုပ်တာများလား”
“မဟုတ်ဖို့ များတယ်၊ ကြီးမားတဲ့ဘေးအန္တရာယ်တစ်ခုကြောင့် ဖြစ်လာခဲ့သလိုပဲ”ထန်ရှုက ခေါင်းခါယမ်းလိုက်သည်။
ထိုသို့ပြောပြီးနောက် သူက ကျင်းရှီ၏နံပါတ်အား ခေါ်ကာ မေးလိုက်သည် “မင်းတို့ ဘယ်မှာလဲ”
“ငါ လက်ရှိ ဟေးလုံကျန်းစီရင်စုမှာ၊ ဂိုဏ်းချုပ်”ကျင်းရှီက ပြန်ဖြေသည်။
“တုန်ခါမှုတစ်ခုက ရှန်းဟိုင်မှာ ဖြစ်ပွားခဲ့တယ်။ ဒီနေရာမှာ ဘာဖြစ်ခဲ့သလဲဆိုတာ စုံစမ်းဖို့ ရှန်းဟိုင်က ထောက်လှမ်းရေးတွေကို ချက်ချင်းဆက်သွယ်လိုက်ပါ”ထန်ရှုက အမိန့်ပေးလိုက်သည်။
“အဲမှာရောလား”ကျင်းရှီက အံ့အားသင့်စွာ ပြော၏ “ဒီဘက်မှာလဲ အဲလိုဖြစ်ခဲ့တယ်၊ ငလျင်လှုပ်သွားသလိုပဲ”
ထန်ရှုက နှုတ်ဆိတ်သွားသည်။
တုန်ခါမှုက တိုင်းပြည်၏မြောက်ပိုင်းဘက်တွင်သာမက ရှန်းဟိုင်တွင်ပါ ဖြစ်ပျက်ခဲ့သည်။ ၎င်းက သူ့အား ဆိုးဝါးသောခံစားချက်တစ်ခု ပေးစွမ်းသည်။ တုန်ခါမှုများက တိုင်းပြည်အနှံ့ဖြစ်ပျက်နေမည်ကို သူ စိုးရိမ်သည်။ ထိုသို့ဆိုလျှင် ကြီးမားသောအဖြစ်အပျက်က သေချာပေါက် ပေါ်ပေါက်လာပေလိမ့်မည်။
“ငါ ချက်ချင်း စုံစမ်းလိုက်ပါမယ်၊ ဂိုဏ်းချုပ်”ကျင်းရှီက ပြောလိုက်သည်။
“မြို့တိုင်းက တာဝန်ရှိသူတွေကို ဆက်သွယ်ပြီး သူတို့ဆီက အနေအထားကို မေးမြန်းပြီးရင် ငါ့ကို အမြန်ဆုံးတင်ပြ”ထန်ရှုက နောက်ဆုံးတွင် ပြောလိုက်သည်။
ငါးမိနစ်ကြာပြီးနောက် ကျင်းရှီက ဖုန်းပြန်ဆက်လာသည်။တုန်ခါမှုများက တရုတ်တစ်နိုင်ငံလုံးတွင် ဖြစ်ခဲ့သည်ကို ကျင်းရှီထံမှ ကြားရပြီနောက် သူ့မျက်နှာက လေးနက်သွား၏၊ ၎င်းက သာမန်အဖြစ်အပျက်တစ်ခုမဟုတ်ပေ၊ ကြီးမားသောအန္တရာယ်တစ်ခုက တရုတ်သို့ ကျရောက်လာဖို့များသည့်လက္ခဏာတစ်ခုပင်။
ကရင်း…ကရင်း…ကရင်း…
သူ့ဖုန်းက ရုတ်တရက် မြည်လာသည်။ ထန်ရှုက ကမန်းကတန်းကိုင်လိုက်၏၊ ခေါ်သူကို မြင်ပြီးနောက် သူက အနည်းငယ်မှင်တက်ကာအံ့အားသင့်သွားသည်။
“ချန်ရှောက်ဟွာလား”
ထန်ရှုက ခဏစဉ်းစားလိုက်သည်။ ထို့နောက် အဖြေခလုတ်ကို နှိပ်ကာ သူက မေးလိုက်၏ “တစ်ခုခုဖြစ်လို့လား”
ချန်ရှောင်ဟွာ၏အသံက ဖုန်းမှ ပြန်ဖြေလာသည် “ငါတို့ ဒီနေရာမှာ အနေအထားတစ်ခု တွေ့ရှိရပါတယ်၊ ဂိုဏ်းချုပ်”
“ဘာများလဲ”ထန်ရှုက မေးလိုက်သည်။
“အနောက်ပိုင်းလုံချွမ်တောင်နားက အိပ်ဆောင်ကမ္ဘာကို စောင့်ကြပ်ဖို့အတွက် အဲနေရာမှာ စခန်းချဖို့ ဂိုဏ်းချုပ်က ငါ့ကို တာဝန်ပေးခဲ့တယ်မလား၊ ငါ အခုပဲ အဲနေရာကနေ သတင်းရခဲ့တယ်။ အဲဒီအိတ်ဆောင်ကမ္ဘာထဲမှာ တစ်ခုခုဖြစ်ပျက်ခဲ့ပြီး သားရဲရိုင်းတွေက ဝင်ပေါက်မှ ပြေးထွက်လာနေတယ်။ သူတို့ထဲကအနည်းငယ်က လုံချွမ်တောင်အစွန်းအဖျားကို ပြေးလာနေကြတယ်၊ အဲဒါက အပြင်ဘက်က အရပ်သားတွေအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်တယ်”
ထန်ရှု၏အမူအရာက ပြောင်းလဲသွားပြီး သူက လေးလံသောအသံနှင့် မေးလိုက်သည် “အဲနေရာမှာရော တုန်ခါသွားသေးလား”
“ဟုတ်ပါတယ်”ချန်ရှောက်ဟွာက ပြန်ဖြေသည်။
ထန်ရှု၏မျက်ခုံးများက ကျုံ့သွား၏။ တုန်ခါမှု၏အရင်းအမြစ်ကို သူက ချက်ချင်းသိလိုက်သည်။ ၎င်းက အနောက်ပိုင်းရှိလုံချွမ်တောင်တန်းမှ ဖြစ်ပေါ်လာခြင်းပင်။ တုံ့ဆိုင်းမနေဘဲ သူက အမိန့်ပေးလိုက်သည် “ငါ အဲကို ချက်ချင်းလာမယ်။ လုံချွမ်တောင်တန်းမှာ စောင့်ကြပ်နေတဲ့ လူတိုင်းကို ဆက်သွယ်ပြီး အဲဒီသားရဲရိုင်းတွေကို တောင်တန်းကနေ ထွက်ခွာခွင့်မပြုဖို့ ပြောလိုက်”
“နားလည်ပါပြီ။ ငါ အားလုံးကို ချက်ချင်း ပြောလိုက်ပါ့မယ်။ ဒါ့အပြင် တစ်နာရီအတွင်း ငါလဲ အိတ်ဆောင်ကမ္ဘာရဲ့ဝင်ပေါက်ကို သွားမှာပါ”ချန်ရှောက်ဟွာက ပြန်ဖြေသည်။
“သတိထားပါ…”
ဖုန်းချပြီးနောက် ထန်ရှုက သူ့နောက်ရှိ ခန်းရှဘက်သို့ လှည့်လိုက်သည်။ ထို့နောက် သူက သူမအား နက်ရှိုင်းသောအသံနှင့် ပြော၏ “ငါ ရှန်းဟိုင်ကနေ ထွက်သွားရမယ်။ မင်း ဒီမှာပဲ လုပ်စရာရှိတာ လုပ်နေ။ ပြီးတော့ ရှန်းဟိုင်က ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုဌာနချုပ်ရဲ့ဆောက်လုပ်ရေးပရောဂျက်ကို ပိုဂရုစိုက်ပေးပါ၊ အရှိန်မြှင့်တင်ဖို့ ဆောက်လုပ်ရေးအဖွဲ့ကို ပြော။ ဖြစ်နိုင်ရင် သုံးဆိုင်းခွဲပြီး အလုပ်လုပ်။ ငါ အဲဒါကို ဖြစ်နိုင်သမျှ အချိန်တိုအတွင်း ပြီးစီးချင်တယ်”
“ကောင်းပါပြီ”ခန်းရှက ခေါင်းညိတ်လိုက်သည်။
ထန်ရှုက သုခဘုံစံအိမ်မှ ထွက်ခွာလာပြီး သွမ်မုလင်အား လျင်မြန်စွာ ဆက်သွယ်ကာ အနေအထားနှင့် ပတ်သက်၍ ပြောလိုက်သည်။ ထို့နောက် သူက နောက်ဆုံးတွင် ပြောလိုက်၏ “အိတ်ဆောင်ကမ္ဘာထဲမှာ ဘာဖြစ်သွားသလဲဆိုတာ ကျုပ် မသိဘူး။ ဒါကြောင့် အဲကို အမြန်ဆုံး ကျုပ် သွားနေတယ်။ စီနီယာသွမ်မု၊ ခင်ဗျားလဲ အဲကို လာနိုင်ရင် အကောင်းဆုံးပဲ၊ ပြီးတော့ သားရဲတွေ အပြင်မထွက်လာစေဖို့ လုံချွမ်တောင်တန်းတစ်ခုလုံးကို ပိတ်ဆို့ထားဖို့ လူအချို့ကို တာဝန်ပေးပေးပါ။ မဟုတ်ရင် အဲနေရာက ဒေသခံတွေကို ထိခိုက်စေလိမ့်မယ်”
“ငါ အဲကို ချက်ချင်းလာမယ်”သွမ်မုလင်က ပြန်ပြောသည် “ပြီးတော့ မင်းက ရှန်းဟိုင်မှာပဲ ရှိသေးတယ်မလား။ ငါ ရဟတ်ယာဉ်တစ်စီးလွှတ်ပြီး မင်းကို ကြိုခိုင်းလိုက်မယ်”
“ကောင်းပါပြီ”ထန်ရှုက ပြန်ဖြေသည်။
****
နောက်ထပ်လေးနာရီကြာပြီးနောက် ထန်ရှုအား စစ်တပ်ရဟတ်ယာဉ်တစ်စီးက ခေါ်သွားပြီး နောက်ဆုံးတွင် လုံချွမ်တောင်တန်းအနီးသို့ ရောက်လာသည်။
ဤအချိန်တွင် သူ့နောက်သို့ ထန်အန်းသာ လိုက်လာသည်၊ သို့သော် နှစ်ယောက်လုံးက အလွန်အားကောင်းပြီး ရဟတ်ယာဉ်ပေါ်မှ ဆင်းသက်ပြီးနောက် တောင်တန်းအတွင်းပိုင်းထဲသို့ လျင်မြန်စွာ ဝင်လာခဲ့၏။
များမကြာမီ ပုံရိပ်တစ်ခုက သူတို့အရှေ့တွင် ထွက်ပေါ်လာပြီး ထန်ရှုနှင့်ထန်အန်းတို့က သူတို့၏ခြေလှမ်းအား ရပ်လိုက်သည်။ ဤနေရာသို့ ကြိုတင်ရောက်ရှိနေသည့်ချန်ရှောက်ဟွာပင်။ လက်ရှိတွင် သူက သွေးများစိုရွှဲနေသည်။ သူ့ပခုံးပေါ်တွင် ဒဏ်ရာတစ်ခုရှိနေပြီး သားရဲတစ်ကောင်လက်ချက်ကြောင့် ဖြစ်သည်မှာ သေချာ၏။
“လက်ရှိအနေအထားနှင့် ပတ်သက်ပြီး ငါ့ကို အတိုချုပ်ပြော”
ထန်ရှုက ချန်ရှောက်ဟွာအရှေ့သို့ လျှောက်သွား၏၊ သူက သိုလှောင်လက်စွပ်မှ သန့်စင်ဒဏ်ရာပျောက်ဆေးဆေးတစ်လုံးယူထုတ်ကာ ချန်ဟောင်ရှောက်ဟွာ၏ပါးစပ်ထဲသို့ ထည့်ပေးရင်း မေးမြန်းလိုက်သည်။
ချန်ရှောင်ဟွာက ဆေးလုံးအား ကမန်းကတန်း ဝါးမျိုလိုက်ပြီး ထန်ရှုအား ကျေးဇူးတင်သောအကြည့်နှင့် ကြည့်လိုက်သည်။ ဆေးလုံးအား အပြည့်အဝစုပ်ယူရန်ပင် မစောင့်ဘဲ သူက ကမန်းကတန်း ပြော၏ “အိတ်ဆောင်ကမ္ဘာက ထွက်လာတဲ့သားရဲတွေရဲ့အရေအတွက်က အဆက်မပြတ်တိုးလာပြီး ငါက ဒီနေရာကို လူဒါဇင်လောက်ပဲ ခေါ်လာခဲ့တာ။ ဒီနေရာမှာ ရှိနေတဲ့လူတွေပါ ပေါင်းထည့်လိုက်ရင် ငါတို့မှာ စုစုပေါင်းလူဆယ့်ခြောက်ယောက်ပဲ ရှိတယ်။ နောက်ဆုံးလေးနာရီအတွင်း ငါတို့က သားရဲတစ်ရာလောက်ကို သတ်ဖြတ်ခဲ့ပေမယ့် ဒီသားရဲတွေက ပြန့်ကျဲပြီး ငါတို့က သူတို့ကို လုံးဝမတားနိုင်ခဲ့ဘူး။ ဒါပေမယ့် သတင်းဌာနက ငါ့ကို အခုပဲ ဆက်သွယ်ခဲ့တယ်၊ သားရဲတွေက တောင်တန်းကနေ ထပ်မထွက်လာတော့ဘူးတဲ့၊ ဒါကြောင့် အနီးဝန်းကျင်မှာနေတဲ့ဒေသခံအတွက် ဘေးအန္တရာယ်မရှိတော့ဘူး။ အနည်းဆုံးလက်ရှိအချိန်မှာပေါ့”
“ဒါကို ကြားတာ အရမ်းကောင်းတယ်”ထန်ရှုက ခေါင်းညိတ်ကာ ပြော၏ “ဒါနဲ့ ပတ်သက်ပြီး အစိုးရက လူအချို့ကို ငါ အကြောင်းကြားပြီးပြီ။ မကြာခင် ဒီနေရာကို ကျွမ်းကျင်သူအမြောက်အများရောက်လာလိမ့်မယ်။ ဒါနဲ့ အိတ်ဆောင်ကမ္ဘာရဲ့စောင့်ကြည့်နေတာ ငါတို့အပြင် အခြားသူတွေ ရှိနေလား”
“အဲနေရာမှာ ငါတို့ရဲ့လူအနည်းငယ်ပဲ ရှိပါတယ်”ချန်ရှောက်ဟွာက ပြန်ဖြေသည်။
“ဒီနေရာကနေ အဲကို ရောက်ဖို့ ဘယ်လောက်ကြာမှာလဲ”ထန်ရှုက မေးလိုက်သည်။
“တစ်နာရီခွဲလောက်”ချန်ရှောက်ဟွာက ပြောသည်။
ထို့နောက် ထန်ရှုက သူ့ပခုံးအား ကိုင်ကာ ပြောလိုက်၏ “ငါ့ကို လမ်းပြ။ ငါ မင်းကို အဲကို ခေါ်သွားမယ်”
ချန်ရှောက်ဟွာ၏ကျင့်ကြံခြင်းအဆင့်က ရွှေအမြုတေအဆင့်သာ ရှိသောကြောင့် သူ့အရှိန်အရ အိတ်ဆောင်ကမ္ဘာသို့ ရောက်ရှိရန်က တကယ်ကို တစ်နာရီခွဲကြသည်။ သို့သော် ထန်ရှု၏အရှိန်က အလွန်မြန်ပြီး သူ့အတွက် မိနစ်နှစ်ဆယ်သာ ကြာ၏။
“ဂိုဏ်းချုပ်…”
အနက်ရောင်ဝတ်ရုံများနှင့် လက်ထဲတွင် ဓားများကိုင်ဆောင်ထားသည့် ထန်ဂိုဏ်း၏တပည့်လေးယောက်က ချက်ချင်း နှုတ်ဆက်လိုက်သည်။
ထန်ရှုက သူတို့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများအား ကြည့်ကာ သန့်စင်ဒဏ်ရာပျောက်ဆေးလေးလုံးကို ယူထုတ်ပြီးနောက် အသီးသီးပေးလိုက်သည်။ ထို့နောက် သူက ပြော၏ “မင်းတို့က ကြိုးစားအလုပ်လုပ်ခဲ့တာပဲ။ ဒီနေရာက အနေအထားက ဘယ်လိုလဲ”
“သားရဲတွေရဲ့စုစုပေါင်းအရေအတွက်က ၁၁၆၀ပါ၊ ဂိုဏ်းချုပ်”သူတို့ထဲကတစ်ယောက်က ပြန်ဖြေ၏ “အချို့က အရမ်းသန်မာပြီး သူတို့ရဲ့အရှိန်အဝါအရ သူတို့က ရွှေအမြုတေအဆင့်နဲ့ ယှဉ်နိုင်တယ်။ ကျန်တာတွေမှာ အနည်းငယ်က အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်နဲ့ ယှဉ်နိုင်ပြီး အများစုက ချီသန့််စင်ခြင်းအဆင့်ပဲ ရှိတယ်”
ထန်ရှုက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ချန်ရှောက်ဟွာအား ကြည့်ကာ ပြောလိုက်၏ “ဒီသားရဲတွေကို ဆက်သတ်ဖြတ်နေကြ။ ကျင်းရှီနဲ့ပြည်မကထန်ဂိုဏ်းရဲ့အဖွဲ့ဝင်တွေအားလုံးက မကြာခင် ဒီကို ရောက်လာကြလိမ့်မယ်။ ဒီသိုလှောင်လက်စွပ်ကို ယူထား၊ မင်းတို့သတ်ဖြတ်လို့ရသမျှသားရဲအကြွင်းအကျန်တွေအားလုံးကို ဒီထဲမှာ သိမ်းထား”
ချန်ရှောက်ဟွာ၏မျက်လုံးများက လင်းလက်သွားပြီး သူက ချက်ချင်း လက်ခံလိုက်သည်။ သူက ယခုလိုသိုလှောင်လက်စွပ်တစ်ခုအား အိပ်မက်မက်နေသည်မှာ ကြပြီ။ သို့သော် သူ့တွင် အကျိုးဆောင်မှုအများကြီး မရှိခဲ့ပေ။ ထို့ကြောင့် သူက ၎င်းအား ရရှိရန် အခွင့်အရေး မရှိခဲ့ပေ။ သို့သော် ယခု သူ့အိပ်မက်များက အမှန်တကယ်ဖြစ်လာခဲ့ပြီ။
ထန်ရှုက ထန်အန်းဘက်သို့ ပြောင်းကာ ပြောလိုက်၏ “ငါတို့တွေ ဒီအိတ်ဆောင်ကမ္ဘာထဲကို ဝင်ကြမယ်။ အထဲမှာ ဘာဖြစ်နေသလဲဆိုတာ ငါ မြင်ချင်တယ်”
“မရဘူး၊ မင်း ဝင်လို့မရဘူး၊ ဂိုဏ်းချုပ်…”
ထန်အန်းက ပြန်မဖြေခင် ချန်ရှောက်ဟွာက သူ့အား ကမန်းကတန်း တားလိုက်သည်။
“ဘာဖြစ်လို့လဲ”ထန်ရှုက မျက်မှောင်ကြုတ်လိုက်သည်။
“ငါ ဒီအိပ်ဆောင်ကမ္ဘာထဲကို အရင် ဝင်ခဲ့တယ်၊ ဂိုဏ်းချုပ်။ ဒါကြောင့် အထဲမှာ ဘယ်လောက် အန္တရာယ်များသလဲဆိုတာ ငါ သိတယ်”ချန်ရှောက်ဟွာက ကမန်းကတန်း ပြန်ဖြေ၏ “အထူးသဖြင့် အဲဒီအနက်ရောင်နဂါးပဲ။ ၎င်းက ကြောက်စရာကောင်းလွန်းတယ်။ ဒီနောက်လိုက်က ဂိုဏ်းချုပ်ကို အထဲဝင်ပြီး မစွန့်စားစေချင်ပါဘူး”
ထန်ရှုက သူ့ပခုံးအား ပုတ်ကာ ပြောလိုက်သည် “မင်းရဲ့စိုးရိမ်မှုကို ငါ နားလည်တယ်၊ ဒါပေမယ့် ဒါနဲ့ပတ်သက်ပြီး မစိုးရိမ်နဲ့။ ငါ့ရဲ့လက်ရှိစွမ်းအားက အရင်ကထက် အများကြီးပိုသန်မာတယ်။ ငါက အဲဒီအနက်ရောင်နဂါးအတွက် ပြိုင်ဘက်မဟုတ်ရင်တောင် ငါ့ကိုယ်ငါ ကာကွယ်နိုင်ပါသေးတယ်”
ချန်ရှောက်ဟွာက ထပ်ပြောချင်သော်လည်း ထန်ရှု၏မျက်လုံးထဲရှိ စူးရှမှုကို မြင်ပြီး သူက ပြောမည့်စကားအား ချက်ချင်းပြန်မျိုချကာ ခေါင်းသာ ညိတ်လိုက်၏။
ထို့နောက် ထန်ရှုက သူ့အာရုံအား ဝင်ပေါက်ထံ ပြောင်းလိုက်ပြီး သူ့သတိအား မြှင့်တင်လိုက်သည်။ ဝင်လာပြီးနောက် သူက ထန်အန်းအား ပြောလိုက်သည် “မင်း တစ်ခခုခုမှားယွင်းတာကို အာရုံခံမိတာနဲ့ ချက်ချင်းပြန်ဆုတ်ဖို့ မှတ်ထားပါ။ အိတ်ဆောင်ကမ္ဘာအများစုက ရတနာတွေအများကြီးမရှိပေမယ့် သေစေနိုင်တဲ့အန္တရာယ်တွေလဲ ရှိတယ်”